
13/03/2025
#ဆပ်သွားဖူး(ဒသွာ
မြန်မာအမည် - #ဆပ်သွားဖူး
အင်္ဂလိပ်အမည် - Screw pine
ဟန္ဒီ - Keura
ရုက္ခဗေဒ အမည် - Pandanus
odoratissimus Linn.
မျိုးရင်း - Pandanaceae
ဆပ်သွားဖူး
ပျိုလေးတို့အိမ်ဦး
ဆပ်သွားဖူးတဲ့ တစ်ရုံနှစ်ရုံ
ကျေးတွေကအုံ။
မအုံပါနဲ့ ကိုရွှေကျေး
ပျို တို့မောင် ရှင်လိင်ပြန်တော့
နားပန်ဘို့လေး ....
( #မင်းသုဝဏ်)
ဆပ်သွားဖူးပင်ကို အပူပိုင်းဒေသနှင့် အပူလျော့ပိုင်း
ဒေသများ၌ အများဆုံး ပေါက်ရောက်လျက်ရှိ၍
မျိုးစိတ်ပေါင်း ၆၀၀ ခန့် ရှိသည်။
ဆပ်သွားဖူးပင်၏ မူရင်းဒေသသည် အိန္နိယနိုင်ငံနှင့်
အာရှတိုက် တောင်ပိုင်းဒေသများဖြစ်၍
ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ပေါများစွာ တွေ့ရှိရသည်။ အရှေ့တောင်အာရှ ဒေသရှိ
ပင်လယ်ကမ်းခြေ သစ်တောများ အပါအဝင်
ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် နိုင်ငံများမှ
ပစ္စဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်၍
ဩစတြေးလျနှင့် တောင်အာဖရိက အထိ
ပျံ့နှံ့လျက်ရှိသည်။
ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၅၀ မှ
၂၀၀၀ အတွင်း ကောင်းစွာဖြစ်ထွန်း၍
ပင်လယ်ကမ်းရိုးတန်း တစ်လျောက်နှင့် ရေနှင့်
နီးသော မြစ်ချောင်းများ၊ ရေအိုင်များ၊
တူးမြောင်းများအနီး နေရာများတွင် အများဆုံး
တွေ့ရှိရသည်။
ဆပ်သွားဖူး မျိုးနွယ်ဝင် မျိုးစိတ် ၃၀ မှ ၄၀ ခန့်ကို
အိန္ဒိယနိုင်ငံ ပင်လယ်ကမ်းခြေ ဒေသများ၌
အများအပြား ပေါက်ရောက်ကြောင်း တွေ့ရပြီး
Ganjam အရပ် ဒေသ၌ အပင်ပေါင်း ၃ သိန်းမှ
၄ သိန်းအထိ ရှိနိုင်မည်ဟု ခန့်မှန်းရသည်။
ဆပ်သွားဖူး မျိုးနွယ်ဝင် အပင်များသည်
အကြမ်းခံပြီး မိုးခေါင်ခြင်း၊ ရေငံရောက်ခြင်းနှင့်
လေပြင်းတိုက်ခက်ခြင်း ဒဏ်တို့ကို ခုခံနိုင်သည်။
ကမ်းခြေများတွင် သဘာဝအတိုင်းတွေရပြီး
ခြုံကဲ့သို့ သိပ်သည်းစွာ ပေါက်ရောက်ကြသည်။
အရွက်များက တည့်မတ်နေသော
ပင်စည်ပတ်လည်တွင် ပိတ်ဆီးနေအောင်
ထွက်ကြသည်။ အရွက်ထိပ်ချွန်နေသော
ရွက်ထိပ်ချွန်( Acuminate ) အမျိုးအစားဖြစ်၍
ရွက်သားမာ( Coriaceous )သည်။
ကျူတီကယ် ဖယောင်းလွှာ ထူထဲပြီး အရွက်တွင်
ထူးခြားသော ရနံ့ တစ်မျိုးရှိသည်။
အရွက်အနား တစ်လျောက် ဆူးများရှိသည်။
အရွက်အရှည် ၀.၉ မှ ၁.၅ မီတာ အထိ ရှည်သည်။
တစ်နှစ်အတွင်း အရွက်အရေအတွက်
၃၀ မှ ၄၀ အထိ ထွက်နိုင်သည်။
ပန်းခိုင်သည် ပွင့်ကာရွက်အုပ်ပန်းခိုင်( Spadix )
ဖြစ်သည်။
အပွင့်သည် ပွင့်ညှာမဲ့ ရေစီမို့( Spikes) ဖြစ်၍
မွှေးကြိုင်သင်းပျံ့သော ရနံ့ရှိသည်။
အသီးသည် အလျား ရှည်သော ( Oblong )
အတွင်း ခွံမာသီး( Drupes ) ဖြစ်၍ အဝါရောင်
သို့မဟုတ် အနီရောင် ဖြစ်သည်။
အပင် အမြင့် ၆ မီတာ အထိ ရှည်ထွက်နိုင်ပြီး
လေရှူမြစ်များ( Aerial roots )က အပင်ကို
ယိုင်လဲမသွားစေရန် ထောက်ကန်ပေးထားသည်။
ပင်စည်သည် ဖြည်းဖြည်းခြင်း ကြီးထွားနေပြီး
အဖိုရော အမပင်ပါ တစ်နှစ်အတွင်း
အနည်းငယ်သာ ကြီးထွားနိုင်သည်။
ပင်ပိုင်းကြီးထွားနေသော ကာလ( Juvenile
phase ) သည် ၄ နှစ် မှ ၉ နှစ် ကြာသည်။
၎င်း နောက်ပိုင်းမှသာ အပွင့် ပွင့်နိုင်မည်ဖြစ်၍
ပင်စည်ကနေ အကိုင်း မထွက်ဘဲ တဖြောင့်ထဲ
ကြီးထွားနေသော အပင်များတွင် ပန်းပွင့်ရန်
၅ နှစ် မှ ၁၂ နှစ် အထိ ကြာနိုင်သည်။
ပန်းပွင့် ကာလ နှစ်ပေါင်း ၄၀ ခန့် ရှိနိုင်သည်။
အမပင်သည် သူ့သက်တမ်းအတွင်း အကိုင်းပေါင်း
၃၀ မှ ၆၀ ခန့် ထွက်နိုင်ပြီး အဖိုပင်က
၁၅ မှ ၃၀ ခန့်သာ အကိုင်း ထွက်သည်။
ပင်စည်သည် တစ်နှစ်အတွင်း အမြင့် ၈ လက်မ မှ
၃၁ လက္မ အထိ ရှည်ထွက်နိုင်သည်။
အပင်သက်တမ်း နှစ်ပေါင်း ၅၀ မှ ၈၀
အထိရှိသည်။
မူရင်း ဒေသမှာရှိတဲ့ အပင် တချို့ကတော့
နှစ်ပေါင်း ၁၀၀ မှ ၁၅၀ အထိ သက်တမ်း
ရှည်ကြသည်။
ဆပ်သွားဖူးပင်များကို တခုတ်တရ စိုက်ပျိုးသော
အလေ့အထ မရှိပဲ သဘာဝအတိုင်း
ပေါက်ရောက်ကြသည်ကိုသာ အတွေ့ရများသည်။
သို့သော် ဥယျာဉ်ခြံများတွင်ဖြစ်စေ၊
မြေယာရှု့ခင်း အလှဆင်ရန် ဟော်တယ်များ၊
ပန်းခြံများနှင့် နေအိမ်ခြံဝန်း ကျယ်ကျယ်များတွင်
တစ်ပင်စ နှစ်ပင်စ စိုက်ပျိုးကြသည်။
အိန္နိယ ကမ်းခြေဒေသများရှိ ဒီရေတောများတွင်
မုန်တိုင်းဒဏ် ကာကွယ်ရန်နှင့် ပန်းပွင့်များမှ
ရနံ့ဆီ ထုတ်ယူရန်အလို့ငှါ အနည်းငယ်
စိုက်ပျိုးကြသည်။
ဆပ်သွားဖူးပင်ကို အစေ့မှ အလွယ်တကူ
မျိုးပွားနိုင်သော်လည်း စိုက်ပျိုးသူတို့က
ကိုင်းဖြတ်ထိုး၍ မျိုးပွားကြသည်။
ဥယျာဉ်ခြံများတွင် Suckers ဟုခေါ်သော
ဘေးတက်မှ မျိုးပွားယူလေ့ရှိ၍ အစေ့နှင့်
အကိုင်းမှ မျိုးပွားခြင်းထက် ကြီးထွားမြန်သည်။
အသီးက မျိုးယူမယ်ဆိုရင်တော့ အပင်သက်တမ်း
နှစ် ၂၀ မှ ၂၅ နှစ် အတွင်း ရှိတဲ့ အပင်ကသာ
မျိုးယူရန် သင့်လျော်သည်။
ဆပ်သွားဖူးပင်များကို မြေဆီဩဇာ ထက်သန်သော
ရေဆီး ရေလာကောင်းသည့် နေရာများတွင်
စိုက်ပျိုးပါက ရနံ့ အရမ်းမွှေးပြီး ကြီးထွားနှုန်း
မြန်သည်။
Suckers မှ စိုက်ပျိုးသော အပင်များသည်
စိုက်ပျိုးပြီး ၃ နှစ်မှ ၄ နှစ် နောက်ပိုင်းတွင်
ပန်းပြလေ့ရှိသည်။ အစေ့စိုက် အပင်များသည်
နောက်ကျပြီး ၄ နှစ် မှ ၉ နှစ် နောက်ပိုင်းတွင်
ပန်းပွင့်သည်။
မိုးရာသီကာလ(July-October)တွင် ပန်းပွင့်သည်။
ရာသီဥတု အခြေအနေပေါ် မူတည်၍
ပန်းစပွင့်ပြီး ရက်သတ္တပါတ်နှစ်ပါတ် ခန့်တွင်
ကျင့်ခါနီးနေပြီ ဖြစ်သောကြောင့်
ယင်း အချိန်တွင် ရိတ်သိမ်းရသည်။
ရိတ်သိမ်းသည့်အခါ မနက်ခင်း စောစောတွင်
ပန်းခိုင်တစ်ခုလုံးကို ဓားဖြင့် အရင်းမှ
ခုတ်ယူရသည်။
အရွယ်ရောက် အပင်သည် တစ်နှစ်အတွင်း
ပန်းခိုင်ပေါင်း ၃၀ မှ ၄၀ အထိ ရရှိနိုင်သည်။
အိန္ဒိယနိုင်ငံ၏ Ganjam အရပ်ဒေသတွင်
အပင်ပေါင်း ၃ သိန်းမှ ၄ သိန်းအထိ ရှိနိုင်ပြီး
ပန်းခိုင်ပေါင်း သန်းချီ၍ ရရှိနိုင်သည်။
ဆပ်သဖူးပန်း၏ အဓိက ထုတ်ကုန်မှာ
ရနံ့ဆီ( Fragrance Oil ) ဖြစ်၍ အိန္ဒိယနှင့်
မြန်မာတွင် အမပွင့်မှ ထုတ်ယူရရှိသော
ပေါင်းရည် သို့မဟုတ် ရနံ့ရည်( Fragrance
water)နှင့် ထုတ်ကုန်များကို တန်ဖိုးထားကြသည်။
ဆပ်သဖူးပင်မှ ထုတ်ယူသော
ရေမွှေး( Perfume )သည် တန်ဖိုးမြင့်မားသည်။
အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော Kewda attar,
Kewda water, and Kewda oil တို့သည်
ထင်ရှားသည်။
အိန္ဒိယ အာယုဗ္ဗေဒ( Ayurvedic ) ဆေးပညာတွင်
ဆပ်သွားဖူးပင်အား "kewda" ဟု ခေါ်သည်။
ဆပ်သဖူးကို ခေါင်းကိုက်ခြင်း( Headache )၊
လေးဖက်နာ(Rheumatism)၊ အအေးမိ တုပ်ကွေး
( Cold/Flu )၊ အကြောဆွဲခြင်း( Spasm )၊
ဝက်ရူးပြန်( Epilepsy )၊ ယားနာ( ဝဲ )(Scabies)၊
ဒဏ်ရာ အနာတရ( Wounds )၊ မွေးကျွတ်နာ
( Boils )၊ အရေပြားရောဂါ( Leucoderma )၊
အစာအိမ်အတွင်းနာ( Ulcers )၊ အသဲရောင်
( Hepatitis )၊ လေထိုးလေအောင့်( ကလေး)
( Colic )၊ ရေကျောက်( Smallpox )၊
အနာကြီးရောဂါ( Leprosy )၊ ဆစ်ဖလစ်ရောဂါ
( Syphilis )နှင့် ကင်ဆာရောဂါများ( Cancer )
ကုသရာတွင် အသုံးပြုနိုင်ကြောင်း
လေ့လာ တွေ့ရှိရသည်။
ထို့ပြင် ဓာတ်တိုးဆန့်ကျင် အာနိသင်
(Antioxidant)ပါဝင်နေသလို ကာမအားတိုးဆေး
(Aphrodisiac)အဖြစ်လည်း အသုံးပြုနိုင်ကြောင်း
သိရသည်။
ဆပ်သွားဖူးတွင် အပင် ဓာတုပစ္စည်းများပါဝင်ပြီး
အတိအကျပြောရသော် ...
လစ်ဂနမ်ဓာတ်(Lignans)၊
အိုင်ဆိုဖလေဘုန်း( Isoflavones )၊
ကိုမီစေထာ( Coumestrol )၊
အယ်ကာလွိုက် ( Alkaloids )၊
စထရိုရစ်( Steroids )၊
ကာဘိုဟိုက်ဒရိတ်( Carbohydrates )၊
ဖီနိုလစ် ကွန်ပေါင်း( Phenolic compounds )၊
ဂလိုင်ကိုဆိုက်( Glycosides )၊
ပရိုတင်း( proteins )၊
အမိုင်နိုအက်ဆစ်( Amino acids )၊
ဗီတာမင်( Vitamins ) နှင့် အာဟာရများ
( Nutrients ) ပါရှိသည်။
ဆပ်သွားဖူး အပင်အစိတ်အပိုင်းများတွင်
ပါဝင်နေသော အပင်ဓာတုပစ္စည်းများကို
ရှေး အစဉ်အဆက် သိပ္ပံဆိုင်ရာ
စာရေးဆရာများက သတင်းဆောင်းပါး
အမျိုးမျိုးတွင် ခန့်မှန်း ဖော်ပြခဲ့ကြသည်။
ခန့်မှန်းချက်များကို ခွဲခြမ်းစိတ်ဖြာရန်အတွက်
နည်းလမ်းများ တိုးတက်လာခဲ့သော်လည်း
ဆပ်သွားဖူးပင်နှင့် သက်ဆိုင်သော သိပ္ပံဆိုင်ရာ
အရေးကြီး အချက်အလက်များကို စနစ်တကျ
ပြုစုထားမှု နည်းပါး၏။
လက်ရှိ ပြုစုထားသော အချက်အလက်များကို
ရိုးရာဆေးပညာဗေဒ( Ethnopharmacology )၊
အပင်ဓာတုပစ္စည်း( Phytochemistry )၊
ဆေးဝါးဗေဒ( Pharmacology ) နှင့်
အာဟာရ ရှု့ထောင့်(Nutritional aspects)တို့မှ
ခွဲခြားနည်းများဖြင့် ကျွန်ုပ်တို့ စနစ်တကျ
ပြန်လည်သုံးသပ်သင့်သည်။
ဤ သုံးသပ်ချက်မှ အချက်အလက်များသည်
ဆန်းကြယ်သော ဆေးဝါး ဂုဏ်သတ္တိများနှင့်
ကုထုံးအသစ်များကို ရှာဖွေတွေရှိနိုင်သည်။
အပူပိုင်းဒေသမှ ဆပ်သွားဖူးပင်သည်
ကျမ္မာရေးဆိုင်ရာ သုခချမ်းသာကို ဖြစ်စေသည်။
ဆပ်သွားဖူး မျိုးစုဝင်ဖြစ်သော Screw pine’s
( Pandanus amaryllifolius ) အပွင့်၏
ရနံ့သည် ခေါင်းကိုက်ခြင်း( Headaches )
နားကိုက်ခြင်း(Earaches)တို့ အတွက်
အသုံးပြုနိုင်သည်။ ၎င်း အပွင့်မှ ရရှိသော
ဆီမွှေးသည် ခြေဆစ်၊ လက်ဆစ် အစရှိသည့်
အရိုး အဆစ်အမြစ်များတွင် နာကျင်သော
ဝေဒနာ( Rheumatic pains ) ကို
သက်သာစေရန် အကိုက်အခဲပျောက်
လိမ်းဆေးအဖြစ် အာယုဗ္ဗေဒ( Ayurvedic )
ဆေးပညာတွင် တွေ့ရှိရပြီး ဆန်နှင့်
ပြုလုပ်ထားသော အစားအစာများတွင်
တာရှည်ခံဆေးအဖြစ် အသုံးပြုနိုင်သည်။
မျိုးစု Pandanus တွင် ပါဝင်သော
အပင် မျိုးစိတ်များတွင်
ဗိုင်းရပ်စ်တွန်းလှန်သတ္တိ( Antiviral )၊
အလာဂျီ တွန်းလှန် သတ္တိ(Antiallergy)၊
သွေးပျစ်စေတဲ့ သွေးဥမွှာတွေကို
မလိုဘဲ မခဲစေရန် ဆောင်ရွက်ပေးနိုင်သော
( Antiplatelet ) သတ်တိ၊
ရောင်ရမ်းခြင်းကို တွန်းလှန်နိုင်တဲ့ သတ္တိ( Anti-inflammatory )
ဓာတ်တိုးဆန့်ကျင် သတ္တိ( Antioxidant )နှင့်
ကင်ဆာတွန်းလှန် သတ္တိ( Anticancer )များ
ပါရှိသည်။
ဆပ်သွားဖူးပင်၏ သမိုင်းကြောင်းနှင့် ပတ်သက်လို့
သမားရိုးကျမဟုတ်သော ကုထုံးများရှိခဲ့ပြီး
ပါဝင်နေသော အာနိသင်နှင့် ပတ်သက်၍
ဘေးကင်းလုံခြုံမှုရှိသော နည်းလမ်းများကို
စမ်းသပ်ထားခြင်း မရှိသည့်အပြင် ရိုးရာဓလေ့
ကုထုံးများ၌ တိကျသေချာပြီး ထိရောက်သော
ကုသမှု စံနှုန်း သက်မှတ်ချက်များလည်း
မရှိကြောင်းတွေ့ရသည်။
အပင် ဆေးပညာနယ်ပယ်တွင် အဓိကကျတဲ့
သုတေသနအတွက် လုံလစိုက်ထုတ်မှု မရှိရင်
စွန့်စားရာ ကျလွန်းသည်။
သုတေသနလုပ်ငန်းများကို ကျွမ်းကျင်စွာ
ဆောင်ရွက်ထားမှသာ လူတို့အတွက်
အကျိုးကျေးဇူး ရှိနိုင်မည်ဖြစ်သည်။
စားလို့ရသော ဆပ်သွားဖူး အစေ့ခွံ(Pericarp)တွင်
အမျှင်ဓာတ်( Fiber )၊ အဆီ( Fat )၊ အသားဓာတ်
( Protein )များဖြစ်သည့် တန်ဖိုးမြင့်မားသော အာဟာရဓာတ်များ ပါရှိနေပြီး ရေနှင့်
ကာဘိုဟိုက်ဒရိတ်(Carbohydrates)များလည်း
ပါဝင်သည်။
ဆပ်သွားဖူး အသီးအနှစ် ၁၀၀ ဂရမ်တွင် ပျမ်းမျှ
ကယ်လိုရီ( Kilocalories ) - ၂.၂ ဂရမ်
ပရိုတင်း( Protein ) - ၁၃၄ မီလီဂရမ်
ကယ်လ်စီယမ်( Calcium ) - ၁၀၈ မီလီဂရမ်
ဖော့စ်ဖောရပ်စ်(Phosphorus) - ၅.၇ မီလီဂရမ်
အိုင်းယွန်း( Iron ) - ၀.၀၄ မီလီဂရမ်
သိုင်ယာမင်( Thiamin ) - ၂ မီလီဂရမ်
ဗီတာမင် - ၃၉၀ ကနေ ၇၂၄ μg
ဘီတာ ကယ်ရိုတင်း( Beta-carotene )
( Carotenoid and Vitamin A )များ ပါရှိပြီး
အသီး အမှုန့်ဖျော်ရည်တွင် Vitamins C,
B1, B2, B3 တို့ ပါရှိသည်။
အသီးထဲမှ အနှစ်ကို ချက်ပြုပ်စားသောက်လို့
ရနိုင်သလို အမှုန့်ပြုလုပ်၍လည်း မုန့်များတွင်
ထည့်သွင်း စားသုံးနိုင်သည်။
ဖျော်ရည်၊ ယိုများ ပြုလုပ်၍ စားသုံးနိုင်သည်။
မြန်မာတို့က အသီးမှည့်မှ အသားကို ရယူ၍
ထန်းသီးမုန့်ကဲ့သို့ စားစရာပြုလုပ်ကာ
စားသုံးလေ့ရှိပြီး ကြက်သား၊ ဝက်သားတို့ကို
အရွက်နှင့် ထုတ်ပိုး၍ မီးကင်ခြင်း၊ ကြော်ခြင်းများ
ပြုလုပ်၍လည်း စားသုံးကြသည်။
တချို့သော အာရှတိုက်သားများကလည်း
ထိုကဲ့သို့ ပြုလုပ်၍ စားသုံးသော ဓလေ့ရှိကြောင်း
သိရသည်။ သကြားလုံးနှင့် ဂျယ်လီတို့တွင်လည်း
အနံ့ အရသာအတွက် ထည့်သွင်းကြသည်။
ဆပ်သွားဖူးပင်၏ မတူကွဲပြားသော
အစိတ်အပိုင်း အသီးသီးမှ ရိုးရာထုတ်ကုန်
အမျိုးမျိုး ပြုလုပ်ကြပြီး အရွက်များမှ
တိုင်းရင်းဆေးများကို ဆေးဆိုးရန် ဆိုးဆေးအဖြစ်
လည်းကောင်း၊ အနာစိမ်း ကဲ့သို့ အပူနာကို
ကုသရန် တိုင်းရင်းဆေးအဖြစ် လည်းကောင်း၊
အရွက်နုများကို ဝက်စာ၊ မြင်းစာနှင့်
ခေါက်ယပ်တောင်များ ပြုလုပ်၍ လည်းကောင်း၊
အရွက်များကို ပြုပ်ပြီးနောက် အခြောက်ခံ၍
ဖျာများ၊ ခြင်းတောင်းများ၊ ဦးထုပ်များ၊
ယပ်တောင်များ၊ ဆေးလိပ်ဖက်များနှင့်
ကနူးလှေ ရွက်များ( Canoe sails ) ပြုလုပ်၍
လည်းကောင်း အသုံးပြုကြသည်။
အရွက်မှ ရရှိသော လျှော်မျှင်များကို ခေါင်းအုံး၊
ကလေးကစားစရာ အရုပ်၊ ခေါင်းဆောင်းရန်
ခေါင်းစွပ်၊ ကြိုးနှင့် အိပ်ယာခင်းများ
ပြုလုပ်ကြသည်။ အရွက်ခြောက်များကို
နေအိမ်အဆောက်အအုံးများတွင် အမိုး၊ အကာ
အဖြစ် အသုံးပြုကြသည်။
အရွယ်အစားကြီးသော ပင်စည်နှင့်
အကိုင်းများကို နေအိမ် အဆောက်အအုံနှင့်
အိမ်အသုံးအဆောင် ပစ္စည်းများ ပြုလုပ်နိုင်ပြီး
ကနူးလှေများတွင် သစ်သားပြားများကို
တွဲဆက်ရန် ကော်(Glue)ကို ပင်စည်ကနေ
ထုတ်ယူနိုင်သည့်အပြင် အမပင်၏ ပင်စည်
အတွင်းမှ အသားများကို ဖယ်ရှားပြီး
ရေပိုက်အဖြစ် အသုံးပြုနိုင်သည်။
လောင်စာထင်းအဖြစ်လည်း အသုံးပြုသည်။
လေရှူမြစ်များ(Aerial roots)ကို နေအိမ်
နံရံအား ထောက်ကန်ရန် တန်းများအဖြစ်
လည်းကောင်း၊ ခြင်း၊ တောင်း၊ ပလုံး၊
ပန်းချီကားများ ရေးဆွဲရန် စုပ်တံ(Paint-
brushes)၊ ကြိုးခုန်တဲ့ ကြိုးနှင့် ငါးဖမ်းကိရိယာ
အမျိုးမျိုးနှင့် လောင်စာထင်းအဖြစ် ပြုလုပ်၍
အသုံးပြုကြသည်။
အသီးမှ အမျှင်များကို ပန်းချီစုပ်တံ၊ ခေါင်းအုံး၊
ကားထိုင်ခုံ ကူရှင်နှင့် ငါးဖမ်းပိုက်များတွင်
ရေပေါ်တွင် ပေါလောပေါ်နေသော ပစ္စည်းများ
ပြုလုပ်နိုင်သည်။
လောင်စာထင်းနှင့် မြေဩဇာလည်း ပြုလုပ်သည်။
အမပွင့်ကို ရနံ့ဆီ၊ ရေမွှေးနှင့် ပန်းကုံးများ
ပြုလုပ်နိုင်ပြီး အဖိုပွင့်ကို ကာမအားတိုးဆေးအဖြစ်
အသုံးပြုကြသည်။
ဗုဒ္ဓဘာသာဝင်တို့က ဆပ်သွားဖူးပန်းခိုင်အား
ဗုဒ္ဓဘုရားရှင်ထံ လှူ ဒါန်းမှု ပြုကြသည်။
မှတ်ချက် - တခြားသော အသုံးပြုပုံ အဖုံဖုံတို့ကို
သိရှိထားရင်လည်း ပြောပြပေးကြပါဦးခဗျ....
Photo - Credit
Ref...Pandanus odoratissimus (Kewda): A Review on Ethnopharmacology ...
https://www.hindawi.com › journals › aps
Whole plant; Pandanus odoratissimus Linn. (Family: Pandanaceae ...
https://www.researchgate.net › ...
Pandanus Odoratissimus Linn | Ayurvista
https://www.ayurvista.net › ketaki
Credit #ဆရာNyanMyint