12/12/2022
လေယာဉ်စီးရင် ဘာကြောင့် အစောကြီး Check in ဝင်ရတာလဲ???
လေယာဉ်မှူးကြီး ရှင်းပြထားတဲ့
ကပ်မှမလာပါနဲ့ခင်ဗျာ
~~~~~~~~~~~~~~~
တစ်နေ့မှာကျနော်ရန်ကုန်-မြိတ်ခရီးစဉ်တစ်ခု
ကိုခရီးသည်အဖြစ်လိုက်ပါရန် မိမိစီးမည့်ခရီး
စဉ်အတွက်သက်ဆိုင်ရာ check in ကောင်တာ
မှာ check in လုပ်နေချိန်ဘေးကအဲလိုင်းတစ်ခု
မှာcheck in ကောင်တာပိတ်ချိန်ကျော်မှရောက်
လာသောခရီးသည်နှစ်ဦးရဲ့ ပွစိဆူညံသံတွေ
ကြောင့်နားစွင့်လိုက်တာ”….လေယာဉ်မှမထွက်
သေးတာ..နင်တို့တင်ပေးရင်ရတာပဲ”ဘာညာ
…..ဘလာဘလာ….ပေါ့…
တကယ်တော့ သူတို့ပြောသလောက်မလွယ်
ပါဘူးဆိုတာလေးရှင်းပြချင်ပါတယ်…..
ကျနော်တို့ လေယာဉ်များသည်မိမိတို့ထွက်ချိန်
တွေကိုATC (air traffic control center)သို့
ကြိုတင် တင်ပြတောင်းခံထားပြီးသားဖြစ်လို့
မိမိတို့တင်ပြထားတဲ့အချိန်မထွက်နိုင်လျှင်
သူများလေယာဉ်တွေထွက်ပြီးမှ (အခြားလေ
ယာဉ်များလည်းသူတို့သတ်မှတ်ချိန်ထွက်ရတာ
ပါ)ကိုယ့်အလှည့်ပြန်ရောက်တဲ့အထိစောင့်ဆိုင်း
ရပါတယ်။ဘယ်လောက်စောင့်ရမလဲဆိုတာမိမိ
အနောက်မှာထွက်ခွါမည့်လေယာဉ်အနည်းအများ
အပေါ်မူတည်ပြီး ကြာနိုင်ပါတယ်။
ဒါကြောင့်လေယာဉ်မှူးကြီးများသည်မိမိရဲ့ထွက်
ခွါရမည့်အချိန် (departure time)ထွက်နိုင်ဖို့
ကြိုးစားရပါတယ်။
ဒီတော့မေးစရာရှိပါတယ်..အချိန်ကပ်မှလာ
တော့ရောဘာဖြစ်လဲ..လေယာဉ်မတက်မီအချိန်
မီရောက်တာပဲလို့ပြောချင်ပြောလို့ရပါတယ်….
တကယ်တော့ လေယာဉ်ဆိုသည်မှာလူစုံပြီဟေ့.
တခါးပိတ်၊စက်နိုးပြီးထွက်ရတာမျိုးမဟုတ်ဘူး
ဗျ။ တစ်ခေါက်တက်တိုင်း မြေပြင်ဝန်ထမ်းများက လေယာဉ်ပေါ်တင်သွားမည့် အမှန်တကယ် weight အလေးချိန်ကို အတိအကျတွက်ပြီး
Load sheet မှာစုစုပေါင်းလူကဘယ်နှစ်ယောက်
နှင့်ခရီးဆောင်အိတ်တွေရဲ့အလေးချိန်၊ အထူးစ
ပါယ်ရှယ်သယ်သွားရမည့်ပစ္စည်းကဘယ်နှစ်မျိုး၊
(ဘယ်နှစ်ခု၊ ဘယ်နေရာမှာထားတယ်..ဥပမာ
လက်နက်ခဲယမ်း)အသေးစိတ်စာရင်းပြုစုရသ
လိုအဲဒီလူပစ္စည်းတွေကိုဘယ်နေရာမှာဘယ်လို ၊ဘယ်လောက်နှင့်လေယာဉ်ရဲ့ဘယ်အပိုင်းမှာထား
ရမယ်ဆိုတာတွေတွက်ချက်၊အဲလိုထားလိုက်ရင်
လေယာဉ်ရဲ့ CG center of gravity ကဘယ်
နေရာကိုရွှေ့သွားလို့ ရာခိုင်နှုန်းဘယ်လောက်
ဖြစ်သွားတယ်ဆိုတာတွက်ချက်ပေးရပါတယ်။
အဲလ်ိုတွက်ချက်ထားတဲ့Load sheetတစ်စောင်
ရဖို့အတွက် ကောင်တာပိတ်ပြီးမှ နောက်ထပ်လူ၊
ပစ္စည်းထပ်မရောက်လာမှရေးဆွဲလို့ရပါတယ်။
အဲလိုမဟုတ်ပဲတစ်ယောက်လာလိုက်ပိတ်လိုက်
နောက်တစ်ယောက်လာလိုက်ပိတ်လိုက်ဆွဲလိုက်
ဆိုတာမျိုးလွယ်လွယ်ကူကူလုပ်လို့မရပါဘူး။
ဒါကြောင့်လေယာဉ်ထွက်ခွါမည့်အချိန်မရောက်
မီနှစ်နာရီအရောက်လာဖို့ချိန်းတတ်ကြပါတယ်။
နှစ်နှာရီကြိုခေါ်ရတဲ့အကြောင်းကလည်းမိမိလို
အခြားခရီးသည်များရှိသလို လဝကစစ်ဆေးခံ
ခြင်း၊အကောက်ခွန်စစ်ဆေးခံခြင်း၊ မိမိတို့ခရီး
ဆောင်အိတ်များ x-ray စက်များဖြင့်စစ်ဆေး
ခြင်း၊သတ်မှတ်နေရာရောက်အောင်ပို့ပေးခြင်း
တို့ကိုတစ်ဆင့်ခြင်းဆောင်ရွက်ရတာကြောင့်ဖြစ်
ပါတယ်။
ပြည်တွင်းလေယာဉ်အများစုကလေယာဉ်ထွက်
ချိန် မတိုင်မီ မိနစ်(၃၀) သို့မဟုတ် (၄၅) မိနစ်
အလိုမှာ ကောင်တာပိတ်တတ်ပါတယ်။
နိုင်ငံတကာလေဆိပ်တွေမှာတော့တစ်နာရီ
တစ်နာရီခွဲကြိုပြီးကောင်တာပိတ်တတ်ပါတယ်။
ချွင်းချက်အနေနဲ့ LMC ဆိုတဲ့ last minute change ဆိုတာတော့ရှိတာပေါ့။ သို့သော်
LMC ကိုCaptainကလက်ခံမှတင်လို့ရပါတယ်။
အချို့ခရီးသည်တွေကကောင်တာပိတ်ချိန်ထက်
နောက်ကျမှလည်းလာသေးတယ်.. လေယာဉ်မှ
မထွက်သေးတာ..ငါကဘာလို့လိုက်လို့မရတာလဲ
ဆိုတဲ့ ကော်ပလိန်း တက်တာတွေအများကြီးကြုံ
ဖူးပါတယ်။
အကြမ်းဖျဉ်းအချိန်တွက်ချက်မှု
———————————————
-Departure time လေယာဉ်ထွက်ခွါချိန်0000
-Cabin crew စစ်ဆေးပြင်ဆင်ချိန်(၁၀မိနစ်-၂၀မိနစ်)0000-20=2340
-Boarding time ခရီးသည်တင်ချိန်(၁၅မိနစ်-၂၅မိနစ်)2340-20=2320
-Load sheet ရောက်ချိန်..(၅မိနစ်-၁၀မိနစ်)
2320-10=2310
-Check in-ကောင်တာပိတ်ချိန် - 2300
အဲဒါကြောင့် လေယာဉ်ထွက်ချိန်မတိုင်မီကောင်
တာစောပိတ်ရခြင်းဖြစ်ပါတယ်…
အခုတင်ပြတဲ့အချိန်တွက်ချက်မှုများသည် medium weight aircraft ကိုအခြေခံပြီး ကျနော်အတွေ့အကြုံအရတင်ပြခြင်း
ပါ။ လေယာဉ်အကြီးအသေးပေါ်မူတည်၍သော်
လည်းကောင်း၊အခြားသောပုံမှန်မဟုတ်သော
အကြောင်းများကြောင့်လည်းကောင်းပြောင်းလဲ
မှုရှိပါသည်။
ကျနော်သတိထားမိသလောက်အထူးသဖြင့်
နယ်ကွင်းတွေမှာဖြစ်ပါတယ်။
ခရီးသည်အများစုကလေယာဉ်ဆင်းခါနီးအချိန်
ကျမှလေယာဉ်ကွင်းကိုအချိန်ကပ်ပြီးလာကြပါ
တယ်။ အခုဆိုပိုတောင်ဆိုးလာကြတယ်။
Flight tracker app (flight radar 24) တွေသုံး
ပြီးလေယာဉ်ဆင်းခါနီးမှလာကြတာတွေရှိပါတယ်။ အထူးသဖြင့် အချို့သောVIP ပုဂ္ဂိုလ်များ
နှင့် ငွေကြေးပြည့်စုံသူများဖြစ်ကြပါတယ်။
(သို့သော်ထိုပုဂ္ဂိုလ်များသည်ပင်လျှင်နိုင်ငံခြား
တိုင်းပြည်များတွင်သတ်မှတ်ချိန်ထက်ပင်စော
၍လေယာဉ်ကွင်းရောက်တတ်ကြပါတယ်)
ကျနော်သတိထားမိသလောက်ပြောရရင်
KBZ Bank , MAI & Air KBZ တို့ရဲ့
“နယကကြီးဦးအောင်ကိုဝင်း” သည်
အမြဲတမ်း သတ်မှတ်ချိန်ထက်ပင်စော၍လေဆိပ်
သို့ရောက်နေတတ်ပါတယ်။လေးစားစရာကောင်း
တဲ့အချက်ပါ။ အချိန်နဲ့ အလုပ်လုပ်နေတဲ့သူများ
ကိုအလေးထားတဲ့သဘောပါ။ သူနောက်ကျမှလာရင်တောင်စောင့်ပေးကြမှာပါပဲ။ သို့သော်ကျနော်
Air KBZ မှာ (၈) နှစ်လုပ်ခဲ့ပါတယ်။
ကျနော်ဖလိုက်နှင့်အခေါက်ပေါင်းများစွာသူ
လိုက်ဖူးပါတယ်။ တစ်ခါမှစောင့်ရတယ်ဆိုတာ
မရှိခဲ့ပါဘူး။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လုပ်
ငန်းများအဆင်ပြေချောမွေ့မှု၊ အထူးသဖြင့်
Customer Service လုပ်ငန်းကိုအလွန်ကျွမ်း
ကျင်သောပုဂ္ဂိုလ်တစ်ဦးပီပီ “အချိန်နှင့်အလုပ်”
အပေါ်လေးစားသူမို့ယနေ့အထိလေးစားလျက်
ရှိပါတယ်။
ဒါကြောင့်မိမိတို့လည်းသွားလိုတဲ့ခရီးစဉ်လေး
မှာစိတ်အနှောက်ယှက်ကင်းပြီးသာယာပျော်ရွှင်
ချမ်းမြေ့သောခရီးလေးဖြစ်ရအောင်၊ မိမိတို့ကို
ဝန်ဆောင်မှုပေးရသောဝန်ထမ်းများလည်းအချိန်
မီဖို့မိမိစီးနင်းလိုက်ပါမည့်လေယာဉ်လည်းအချိန်
မီထွက်ခွါနိုင်ဖို့လေယာဉ်ကွင်းသို့အချိန်မီသွား
ပေးဖို့ အများအတွက်ပူပေါင်းဆောင်ရွက်ပေးကြ
ပါရန်မေတ္တာရပ်ခံအပ်ပါတယ်။ အခုလောက်ဆို
ခရီးသည်များနားလည်လောက်ပြီလို့ယူဆပါ
တယ်။
တွေးမိတွေးရာ
11122022
0937