11/09/2026
အဘထွက်ပွဲရဲ့ သမိုင်းကြောင်း
အဘထွက်ပွဲ ဆိုတာ ပုပ္ပါးတောင်ကလပ်မှာ နှစ်စဉ်နှစ်တိုင်းကျင်းပလာတဲ့ အဘ ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲ၊ အောင်ပွဲ၊ ကြိုပွဲ ဖြစ်ပါတယ်။ အထက်မြန်မာပြည်တစ်ဝှမ်းက ယုံကြည်ကိုးကွယ်သူများ လာရောက်အဓိဌာန်ပူဇော်ကြတဲ့အစဥ်အလာမပြတ်ရိုးရာပွဲလေးပဲဖြစ်ပါတယ်။
လူကြီးသူမများပြောစကားအရ အဘဘိုးမင်းခေါင် ကို ၁၈၈၀ ခုနှစ် မေလ ၂ ရက်နေ့မှာ ပုပ္ပါးတောင်အရှေ့ဘက် စင်မြင့်ကျေးရွာမှာ မွေးဖွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပိုင်းမှာ ပုပ္ပါးတောင်ကလပ်အပါအဝင် ဒေသတစ်ဝိုက်မှာ နေထိုင်ပြီး တရားအားထုတ်ခြင်း၊ သာသနာရေးလုပ်ငန်းများ ပြုလုပ်ခဲ့တယ်လို့ အစဉ်အလာမှတ်တမ်းများမှာ ဆိုထားပါတယ်။
အဘဘိုးမင်းခေါင်နဲ့ပတ်သက်တဲ့ ယုံကြည်မှုများအရ တော်သလင်းလပြည့်ကျော် ၂ ရက်နေ့ဟာ အဘထွက်ရပ်ပေါက်ခဲ့တဲ့နေ့အဖြစ် အစဉ်အလာအားဖြင့် သတ်မှတ်ထားကြပြီး အဲဒီနေ့ကို အခြေခံကာ နှစ်စဉ် အဘထွက်ပွဲများ ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။
နှစ်တွေကြာလာတာနဲ့အမျှ အဘထွက်ပွဲဟာ ပိုမိုစည်ကားလာပြီး မြန်မာနိုင်ငံအရပ်ရပ်က ယုံကြည်သူများ၊ ဘုရားဖူးခရီးသွားများ လာရောက်ကြပါတယ်။ အဓိဋ္ဌာန်အောင်မြင်မှုအတွက် ပူဇော်ခြင်း၊ ဆုတောင်းခြင်း၊ အောင်ပွဲပြုလုပ်ခြင်းတို့ကိုလည်း ပြုလုပ်ကြပါတယ်။
📌 ရှေးအစဥ်အလာမပြတ်ကျင်းခဲ့ပြီး ယခု(74)ကြိမ်မြောက်အဖြစ်2026ခုနှစ်မှာကျင်းပတော့မှာဖစ်ပါတယ်။
✨ ဒါကြောင့် အဘထွက်ပွဲဟာ ပွဲတော်တစ်ခုတည်းမဟုတ်ဘဲ ရိုသေယုံကြည်မှု၊ ဆုတောင်းခြင်း၊ အဓိဋ္ဌာန်အောင်ပွဲနဲ့ နှစ်စဉ်လက်ဆင့်ကမ်းလာတဲ့ အစဉ်အလာတွေ ပေါင်းစပ်ထားတဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
💥သမိုင်းအကြောင်းမှာ မှားသောအချက်လေးများပါခဲ့ရင်ထပ်မံဖြည့်စွက်အကြံပေးလို့ရပါတယ်ခင်ဗျာ။
🥰🥰အဘထွက်ပွဲလေးကိုစိတ်ဝင်စားရင်လည်းပဲ ကျွန်တို့ Royal Myanmar Ikom Travel &Tour မှ 27.9.2026 မှာ အဘထွက်ပွဲ (နေ့ချင်းပြန်)ခရီးစဥ်လေးရှိပါတယ် ။လိုက်ပါဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်.....
အထူးpromotion အနေနဲ့ (5+1)၅ဦးဝယ်ရင်တစ်ဦးအခမဲ့လိုက်လို့ရပါတယ်ခင်ဗျာ။
အရမ်းလည်းတန်ပါတယ်နော် တစ်ဦးကို(140000)ကျပ်တည်းရှိပါတယ်နော်။
ဆက်သွယ်ရန် -09 699 090 162
-09 782 396 878
-09 798 590 819
(Viber) -09 769 558 595
လိပ်စာ-တိုက်(A)အခန်း(103)မြင်သာအိမ်ရာ၊သံသုမာလမ်းမကြီးနှင့်မြလေးလမ်းထောင့်၊(၁၄)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။