26/01/2023
ဘုရားဖူး နှင့် ပလပ်ခေါင်းပြသာနာ
အိန္ဒိယနိုင်ငံသို့
ဗုဒ္ဓဂယာ ဘုရားဖူး သွားပြီဆို
အိမ်ကို ဆက်သွယ်ဖို့ဓါတ်ပုံရိုက်မှတ်တမ်းတင်ဖို့
Facebook , Viber ,အခြား App တွေ သုံးဖို့အတွက်
လူတိုင်းနီးပါး ဖုန်းပါကြမှာဘဲလေ
ဒီလိုတနေကုန် ဓါတ်ပုံရိုက် ၊ဖုန်းပြော ရင်း
Battery ကုန်သွားတဲ့ ဖုန်းကိုအားသွင်းတဲ့အခါ
အဲမှာစတွေ့တာပါဘဲ😳
Why ?????? လို့မေးစရာ ရှိလာပါပြီ.
Because!!!! အိန္ဒိယ နိုင်ငံမှာသုံးတဲ့ ပလပ်ပေါက်တွေဟာ အလုံးပေါက်တွေဖြစ်နေတာကြောင့်ပါ
ဒါကြောင့်ပုံမှာပြထားတဲ့ ပလပ်ခေါင်း အလုံးလေးတွေ၀ယ်သွားဖို့မမေ့နဲ့နော်
မိမိဖုန်းအားသွင်းကြိုးခေါင်းက အလုံးဆိုရင်တော့ ပြသာနာမရှိပါ.တချို့ဘုန်းတော်ကြီးကျောင်းမှာဆိုရင်တော့ ပလပ် အပြားရော အလုံးပါ
သွင်းလိုရတဲ့ ပလပ်တွေရှိပါတယ်
ပြီးတော့
ဘုန်းကြီးကျောင်းမှာတည်းတော့ တစ်ခန်း ကို ၄ ယောက် ၅ယောက် အိပ်ရတော့.ဖုန်းအားသွင်းတဲ့ ပလပ်ပေါက်က ၂ ခုလောက်သာရှိတာပါ ..ကိုယ်ဖုန်းအားသွင်းနေတဲ့အချိန်တခြားသူမစောင့်ရလေအောင် Extension ဘုတ်လေးထဲ့သွားရင် ပိုကောင်းတာ ပေါ့ ကိုယ့်ဖုန်းရော ၊ Power Bank နဲ့ တခြားသူဖုန်းတွေပါ တပြိုင်တည်းအားသွင်းနိုင်ပြီပေါ့..ကျေးဇူးတင်ပါတယ်ဗျာ🙏🙏🙏
crt.....