Precious Time Travels & Tours Co., Ltd.တန်ဖိုးရှိသောအချိန်

  • Home
  • Myanmar
  • Yangon
  • Precious Time Travels & Tours Co., Ltd.တန်ဖိုးရှိသောအချိန်

Precious Time Travels & Tours Co., Ltd.တန်ဖိုးရှိသောအချိန် Travels & Tours Co.,Ltd. License No : Kha - 3230
Issue date : 26.2.2016
(321)

Golden Precious Time Travels ကို 2024 ခရီးသွား နှစ်အတွင်း ဝန်းရံ အားပေးကြပါသော ဧည်သည်တော်ကြီးများအားလုံးကို အထူးကျေးဇူးတ...
03/01/2025

Golden Precious Time Travels ကို 2024 ခရီးသွား

နှစ်အတွင်း ဝန်းရံ အားပေးကြပါသော ဧည်

သည်တော်ကြီးများအားလုံးကို အထူးကျေးဇူးတင်ရှိပါ

တယ်ခင်ဗျာ 😊😊

သင်ဟာ VIP ပါ

Golden Precious Time Travel & Tours မိသားစု မှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ  🥰🥰🥰 # Happy  # # Travels  # # Ngwesaung Tri...
22/08/2024

Golden Precious Time Travel & Tours မိသားစု မှ

ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🥰🥰🥰

# Happy #
# Travels #
# Ngwesaung Trip #

🙏🪷ဝါဆိုလပြည့်🪷🙏နေ့၏ ထူးခြားချက်များ•••••••••••••••••••••••••••••မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-၁။ ဂေါတ...
20/07/2024

🙏🪷ဝါဆိုလပြည့်🪷🙏

နေ့၏ ထူးခြားချက်များ
•••••••••••••••••••••••••••••
မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမမြတ်စွာဘုရား၊ ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍
ထူးခြားခြင်း။ဟူ၍ဖြစ်ပါသည်။
ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့
နှင့် ထူးခြားချက်များ
***---*----*-*****************
⚛️သန္ဓေ တောထွက် ၊
ဓမ္မစက် ၊ တစ်ချက် ပြာဋိဟာ။
ဝါဆိုလပြည့်၊ ထူးခြားနေ့ ၊
အောက်မေ့ ဤလေးဖြာ။
#ဓမ္မစကြာတရားဟောကြားခြင်း
သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့၏
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့် သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက် မယ်တော်မာယာ၏ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။
ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေ၏
ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေ၏ ရာဟုလာ အမည်ရသော သားတော်တစ်ပါး မွေးဖွားလေ၏ ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကိုကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် ဆန္ဒအမတ်
ကဏ္ဍကမြင်းတို့ နှင့် ဥရုဝေလ တောသို့ ကိလေသာကုန်ခန်းပြီး ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန် တောထွက်တော်မူပါသည်။
မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်ခဲ့ပါသည်။ အတ္တကိလမထာ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း တရားထူးကိုမရရှိခဲ့ပေ။
အစွန်းလွတ်သော
မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။
ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ ခက်ခဲလွန်းနေ၏ လောကလူသားတို့၏ အသိဥာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ ထာဝစဉ်ပိတ်ဖုံးနေ၏
ပုထုဇဉ်တို့ အားဟောကြားရန် မတန်တဆ ခက်ခဲပင်ပန်းလိမ့်ည်ဟ်ုဆင်ခြင်နေစဉ်
သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန်ချက်အရ အဘယ်သူ့ကိုတရားဦး
ဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊၀ဂ္ဂ-အစု အဖွဲ့)တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူလေသည်။
အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။ ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။ ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။ ထို့နောက်၊ "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ် ခေါ်သံအစ
တည်း။
ပဉ္စဝဂ္ဂီတို့သည်သီလစင်ကြယ်ပြီးသူများ ဖြစ်ကြသည်။ ထို့ ပြင်၊ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထား
ပြည့်စုံေ နပြီးသူများ ဖြစ်ကြလေရာ မြတ်စွဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။ တရားနာယူကြရန်လည်း တစ်ဆက်တည်း တိုက်တွန်း၏။ သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန် ကာ နေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ် ကြောင်းထပ်မံသိစေပြန်၏။
ပြီးမှ "တရားဦး" ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြား တော်မူလေသည်။
#ဓမ္မစက်က ပ၀တ္တန ၏အဓိပ္ပါယ်မှာ-
တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊
လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။
(ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ၊ လည်စေခြင်း)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကိုညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏
အနှစ်ချုပ်တရားကို ဆိုထိုက်ပါသည်။
ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ အစွန်းနှစ်ခုကို ရှောင်ကြဉ်ရေး၊ မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ် ပါး လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး၊
သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန်၊
ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့၌ အရှင်ဝပ္ပ (၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊ (၃) ရက်နေ့၌ အရှင်မဟာနာမ်၊ (၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီးသောတာပန် တည်ကြလေကုန်၏။ ပဉ္စဝဂ္ဂီအားလုံးပင်
"ဧဟိဘိက္ခု" ရဟန်း အဖြစ်ရောက်ကြလေသည်။
ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို ဟောကြား တော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။ ထိုနေ့ကို လည်း"ရဟန္တာနေ့" ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။ ဝါဆိုလပြည့်နေ့ ကိုမူတရားဦးဓမ္မစကြ်ာ ဟော ကြားသောနေ့ ဖြစ်၍ "ဓမ္မစကြာနေ့" ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေ သည်။ ။
#ဝါဆိုလပြည့်နေ့မြတ် ထူးခြားချက်များ
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ဝါဆိုလပြည့်။(ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ဝါဆိုလပြည့်။(တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်။(စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။ (စနေနေ့) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်။
၆။ “ ဧဟိ ဘိက္ခု ” ဟူသော စကားကို စတင် ကြားရသောနေ့
၇။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ (၇ ဝါမြောက်တွင်)

🔸လယ်တီဆရာတော်ကြီး၏ ကဗျာများ
သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည် ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်၊
ချမ်းမြေ့ကြည်ဖြူ၊သန္ဓေယူသည်၊
နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

တောထွက်တော်မူသောနေ့
(တနင်္လာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြီးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုး၀ယ် လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်၊
ချမ်းမြေ့ရဂုံ၊တောရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖဝါးဖြန့်ချီ
သွား၍၊ ငါးပါး၀ဂ္ဂီစုံအညီိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊
နတ်ဗြမဟ္မာအား၊ဝါဆိုလပြည့်၊
စနေနေ့၀ယ်၊ကြွေ့ကြွေ့လျှံတက်၊
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်... တရားနတ်စည်ရွှမ်းတယ်ကို….။

မာဂမိ (သာစည်)မှကူးယူပူဇော်ခဲ့သည်။
နှောကြယ်တစ်ပွင့်ဆရာတော်
🙏🙏🙏🙏🙏

🙏ကဆုန်လပြည့်ဗုဒ္ဓနေ့ 🙏 ( ကဆုန်လပြည့်နေ့ နှင့် စပ် ၍ အချို့ဗုဒ္ဓဘာသာဝင်များ မသိသေးသော အချက်မှာ၊မကြာခင်ကျရောက်မည့်ခရစ်သက္က...
21/05/2024

🙏ကဆုန်လပြည့်ဗုဒ္ဓနေ့ 🙏

( ကဆုန်လပြည့်နေ့ နှင့် စပ် ၍ အချို့ဗုဒ္ဓဘာသာဝင်များ
မသိသေးသော အချက်မှာ၊မကြာခင်ကျရောက်မည့်
ခရစ်သက္ကရာဇ်၂၀၂၄ ခု၊ ကောဇာ ၁၃၈၆ ခု၊သာသနာ
တော်သက္ကရာဇ် ၂၅၆၇ ခု၊ ကဆုန်လပြည့်နေ့မှ လပြည့်
ကျော် တစ်ရက်နေ့သည်
သာသနာသက္ကရာဇ် ၂၅၆၈ ခုသို့ ကူးပြောင်းသော (သာ သနာနှစ်သစ်ကူး ဖြစ်ပေသည် )

*ကဆုန်လပြည့်နေ့ အ​​​ကြောင်းသိကောင်းစရာ*
" ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ "
ကဆုန်လပြည့်ရက်မြတ်များ

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်(သောကြာနေ့)(ဘီစီ ၆၂၃). .

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့) (ဘီစီ ၅၈၈). .

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့ (ဘီစီ ၅၈၇)...

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့) (ဘီစီ ၅၄၃). .

🙏 *ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာများ* 🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်..

ကဆုန်လပြည့်နေ့၏ထူးခြားချက်များမှာ...
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း)ဆိုသည်နှင့်အညီ သုံးလောက ထွဋ်ထား သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

*ဗျာဒိတ်ခံယူသောနေ့၊

*ဖွားမြင်တော်မူသောနေ့၊

*ဘုရားဖြစ်တော်မူသောနေ့၊

*ပရိနိဗ္ဗာန်စံတော်မူသောနေ့။

ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုင်နေပါသည်..
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့်၊

*ဤကဆုန်လပြည့်နေ့ ကို -

*ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟုအမွှန်းတင် ခေါ်ဆိုကြပါသည်..

၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင် မြင်တော်မူသောကြောင့် ဤနေ့ ဤရက်ကို `ကဆုန်လပြည့် မာရ်အောင်နေ့ အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အ စဉ်တွင် စွဲမြဲ၍နေကြပါ သည်..

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊ပရိနိဗ္ဗာန် စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို `ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်..
ဝိသာခါဒေးဟုဆိုလိုပါသည်

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန် လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်..

၅။ ဗောဓိပင်သည် သဗ္ဗုညုတ ဉာဏ်တော်ကိုရ၍ ဘုရား ဖြစ်တော်မူရာ ဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်..
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါ သည်...

၆။ မြန်မာ့ရိုးရာ ၁၂လ ရာသီ ပွဲတော်များအနက်၊ ကဆုန် လ၌ ညောင်ရေသွန်းပွဲတော် ကို ရိုးရာပွဲတော်အဖြစ်အစဉ် အလာ သတ်မှတ်ခဲ့ကြပါ သည်..

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿ ဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စင်္ကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်း အကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်...

၈။ ဂန္ဓောဒကတိဿမထေရ် ၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရော ဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်...

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓ ဘာသာဝင် သူတော်စင်များအနေဖြင့် နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင် ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ ရှိကြပါသည်...

ကျောင်းကန်ဘုရားသို့သွား ၍ ဒါန သီလ ဘာဝနာအမှုများကို ပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်...

🙏 ပြန်လည်၍``ပတ္တိဒါနသိုလ်" ပြုပါသည်🙏

Crd:

Hello Ngwesaung 😊😊3 Night 4 Day 😊😊 VIP Trip
07/04/2024

Hello Ngwesaung 😊😊3 Night 4 Day 😊😊

VIP Trip

Thank 😊😊
04/04/2024

Thank 😊😊

Happy Day & Happy Time ပျော်ရွင် စရာ Ngwesaung ခရီးစဉ် VIP Trip မှ ဧည့်သည်တော်များ၏ ပျော်ရွင်စရာ ပုံရိပ်လေးများ  ခရီးသွာ...
14/03/2024

Happy Day & Happy Time ပျော်ရွင် စရာ Ngwesaung

ခရီးစဉ် VIP Trip မှ ဧည့်သည်တော်များ၏ ပျော်ရွင်စရာ

ပုံရိပ်လေးများ ခရီးသွားမယ် ဆို GPT Travel ကို ဖုန်းလေးသာ

ဆက်လိုက်ပါ ခင်ဗျာ

09970655599,09689736163

14/03/2024

GPT Travel နှင့်အတူ ဟန်နီးမွန်း ခရီးလေးတွေ ဖန်တီး Happy Ngwesaung Trip

မန္တလေး ပုဂံ ငွေဆောင် ရက်ရှည် အခု VIP Trip ထွက်မယ် ဆိုတော့လည်း အဆင့်သင့်ပါပဲ ခင်ဗျာ 27 to March 5 😁😁
27/02/2024

မန္တလေး ပုဂံ ငွေဆောင် ရက်ရှည် အခု VIP Trip ထွက်မယ် ဆို

တော့လည်း အဆင့်သင့်ပါပဲ ခင်ဗျာ 27 to March 5 😁😁

18/02/2024

Ngwesaung VIP Group Dinner 😊😊😊😊

Credit Musical

17/02/2024

ပျော်ပျော် ရွင်ရွင် Ngwesaung ခရီးစဉ် VIP Group Trip

VIP Trip Group Tours စတင်ထွက်ခွါ 😊😊😊
16/02/2024

VIP Trip Group Tours စတင်ထွက်ခွါ 😊😊😊

Address

005, Maykha 2 Street, Maykha Housing, Thingangyun Tsp
Yangon
11031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959970655599

Alerts

Be the first to know and let us send you an email when Precious Time Travels & Tours Co., Ltd.တန်ဖိုးရှိသောအချိန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Precious Time Travels & Tours Co., Ltd.တန်ဖိုးရှိသောအချိန်:

Share

Category