19/03/2026
🤵 မနေ့က ထုတ်ပြန်တဲ့ Myanmar Passport ဥပဒေအရ
Chips ပါတဲ့ Electronic passport System အသစ်ကိုပြောင်းမှာ ဖြစ်ပါတယ်။
‼ ePassport (Chips) စနစ် သုံး Passport စတင်
ထုတ်ပေးတဲ့အခါမှာ မူလ Passport ကို ပြန်လည်အပ်နှံရမှာ ဖြစ်ပါတယ်။
‼ အောက်ပါအချက်တွေနဲ့ ငြိစွန်းရင် Passport ထုတ်ပေးမှာ မဟုတ်ကြောင်းပါ ...
၁. နိုင်ငံသားဖြစ်ကြောင်း အထောက်အထား မခိုင်လုံခြင်း
၂. နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကိုနှောင့်ယှက်ဖျက်ဆီးနိုင်သူလို့ ယူဆရခြင်း
၃. တရားရုံးက ပြစ်ဒဏ်ကျခံနေရသူ သို့မဟုတ် တရားခံပြေးဖြစ်နေခြင်း
၄. ပြည်ပနိုင်ငံတစ်ခုခု၏ တည်ဆဲဥပဒေကို လိုက်နာရန်ပျက်ကွက်ခြင်း တစ်ဖက်နိုင်ငံမှာ Overstay ဖြစ်နေရင် ဒါမှမဟုတ် ဥပဒေချိုးဖောက်ထားရင် မြန်မာဘက်က Passport သက်တမ်းမတိုးပေးဘဲ နေလို့ရမှာဖြစ်ပါသည်။
‼ ယခင် က သုံးခဲ့တဲ့ ၁၉၂၀ ခုနှစ် ဥပဒေဟောင်းကို လုံးဝရုပ်သိမ်းလိုက်ပြီး ၂၀၂၆ ဥပဒေအသစ်ကို ပြဌာန်းလိုက်ခြင်းဖြစ်ပါသည်။
‼ ဥပဒေဟောင်း မှာ အရင်က Passport ထုတ်မပေးတာမျိုး သိပ်မရှိသလိပယ်ဖျက်ဖို့ကလည်း ခက်ပါသည်။
‼ ဥပဒေသစ် ပုဒ်မ ၂၉-၃၀ မှာတော့ အစိုးရက နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွား အတွက်လို့ ယူဆရင် ဘယ်သူ့ကိုမဆို Passport ထုတ်ပေးခြင်း ငြင်းပယ်ခြင်း ဒါမှမဟုတ် ရှိပြီးသားကို ပယ်ဖျက်
ခြင်း အစရှိသဖြင့် လုပ်ပိုင်ခွင့် ရှိသွားပြီး ဖြစ်ပါသည်။
‼ ဥပဒေကြောင်းအရ အစိုးရဘက်က လုပ်ပိုင်ခွင့် ပိုများသွားတာဖြစ်ပါသည်။
‼ Passport ပျောက်ဆုံးသွားလို့ အသစ်ပြန်
လျှောက်တဲ့ အခါမျိုး ....
နိုင်ငံသားအဖြစ်မှ ရပ်စဲခံရတဲ့အခါမျိုး ...
Passport စာအုပ်ဟာ သုံးစွဲလို့မရအောင် ပျက်စီးနေတဲ့အခါမျိုးတွေမှာ Passport ကို ပြန်သိမ်းတာ ဒါမှမဟုတ် ပယ်ဖျက်တာ ခံရနိုင်မှာ ဖြစ်ပါတယ် ...
‼ ဥပဒေဟောင်း မှာ အရင်က စာအုပ်ကိုပဲ အဓိကထားပြီး လူကိုယ်တိုင် စိစစ်တာမျိုးပါ ။
‼ ဥပဒေဟောင်း မှာအရင်က ပြစ်ဒဏ်တွေက သိပ်မပြင်းထန်သလို ဒဏ်ငွေကလည်း ခေတ်နဲ့မညီတော့တာမို့ ဥပဒေသစ် ပုဒ်မ ၃၅ နဲ့ ၄၂ မှာ Passport ထဲက အချက်အလက်တွေကို ပြင်ရင် ... ဒါမှမဟုတ် အတုလုပ်ရင် ထောင်ဒဏ် ၆ လမှ ၃ နှစ် အထိ ကျခံရနိုင်မှာဖြစ်ပါသည်။
‼ ကိုယ့် Passport ကို သူများဆီ ရောင်းတာ
ပေါင်နှံတာတွေ လုပ်ရင်လည်း ထောင်ဒဏ် ၁နှစ် အထိ ကျခံရနိင်တာတွေအပြင် ဒဏ်ငွေတွေကလည်း ၅ သိန်းမှ ၁၀သိန်းအထိ ပေးဆောင်ဖို့ တိုးသွားပါသည်။
‼ ဥပဒေသစ် ပုဒ်မ ၃-စ - ဍ မှာတော့ UID (Unique Identification Number) နဲ့ ePassport (Chips) စနစ်ကို အခြေခံလိုက်တာမို့ လက်ဗွေ ... မျက်နှာသွင်ပြင် Eye scan စတဲ့ Biometric data တွေက ဗဟိုစနစ်နဲ့ ချိတ်ဆက်ထားတဲ့အတွက် လူတစ်ယောက်က နာမည်ပြောင်းပြီး Passport စာအုပ် ထပ်မံ လုပ်တာမျိုး လုံးဝ လုံးဝမရတော့မှာဖြစ်ပါတယ်။
‼ UID ကိုလည်း Database စာရင်းကောက်စာရင်းသွင်းထားပြီး ဖြစ်နေပြီမို့ ePassport ပြောင်းတာအဆင်ပြေပါလိမ့်မယ်။
‼ ASEAN မှာ chips ပါတဲ့ ePassport တွေကို Auto Lane ကနေ ဝင်ခွင့်ပြုနေတော့ ပိုပြီး မြန်ဆန်လွယ်ကူ အဆင်ပြေမှာဖြစ်ပါတယ်။
‼ ပြည်ပရောက်နေတဲ့ ကလေးတွေထဲက UID မလုပ်ရသေးတဲ့ ကလေးတွေအတွက် passport extension တိုးတဲ့အခါ အခက်အခဲတွေ့နိင်တယ် မြင်မိပါတယ်။
‼ ဒါပေမယ့် Passport သက်တမ်းတိုးဖို့ ငြင်းပါယ်
ခြင်း ခံရရင် ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ပြန်လည်လျှောက်ထားခွင့်ရှိနေတယ်လို့ ဥပဒေမှာ ဖော်ပြပါရှိတာမို့ အရမ်းကြီးတော့လည်း စိတ်ပူစရာ မရှိပေမယ့် လိုအပ်ချက်တွေကို ပြင်ဆင်ထားတာတော့ အကောင်းဆုံးပါဘဲ။
Credit🤵
BOON INTERNATIONAL TOURISM
🏛🏛🏛 အမှတ် ၁၈,ဒုတိယထပ်,ဗိုလ်စိန်မှန် လမ်း,ဗိုလ်စိန်မှန်ရပ်ကွက်၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
☎️☎️☎️ 09 767766609 , 09 404446599 သို့တိုက်ရိုက် ခေါ်ဆို၍ လည်းကောင်း,Viber(or)WhatsApp မှတစ်ဆင့် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား။