Precious Miles Travel & Tours

Precious Miles Travel & Tours Precious Miles Travel & Tours provides International & Domestic Air Ticketing, Hajj & Umrah and other travel services.

19/11/2020

အမေရိကန် ကိုဗစ် ကာကွယ်ဆေး အသက် ၆၅ အထက်တွေမှာ ၉၄ ရာနှုန်း ထိရောက်မှုရှိ
‐--------------
အမေရိကန် ကုမ္ပဏီ ဖိုင်ဇာနဲ့ ဂျာမန် ကုမ္ပဏီ ဘိုင်အွန်တက်တို့ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၆၅ နှစ်အထက်တွေမှာ ၉၄ ရာခိုင်နှုန်း ကာကွယ်နိုင်တာတွေ့ရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

စမ်းသပ်ဆဲ အချက်အလက်တွေကို ကုမ္ပဏီတွေက ထပ်ထုတ်ပြန်ချက်အရ အဲဒီဆေးဟာ မတူတဲ့ အသက်နဲ့ လူမျိုး အုပ်စု တွေကြားမှာ ကာကွယ်ပေးနိုင်မှု အတူတူပဲလို့ သိရပါတယ်။

အခုအခါမှာ ဒီဆေးကို အမေရိကန် နိုင်ငံတွင်း အသုံးပြုနိုင်ဖို့ အရေးပေါ် အသုံးပြုခွင့် လျှောက်ထားမယ်လို့ ကုမ္ပဏီတွေက ပြောပါတယ်။

ဒီရလဒ်ဟာ ကမ္ဘာတစ်ဝန်းက လူ ၄၁၀၀၀ ကျော်မှာ ဆေးနှစ်ကြိမ်ပေးပြီး ရလာတဲ့ အချက်တွေကို အခြေခံထားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖိုင်ဇာနဲ့ ဘွန်အွန်တက်တို့က ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ကြားဖြတ်ရလဒ်တွေကို ထုတ်ပြန်ခဲ့ကြပြီး လူတွေကို အန္တရာယ်ရှိနိုင်မှု မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

အဲဒီနောက် အမေရိကန် ကုမ္ပဏီ မိုဒါးနားကလည်း ၉၅ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်တဲ့ သူတို့ကာကွယ်ဆေးရဲ့ အချက်လက်အလက်တွေကို ကြေညာခဲ့ပါတယ်။

ဖိုင်ဇာနဲ့ ဘိုင်အွန်တက်တို့ လူ ၁၇၀ မှာ ၈ ဦးကို ကာကွယ်ဆေးပေးတဲ့ အုပ်စုတစ်စုမှာ စမ်းသပ်မှုကို အခြေခံထားတဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အချက်အလက်အရ ကာကွယ်ဆေးဟာ ၉၅ ရာခိုင်နှုန်း ထိရောက်တယ်လို့ သိရပါတယ်။

ဒီဆေးဟာ ဆိုးဆိုးရွားရွား ဘေးထွက်ဆိုးကျိုးသက်ရောက်မှု မရှိသေးဘူးလို့ ကုမ္ပဏီတွေက ပြောပါတယ်။

ဒါပေမဲ့ ခေါင်းကိုက်တာ၊ နုံးချိပင်ပန်းတာ တွေကို ဆေးထိုးစမ်းသပ်ခံသူ ၂ ရာခိုင်နှုန်းလောက်မှာ သတိထားမိတယ်လို့ ပြောပါတယ်။

ဒီစမ်းသပ်မှုထဲက ၄၂ ရာခိုင်နှုန်းက မတူတဲ့ လူမျိုးတွေ ဖြစ်ပြီး ၄၁ ရာခိုင်နှုန်းက အသက် ၅၆ နှစ်နဲ့ ၈၅ နှစ်ကြားတွေ ဖြစ်ပါတယ်။

တရုတ်ကိုဗစ်ကာကွယ်ဆေး အောင်မြင်မှုတွေ့ရ
အမေရိကန်ကိုဗစ် ကာကွယ်ဆေးသစ် ၉၅ ရာခိုင်နှုန်း နီးပါး ထိရောက်မှု ရှိတယ်လို့ ဖော်ပြ

ပထမဆုံး ကိုဗစ်ကာကွယ်ဆေး လူ ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်စမ်းသပ်မှုကို ဆက်လုပ်နေဆဲဖြစ်ပြီး ဆေးရဲ့ စိတ်ချရမှုနဲ့ ထိရောက်မှု အချက်အလက်တွေကို နောက်ထပ် နှစ်နှစ်ဆက်ပြီး မှတ်တမ်းပြုစုနေမှာ ဖြစ်ပါတယ်။

ဒီဆေးကို အမေရိကန်၊ ဂျာမနီ၊ တူရကီ၊ တောင်အမေရိက၊ ဘရာဇီးနဲ့ အာဂျင်တီးနားနိုင်ငံတို့က စမ်းသပ်ခန်း ၁၅၀ မှာ စမ်းသပ်နေပါတယ်။

အဲဒီကုမ္ပဏီနှစ်ခုက ဒီနှစ်မှာ ဆေး သန်း ၅၀ နဲ့ နောက်နှစ် အကုန်မှာ ဆေး ၁.၃ ဘီလျံ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

ယူကေက အဲဒီဆေး သန်း ၄၀ ကြိုတင်မှာယူထားပြီး ဒီနှစ်အကုန်မှာ ဆေး ၁၀ သန်း ရ ဖွယ် ရှိပါတယ်။

Crd: Burmese

Oct 15 မှ စတင်၍Tests & Care AYA Center ​တွင် Covid 19 လက္ခဏာ ခံစား​နေရ​သူများကို Swab Tests စတင်စစ်​ဆေး​ပေး​နေပါပြီ။~~~~...
20/10/2020

Oct 15 မှ စတင်၍Tests & Care AYA Center ​တွင် Covid 19 လက္ခဏာ ခံစား​နေရ​သူများကို Swab Tests စတင်စစ်​ဆေး​ပေး​နေပါပြီ။
~~~~~~~~~~~~~~~~
နံနက် ၈နာရီမှ ည​နေ ၆နာရီအထိ

စင်တာအနီးအနားရှိ မြို့နယ်များဖြစ်သည့်
သင်္ဃန်းကျွန်းမြို့နယ်၊
မင်္ဂလာတောင်ညွန့် ၊
ရန်ကင်း၊
တာမွေမြို့နယ်နှင့်
တောင်ဥက္ကလာမြို့နယ်ရှိ Covid-19 ရောဂါလက္ခဏာများကို ခံစားနေရသည့် အများပြည်သူများကို စတင်စစ်​ဆေး​ပေး​နေပါပြီ။

စစ်​ဆေးမှုခံယူရန်အတွက် Website မှ တဆင့် ကြိုတင်၍ register ပြုလုပ်ထားရမည်ဖြစ်ပြီး စစ်ဆေးမှုခံယူရမည့် သူများထံသို့ QR Code၊ Patient ID နှင့် လာရောက်စစ်ဆေးရမည့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်၏ ဖုန်းနံပါတ်သို့ အချိန်နှင့်တပြေးညီ SMS ပေးပို့သွားမည်ဖြစ်ပါသည်။ (Center ​တွင် register ပြုလုပ်သည့်ဝန်​ဆောင်မှု​ပေးသွားမည်မဟုတ်ပါ။)

စစ်ဆေးမှုခံယူမည့်သူသည် သတ်မှတ်ပေးထားသော နေ့ရက်၊ အချိန်အတိအကျအတိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ Tests & Care ဧရာဝတီစင်တာသို့ ဝန်ထမ်းကတ် (သို့) မှတ်ပုံတင်နှင့်အတူ လာရောက် စစ်ဆေးမှုခံယူရမည်ဖြစ်ပါသည်။

စာရင်းပေးသွင်းရမည့် ဝက်ဘ်ဆိုက်
https://bit.ly/36UvIss
𝗛𝗼𝘁𝗹𝗶𝗻𝗲𝘀: 𝟬𝟭𝟰𝟳𝟬𝟱𝟱𝟱𝟱
Crd: AYA Foundation

FYI
30/08/2020

FYI

Eid Mubarak.عيد مبارك
23/05/2020

Eid Mubarak.
عيد مبارك

24/03/2020

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည် ဟု သံသယရှိပါက မြန်မာပြည်အတွင်း အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

Public Health Emergency Operation Center (ပြည်သူ့ကျန်းမာရေး အရေးပေါ်တုန့်ပြန်ရေး ဌာန) 067- 3420268

Yangon Regional Department of Public Health (ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန) 09-449001261, 09-794510057

Mandalay Regional Department of Public Health (မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန) 09-2000344, 09-43099526

Yangon Airport Health Quarantine Unit 09-799983833

Crd

Be alert, မြန်မာနိုင်ငံမှာ COVID 19 ​ရောဂါ​ရှိသူ ၂ဦး ​တွေ့ရှိပါသည်။အားလုံးဘဲ ဂရုစိုက်ကြပါ။ 😥 COVID-19 ရောဂါ စောင့်ကြပ်က...
23/03/2020

Be alert, မြန်မာနိုင်ငံမှာ COVID 19 ​ရောဂါ​ရှိသူ ၂ဦး ​တွေ့ရှိပါသည်။
အားလုံးဘဲ ဂရုစိုက်ကြပါ။ 😥

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၄၅) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမေရိကန်နိုင်ငံမှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် (၂၁-၃-၂၀၂၀) ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ပါသည်။ အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ပါ။
အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ ယနေ့ (၂၃-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁) နာရီအချိန် စမ်းသပ်စစ်ဆေးချက်အရ အဆိုပါအမျိုးသားလူနာ၏ ကျန်းမာရေးအခြေအနေမှာ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိဘဲ သက်သာလျက်ရှိပါသည်။ အဆိုပါ လူနာအား ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

၂။ အင်္ဂလန်နိုင်ငံမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့သည့် အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ကာ (၂၂-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ပြောင်းရွှေ့ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအမျိုးသားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှ ယနေ့ညအထိ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိသော်လည်း ဓာတ်ခွဲနမူနာအား (၂၃-၃-၂၀၂၀) ရက်နေ့တွင် ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
အဆိုပါအမျိုးသားအား (၂၃-၃-၂၀၂၀) ရက်နေ့၊ ညတွင် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် အဆိုပါအမျိုးသား (၂) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးပုံ၊ စစ်ဆေးနည်း (Protocol) (၄) မျိုးဖြင့် ပိုမိုသေချာစေရန် စနစ်တကျ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၄။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အမျိုးသား (၂) ဦးထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ (၂၄-၃-၂၀၂၀) ရက်နေ့တွင် ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

၅။ အဆိုပါ အမျိုးသား (၂) ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။
Post Owned to Ministry of Health and Sports Myanmar

FYIJetStar Temporarily suspended services  from 23.2020 to 15.4.2020
23/03/2020

FYI
JetStar Temporarily suspended services from 23.2020 to 15.4.2020

စင်ကာပူနိုင်ငံမှ ထုတ်ပြန်​ကြေငြာချက်ပါ။ All short-term visitors are not allowed to enter or transit in Singapore.
22/03/2020

စင်ကာပူနိုင်ငံမှ ထုတ်ပြန်​ကြေငြာချက်ပါ။
All short-term visitors are not allowed to enter or transit in Singapore.

22/03/2020
Thailand သို့ သွား​ရောက်မည့်မြန်မာနိုင်ငံသားများ အတွက်ပါ
20/03/2020

Thailand သို့ သွား​ရောက်မည့်မြန်မာနိုင်ငံသားများ အတွက်ပါ

Air KBZ Thingyan Promotion for Myanmar National Only😍.​နွေရာသီ အားလပ်ရက်မှာ နယ်ပြန်လို​သော ပြည်တွင်းခရီးသွားလို​သော Cust...
19/03/2020

Air KBZ Thingyan Promotion for Myanmar National Only😍.
​နွေရာသီ အားလပ်ရက်မှာ နယ်ပြန်လို​သော ပြည်တွင်းခရီးသွားလို​သော Customers များအတွက် Air KBZ ရဲ့ Promotion ​လေးကို Precious Miles မှတဆင့်ဝယ်ယူလို့ရပါတယ်​နော်😍။
ခရီးသွားကာလက​တော့ 18.3.2020မှ 30.5.2020ထိ ဖြစ်ပါတယ်။

For More Info, please message us via Messenger or Contact us
​Address🏠: No.181B, 38th Middle Street, Kyauktada Township, Yangon.
Phone📱: 018391683, 09256277699,09955012330
Viber/Whatsapp✅: 09955012330
Email✉: [email protected]



Air KBZ ထပ်တိုးခရီးစဥ်Yangon- Thandwe-YangonYangon-Sittwe-YangonFor more information, please contact usAddress🏠: No.181B...
17/03/2020

Air KBZ ထပ်တိုးခရီးစဥ်
Yangon- Thandwe-Yangon
Yangon-Sittwe-Yangon

For more information, please contact us
Address🏠: No.181B, 36th Middle Street, Kyauktada Township, Yangon.
Phone📱: 018391683, 09256277699, 09955012330
Whatsapp✅: 09955012330
Email✉: [email protected]




Address

No. 181B, 38th Middle Street, Between MaharBandulah And Anawrahtar Road, Kyauktada Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959955012330

Website

Alerts

Be the first to know and let us send you an email when Precious Miles Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Precious Miles Travel & Tours:

Share

Category