19/08/2026
✈️ လေယာဉ်ခရီး မထွက်ခင် ဒီအချက်လေးတွေ သိထားပြီးပြီလား?
Hand Carry (Cabin Baggage) ထဲမှာ ဘာတွေယူလို့ရလဲ❓
ဘာတွေယူလို့မရဘူး❓
Power Bank ကို ဘယ်အိတ်ထဲထည့်ရမလဲ❓
ဒီမေးခွန်းတွေရဲ့ အဖြေကို ပုံထဲမှာ အလွယ်တကူ ကြည့်ရှုနိုင်အောင် ဖော်ပြပေးထားပါတယ်နော်🙊
ခရီးမထွက်ခင် တစ်ချက်လောက် ဖတ်ထားရုံနဲ့ Security Check မှာ အချိန်ကုန်သက်သာပြီး ခရီးစဉ်ကို ပိုမိုအဆင်ပြေစေမှာပါ။
📌 ဒီ Information လေးကို Save ထားပြီး ခရီးသွားမယ့် မိတ်ဆွေများကိုလည်း Share ပေးလိုက်ပါနော်⭐
လေယာဉ်ခရီးစဉ်ကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်
Hand Carry (Cabin Baggage) နှင့် Checked Baggage (Cargo) ထဲတွင် မည်သည့်ပစ္စည်းများ ယူဆောင်နိုင်ပြီး မည်သည့်ပစ္စည်းများ ယူဆောင်ခွင့်မရှိသည်ကို ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။
✅ Hand Carry (Cabin Baggage) ထဲ ယူဆောင်နိုင်သည်
• Passport နှင့် အရေးကြီးစာရွက်စာတမ်းများ
• Mobile Phone၊ Laptop၊ Tablet
• ငွေသားနှင့် တန်ဖိုးကြီးပစ္စည်းများ
• Power Bank (Hand Carry ထဲတွင်သာ)
• 100 ml အောက် Liquid များ (International Flights)
❌ Hand Carry (Cabin Baggage) ထဲ မယူဆောင်ရ
• ဓား၊ Cutter၊ ကတ်ကြေးနှင့် ချွန်ထက်သောပစ္စည်းများ
• သေနတ်၊ လက်နက်နှင့် ကျည်ဆန်များ
• မီးရှူးမီးပန်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ
• ဓာတ်ဆီ၊ Gas ဘူးနှင့် မီးလောင်လွယ်သောပစ္စည်းများ
• 100 ml ထက်ပိုသော Liquid များ (International Flights)
❌ Checked Baggage (Cargo) ထဲ မထည့်ရ
• Power Bank
• Spare Lithium Batteries
• ပေါက်ကွဲစေတတ်သောပစ္စည်းများ
• အန္တရာယ်ရှိသော ဓာတုပစ္စည်းများ
Safe Travel Starts with Smart Packing! ✈️
လုံခြုံစိတ်ရသော ခရီးစဉ်နှင့်နွေးထွေးပျူငှာစွာဖြင့် စိတ်သက်သာစွာ ခရီးလမ်းတစ်လျှောက် အမှတ်တရတွေဖန်တီးဖို့ WypBagan Travels and Tours ကဝန်ဆောင်မှုပေးဖို့အသင့်ပါပဲရှင့် 🥰💕
Telephone ☎️ : 09260043977 , 09964135345 , 09775733345
Messenger. : https://www.facebook.com/wypbagan
Viber : 0943135345
Telegram. : https://t.me/wypbagantravel
Address 🏠 - No.271, 13th Street, 3rd Block, Ngwe Kyar Yan Avenue, South Oakalapa Township Yangon