25/09/2021
#မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏
ဘုန်းရိပ် ကံရိပ် မေတ္တာရိပ်သို့ သွားရောက်
ဖူးမြော်ကြည်ညိုလိုသူများအတွက် ... လမ်းညွန်
ရန်ကုန်မှနံနက်စောစော ၄ နာရီခွဲခန့်
စထွက်လာသင့်ပါသည် ။
လမ်းခရီးနံနက်စာ အဆာပြေစားချိန်
နေ့လည်စာ စားချိန်
ကားအနားပေးချိန်ရပါသည် ။
အပျော်ခရီးထွက်ချိန်
မဟုတ်သဖြင့် ယဥ်အသွားအလာ
နည်းပါသည် ။
မန္တလေးသို့ မရောက်မီ
စစ်ကိုင်းအမရပူရ အဝိုင်းလမ်းခွဲမှ
စစ်ကိုင်းဖက်သို့ သွားရပါမည် ။
စစ်ကိုင်းတံတားကျော်ပြီး
မြို့ဝင်ကြေး လမ်းကြေးပေးဆောင်ပြီး
အဝိုင်းပတ်လမ်းအတိုင်းလာလျှင်
စစ်ကိုင်း မုံရွာ ရွှေဘိုကားလမ်းသို့
အရောက်"
" နှလုံးလှ"မြန်မာထမင်းဆိုင်"
(ရွာထောင်တွင်) ထမင်း
ဝင်စားသင့်ပါသည် ။
အတို့ အမြုတ် နှင့်
အရံဟင်းလျှာစုံလှပြီး
ရေဘဲသား ငုံးသား ကြက်ဝက်အမဲ
ဆိတ် ဟင်းလျှာများကလည်း
အရသာရှိလှပါသည် ။
(ကျွန်တော်တို့အဖွဲ့ လမ်းတလျှောက်
ထမင်းဆိုင်ရှာရင်း ဤနေရာရောက်မှ
စားဖြစ်ပါသည်။ အပျော်ခရီး
ဘုရားဖူးထွက်ချိန်မဟုတ်သဖြင့်
လမ်းတလျှောက်ထမင်းဆိုင်များ
မဖွင့်ကြပါ။
ဖွင့်သည့်ဆိုင်အနည်းငယ်ကလည်း
စားသုံးသူရောက်မှ
ချက်ပြုပ်ကြော်လှော်ရသောကြောင့်
ခရီးသွားအချိန်လင့်တတ်ပါသည် ။
ဤဆိုင်ကို ကျွန်တော်တို့အဖွဲ့
အသွားအပြန်စားခဲ့ပါသည်)
စစ်ကိုင်းတိုင်းသည်
ကာဖျူးညမထွက်ရအမိန့်
6:00 နာရီ ဖြစ်၍...
မိမိတို့ ညအိပ်တည်းခိုမည့်
နတ်တလူတောရစခန်းသို့
6:00 မထိုးခင် စောစီးစွာ
ရောက်ဖို့လိုပါသည် ။
စစ်ကိုင်းမှတဆင့် ရွှေဘိုသို့
(72) မိုင်ခရီးရှိပါသည် ။
ရွှေဘိုမြို့အဝင်မုဒ်ဦး လှမ်းမြင်ရချိန်
ရွှေဘိုမြို့တွင်းသို့မဝင်ပဲ
ညာဖက် ရွှေဘိုမြို့ရှောင်လမ်းအတိုင်း
မောင်းလာပြီး လမ်းဆုံးလျှင်
ညဘက်ရွှေဘို ကျောက်မြောင်းလမ်းအတိုင်း အနည်းငယ်မောင်းလာလျှင်
ရွှေဘို မြစ်ကြီးနားလမ်းဆုံသို့
ရောက်ပါမည် ။
(လမ်းညွန်ဆိုင်းဘုတ်ရှိပါသည်)
ရွှေဘို -မြစ်ကြီးနား လမ်းအတိုင်း
(25) မိုင်ခန့် မောင်းရပါသည် ။
မိုးအရမ်းရွာလျှင် ဤလမ်းတလျှောက်
ကားလမ်းရေကျော် သုံးနေရာခန့်ရှိနေ၍
အောက်ပိုင်းနိမ့် စလွန်းကားသေးများ
အဆင်မပြေနိုင်ပါ ။
ရေကြည်ဦး ရွာရောက်လျှင်
ထမင်းဆိုင်တန်းကလေးများအနီး
နတ်တလူသာသနာပြုစခမ်း
မုခ်ဦးကြီးဆီသို့ ရောက်ပါပြီ ။
မန်းလေး-စစ်ကိုင်း -ရွှေဘို
၂ နာရီ ခန့်၊ ရွှေဘို-မြစ်ကြီးနား
လမ်းအတိုင်း မိနစ် ၄၀ ခန့်
လမ်းဘယ်ဘက် မုဥ်ဦးကြီးမြင်ရင်
မြေလမ်း ၇ မိနစ်ခန့်ဝင်ရင်
မင်းဘိသိတ်ခံဘုရား
နတ်တလူတရားစခန်းသို့
ဦးတိုက်ရောက်ပါ့မယ် ။
ရုံးကလူကြီးတွေ ခွင့်တိုင်ပါ
အဲဒီ ညအိပ်ရပါမယ် ။
အဆောင်၊ ရေ လျှပ်စစ်မီး အိမ်သာ
အစစ အဆင်ပြေပါတယ် ။
အိပ်ယာ ခြင်ထောင်အချို့ ယူသွားရင်
ရိပ်သာအတွက် ဒုက္ခမများစေတော့
ပိုအဆင်ပြေပါ့မယ် ။
မုခ်ဦးအတိုင်းအတွင်းသို့ဝင်ရာ
လမ်းသည်မိုးသည်းထန်စွာရွာလျှင်
လမ်းအနိမ့်ပိုင်း သုံးနေရာခန့်
ရေကျော်နေသဖြင့် အောက်ပိုင်းနိမ့်သော
စလွန်းကားသေးများအဆင်မပြေနိုင်ပါ ။
ကျွန်တော်တို့ကားလည်း
အောက်ပိုင်းနိမ့်စလွန်းကား
Toyota Ractis ဖြစ်၍ မုဒ်ဦးထိပ်
ထမင်းဆိုင်တန်းတွင် ရပ်ထားခဲ့ရပြီး
အတွင်းမှ လာကြိုသော
မိတ်ဆွေကားဖြင့် ဝင်ခဲ့ရပါသည် ။
နတ်တလူတောရစခမ်းတွင်
သံဃာတော် သီလရှင် ယောကီနှင့်
ဧည့်သည်များညအိပ်တည်းခိုရန်
အဆောင်များရှိပါသည် ။
မိမိအိမ်မှ စောင် ခြင်ထောင် ခေါင်းအုံး
ယူသွားနိုင်လျှင် ပို၍အဆင်ပြေပါသည် ။
ဆရာတော်ဘုရားကြီးအား
လာရောက်ဖူးမြင်ရန်လာကြသူ
ဧည့်သည်များအတွက် ဆရာတော်ဘုရားကြီး သတင်းသုံးတည်ထောင်ထားသော
တောရစခမ်းဖြစ်၍
ဆရာတော်ဘုရားကြီး၏ ဘုန်းရိပ်
ကံရိပ် မေတ္တာရိပ်အောက်သို့
ခိုလှုံဝင်ရောက်ရာနေရာတစ်ခု
ဖြစ်ပါသည် ။
ဆရာတော်ဘုရားကြီး
တည်ထားကိုးကွယ်သော
မင်းဘိတ်သိတ်ခံဘုရားစေတီသည်လည်း ကျောင်းပရဝဏ်အတွင်းတည်ရှိပါသည် ။
ဆရာတော်ဖူးဧည့်သည်များကို
ညစာထမင်း ဟင်းများဖြင့်
ကျွေးမွေးလှူဒါန်းပါသည် ။
ကျွန်တော်တို့အဖွဲ့ ညစာထမင်းကို
နတ်တလူတောရစခမ်း၏
ခမ်းနားလှသော
ထမင်းစားဆောင်ခမ်းမကြီးတွင်..
အရသာရှိမြိန်ယှက်စွာ သုံးဆောင်ခဲ့ရပါသည် ။
စားခဲ့ရသည့် ထမင်းမှာ ကုလားပဲပြုပ်နှင့် ချက်ထားသော ပဲထမင်း
ဖြစ်ပါသည် ။ ထမင်းချည်းစားလျှင်ပင် အလွန်အရသာရှိလှပါသည် ။
ဟင်းအနေဖြင့် ကြက်သားအကြွပ်ကြော် ငါးခြောက်သေးနှင့်ငြုပ်သီးခွဲခြမ်းကြော် မြေပဲကြော် သောက်ဆမ်းအနေဖြင့် ဘုန်းကြီးကျောင်းဟင်းပေါင်း.. စသဖြင့် ဖွယ်ဖွယ်ရာရာ..
ထမင်းအမြိန်ဆုံး ညစာတစ်နပ်
ဖြစ်ခဲ့ပါသည် ။
( စားပြီးမှထမင်းအလှူရှင်များကို
မေတ္တာပို့မိပါသည် 😁 )
ကျွန်တော်တို့အဖွဲ့မှ စုပေါင်း၍
ထမင်းအာဟာရဒါနအလှူ
တစ်ရက်စာအတွက် အလှူငွေ
150,000/ လှူဒါန်းခဲ့ပါသည် 🙏
ထမင်းစားသောက်ပြီး
ကျောင်းပရဝဏ်အတွင်း
ဆရာတော်ဘုရားကြီးရေးသားပြုစုထားသော ကျမ်းစာအုပ်များ
အရောင်းဆိုင်လည်း ရှိပါသည် ။
လက်ရှိမင်းဘိတ်သိတ်ခံဘုရားအား
ဌာပနာငုံလျှက် ၁၀၈ တောင်
ဉာဏ်တော်မြင့်စေတီတည်ရန်
အလှူခံဌာန
တောရစခန်း အဝင်လမ်းခင်းရန်
အလှူခံဌာန တို့၌လည်း
မိမိတို့ သဒ္ဓါစေတနာအလျှောက်
နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါသည် ။
ညဘက် မင်းဘိတ်သိတ်ခံဘုရား
စေတီ ကိုလည်း သွားရောက်ဖူးမြင်
ဓမ္မဖြင့်ပူဇော်နိုင်ပါသည် ။
နံနက်စောစော
ဆရာတော်ဘုရားကြီး သီတင်းသုံးရာ
ဉေယျဓာမ်တောရသို့
နံနက် ၄ နာရီ လောက်တွင်ထပြီး
ဆရာတော်ဘုရားကြီးဖူးမျှော်ဖို့
သွားကြရပါမည် ။
မိမိတို့ညအိပ်တည်းခိုရာ
နတ်တလူတောရစခမ်းမှ
ဉေယျဓာမ်တောရ သို့
၄၅ မိနစ်လောက် ကားနဲ့
သွားရပါသည် ။
နတ်တလူတောရမုခ်ဦးမှအထွက်
ဘယ်ဘက်သို့ (မြစ်ကြီးနားဘက်)
ရွှေဘို_မြစ်ကြီးနား လမ်းအတိုင်း
(၇) မိနစ်ခန့် ကားမောင်းလာရင်း
ဇီးကုန်း_မလယ်လမ်းဆုံ အထိ
ရောက်လျှင် -
သကြားစက် (ဘယ်သို့)-
မလည်(ညာသို့) လမ်းဆုံ
ရောက်ပါမယ် ။
မလည်လမ်းအတိုင်း
၂၀ မိနစ်ခန့် သွားပြီး မြေမွန်၊
စကျင်ရွာတွေ ကျော်ပြီးရင်
စျေးဆိုင်လေးတွေရှိတဲ့နေရာ
ညာဘက်ကို မြေလမ်းအကျယ်ကြီး
၇ မိနစ်ခန့် ချိုးဝင်လိုက်ရင်
ဆရာတော်ဘုရားကြီး
သီတင်းသုံးတော်မူသော - ဉေယျဓမ်
တောရကျောင်းသို့ ရောက်ပါတယ် ။
ဆရာတော်ဘုရားကြီး
သီတင်းသုံးတော်မူရာ
ဉေယျဓာမ်တောရကျောင်းတိုက်၏
ကျောင်းဝင်းတံခါးသည်
နံနက် (5/6)နာရီ မှဖွင့်ပါသည် ။
*ဉေယျဓမ်တောရ အဝင်လမ်းသည်လည်း မိုးသည်းထန်စွာရွာလျှင်
ရေကျော်များရှိနေ၍
ဆလွန်းကားသေးများ အဆင်မပြေနိုင်ပါ ။
မိမိတို့ကားလည်း ဆလွန်းကားသေးဖြစ်၍ LiteTruck ကားတစ်စီးကို
20,000/ ks.ပေးငှား၍
နတ်တလူတောရ မှ ဉေယျဓမ်တောရသို့
ထိုကားဖြင့်ဝင်ခဲ့ရပါသည် ။
တချို့ Alphard ကားများ
ရေဝင်ထိုးရပ်၍
ဆရာတော်ဘုရားကြီးအား
အမီမဖူးလိုက်ရပါ ။
ကျောင်းဝင်းတံခါးဖွင့်ပြီး
ဆရာတော်ဖူးမည့်ဓမ္မမိတ်ဆွေများ
အမျိုးသား/အမျိုးသမီးသပ်သပ်
သတ်မှတ်နေရာများတွင်နေရာယူ
ဆိပ်ငြိမ်စွာစောင့်စားနေကြရမည်
ဖြစ်ပါသည် ။
သင်္ကန်း ဆေး သစ်သီး မုန့်
အချိုရည်များကို
မိမိလက်တွင်း၌သာ...
ဆရာတော်အားရည်မှန်း ကပ်လှူပူဇော်ပြီး
ဆရာတော်ဘုရားကြီး ပြန်ကြွသွားသည့်အချိန်မှ ဆရာတော်ဓာတ်ပုံထားရှိပူဇော်ရာ ကျောင်းခန်းအတွင်းသို့
သွားရောက်ကပ်လှူရမည်ဖြစ်ပါသည် ။
ဆရာတော်ဘုရားကြီးအား
မည်သည့်လှူဖွယ်ပစ္စည်းမှ
တိုက်ရိုက်လှူဒါန်းခွင့်မရှိပါ
လက်မခံပါ ။
ဉေယျဓာမ်တောရ တွင်
အထူးသဖြင့် ဝတ္ထုငွေလှူဒါန်းမှုကို
လက်မခံပါ ။ ဆရာတော်ဘုရားကြီး၏
ဝေယျာဝစ္စအကျိုးတော်ဆောင်များကိုပင် တားမြစ်ထားပါသည် ။
မောင်ကိုဦး-(မြန်မာစာ)
မန္တလေး - ရွှေဘို = [72]မိုင်
ရွှေဘို - ဇီးကုန်း(မလယ်လမ်းဆုံ) = [26]မိုင်
Google Maps
https://www.google.com/maps/place/22.916029,+95.656170/@22.9159336,95.6560281,18z/data=!3m1!1e3
"ဉေယျဓမ်တောရတွင် သီတင်းသုံးတော်မူသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမြော်လိုသူများ အတွက် ဆောင်ရန် ရှောင်ရန်များ"
~*~*~*~*~*~*~*~*~*~*~*~*~*~*~
ဆောင်ရန်
**********
နံနက် 7 နာရီတိတိ ဆရာတော်ကြီး ဆွမ်းခံကြွပါမည် (မိမိဆွမ်း ဆရာတော်ကြီးအား ဆက်ကပ်လိုပါက စောစောလာပါ)
ကျောင်းတံခါး နံနက် 5 နာရီနှင့် 6နာရီကြား ဖွင့်ပေးပါသည် (မိုးရွာလျှင် 6နာရီ နောက်ပိုင်း)
မိုးရွာနိုင်သဖြင့် အဝတ်အစား အပိုတစ်စုံယူဆောင်လာခဲ့ရန် (အဝတ်စားလဲရန် အမျိုးသားရေချိုးခြံ၊ အမျိုးသမီး ရေချိုးခြံများရှိပါသည်)
တောရကျောင်းတွင် ဆရာတော်ကြီးမှပြန်စွန့်သည့် မုန့်များဖြင့် ကျွေးမွေးဧည့်ခံသည့် အစီအစဉ်ရှိသလို၊ မိမိအစီအစဉ်ဖြင့် စားစရာများ ယူဆောင်လာပါက ကိုးခန်းဇရပ် (တောင်ရကျောင်းရှေ့တွင်ရှိ)၊ ရွှေဗိမာန် (မြေနီလမ်းအဝင် မုန့်ဆိုင်တန်း အနီးတွင်ရှိ) တို့တွင် စားသုံးနိုင်ပါသည်။
ရှောင်ရန်
**********
ဆရာတော်ကြီးသည် ကင်မရာများ၊ ဖုန်းများ ဖြင့်ရိုက်ခြင်းကို ရှောင်ရန် မိန့်ကြားတော်မူခဲ့သည်။
ဆရာတော်ကြီး ဆွမ်းခံစဉ် မတ်တပ်ရပ်ခြင်း၊ ထီးဆောင်းထားခြင်း၊ ဦးထုပ်မချွတ်ခြင်း စသည့် အဂါဝရလုပ်ရပ်များအား ရှောင်ကြဉ်ရန် ။
ဆရာတော်ကြီးသည် စိတ်ငြိမ်ခြင်း၊ အေးချမ်းခြင်းကို အထူးနှစ်သက်၍ စကားကျယ်လောင်စွာ ပြောခြင်းများကို ရှောင်ကြဉ်ရန် ။
ဉေယျဓမ်တောရတွင် သာသနာတော်(ရဟန်းတော်)နှင့် မအပ်စပ်သည့် အနာမာသအကပ္ပိယဝတ္တုများ၊ ငွေကြေးများ လုံးဝ(လုံးဝ) လက်မခံပါ ။
ကားဆရာများ ကားဟွန်းတီးခြင်း ရှောင်ကြဉ်ရန်၊ ကားလမ်းပေါ်ပိတ်မရပ်ရန်၊ ကားကွင်းအတွင် စနစ်တကျ ပါကင်ထိုးရန်၊ အချင်းခင်း ရိုင်းပင်းကူညီကြရန် ။
ဆရာတော်ကြီး၏ ကျောင်းနေ တပည့်သာဝကကြီးများ၏ စီမံမှူများကို လေးစားလိုက်နာကြရန် ။
နတ်တလူသာသနာပြုစခမ်းပြန်ကြားရေ
မောင်ကိုဦး-(မြန်မာစာ)
ူရင်းရေးသားသူ
#သွားမယ်တည်းမယ်