Myanma Nature Travels & Tours

Myanma Nature Travels & Tours "We Plan for Your Miles & Smiles"

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ...
22/04/2022

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??

အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။

၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။

ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေအုန်းမယ်၊ ကျန်းမာကြံ့ ခိုင်နေအုန်းမယ် လို့တွေးထားရင် ကျွန်တော်တို့ မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့ဗျာ။

၂) “နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လိ ု့ရတာ ပိုများပါတယ်။”

အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ္ပါယ်မရှိစွာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တခု၏ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ
လေ ျှာက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလေ ျှာက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……

မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းချပြီး တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့ ။

၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။

ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။
အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။

ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။

အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့ရတဲ့ ခံစားမှုမျိုးတွေပေါ့ဗျာ။

၄) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။

နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။

ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။

ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ “ကိုယ့်” ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။

၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။

တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။

လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။

တစ်မြို့ ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိုလုပ်လာရပါတယ်။

အသုံးအဖြုန်းတွေလည်းတတ်နိုင်သလောက်လေ ျှာ့လာရပါတယ်။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲဗျာ။

ခရီးသွားခြင်းလို့ပြောတဲ့အခါ အချို့တွေက အများသွားလေ့ရှိတဲ့ နာမည်ကြီး နေရာလေးတွေလောက်သာ ရွေးသွားပြီး ဓါတ်ပုံလေးတွေရိုက် အခြားသူများ အထင်ကြီးအားကျအောင် လုပ်ချင်တဲ့အချက်ကြောင့် ခရီးသွားတာကိုတော့ အပေါ်မှာ ထည့်မရေးထားတာကို သတိထားမိမှာပါ။ ထိုအချက်ကို မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပဲလေ။

ဒါပေမယ့် ခရီးသွားခြင်း အနုပညာက ထိုအကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Noted&Photo

Sunset ☀️☀️☀️Photo Crd
19/03/2022

Sunset ☀️☀️☀️

Photo Crd

Breaking News မတ်၂၃ရက်မှ စတင်၍ Passport လျှောက်မည့်သူများ Online Booking စနစ်ဖြင့် ကြိုတင် ရက်ချိန်းယူရမည်။ မြန်မာနိုင်င...
12/03/2022

Breaking News

မတ်၂၃ရက်မှ စတင်၍ Passport လျှောက်မည့်သူများ Online Booking စနစ်ဖြင့် ကြိုတင် ရက်ချိန်းယူရမည်။

မြန်မာနိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားလိုသူများအ​နေနှင့် 21.03.2022 မှ စတင်၍ Online Booking စနစ်ဖြင့်ရက်ချိန်းရယူပြီးမှသာ Passport လျှောက်ထားနိုင်တော့မည်ဖြစ်ပါသည်။

အသေးစိတ်များအား www.passport.gov.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Credit
#သွားမယ်&တည်းမယ်

ချစ်သောကမ္ဘာမြေPhoto Crd
07/03/2022

ချစ်သောကမ္ဘာမြေ

Photo Crd

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိလိမ့်မယ်။အမြဲ ပြန်ချင်နေတဲ့ မြို့ပေါ့ ... ... ...အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်...
03/03/2022

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိလိမ့်မယ်။

အမြဲ ပြန်ချင်နေတဲ့ မြို့ပေါ့ ... ... ...

အဲ့မြို့မှာတစ်စုံတစ်ယောက်ရှိလို့လည်းဖြစ်နိုင်သလို၊
ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့
မြို့တစ်ခုလည်းဖြစ်နိုင်တယ်။

နေဝင်ချိန်ချင်းအတူတူ အဲ့မြို့ရဲ့ နေဝင်ချိန်ကတော့
ပိုပြီး စိတ်အေးစရာကောင်းနေသလို ...

နေထွက်တာချင်းအတူတူ အဲ့မြို့ရဲ့ နေထွက်ချိန်က
ပိုပြီးခွန်အားဖြစ်စရာပါပဲ။

တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား
စိတ်သက်သာ ရပြီး အဲ့မြို့ရဲ့လမ်းတွေပေါ်မှာ
ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာက လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။

ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြို့မှာပဲ တွေ့ချင်တယ်။

အခြေချရတဲ့အခါလည်း အဲ့မြို့မှာပဲ ဖြစ်ချင်တယ်။

လူတစ်ယောက်ကိုလည်းလွမ်းရသလို
မြို့တစ်မြို့ကိုလည်း လွမ်းတတ်ပါတယ်။

စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို
အရာအားလုံးကနေပြေးထွက်ပြီး

အဲ့ မြို့ရဲ့ လေပြေတွေကိုရှူရှိက်ရင်း
အဲ့မြို့က ပန်းတွေကို ကြည့်ရတာက
လောကရဲ့အမောတွေပြေမှာအမှန်ပါပဲ။


စိတ်ကူးထားသမျှ အားလုံးဝေးကွာ😁😁😁Photo Crd &Tours
20/02/2022

စိတ်ကူးထားသမျှ အားလုံးဝေးကွာ
😁😁😁

Photo Crd
&Tours

စင်္ကာပူက ခွင့်ပြန်လာတဲ့သူတွေ၊ အခုမှသွားမယ့်သူတွေအတွက် လိုအပ်တဲ့ OWIC (Overseas Worker Identification Card) လျှောက်ချင်ရ...
01/02/2022

စင်္ကာပူက ခွင့်ပြန်လာတဲ့သူတွေ၊ အခုမှသွားမယ့်သူတွေအတွက် လိုအပ်တဲ့ OWIC (Overseas Worker Identification Card) လျှောက်ချင်ရင် ဆက်သွယ်လို့ရပါတယ်ရှင့်

ဆက်သွယ်ရန် 09254591153

လိုအပ်ချက်များ
- ဘွဲ့လတ်မှတ်၊ Certificate
- မှတ်ပုံတင်
- IPA Letter
- Employment Contract
- Passport
- Recommend Letter

လေယာဥ်လတ်မှတ်ဝယ်ဖို့အတွက် ဟို ဒီ ဖုန်းဆက်ပြီးစုံစမ်းနေတုန်းလားအဲလို Air Lines တွေကိုဖုန်းဆက်ပြီး အပင်ပန်းခံစရာမလိုတော့ပါ...
28/10/2021

လေယာဥ်လတ်မှတ်ဝယ်ဖို့အတွက် ဟို ဒီ ဖုန်းဆက်ပြီးစုံစမ်းနေတုန်းလား

အဲလို Air Lines တွေကိုဖုန်းဆက်ပြီး အပင်ပန်းခံစရာမလိုတော့ပါဘူး
လူကြီးမင်းက 09885333105 ကို ကြိုက်တဲ့အချိန်ဖုန်းဆက်ပြီး ဘယ်ကနေ ဘယ်သွားချင်တယ်ဆိုတာလေးပဲပြောလိုက်ပါ
ကျန်တာကို Myanma Nature Travels & Tours မှ စုံစမ်းပေးပြီး လူကြီးမင်းစီ E Ticket လေးလှမ်းပို့ပေးပါမယ် ဝန်ဆောင်ခက ၅၀၀၀ ကျပ်ပဲကျသင့်မှာမို့ စိတ်အေးလက်အေး E Ticket လေးကိုစောင့်နေရုံပါ
------------------------------------------
ပြည်တွင်း/ပြည်ပ လေယာဥ်လတ်မှတ်(e ticket) များအားလုံးအတွက် ဝန်ဆောင်ခ ၅၀၀၀ ကျပ်ဖြင့်သာ ၂၄ နာရီလုံး ဝန်ဆောင်မှုပေးနေပါပြီရှင်

ပြည်တွင်း/ပြည်ပ လေယာဥ်လတ်မှတ်များကို သတ်မှတ်ထားသည့်နှုန်းထားများအတိုင်းရောင်းချပေးပြီး ဝန်ဆောင်ခ ၅၀၀၀ ကျပ်သာကောက်ခံပါသည်

Mobile Banking များမှတဆင့် % ထပ်ဆောင်းပေးစရာမလိုဘဲ ဝယ်ယူနိုင်ပါသည်

အသေးစိတ်သိရှိလိုပါက Hotline : 09 885 333 105 (or) chatbox မှတဆင့် ၂၄ နာရီ မေးမြန်းစုံစမ်းနိုင်ပါသည်

ပြည်တွင်း/ပြည်ပ လေယာဥ်လတ်မှတ်(e ticket) များအားလုံးအတွက် ဝန်ဆောင်ခ ၅၀၀၀ ကျပ်ဖြင့်သာ ၂၄ နာရီလုံး ဝန်ဆောင်မှုပေးနေပါပြီရှင...
12/10/2021

ပြည်တွင်း/ပြည်ပ လေယာဥ်လတ်မှတ်(e ticket) များအားလုံးအတွက် ဝန်ဆောင်ခ ၅၀၀၀ ကျပ်ဖြင့်သာ ၂၄ နာရီလုံး ဝန်ဆောင်မှုပေးနေပါပြီရှင်

ပြည်တွင်း/ပြည်ပ လေယာဥ်လတ်မှတ်များကို သတ်မှတ်ထားသည့်နှုန်းထားများအတိုင်းရောင်းချပေးပြီး ဝန်ဆောင်ခ ၅၀၀၀ ကျပ်သာကောက်ခံပါသည်

Mobile Banking များမှတဆင့် % ထပ်ဆောင်းပေးစရာမလိုဘဲ ဝယ်ယူနိုင်ပါသည်

အသေးစိတ်သိရှိလိုပါက Hotline : 09 885 333 105 (or) chatbox မှတဆင့် ၂၄ နာရီ မေးမြန်းစုံစမ်းနိုင်ပါသည်

စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း နောင်ချို ဂုတ်ထိပ်တံတားရှုခင်းPhoto Crd
10/08/2021

စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း

နောင်ချို ဂုတ်ထိပ်တံတားရှုခင်း

Photo Crd

တောင်ကြီး အလွမ်းပြေPhoto Crd
08/08/2021

တောင်ကြီး အလွမ်းပြေ

Photo Crd

ဒါ ဘယ်နေရာလဲဆိုတာ သိကြလားရှင့် 💛💛💛photo credit
17/06/2021

ဒါ ဘယ်နေရာလဲဆိုတာ သိကြလားရှင့်

💛💛💛

photo credit

Address

Myittanyunt Qtr
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959885333105

Website

Alerts

Be the first to know and let us send you an email when Myanma Nature Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanma Nature Travels & Tours:

Share

Category