Thailand Anywhere ထိုင်းနိုင်ငံ အတွင်း ကားအငှား နှင့် ခရီးသွား ဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • Thailand Anywhere ထိုင်းနိုင်ငံ အတွင်း ကားအငှား နှင့် ခရီးသွား ဝန်ဆောင်မှု

Thailand Anywhere ထိုင်းနိုင်ငံ အတွင်း ကားအငှား နှင့် ခရီးသွား ဝန်ဆောင်မှု Thailand Anywhere ကို ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ +959972185129, +959250794945, +66950423254
(214)

ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း ၂၀ ထဲမှာ ထိုင်းနိုင်ငံက လေကြောင်းလိုင်း ပါဝင်လာပြီ🏆 Thai Airways က Skytrax World Airli...
21/09/2026

ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း ၂၀ ထဲမှာ ထိုင်းနိုင်ငံက လေကြောင်းလိုင်း ပါဝင်လာပြီ

🏆 Thai Airways က Skytrax World Airline Awards 2026 ရဲ့ ကမ္ဘာ့အကောင်းဆုံး Airline Ranking မှာ အဆင့် ၂၀ နေရာကို ရရှိခဲ့ပါတယ်။

📈 ဒီနှစ်ရလဒ်က Thai Airways အတွက် သိသိသာသာ တိုးတက်လာတာဖြစ်ပြီး 2025 ခုနှစ်မှာ အဆင့် ၂၉ ရှိခဲ့ရာကနေ ဒီနှစ်မှာ အဆင့် ၂၀ အထိ နေရာ ၉ ဆင့် တက်လာခဲ့တာပါ။

🌏 ကမ္ဘာတစ်ဝှမ်း Airline ပေါင်း 300 ကျော် ပါဝင်တဲ့ Passenger Satisfaction Survey ကို အခြေခံပြီး ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကနေ နိုင်ငံခြားခရီးတွေ သွားတဲ့အခါ Thai Airways ကို စီးဖူးတဲ့သူတွေအတွက်လည်း ဒီ Ranking က စိတ်ဝင်စားစရာသတင်းတစ်ခု ဖြစ်မှာပါ။

လေဆိပ်နဲ့ နီးနီးနားနား မှာ တည်းချင်ရင် ဒီ ဟိုတယ်ကို ရွေးညနက်မှ Bangkok ရောက်လာတာပဲဖြစ်ဖြစ်… မနက်အစောကြီး Flight ရှိတာပဲဖ...
21/09/2026

လေဆိပ်နဲ့ နီးနီးနားနား မှာ တည်းချင်ရင် ဒီ ဟိုတယ်ကို ရွေး

ညနက်မှ Bangkok ရောက်လာတာပဲဖြစ်ဖြစ်… မနက်အစောကြီး Flight ရှိတာပဲဖြစ်ဖြစ် Hotel ရွေးရတာ မခက်တော့ဘူး!

Bangkok ကို ညလေယာဉ်နဲ့ ရောက်လာပြီး “ဒီည ဘယ်မှာတည်းမလဲ?” ဆိုပြီး စဉ်းစားနေရတာမျိုး၊ မနက်အစောကြီး Flight ရှိလို့ Airport နဲ့နီးတဲ့ Hotel ရှာနေရတာမျိုးဆိုရင် Siam Mandarina Hotel ကို စဉ်းစားကြည့်လို့ရပါတယ်။ ✈️❤️

📍 Suvarnabhumi Airport နဲ့ မိနစ် ၁၅ ခန့်အကွာမှာရှိပြီး 24-Hour Free Airport Shuttle Service ပါရှိတာကြောင့် Flight Time မနက်စောစောဖြစ်ဖြစ်၊ ညနက်ပိုင်းဖြစ်ဖြစ် သွားလာရ ပိုအဆင်ပြေပါတယ်။

🏨 Airport နားမှာဆိုပေမယ့် Stay Experience ကတော့ အေးအေးဆေးဆေးပါ။

ဒီ Hotel ရဲ့ စိတ်ဝင်စားစရာတစ်ခုက Airport နဲ့နီးရုံတင်မကဘဲ အခန်းကနေ လေယာဉ်အတက်အဆင်းတွေကိုပါ ကြည့်ရှုနိုင်တဲ့ Airport View ရှိတာပါ။ ✈️

လေယာဉ်တွေကို ကြည့်ရင်း အနားယူရတာကလည်း ခရီးသွားသူတွေအတွက် အမှတ်တရ Experience တစ်ခု ဖြစ်စေပါတယ်။

🛏️ တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ်…

လူဦးရေနဲ့ Budget အလိုက် အခန်းအမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။

✨ Deluxe Room
✈️ Deluxe Airport View Room
👨‍👩‍👦 Deluxe Triple Room
🛋️ Executive Suite
👨‍👩‍👧 Family Suite
🏡 2-Bedroom Family Suite

🍽️ Hotel ထဲမှာပဲ စားသောက်ဖို့လည်း အဆင်ပြေပါတယ်။

မနက်ခင်း Coffee လေးသောက်ချင်တာကစပြီး ညစာစားချင်တာအထိ Hotel ထဲမှာ ရွေးချယ်စရာတွေရှိပါတယ်။

☕ Raydus Café & Bar
🥗 Crystal Restaurant
🍨 Molto Premium Gelato
🍵 Papipé Tea Lounge
🍸 Diamond Bar

ဒါကြောင့် Airport နဲ့နီးတဲ့ Hotel ဆိုပေမယ့် “အိပ်ဖို့ပဲတည်းတဲ့ Hotel” မဟုတ်ဘဲ Hotel ထဲမှာပဲ အနားယူ၊ စားသောက်ပြီး အချိန်ဖြုန်းလို့ရပါတယ်။

✨ Facilities တွေကလည်း ပြည့်စုံပါတယ်။

🏊 Outdoor Swimming Pool
🏋️ Fitness Centre
🚐 24-Hour Free Airport Shuttle
🍽️ Restaurant & Café
🍸 Bar
🛜 Free Wi-Fi
🚗 Free Parking
👨‍👩‍👧 Family-Friendly Facilities
💼 Meeting & Banquet Rooms

🛍️ Shopping ထွက်ချင်သူတွေအတွက်လည်း Location က မဆိုးပါဘူး။

🚗 Mega Bangna ဘက်ကို သွားလာရလွယ်ကူသလို Bangna နဲ့ Lat Krabang Area တွေကိုလည်း အဆင်ပြေပြေ သွားလာနိုင်ပါတယ်။

❤️ Thailand Anywhere နဲ့လည်း Partnership ရှိတာကြောင့် Booking လုပ်ရတာ ပိုမိုလွယ်ကူပါတယ်။

Thailand Anywhere ကို Booking လုပ်တဲ့အခါ—

🇹🇭 ၅ နှစ်ကျော် အတွေ့အကြုံနဲ့ ဝန်ဆောင်မှုပေးနေခြင်း
👥 Customer ထောင်ပေါင်းများစွာရဲ့ ယုံကြည်မှု ရရှိထားခြင်း
📱 Booking မတိုင်ခင်ကနေ ခရီးပြီးတဲ့အထိ ဆက်သွယ်ကူညီပေးခြင်း
🇲🇲🇹🇭 Myanmar & Thailand နှစ်နိုင်ငံလုံးမှာ လုပ်ငန်းဆောင်ရွက်နေခြင်း
🏢 Yangon & Chiang Mai Office များမှ ဝန်ဆောင်မှုပေးခြင်း
🤝 Customer လိုအပ်ချက်တွေကို အဆုံးအထိ ကူညီပေးခြင်း

တို့ကြောင့် Hotel Booking ကို ကိုယ်တိုင် အဆင့်ဆင့် လိုက်လုပ်နေစရာမလိုဘဲ တိုင်ပင်ပြီး စီစဉ်နိုင်ပါတယ်။

✈️ Bangkok ကို ညနက်မှ ရောက်မယ်…
✈️ မနက်အစောကြီး Flight ထွက်မယ်…
✈️ Transit အတွက် Airport နားမှာ တည်းချင်တယ်…

ဆိုရင် Siam Mandarina Hotel ကို စဉ်းစားကြည့်လို့ရပါတယ်။

📩 Hotel Booking အသေးစိတ်နဲ့ ရရှိနိုင်တဲ့ Room Options တွေကို Thailand Anywhere Messenger ကနေ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။

ဘန်ကောက်မှာ ပထမဆုံး Dinner Cruise စီးမယ်ဆိုရင် ဒါတွေကို သိထားရမယ်နော်🌃 ဘန်ကောက်ရောက်တုန်း ကျောက်ဖရားမြစ်ပေါ်မှာ သင်္ဘောက...
20/09/2026

ဘန်ကောက်မှာ ပထမဆုံး Dinner Cruise စီးမယ်ဆိုရင် ဒါတွေကို သိထားရမယ်နော်

🌃 ဘန်ကောက်ရောက်တုန်း ကျောက်ဖရားမြစ်ပေါ်မှာ သင်္ဘောကြီးစီးရင်း Buffet Dinner စားမယ် ဆိုတာက အမှတ်တရဖြစ်စရာ Experience တစ်ခုပါ။

🚢 ဒါပေမယ့် ပထမဆုံးစီးမယ့်သူဆိုရင်
🚢 ဘယ် Cruise ရွေးရမလဲ?
🚢 Sunset လား Dinner လား?
🚢 ဘယ် Pier ကနေ တက်ရမလဲ?
🚢 ဘယ်နေရာမှာထိုင်ရင် View ကောင်းမလဲ?

ဆိုတာတွေ ကြိုသိထားရင် ခရီးစဉ်က ပိုပြီး အဆင်ပြေသွားမှာပါ။

ဒါကြောင့် Thailand Anywhere ကနေ First-Time Dinner Cruise Experience အတွက် သိထားသင့်တာလေးတွေကို ပြောပြပေးလိုက်ပါတယ်။

1️⃣ Cruise ကို အရင်ဆုံး ကိုယ့် Mood နဲ့ ကိုက်အောင်ရွေးပါ

Dinner Cruise ဆိုတိုင်း Experience က တူတူမဟုတ်ပါဘူး။

တချို့ Cruise တွေမှာ International Buffet ကို အဓိကထားပြီး တချို့မှာတော့ Live Music၊ Cabaret Show၊ Thai Traditional Dance စတာတွေ ပါဝင်နိုင်ပါတယ်။

ဒါကြောင့်...

👨‍👩‍👧‍👦 Family Trip လား
❤️ Couple Date လား
🎉 သူငယ်ချင်းတွေနဲ့ Party Mood လား
🍽️ အစားအသောက်ကို အဓိကထားချင်တာလား

ကိုယ်လိုချင်တဲ့ Experience ကို အရင်ဆုံး သတ်မှတ်ပြီးမှ Cruise ရွေးတာ ပိုကောင်းပါတယ်။

2️⃣ Sunset Cruise လား? Dinner Cruise လား?

🌅 Sunset Cruise ဆိုရင် နေဝင်ချိန်ရဲ့ အရောင်အသွေးလေးတွေ၊ မြစ်ပြင်ပေါ်က လေအေးလေးတွေကို ခံစားရင်း အေးအေးဆေးဆေး စီးလို့ရပါတယ်။ (ဈေးလည်းပိုသက်သာတတ်ပါတယ်)

🌃 Dinner Cruise ဆိုရင်တော့ Bangkok ရဲ့ ညမီးရောင်တွေ၊ Chao Phraya မြစ်ကမ်းဘေးက အထင်ကရနေရာတွေကို ညအလှနဲ့ ခံစားနိုင်တာကြောင့် ညပိုင်း Experience ကို ကြိုက်တဲ့သူတွေအတွက် သင့်တော်ပါတယ်။

📸 ညဘက် Bangkok ရဲ့ ဓာတ်ပုံလှလှတွေ ရိုက်ချင်တယ်ဆိုရင် Dinner Cruise ကို စဉ်းစားကြည့်ပါ။

3️⃣ Cruise တက်မယ့် Pier ကို မမှားစေနဲ့နော်

ဒီအချက်က First-Time Cruise သမားတွေအတွက် အရေးကြီးဆုံးထဲက တစ်ခုပါ။ Cruise တိုင်းက Pier တစ်ခုတည်းကနေ ထွက်တာမဟုတ်ပါဘူး။

🚢 ICONSIAM
🚢 Asiatique
🚢 Terminal 21 Rama 3
🚢 River City

စတဲ့ Pier တွေကနေ Cruise မျိုးစုံ ထွက်ခွာနိုင်တာကြောင့် ကိုယ်တည်းမယ့် Hotel နဲ့ ဘယ် Pier က အဆင်ပြေမလဲဆိုတာ ကြိုစဉ်းစားထားသင့်ပါတယ်။

4️⃣ ဓာတ်ပုံကောင်းကောင်းရိုက်ချင်ရင် ဒီအချက်လေးတွေ သိထားပါ

📸 Dinner Cruise ရောက်မှ “ဘယ်နေရာမှာ ဓာတ်ပုံရိုက်ရင်ကောင်းမလဲ?” ဆိုပြီး မစဉ်းစားရအောင် ကြိုပြင်ထားပါ။

👗 Dress Code - ညစာစားပွဲနဲ့ မြို့ပြညရှုခင်းနောက်ခံမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် သပ်သပ်ရပ်ရပ်လေး ဝတ်သွားရင် ပိုလှပါတယ်။

🌃 Open Deck - သင်္ဘောအပေါ်ထပ် Open Deck ကနေ Wat Arun၊ Grand Palace၊ Rama VIII Bridge စတဲ့ မြင်ကွင်းတွေကို ခံစားနိုင်ပါတယ်။

🎂 Birthday / Special Occasion - မွေးနေ့လို အထူးနေ့မှာ သွားမယ်ဆိုရင် Cruise တချို့မှာ ကြိုတင် Booking ပြုလုပ်ထားခြင်းနဲ့ အထူးအစီအစဉ်တွေ ရရှိနိုင်တာကြောင့် Booking မလုပ်ခင် မေးမြန်းထားပါ။

5️⃣ “ဘယ် Cruise ကို ရွေးရမလဲ?” မသိရင်…

ဒါကတော့ ပထမဆုံးစီးမယ့်သူတွေအတွက် အလွယ်ဆုံးနည်းပါ။ ❤️

ကိုယ်တိုင် Cruise ပေါင်းများစွာကို လိုက်ကြည့်ပြီး
❌ Price နှိုင်းယှဉ်
❌ Pier ရှာ
❌ Departure Time စစ်
❌ Buffet Menu ကြည့်

နေရမယ့်အစား…

Thailand Anywhere ကို ကိုယ်လိုချင်တဲ့ Budget နဲ့ Experience ကို ပြောလိုက်ရုံပါပဲ။

🚢 Cruise ရွေးချယ်စရာ ၂၀ ကျော် ရှိပြီး ကိုယ်နဲ့အဆင်ပြေမယ့် Cruise ကို တိုင်ပင်ရွေးချယ်ပြီး ကြိုတင် Booking တင်နိုင်ပါတယ်။

📩 Thailand Anywhere Messenger ကနေ “Dinner Cruise စီးချင်တယ်” လို့သာ ပြောလိုက်ပါ။

ကိုယ်သွားမယ့်ရက်၊ လူဦးရေနဲ့ Budget အလိုက် ရွေးချယ်စရာတွေကို တိုင်ပင်နိုင်ပါတယ်။ ❤️

ဘန်ကောက်မှာပဲ နေပြီး ခရီးမထွက်ဖြစ်သေးဘူးလား?🚐 အချိန်အများကြီးမယူဘဲ ဘန်ကောက်ကနေ ၁ ညအိပ် ၂ ရက် လောက်နဲ့ ထွက်လည်လို့ရတဲ့ နေ...
20/09/2026

ဘန်ကောက်မှာပဲ နေပြီး ခရီးမထွက်ဖြစ်သေးဘူးလား?

🚐 အချိန်အများကြီးမယူဘဲ ဘန်ကောက်ကနေ ၁ ညအိပ် ၂ ရက် လောက်နဲ့ ထွက်လည်လို့ရတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်။

🚐 ပိတ်ရက်လေး ရတာနဲ့ အလုပ်တွေ၊ မြို့ပြဘဝတွေကနေ ခဏအနားယူပြီး သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် အမှတ်တရခရီးလေး ထွက်လိုက်ပါ။

ဒါပေမယ့် ကိုယ်တိုင်ခရီးထွက်မယ်ဆိုရင်တော့

🚐 ကားဘယ်လိုစီစဉ်မလဲ၊
🏨 Hotel ဘယ်မှာတည်းမလဲ၊
🎟️ Attraction Ticket တွေဘယ်လိုဝယ်မလဲ၊
🗺️ ဘယ်နေရာတွေကို အစဉ်လိုက်သွားမလဲဆိုတာတွေ အတွက်

Thailand Anywhere ကနေ ဘန်ကောက်ကနေ ထွက်မယ့် ၁ ညအိပ် ၂ ရက် Short Trip တွေကို အစအဆုံး စီစဉ်ပေးနေပါပြီ။

🌊 ပင်လယ်နဲ့ အပန်းဖြေချင်ရင် Pattaya

ကမ်းခြေမှာ ပျော်ရင်းပါးရင်း ကိုယ်ကြိုက်တဲ့ Attraction တွေ၊ Island Trip တွေ၊ Café နဲ့ Restaurant တွေကိုလည်း ခရီးစဉ်ထဲ စိတ်ကြိုက်ထည့်သွင်းပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပျော်စရာ ၂ ရက်တာကို ဖန်တီးနိုင်ပါတယ်။

🌴 အေးအေးဆေးဆေး Relax လုပ်ချင်ရင် Hua Hin

ပင်လယ်ကမ်းခြေမှာ အေးဆေးအနားယူရင်း Café လေးတွေဝင်၊ Seafood စား၊ ညဘက် Night Market လေးလည်ပြီး မြို့ပြအလုပ်ရှုပ်မှုတွေကနေ ခဏလောက် အနားယူချင်သူတွေအတွက် Hua Hin က လိုက်ဖက်ပါတယ်။

🌿 သဘာဝနဲ့ သမိုင်းကို တစ်ခရီးတည်းမှာ ခံစားချင်ရင် Kanchanaburi

ရေတံခွန်တွေ၊ သဘာဝရှုခင်းတွေ၊ သမိုင်းဝင်နေရာတွေနဲ့ အမှတ်တရဓာတ်ပုံရိုက်စရာနေရာတွေကို လည်ပတ်ရင်း မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အမှတ်တရ ၂ ရက်တာ ခရီးလေး ဖန်တီးနိုင်ပါတယ်။

🏔️ အလှအပတွေနဲ့ သာယာမှုကို ခံစားချင်ရင် Khao Yai

မြို့ပြရဲ့ အရှုပ်အရှင်းတွေကနေ ခဏထွက်ပြီး သဘာဝတောင်တန်းတွေ၊ ပန်းခင်းတွေနဲ့ လှပတဲ့ Café တွေကြားမှာ အေးအေးဆေးဆေး အချိန်ဖြုန်းမယ်။ Couple Trip ဖြစ်ဖြစ်၊ Family Trip ဖြစ်ဖြစ် ဓာတ်ပုံလှလှတွေနဲ့ အမှတ်တရတွေ ဖန်တီးနိုင်ပါတယ်။

💛 Thailand Anywhere က ခရီးစဉ်ကို လူဦးရေ၊ ထွက်ခွာမယ့်ရက်၊ သွားချင်တဲ့နေရာနဲ့ Budget အလိုက် တိုင်ပင်ပြီး စီစဉ်ပေးနိုင်ပါတယ်။

🏨 Hotel
🚐 Private Car
🎟️ Attraction Tickets
🗺️ Trip Route
👨‍💼 Travel Coordinator
📱 ခရီးစဉ်အတွင်း လိုအပ်တဲ့အကူအညီများ

ကို ခရီးစဉ်အလိုက် စီစဉ်ပေးထားတာကြောင့် ကိုယ်ကတော့ ခရီးမှာ ပျော်ဖို့ပဲ စဉ်းစားပါ။

📩 Pattaya / Hua Hin / Kanchanaburi / Khao Yai ထဲက ကိုယ်သွားချင်တဲ့ Destination ကို Thailand Anywhere Messenger မှာ ပြောလိုက်ရုံနဲ့ ခရီးစဉ်အသေးစိတ် တိုင်ပင်နိုင်ပါတယ်။

တိုကျိုအမျိုးသားပြတိုက်မှာ ထိုင်းရိုးရာဝတ်စုံ “Chud Thai” ကို အထူးပြသ👗 ထိုင်းရိုးရာယဉ်ကျေးမှုနဲ့ လက်မှုပညာအမွေအနှစ်တွေကိ...
20/09/2026

တိုကျိုအမျိုးသားပြတိုက်မှာ ထိုင်းရိုးရာဝတ်စုံ “Chud Thai” ကို အထူးပြသ

👗 ထိုင်းရိုးရာယဉ်ကျေးမှုနဲ့ လက်မှုပညာအမွေအနှစ်တွေကို နိုင်ငံတကာက ပိုမိုသိရှိလာစေဖို့ Chud Thai (ထိုင်းရိုးရာဝတ်စုံ) ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Tokyo National Museum မှာ ပြသခဲ့ပါတယ်။

👗 အဆိုပါပြပွဲကို စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်မှာ Tokyo National Museum ရဲ့ Hyokeikan Building မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

👗 ပြပွဲမှာ “Royal Thai Dress” လို့ လူသိများတဲ့ ထိုင်းရိုးရာဝတ်စုံပုံစံ 8 မျိုး ကို Tirapan နဲ့ Pha Fashion House တို့က ဖန်တီးချုပ်လုပ်ပြီး ပြသခဲ့ပါတယ်။

👗 ဝတ်စုံတွေကိုသာ ပြသတာမဟုတ်ဘဲ ထိုင်းရိုးရာလက်မှုပညာတွေရဲ့ လက်ရာနဲ့ ဖန်တီးပုံတွေကိုလည်း လေ့လာနိုင်အောင် ပြသခဲ့ပါတယ်။

💎 ရှေးဟောင်းလက်ဝတ်ရတနာ ပြုလုပ်ခြင်း
🧵 ရွှေချည်ထိုးခြင်း
✨ Embroidery လက်ရာများ
🥇 ရွှေနဲ့ ငွေထည်ပညာ
🪡 ရိုးရာရွှေပြားအသုံးပြု အထည်အလိပ်နည်းပညာ
🌸 အလှူမင်္ဂလာပုံစံ Silk ယက်လုပ်ခြင်း

စတဲ့ လက်မှုပညာတွေကိုလည်း သရုပ်ပြခဲ့ပါတယ်။

Source: Khaosod English

5-Star Hotel ဆိုတာ ဘယ်လိုလဲ သိချင်ရင် ဒီ Hotel မှာ တည်းဘန်ကောက်မှာ Hotel ရွေးတဲ့အခါ“အခန်းကောင်းရင်ပြီးပြီ” လို့ထင်တတ်ကြပ...
20/09/2026

5-Star Hotel ဆိုတာ ဘယ်လိုလဲ သိချင်ရင် ဒီ Hotel မှာ တည်း

ဘန်ကောက်မှာ Hotel ရွေးတဲ့အခါ
“အခန်းကောင်းရင်ပြီးပြီ” လို့ထင်တတ်ကြပေမယ့်…

တကယ်တမ်း Luxury Stay တစ်ခုဆိုတာ
✨ အခန်းအပြင်အဆင်
✨ Facilities
✨ Service
✨ Location
✨ တည်းခိုရတဲ့ Experience

အားလုံးပေါင်းစပ်ထားတာပါ။

အဲ့ဒီအရာတွေကို တစ်နေရာတည်းမှာ ခံစားချင်ရင် AVANI Ratchada Bangkok ကို စဉ်းစားကြည့်လို့ရပါတယ်။ 🇹🇭

🚪 Hotel ထဲဝင်ဝင်ချင်းကတည်းက…

Lobby ရဲ့ ခေတ်မီပြီး သပ်ရပ်တဲ့ Design နဲ့ အေးချမ်းတဲ့ Atmosphere က Hotel တစ်ခုထဲရောက်လာတာထက် Luxury Space တစ်ခုထဲ ဝင်လာရသလို ခံစားရစေပါတယ်။

🛏️ အခန်းထဲရောက်ပြီဆိုရင်တော့…

သက်တောင့်သက်သာဖြစ်စေတဲ့ Bed၊ အဆင့်အတန်းမြင့်တဲ့ Room Design နဲ့ အနားယူဖို့ သီးသန့်ဖန်တီးထားတဲ့ Space တွေကြောင့်—

“ဒီနေ့တော့ အပြင်မထွက်တော့ဘူး…” ဆိုတဲ့အတွေးတောင် ဝင်လာနိုင်ပါတယ်။ 😂

✨ တကယ်သဘောကျစရာက Service ပါ

Luxury Hotel ဆိုတာ Facilities တွေများရုံနဲ့ မလုံလောက်ပါဘူး။

Check-in ကနေ Check-out အထိ ဧည့်သည်တစ်ယောက်ချင်းစီကို ဂရုစိုက်ပေးတဲ့ Service Experience ကလည်း အရေးကြီးပါတယ်။

🏊‍♂️ အနားယူချင်ရင်လည်း ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။

🏊 Swimming Pool
💪 Fitness Centre
♨️ Onsen
🧖 Sauna
💆 Spa

နေ့ခင်းဘက် Bangkok မြို့ထဲလည်ပြီး ညနေ Hotel ပြန်ရောက်တဲ့အခါ အေးအေးဆေးဆေး Relax လုပ်နိုင်ပါတယ်။

📍 Location ကလည်း တကယ်အဆင်ပြေပါတယ်

🚇 MRT Phra Ram 9
🛍️ Central Rama 9
🏬 Fortune Town
🌃 JODD FAIRS Night Market

တို့ကို လွယ်လွယ်ကူကူ သွားလာနိုင်တာကြောင့် Luxury Stay + Bangkok City Life နှစ်မျိုးလုံးကို တစ်ခါတည်း ခံစားနိုင်ပါတယ်။

💯 အခန်းကောင်းတယ်ဆိုတာထက်
📍 Location ကောင်းတယ်
🏊 Facilities ပြည့်စုံတယ်
🙂 Service ကောင်းတယ်
🛏️ Stay Experience ကောင်းတယ်

ဆိုတဲ့အချက်တွေ အားလုံးပေါင်းစပ်လာတဲ့အခါ 5-Star Stay ရဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင်ခံစားမိလာမှာပါ။

❤️ ဒီလို Hotel မျိုးကို Booking တင်တဲ့အခါ Thailand Anywhere နဲ့ စီစဉ်နိုင်ပါတယ်။

Thailand Anywhere ကို Customer တွေ ယုံကြည်ပြီး Booking လုပ်လာကြတဲ့ အကြောင်းရင်းတွေကတော့—

🇹🇭 ၅ နှစ်ကျော် အတွေ့အကြုံ
Thailand ခရီးသွားဝန်ဆောင်မှုတွေကို ဆက်လက်ဝန်ဆောင်မှုပေးနေပါတယ်။

👥 Customer ထောင်ပေါင်းများစွာရဲ့ ယုံကြည်မှု
ခရီးသွားသူတွေအတွက် Hotel၊ Attraction၊ Tour နဲ့ Travel Services တွေကို စီစဉ်ပေးနေပါတယ်။

📱 Booking မတိုင်ခင်ကနေ ခရီးပြီးတဲ့အထိ ကူညီပေးခြင်း
Phone၊ Messenger၊ Viber၊ Website နဲ့ Office တွေကနေ ဆက်သွယ် Booking လုပ်နိုင်သလို ခရီးစဉ်အတွင်း လိုအပ်တာတွေကိုလည်း တတ်နိုင်သမျှ ကူညီပေးပါတယ်။

🇲🇲🇹🇭 Myanmar & Thailand နှစ်နိုင်ငံလုံးမှာ လုပ်ငန်းဆောင်ရွက်နေခြင်း
Myanmar နဲ့ Thailand နှစ်နိုင်ငံလုံးမှာ Customer တွေအတွက် ဆက်သွယ်အကူအညီရယူနိုင်တဲ့ Office တွေရှိပါတယ်။

🤝 Customer ကို အဆုံးအထိ ကူညီပေးခြင်း
Booking တင်ပြီးသွားတာနဲ့ မပြီးသေးဘဲ ခရီးစဉ်တစ်လျှောက် လိုအပ်တဲ့အကူအညီတွေကို တတ်နိုင်သမျှ ဆက်လက်ပေးအပ်ပါတယ်။

✨ Bangkok မှာ Hotel ကောင်းကောင်းတည်းပြီး ခရီးစဉ်ကို စိတ်အေးလက်အေး ခံစားချင်တယ်ဆိုရင် Thailand Anywhere နဲ့ စီစဉ်လိုက်ပါ။

📩 Hotel Booking | 🎟️ Attraction Tickets | 🚐 Private Van | 🗺️ Tour Package | ✈️ Airport Transfer

ဘန်ကောက် အတွက် Attraction Ticket တွေကို ကြိုတင် Booking ထားရင် ဈေးမကြီးတော့ဘူးနော်ဘန်ကောက်ကို ရောက်ပြီဆိုမှ🎢 ဘယ်ကစားကွင်...
19/09/2026

ဘန်ကောက် အတွက် Attraction Ticket တွေကို ကြိုတင် Booking ထားရင် ဈေးမကြီးတော့ဘူးနော်

ဘန်ကောက်ကို ရောက်ပြီဆိုမှ
🎢 ဘယ်ကစားကွင်းသွားမလဲ?
🐘 ဘယ် Attraction သွားမလဲ?
🚢 ဘယ် Dinner Cruise စီးမလဲ?

ဆိုပြီး တစ်နေရာပြီးတစ်နေရာ လက်မှတ်လိုက်ရှာနေရတာက အချိန်ကုန်ပါတယ်။

အထူးသဖြင့် Walk-in Price နဲ့ ဝယ်မယ်ဆိုရင် ဈေးနှုန်းကွာခြားနိုင်တာကြောင့် ခရီးမထွက်ခင်ကတည်းက Ticket တွေကို ကြိုတင်စီစဉ်ထားတာ ပိုအဆင်ပြေပါတယ်။ ✨

ဒါကြောင့် Thailand Anywhere ကနေ ဘန်ကောက်မြို့ရဲ့ နာမည်ကြီး Attraction၊ Theme Park၊ Show နဲ့ Dinner Cruise လက်မှတ်တွေကို ကြိုတင် Booking တင်နိုင်ပါတယ်။ 🎟️

🚢 ညဘက် ဘန်ကောက်ကို ဘယ်လိုခံစားမလဲ?

Chao Phraya Dinner Cruise တွေကတော့ ရွေးချယ်စရာအများကြီးရှိပါတယ်။

ICONSIAM၊ Asiatique စတဲ့ Pier တွေကနေ ထွက်ခွာတဲ့ Cruise တွေထဲက ကိုယ်ကြိုက်တဲ့—

🌅 Sunset Cruise
🌃 Dinner Cruise
🍽️ Buffet Dinner
🎶 Live Music

စတဲ့ Experience တွေကို ရွေးချယ်ပြီး Booking တင်နိုင်ပါတယ်။

🦁 Safari World Bangkok

တစ်နေ့လုံး အပျော်မကုန်နိုင်တဲ့ Safari World မှာ—

🦒 Safari Park
🐬 Marine Park
🎭 Animal Shows

တွေကို တစ်နေရာတည်းမှာ ခံစားနိုင်ပါတယ်။

ကလေးတွေနဲ့ မိသားစုလိုက် ဘန်ကောက်လာတဲ့သူတွေအတွက် မဖြစ်မနေ စဉ်းစားသင့်တဲ့ Attraction တစ်ခုပါ။ 👨‍👩‍👧‍👦

🎡 Dream World Bangkok

ကလေးတွေကတော့ သွားပြီးရင် ပြန်မလာချင်လောက်အောင်… 😂

🎢 Fun Rides
❄️ Snow Town
🎠 Family Attractions

တွေရှိတဲ့ Dream World မှာ မိသားစုနဲ့အတူ တစ်နေ့တာလုံး ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ပါတယ်။

🌊 Siam Amazing Park

“ဘန်ကောက်အပူကို ရေထဲဆင်းပြီး ဖြေရှင်းမယ်” ဆိုတဲ့သူတွေအတွက် 🌊

🏊 Wave Pool
🎢 Thrilling Rides
💦 Water Attractions

တွေရှိတဲ့ Siam Amazing Park က အပန်းဖြေဖို့ကောင်းတဲ့ ရေကစားကွင်းကြီးတစ်ခုပါ။

🐠 SEA LIFE Bangkok + Madame Tussauds

Siam Paragon ဘက်သွားမယ်ဆိုရင် တစ်ခါတည်း စဉ်းစားလို့ရတဲ့ Attraction နှစ်ခုပါ။

🐠 SEA LIFE Bangkok မှာ ပင်လယ်အောက်ကမ္ဘာကို လေ့လာမယ်။

🕯️ Madame Tussauds မှာတော့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ Wax Figures တွေနဲ့ ဓာတ်ပုံရိုက်မယ်။

📸 Shopping + Attraction ကို တစ်နေ့တည်းတွဲလုပ်ချင်သူတွေအတွက် အဆင်ပြေပါတယ်။

🏙️ Mahanakhon SkyWalk

ဘန်ကောက်ကို အပေါ်စီးကနေ ကြည့်ချင်ရင် ဒီနေရာကို မမေ့နဲ့နော်။

🌆 360° City View
🌅 Sunset View
🌃 Bangkok Night View

တွေကို ခံစားနိုင်ပြီး Glass Floor ပေါ်ကနေ ဓာတ်ပုံရိုက်ရတဲ့ Experience ကလည်း အမှတ်တရဖြစ်စေမှာပါ။ 📸

🏛️ Ancient City + Erawan Museum

ထိုင်းနိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားရင်—

🏛️ Ancient City
🐘 Erawan Museum

တို့ကို သွားကြည့်နိုင်ပါတယ်။

ရှေးဟောင်းအဆောက်အအုံပုံစံတွေနဲ့ ထိုင်းယဉ်ကျေးမှုလက်ရာတွေကို လေ့လာရင်း ဓာတ်ပုံလှလှတွေလည်း ရိုက်နိုင်ပါတယ်။

⛵ Damnoen Saduak Floating Market

ထိုင်းရောက်မှ Floating Market Experience မလုပ်ရသေးဘူးဆိုရင် ဒီနေရာလေးကိုလည်း စဉ်းစားလို့ရပါတယ်။

🛶 လှေစီးမယ်
🍜 Local Food စားမယ်
🛍️ Souvenir ဝယ်မယ်
📸 ဓာတ်ပုံရိုက်မယ်

ဆိုတော့ ထိုင်းနိုင်ငံရဲ့ Local Experience တစ်မျိုးကို ခံစားနိုင်ပါတယ်။

💃 Calypso Cabaret Show

ညဘက် Asiatique ကို လည်မယ်ဆိုရင် Calypso Cabaret Show ကိုလည်း ထည့်သွင်းစဉ်းစားလို့ရပါတယ်။

✨ Stage Performance
💃 Dance
🎭 Colourful Shows

တွေနဲ့ ညဘက်အပန်းဖြေဖို့ အတွေ့အကြုံတစ်မျိုးရစေမှာပါ။

🍽️ Baiyoke Sky Hotel Buffet

“ညစာစားရင်း Bangkok Night View ကိုပါ ကြည့်ချင်တယ်” ဆိုရင်တော့—

🏙️ City View
🍽️ International Buffet
🌃 Night Scenery

တွေကို တစ်နေရာတည်းမှာ ခံစားနိုင်တဲ့ Baiyoke Sky Buffet ကို ရွေးချယ်နိုင်ပါတယ်။

🎟️ Attraction Ticket တွေကို တစ်ခုချင်းလိုက်ရှာပြီး စိတ်ရှုပ်မခံချင်ရင် Thailand Anywhere မှာ မေးမြန်းလိုက်ပါ။

ဘန်ကောက်က Attraction တွေအပြင်
🚢 Dinner Cruise
🎢 Theme Park
🐠 Aquarium
💃 Show
🏛️ Cultural Attractions

စတဲ့ Ticket တွေကိုလည်း ခရီးစဉ်နဲ့ Budget အလိုက် ရွေးချယ်ပြီး Booking တင်နိုင်ပါတယ်။

📩 Thailand Anywhere Messenger ကနေ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။

LIFE Bangkok

၃ ညအိပ် ၄ ရက်တည်းနဲ့ ထိုင်းနိုင်ငံရဲ့ မြို့ပြ၊ သမိုင်းနဲ့ သဘာဝအလှတွေကို တစ်ခေါက်တည်း အပြည့်အဝ ခံစားမယ်ထိုင်းနိုင်ငံကို လ...
19/09/2026

၃ ညအိပ် ၄ ရက်တည်းနဲ့ ထိုင်းနိုင်ငံရဲ့ မြို့ပြ၊ သမိုင်းနဲ့ သဘာဝအလှတွေကို တစ်ခေါက်တည်း အပြည့်အဝ ခံစားမယ်

ထိုင်းနိုင်ငံကို လာလည်တဲ့အခါ
🌆 ခေတ်မီမြို့ပြအလှ
🏛️ ရှေးဟောင်းသမိုင်းအမွေအနှစ်
🌿 တောင်တန်းနဲ့ သဘာဝအလှ

ဒီသုံးမျိုးလုံးကို တစ်ခရီးတည်းနဲ့ ခံစားချင်တယ်ဆိုရင် ဒီ Bangkok – Ayutthaya – Khao Yai 3 Nights 4 Days Trip လေးက အဆင်ပြေပါတယ်။ 🥰

ကိုယ်တိုင်ခရီးစဉ်ဆွဲ၊ ကားရှာ၊ Hotel Booking တင်၊ Attraction Ticket တွေလိုက်ဝယ်နေရတဲ့အလုပ်တွေ မလုပ်ချင်ဘူးဆိုရင်တော့ Thailand Anywhere က အစအဆုံး စီစဉ်ပေးထားပါတယ်။

🗓️ Day 1 — Bangkok ရဲ့ မြို့ပြအလှနဲ့ Chao Phraya River ညအလှ 🌆🚢

✈️ ဘန်ကောက်လေဆိပ်ကနေ ကြိုဆိုပြီး ထိုင်းနိုင်ငံရဲ့ အထင်ကရ Wat Phra Kaew (မြဘုရား) နဲ့ Wat Arun (အရုဏ်ဦးဘုရား) တို့ကို သွားရောက်ဖူးမြော်ပါမယ်။

🛍️ နေ့လယ်ပိုင်းမှာ CentralWorld မှာ Shopping ထွက်ပြီး အပန်းဖြေမယ်။

🌃 ညနေပိုင်းမှာတော့ Royal Galaxy Dinner Cruise ပေါ်တက်ပြီး ကျောက်ဖရားမြစ်ထဲက ဘန်ကောက်ညရှုခင်းတွေကို ကြည့်ရင်း—

🍽️ Buffet Dinner
🎶 တေးဂီတ
🌆 မြို့ပြညအလှ

တွေကို တစ်ချိန်တည်း ခံစားရင်း ပထမနေ့ကို အဆုံးသတ်ပါမယ်။

🗓️ Day 2 — အယုဒ္ဓယရဲ့ ရှေးဟောင်းအလှ 🏛️

မနက်ပိုင်းမှာ Ayutthaya ရှေးဟောင်းမြို့တော်ဘက်ကို ထွက်ခွာပါမယ်။

🏛️ Wat Mahathat
🙏 Wat Yai Chai Mongkhon
🛕 Wat Phra Si Sanphet

တို့လို သမိုင်းဝင်ဘုရားတွေကို လည်ပတ်ရင်း ရှေးဟောင်းထိုင်းနိုင်ငံရဲ့ အငွေ့အသက်တွေကို ခံစားနိုင်ပါတယ်။

🍜 နောက်တစ်ဆင့် Ayothaya Floating Market မှာ ဒေသထွက်အစားအစာတွေ စားသုံးရင်း အနားယူပါမယ်။

🌃 ညနေပိုင်း ဘန်ကောက်ပြန်ရောက်တဲ့အခါ Jodd Fairs Night Market မှာ ညစာစား၊ ဈေးဝယ်ပြီး နေ့တစ်နေ့ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်ပါတယ်။

🗓️ Day 3 — Dragon Cave ➡️ Khao Yai 🌿📸

🐉 မနက်ပိုင်းမှာ Wat Maneewong ရဲ့ လက်ရာမြောက်တဲ့ နဂါးဘုရားလှိုဏ်ဂူကို ဝင်ရောက်ဖူးမြော်ပါမယ်။

🚐 ပြီးရင်တော့ Khao Yai ဘက်ကို ဆက်လက်ထွက်ခွာပါမယ်။

🇮🇹 အီတလီကျေးလက်ရွာလေးလို ခံစားရစေမယ့် Primo Piazza မှာ ဓာတ်ပုံလှလှရိုက်မယ်။

🌸 ရောင်စုံပန်းခင်းကြီးတွေနဲ့ Hokkaido Flower Park မှာလည်း အေးချမ်းတဲ့ သဘာဝအလှတွေကို ခံစားရင်း အမှတ်တရဓာတ်ပုံတွေ ရိုက်နိုင်ပါတယ်။

🌿 ဒီနေ့ညတော့ Khao Yai မှာ အေးအေးဆေးဆေး ညအိပ်အနားယူပါမယ်။

🗓️ Day 4 — Safari World & Departure 🦁✈️

နောက်ဆုံးနေ့မှာတော့ Safari World ကို သွားရောက်လည်ပတ်ပါမယ်။

🦒 Safari Park ထဲမှာ တိရစ္ဆာန်လေးတွေကို အနီးကပ်တွေ့မြင်ရင်း လည်ပတ်မယ်။

🐬 Marine Park မှာလည်း စိတ်လှုပ်ရှားစရာ တိရစ္ဆာန်အလှပြပွဲတွေကို ကြည့်ရှုပါမယ်။

📸 အမှတ်တရတွေအပြည့်နဲ့ ခရီးစဉ်ပြီးဆုံးချိန်မှာ ဘန်ကောက်လေဆိပ်ကို အဆင်ပြေပြေ ပို့ဆောင်ပေးမှာပါ။

⭐ ဒီခရီးစဉ်ကို Thailand Anywhere နဲ့ သွားရင်…

ကိုယ်တိုင် တစ်ခုချင်းစီ လိုက်စီစဉ်စရာမလိုဘဲ—

🏨 Hotel
🚐 Private Car
🎟️ Attraction Tickets
🗺️ Trip Route
👨‍💼 Coordinator Support

တို့ကို ခရီးစဉ်အလိုက် စီစဉ်ပေးထားတာကြောင့် ခရီးမှာ ပျော်ဖို့ပဲ အာရုံစိုက်နိုင်ပါတယ်။ ❤️

👨‍✈️ အတွေ့အကြုံရှိတဲ့ ယာဉ်မောင်းနဲ့
🗣️ မြန်မာစကားပြော Coordinator တို့ကလည်း ခရီးစဉ်တစ်လျှောက် လိုအပ်တာတွေကို ကူညီပေးမှာဖြစ်လို့ မိသားစု၊ သူငယ်ချင်းအုပ်စုတွေနဲ့ သွားဖို့လည်း အဆင်ပြေပါတယ်။

✨ ၃ ညအိပ် ၄ ရက်တည်းနဲ့ Bangkok ရဲ့ မြို့ပြအလှ၊ Ayutthaya ရဲ့ သမိုင်းနဲ့ Khao Yai ရဲ့ သဘာဝအလှ — သုံးမျိုးလုံးကို တစ်ခရီးတည်းနဲ့ သိမ်းပိုက်လိုက်ပါ။

📩 ဒီ Bangkok – Ayutthaya – Khao Yai Trip အတွက် အသေးစိတ်သိချင်ရင် Thailand Anywhere Messenger ကနေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ထိုင်းအားကစားသမားများ ရွှေတံဆိပ် တစ်ခုရရင် ဘတ် 2 သန်း ဆုကြေး ရနိုင်မယ့် အခွင့်အရေးထိုင်းနိုင်ငံကိုယ်စားပြု အားကစားသမားတွ...
19/09/2026

ထိုင်းအားကစားသမားများ ရွှေတံဆိပ် တစ်ခုရရင် ဘတ် 2 သန်း ဆုကြေး ရနိုင်မယ့် အခွင့်အရေး

ထိုင်းနိုင်ငံကိုယ်စားပြု အားကစားသမားတွေအတွက် အားတက်စရာ သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Aichi–Nagoya 2026 Asian Games ပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိတဲ့ ထိုင်းအားကစားသမားတွေကို အထူးဆုကြေးငွေများ ပေးအပ်သွားမယ် လို့ သိရပါတယ်။

ပေးအပ်မယ့် နှုန်းထားတွေကတော့...

🥇 ရွှေတံဆိပ် 1 ခု အတွက် ဘတ် 2 သန်း
🥈 ငွေတံဆိပ် 1 ခု အတွက်ဘတ် 1 သန်း
🥉 ကြေးတံဆိပ် 1 ခု အတွက် ဘတ် 5 သိန်း ဆိုပြီး သတ်မှတ်ထားပါတယ်။

💰 ဒီဆုကြေးငွေတွေကိုတော့ ထိုင်းနိုင်ငံရဲ့ National Sports Development Fund (NSDF) ကနေ ထောက်ပံ့ပေးပြီး Sports Authority of Thailand (SAT) က စီမံပေးအပ်သွားမှာ ဖြစ်ပါတယ်။

🏆 နိုင်ငံ့ဂုဏ်ဆောင်ဖို့ ကြိုးစားယှဉ်ပြိုင်ကြမယ့် ထိုင်းအားကစားသမားတွေအတွက် ဆုတံဆိပ်တစ်ခုချင်းစီဟာ ကြိုးစားအားထုတ်မှုရဲ့ အသိအမှတ်ပြုမှုတစ်ခုဖြစ်သလို ဆုကြေးငွေကလည်း အားပေးမှုတစ်ခု ဖြစ်လာမှာပါ။

Source: Khaosod English

ဘန်ကောက်မှာ Hotel ရွေးရင်း Location မှားသွားရင် လည်ဖို့ပတ်ဖို့ အချိန်နဲ့ငွေ ပိုကုန်နိုင်တယ်နော်ဘန်ကောက်ကို လာလည်တဲ့အခါ H...
19/09/2026

ဘန်ကောက်မှာ Hotel ရွေးရင်း Location မှားသွားရင် လည်ဖို့ပတ်ဖို့ အချိန်နဲ့ငွေ ပိုကုန်နိုင်တယ်နော်

ဘန်ကောက်ကို လာလည်တဲ့အခါ Hotel က အခန်းလှတာတစ်ခုတည်းနဲ့ မပြီးသေးပါဘူး။

🚆 BTS / MRT နီးလား?
🍜 စားစရာလွယ်လား?
🛍️ Shopping ထွက်ရတာအဆင်ပြေလား?
🌃 ညဘက်လည်ဖို့နေရာရှိလား?

အဲ့ဒီလိုအပ်ချက်တွေနဲ့ဆို Silom Area က ရွေးချယ်စရာကောင်းတဲ့နေရာတစ်ခုပါ။

📍 BTS နဲ့ MRT နှစ်မျိုးလုံးအသုံးပြုလို့ရတယ်
📍 Café၊ Restaurant၊ Street Food စုံတယ်
📍 Shopping နဲ့ Nightlife ရှိတယ်
📍 Business Area ဖြစ်လို့ မြို့တွင်းသွားလာရလွယ်တယ်

🏨 ဒီလို ပြီးပြည့်စုံတဲ့ Silom Area မှာ တည်းလို့ကောင်းတဲ့ Hotel 7 ခု ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

1️⃣ Silom Serene Hotel

🌿 မြို့လယ်မှာရှိပေမယ့် လမ်းမကြီးရဲ့ ဆူညံမှုကနေ အနည်းငယ်ဝေးပြီး အေးအေးဆေးဆေးနားချင်သူတွေအတွက် သင့်တော်တဲ့ Boutique Hotel ပါ။

🏊 Outdoor Pool
🛁 Jacuzzi
💪 Fitness Center

မြို့ထဲလည်ပြီး Hotel ပြန်ရောက်တဲ့အခါ အနားယူဖို့ကောင်းပါတယ်။

2️⃣ Aspira Gems Center Silom

💎 Jewelry Trade Center နဲ့နီးပြီး Shopping၊ Restaurant နဲ့ Local Shop တွေကို လွယ်လွယ်ကူကူ သွားနိုင်ပါတယ်။

အခန်းတွေက ရိုးရှင်းတဲ့ Modern Style ဖြစ်ပြီး 👨‍👩‍👧‍👦 Family / Group ခရီးသွားသူတွေအတွက် Triple Room ရွေးချယ်စရာလည်းရှိပါတယ်။

3️⃣ iCheck inn Gems Center Silom

💸 Budget ကို ဦးစားပေးပြီး Silom ရဲ့ အချက်အချာနေရာမှာ တည်းချင်သူတွေအတွက် သင့်တော်တဲ့ Hotel ပါ။

🚆 BTS Surasak ကို လမ်းလျှောက်သွားနိုင်ပြီး
🍜 စားသောက်ဆိုင်တွေ၊ 🛍️ Shopping နေရာတွေနဲ့လည်း နီးပါတယ်။

ဈေးသင့်သင့်နဲ့ Location ကောင်းကောင်းလိုချင်သူတွေ စဉ်းစားသင့်တဲ့ရွေးချယ်မှုပါ။

4️⃣ Hotel Win Long

🌆 Silom၊ Suriwongse နဲ့ Charoenkrung ဘက်ကို သွားလာရလွယ်ပြီး BTS Saphan Taksin ကိုလည်း လမ်းလျှောက်သွားနိုင်ပါတယ်။

🛏️ Standard Room
🛏️ Junior Suite
🛏️ Executive Suite

အခန်းအမျိုးအစားစုံရှိသလို 🏊 Swimming Pool၊ Restaurant နဲ့ Spa ပါရှိတာကြောင့် Hotel ထဲမှာလည်း အနားယူနိုင်ပါတယ်။

5️⃣ Holiday Inn Bangkok Silom

⭐ 4-Star Hotel တစ်ခုဖြစ်ပြီး Silom Road ပေါ်မှာ တည်ရှိပါတယ်။

🚆 Surasak BTS Station ကို လမ်းလျှောက်သွားနိုင်တာကြောင့် မြို့တွင်းလည်ပတ်ဖို့ အဆင်ပြေပါတယ်။

🏊 Swimming Pool
💪 Fitness Center
🎾 Tennis Court
🍽️ Restaurant မျိုးစုံ

မိသားစုနဲ့တည်းမယ့်သူတွေအတွက်လည်း စဉ်းစားလို့ကောင်းတဲ့ Full-Service Hotel ပါ။

6️⃣ The Heritage Hotel Bangkok

🚆 BTS Chong Nonsi Station ကနေ တစ်မိနစ်ခန့်သာ လမ်းလျှောက်ရတာက ဒီ Hotel ရဲ့ အားသာချက်ပါ။

Silom နဲ့ Sathorn ကြားမှာရှိပြီး—

🏊 Rooftop Pool
💪 Fitness Center
💆 Spa
🍽️ Restaurant

တို့ပါရှိပါတယ်။

Modern Design နဲ့ Thai Culture အရသာကို ပေါင်းစပ်ထားတဲ့ Hotel ဖြစ်လို့ မြို့လယ်မှာ အေးအေးဆေးဆေးတည်းချင်သူတွေအတွက် သင့်တော်ပါတယ်။

7️⃣ Furama Silom Bangkok

🛏️ အခန်းကျယ်ကျယ်နဲ့ ရက်ရှည်တည်းချင်သူတွေအတွက် စဉ်းစားသင့်တဲ့ Hotel ပါ။

အချို့အခန်းတွေမှာ—

🍳 Kitchenette
🌿 Balcony
🌆 City View

တို့ပါရှိတာကြောင့် နေ့အနည်းငယ်ထက်ပိုပြီး တည်းချင်သူတွေအတွက် အဆင်ပြေပါတယ်။

🏊 Rooftop Pool
💪 Fitness Center
🧖 Sauna
🍽️ Restaurant

တွေပါရှိလို့ Hotel Experience ကိုပါ ခံစားနိုင်ပါတယ်။

🏨 Thailand Anywhere မှာတော့ Silom Area တင်မကဘဲ Bangkok တစ်မြို့လုံးက Hotel တွေကို...

💰 Budget အလိုက်
👨‍👩‍👧‍👦 လူဦးရေအလိုက်
📍 လိုချင်တဲ့ Location အလိုက်

တိုင်ပင်ပြီး Booking တင်နိုင်ပါတယ်။

✨ Hotel Booking အပြင် Attraction Tickets၊ Private Van၊ Airport Transfer နဲ့ Tour Package တွေကိုလည်း တစ်နေရာတည်းမှာ စီစဉ်နိုင်ပါတယ်။

Address

143/50 หมู่ အမှတ်-၃၉၊ အခန်း (၁၀၁-မြေညီ)၊ United Condo၊ အလံပြဘုရာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Yangon
11081

Alerts

Be the first to know and let us send you an email when Thailand Anywhere ထိုင်းနိုင်ငံ အတွင်း ကားအငှား နှင့် ခရီးသွား ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category