AeroTravel Myanmar

AeroTravel Myanmar Explore the world and book your Flight with AeroTravel Myanmar.

🙏 "နှစ်သစ်ဆုတောင်း" 🙏မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ခရစ်နှစ်-(Apr , 17,2024)နှစ်သစ်ကူး အချိန် ...
16/04/2024

🙏 "နှစ်သစ်ဆုတောင်း" 🙏

မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်
ခရစ်နှစ်-(Apr , 17,2024)

နှစ်သစ်ကူး အချိန် အခါသမယမှာ မြန်မာပြည်သူပြည်သား အားလုံး ကျက်သရေ မင်္ဂလာအပေါင်းတို့နှင့်ပြည့်စုံ၍
ကိုယ်၊စိတ်၊ နှလုံး ကျန်းမာ၊ချမ်းသာ၊ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း AeroTravel Myanmat မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်......
🙏🙏🙏

"မင်္ဂလာရှိသော မြန်မာနှစ်သစ် ဖြစ်ပါစေ😊"

#နှစ်သစ်ဆုတောင်း
#မြန်မာနှစ်သစ်ကူး

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ      နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက...
13/02/2024

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ

နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက်မယ့် လေယာဉ် Direct Flight မရှိပါက လေယာဉ်ကို နှစ်ဆင့် (သို့) သုံးဆင့် စီးပြီးသွားရပါတယ်။ အဲဒါကို Transit Flight (သို့) Connecting Flight လို့ ခေါ်ပါတယ်။

Transit Flight တွေစီးတဲ့အခါ ကြားလေဆိပ်မှာ ဒုက္ခမရောက်အောင် လေယာဉ်အဆင့်ဆင့်ကို အဆင်ပြေချောမွေ့စွာ စီးနိုင်အောင် သတိထားရမယ့် အချက်တွေကို ပြောပြလိုက်ပါတယ်။

✈️ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ

လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Transit Flight တွေဆိုရင် ဒါတွေကို သိထားမှ ရပါမယ်။ ကိုယ်လက်မှတ် ဝယ်မယ့် Travel Agent ဆီမှာ သေချာမေးထားရပါမယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း သေချာစုံစမ်းပြီးမှ ဝယ်ရပါမယ်။ ဒါတွေ မသိထားရင် ကြားလေဆိပ်မှာ ဒုက္ခရောက်နိုင်ပါတယ်။

✈️ Checked through လား၊ Self-Transfer လား သိထားရပါမယ်။

Checked through ဆိုတာ ကြားထဲကလေဆိပ်မှာ Immigration ဖြတ်စရာမလို၊ အိတ်ပြန်ရွေးမစရာမလိုဘဲ လေဆိပ်ထဲမှာတင် နောက်လေယာဉ်ဆီကိုကူးလို့ရတဲ့ အခြေအနေပါ။ Airline Protected Transfer လို့လည်း ခေါ်ပါတယ်။ ကိုယ်အပ်ထားတဲ့ Luggage တွေကို Airline က တာဝန်ယူပြီး နောက်လေယာဉ်ပေါ်တင်ပေးတာပါ။

Self-transfer ကတော့ ကိုယ့်အိတ်ကိုယ်တာဝန်ယူပြီး နောက်လေယာဉ်ပေါ် ပြန်အပ်ရတာပါ။ ကြားထဲကလေဆိပ်မှာ နိုင်ငံထဲဝင်ပြီးမှ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်မထွက်ဘူး။ နိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး။ အချိန်မရှိဘူးဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ လေဆိပ်ရဲ့ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေပြန်ထွက်ရမှာပါ။ Check-in ကောင်တာမှာအိတ်ပြန်အပ်ပြီး Immigration တခါပြန်ဝင်ရပါမယ်။ တချို့နိုင်ငံတွေမှာ Self Transfer လုပ်တဲ့အခါ Immigration ဝင်ဖို့ Visa ကလည်း လိုပြန်ပါတယ်။ အရမ်းကိုအလုပ်ရှုပ်ပါတယ်။

ဒါကြောင့် လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်သင့်ပါတယ်။ မဟုတ်ရင် အလုပ်တအားရှုပ်ပါတယ်။ ကြားနိုင်ငံထဲ တခါဝင်ပြီး တခါပြန်ထွက်ရတဲ့ အဆင့်တွေ အများကြီး ဖြတ်ကျော်ရမယ့်အပြင် အချိန်ကုန်ပါတယ်။

✈️ Transit Visa လို/မလို ကြည့်ပါ။

တချို့လေဆိပ်တွေ၊ နိုင်ငံတွေက Transit ဖြတ်ရုံပဲဆိုရင် Visa မလိုပေမဲ့ တချို့နိုင်ငံတွေကတော့ Visa လိုအပ်ပါတယ်။

✈️ Layover/ Stopover Time

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ ကြားထဲရပ်နားမယ့် မြို့ရဲ့လေဆိပ်မှာ အချိန်ဘယ်လောက်ရလဲဆိုတာ ကြည့်ရပါမယ်။ International Flight တွေဆို အနည်းဆုံး ၂ နာရီလောက်ရှိမှ အဆင်ပြေမှာပါ။ Transit လေဆိပ်တွေက အကျယ်ကြီးလား၊ ပထမလေယာဉ်ရဲ့ လေယာဉ်ထွက်ချိန် နောက်ကျမလား၊ Transit လေဆိပ်မှာ အိတ်ပြန်ရွေးစရာလိုလား စတာတွေလည်း ထည့်တွက်ရပါမယ်။ လေယာဉ်တွေက Checked through မဟုတ်ဘဲ အိတ်ပြန်ရွေးရမယ်။ Immigration ဝင်ရမယ် Check-in ပြန်ဝင်ရမယ်ဆိုရင်တော့ Layover Time က ၃ နာရီ အနည်းဆုံး ရှိမှရပါမယ်။

ဒါက ခရီးသွားလေ့ရှိသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့အချိန်ပါ။ ကိုယ်က သွားလေ့မရှိသူ၊ စမ်းတဝါးဝါးနဲ့ သွားရမယ့်သူတွေဆိုရင်တော့ ဒီထက်အချိန်ပိုလိုပါမယ်။ ဖြစ်နိုင်ရင် Layover Time ကို ၄-၅ နာရီလောက် ခြားထားသင့်ပါတယ်။ Risk မယူသင့်ပါဘူး။

✈️ လေဆိပ်မှာ Check-in ဝင်တဲ့အခါ

ခုံနံပါတ်ကို ရှေ့နားတောင်းထိုင်ပါ။ ကိုယ်စတင်ထွက်ခွါမယ့် လေဆိပ်မှာ Check-in ဝင်တဲ့အခါ စောစောဝင်ပါ။ လေယာဉ်ထပ်စီးရမှာမလို့၊ Transit Flight မလို့ ရှေ့နားက ခုံကိုပေးဖို့ တောင်းဆိုပါ။ ဒါမှသာ ကြားထဲနားတဲ့လေဆိပ်မှာ အချိန်များများရပြီး Rush မဖြစ်တော့မှာပါ။

✈️ Luggage ကို ကြားလေဆိပ်မှာ ရွေးဖို့လိုမလိုမေးပါ။

ကိုယ့်လေယာဉ်လက်မှတ်တွေက Checked through ဟုတ်ခဲ့ရင်တောင် Check-In ကောင်တာမှာ အိတ်တွေအပ်တဲ့အခါ ကိုယ့်အိတ်တွေက ကိုယ်သွားမယ့်မြို့ဆီ တန်းပို့ပေးမှာလား။ ကြားထဲက Transit လေဆိပ်တွေမှာ ရွေးစရာလိုသေးလားကို သေချာ Confirm ရပါမယ်။ မေးရပါမယ်။ အိတ်တွေရွေးစရာမလိုဘူး။ တခါထဲ နောက်လေယာဉ်ပေါ် တန်းတင်ပေးမယ်ဆိုရင် အိတ်မှာကပ်ပေးလိုက်တဲ့ Luggage tag မှာ ကိုယ်သွားမယ့်မြို့အထိ ရောက်မယ်ဆိုတာ ပါရပါမယ်။

✈️ Boarding Pass ထပ်ထုတ်စရာလိုမလိုမေးပါ။

Boarding Pass ဆိုတာ လေယာဉ်ပေါ်တက်ရမယ့် လက်မှတ်ပါ။ လေယာဉ်လက်မှတ်ရှိရုံနဲ့ လေယာဉ်ပေါ်တက်လို့မရသေးပါဘူး။ Check-in ကောင်တာမှာ လေယာဉ်လက်မှတ်ပြပြီး Boarding Pass ထုတ်ပေးမှ တက်လို့ရမှာပါ။ Boarding Pass တစ်ခုက လေယာဉ်တခုကိုပဲ ကိုယ်စားပြုပါတယ်။ လေယာဉ်ကို နှစ်ဆင့်စီးရမယ်ဆိုရင် Boarding Pass နှစ်ခုလိုပါတယ်။ လေယာဉ် သုံးဆင့် စီးရမယ်ဆိုရင် Boarding Pass သုံးခုလိုပါတယ်။

✈️ အိတ်တွေကို သေချာထည့်ပါ။

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ အိတ်တွေ ကြားထဲမှာပျောက်နိုင်လို့ Check-in မှာ အပ်မယ့် Luggage ကို သေချာ သော့ခတ်ထားပါ။ အိတ်ပေါ်မှာ အိတ်ကျန်ခဲ့တဲ့အခါ ဆက်သွယ်ရမယ့် နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Email address တွေကို အင်္ဂလိပ်လို ရေးထားရပါမယ်။ ကိုယ့်အိတ်ကိုလည်း ဓာတ်ပုံရိုက်ထားပါ။

✈️ Transit လေဆိပ်ရောက်တဲ့အခါ

⌚ ကိုယ်ရောက်တဲ့နိုင်ငံရဲ့ အချိန်ပြောင်းရပါမယ်။

တနိုင်ငံနဲ့တနိုင်ငံ အချိန်မတူပါဘူး။ တချို့ဖုန်းတွေက Location ပြောင်းတာနဲ့ ရောက်တဲ့နေရာရဲ့ ဒေသစံတော်ချိန်ကို အလိုလိုပြောင်းပေးပါတယ်။ ကိုယ့်ဖုန်းက အဲဒီလို မပြောင်းပေးဘူးဆိုရင် ရောက်တဲ့ဒေသရဲ့ စံတော်ချိန်ကို ကိုယ်တိုင်ပြောင်းရပါမယ်။ ကိုယ့်နာရီတွေကိုလည်း အချိန်ပြောင်းရပါမယ်။ လေဆိပ်တွေမှာ နာရီတွေရှိပြီး ဒေသစံတော်ချိန်ကို ဖော်ပြနေပါတယ်။ မပြောင်းမိဘူးဆိုရင် အချိန်မှားကြည့်ပြီး လေယာဉ်ထွက်ချိန်မမှီတာတို့ ဖြစ်တတ်ပါတယ်။

✈Transfer ဆိုတဲ့ ဆိုင်းဘုတ်နောက်ကိုလိုက်ပါ။

ကြားလေဆိပ်ကို လေယာဉ်ဆိုက်ကပ်တာနဲ့ ဘယ်မှမသွားဘဲ Transfer လို့ရေးထားတဲ့ ဆိုင်းဘုတ်နောက်ကိုသာလိုက်ပါ။

✈ Transfer Desk ကို သွားရမယ်။

ကိုယ်စထွက်တဲ့ လေဆိပ်ရဲ့ Check-in ကောင်တာမှာ ကိုယ်နောက်ထပ်ပြောင်းစီးရမယ့် လေယာဉ်အတွက် Boarding Pass တခါထဲ ထုတ်မပေးထားရင် ကြားလေဆိပ်မှာ Boarding Pass ထုတ်ဖို့ Transfer Desk ဆိုတာကို သွားရပါမယ်။ Transfer Desk (သို့) Transit Desk လို့ လမ်းညွှန်ထားတဲ့အတိုင်း သွားပြီး Boarding Pass ထပ်ထုတ်လိုက်ရုံပါပဲ။ ကိုယ်ထပ်စီးမယ့် လေကြောင်းလိုင်းရဲ့ Transfer Desk မှာ ထုတ်ရမှာပါ။ ရှာမတွေ့ရင် လေဆိပ်ဝန်ထမ်းတွေကို လေယာဉ်လက်မှတ်ပြပြီး မေးကြည့်ပါ။

✈ဘယ် Gate လဲဆိုတာ ကြည့်ရမယ်။

Boarding Pass ကို ရလာပြီဆိုရင် ကိုယ်သွားရမယ့် Boarding Gate နံပါတ်ဘယ်လောက်လဲ ကြည့်ရပါမယ်။ ဒါက အရေးကြီးပါတယ်။ တချို့ Boarding pass ထုတ်ပေးထားတဲ့ အချိန်စောတဲ့အခါ Boarding Gate မသိသေးတဲ့အတွက် Boarding Pass မှာ Gate နံပါတ်ကို မရေးထားဘဲ အလွတ်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ဂိတ်ကြေငြာတဲ့ LED ဘုတ်တွေမှာ ကိုယ့်လေယာဉ်နံပါတ်၊ ကိုယ်သွားမယ့်မြို့၊ Boarding Time နဲ့တိုက်ကြည့်ပြီး ကိုယ်သွားရမယ့် Boarding Gate က ဘယ်လောက်လဲဆိုတာ ရှာရပါမယ်။ Boarding Pass မှာရေးထားတဲ့ Boarding Time အချိန်အတိုင်း Boarding Gate ကို အမှီ သွားရပါမယ်။

✈️ Self-Transfer မှာ ဖြတ်ကျော်ရမယ့်အဆင့်များ

အပေါ်မှာ ဖော်ပြထားတာတွေက ကိုယ်စီးရမယ့် လေယာဉ်တွေက Checked through ဖြစ်တဲ့အခါ ဖြတ်ကျော်ရမယ့် အချက်တွေပါ။ များသောအားဖြင့် Travel agent တွေမှာ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်ပေးတတ်ကြပါတယ်။ လေယာဉ်လက်မှတ်တွေက ဈေးပိုသက်သာလို့ပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့်မြို့ကို ရောက်မယ့် လေယာဉ်တွေက Checked Through မရရင်ဘဲဖြစ်ဖြစ်၊ Checked through ရမယ့် လေကြောင်းလိုင်းရဲ့ Layover Time က တအားကြာတာပဲဖြစ်ဖြစ် Self Transfer နဲ့ သွားရမယ့် အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

Self-Transfer ကတော့ အလုပ်ရှုပ်ပါတယ်။ လေယာဉ်တခါစီးရင်လုပ်ရတဲ့ Process တွေအတိုင်း အစအဆုံး ပြန်လုပ်ရမှာပါ။ ကြားထဲကလေဆိပ်ရဲ့ နိုင်ငံထဲဝင်ပြီးမှ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်ထွက်ဖို့၊ အဲဒီနိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး ဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။

အဲဒီတော့ Self-Transfer ဆိုရင် Transit ဝင်ရမယ့် လေဆိပ်ထဲ လေယာဉ်ဆိုက်ကပ်တာနဲ့ အရင်ဆုံး Immigration ကောင်တာကိုရှာပြီး Immigration ဖြတ်ရပါမယ်။ Visa ပြစရာလိုရင် Visa ပြရပါမယ်။ ကိုယ်တည်းမယ့်ဟိုတယ်နာမည်မေးရင် လေယာဉ်လက်မှတ်ပြပြီး Transit ခဏဝင်တာဖြစ်ကြောင်း၊ ညအိပ်မှာ မဟုတ်ကြောင်း၊ အိတ်ရွေးပြီးရင် နိုင်ငံထဲက ပြန်ထွက်မှာဖြစ်တဲ့အကြောင်း ရှင်းပြရပါမယ်။ ပြီးရင် ကိုယ့်အိတ်တွေရွေးပြီး Custom ဖြတ်ပြီး Exit ကနေ ထွက်ပါ။

ပြီးတဲ့အခါ လေဆိပ်ရဲ့ Departure အပိုင်းကို ရောက်အောင်သွားပြီး နောက်ထပ်စီးရမယ့်လေယာဉ်ရဲ့ Check-in ကောင်တာမှာ Check-in ထပ်ဝင်ရပါမယ်။ လေယာဉ်ထွက်ချိန်ထက် အချိန်အရမ်းစောလွန်းရင် Check-in ကောင်တာ မဖွင့်သေးပါဘူး။ အဲဒီအခါ လေဆိပ်ထဲမှာ စောင့်နေရပါမယ်။

ကိုယ်စီးမယ့် လေယာဉ်ရဲ့ကောင်တာမှာ Check-in လုပ်ပြီးလို့ အိတ်အပ်ပြီးလို့ရှိရင် ပြည်ပထွက်ခွါရဲ့ Immigration ကောင်တာကို ဝင်ပြီး Security Pass တွေမှာ အစစ်အဆေးခံရပါမယ်။ Boarding pass မှာပါတဲ့ Gate အတိုင်း၊ အချိန်အတိုင်းအရောက်သွားပြီး နောက်လေယာဉ်စီးရမှာပဲ ဖြစ်ပါတယ်။

❗အချိန်နီးနေရင် Boarding pass ပြပြီး လိုင်းတွေကျော်လို့ရပါတယ်။ ❗

တခါတလေ ကြားလေဆိပ်က Security Pass ပစ္စည်းစစ်တဲ့နေရာတွေမှာ လူတွေအများကြီးတန်းစီနေတတ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ Layover Time က အရမ်းကို ကြပ်နေတယ်။ နောက်လေယာဉ်မမှီမှာ စိုးရင် Boarding Pass တွေ လေယာဉ်လက်မှတ်တွေ ပြကာ လေဆိပ်ဝန်ထမ်းတွေကို အကူအညီတောင်းပြီး တန်းစီနေသူတွေကို ကျော်သွားလို့ရပါတယ်။

ℹ တစ်ခုခုမသိပါက မရှာတွေ့ပါက Information မှာမေးပါ။ ℹ

လေဆိပ်မှာ မျက်စိလည်နေတာပဲဖြစ်ဖြစ် တစ်ခုခုရှာမတွေ့တာဘဲဖြစ်ဖြစ် Airport Information ကောင်တာမှာ မေးလို့ရပါတယ်။ “i” လို့ ရေးထားတဲ့ကောင်တာတွေပါ။

အားလုံးပဲ ရည်ရွယ်ထားတဲ့နေရာဆီကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါစေ…

Credit to Nu Myat

🏮Gong Xi Fa Cai! 🐲With the arrival of the Spring Festival, may your life bloom like the flowers of spring, ever unfoldin...
10/02/2024

🏮Gong Xi Fa Cai! 🐲
With the arrival of the Spring Festival, may your life bloom like the flowers of spring, ever unfolding and shining brightly, every moment filled with vitality and hope. May your career rise like the sun, improving with each passing day, and may you overcome any challenge with unwavering will and wisdom, leading to an even more splendid tomorrow.



မြန်မာနိုင်ငံကိုပြေးဆွဲဖူးတဲ့လေယာဉ်ထဲမှာအကြီးဆုံးဖြစ်တဲ့ Boeing 777 မြန်မာနိုင်ငံမှာအများအားဖြင့် Boeing 737 တို့လိုပုံမ...
05/02/2024

မြန်မာနိုင်ငံကိုပြေးဆွဲဖူးတဲ့လေယာဉ်ထဲမှာအကြီးဆုံးဖြစ်တဲ့ Boeing 777

မြန်မာနိုင်ငံမှာအများအားဖြင့် Boeing 737 တို့လိုပုံမှန်အရွယ်အစားလေယာဉ်တွေသာ အများဆုံးပြေးဆွဲပါတယ်။ ပြည်တွင်းခရီးစဉ်တွေမှာဆို ၇၂ ယောက်ဆန့် ATR-72 Turboprop လေယာဉ်တွေသာအများဆုံးသုံးပါတယ်။

ဒါပေမယ့် UAE အခြေစိုက်ကမ္ဘာကျော် Emirates လေကြောင်းလိုင်းက ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ Boeing 777-300ER (Extended range) လေယာဉ်ကြီးတွေနဲ့ ဒူဘိုင်း-ရန်ကုန်-ဟနွိုင်းခရီးစဉ်ကို လေကြောင်းအမှတ် EK388 ဆိုပြီးပြေးဆွဲခဲ့ဖူးပါတယ်။ ဒါကရန်ကုန်လေဆိပ်မှာ ဆင်းဖူးတဲ့လေယာဉ်တွေထဲမှာ အကြီးဆုံးလို့လည်းဆိုနိုင်ပြီး ကမ္ဘာပေါ်မှာ ၆ ခုမြောက်အကြီးဆုံး ခရီးသည်တင်လေယာဉ် လည်းဖြစ်ပါတယ်။

Boeing 777-300ER မှာခုံနေရာအခင်းအကျင်းပေါ်မူတည်ပြီး ခရီးသည် ၅၅၀ အထိဆန့်ပါတယ်။ EK388 မှာတော့ First class မှာ ၈ ခုံ၊ Business Class မှာ ၄၂ ခုံနှင့် Economy class မှာ ၃၁၀ စုစုပေါင်းခရီးသည် ၃၆၀ အထိလိုက်ပါစီးနှင်းနိုင်ပါတယ်။

၂၀၁၉ ဒီဇင်ဘာမှာတော့ Emirates လေကြောင်းလိုင်းက ရန်ကုန်ကိုပြေးဆွဲတာရပ်နားခဲ့ပြီး FlyDubai က Boeing 737 လေယာဉ်များဖြင့်ဆက်လက်ပြေးဆွဲခဲ့ပါတယ်။

Boeing 777 series ကို ၁၉၉၅ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက် Long range နှင့် Extended range များကိုတော့ ၂၀၀၄ နောက်ပိုင်းဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။

Boeing 777-300ER ကအရှည် ၇၃.၉ မီတာ (၂၄၂ ပေ) ၊ အမြင့် ၁၈.၅ မီတာ (၆၁ပေ) နှင့်တောင်ပံက ၆၄.၈ မီတာ (၂၁၃ ပေ) ရှိပါတယ်။ ၁၄၆၉၀ ကီလိုမီတာခရီးကို အမြန်ဆုံးတစ်နာရီ ၉၅၀ ကီလိုမီတာနှုန်းနဲ့ မရပ်မနားပျံသန်းနိုင်ပါတယ်။ လေယာဉ်ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၃၇၅ သန်းဝန်းကျင်ရှိပါတယ်။

လက်ရှိမြန်မာပြည်ကိုပြေးဆွဲနေတဲ့လေယာဉ်တွေထဲမှာ အကြီးဆုံးကတော့ စင်္ကာပူလေကြောင်းလိုင်းရဲ့ ၂၁၉ ပေ (၆၆.၈ မီတာ)ရှည်တဲ့ Airbus A350-900 ဖြစ်ပါတယ်။ အိုဘားမားမြန်မာပြည်လာတုန်းက စီးတဲ့ Air Force One ကတော့ ၂၃၁ ပေရှိပါတယ်။

အမေရိကန်သမ္မတစီးတော်ယာဉ် Air Force One က Boeing 747-200B ကိုအခြေခံပြီးထုတ်လုပ်ထားတာပါ။ ၁၉၉၀ တည်းကသုံးလာတာဖြစ်လို့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၄ ဘီလီယံလောက်အထိအကုန်ကျခံတည်ဆောက်ထားတဲ့ Boeing 747-8 နဲ့အသစ်လဲတော့မှာဖြစ်ပါတယ်။

Photos

ATR-72
ပြည်တွင်းခရီးစဉ်တွေမှာအများဆုံးသုံးတဲ့လေယာဉ် (အရှည် ၈၈ ပေ၊ ခရီးသည် ၇၂ ယောက်)

Airbus A319
MAI ရဲ့အများဆုံးသုံးတဲ့လေယာဉ် (အရှည် ၁၁၁ ပေ၊ ခရီးသည် ၁၃၅ ယောက်)

Boeing 737-800
မြန်မာအပါအဝင်နိုင်ငံတကာမှာအများဆုံးသုံးတဲ့လေယာဉ် (အရှည်ပေ ၁၃၀၊ ခရီးသည် ၁၆၂ ယောက်)

Boeing 777
မြန်မာပြည်ကိုပြေးဆွဲဖူးတဲ့အကြီးဆုံးလေယာဉ် (အရှည် ၂၄၂ ပေ၊ ခရီးသည် ၃၆၀)

AeroTravel Myanmar ကိုယုံကြည်စိတ်ချစွာ အစဉ်အမြဲအားပေးလျှက်ရှိသော ချစ်မိတ်ဆွေ မိဘပြည်သူများ အားလုံး နှစ်သစ်မှာ စိတ်၏ချမ်း...
02/02/2024

AeroTravel Myanmar ကိုယုံကြည်စိတ်ချစွာ အစဉ်အမြဲအားပေးလျှက်ရှိသော ချစ်မိတ်ဆွေ မိဘပြည်သူများ အားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း ပြည့်စုံကျပါ စေ ခင်ဗျာ။ 🙏

ဖေဖော်ဝါရ်ီလ အတွက် အသက်သာဆုံး ပြည်တွင်းလေကြောင်းခရီးစဉ် များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ။😍

ရန်ကုန် 🔁 နေပြည်တော်-174,000 MMK မှစ၍
ရန်ကုန် 🔁 မန္တလေး - 195,500 MMK မှစ၍
ရန်ကုန် 🔁 ညောင်ဦး -275,500 MMK မှစ၍
ရန်ကုန် 🔁 ဟဲဟိုး-175,500 MMK မှစ၍
ရန်ကုန် 🔁 မြစ်ကြီးနား-355,500 MMK မှစ၍
ရန်ကုန် 🔁 စစ်တွေ-174,500 MMK မှစ၍
ရန်ကုန် 🔁 သံတွဲ -168,500 MMK မှစ၍
ရန်ကုန် 🔁 ကျောက်ဖြူ-185,500 MMKမှစ၍
ရန်ကုန် 🔁 အမ်း-172,000 MMK မှစ၍
ရန်ကုန် 🔁 ဗန်းမော် -300,000 MMK မှစ၍
ရန်ကုန် 🔁 တာချီလိတ်-261,500 MMK မှစ၍
ရန်ကုန် 🔁 ပူတာအို -279,500 MMK မှစ၍
ရန်ကုန် 🔁 ကျိုင်းတုံ - 242,500 MMK မှစ၍
ရန်ကုန် 🔁ထားဝယ် - 185,500 MMK မှစ၍
ရန်ကုန် 🔁 မြိတ် -282,500 MMK မှစ၍
ရန်ကုန် 🔁ကော့သောင်း-450,500 MMKမှစ၍

နေပြည်တော်🔁မန္တလေး-150,000 MMKမှစ၍
နေပြည်တော် 🔁 မြစ်ကြီးနား-207,000 MMK မှစ၍

မန္တလေး 🔁 မုံရွာ - 130,000 MMK မှစ၍
မန္တလေး 🔁 ဟုမ္မလင်း- 230,000 MMK မှစ၍
မန္တလေး 🔁 ဗန်းမော် - 200,000 MMK မှစ၍
မန္တလေး 🔁 မြစ်ကြီးနား-224,500 MMK မှစ၍
မန္တလေး 🔁 ခန္တီး - 250,000 MMK မှစ၍
မန္တလေး🔁 ကျိုင်းတုံ - 197,500 MMK မှစ၍
မန္တလေး🔁 ကော့သောင်း - 197,500 MMK မှစ၍
မန္တလေး🔁 ပူတာအို - 330,000 MMK မှစ၍

ဟဲဟိုး 🔁 ကျိုင်းတုံ - 164,500 MMK မှစ၍
ဟဲဟိုး 🔁 လားရှိုး - 171,500 MMK မှစ၍
ဟဲဟိုး 🔁 ညောင်ဦး - 170,500 MMK မှစ၍

ထားဝယ် 🔁 ကော့သောင်း - 192,500 MMK မှစ၍

မြစ်ကြီးနား 🔁 ပူတာအို -151,500 MMK မှစ၍

ဖေဖော်ဝါရီလအတွက် အနည်းဆုံးစျေးများကို ဖော်ပြပေးထားခြင်း ဖြစ်သည့်အတွက် မိမိတို့သွားမည့် ရက်အပေါ်မူတည်ပီးအနည်းငယ် ပြောင်းလဲမှု ရှိနိုင်ပါသဖြင့်

ပြည်တွင်းလက်မှတ်ဈေးနှုန်းများကိုသာမက ၊ပြည်ပလေကြောင်းလိုင်း လက်မှတ်ဈေးနှုန်းများကိုလဲ
ဖုန်း 09-788207760သို့ဖြစ်စေ page Cbမှတစ်ဆင့်ဆက်သွယ်‌ မေးမြန်း စုံစမ်းနိုင်ပါသည် ခင်ဗျာ။

အလုပ်ကိစ္စပဲ ဖြစ်ဖြစ် အလည်အပတ်ပဲဖြစ်ဖြစ် ပြည်တွင်း/ ပြည်ပ ခရီးစဉ်များ ကို ၊ စိတ်ချယုံကြည်ရပီး အသက်သာဆုံးစျေးနှုန်းများနဲ့
AeroTravel Myanmar မှာ လေယာဉ်လက်မှတ်များကိုကြိုတင်၀ယ် ယူနိုင်ပါပြီ ။
🙏🙏 🙏
---------------------------------------

16/01/2024

နှစ်သစ်မှာခရီးသွားကြမယ့်ခရီးသွားပြည်သူများအတွက် AeroTravel Myanmar ကိုယုံကြည်စိတ်ချစွာ အစဉ်အမြဲအားပေးလျှက်ရှိသော ချစ်မိတ်ဆွေ မိဘပြည်သူများ အားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း ပြည့်စုံကျပါ စေ ခင်ဗျာ။ 🙏

ဇန်နဝါရ်ီလ အတွက် အသက်သာဆုံး ပြည်တွင်းလေကြောင်းခရီးစဉ် များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ။😍

ရန်ကုန် 🔁 နေပြည်တော်-162,000 MMK မှစ၍
ရန်ကုန် 🔁 မန္တလေး - 195,500 MMK မှစ၍
ရန်ကုန် 🔁 ညောင်ဦး -275,500 MMK မှစ၍
ရန်ကုန် 🔁 ဟဲဟိုး-175,500 MMK မှစ၍
ရန်ကုန် 🔁 မြစ်ကြီးနား-355,500 MMK မှစ၍
ရန်ကုန် 🔁 စစ်တွေ-174,500 MMK မှစ၍
ရန်ကုန် 🔁 သံတွဲ -168,500 MMK မှစ၍
ရန်ကုန် 🔁 ကျောက်ဖြူ-185,500 MMKမှစ၍
ရန်ကုန် 🔁 အမ်း-172,000 MMK မှစ၍
ရန်ကုန် 🔁 ဗန်းမော် -300,000 MMK မှစ၍
ရန်ကုန် 🔁 တာချီလိတ်-242,500 MMK မှစ၍
ရန်ကုန် 🔁 ပူတာအို -279,500 MMK မှစ၍
ရန်ကုန် 🔁 ကျိုင်းတုံ - 242,500 MMK မှစ၍
ရန်ကုန် 🔁ထားဝယ် - 195,500 MMK မှစ၍
ရန်ကုန် 🔁 မြိတ် -282,500 MMK မှစ၍
ရန်ကုန် 🔁ကော့သောင်း-430,500 MMKမှစ၍

နေပြည်တော်🔁မန္တလေး-150,000 MMKမှစ၍
နေပြည်တော် 🔁 မြစ်ကြီးနား-207,000 MMK မှစ၍

မန္တလေး 🔁 မုံရွာ - 130,000 MMK မှစ၍
မန္တလေး 🔁 ဟုမ္မလင်း- 210,000 MMK မှစ၍
မန္တလေး 🔁 ဗန်းမော် - 200,000 MMK မှစ၍
မန္တလေး 🔁 မြစ်ကြီးနား-215,500 MMK မှစ၍
မန္တလေး 🔁 ခန္တီး - 250,000 MMK မှစ၍
မန္တလေး🔁 ကျိုင်းတုံ - 197,500 MMK မှစ၍
မန္တလေး🔁 ကော့သောင်း - 197,500 MMK မှစ၍
မန္တလေး🔁 ပူတာအို - 330,000 MMK မှစ၍

ဟဲဟိုး 🔁 ကျိုင်းတုံ - 159,500 MMK မှစ၍
ဟဲဟိုး 🔁 လားရှိုး - 171,500 MMK မှစ၍
ဟဲဟိုး 🔁 ညောင်ဦး - 170,500 MMK မှစ၍

ထားဝယ် 🔁 ကော့သောင်း - 192,500 MMK မှစ၍

မြစ်ကြီးနား 🔁 ပူတာအို -151,500 MMK မှစ၍

ဇန်နဝါရီလအတွက် အနည်းဆုံးစျေးများကို ဖော်ပြပေးထားခြင်း ဖြစ်သည့်အတွက် မိမိတို့သွားမည့် ရက်အပေါ်မူတည်ပီးအနည်းငယ် ပြောင်းလဲမှု ရှိနိုင်ပါသဖြင့်

ပြည်တွင်းလက်မှတ်ဈေးနှုန်းများကိုသာမက ၊ပြည်ပလေကြောင်းလိုင်း လက်မှတ်ဈေးနှုန်းများကိုလဲ
ဖုန်း 09-788207760သို့ဖြစ်စေ page Cbမှတစ်ဆင့်ဆက်သွယ်‌ မေးမြန်း စုံစမ်းနိုင်ပါသည် ခင်ဗျာ။

အလုပ်ကိစ္စပဲ ဖြစ်ဖြစ် အလည်အပတ်ပဲဖြစ်ဖြစ် ပြည်တွင်း/ ပြည်ပ ခရီးစဉ်များ ကို ၊ စိတ်ချယုံကြည်ရပီး အသက်သာဆုံးစျေးနှုန်းများနဲ့
AeroTravel Myanmar မှာ လေယာဉ်လက်မှတ်များကိုကြိုတင်၀ယ် ယူနိုင်ပါပြီ ။
🙏🙏 🙏
---------------------------------------

အေးမြတဲ့ရာသီနဲ့အတူ အသစ်အသစ်သော အမှတ်တရတွေ ဖန်တီးနိုင်ဖို့ဆို 2024 မှာ ဈေးအတန်ဆုံး Mann Yadanarpon နဲ့ခရီးတွေထွက်ကြဖို့ မ...
15/01/2024

အေးမြတဲ့ရာသီနဲ့အတူ အသစ်အသစ်သော အမှတ်တရတွေ ဖန်တီးနိုင်ဖို့ဆို 2024 မှာ ဈေးအတန်ဆုံး Mann Yadanarpon နဲ့
ခရီးတွေထွက်ကြဖို့ မမေ့နဲ့နော် !!!😇😇

သင့်ရဲ့စိတ်ကူးထဲက ခရီးစဉ်တွေအတွက် ဘေးကင်းလုံခြုံစွာနဲ့ လိုရာခရီးကို နှစ်သစ်မှာ စတင်စီစဉ်နိုင်ဖို့ မန်းရတနာပုံလေကြောင်းလိုင်းမှ ပျံသန်းပြေးဆွဲနေသောခရီးစဉ်များကိုဖော်ပြပေးလိုက်ရပါတယ်ခင်ဗျ🤗🤗

*လတ်တလော လားရှိုးခရီးစဉ်များအား Call center ဖုန်းနံပါတ် 09404460006-7-8-9 သို့ ဆက်သွယ်မေးမြန်းစုံစမ်းပေးပါခင်ဗျ

For Reservation
AeoTravelMyanmar Call Center 09-788207760


HAPPY NEW YEAR TO YOU ALL🎉🎊🎆🎇2024ရဲ့ နှစ်သစ် အခါသမယမှာ (၇) ရက် သားသမီးများအားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ...
01/01/2024

HAPPY NEW YEAR TO YOU ALL🎉🎊🎆🎇

2024ရဲ့ နှစ်သစ် အခါသမယမှာ (၇) ရက် သားသမီးများအားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ကိုယ်စိတ်နှလုံးကျန်းမာရွှင်လန်းကြပါစေ။အလုပ်အကိုင်တွေလဲအဆင်ပြေပီးအသက်ရှူတိုင်းငွေဝင်ပါစေ

နှစ်သစ်ကိုကံကောင်းခြင်းမင်္ဂလာများနှင့်ဖြတ်သန်းနိုင်ပြီး ရည်မှန်းထားသမျှတွေ အကုန်ပြည့်ဝပီးဆန္ဒနဲ့ဘ၀ပြည့်ပါစေကြောင်း*AeroTravel Myanmar * မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်။

18/12/2023

 ခုဆိုရင် Bangkok သွားဖိူ့ Covid Vaccination record ကို Notary ပြန်စရာမလိုအပ်တော့ပါဘူးခင်ဗျ Bangkok Donmuang Airport ကနေ...
03/11/2023


ခုဆိုရင် Bangkok သွားဖိူ့ Covid Vaccination record ကို Notary ပြန်စရာမလိုအပ်တော့ပါဘူးခင်ဗျ

Bangkok Donmuang Airport ကနေ မြို့ထဲသို့ Airprot Busစီးပြီးမြို့ထဲကို ဘယ်လိုလာရမလဲ? ဆိုတာလေး ပြောပြပေးပါမယ်ခင်ဗျ🚌🚌🚌

ဘန်ကောက် လေယာဉ်ကွင်းနဲ့မြို့ထဲကို သီးသန့်ပြေးဆွဲတဲ့Bus Car တွေပါ။ လေယဉ်ကွင်းအထဲထိ တိုက်ရိုက်ရောက်ပြီး လမ်းတစ်လျောက် သူ့သတ်မှတ်ထားတဲ့ ကားဂိတ်မဟုတ်ရင်မရပ်ဘဲ သီးသန့်အထူးပြေးဆွဲတဲ့ လေယဉ်ကွင်း Bus Carလေးတွေရဲ့ ပြေးဆွဲတဲ့လိုင်းအမျိုးစားနဲ့ ကားဂိတ်နေရာနဲ့ ကားထွက်ချိန် ကားခ ဈေးနှုန်းလေး တွေပါ။

💁‍♀️D**g Maung Arrival Hall ကနေထွက်လာရင် ...

💁‍♀️Don Mueang Terminal 1 (Floor 1 Exit 6)

💁‍♀️Don Mueang Terminal 2 (Floor 1 Exit 12/14)

A1 , A2 , A3 , A4 ဆိုပြီး Bus Line လေးခုရှိပါတယ်...

A1 🚌 ( မော်ချစ်အဝေးပြေးကားဝင် / sirikit ပန်းခြံ / jj mallကုန်တိုက်/ဂျတူကျက်ဈေး/မော်ချစ် bts ရထားဘူတာ / oil cargo /donmaung ဈေး/လေယဉ်ကွင်းထဲ ပြည်ပဆိုက်ရောက် terminal1 )
ကားထွက်ချိန် မနက် 7:30 မှ ည 12 နာရီထိ ( 30 ဘတ် )

🚍A1 Bus Route 🚍

🚊A1 ကတော့ BTS Mo Chit မှာဂိတ်ဆုံးပါတယ်..(Chatuchek)

D**g Maung Airport နဲ့အနီးဆုံးဘူတာပဲဖြစ်ပါတယ်

⏱30baht ပေးရပြီး နာရီဝက်ခြားတစ်ခါလောက်ထွက်ပါတယ်...

⏱မနက် 7Am မှာ Midnight အထိပြေးဆွဲပါတယ်..

ပုံမှန်ကြာချိန်ကတော့ မိနစ်နှစ်ဆယ်လောက်ထိစီးရတတ်ပြီး...

မြို့ထဲရောက်ဖို့အမြန်ဆုံးနည်းလမ်းကတော့ A1 ကားစီးပြီး Mo Chit ကနေရထားပြန်ပြောင်းစီးတာပါ...

Mo Chit ရောက်ရင် MRT or BTS စီးပြီးမြို့ထဲကိုပြန်လာရပါတယ်...

🚊BTS စီးမယ်ဆိုရင် use Exit 3

Ⓜ️MRT စီးမယ်ဆိုရင် Use Exit 2

and go to Chatuchak Park and use Exit 2 and you’ll see the bus stop just in front of you on the main road.

A2 🚌 ( victory monument အနုစာဝရီ /ဖရာထိုင်း2ဆေးရုံ /Bts စနန်းပေါက် ဘူတာ/Bts အာရီဘူတာ/Btsစဖန်ခွိုင်ဘူတာ/Btsမော်ချစ်ဘူတာ/ဂျတူကျက်ပန်းခြံ/Olicargo/Donmaungဈေးသစ်/လေယဉ်ကွင်းပြည်ပဆိုက်ရောက် terminal1) ကားထွက်ချိန် မနက် 7:00မှည12နာရီထိ (30ဘတ် )

🚍A2 bus route🚍

A2 ကတော့ Victory Monument မှာဂိတ်ဆုံးပါတယ်...

အနုစဝတီလို့လည်းခေါ်ကြပါတယ်...

30baht ပေးရပြီး နာရီဝက်ခြားတစ်ခါလောက်ထွက်ပါတယ်...

⏱မနက် 7Am မှာ Midnight အထိပြေးဆွဲပါတယ်..

⏱ကြာချိန်ကတော့ တစ်နာရီလောက်ပါ...

Vitctory Monument ကနေ မြို့ထဲကို Victory Monumnet BTSကနေ Siam BTSကို Skytrain ပြန်စီးရပါတယ်...

A3 🚌 ( စီလွန်း လုလ်မနီပန်းခြံ/Bts လှပ်ချလ်ဒမရိလ်ဘူတာ/police hospital/ ပတူနာမ်းစင်တရယ်ဝေါလ်/ပတူနာမ်းဈေး/ဆွယ်လန်နမ်/Oncb office/ လေယဉ်ကွင်းပြည်ပဆိုက်ရောက် terminal1 )ကားထွက်ချိန် မနက် 7:00 မှ ည 11နာရီထိ ( 50 ဘတ် )

🚍A3 Bus Route🚍

Partunam and Lumphini Park မှာဂိတ်ဆုံးပါတယ်...

မြို့ထဲလာမယ်ဆိုရင် A3 ကားကိုပဲစီးသင့်ပါတယ်..

Central World နဲ့မျက်နှာချင်းဆိုင် Big C ရှေ့မှာရပ်ပါတယ်...

50baht ပေးရပြီး နာရီဝက်ခြားတစ်ခါလောက်ထွက်ပါတယ်...

⏱မနက် 7Am မှာ Midnight အထိပြေးဆွဲပါတယ်..

⏱ပုံမှန်ကြာချိန်ကတော့ တစ်နာရီခွဲလောက်ထိစီးရတတ်ပါတယ်...

ကားပိတ်တာကြောင့်ပါ...

A4 🚌 ( စနန်မလွန်းမြဘုရားကွင်း/ဖအထစ်လ်လမ်း/ဘန်းလဖိုလ်း/ခေါက်ဆန်လမ်း/ဒီမိုကရေစီကျောက်တိုင်/Thai airway office / ဘိုဘေလ်ဈေး/ လေယဉ်ကွင်းပြည်ပဆိုက်ရောက် terminal1 )ကားထွက်ချိန် မနက် 7:00 မှ ည 11နာရီထိ ( 50 ဘတ် )

🚍A4 Bus Route.🚍

🚍A4 ကတော့ Khao San and Sanam Luang မှာgateဆုံးပါတယ်

50baht ပေးရပြီး နာရီဝက်ခြားတစ်ခါလောက်ထွက်ပါတယ်...

⏱မနက် 7Am မှာ Midnight အထိပြေးဆွဲပါတယ်..

လေယဉ်ကွင်းကနေ မြို့ထဲ ကို စီးလာချင်ပါက airport bus မှတ်တိုင်ဂိတ် တွေက ပြည်ပ ဆိုက်ရောက် Terminal1 Floor1 Exit 6/4/5မှာ A1/A2/A3/A4 ကားတွေရပ်တဲ့ဂိတ်ပါ။

ပြည်တွင်းဆိုက်ရောက် Terminal 2 (Floor 1 Exit 12/14) ဂိတ်ထွက်ပေါက် 12/13/14မှာ airport bus မှတ်တိုင်ရှိပါတယ်။

ကဲ ဒါတွေ သိထားပြီဆို Taxi ခအများကြီး မကုန်ဘဲ airport bus လေး စီးပြီ မြို့ထဲကို လာလို့အဆင်ပြေပါပြီ 🚌🚌🚌🚌🚌🛩🛩🛩🛩

Name of Station: Don Mueang Terminal 1 (Floor 1 Exit 6)
Name of Station: Don Mueang Terminal 2 (Floor 1 Exit 12/14)



📣 Until November 30th, MAI Airlines would carry an additional 5 Kg per passenger according to the specific flight number...
03/11/2023

📣 Until November 30th, MAI Airlines would carry an additional 5 Kg per passenger according to the specific flight numbers.

✈️ Flight Number - 8M337 (MDL-BKK)

✈️ Flight Number - 8M338 (BKK-MDL)

✈️ Flight Number - 8M362 (MDL-DMK)

✈️ Flight Number - 8M361 (DMK-MDL)

✈️ Flight Number - 8M233 (RGN-SIN)

✈️ Flight Number - 8M234 (SIN-RGN)

etc. will be applicable on the relevant flight numbers and itinerary.

✅ 5 Kg will be added according to the specified flights only at the check-in counters without mentioning the extra weight on the passenger's tickets.

Please contact AeroTravel Myanmar Customer Service (09 788207760) to check details and book tickets.🙋‍♀️

☎️ Hot Line: 09788207760

29/10/2023

5000 ကံထူးရှင် ၁၀ယောက်ပါခင်ဗျ Page ရဲ့CB ကိုလာခဲ့ပေးပါခင်ဗျ ။ Giftaway post က်ု public နဲ့ရှဲထားမှသာအကျုံးဝင်မှာဖြစ်ပါတယ်ခင်ဗျ 🙏

Address

Yangon

Website

Alerts

Be the first to know and let us send you an email when AeroTravel Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AeroTravel Myanmar:

Share

Category