21/09/2022
📍စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် အခြေခံလုပ်ငန်းစီမံခန့်ခွဲခြင်း သင်တန်း (Batch-1)
စားသောက်ကုန်ထုတ်လုပ်တာကိုစိတ်ဝင်စားပြီး စားသောက်ကုန်သစ်တစ်ခုကို စမ်းထုတ်ကြည့်ဖို့ စိတ်အားထက်သန်နေပါသလား?
ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းတစ်ခုကို စလုပ်ချင်ပေမဲ့ ဘယ်ကစရမှန်းမသိဖြစ်နေပါသလား?
ဘိုးစဉ်ဘောင်ဆက်မိသားစု ချက်ပြုတ်နည်းကို ဈေးကွက်ဝင်စားသောက်ကုန်တစ်ခုအဖြစ်ထုတ်လုပ်ဖို့ အစီအစဉ်ရှိနေသလား?
အစီအစဉ်တွေရှိနေပေမဲ့ အကောင်အထည်ဖော်ဖို့ အခက်အခဲများရှိနေတယ်ဆိုရင် စိတ်မပူပါနဲ့။ Kitchen Hub ကနေ စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် အခြေခံလုပ်ငန်းစီမံခန့်ခွဲခြင်း သင်တန်း (Batch-1) ကို စားသောက်ကုန်ထုတ်လုပ်ချင်သူများအတွက် ယူဆောင်လာပါပြီ။
စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် အခြေခံလုပ်ငန်းစီမံခန့်ခွဲခြင်း သင်တန်း ကနေ ဘယ်လိုအကြောင်းအရာတွေကို မျှဝေသွားမှာလဲ?
သင်တန်းသားများမှ စားသောက်ကုန်ထုတ်လုပ်ခြင်းနဲ့ စွန့်ဦးတီထွင်ခြင်းနဲ့ပက်သက်တဲ့ ခေါင်းစဉ်များဖြစ်တဲ့
📍စွန့်ဦးတီထွင်ခြင်း၊ ဆန်းသစ်ဖန်တီးခြင်းနဲ့ စိတ်ကူးသစ်များထုတ်ခြင်း
📍စားသောက်ကုန်ကို အစမှအဆုံးထုတ်လုပ်တဲ့နေရာမှာလိုအပ်တဲ့ စားသောက်ကုန်လုံခြုံခြင်းနဲ့ ပြင်ဆင်ခြင်း အကြောင်းအရာများ
📍အရည်အသွေးထိန်းချုပ်ခြင်း၊ ထုတ်ပိုးမှုများနဲ့ စားသောက်ကုန်သက်တမ်းများအပေါ်မှာ လက်တွေ့လုပ်ဆောင်မှုများ
📍စီးပွားရေးစီမံချက်နဲ့ ငွေကြေးစီမံချက် အစရှိတဲ့ အကြောင်းအရာများကို မျှဝေသွားမှာဖြစ်ပါတယ်။
သင်တန်းသားများကနေပြီးတော့ ဒိီလိုအကြောင်းအရာတွေကို စွမ်းရည်မြှင့်သင်တန်းများ၊ လက်တွေ့လုပ်ဆောင်မှုများနဲ့ တွေးတောခြင်းအစီအစဉ်များနဲ့ လေ့လာခွင့်ရမှာဖြစ်ပါတယ်။ စွန့်ဦးတီထွင်ခြင်း၊ ထုတ်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်တွေနဲ့ အခြားစားသောက်ကုန်နဲ့ ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းအကြောင်းပို့ချမှုများ၊ စားသောက်ကုန်တစ်ခုကို အစကနေအဆုံး လက်တွေ့ထုတ်လုပ်တဲ့ လေ့ကျင့်ခန်းများနဲ့ စိတ်ကူးသစ်ထုတ်ဖို့နဲ့ တန်ဖိုးသတ်မှတ်မှုတို့အတွက် တွေးတောခြင်းအစီအစဉ်များ ပါဝင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် BMC၊ ကုန်ကျစရိတ်သတ်မှတ်ခြင်းနဲ့ ဈေးနှုန်းသတ်မှတ်ခြင်းတို့အပေါ်မှာ လက်တွေ့လုပ်ဆောင်မှု အစီအစဉ်များလည်း ပါဝင်မှာဖြစ်ပါတယ်။
သင်တန်းအပြီးမှာတော့ သင်တန်းသားများမှ စားသောက်ကုန်ထုတ်လုပ်ခြင်းနဲ့ပက်သက်တဲ့ သင့်လျော်တဲ့ အသိပညာများနဲ့ စီးပွားရေးစီမံချက်၊ ငွေကြေးစီမံချက်များကို ရေးဆွဲလာနိုင်မဲ့ အပြင် စားသောက်ကုန် ပြုပြင်ထုတ်လုပ်ခြင်းနဲ့ ပက်သက်တဲ့ လက်တွေ့လုပ်ကိုင်ရတဲ့ အတွေ့အကြုံများကိုလည်း ရရှိလာမှာ ဖြစ်ပါတယ်။
📌သင်တန်းကို အောက်တိုဘာလ (၂၀၊ ၂၁၊ ၂၂၊ ၂၃) ရက်များမှာ မနက် (၉) နာရီကနေ ညနေ (၅) နာရီထိ (၄) ရက်တိုင်တိုင် လုပ်သွားမှာဖြစ်ပါတယ်။ Impact Hub Yangon ရုံးမှာ (၃) ရက်တာလုပ်သွားမှာဖြစ်ပြီး လက်တွေ့သင်ခန်းစာများအတွက် Kitchen Hub မှာ (၁) ရက်တာပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ Kitchen Hub မှာ (၁) ရက်တာပြုလုပ်သွားမဲ့ အစီအစဉ်အတွက် သွားလာမှုနဲ့ နေ့လယ်စာကို Kitchen Hub မှစီစဉ်ပေးသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ရက်များမှာတော့ အဆာပြေ မုန့်နဲ့ ကော်ဖီများကိုသာ စီစဉ်ပေးထားမှာဖြစ်ပါတယ်။ Kitchen Hub သို့သွားရန် စုရပ်အနေနဲ့ Impact Hub Yangon ရုံးမှာစုစည်းပြီးမှ အတူတကွသွားရန်စီစဉ်ထားပါတယ်။
စိတ်ဝင်စားသူများအနေနဲ့ အောက်ဖော်ပြပါ လင့်ခ်မှာ ကြိုတင်စာရင်းပေးသွင်းလိုက်ပါတော့နော်။
🔗 https://bit.ly/KitchenHubTraining
⏳ စာရင်းပေးသွင်းရမဲ့ နောက်ဆုံးရက်မှာ အောက်တိုဘာလ (၁၄) ရက်၊ ၂၀၂၂ (သောကြာနေ့) ဖြစ်ပါတယ်။
📌 စည်းကမ်းချက်များ (Terms & Conditions)
သင်တန်းတက်ရောက်ရန်စာရင်းပေးသွင်းပြီးပါက သင်တန်းကြေး (၂၅၀၀၀၀)ကျပ် ကို အပြည့်ပေးသွင်းရန်လိုအပ်ပါတယ်။ သင်တန်းကြေးပေးသွင်းခြင်းနဲ့ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက (ဖုန်း။ ။ ၀၉ ၇၈၄၃၃၃၀၆၃) ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သင်တန်းကြေးပေးသွင်းပြီး အကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်ဖြစ်ပါက သင်တန်းကြေးအား ပြန်လည်အမ်းပေးသွားမည်မဟုတ်ပါကြောင်း အသိပေးလိုပါတယ်။
မေးခွန်းတစ်စုံတစ်ရာရှိပါက Impact Hub Yangon နဲ့ Kitchen Hub ကို ဖုန်း ၀၉ ၇၆၁၀၉၃၃၁၈ (သို့မဟုတ်) email: mailto:[email protected] သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🌱 Kitchen Hub အကြောင်း
Kitchen Hub သည်မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော စားသောက်ကုန်စမ်းသပ်ထုတ်လုပ်ခြင်းအတွက်လိုအပ်တဲ့ ဝန်ဆောင်မှုများနဲ့ စားသောက်ကုန်လုပ်ငန်းများ လုပ်ငန်းမြှင့်တင်ရန် (သို့မဟုတ်) လုပ်ငန်းစတင်ရန် ပံ့ပိုးကူညီပေးနေတဲ့ Food Incubator တစ်ခုဖြစ်ပါတယ်။ Kitchen Hub သည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ ပန်းကံ့ကော်လမ်း၊ ဘုရားကုန်းကျေးရွာမှာ တည်ရှိပါတယ်။
ပိုမိုသိရှိလိုသောသတင်းအချက်အလက်များအတွက်Websites များဖြစ်တဲ့
http://www.kitchenhub.com.mm
http://www.impacthubyangon.net မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
[English]
📍FOOD PRODUCTION & BASIC OPERATIONAL MANAGEMENT TRAINING (Batch-1)
Are you interested in food production and keen to test new food products?
Are you the one who wants to start your own food production business?
Do you have a plan to turn your family’s recipe into market ready products?
You have all these plans but you don’t know where to start? Don’t worry, we got you covered. “Food Production and Basic Operational Management Training” is now brought to you by Kitchen Hub.
What can the participants expect from this “Food Production and Basic Operational Management Training?
The participants will learn food production and entrepreneurship related topics such as
📍Entrepreneurship, Innovation and Idea Validation
📍Product Development, Processing, Food Safety and Preparation
📍Hands-on practical, Quality Control, Packaging and Shelf-life
📍Business Modeling and Pricing Strategy
The participants will learn these topics through capacity building training on entrepreneurship, innovation, product development, food processing, food safety and preparation, practical exercises on end to end food production, quality control, packaging and shelf-life as well as the idea brainstorming sessions for new food products and identify unique selling points of your products. Moreover, there will be hands-on exercises on BMC, Cost of Production and Pricing Strategy during the training.
After this “Food Production and Basic Operational Management Training”, the participants are expected to improve their relevant knowledge of food production and able to create business and financial models as well as to have hands-on practical experiences of producing and processing food products.
📌The training will be on October (20, 21, 22, 23), 2022 from (9) am to (5) pm. (3) out of (4) training days will be at Impact Hub Yangon Office and (1) training day will be at Kitchen Hub for practical experiences. For a practical training day at Kitchen Hub, we will arrange lunch and transportation for the participants. But for the rest of the training days, we will only arrange coffee and refreshments but not lunch. For transporting to the Kitchen Hub, we will collect the participants at Impact Hub Yangon Office as a gathering point.
Interested individuals can fill out the following google form for registration.
🔗 https://bit.ly/KitchenHubTraining
⏳ The deadline for the registration is October (14), 2022 (Friday).
📌 Terms & Conditions
After registration, the registrant should make a payment of MMK (250000) to be fully enrolled in the training. For more information and process about the payment, please contact 09 784333063. The training fees are not refundable after making the payment.
For any questions or concerns, please contact Impact Hub Yangon and Kitchen Hub via phone: 09 761093318 or email: [email protected]
🌱 What is the Kitchen Hub?
Kitchen Hub is the first ever food incubator in Myanmar providing facilities to develop or manufacture food products and programs to start or scale up food businesses. Kitchen Hub is located in 13 Quarter, Pan Kant Kaw Street, Phayar Gone Village Group, Thanlyin Township, Yangon.
For more information, please visit our websites.
http://www.kitchenhub.com.mm
http://www.impacthubyangon.net