Win Travel Myanmar Head Office

Win Travel Myanmar Head Office One-stop Travel Services

21/05/2026

မင်မင်တို့တည်းခဲ့တဲ့ Osaka က (၆) ယောက်နေလို့ရတဲ့ Air BNB အိမ်လေးပါ

21/05/2026

🇨🇳 တရုတ်နိုင်ငံရဲ့ အလှဆုံး အစားအသောက်နဲ့ ခရီးသွား မြို့တော်ကြီးဖြစ်တဲ့ ချံချင်းကို သွားဖို့ လေယာဉ်လက်မှတ် ရှာနေပါသလား?

🙇 ဝန်ဆောင်မှုအပြည့်နဲ့ ဈေးနှုန်းအသက်သာဆုံးဖြစ်အောင် Win Travel Myanmar က ဆောင်ရွက်ပေးနေပါသည်ရှင် ။

အခုလက်ရှိမှာတော့ အောက်ပါ Schedule အတိုင်း ချုံချင်းကို အသွားအပြန်ဈေးသက်သက်သာသာနဲ့ လေယာဉ်လက်မှတ်ကို Win Travel Myanmar မှာ ရနေပါပြီနော် ။

✅ ရန်ကုန် − ချုံချင်း 08 JUN 12:35 17:00
✅ ချုံချင်း - ရန်ကုန် 15 JUN 09:35 11:20

🧧AIR FARE - USD 300 /per person 20 KG ang hand carry 07 kg

နေရာအကန့်အသတ် ရှိတာမို့ အောက်ပါ ရက်စွဲလေးတွေကို စိတ်ဝင်စားလို့ရှိရင် အောက်ပါ ဖုန်းနံပါတ်ကို ၂၄ နာရီ အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

☎️ 09-880 156 718
☎️ 09 760 279 215

အခုပဲ ဟယ်လို လိုက်ပါရှင်

21/05/2026

"အချက်အလက်တွေ စုံနေပါလျက်နဲ့ ဗီဇာကျသွားတာမျိုး ကြုံဖူးပါသလား? အဓိက အငြင်းခံရလေ့ရှိတဲ့ လျှို့ဝှက်ချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Transit လေယာဉ်စောင့်ရတာ ဟာ တစ်ခါတလေ အရမ်းငြီးငွေ့စရာကောင်းသလို တစ်ခါတလေလည်း ခရီးစဉ်ရဲ့ ပျော်ရွှင်စရာ အစိတ်အပိုင်း တစ်ခုဖ...
20/05/2026

Transit လေယာဉ်စောင့်ရတာ ဟာ တစ်ခါတလေ အရမ်းငြီးငွေ့စရာကောင်းသလို တစ်ခါတလေလည်း ခရီးစဉ်ရဲ့ ပျော်ရွှင်စရာ အစိတ်အပိုင်း တစ်ခုဖြစ်သွားနိုင်ပါတယ် ။

🧳ပျင်းစရာမကောင်းအောင် လုပ်လို့ရမယ့် နည်းလမ်းကောင်းလေးတွေကို Win Travel Myanmar ကနေ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်ရှင်

✅ Airport Lounge တွေကို အသုံးချပါ

အကယ်၍ မိမိမှာ သက်ဆိုင်ရာနိုင်ငံတွေအလိုက် Bank Card တွေရှိရင် ဒါမှမဟုတ် Priority Pass ရှိရင် Lounge တွေထဲမှာ ဝင်ပြီး အနားယူလို့ရပါတယ်ရှင် ။

Lounge တွေမှာ Free Food & Drinks ၊ သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံတွေနဲ့ တစ်ခါတလေမှာ Shower Room တွေပါ ရှိတတ်လို့ လူလည်း အပန်းးဖြေလန်းဆန်းနိုင်ပါတယ် ။

✅ လေဆိပ်ရဲ့ Facilities တွေကို ရှာဖွေပါ

နာမည်ကြီးလေဆိပ်ကြီးတွေ (ဥပမာ - စင်ကာပူ Changi၊ အင်ချွန်း၊ ဟာမတ်ဒ်) မှာဆိုရင် ခရီးသည်တွေအတွက် စိတ်ဝင်စားစရာတွေ အများကြီးရှိပါတယ်။
• စင်ကာပူ: Jewel Changi က ရေတံခွန်နဲ့ ပန်းခြံတွေ။
• ကိုရီးယား: ယဉ်ကျေးမှုဆိုင်ရာ ပြခန်းတွေနဲ့ ဖျော်ဖြေပွဲတွေ။
• အခြား: အခမဲ့ ရုပ်ရှင်ရုံတွေ၊ ဂိမ်းဇုန်တွေနဲ့ အိပ်စက်နားနေလို့ရမယ့် Sleep Pods တွေ ရှိတတ်ပါတယ်။

✅ Transit Tour ထွက်ပါ

အကယ်၍ သင့်ရဲ့ Transit အချိန်က ၆ နာရီကနေ ၈ နာရီအထက် ကြာမယ်ဆိုရင် လေဆိပ်ထဲမှာပဲ မနေဘဲ မြို့ထဲကို ခဏထွက်ကြည့်လို့ရပါတယ် ။

( ဒါကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ Visa စည်းကမ်းချက်တွေအပေါ် မူတည်ပါတယ်။ အချို့လေဆိပ်တွေမှာ Transit ခရီးသည်တွေအတွက် အခမဲ့ City Tour တွေတောင် စီစဉ်ပေးထားတတ်ပါတယ်)

✅ Digital Entertainment စီစဉ်ထားပါ

လေဆိပ် Wi-Fi က အမြဲတမ်း အားကိုးလို့ မရနိုင်ပါဘူး။
• ခရီးမထွက်ခင်ကတည်းက Netflix က ကားတွေ ဒါမှမဟုတ် YouTube Video တွေကို Offline Download လုပ်ထားလို့ရပါတယ်ရှင် ။
• ဂိမ်းဝါသနာပါရင် Offline ဆော့လို့ရတဲ့ ဂိမ်းအသစ်လေးတွေ စမ်းကြည့်လို့ရပါတယ်။

✅ ကိုယ့်ကိုယ်ကို Refresh လုပ်ကြည့်ပါ

ခရီးရှည်သွားရတာဖြစ်လို့ လူက နွမ်းနယ်နေမှာပါ။

• မျက်နှာသစ်၊ သွားတိုက်ပြီး အဝတ်အစားလဲလိုက်တာက စိတ်ကို အများကြီး လန်းဆန်းသွားစေပါတယ်။
• လေဆိပ်ထဲမှာ လမ်းလျှောက်ပြီး Duty-Free ဆိုင်တွေ ပတ်ကြည့်တာက ခြေထောက်သွေးလေလည်ပတ်မှုအတွက်လည်း ပိုမိုကောင်းမွန်တာမို့ လုပ်သင့်တဲ့အရာထဲမှာ ပါဝင်ပါတယ်ရှင် ။

Transit စီးရင်း ပျင်းစရာမလိုအောင် အပေါ်က အချက်လေးတွေကို စမ်းကြည့်ခြင်းအားဖြင့် ပျော်စရာကောင်းသော ခရီးစဉ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ။



20/05/2026

🇲🇾 မလေးရှားမှာ ဘယ်နေရာတွေ လည်လို့ကောင်းမလဲ သိချင်ရင် Video လေးကို အဆုံးထိ ကြည့်ပေးပါနော် 🤩

🇲🇾 မလေးရှား ခရီးစဉ်လေးတွေကလစဉ်လတိုင်း ရှိတာကြောင့် ခရီးစဉ်လေးတွေနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းချင်ရင်တော့ ...

🏬 Tour Department. . .📞📞📞
☎ 𝟎𝟗 𝟕𝟔𝟎 𝟐𝟕𝟗 𝟐𝟎𝟗
☎ 𝟎𝟗 𝟕𝟔𝟎 𝟐𝟕𝟗 𝟐𝟏𝟎
☎ 𝟎𝟗 𝟕𝟔𝟎 𝟐𝟕𝟎 𝟐𝟏𝟏 သို့ ဖုန်းဆက်၍‌ဖြစ်‌စေ၊ Viber မှဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် ...

🏬 Win Travel Myanmar Head Office 🌍
🎫 Ticketing 💳 Visa Department
🛣️ အမှတ် ၁၅၅ / ၁၅၇ ၊ မြေညီထပ်၊
၅၁ လမ်း ၊ အထက်လမ်း၊ ၁၀ ရပ်ကွက်
ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် အနော်ရထာလမ်းကြား ၊ ပုဇွန်တောင်မြို့။
☎️ 09 760279213 - 15 - 24 - 28 (Ticketing)
☎️ 09 880003750 - 51 - 52 (Visa)

🏬 WIN Travel Myanmar Sanchaung Branch 🌍
🏬 Tour Department
🛣️ အမှတ် (၄-မြေညီထပ်)၊ ခေမာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ 09 760279209 - 210 - 211 (Tour Department)

Week 3: 🇹🇼 Taiwan Visa လျှောက်ထားခြင်းဆိုင်ရာ လမ်းညွှန်ချက် (၂၀၂၆)တိုင်ဝမ်ဗီဇာလျှောက်ထားရာမှာ အဓိကအားဖြင့် Travel Author...
16/05/2026

Week 3: 🇹🇼 Taiwan Visa လျှောက်ထားခြင်းဆိုင်ရာ လမ်းညွှန်ချက် (၂၀၂၆)
တိုင်ဝမ်ဗီဇာလျှောက်ထားရာမှာ အဓိကအားဖြင့် Travel Authorization Certificate (TAC) လို့ခေါ်တဲ့ Online အခမဲ့လျှောက်လွှာနဲ့ Visitor Visa ဆိုပြီး (၂) မျိုးရှိပါတယ်။

၁။ Travel Authorization Certificate (TAC) လျှောက်ထားခြင်း
မြန်မာနိုင်ငံသားတွေအနေနဲ့ အောက်ပါအချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီရင် တိုင်ဝမ်ကို ဗီဇာမလိုဘဲ Online ကနေ အခမဲ့ လျှောက်ပြီး သွားရောက်နိုင်ပါတယ်။

သတ်မှတ်ချက်များ:

အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန် သို့မဟုတ် EU (Schengen) နိုင်ငံတစ်ခုခုရဲ့ Valid Visa (သို့မဟုတ်) သက်တမ်းကုန်တာ (၁၀) နှစ်မကျော်သေးတဲ့ ဗီဇာရှိထားသူဖြစ်ရပါမယ်။

Passport သက်တမ်း အနည်းဆုံး (၆) လရှိရပါမယ်။

အသွားအပြန် လေယာဉ်လက်မှတ် ရှိရပါမယ်။

ခံစားခွင့်: နေထိုင်ခွင့် (၁၄) ရက်၊ ဗီဇာသက်တမ်း (၃) လ (Multiple Entry)။

လျှောက်ထားရန်: https://www.roc-taiwan.org/in_en/post/1026.html မှာ Online Form ဖြည့်ရုံပါပဲ။

၂။ Visitor Visa (ရိုးရိုး Tourist Visa) လျှောက်ထားခြင်း
အထက်ပါ TAC နဲ့ မကိုက်ညီသူများ (သို့မဟုတ်) အလုပ်ကိစ္စ၊ ဆေးကုသမှု စတာတွေအတွက် သွားမယ့်သူတွေကတော့ ရန်ကုန်မြို့ရှိ Taipei Economic and Cultural Office (TECO) မှာ လူကိုယ်တိုင် လျှောက်ထားရမှာဖြစ်ပါတယ်။

📋 လိုအပ်သောစာရွက်စာတမ်းများ
Passport: သက်တမ်းအနည်းဆုံး (၆) လရှိရပါမယ်။

Visa Application Form: Online မှာ အရင်ဖြည့်ပြီး Print ထုတ်ကာ လက်မှတ်ထိုးထားရပါမယ်။

ဓာတ်ပုံ: (၆) လအတွင်းရိုက်ထားသော (၂) လက်မပတ်လည် နောက်ခံအဖြူ (၂) ပုံ။

ငွေကြေးအထောက်အထား (Bank Statement): နောက်ဆုံး (၃) လစာ ပြရပါမယ်။ (တစ်လချင်းစီရဲ့ လက်ကျန်ငွေသည် သိန်း 100 အောက် မလျော့စေရန် အရေးကြီးပါတယ်)။

အလုပ်အကိုင်ထောက်ခံစာ: ကုမ္ပဏီမှ ထောက်ခံစာ (သို့မဟုတ်) လုပ်ငန်းလိုင်စင် မိတ္တူ။

Trip Itinerary: တိုင်ဝမ်မှာ ဘယ်သွားမယ်၊ ဘယ်ဟိုတယ်မှာ တည်းမယ်ဆိုတဲ့ အစီအစဉ်။

လေယာဉ်လက်မှတ်: အသွားအပြန် Booking။

၃။ လျှောက်ထားရန် အဆင့်ဆင့် (Process)
Online Form ဖြည့်ခြင်း: https://visawebapp.boca.gov.tw/ မှာ အချက်အလက်တွေ ဖြည့်သွင်းပါ။

Appoinment ယူခြင်း: Online မှ Form အရင်ဖြည့်ပြီးနောက် Mon to Fri မနက် ၉နာရီမှ ၁၁နာရှိအတွင်း Application form တင်ရမှာဖြစ်ပါတယ်။

ဗီဇာကြေးပေးဆောင်ခြင်း: Single Entry: USD 50

Express Service (အမြန်): ထပ်ဆောင်းခ ထပ်ပေးရနိုင်ပါတယ်။

စောင့်ဆိုင်းချိန်: ပုံမှန်အားဖြင့် ရုံးဖွင့်ရက် (၅) ရက်မှ (၁၀) ရက်ခန့် ကြာမြင့်တတ်ပါတယ်။

📍 တိုင်ဝမ်သံရုံး (TECO) လိပ်စာ
Address: No. 97/101A, Dhammazedi Road, Kamayut Township, Yangon.

Office Hours: တနင်္လာ မှ သောကြာ (နံနက် ၈:၃၀ - ၁၂:၃၀၊ နေ့လယ် ၁:၃၀ - ၅:၃၀)။

💡 Tips: > * တိုင်ဝမ်ဗီဇာက စည်းကမ်းချက် တိကျတာကြောင့် စာရွက်စာတမ်းတွေကို သေချာစစ်ဆေးဖို့ လိုပါတယ်။

15/05/2026

Singapore Arrival Form မိနစ်ပိုင်း အတွင်း ဘယ်လိုဖြည့်ရမလဲ ?
အောက်ပါ ဗီဒီယိုလေးမှာ အသေးစိတ် ပြောပြပေးထားတာမို့ ကြည့်ရူပေးကြပါအုံးရှင်




🌍 WIN TRAVEL MYANMAR ရဲ့ အမာခံ ခရီးသွားဧည့်သည်များနှင့် နောက်ထပ် နောက်ထပ် အသစ်အသစ်သော Customers များအတွက် အဆက်မပြတ်သွားစ...
15/05/2026

🌍 WIN TRAVEL MYANMAR ရဲ့ အမာခံ ခရီးသွားဧည့်သည်များနှင့် နောက်ထပ် နောက်ထပ် အသစ်အသစ်သော Customers များအတွက် အဆက်မပြတ်သွားစေရန် 🌍Win Travel Myanmar မှ အောက်တွင် ဖော်ပြထားသော Channel လေးများနှင့် ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ် ...
👉နောက်ထပ် ခရီးစဉ်များနှင့် သတင်း အချက်အလက်များကို ဖော်ပြထားသော Channel များမှလည်း ထပ်မံ ဝေမျှပေးမှာမို့ subscribed လုပ်၍ သော်လည်းကောင်း Join ထားခြင်းဖြင့် စောင့်မျှော်ကြည့်ရှု့ပေးကြပါလို့ သတင်းကောင်းပါးအပ်ပါတယ်....🤗🤗🤗

👉 Telegram Channel !
https://t.me/wintravelmyanmar

👉 Viber Channel !
https://invite.viber.com/...

👉 Tiktok Channel !
https://www.tiktok.com/.travel.myanma?_r=1&_t=ZS-96NVq6xd579

https://www.tiktok.com/?_r=1&_t=ZS-96NVdDtvxek

👉 Instagram Channel !
https://www.instagram.com/win_travel_myanmar/

👉 Youtube Channel !
https://www.youtube.com/

👉 Facebook Channel !
https://www.messenger.com/channel/wintravelmyanmarsanchaung

✈ ခရီးစဉ် / ဗီဇာဝန်ဆောင်မှု / လေယာဉ်လက်မှတ် စတဲ့ ဝန်ဆောင်မှု အားလုံးအတွက် အသေးစိတ် သိရှိလိုပါက အောက်ပါ ဖော်ပြထားသော ဖုန်းနံပါတ်များကို တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ် ...

☎️ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်
☎️ 09 760279213 - 15 - 24 - 28 (Ticketing)

☎️ပြည်တွင်းပြည်ပ ခရီးစဉ်၊
☎️ 09 760279209 - 210 - 211 (Tour Department)

☎️ နိုင်ငံတကာဗီဇာ နှင့် ခရီးသွားအာမခံ
☎️ 09 880003750 - 51 - 52 (Visa)

🚨 အရေးကြီး အသိပေးကြေညာချက် 🚨​ချစ်ခင်ရသော 🌍 Win Travel Myanmar ရဲ့ ဧည့်သည်တော်များရှင့် ... 🌍 ​Win Travel Myanmar မှ စီစဉ...
14/05/2026

🚨 အရေးကြီး အသိပေးကြေညာချက် 🚨

​ချစ်ခင်ရသော 🌍 Win Travel Myanmar ရဲ့ ဧည့်သည်တော်များရှင့် ...

🌍 ​Win Travel Myanmar မှ စီစဉ်သော ခရီးစဉ်များအတွက် ငွေပေးချေမှုများ ပြုလုပ်ရာတွင် ကုမ္ပဏီ၏ နာမည်ဖြင့်ဖွင့်ထားသော တရားဝင် 🏦 Company Bank Account များသို့သာ လွှဲပြောင်းပေးချေရန် အထူး(အထူး) မေတ္တာရပ်ခံ အသိပေးအပ်ပါတယ်။

​⚠️ အထူးသတိပြုရန် 🔊🔊🔊

👉 အခြားသော ပုဂ္ဂိုလ်ရေးအမည်များ (သို့မဟုတ်) ပြင်ပဘဏ်အကောင့်များသို့ လွှဲပြောင်းပေးချေမှုများကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဆုံးရှုံးမှု ပြဿနာများအတွက် 🌍 Win Travel Myanmar မှ လုံးဝ (လုံးဝ) တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်းကို ကြိုတင်အသိပေးအပ်ပါတယ်။ ငွေမလွှဲမီ အကောင့်အမည်မှန်ကန်မှုရှိမရှိကို သေချာစွာ စစ်ဆေးပေးကြပါရန် (အထူး) မေတ္တာရပ်ခံပါတယ်။

✈️ ​ခရီးစဉ်များနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းမေးမြန်းလိုသည်များ ရှိပါက ကျွန်မတို့ရဲ့ Page Messenger မှတစ်ဆင့်ဖြစ်စေ၊ ဖော်ပြပါဖုန်းနံပါတ်များမှဖြစ်စေ ဆက်သွယ်နိုင်သလို 🌍 Win Travel Myanmar ရုံးသို့လည်း လူကိုယ်တိုင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

🤝 ​ယုံကြည်စိတ်ချစွာဖြင့် အစဉ်အမြဲ လက်တွဲပေးကြတဲ့ ဧည့်သည်တော်များအားလုံးကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင် 🙏

🏬 Win Travel Myanmar Head Office 🌍
🎫 Ticketing 💳 Visa Department
🛣️ အမှတ် ၁၅၅ / ၁၅၇ ၊ မြေညီထပ်၊
၅၁ လမ်း ၊ အထက်လမ်း၊ ၁၀ ရပ်ကွက်
ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် အနော်ရထာလမ်းကြား ၊ ပုဇွန်တောင်မြို့။
☎️ 09 760279213 - 15 - 24 - 28 (Ticketing)
☎️ 09 880003750 - 51 - 52 (Visa)

🏬 WIN Travel Myanmar Sanchaung Branch 🌍
🏬 Tour Department
🛣️ အမှတ် (၄-မြေညီထပ်)၊ ခေမာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ 09 760279209 - 210 - 211 (Tour Department)

🏬 Office Hour ⏳
⏳ Monday to Friday : 9:00 Am to 5:00 Pm
⏳ Saturday : 9:00 Am to 1:00 Pm

🎉 Congratulations to Our Successful Travelers! 🇯🇵ဗီဇာရရှိသွားသူများအားလုံး ဂျပန်နိုင်ငံမှာ ပျော်ရွှင်စရာကောင်းပြီး အမှတ်...
13/05/2026

🎉 Congratulations to Our Successful Travelers! 🇯🇵

ဗီဇာရရှိသွားသူများအားလုံး ဂျပန်နိုင်ငံမှာ ပျော်ရွှင်စရာကောင်းပြီး အမှတ်တရများစွာနဲ့ ပြည့်နှက်နေမယ့် ခရီးစဉ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဘေးကင်းလုံခြုံစွာဖြင့် ခရီးသွားနိုင်ကြပါစေ။ ✈️🌸

#ဗီဇာဝန်ဆောင်မှု

13/05/2026

တရုတ်နိုင်ငံခရီးစဉ်များအကြောင်းအရာလေးကို ဒီ Video လေးမှာ တင်ဆက်ပေးထားပါတယ်ရှင်

Address

No-155/157. 51 Street (Upper Block). Pazundaung Township. Yangon
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959429555855

Alerts

Be the first to know and let us send you an email when Win Travel Myanmar Head Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Travel Myanmar Head Office:

Share

Category