26/07/2016
မြန်မာနိုင်ငံပြင်ပ သို့ခရီးသွားမည့် မြန်မာတိုးရစ်စ်များ သတိပြုရန် အချက်အလက် (၁၁) ခု
11 Important Things You Should Know before Travelling abroad
=========================================================
စပယ်အောင် - Nature Dream Travel ရေးသားသည်။...
၁။ မိမိ ခရီးစဉ် ၀ယ်ယူမည့် ခရီးသွားကုမ္ပဏီတွင် Outbound လိုင်စင် (Inbound လိုင်စင် မဟုတ်) ရှိ၊မရှိ စုံစမ်းရန်..။ သက်တမ်း မလွန်စေရပါ။..........
၂။ မိမိ ခရီးစဉ် ၀ယ်ယူမည့် ခရီးသွားကုမ္ပဏီရုံးခန်းသို့ မရောက်ဖူးပဲနှင့် online မှသာ ၀ယ်ယူခြင်းများ သတိထားသင့်ပါသည်။ သွားရောက်လည်ပတ်ပါ။......
၃။မိမိတို့ ၀ယ်ယူထားသည့် ခရီးစဉ်အား တလုံး၊တပါဒ မကျန် သေချာစွာ ဖတ်၊မှတ်ရန်နှင့် မရှင်းလင်းသည်များကို ငွေ အကြေမချေမီ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီအား မေးမြန်းအတည်ပြုရန် လိုအပ်ပါသည်။ အဆင်မပြေသည်ရှိသော် အားနာပြီး ခရီးစဉ် မ၀ယ်ပါနှင့်။......
၎။ မတရားမှုများ ခံစားရပါက ဟိုတယ်/ခရီး သို့ တိုက်ရိုက်တိုင်ကြားနိုင်ပါကြောင်း ၀န်ကြီးဌာန website တွင် ကြေငြာထားပါသည်။ ဆက်သွယ်ရန် (cr- ဌာန website)
Ph: +95-67- 406458, 406061, 406466 +95-1-371286, 252859
Email: [email protected] www.myanmartourism.org
https://www.facebook.com/moht.mm/?fref=nf
(ခရီးသွား ကုမ္ပဏီ ၂ ထောင်ကျော်အား ၀န်ကြီးဌာန ကသာ တိုက်ရိုက် လိုင်စင်ခွင့်ပြု ထားပါသည်။ အသင်းအဖွဲ့များတွင် ကုမ္ပဏီ အားလုံး၏ စာရင်းအချက်အလက် မရှိပါ။ ၀န်ကြီးဌာန မှမေးမြန်းသည်များအား ဖိတ်ခေါ်ထားပါသည်။ complaint များပင် ဖိတ်ခေါ်ထားပါသည်။ ဒီမိုကရေစီ ခေတ်တွင် လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်။)...........
၅။ မိမိ ခရီးစဉ် ၀ယ်ယူမည့် ခရီးသွားကုမ္ပဏီသည် အမည်ပျက်စာရင်း ၀င်/မ၀င်
ကြိုတင် လေ့လာထားပါရန်။ (၀န်ကြီးဌာန သို့ တိုက်ရိုက် တောင်းခံနိုင်ပါသည်။ link ရှာမရ သဖြင့် တင်မပေးနိုင်ခြင်းအား ခွင့်လွှတ်ကြပါရန်။).......
၆။ မြန်မာတိုးရစ်စ်များ၏ ပြည်ပခရီးစဉ်များအတွက် အကာအကွယ် ပေးထားသည့် Outbound ဥပဒေ အား ကြိုတင် လေ့လာထားပါရန်။ (၀န်ကြီးဌာန သို့ တိုက်ရိုက် တောင်းခံနိုင်ပါသည်။ link ရှာမရ သဖြင့် တင်မပေးနိုင်ခြင်းအား ခွင့်လွှတ်ကြပါရန်။).......
၇။ မြန်မာတိုးရစ်စ်များ၏ နိုင်ငံတကာခရီးစဉ်များ လှည့်လည် ရာတွင် ဆောင်ရန်၊ရှောင်ရန် အချက်အလက်များ၊ ပြည်ပခရီး ပထမဆုံးသွားမည့် ခရီးသည်များအတွက် နိုင်ငံကြီးသားပီသစွာ ပြုမူပြောဆိုစိတ်ထား ရမည့်အချက်အလက်များ၊ အရေးပေါ် အကူအညီရယူရန် contact များ အား ကြိုတင် လေ့လာထားပါရန်။ (၀န်ကြီးဌာန သို့ တိုက်ရိုက် တောင်းခံနိုင်ပါသည်။ link ရှာမရ သဖြင့် တင်မပေးနိုင်ခြင်းအား ခွင့်လွှတ်ကြပါရန်။) (သက်ဆိုင်ရာ ခရီးသွား ကုမ္ပဏီများမှလဲ တောင်းခံနိုင်ပါသည။်).......
၈။ မြန်မာတိုးရစ်စ်သည် နိုင်ငံတကာ ခရီးလှည့်လည်စဉ် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အတည်ပြုထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ ကြေငြာချက်များ အား လေးစားစွာ လိုက်နာရန်..။ ထို့အတူ သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ၊ ကြေငြာချက်များ အားလည်း လေးစားစွာ လိုက်နာရန်......
၉။ မိမိတို့၏ ပတ်စပို့အား ကိုင်တွယ် ထိန်းသိမ်းရန် တာဝန်သည် မိမိတို့မှာသာ အပြည့်အ၀ တာဝန်ရှိပါသဖြင့်၊ သက်ဆိုင်ရာ.. ခရီးသွားကုမ္ပဏီအား လိုအပ်သည့် အချိန်အတိုင်းအတာအတွင်း၌သာ၊ လိုအပ်သည့် ဝန်ဆောင်မှု အတွက်သာ မိမိတို့ပတ်စပို့အား ခေတ္တပေးအပ်ထားသင့်ပါသည်။
…….
၁၀။ မိမိတို့၏ကျန်းမာရေး၊ ကြံ့ခိုင်မှုနှင့် ကိုက်ညီသော ခရီးစဉ်များကိုသာ ၀ယ်ယူလည်ပတ်သင့်ပါသည်။ ခရီးမထွက်မီ မိမိ၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး အကြံပြုချက် ရယူသင့်ပါသည်။
……
၁၁။ နိုင်ငံတကာတွင် အာမခံချက်ရှိသော ခရီးသွားအာမခံအား (မဖြစ်မနေ) ကြိုတင် ၀ယ်ယူ သင့်ပါသည်။
cr- photo internet
Creadit to sabai Aung post