Rainbow - Travel and Tour Agency

Rainbow - Travel and Tour Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rainbow - Travel and Tour Agency, Tour Agency, Yagon.

28/02/2026

တစ်နေကုန်အဖွဲ့လိုက်ဆော့ကစားပြီး အမှတ်တရတွေဖန်တီးလို့ရမယ့် Pokiddo ကစားကွင်း 😍 Golden Park ားကွင်း #ရန်ကုန်ကစားကွင်း #မြောက်ဒဂုံကစားကွင်း

20/02/2026

ကလောရောက်သူတိုင်း အဖေ့သိုးခြံသွားဖို့ ဘာလို့ကြောက်ကြတာလဲ ‼️ #ကလော #အဖေ့သိုးခြံ #သိုးခြံသို့အလည်တခေါက်

15/02/2026

‼️‼️ကလောမှာ ၁သိန်းခွဲနဲ့ ၁၀ယောက်ကျော်အထိ တည်းလို့ရမဲ့ Bangalo အကြောင်းသိချင်သူများ Video အဆုံးထိ ကြည့်လိုက်နော် 🥰 ်ဂလို #ကလောကတည်းခိုခန်း #ရှမ်းပြည်

13/02/2026

ကလောရောက်ရင် သွားကိုသွားသင့်တယ့်နေရာ 🥰 #ကလော #တောင်မင်းကြီးခုံပြာview ော

11/02/2026

12,000 ကျပ်တည်းနဲ့ ပဲခူးနားက resort သွားလည်ကြမယ် 🥰 #ပဲခူးကလည်စရာနေရာများ

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်တဲ့ သိ...
14/07/2022

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်တဲ့ သိသင့်သိထိုက်တဲ့ အချက်များ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

အများပြည်သူသတိထားနိုင်ရန် ကူးယူဖေါ်ပြပါသည်။

#ကိုဗစ်

ရှမ်းတောင်-ရှမ်းမြောက်ဆက်တဲ့လမ်း...တောင်ကြီးကနေ ရှမ်းမြောက်ကို သွားချင်တာပဲ ဖြစ်ဖြစ် ပြင်ဦးလွင်ကနေ တောင်ကြီးကိုလာချင် တာ...
06/01/2022

ရှမ်းတောင်-ရှမ်းမြောက်ဆက်တဲ့လမ်း...

တောင်ကြီးကနေ ရှမ်းမြောက်ကို သွားချင်တာပဲ
ဖြစ်ဖြစ် ပြင်ဦးလွင်ကနေ
တောင်ကြီးကိုလာချင် တာပဲဖြစ်ဖြစ် မန္တလေးကိုဖြတ်ပြီး သွားလာစရာမလိုအောင် တောင်မြောက်ရှမ်းပြည်နယ်ကို
ဆက်သွယ်ပေးတဲ့ တောင်ကြီး ရပ်စောက် နောင်ချို လမ်းသစ်ပါ

တောင်ကြီးကနေ သွားချင်တယ်ဆိုရင်
တောင်ကြီးမြို့က အဆင်းရွှေညောင်မြို့မှာ
ဆီအပြည့်ဖြည့် ဆီဆိုင်တွေအလွန်
ရွှေညောင်မြို့အဝင် ထိပ်ဆုံးတွေ့တဲ့မီးပွိုင့်မှာ
ညာဘက်ကိုချိုးလိုက်ရင် ရပ်စောက်သွားတဲ့လမ်းပါ။

လမ်းထိပ်မှာ ရပ်စောက်လမ်းခွဲလို့
လမ်းညွှန်လေးရေးထားပါတယ်၊
ရွှေညောင်က ထွက်လာလို့ ဟဲကယ်
ရောက်ရင် စားသောက်လို့အဆင်ပြေတဲ့
စိမ်းလန်းစိုပြေ စားသောက်ဆိုင်ရှိပါတယ်။

သို့ပေမယ့် မနက်ပိုင်းဆို ဟင်းပွဲတွေ မစုံသေးလို့
နေ့လယ်စာနဲ့ညစာမှ ပိုအဆင်ပြေမှာပါ၊
နောင်ချိုကနေ တောင်ကြီးကို
လာတဲ့ခရီးဆိုရင်တော့ အဆင်ပြေ တာပေါ့။

ဟဲကယ် ကနေ တောင်နီ၊ ဘန်းကန်၊
ပင်ဖြစ်၊ ရတနာပုံ၊ ရေဖြူ၊ အုတ်ကျင်း၊
မြို့ဦး၊ ဇော်ဂျီ တို့ကိုဖြတ်ပြီးရင် ရပ်စောက်မြို့ကို ရောက်ပါပြီ။

ရပ်စောက်မှာ ကားလည်းနားယင်း
လူလည်းစားယင်း နားသင့်တဲ့နေရာတခုပါ၊
အခုဆိုရင် တောင်ကြီး ရွှေညောင် (၁၂)မိုင်ခရီး၊
ရွှေညောင် ရပ်စောက် (၃၆)မိုင် ခရီးမိုင်ပေါက် ခဲ့ပါပြီ။

ရပ်စောက်ကနေ ဆက်ထွက်လာလို့ ဗထူးမြို့၊
ညောင်ပင်သာ၊ ထင်းကွင်း၊ ဆယ့်ရှစ်မိုင်၊
အုန်းကွဲ တို့ကိုဖြတ်ပြီးရင်
အင်တော ဆိုတဲ့ရွာကိုရောက်ပါပြီ၊
ဇော်ဂျီဆည် အလွန် အင်တော ကနေထွက်လာရင်
မသိမသာနဲ့ သိသိသာသာ တောင်တက်ခရီးစပါပြီ။

အဲလိုအတက်ခရီးကို ဖြတ်ပြီးရင်
ကျောက်ဂူ ရောက်ပါပြီ၊ ရပ်စောက်ကနေ
ကျောက်ဂူထိ (၅၆)မိုင်ရှိပါတယ်။
တောင်ကြီးကနေ ကျောက်ဂူထိဆို
(၁၀၄)မိုင် ခရီးပေါက်ခဲ့ပါပြီ။

ကျောက်ဂူ ကထွက်ရင်တော့
အကွေ့အကောက် တွေနဲ့
အတက်ခရီးပြီးရင်လည်း အကွေ့အကောက်တွေနဲ့
အဆင်းခရီးစပါပြီ၊ ကျောက်ဂူကနေ
အတက်အဆင်းတွေနဲ့ (၂၄)မိုင် ခရီးပြီးရင်
ဒုဋ္ဌဝတီမြစ်(မြစ်ငယ်မြစ်)ကူးတံတား
(နောင်ချိုတံတား) ရှိရာ တာဖလန်းဆိပ်ကို ရောက်ပါပြီ။

တာဖလန်းဆိပ်ဟာ တောင်ကြီးကနေတွက်ရင်
(၁၂၈)မိုင်ခရီးပါ၊ မြစ်ကူးတံတားရောက်ရင်ဖြစ်စေ
တံတားကူးပြီးရင်ဖြစ်စေ ကားကိုအနားပေးသင့်ပါတယ်။

တံတားကျော်ပြီးရင် အတက်ခရီးဆက်ရ ဦးမှာမို့ပါ။
ခရီးလမ်းတလျှောက်မြင်ကွင်း
ရှုခင်းတွေက နွမ်းနယ်သမျှကိုပြေလျှော့စေပါတယ်။

တံတားရဲ့ ဟိုဘက်ဒီဘက်တွေကတော့
အတက် အဆင်းမတ်တာရယ်
အကွေ့တံတောင်ဆစ်ချိုး တွေမှာ
အကွေ့တိုလွန်းတာရယ်ကြောင့်
ဆယ့်နှစ်ဘီးကားတွေ
လေအိတ်ကားတွေသွားလို့ အဆင်မပြေတဲ့အတွက်
ကားကြီးတွေ မသွားကြပါဘူး။

ကားငယ် Filder လိုင်း၊
ရွှေနောင်ချို အံစာတုံးကားလိုင်း
ရွှေကမ္ဘာတိုးကား တွေကျတော့
မူဆယ်အထိပြေးဆွဲကြပါတယ်။

ကဲဗျာ နားပြီးပြီဆိုတော့ သုံးမိုင်လောက်ရှည်တဲ့
အတက်ခရီးကိုစတက်ကြရအောင်၊
အတက်ခရီး ဆုံးပြီဆိုတော့ တောင်းခမ်းရွာကို ရောက်ပါပြီ။

တောင်းခမ်း၊ ကန်ကြီး၊
နောင်ချို အထိကတော့ တောက်လျှောက်ပြန့်နဲ့အဆင်းခရီးပါပဲ၊
ဒုဋ္ဌဝတီမြစ်ကူးတံတားကနေ
နောင်ချို ထိ (၄၆)မိုင် ဖြတ်ကျော်ပြီးရင်
နောင်ချိုမြို့ကိုရောက် ပါပြီ။

ဒုဋ္ဌဝတီမြစ်ကူးနောင်ချိုတံတားမရောက်ခင်
ဟိုဘက််ဒီဘက် အတက်အဆင်း မတ်တာက
လွဲယင် လမ်းခရီးက သွားလာရတာ အဆင်ပြေပါတယ်။

ဒီခရီး တောင်ကြီး ရပ်စောက် နောင်ချို လမ်းသစ်ဟာ
နွေရာသီ သင်္ကြန်အားလပ်ရက်မှာ အပူရှောင်ယင်း အေးမြတဲ့တောင်ပေါ်မြို့ နှစ်မြို့ တောင်ကြီးနဲ့ ပြင်ဦးလွင်ကို
ပေါင်းကူးပေးမယ့် လမ်းသစ်တခု ဖြစ်လာမယ်ဆိုတာ မလွဲပါဘူး။

တခုရှိတာက လမ်းအသစ်ဖြစ်လို့
သွားလာမှု နည်းသေးတာကြောင့်
စားသောက်ဆိုင်၊ ဓာတ်ဆီဆိုင်တွေ မရှိသလောက်မို့
လူအတွက်ရော ကားအတွက်ပါ
အဟာရကိုကြိုတင်ဖြည့်ထားဖို့ လိုလိမ့်မယ်လို့
အကြံပြုယင်း သွားခရီးသာပြီး လာခရီးလှပါစေလို့
ဆန္ဒပြုပါတယ်။

Credit
MHIC245, Shwe Soe Kyaw

#ရှမ်းပြည် #တောင်ကြီး

🎆 Happy New Year 2022 နှစ်သစ်မှာမိတ်ဆွေများအားလုံး စိတ်သစ်လူသစ်နဲ့ စိတ်ချမ်းသာပျော်ရွင်နိုင်ပါစေလို့ နှစ်သစ်ဆုမွန်ကောင်း...
31/12/2021

🎆 Happy New Year 2022
နှစ်သစ်မှာမိတ်ဆွေများအားလုံး စိတ်သစ်လူသစ်နဲ့
စိတ်ချမ်းသာပျော်ရွင်နိုင်ပါစေလို့
နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ် ♥️😍

21/11/2021

Wave art 🌊❤️

#ခရီးသွား

Address

Yagon
11211

Telephone

+959422375177

Website

Alerts

Be the first to know and let us send you an email when Rainbow - Travel and Tour Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rainbow - Travel and Tour Agency:

Shortcuts

Share

Category