Shining Star Travel & Tour Agency

Shining Star Travel & Tour Agency Take ur adventure with STR 💫 Visa , ✈️Tickets , Trip Package , Passport(Urgent),Air Cargo .,etc Travel together with adventure 100 % .

Our service intend to customer with low fares with satisfy . Our service available for inbound and outbound . Our service included for Honey Moon package , Holiday package , Group Package , Family Package , Adventure Package , Personal Package . Our service fares can be so amazing for our dear customer with big hot sale package . Our service also available for Visa , Abroad Ticket , Package , Loca

l ticket , Car Rental , Phone Rental , Bicycle Rental . So everyone or group or family or personal can discuss as like as customer want for the special package with special low fares . Finally we leading for dear customer with 100% adventure with low fares and 100% comfort trip with satisfy .

Passport Scan ဖတ်စရာမလိုပဲ ဖြတ်သန်းနိုင်မယ့် စင်ကာပူရဲ့ ချန်ဂိလေဆိပ် စင်ကာပူနိုင်ငံ ချန်ဂိလေဆိပ်မှာ ခရီးသည်တွေအနေနဲ့ Pas...
18/11/2024

Passport Scan ဖတ်စရာမလိုပဲ ဖြတ်သန်းနိုင်မယ့်
စင်ကာပူရဲ့ ချန်ဂိလေဆိပ်

စင်ကာပူနိုင်ငံ ချန်ဂိလေဆိပ်မှာ ခရီးသည်တွေအနေနဲ့ Passport စစ်ဆေးစရာမလိုတဲ့ စနစ်တစ်ခုကို ပြုလုပ်နေပါတယ်။ ဒီစနစ်မှာဆိုရင် Biometric Facial နဲ့ iris recognition လို့ခေါ်တဲ့ နည်းပညာတွေကိုသုံးထားပြီး မျက်နှာနဲ့ မျက်စိတို့ကိုသာ စစ်ဆေးမှာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ လူတစ်ယောက်ကို ၁၀ စက္ကန့်ဝန်းကျင်သာ ကြာမြင့်မှာဖြစ်တာကြောင့် အရင် Passport နဲ့စစ်ဆေးတာထက်စာရင် 60% လောက် ပိုပြီးအချိန်ကုန်သက်သာသွားတယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံရှိ လေဆိပ်တွေဟာ လစဉ် ပြည်တွင်းခရီးသည်အပါအဝင် နိုင်ငံတကာက အလည်အပတ်လာရောက်ကျတဲ့ ခရီးသည်များဟာ စုစုပေါင်း 5.4 သန်းအထိ ရှိပါတယ်။ ဒါကြောင့် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဂိတ် အာဏာပိုင် (ICA) က လေဆိပ်လုံခြုံရေးနဲ့ တိုးပွားလာတဲ့ ခရီးသည်အရေအတွက်ကို ထိရောက်စွာ ဖြေရှင်းဖို့အတွက် ဒီစနစ်ကို အကောင်အထည်ဖော်ခဲ့တာပါ။

လောလောဆယ်တော့ အခြားနိုင်ငံတွေရဲ့ လေဆိပ်တွေကလည်း ဒီ Biometrics စနစ်ကို စိတ်ဝင်စားနေကြပြီး အသုံးပြုန်ိုင်ရန် အကောင်အထည်ဖော်နေကြပါတယ်။ UAE မှာရှိတဲ့ Abu Dhabi အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ လာမယ့် 2025 မှာ Passport မလိုပဲ သွားလာနိုင်ဖို့ Smart Travel Project ကို ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီစနစ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကတည်းက ချန်ဂိလေဆိပ်ရဲ့ Terminal ၄ ခုလုံးမှာ စတင်အသုံးပြုခွင့်ပေးထားပါတယ်။ အောက်တိုဘာလလယ်အထိ စစ်တမ်းအရမှာတော့ Passport ပြသစရာမလိုပဲ ဖြတ်သန်းသွားလာခဲ့တဲ့ ခရီးသည်ပေါင်း 1.5 သန်းခန့်ရှိနေပြီလို့ ဖော်ပြထားပါတယ်။

18/11/2024

#ဘယ်လေဆိပ်ရောက်ရောက်သိထားသင့်တဲ့အဓိက၅ချက်‼️❗️‼️

❗️ Checkin counter

လေဆိပ်ရောက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့Luggage အိတ်တွေအပ်ဖို့နဲ့ Boarding Pass ထုတ်ဖို့
ပထမဆုံး Checkin counter ကိုရှာရပါမယ်

ကိုယ်ဝယ်ထားတဲ့ လက်မှတ် Airline
စီးရမည့် Flight နာမည်နဲ့ တိုက်ပြီးတော့ LED Board မှာရှာရပါမယ်
အဲဒီမှာ Checkin counter ရှိရာညွှန်းပေးထားပါတယ်

Self checkin လုပ်မဲ့သူတွေအတွက်ပါ သွားရမယ့် နေရာကိုပြပေးထားပါတယ်

ဥပမာ- (Bkk to Ygn)MNA လေယာဉ်က J 21 လိုင်းမှာရှိရင် အဲ့လိုင်းကိုသွားပီး checkin လုပ်/ အိတ်တွေအပ်ရုံပါရှင်

📌Departure Card ပါရရင် (ပြည်ပထွက်ခွာ) Form စာရွက်မှာတစ်ခါတည်းရေးဖြည့်ထားပါ

‼️ Immigration

မြန်မာမှာကတော့ immigration မရောက်ခင်
လူကုန်ကူးမှူတိုက်ဖျက်ရေးအဖွဲ့က စစ်တာကို
အရင်ဖြတ်ပြီးမှ Immigration ဖြတ်ရပါမယ်

( ဘာတွေစစ်လဲ❓PVဆို Air Tickets အသွားအပြန် / Hotel Booking/ Show Money/ Reasons for travel )

👮‍♂️ Immigration Officer ကို ကိုယ့်ရဲ့ Passport /Ticket / Departure Cardပေးပြီး (Face,Finger Recognized) Face Scan လုပ်၊ လက်ဗွေနှိပ်ယူတယ် ။ ပြီးတာနဲ့ Pass ဖြစ်သွားပါပြီ 👍 နှလုံးအေးပြီ🤭

‼️❗️Security Check point

Immigration ဖြတ်ပြီးတာနဲ့ ကိုယ့်မှာပါတဲ့ hand carry / ပစ္စည်းအားလုံး Xray ဖြတ်ရပါမယ်
လူကိုတော့ body check စက်နဲ့စစ်ပါတယ်

‼️‼️ Boarding Gate

ကိုယ်ရထားတဲ့ Boarding pass မှာပါတဲ့
Gate ကိုရှာရပါမယ်

အဲ့ဒီမှာ လေယာဉ်ရဲ့ဂိတ်စဖွင့်မယ့် အချိန်ကိုပါရေးပြထားပါတယ်

ဒီဂိတ်လေးကတော့ စီးရမည့်လေယာဉ်ကြီးရှိရာဆီကို သွားဖို့ Gate Number ( ဥပမာ - C 3 ) ကိုပြောတာပါ

‼️❗️‼️ Seat Number

💺 လေယာဉ်ပေါ်မှာ ကိုယ်ထိုင်ရမည့် ထိုင်ခုံကိုပြောတာပါ။ Boarding Pass မှာပါပါတယ်

( ဥပမာ - 12A ဆိုရင် လေယာဉ်ဝင်ပေါက်ကနေ ဝင်လာရင် ညာဘက်အခြမ်းမှာပါ 12 ကိုသွား
A ဆိုတော့ ပြတင်းပေါက်အခြမ်းကစထိုင်ရမှာပေါ့
💺( 12-A B C _ 12-D E F ) ဒီလိုမျိုးပါ

⛔️ မသိသေးတဲ့ခရီးသွားမိတ်ဆွေတွေအတွက်
အိသိတာလေးတွေ မျှဝေပေးထားတာမို့ အကူညီလေးဖြစ်မယ်ထင်ရင် Share သွားပါအုံးနော်❣️

✈ပြည်တွင်း ခရီးစဉ်ပဲဖြစ်ဖြစ်
✈ ပြည်ပ ခရီးစဉ်ပဲဖြစ်ဖြစ်
Air Tickets အစုံကို ဝန်ဆောင်မှုပေးနေတာမို့
ခရီးစဉ်တိုင်းမှာ လွယ်ကူ စိတ်ချ ရဖို့
💃EI Travel -Air Ticket Service ကိုမမေ့နဲ့နော်🤗


၂၀၂၄ ခုနှစ်တွင် သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်များHenley Passport Index အရ ၂၀၂၄ ခုနှစ်အတွင်း သြဇာအကြီးဆုံး နိုင်ငံကူးလက...
17/11/2024

၂၀၂၄ ခုနှစ်တွင် သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်များ

Henley Passport Index အရ ၂၀၂၄ ခုနှစ်အတွင်း သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်များမှာ -

စင်္ကာပူနိုင်ငံသည် ဗီဇာကင်းလွတ်ခွင့် နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိကာ ထိပ်ဆုံးတွင် ရပ်တည်နေပြီး ဖင်လန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား နှင့် စပိန်တို့သည် ဗီဇာကင်းလွတ် နိုင်ငံပေါင်း ၁၉၂ နိုင်ငံသို့ ဝင်ရောက်နိုင်ကာ ဒုတိယနေရာတွင် ရှိနေပါသည်။

သြစတြီးယား၊ ဒိန်းမတ်၊ အိုင်ယာလန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွိဒင် နိုင်ငံများမှ နိုင်ငံသားများသည် ၁၉၁ နိုင်ငံ သို့ ဗီဇာမပါဘဲ ခရီးသွားနိုင်သည်။

ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ နော်ဝေး၊ ပေါ်တူဂီ၊ ယူနိုက်တက်ကင်းဒမ်း၊ ဆွစ်ဇာလန် နိုင်ငံများမှ နိုင်ငံသားများသည် ၁၉၀ နိုင်ငံသို့ ဗီဇာမပါဘဲ ခရီးသွားနိုင်သည်။

ဩစတေးလျ နှင့် ဂရိသည် ၁၈၉ နိုင်ငံ သို့ ဗီဇာမပါဘဲ ခရီးသွားနိုင်သည်။

ကနေဒါ ၊ နယူးဇီလန်၊ ပိုလန် နိုင်ငံများမှ နိုင်ငံသားများသည် ၁၈၈ နိုင်ငံသို့ ဗီဇာကင်းလွတ်၍ ခရီးသွားနိုင်သည်။

ဟန်ဂေရီ၊ ယူနိုက်တက်စတိတ် နိုင်ငံများမှ နိုင်ငံသားများသည် ၁၈၇ နိုင်ငံ သို့ ဗီဇာမပါဘဲ ခရီးသွားနိုင်သည်။

အမေရိကန်သည် ၁၈၆ နိုင်ငံသို့ ဗီဇာမပါပဲ ခရီးသွားနိုင်သည်။

အက်စတိုးနီးယား၊ လစ်သူယေးနီးယား နိုင်ငံများမှ နိုင်ငံသားများသည် ၁၈၅ နိုင်ငံသို့ ဗီဇာမပါဘဲ ခရီးသွားနိုင်သည်။

လတ်ဗီးယား၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယားနှင့် အိုက်စလန် နိုင်ငံများမှ နိုင်ငံသားများသည် ၁၈၄ နိုင်ငံသို့ ဗီဇာကင်းလွတ်၍ ခရီးသွားနိုင်သည်။

Henley Passport Index သည် သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ ဗီဇာမပါဘဲ သွားရောက်နိုင်သည့် နိုင်ငံအရေအတွက်အပေါ် မူတည်၍ နိုင်ငံကူးလက်မှတ်များကို အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။ အဆင့်သတ်မှတ်ချက်ကို တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်လေ့ရှိပါသည်။

ဂျပန်နိုင်ငံသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ထိပ်တန်းနေရာကို
ရောက်ရှိခဲ့ပါသည်။

ဥရောပ လေးနိုင်ငံ (ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် စပိန်)စသည့် နိုင်ငံများကို ဗီဇာကင်းလွတ်ခွင့် တရုတ်က ခွင့်ပြုပေးခြင်းကြောင့် ယခုနှစ်တွင် အဆင့်တက်ခဲ့သည်။

အမေရိကန် နိုင်ငံကူးလက်မှတ်သည် အဆင့် ၇ သို့ ကျဆင်းသွားပါသည်။

ယနေ့ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိပါတယ်။ ကုလသမဂ္ဂ၏အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံနှင့် အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံ ၂ နိုင်ငံဖြစ်သည့် Holy See (government of the Vatican) နှင့် ပါလက်စတိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။


#သုတရသ
:

မြန်မာနိုင်ငံ လေဆိပ်ကနေ အခုမှစသွားမယ့်သူတွေအတွက် လိုအပ်မယ့်အချက်အလက်တွေ တစုတစည်း တည်းတင်ပေးထားပါတယ်♥️Tr visa ရက်ချိန်းယူ...
15/11/2024

မြန်မာနိုင်ငံ လေဆိပ်ကနေ အခုမှစသွားမယ့်သူတွေအတွက် လိုအပ်မယ့်အချက်အလက်တွေ တစုတစည်း တည်းတင်ပေးထားပါတယ်♥️

Tr visa ရက်ချိန်းယူနည်းနဲ့ Form ဖြည့်နည်း
https://www.facebook.com/share/fryGe2k8ZWpeJ1ve/?mibextid=WC7FNe

https://www.facebook.com/share/p/19ZBExYtfN/?mibextid=WC7FNe

လေယာဉ် လက်မှတ် booking လုပ်နည်းနဲ့ ဝယ်နည်းမျိုးစုံ
https://www.facebook.com/share/15JNnKQ1hf/?mibextid=WC7FNe

လေဆိပ်မှာပြရမယ့် Hotel booking လုပ်နည်း
https://www.facebook.com/share/19hFtZkti2/?mibextid=WC7FNe

https://www.facebook.com/share/15dskLtoDY/?mibextid=WC7FNe

ဘယ်လေဆိပ်ရောက်ရောက်သိထားသင့်တဲ့ အချက် ၄ချက်
https://www.facebook.com/share/p/15RmdHGv13/?mibextid=WC7FNe

ထိုင်းလေဆိပ်ရောက်လို့ wifi free သုံးနည်း
https://www.facebook.com/share/p/HxNDqYbwYJbtijWB/?mibextid=WC7FNe

:

25/04/2024

ဒူဘိုင်းမသွားလိုက်သူတွေ ကံကောင်းသွားတယ်

24/04/2024

🤔

24/04/2024
19/04/2024
27/03/2024

🎉👏🙌

27/03/2024
ထိုင်းကို အခုချက်ချင်းမှ ချက်ချင်းထွက်လာချင်သူတွေအတွက် STR ရဲ့ VVIP Services အစအဆုံးတာဝန်ယူဆောင်ရွက်ပေးနေပါတယ်💁‍♀️🙆‍♂️🎉🔻...
20/03/2024

ထိုင်းကို အခုချက်ချင်းမှ ချက်ချင်းထွက်လာချင်သူတွေအတွက် STR ရဲ့ VVIP Services အစအဆုံးတာဝန်ယူဆောင်ရွက်ပေးနေပါတယ်💁‍♀️🙆‍♂️🎉

🔻PV စာအုပ်ရှိရပါမယ်
🔻(3-5) Days အတွင်း Thai အရောက်
အမြန်မှ အမြန်ဆိုသူတွေအတွက် (2-3)Days 😳🤭

VVIP service မှာဆိုရင်💁‍♀️

🔻Ygn- BKK ( Flight ✈️ Ticket 🎫)
👮‍♂️Immigration အစစ်ဆေးအမေးမြန်းမရှိ
Thai Pick Up အကြိုအပို့ Guide ပါဝင်ပီးသားပါ🎉

သာမန် Counter Check-In ဝင်သမားတွေလို❌
(1) Return ticket booking❌
(2) Hotel booking ❌
(3)showmoney ❌
(4) 🇹🇭🇺🇸 English / Thai စကား❌
(5) Thai Immigration ❌

ဘာဆို ဘာတခုမှ မလို VVIP Pass ဆိုမှတော့ ကျော့ကျော့ကော့ကော့လေး လေဆိပ် ရှိုးအပြည့်ဆင်းရုံပဲမြန်မာပြည်လေဆိပ်ကနေ ထိုင်းလေဆိပ်အထိ VVIP Pass ဆိုပီးဈေးကြီးမယူထားဘူး VIP Pass ဈေးပဲယူထားးပေးတယ်ဆိုတော့ ဘာလိုသေးလဲ❌⁉️🤔

Ygn-BkK ရောက်သည်အထိ အစစ်အဆေးမရှိအပေါက်ဝရောက်တဲ့ထိအစအဆုံးတာဝန်ယူဆောင်ရွက်ပေးသွားမှာပါရှင်💁‍♀️🙆‍♀️🎉👏

********************************

🔺 ထိုင်းကို အခုချက်ချင်းမှချက်ချင်း ထွက်လာချင်တဲ့သူတွေအတွက် Sharing တင်ပေးလိုက်ပါတယ်ဗျ။

📕 ဒီရောက်မှ တလ Visa ကို ၃ / ၄ ခါ ဆက်တိုးလို့ရပါတယ်။

🚌 ဒါမှမဟုတ် Lao ထွက်ပြီး ၃ လ Visa ယူလို့ရပါတယ်။ ပြီးမှနှစ်ရှည် Visa ဆက်လျောက် ဒါမှမဟုတ် ဘတ်ရိုက် (ပန်းရောင်ကဒ်) ဖွင့်ဖို့ စောင့်လို့ရပါသေးတယ်။

🙏🏻 ဒီကိုရောက်လာရင်တော့ ကျွန်တော်တို့ အကုန်စီစဥ်ပေးလို့ရပါတယ်ဗျ။

=====

ချက်ချင်း ထိုင်းကိုထွက်လာရင် 14 ရက်နေလို့ရမယ့် Free Arrival Visa အမျိုးအစားရပါမယ်။ လိုအပ်တာတွေကတော့

1️⃣ အရေးကြီးဆုံးက Passport သက်တမ်း ၆ လ အထက်ရှိထားရပါမယ်။

2️⃣ လေယာဥ်လက်မှတ်အသွား Confirm ရှိရပါမယ်။

- လေယာဥ်လက်မှတ်အခြေအနေကတော့ ခုချက်ချင်းထွက်လာတဲ့လူအရမ်းများတာရယ် / နောက်လထိုင်း သင်္ကြန်ရှိတာရယ်ကြောင့် ဝယ်လိုအားအတော်များနေတာကြောင့်

- ကိုယ်လိုချင်တဲ့ရက်ရှိရင် အခုတည်းက ကြိုဖြတ်ထားမှ စိတ်ချရပါမယ်။

- ရက်အရမ်းကပ်ရင်နောက်ဆုံး Business Class တွေပဲကျန်တာမို့ 8 သိန်း / 10 သိန်းအထက်တွေအထိရှိပါတယ်။

- ရိုးရိုး Economy Class ဆိုရင် ၂ သိန်းခွဲ / ၃ သိန်းခွဲကြားလောက်နဲ့ရနေပါသေးတယ်။

🔺 ဒီအဆင့်ထိရပြီဆိုတာနဲ့တင် ကျွန်တော်တို့ဆီ အပ်ပြီးတန်းထွက်လို့ရပါပြီ။ ကျန်တာအကုန် ကူပေးလို့ရပါတယ်ဗျ။

=====

💁🏻‍♂️ ဒါမှမဟုတ် ကိုယ်တိုင်ပြည့်စုံအောင် ဆက်စီစဥ်ပြီး သွားမယ်ဆိုရင်တော့

3️⃣ Show Money Baht 20000 or $600 ကို ( အရွက် ) လဲပြီးယူလာရပါမယ်။

4️⃣ နောက်တစ်ခုက သိပ်အရေးမကြီးသလို အရမ်းအရေးကြီးတဲ့ Hotel Confirmation ဖြစ်ဖို့အတွက်ပါ။ တချို့လည်းပြောပါလိမ့်မယ်။ ငါ့တုန်းကမစစ်ဘူး မလိုဘူးဆိုပြီး။ ကံစမ်းမဲနှိုက်သလိုပါပဲဗျ။ ကိုယ့်အလှည့်ကျမှ သေချာစစ်ရင်တော့ တိုင်ပတ်နိုင်ပါတယ်။

- ဘာကြောင့်ကျွန်တော်ခုလိုပြောနိုင်တာလဲဆိုရင် ခုတလအတွင်းမှာ

- Website တွေကနေ Hotel Booking ပဲလုပ်ပြီးငွေမချေခဲ့လို့ Immigration Officer က ဖုန်းဆက်မေးလို့ Hotel ဘက်က ပိုက်ဆံမချေထားဘူးပြောလိုက်ရင် ပြဿနာကြီးနိုင်ပါတယ်ခင်ဗျ။ တချို့ဆိုမြန်မာပြန်လွတ်ခံရတဲ့လူတွေ ကျွန်တော်တို့ကို လာတိုင်ပင်တဲ့လူတွေရှိနေလို့ပါဗျ။

- ဒါကြောင့် Hotel ကိစ္စနဲ့ပတ်သက်ပြီး စိတ်အေးချင်ရင်တော့ ကျွန်တော်တို့ဘက်က + ရစ်ပြီးဖုန်းဆက်ရင် အတည်ပြုပေးမယ့် ဝန်ဆောင်မှုလေးကို တကယ်ဖြတ်တာထက်စျေးသက်သာအောင် ဆောင်ရွက်ပေးပါတယ်နော်။

5️⃣ စကားအနည်းငယ်တတ်ရင် ပိုအဆင်ပြေပါမယ်။ Immigration Officer မေးတဲ့မေးခွန်းတွေကို လည်လည်ဝယ်ဝယ်နဲ့ဖြေနိုင်တယ်ဆိုရင် ရစ်လည်းအေးဆေးပါပဲခင်ဗျ။

=====

☺️ ကျွန်တော်တို့ဆီ Service မဖြစ်မနေအပ်ဖို့ ခြောက်ခြင်းမဟုတ်ပါ။

- ကိုယ်တိုင်ပြီးပြည့်စုံအောင်စီစဥ်နိုင်ရင် ဒါမှမဟုတ် ကိုယ်နဲ့အဆင်ပြေတဲ့ Service မှာအပ်လို့ရပါတယ်နော်။

- ကျွန်တော်တို့နေ့စဥ် ကြားနေ သိနေရတဲ့ Information ကို ထိုင်းကိုလာမယ့်သူတွေ သိထားသင့်တယ်ထင်လို့ မျှဝေပေးရုံသက်သက်ပါခင်ဗျ။ 🙏🏻

=====

VVIP Pass Service ဆိုရင် PV စာအုပ်ရှိရုံနဲ့ (၃)ရက်အတွင်း Thai အရောက် Loas , Vietnam 🇻🇳
Cambodia 🇰🇭 ကြိုက်တဲ့နိုင်ငံသွားရောက်နိုင်ပါပီ💁‍♀️

ပါဝင်တဲ့ ဝန်ဆောင်မှု့များမှာ
🔥 Flight Tickets
🔥 Guide
🔥Phone Sim
🔥Transportaion
🔥Ygn ( Immigration) Vip pass
🔥Thai ( Immigration ) Vvip pass

အစစ်ဆေး အမေးအမြန်းမရှိ Vvip pass 🎉💁‍♀️

ဒါအပြင် ကျောင်းတက်ချင်သူများ အလုပ်လုပ်ချင်သူများ Visa သက်တမ်းတိုးခြင်းသူများ ကွန်ဒို အိမ် ဝယ်/ငှားချင်သူများ ဆေးကုသမည့်သူများ /Pj သမားများ Pv ပြောင်းစရာမလိုပဲ ချက်ချင်းနိုင်ငံရပ်ခြားထွက်လို့ရနေပါပီ💁‍♀️🙆‍♂️

More Information ℹ️
အသေးစိတ်သိလိုသူများ
Facebook Messenger - Shining Star 🌟

အကယ်လို့ Service နဲ့ပတ်သက်ပြီး သိချင်တယ်ဆိုရင်တော့ အားမနာတမ်းလာမေးလို့ရပါတယ်ခင်ဗျ။

📩 Messenger - Shining Star Travel & Tour Agency


#ထိုင်း #ဘန်ကောက် #သံရုံးထောက်ခံစာ

Confirmation

#ထိုင်းဘဏ်ကတ်ဖွင့်
#ကျပ်ဘတ်ငွေလွဲ

"လေယာဥ်ပေါ် သယ်ဆောင်လို့ ရ ၊ မရ"ဒီနေ့တော့ ပြည်တွင်း /ပြည်ပ လေယာဉ် လက်မှတ်အရောင်းဌာန ကနေပြီးတော့လေယာဥ်နဲ့ခရီးသွားကြတဲ့သူအ...
19/03/2024

"လေယာဥ်ပေါ် သယ်ဆောင်လို့ ရ ၊ မရ"
ဒီနေ့တော့ ပြည်တွင်း /ပြည်ပ လေယာဉ် လက်မှတ်အရောင်းဌာန ကနေပြီးတော့
လေယာဥ်နဲ့ခရီးသွားကြတဲ့သူအများစု တစ်ခါတစ်လေ confuse ဖြစ်တတ်တဲ့အရာလေးတွေထဲကတစ်ခုဖြစ်တဲ့ baggage(cabin) နဲ့ hand carry ထဲ သယ်ဆောင်လို့ရတာနဲ့ မရတာလေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင့် 😊😊😊

အရင်ဆုံး လေယာဥ်ပေါ် လုံးဝ လုံးဝ ❗❗❗ သယ်ဆောင်လို့မရတဲ့ ပစ္စည်းတွေကို အရင်ပြောပြပေးမယ်နော်......
လေယာဥ်ပေါ်လုံးဝတင်ဆောင်လို့မရတဲ့ပစ္စည်းတွေကတော့ ⏬⏬⏬
🚫 ပေါက်ကွဲစေတတ်သောပစ္စည်းများ
(Explosives & Fi****ms)
🚫 ဓာတ်ငွေ့များ (ဖိသွင်းထားသော) နှင့် အဆိပ်ဖြစ်စေသောပစ္စည်းများ
(Compressed Gases & Toxic(Poisonous) sustances)
🚫 လောင်ကျွမ်းစေသော ဓာတ်ငွေ့များ ၊ အရည်များ ၊ အစိုင်အခဲများ နှင့် လောင်စားစေတတ်သောပစ္စည်းများ
(Flammable Gases, Liquids, Solids & Careasives)
🚫 မီးလောင်ခြင်းကိုအားပေးသောပစ္စည်းများ
(Oxidizing Materials)
🚫 ကိုယ်တိုင်လည်းမီးလောင် ၊ မီးလောင်ခြင်းကိုလည်းအားပေးသောအရာ
(Organic Peroxide)
🚫 ရောဂါကူးစက်နိုင်သောအရာများ နှင့် ရေဒီယိုသတ္တိကြွပစ္စည်းများ
(Infectious substances & Radioactive materials)
🚫 အန္တရာယ်ဖြစ်စေနိုင်သောအရာများနှင့် မီးခြစ် ၊ မီးခြစ်စံ
(Miscellaneous Dangerous Goods, Lighter, Blue Flame Lighter, Matches)
🚫 ငရုတ်ကောင်းဖျန်းဆေး ၊ ကျဥ်စက်
(Papper Spray, Electroshock Weapon)
ဒါတွေကတော့ လုံးဝ လုံးဝ သယ်ဆောင်လို့မရတာတွေပဲဖြစ်ပါတယ်နော်......

ဒါဆို ချစ်သောတို့ ရောတတ်တဲ့ Hand carry ထဲမှာ ဘာတွေသယ်လို့ရပြီးတော့ ဘယ်အရာတွေကတော့ Cabin baggage ထဲ ထည့်လို့ရမလဲဆိုတာလေးတွေကို ဆက်ပြောပြပေးမယ်နော် 😊

Hand carry luggage (မိမိနှင့်တစ်ပါတည်း လေယာဥ်​ထိုင်ခုံပေါ်ထိသယ်ဆောင်သွားရမည့်အိတ်) ထဲမှာ သယ်ဆောင်သွားလို့ရတဲ့အရာတွေကတော့ ⏬⏬⏬
☑ နိုင်ငံကူးလက်မှတ်စာအုပ် (Passport)
☑ ကွန်ပျူတာ (Laptop)
☑ စာရွက်စာတမ်းများ (Documents)
☑ ကင်မရာ (Camera)
☑ ဖုန်း (Phone ၊ Tablet ၊ Power bank)
☑ လက်ဝတ်ရတနာ (Jewellery)
☑ ပိုက်ဆံများ (Currency / Money)
☑ သော့များ (Keys) ဒါလေးတွေကတော့ hand carry မိမိနဲ့တစ်ပါတည်းသယ်ဆောင်သွားရပါမယ်ရှင့် cabin baggage ထဲသယ်လို့မရပါဘူးနော် 😊😊😊

ဒါဆို cabin baggage ထဲ သယ်ဆောင်သွားလို့ရတာလေးတွေကကော ဘာတွေဖြစ်မလဲ အဲ့တာတွေကတော့ ⏬⏬⏬
▶ အဝတ်အထည် (dress)
▶ တစ်ကိုယ်ရေသုံးပစ္စည်းများ (cosmetics)
▶ အစားအသောက် (ဆီလုံအောင်သေချာထုပ်ပိုးထားသော) {Foods}
▶ လက်တစ်ဝါးစာအရွယ်သာရှိသော ဘုရားဆင်းတုတော် တို့ပဲဖြစ်ပါတယ်ရှင့်.......

Address

Yagon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00

Telephone

+959981507505

Website

Alerts

Be the first to know and let us send you an email when Shining Star Travel & Tour Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shining Star Travel & Tour Agency:

Share

Category