Silver Limb Travel &Tour Co.,Ltd

Silver Limb Travel &Tour Co.,Ltd International & Local Tickting Service
Visa Service
Hotel Booking
Car Rental Service
Highway Bus Tic

22/10/2022

🙏 ဗုဒ္ဓဂယာ (၇)ညအိပ် (၈)ရက်ခရီးစဉ်။
==============================
သံဝေဇနိယ (၄)ဌာန ၊ သတ္တဌာန (၇)ဌာန။

ခရီးစဉ်စတင်ထွက်ခွာမည့်ရက် - ဒီဇင်ဘာ (၂၅)ရက်
ပြန်လည်ရောက်ရှိမည့်ရက် ဇန်ဝါရီ (၀၁)ရက်
တစ်ဦးလျင် (900) USD.

သွားရောက်ဖူးမြော်မည့်နေရာများမှာ
~~~~~~~~~~~~~~~~~~~~~~

🙏🏻 သိတဒ္ဓတ္ထမင်းသားဖွါးမြင်ရာ မယ်တော်မာယာ
အုဌ်ကျောင်း။
🙏🏻 ရေပူ ရေအေးနှစ်သွယ်ကျဆင်းရာ မယ်တော်မာယာ
ရေကန်။
🙏🏻 အသောကကျောက်စာတိုင်။
🙏🏻 သိဒ္ဒတ္ထမင်းသားခြေခုနှစ်လှမ်း လှမ်းရာစေတီငယ်။
🙏🏻 ကပ္ပိလဝတ်နန်းတော်ရာနှင့် နိဂြောဓဓမ္မာရုံကျောင်း
တော်ရာ။
🙏🏻 မဟာဗောဓိစေတီနှင့် သတ္တဌာနများ။
🙏🏻 ဒုက္ကရစရိယာကျင့်တော်မူရာ ဉရုဝေလတော။
🙏🏻 သုဇာတာသူဌေးသမီး ဃနာနို့ဆွမ်းကပ်သည့်နေရာ။
🙏🏻 သုဇာတာသူဌေးသမီးအိမ်ရှိရာစေတီ။
🙏🏻 သောတ္ထိယမြက်ထမ်းသမားမြက်ရှစ်ဆုပ်လှူဒါန်း
သည့်နေရာ။
🙏🏻 ရွှေခွက်မျှောရာ နေရဥ္ဇရာမြစ်။
🙏🏻 ကမာကူရဂျပန်ဘုရားကြီး။
🙏🏻 ဓမ္မစကြာတရားဦးဟောတော်မူရာနေရာ။
🙏🏻 ဓမ်မရာဇိကစတေီ ၊ ဓမ်မခေစတေီ။
🙏🏻 နန္ဒိယကျောင်းတော်ရာနှင့် ကုမာရဒေဝီကျောင်း
တော်ရာ။
🙏🏻 သားသမင်များဘေးမဲ့ပေးရာတော။
🙏🏻 မူလဂန္ဓကုဋီတိုက်။
🙏🏻 ပဥ္စဝတီငါးဦး ခရီးဦးကြိုရာ ချောက်ခဏ္ဍီစေတီ။
🙏🏻 ပရိနိဗ္ဗာန်စံတော်မူရာ မဟာပရိနိဗ္ဗာန်စေတီတော်။
🙏🏻 ပရိနဗ္ဗာန်စံတော်မူဟန်ရုပ်ပွါးတော်မြတ်ကြီး။
🙏🏻 တေဇောဓါတ်လောင်ကျွမ်းရာ မကုဋဗဒ္ဓ(ခ)အဂ်ါရ
စေတီ။
🙏🏻 မြတ်စွာဘုရားရှင် နောက်ဆုံးရေကြည်တော်
သောက်သုံးတော်မူခဲ့သည့်နေရာ။
🙏🏻 ဒေါနပုဏ္ဏား ဓါတ်တော်ဝေသည့်နေရာ။
🙏🏻 ဇေတဝန်ကျောင်းတော်။
🙏🏻 ဂန္ဓကုဋိကျောင်းတော်။
🙏🏻 သလ္လာဂါရကျောင်း။
🙏🏻 ရှင်သီဝလိကျောင်းနေရာ။
🙏🏻 အာနန္ဒာဗောဓိ။
🙏🏻 ကောသမ္ဗကကုဋိ။
🙏🏻 စက်မစေတီနှင့် ခြေတော်ဆေးရာရေတွင်း။
🙏🏻 တရားဟောပလ္လင်နှင့်တရားဟောဓမ္မာရုံ။
🙏🏻 ကရေရိကုဋိကျောင်းဆောင်။
🙏🏻 ကောသလမင်းကြီးနန်းတော်ရာ။
🙏🏻 သုဒတ္တစေတီနှင့် အဂ်ုလိမာလစေတီ။
🙏🏻 ဒေဝဒတ်မြေမြိုရာနေရာနှင့် စိဉ္စမာနမြေမြိုရာ
နေရာ။
🙏🏻 ရေမီးအစုံဖြင့်တန်ခိုးပြာဋိကာပြတော်မူရာ
သရက်ဖြူကုန်း။
🙏🏻 နာလန္ဒာတက္ကသိုလ်ဟောင်းနှင့် တက္ကသိုလ်အသစ်။
🙏🏻 ရှင်သာရိပုတ္တရာဖွါးတော်မူရာနေရာနှင့် ပရိနိဗ္ဗာန်
ပြုရာစေတီ။
🙏🏻 ဩဝါဒပါတိမောက်ပြတော်မူရာနေရာနှင့် ဝေဠုဝန်
ကျောင်းတော်။
🙏🏻 ဗိမ္ဗိသာရမင်းကြီး၏ ဆွန်ဘဏ္ဍာတိုက်နှင့် အကျဉ်းချ
ခံရာထောင်နေရာ။
🙏🏻 အဇာတသတ်မင်းကြီး၏ဓါတ်တော်တိုက်။
🙏🏻 ဇာတ်နိမ့် ဇာတ်နိမ့်များရေချိုးရာရေပူစမ်း။
🙏🏻 ဆေးဆရာကြီးဇီဝက၏ သရက်ဥယျာဉ်။
🙏🏻 ဝိရွှသျှန္တီစေတီတော်နှင့် ဂိဇ္စုကုဋ်တောင်။
🙏🏻 ဝေဘာရတောင်ရှိ ပထမသဂ်ါယနာတင်ရာ သတ္တပဏ္ဏ
လှိုဏ်ဂူ။
🙏🏻 ဒုတိယသဂ်ါယနာတင်တော်မူရာ ဝဠုကာရုံကျောင်း။
🙏🏻 လိစ္ဆဝီမင်းများ၏ ခေါင်းဆေးမဂ်လာကန်တော်။
🙏🏻 မြတ်ဗုဒ္ဓ တာဝတိံသာနတ်ပြည်မှဆင်းသက်ရာ
အထိမ်းအမှတ် အစလစေတီ။

အစရှိသည့်နေရာများကို သွားရောက်ဖူးမြော်မည်ဖြစ်ပါသည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ
~~~~~~~~~~~~~~~~~~~~~~~~

📌 အသွားအပြန်လေယာဉ်လက်မှတ်

📌 ဗီဇာကြေးများ

📌 တည်းခိုခများ

📌 အစားအသောက် (နံနက် / နေ့လည် / ညစာ)
(လမ်းခရီးလက်ဖက်ရည်/အအေး / ရာသီပေါ်အသီးအနှံ)

📌ခရီးစဉ်တစ်လျောက် အကြိုအပို့ကားများ။

📌 ခရီးစဉ်တွင်လိုက်ပါရှင်းပြပေးမည့် ဂိုက်ဘုန်းဘုန်း။

📌 မြန်မာ Tour Leader

📌 ကုမ္ပဏီအဖွဲ့ခေါင်းဆောင်မှ မိသားစုပမာလိုက်ပါပို့ဆောင်ပေးခြင်း။

📌 ခရီးစဉ်တစ်လျောက် လိုက်ပါကူညီပေးမည့်
အလုပ်သမား။

📌 ခရီးစဉ်တစ်လျောက် လိုက်ပါရိုက်ကူးပေးမည့်
ကင်မရာမန်း။

📌 အိန္ဒယနိုင်ငံ SIM Card ဖြင့် အင်တာနက်သုံးစွဲခွင့်ရရှိရန် စီစဉ်ဆောင်ရွက်ပေးခြင်း။

📌 ခရီးသွားအာမခံနှင့် ကျန်းမာရေးစောင့်ရှောက်မှု

Silver Limb Travels & Tour Co.,Ltd. ဘုရားဖူးအဖွဲ့နှင့်အတူ လိုက်ပါမည့်ခရီးသည်များအတွက် ပတ်စပို့သက်တမ်းတိုးခြင်းနှင့် အသစ်လျှောက်ထားပြုလုပ်လိုသူများအတွက် လွယ်ကူလျင်မြန်စွာပြုလုပ်နိုင်အောင် လိုက်ပါကူညီဆောင်ရွက်ပေးပါသည်။

လူဦးရေ (၁၀)ယောက်ပြည့်တာနဲ့ စတင်ထွက်ခွါမှာဖြစ်ပါတယ်

ဆက်သွယ်ရန်။
☎️ ၀၉၄၄၃၀၄၁၃၃၅။
✉️ [email protected].

29/07/2022

ကိုရီးယား တိုးရစ်ဗီဇာလျှောက်ဖို့ ဘာတွေလိုအပ်သလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
📌 သက်တမ်း (၆)လရှိသော ပတ်စပို့စာအုပ်။
📌 ပတ်စပို့ ဓါတ်ပုံ (၂)ပုံ။ {နောက်ခံအပြာ}
📌 မှတ်ပုံတင် / သန်းခေါင်စာရင်း။
(မူရင်း + မိတ္တူ + ဘာသာပြန်)
📌 လတ်တလော ကျန်းမာရေးဆေးစစ်ချက်။
📌 ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်ထိုးပြီး‌ကြောင်းစာရွက်
+ ဘာသာပြန်။
📌 သက်တမ်း (၆)လရှိသော ဘဏ်စာအုပ်။
#၆လစာBankStatementဆွဲပေးရန်နှင့်လက်ကျန်သိန်း၁၇၀ရှိရမည်
📌 ခရီးစဉ်ဇယား။
📌 ဟိုတယ်ဘွတ်ကင်။
📌 လေယာဉ်လက်မှတ်ဘွတ်ကင်။
📌 ဖိတ်ခေါ်စာ (သို့မဟုတ်)ဝန်ထမ်းဖြစ်ကြောင်း
ထောက်ခံစာ။
📌 သံရုံးဗီဇာ‌ကြေး အမေရိကန်ဒေါ်လာ (၄၀)။
📌 ဗီဇာရရှိရန်ကြာမြင့်ချိန် (၁၅)ရက်။

🚐 Door to Door & One Stop Service.

#လူကြီးမင်းများအနေနှင့်ဝန်ဆောင်မှုရယူဆောင်ရွက်လိုပါက

Silver Limb Travels & Tour Co.,Ltd.
=============================
☎️ 09798000611 : 0973191512
0973041335 : 09420037363.
✉️ [email protected].

ထိုင်တော်ဝင်သံရုံးမှ 27th July, 2022 တွင်ဗီဇာပြောင်းလဲခြင်းဆိုင်ရာ ထုတ်ပြန်ကြေငြာချက်။
27/07/2022

ထိုင်တော်ဝင်သံရုံးမှ 27th July, 2022 တွင်
ဗီဇာပြောင်းလဲခြင်းဆိုင်ရာ ထုတ်ပြန်ကြေငြာချက်။

 #ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင့်လည်ပတ်မည့်ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန် (၅) ============================...
27/04/2022

#ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင့်လည်ပတ်မည့်ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန် (၅)
==================================

*ငွေလဲလှယ်နူန်း (Currency Exchage)
~~~~~~~~~~~~~~~~~~~~~~~~~~
ထိုင်းသွားမည့်သူများ ထိုင်း ဘတ်ငွေ အမေရိကန်
ဒေါ်လာ ကိုယ်ကြိုက်နှစ်သက်ရာ ယူဆောင်သွားနိူင်ပါတယ်။

ရန်ကုန်မှာ တော့ ထိုင်းဘတ်ငွေ ၁ ဘတ်က မြန်မာကျပ်ငွေ ၅၉ ကျပ်လောက်ပေါက်နေပါတယ်။ ထိုင်းမှာတော့
အမေရိကန် ၁ဒေါ်လာကို ထိုင်းဘတ် ၃၂ဘတ်လောက် ပေါက်စျေးရှိပါတယ်။

ထိုင်းက လေဆိပ်က Taxi စီးရင် ကားသမားတွေက
ဒေါ်လာကိုလက်မခံလို့ ဒေါ်လာသယ်သွားသူများ
လေဆိပ်မှာ ကားခရှင်းဖို့ ဘတ်ငွေ တစ်ခါတည်းသာ
လဲလှယ်သွားကျပါ။

ထိုင်းက ဟိုတယ် စားသောက်ဆိုင် စျေးဝယ်စင်တာတွေအားလုံးက ထိုင်းဘတ်ငွေ တစ်မျိူးတည်းပဲလက်ခံ
ကျပါတယ်။

ဘန်ကောက်ခဏခဏရောက်ဖြစ်နေကျ သွားနေကျ
ခရီးသွားများအတွက် လွယ်ကူအဆင်ပြေပေမဲ့
အခုမှပထမဆုံး စသွားမဲ့သူများအတွက်နှင့်
Guide မပါပဲ သီးသန့် သွားကျမဲ့ ခရီးသွားများအတွက် အဆင်ပြေအောင်အတတ်နိူင်ဆုံးကြိုးစားရေးပြီးပြန်​လည်မျှ ဝေပေးလိုက်ပါတယ်။

Silver Limb Travels & Tour Co.,Ltd.
=========================
☎️ 0973041335
0973191512
📨 [email protected]

 #ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင့်လည်ပတ်မည့်ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန် (၄) ============================...
27/04/2022

#ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင့်လည်ပတ်မည့်ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန် (၄)
==================================

ရန်ကုန်ကနေ ဘန်ကောက်အသွား လောယဉ်ပေါ်မှာလည်း ထိုင်းလဝက မှာ ပေးဖို့ Arrival & Departure Card တောင်းဖို့မမေ့နဲ့။

တစ်ချို့က လေယာဉ်စီးရင် အိပ်ပျော်သွားကြလို့ Card ယူဖို့မေ့နေခဲ့ရင် ထိိုင်းလဝက ကလည်း အဲဒါမပါရင်
လုံးဝအဝင်မခံပါဘူး။

Arrival Card မှာ ကိုယ်တည်းမဲ့ ဟိုတယ်နာမည် လိပ်စာ ပြည့်စုံစွာရေးပါ။ Flight No ရေးပါ။ လတ်မှတ်ထိုးပါ။ထိုင်းအဝင်မှာ Arrival card ကိုပဲယူထားပါတယ်။

Departure Card ကို ပတ်စပို့စာအုပ်နဲ့ပြန်ထည့်
ပေးလိုက်ပြီး Departure Cardပေါ်မှာ နောက်ဆုံး
ပြန်ထွက်ရမဲ့ရက်နဲ့ တုံးထုပေးမှာပါ။
သေချာသိမ်းထားပါနော်။ ပြန်အထွက်မှာ ပြဖို့လိုပါတယ်။

Thai Lion နဲ့သွားရင် ကီလို ၂၀ပါပြီးသားမို့ ရက်တို ရက်ရှည်လည်ပတ်မည့်ခရီးသွားများအတွက်အဆင်ပြေပါတယ်။
Hand Carry လည်းတစ်လုံး စွဲခွင့်ပေးထားပါတယ်။အသွား အပြန်ပါပြီးသားပါ။

Air Asia နှင့် Nok Air က အခမဲ့ကီလိုက (၇)ကီလိုပဲပေးပါတယ်။ကီလို၂၀ထပ်ယူမယ်ဆို ကီလိုဖိုး ထပ်မံပေး​ဆောင်ရပါမယ်။

ကီလိုမဝယ်မိလို့ လေဆိပ် check in ဝင်မှ ကီလိုပိုနေရင် လေဆိပ်မှာ walk in Rate က စျေးပိုကြီးပါလိမ့်မယ်။

Thai Lion,Nok Air, Air Asia လေကြောင်းများအားလုံး လေယဉ်ပေါမှာ အစား အသောက်မကြွေးပါဘူး။

ဗိုက်စာတတ်တယ်ဆိုရင်လေယာဉ်ပေါ်မှာ ဝယ်စားဖို့ ဘတ်ငွေလေးတော့စောင်သွားကျပါနော်။​
သောက်​​ရေလည်းဝယ်သောက်ရပါမယ်။
လေယာဉ်က (၁) နာရီလောက်ပဲစီးရတော့ မနက်စာများများစားထားရင်တော့ ဘန်ကောက်ရောက်မှ နေ့လည်စာ စားရင်လည်းအဆင်ပြေပါတယ်။

လေယာဉ်ပေါ်မှာ ခေါက်ဆွဲခြောက်တစ်ဗူးကို ဘတ်(၆၀) လောက်ကျပါမယ်။ကျပ်ငွေနဲ့ဆို ၂၀၀၀ ကျော်ပါတယ်။
လေဆိပ်မှာရေတစ်ဗူးကို ဘတ်၄၅ ပါ။Budget Air အားလုံးနီးပါးက ရန်ကုန်လေဆိပ်သစ် Terminal 1ကထွက်ခွာပြီး ဘန်ကောက် ဒွန်မောင်းလေဆိပ်မှာဆင်းပါတယ်။

ကျွန်တော်ကတော့ ဒွန်မောင်းလေဆိပ်ကို သဘောကျပါတယ်။မြိုထဲနဲ့ပိုနီးလို့ Taxi နဲ့သွားရင် သုဝဏဘူမိလေဆိပ်လောက်စျေးအများကြီးမကျတော့ဘူး။

လဝကမှာလည်းတန်းစီရတာမြန်တယ်။လဝကဖြတ်ပြီး ရင် အောက်မှာ ကိုယ်အိတ်ယူပြီးTaxi Stand ကို တန်းဒိုးလို့ရတယ်။

ဖူးခက်, ချင်းမိုင်, ကော့စမွေစတဲ့ ပြည်တွင်းမြို့ တွေ
လည်ပတ်ဖို့ လေယဉ်လတ်မှတ်ဝယ်ထားပြီးသား ခရီးသွားများလည်း အပြင်ထွက်စရာမလိုပဲ စက်လှေကားလေးစီးပြီး Doun Meaung Domestic Departure ကို ၁၀မိနစ်လောက် လမ်းလျှောက်၍သက်ဆိုင်ရာ လေကြောင်းလိုင်းမှာ Check In ဝင်ရုံပါပဲ။

ထိုင်းမှာသုံးဖို့ ဖုန်းဆင်းကဒ်ကို လေဆိပ် Arrival မှာ ဘတ်ငွေ ၂၉၉ဘတ်ဖြင်ဝယ်ယူနိူင်ပါတယ်။ အခမဲ့ အင်တာနက် တပတ်လောက်ပါပြီးသားမို့ Facebook,
Viber စိတ်ကြိုက်အဝသုံးလို့ရပါတယ်။

Silver Limb Travels & Tour Co.,Ltd.
=========================
☎️ 0973041335
0973191512
📨 [email protected]

 #ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင့်လည်ပတ်မည့်ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန် (၃) ============================...
27/04/2022

#ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင့်လည်ပတ်မည့်ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန် (၃)
==================================

*လေယဉ်လတ်မှတ် နှင့် လေဆိပ် ( Ticket & Airport )

လေယဉ်လတ်မှတ် ဝယ်ယူပြီးရင် ပတ်စပို့စာအုပ်က
နာမည်နဲ့ လေယဉ်လတ်မှတ်က နာမည် မှန်မမှန်
အမြဲစစ်ဆေးပါ။

စားလုံးပေါင်း (၁)လုံးလွဲရင်လည်း တစ်ချို့လေကြောင်းလိုင်းက လေယဉ်ပေါ်ပေးမတတ်တာမျိူးကြုံနိူင်ပါ
တယ်။

ဘယ်လေကြောင်းလိုင်းနဲ့ပဲသွားသွား ရန်ကုန်လေဆိပ်ရောက်ရင် မိမိဝယ်ယူထားတဲ့လေကြောင်းလိုင်း
ကောင်တာမှာ check in အရင်ဝင်ရပါမယ်။

Air Lineမှာ Check in ဝင်ရောက်ပြီးမှ Seat No, Gate No, Boarding Time ပါတဲ့ Boarding Pass ကိုရရှိပါမယ်။

ရန်ကုန်လေဆိပ်ကနေ ထွက်မဲ့လေယာဉ်ဆို
လေယဉ်မထွက်မှီအနည်းဆုံး ၂နာရီလောက်ကြိုရောက်
ရင်အဆင်ပြေပါတယ်။

Check in Counter ကလေယာဉ်မထွက်မှီ ၄၅မိနစ်အလိုမှာ ပိတ််ပါတယ်။

လေယာဉ်က မနက်၁၁နာရီထွက်မယ်။
ကိုယ်က လေဆိပ်ကို မနက်၁၀:၂၀ လောက်မှ
ကောင်တာကိုရောက်ခဲ့ရင် သေချာပါတယ် လေယာဉ်
မထွက်သေးလဲပေးမဝင်တော့ပါဘူး။

လေဆိပ်ကိုတော့နောက်မကျအောင်သတိထားပါ။
ကျန်ခဲ့ရင်ကိုယ်ငွေနဲ့ပဲလတ်မှတ်အသစ်ထပ်ဝယ်ရမှာမို့ပါ။

ရန်ကုန်လေဆိပ်က Airline မှာ Check in Counter မှာ Boarding Pass ရရင် ရန်ကုန်လေဆိပ်က လဝက ကိုပေးဖို့ Departure Card တောင်းဖို့မမေ့နဲ့နော်။မေ့ခဲ့ရင် အပေါကနေ Airline ကောင်တာကိုတစ်ခေါက်ပြန်ဆင်းယူရမှာ​သေချာတယ်။

Silver Limb Travels & Tour Co.,Ltd.
=========================
☎️ 0973041335
0973191512
📨 [email protected]

 #ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင့်လည်ပတ်မည့်ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန် (၂) ============================...
24/04/2022

#ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင့်လည်ပတ်မည့်ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန် (၂)
==================================

📌ပတ်စပို့စာအုပ် (Passport)
~~~~~~~~~~~~~~~~~~~~
အာဆီယံနိူင်ငံတွေမှာ မြန်မာပတ်စပို့စာအုပ်နဲ့
အလည်ပတ်ခရီးသွားမယ်ဆို မလေးရှားနိုင်ငံကလွဲလို့ကျန်တဲ့နိူင်ငံတွေအတွက် အလည်အပတ်ဗီဇာ
လျှောက်ထားစရာ မလိုတော့ပါဘူး။
လေကြောင်းလိိုင်းနဲ့ အချိန်မရွေးလည်ပတ်နိူင်ပါပြီ။

ခရီးမသွားခင်​ မိမိပတ်​စပိုစာအုပ်ကို အနည်းဆုံး (၆လ)သက်တမ်းရှိ မရှိ အရင်စစ်ဆေးပါနော်။
ပတ်စပို့စာအုပ်လည်းရှိမယ်ဆို အနည်းဆုံး ၁၄ရက်
ထိုင်းနိူင်ငံကိုဗီဇာမလိုပဲလေယာဉ်ဖြင့် အချိန်မရွေးသွားရောက်လည်ပတ်နိူင်ပါတယ်။
ကုန်​လမ်းက​တော့ ကားနဲ့သွားလို့မရ​သေးပါဘူး။​
နောက်​ပိုင်းခွင့်ပြုမယ်​လို့​တော့ထင်​ပါတယ်​။

ဗီဇာပါရင်​​တော့ နယ်​စပ်​မြို မြဝတီ၊ မဲ​ဆောက်​က​နေ
တစ်​ဆင့်ကားနဲ့သွားနိူင်​ပါတယ်​။
ကိုယ်​တိုင်​လည်းကားနဲ့ ရန်​ကုန်​ထိုင်းသံရုံးမှာ
ဗီဇာ​လျောက်​ပြီး ဘန်​​ကောက်​ကိုအလည်​သွားဖူးပါတယ်​။​

နောက်​တစ်​ခါသွားရင်​​တော့ အ​သေးစိတ်​
ပြန်​​ရေး​ပေးပါမယ်​။​လေယဉ်​နဲ့သွားရင်​အရေးကြီးတာကသက်တမ်း ၆လရှိရပါတယ်။
မစစ်မိလို့ လေဆိပ်မှာ check in ဝင်မှသိမယ်ဆိုရင်
နေခဲ့ရမှာသေချာပါတယ်။

အဲဒါဆိုရင်ကိုယ်ဝယ်ခဲ့တဲ့ ခရီးစဉ်အတွက်
လေယဉ်လတ်မှတ် ဟိုတယ်များလည်းဆုံးရူံးရလို့
သေချာစစ်သင့်ပါတယ်။

သက်တမ်းတိုးမယ်ဆိုအနည်းဆုံး ၁၀ရက်
ကြာတတ်ပါတယ်။

ပတ်စပို့စာအုပ်မရှိသေးသူများလည်းပြည်ပခရီးသွားဖို့အစီစဉ်ရှိတယ်ဆိုရင် မှတ်ပုံတင်မူရင်း/သန်ခေါင်စာရင်းမူရင်းရှိလျှင် ကိုယ်တိုင်အချိန်မရွေး သွားလျှောက်ထားနိူင်ပါတယ်။

#မင်မင်တို့အနေနဲ့လဲဝန်ဆောင်မှုလုပ်ပေးပါတယ်😁

ထိုင်းမှာ ၁၄ရက်ထက်ပိုနေမဲ့ ခရီးသွားများ အနေဖြင့်
ရန်ကုန်ထိုင်းသံရုံးမှာ Tourist Visa လျှောက်ထားနိူင်ပါတယ်။

Touris Visa ကိုယ်တိုင်လျှောက်မယ်ဆို ဗီဇာကြေး
ဒေါ်လာ ၄၀ သံရုံးကိုပေးရပါတယ်။
နီးစပ်ရာ agent ကနေတစ်ဆင့် ဝန်ဆောင်ခပေး၍လည်းလျှောက်ထားနိူင်ပါတယ်။

#မင်မင်တို့လဲလျှောက်ပေးတယ်နော်😁

Tourist Visa သက်တမ်းက အနည်းဆုံး (၂)လ၊
ကိုင်ဆောင်ခွင့် (၃)လရပါတယ်။

Silver Limb Travels & Tour Co.,Ltd.
==========================
☎️ 0973041335 ;
0973191512.
📨 [email protected]

 #ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင့်လည်ပတ်မည့်ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန် (၁) ============================...
24/04/2022

#ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင့်လည်ပတ်မည့်ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန် (၁)
==================================

📌Show Money
~~~~~~~~~~~~
ဘန်ကောက်ပထမဆုံး အလည်ပတ်သွားတာဆိုရင်
ဘယ်နှစ်ရက်ပဲ နေနေ အနည််းဆုံး USD 700 ပြရပါတယ်။ (သို့မဟုတ်)
ဒေါ်လာ ၇၀၀ နှင့်ညီမျှတဲ့ ဘတ်ငွေ ပြရပါတယ်။
(​ဒေါလာ ၇၀၀ မပြ​မ​နေရ​တော့မဟုတ်​ပါဘူး)

​လေ​ကြောင်းလိုင်းက တစ်​ခါတစ်​​လေ​မေးတတ်​ပါတယ်​။ပတ်​စပိုစာအုပ်​ထဲမှာ အဝင်​အထွက်​တစ်ခေါက်လောက်သွားထားရင်တော့ရပါတယ်။မ​မေးပါဘူး။
စာအုပ်အသစ်လဲထားတာဆိုရင်လဲ အ​ဟောင်းရှိရင်​တွဲထားလို့ရပါတယ်​။

ရန်ကုန်မှာဆိုရင် မိမိစီးနင်းတဲ့သက်ဆိုင်ရာ​လေကြောင်းလိုင်းကပဲ မေးကျတာများပါတယ်။
Cash မပြချင်တဲ့ ခရီးသွားများက ပြည်တွင်း ဘဏ်တွေကထုတ်ပေးထားတဲ့ Visa Master Credit/ Debit ကဒ်များကိုပြနိူင်ပါတယ်။

Cardထဲမှာ​ငွေမရှိလဲစိတ်​မပူပါနှင့် ဘယ်​သူကမှ
မိမိကိုယ်​ပိုင်​ကဒ်​ကို​ငွေစာရင်းစစ်​ပိုင်​ခွင့်မရှိပါဘူး။
ထိုင်းလဝကဖက်တော့ ၁၄ ရက်ဗီဇာကင်း လွတ်ခွင့်ပေးပြီးနောက်ပိုင်း ဘယ်လေကြောင်းလိုင်းနဲ့လာလာ
Show Money ပြခိုင်းတာမရှိသလောက်ပါပဲ။

အရင်တုံးက ဗီဇာနဲ့လည်တုံးကဆို Budget Airline နဲ့
ဝင်တဲ့သူတွေဆိုအမေးခံရတတ်ပါတယ်။
အခုနောက်ပိုင်းပထမဆုံး အလည်သွားတဲ့ခရီးသည်​
တစ်​ချိူ့ကို​လေကြောင်းလိုင်းက သူတို့တာဝန်အရ
မေးတယ်လိုပဲထင်ပါတယ်။

အသွား အပြန် လေယာဉ်လတ်မှတ်လည်းပြတယ်၊
တည်းခိုရမဲ့ ဟိုတယ်လည်းပြနိူင်ရဲသားနဲ့
လေကြောင်းလိုင်းကရစ်တာမျိူးဆို သိပ်တော့သဘာဝမကျသလို သွားမဲ့ခရီးသွားအတွက်စိတ်ကသိ
ကအောက်နိူင်ရပါတယ်။

#ခရီးသွားကိစ္စများကိုအခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်

Silver Limb Travel & Tour Co.,Ltd.
=========================
☎️ 0973041335 ; 0973191512
📨 [email protected]

Address

108, 2nd Floor, 92 Street, Mingalartaungnyunt TSP
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00
Sunday 09:00 - 17:00

Telephone

+95973041335

Website

Alerts

Be the first to know and let us send you an email when Silver Limb Travel &Tour Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Silver Limb Travel &Tour Co.,Ltd:

Share

Category