C P A Travel & Car Rental

C P A Travel & Car Rental We serve traveling and vehicle rental

25/10/2025
30/06/2025
🫢🫢🫢
22/06/2025

🫢🫢🫢

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
27/02/2025

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

06/11/2024

Breaking New

1.1.2025 မှ စပြီး ​မော်​တော်ယာဥ်များအားလုံး
သက်တမ်းတိုးရာတွင်ယာဥ်စစ်ဆေးသွားရပါမယ်။

26/09/2024

သက်တမ်းတိုး ယာဉ်စစ်ဆေးခြင်းကို ကားပြစရာမလိုဘဲ ၉ လပိုင်းမှစပီး
နောက်ထပ် ၃ လ ထမ်မံ၍ လုပ်ဆောင်ပေးရန်ရှိ
Crd:K Thein Swe

 #ကား ဆီ မီးလင်းတဲ့အခါ ဘယ်လောက်ဝေးဝေးထိ သွားလို့ရသေးလဲ ...ကားမောင်းနေကြလူတွေ ဒါမှမဟုတ် သက်တမ်းရင့်နေသူတွေ အတွက်တော့ ကားဆ...
17/08/2024

#ကား ဆီ မီးလင်းတဲ့အခါ ဘယ်လောက်ဝေးဝေးထိ သွားလို့ရသေးလဲ ...

ကားမောင်းနေကြလူတွေ ဒါမှမဟုတ် သက်တမ်းရင့်နေသူတွေ အတွက်တော့ ကားဆီကုန်သွားလို့ ထိုးရပ်သွားတယ်ဆိုတဲ့အဖြစ်မျိုးက ခပ်ရှားရှားလို့ဆိုရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ .. ကိုယ့်ကားထဲကို ဆီဘယ်လောက်ထည့်ထားတယ် ဘယ်လောက်သွားရင် ဘယ်လောက်ကုန်သွားမယ်ဆိုတာတွေကို ခန့်မှန်းတတ်ကြလို့ပါပဲ။ ဒါပေမဲ့ တခါတလေမှာတော့ ကျနော်တို့အနေနဲ့ ဒီလိုမှတ်သားမှုမျိုးတွေကို သတိလက်လွတ်ဖြစ်တတ်ကြပါတယ်။ အဲဒီအခါမျိုးမှာ ကားရဲ့ ဆီဒိုင်ခွက်မှာ မီးလင်းလာတတ်တယ်။ ဒီလို မီးလင်းလာပြီဆိုရင် နောက်ထပ် ဘယ်လောက်အကွာအဝေးဆက်သွားလို့ရသေးလည်းဆိုတာ ကားအမျိုးအစားပေါ်မူတည်ပြီး တူညီမှုမျိုးတော့ ရှိနိုင်မှာ မဟုတ်ပါဘူး။
အမေရိကန်နိုင်ငံမှာတော့ သူတို့ရဲ့ အရောင်းရဆုံး ကားအစီး ၅၀ ကို စစ်တမ်းပြုလုပ်ထားပြီး .. ကား ဆီ မီးလင်းလာတဲ့အခါ၊ ကားထဲမှာ ဆီဘယ်လောက်ကျန်ပြီး ဘယ်လောက် မိုင် အကွာအဝေးအထိ ဆက်သွားလို့ရသေးလည်းဆိုတာကို ထုတ်ပြန်ထားတာရှိပါတယ်။ ကားတစ်စီးနဲ့တစ်စီး အင်ဂျင်ပါဝါခြင်းမတူညီသလို ဆီစားနှုန်းခြင်းလည်း မတူညီတာကြောင့် ဒါတွေက တိတိကျကျကြီး မှန်ကန်တယ်လို့တော့ ကောက်ချက်ချလို့မရပါဘူး။ ဒါပေမဲ့ ဒါတွေကို သိထားမယ်ဆိုရင် ခရီးတစ်ခုသွားတဲ့အခါမှာ ကား ဆီ မီးလင်းလာတဲ့အခါမျိုးမှာ ဘယ်လောက်ခပ်ဝေးဝေးသွားလို့ရသေးလည်းဆိုတာကို အကြမ်းဖျင်းတွက်ချက်နိုင်မှာပဲ ဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာက ဒီစစ်တမ်းမှာ ပါဝင်တဲ့ ကားမော်ဒယ်တွေဟာ ၂၀၁၅ခုနှစ်ထုတ်တွေကို အခြေခံထားတာပဲ ဖြစ်ပါတယ်။

ကား ဆီ မီးလင်းလာတဲ့အခါမျိုးမှာ တစ်စီးနဲ့တစ်စီး လက်ကျန် ဆီဂါလံက တူညီမှာ မဟုတ်ပါဘူး။ အချို့ကားတွေက ဆီလုံးဝနီးပါးမရှိတော့တာမျိုးဖြစ်သလို အချို့ကားတွေကတော့ ဆီဂါလံ အနည်းငယ်ကျန်ရှိနေတတ်ပါသေးတယ်။ ဒါဆိုရင် .. အမေရိကန်နိုင်ငံရဲ့ အရောင်းရဆုံး ကားအစီး ၅၀ ရဲ့ စစ်တမ်းတွေကို တစ်ချက်ကြည့်ကြည့်ရအောင် ..

ဒီစစ်တမ်းမှာ .. Ford , Chevrolet , Ram , Toyota , Nissan , Honda , Hyundai , Jeep , Chrysler , Subaru , Volkswagen , Kia , Mazda , GMC တို့ရဲ့ ကားတွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ အမှတ်တံဆိပ်တစ်ခုချင်းစီရဲ့ .. ဆီ မီးလင်းလာတဲ့အခါ လက်ကျန်ဆီဂါလံနဲ့ ဆက်သွားနိုင်တဲ့ မိုင်အကွာအဝေးကိုဖော်ပြပေးရမယ်ဆိုရင်တော့ ..
Ford ကတော့ ကား ဆီ မီးလင်းလာတဲ့အခါမျိုးမှာ ဆီတိုင်ကီထဲမှာ ၁၆ပုံ ၁ပုံလောက်တော့ ကျန်နေသေးတာပဲ ဖြစ်တယ်။ ဥပမာ .. ကိုယ့်ကားက ဂါလံ ၂၀ ဆန့်တဲ့ကားဆိုရင် .. ဆီ မီးလင်းလာတဲ့အခါ ၁ဂါလံကျော်ကျော်လေး ကျန်နေပါသေးတယ်။ Ford ကားတွေဖြစ်တဲ့ F-150 , Fusion , Escape , Explorer , Focus , Mustang , Edge , Transit , တို့ ကတော့ ၃၅မိုင်နဲ့ မိုင် ၈၀ ကြား သွားနိုင်ဦးမှာပါ။ Ford အနေနဲ့ သူတို့ထုတ်လုပ်တဲ့ကားတိုင်းနီးပါးကို ဆီ မီးလင်းတဲ့အခါ ဆီတိုင်ကီထဲမှာ ၁၆ပုံ ၁ပုံလောက်တော့ ကျန်နေသေးတယ်လို့ ဖော်ပြထားတာဖြစ်ပြီး လက်ကျန်သွားနိုင်တဲ့ မိုင်အကွာအဝေးကိုလည်း တပြေးတည်းသတ်မှတ်ပေးထားတယ်။ ဒါပေမဲ့ ၃၅ မိုင်နဲ့ မိုင် ၈၀ ကြားဖြစ်တဲ့အတွက် တစ်စီးနဲ့တစ်စီးတော့ တိတိကျကျကြီး တူညီနေမှာမဟုတ်ပါဘူး။
ဒီစစ်တမ်းမှာ ပါဝင်တဲ့ Toyota ရဲ့ ကားတွေထဲမှာ ဆီ မီးလင်းတဲ့အခါ လက်ကျန် ဆီဂါလံအနည်းဆုံးကတော့ Prius ပဲ ဖြစ်ပြီး သူကတော့ လက်ကျန် ဆီဂါလံ ၁.၆ဂါလံသာ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၇၆မိုင်နဲ့ ၈၁မိုင်ကြားပဲ ဖြစ်ပါတယ်။ အခြားကားတွေထဲမှာတော့ .. Camry ကတော့ လက်ကျန် ၂.၆ဂါလံ ကျန်ရှိနေဦးမှာဖြစ်ပြီး သွားနိုင်မယ့်အကွာအဝေးကတော့ ၆၅မိုင်နဲ့ ၉၁မိုင်ကြား၊ Corolla ကတော့ လက်ကျန် ၂ဂါလံနဲ့ မိုင် ၆၀နဲ့ ၈၄မိုင်ကြား၊ RAV4 ကတော့ လက်ကျန်၂.၄ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးက ၅၇မိုင်နဲ့ ၇၄မိုင်ကြား၊ Tacoma ကတော့ လက်ကျန် ၃ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေး ၆၃မိုင်နဲ့ ၇၅မိုင်ကြား၊ Highlander ကတော့ လက်ကျန် ၂.၉ဂါလံနဲ့ ဆက်သွားနိုင်မယ့် အကွာအဝေး ၅၈မိုင်နဲ့ ၇၂မိုင်ကြား၊ Sienna ကတော့ လက်ကျန် ၃ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၅၄မိုင်နဲ့ ၇၅မိုင်ကြား၊ Tundra ကတော့ လက်ကျန်ဂါလံအများဆုံးလို့ဆိုရမှာဖြစ်ပြီး ၄ဂါလံထိ ရှိပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ မိုင် ၆၀နဲ့ ၇၂မိုင်ကြားပါ။

Chevrolet ကတော့ သူ့ရဲ့ ကားတွေက ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန် ဆီနဲ့ ဆက်သွားနိုင်တဲ့ အကွာအဝေးက Ford လို တူညီနေတာမျိုးကိုမတွေ့ရဘူး။ Chevrolet ကားတွေဖြစ်တဲ့ Silverado နဲ့ Equinox တို့ကတော့ ဆီ မီးလင်းလာတဲ့အခါမှာ တိုင်ကီထဲမှာ ၁၆ပုံ ၁ပုံသာ ကျန်ရှိတော့တာဖြစ်ပြီး လက်ကျန်သွားနိုင်တဲ့အကွာအဝေးတွေကတော့ Silverado က နောက်ထပ် ၂၅မိုင်နဲ့ Equinox ကတော့ နောက်ထပ် မိုင် ၅၀အထိ ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ Chevrolet ရဲ့ နောက်ထပ်မော်ဒယ်ဖြစ်တဲ့ Cruze , Malibu နဲ့ Impala တို့ ကတော့ ကား ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန် ၂ဂါလံ ကျန်ရှိမှာဖြစ်ပြီး Cruze က ၅၆မိုင်နဲ့ ၈၄မိုင် အကြားထိ သွားနိုင်သေးပြီး Malibu ကတော့ မိုင် ၅၀နဲ့ ၇၂မိုင်ကြား၊ Impala ကတော့ ၄၄မိုင်နဲ့ ၆၂မိုင်ကြား ဆက်သွားနိုင်သေးတယ်လို့ ဆိုထားတယ်။ Chevrolet ထဲမှာ ဆီ မီးလင်းလာတဲ့အခါ လက်ကျန်ဆီဂါလံအများဆုံးကတော့ Traverse ဖြစ်ပြီး သူက ၂.၅ ဂါလံ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်မိုင်ကတော့ ၄၂မိုင်နဲ့ မိုင် ၆၀ကြား ဖြစ်ပါတယ်။
နောက်ထပ် ဂျပန် Brand တစ်ခုဖြစ်တဲ့ Honda လည်း ဒီစစ်တမ်းမှာ ပါဝင်လာတာကို တွေ့ရတယ်။ ဒီစစ်တမ်းမှာ Honda ရဲ့ မော်ဒယ် ငါးမျိုးအထိပါဝင်ပြီး Accord , CR-V , Civic , Odyssey နဲ့ Pilot တို့ပဲ ဖြစ်တယ်။ ဆီ မီးလင်းလာတဲ့အခါမှာ Accord က ဆီလက်ကျန် ၂.၆ဂါလံနဲ့ ဆက်သွားနိုင်မယ့် မိုင်ကတော့ မိုင်၇၀နဲ့ ၉၃မိုင်ကြား၊ CR-V က ဆီလက်ကျန် ၂.၃ဂါလံနဲ့ ဆက်သွားနိုင်မယ့်မိုင် ၆၂မိုင်နဲ့ ၇၈မိုင်ကြား၊ Civic က ဆီလက်ကျန် ၁.၉ဂါလံနဲ့ ဆက်သွားနိုင်မယ့်မိုင် ၅၉မိုင်နဲ့ မိုင်၈၀ကြား၊ Odyssey က လက်ကျန် ဆီ ၃ဂါလံ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၅၇မိုင်နဲ့၈၄မိုင်ကြားဖြစ်သလို၊ Pilot ကတော့ လက်ကျန် ဆီဂါလံ ၂.၅ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၄၅မိုင်နဲ့ ၆၂မိုင်ကြားပါ။ ဒီထဲမှာ ဆီ မီးလင်းလာတဲ့အခါ ဆီလက်ကျန်အနည်းဆုံးက Civic ဖြစ်ပြီး၊ ဆက်သွားနိုင်မယ့်မိုင်အနည်းဆုံးကားကတော့ Pilot ပဲ ဖြစ်ပါတယ်။

ဒီစစ်တမ်းမှာ Nissan ရဲ့ Altima , Rogue , Sentra , Versa မော်ဒယ် သုံးမျိုးပါဝင်နေတာကို တွေ့ရတယ်။ Altima ကတော့ ဆီ မီးလင်းလာတဲ့အခါ ဆီလက်ကျန် ၃ဂါလံကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့် မိုင်ကတော့ ၈၁မိုင်နဲ့ ၁၁၄မိုင်ကြားပဲ ဖြစ်ပါတယ်။ Rogue ကတော့ ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန်ဆီဂါလံက ၃ဂါလံကျန်ရှိနေမှာဖြစ်ပြီး ဆက်ပြီးသွားနိုင်မယ့်အကွာအဝေးကတော့ ၇၈မိုင်နဲ့ ၉၉မိုင်ကြားပဲ ဖြစ်တယ်။ Sentra ကတော့ လက်ကျန် ၂ဂါလံနဲ့ မိုင်၆၀နဲ့ မိုင်၈၀ကြား ဆက်လက်မောင်းနှင်နိုင်မှာဖြစ်ပြီး၊ Versa ကတော့ လက်ကျန်ဂါလံ ၂.၆ဂါလံ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်မိုင်ကတော့ ၆၅မိုင်နဲ့ ၈၅မိုင်ကြားပဲ ဖြစ်ပါတယ်။

Hyundai ကားတွေကတော့ ဆီလက်ကျန်ကို ဖော်ပြထားခြင်းမရှိဘဲ ဒီစစ်တမ်းမှာ မော်ဒယ်သုံးခုပါဝင်နေတယ်။ ပါဝင်တဲ့ မော်ဒယ်တွေကတော့ Elantra , Sonata , Santa Fe တို့ပါ။ သူတို့ဆက်သွားလို့ရမယ့် မိုင်အကွာအဝေးကို ကြည့်မယ်ဆိုရင် Elantra ကတော့ မိုင် ၃၀၊ Sonata နဲ့ Santa Fe တို့ကတော့ မိုင် ၄၀ထိ ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
Jeep အမှတ်တံဆိပ်ကလည်း ဒီစစ်တမ်းမှာ မော်ဒယ်လေးမျိုးပါဝင်ပါတယ်။ Cherokee , Wrangler , Gran Cherokee , Patriot တို့ပဲ ဖြစ်တယ်။ ဆီ မီးလင်းလာတဲ့အခါ သူတို့ရဲ့ လက်ကျန်ဆီဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးကို ကြည့်မယ်ဆိုရင် Cherokee က ၃ဂါလံနဲ့ ၆၆မိုင်နဲ့ ၉၃မိုင်ကြား၊ Wrangler က ၂.၈ဂါလံနဲ့ ၄၇မိုင်နဲ့ ၅၈မိုင်ကြား၊ Gran Cherokee က ၃ဂါလံနဲ့ ၆၆မိုင်နဲ့မိုင်၉၀ကြား၊ Patriot ကတော့ ၂ဂါလံနဲ့ ၄၆မိုင်နဲ့မိုင်၆၀ကြားဆိုပြီး ဖော်ပြထားတာကို တွေ့ရတယ်။

Kia ကတော့ ဒီစစ်တမ်းမှာ သုံးစီးပါဝင်ပြီး Optima , Soul , Sorento , တို့ပဲ ဖြစ်တယ်။ အဆိုပါ သုံးစီးစလုံးဟာ ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန်ဆီဂါလံကို ဖော်ပြထားခြင်းမရှိဘဲ .. ဆက်လက်သွားနိုင်မယ့်အကွာအဝေးတွေကတော့ Optima နဲ့ Soul တို့က မိုင် ၃၀၊ Sorento ကတော့ မိုင်၄၀ အထိ ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
Mazda ကတော့ ဒီစစ်တမ်းမှာ နှစ်စီးပါဝင်ခဲ့ပြီး Mazda 3 နဲ့ CX-5 တို့ ပါ။ ဆီ မီးလင်းလာတဲ့အခါမှာ Mazda 3 ကတော့ လက်ကျန်ဆီဂါလံ ၂.၃ဂါလံကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၉မိုင်နဲ့ ၉၄မိုင်ကြားဖြစ်ကာ၊ CX-5 ကတော့ လက်ကျန် ၂.၆ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၇မိုင်နဲ့ ၉၁မိုင်ကြားပဲ ဖြစ်ပါတယ်။
Subaru ကတော့ Forester နဲ့ Outback နှစ်စီးပါဝင်ပြီး ဆီ မီးလင်းလာတဲ့အခါ Forester က လက်ကျန် ဆီဂါလံ ၂.၆ဂါလံကျန်ရှိပြီး ဆက်လက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၂မိုင်နဲ့ ၈၃မိုင်ကြားပါ။
Outback ကတော့ လက်ကျန် ဆီဂါလံ ၂.၆ဂါလံကျန်ရှိပြီး ဆက်လက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၅မိုင်နဲ့ ၈၅မိုင်ကြားပဲ ဖြစ်ပါတယ်။

GMC ကလည်း ဒီစစ်တမ်းမှာ နှစ်စီးပါဝင်တာကို တွေ့ရပြီး Sierra Delani နဲ့ Terrain တို့ပါ။ ဆီ မီးလင်းလာတဲ့အခါ Sierra Delani ကတော့ ဆီလက်ကျန် ၄ဂါလံကျန်ရှိပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၄မိုင်နဲ့ ၉၂မိုင်ကြားဖြစ်ကာ၊ Terrain ကတော့ ဆီလက်ကျန်ဖော်ပြထားခြင်းမရှိဘဲ ဆက်လက်သွားနိုင်မယ့်မိုင်ကတော့ မိုင် ၅၀ ပါ။

ဒီစစ်တမ်းမှာ တစ်စီးတည်းသာ ပါဝင်တဲ့ အမှတ်တံဆိပ်တွေကတော့ Ram , Chrysler , Volkswagen တို့ပါ။
Ram မော်ဒယ်ကတော့ Ram150 ပါ။ သူကတော့ ဆီ မီးလင်းလာတဲ့အခါ ၃ဂါလံထိ ကျန်ရှိနေမှာဖြစ်ပြီး လက်ကျန်သွားနိုင်တဲ့ မိုင်အကွာအဝေးကတော့ ၆၃မိုင်နဲ့ ၈၇မိုင်ကြားပဲ ဖြစ်ပါတယ်။
Chrysler ကတော့ Chrysler 200 ပါဝင်ပြီး ဆီ မီးလင်းလာတဲ့အခါ သူ့ရဲ့လက်ကျန်ဆီဂါလံက ၃ဂါလံနဲ့ ၆၉မိုင်နဲ့ ၁၀၈မိုင်ကြားအထိ ဆက်သွားနိုင်မှာပဲ ဖြစ်တယ်။
Volkswagen ကတော့ Jetta မော်ဒယ်ပါဝင်တာဖြစ်ပြီး ဆီ မီးလင်းလာတဲ့အခါမှာ သူ့ရဲ့လက်ကျန်ဂါလံကတော့ ၁.၈၅ ဂါလံဖြစ်ပြီး ဆက်လက်သွားနိင်မယ့်မိုင်ကတော့ ၅၇မိုင်နဲ့ ၈၅မိုင်ကြားပါ။

ဒီစာရင်းမှာ ဆီ မီးလင်းလာတဲ့အခါ ဆီလက်ကျန်ခြင်း တူညီနေရင်တော့ ဆက်သွားနိုင်မယ့်အကွာအဝေးမတူညီတာမျိုး၊ ဆီလက်ကျန်များပေမဲ့လည်း ဆက်သွားနိုင်မယ့်အကွာအဝေးက နည်းတာမျိုး၊ ဆီလက်ကျန်နည်းပေမဲ့လည်း ဆက်သွားနိုင်မယ့်အကွာအဝေးက အတိုင်းအတာတစ်ခုထိ ဝေးကွာတာမျိုးကို တွေ့ရမှာပါ။ ဒါကတော့ ကားတစ်စီးချင်းရဲ့ အင်ဂျင်ပါဝါ၊ အဆွဲအရုန်းတွေ၊ ဆီစားနှုန်းတွေပေါ်မူတည်ပြီး ကွာခြားသွားတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးကို ဖတ်ရှုပြီး ကိုယ့်ကားမှာ ဆီ မီးလင်းလာတဲ့အခါမျိုးမှာ ဆီကုန်သွားပြီဆိုပြီး အရမ်းကြီး စိုးရိမ်ပူပန်တာမျိုးတွေ ဖျောက်ပစ်လိုက်ပါ။ ဆီ မီးလင်းလာတဲ့အခါမျိုးမှာ အနီးဆုံး ဆီဆိုင်ကို ဘယ်လောက်အကွာအဝေးအထိ ရှာဖွေလို့ရသလည်းဆိုတာ ခန့်မှန်းလို့ရမှာပဲ ဖြစ်ပါတယ်။ ဒီစစ်တမ်းမှာ ၂၀၁၅မော်ဒယ်တွေကိုသာ အခြေခံတွက်ချက်ထားပေမဲ့ အင်ဂျင်ပါဝါတူ ကားတွေဆိုရင် တစ်စီးနဲ့တစ်စီးအရမ်းကြီး ကွာခြားတာမျိုးမရှိပါဘူး။ ဒီအစီးငါးဆယ်ထဲမှာ အနိမ့်ဆုံးအကွာဝေးသွားနိုင်မယ့် ကားဖြစ်တဲ့ Chevrolet ရဲ့ Silverado တောင် ဆီ မီးလင်းလာတဲ့အခါ ၂၅မိုင်အထိ ဆက်သွားနိုင်ပါသေးတယ်။
ဒါကြောင့် လမ်းမပေါ်မှာ မောင်းနှင်နေရင်း ကား ဆီ မီးလင်းလာတဲ့အခါ အနီးဆုံးဆီဆိုင်ကို မရောက်ရှိခင် မိုင် အနည်းငယ်ကိုတော့ မောင်းနှင်လို့ရသေးမှာပဲ ဖြစ်ပြီး ဆီ မီးလင်းတာနဲ့ ဆီဖြည့်ဖို့ကို ကြိုးစားရမှာပါ။ ဆီ မီးလင်းတာကို သတိမပြုမိဘဲ ဆက်မောင်းနေရင်း ဆီဆိုင်အလွယ်တကူရှာမတွေ့တဲ့နေရာမျိုးကျမှ ကားထိုးရပ်သွားတဲ့အခါ ဒုက္ခများတတ်ပါတယ်။ ဒါလေးကို သတိချပ်ဖို့ အကြံပြုလိုက်ပါရစေ။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

23/07/2024

𝗧𝘆𝗿𝗲 (တာယာ)စားမှု အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင့်🤩

𝗖𝗮𝗺𝗯𝗲𝗿 𝗪𝗲𝗮𝗿 𝗮𝗻𝗱 𝗧𝗼𝗲 𝗪𝗲𝗮𝗿
𝐂𝐚𝐦𝐛𝐞𝐫, 𝐓𝐨𝐞 တွေကြောင့်ဖြစ်တတ်သောတာယာစားမှု့ပုံစံတွေကတော့ 𝗔𝗹𝗶𝗴𝗻𝗺𝗲𝗻𝘁 ကြောင့်ဖြစ်သောတာယာစားမှု့တွေပဲဖြစ်ပါတယ်။ 𝐂𝐚𝐬𝐭𝐞𝐫 ကြောင့်ဖြစ်တဲ့တာယာစားမှု့တော့မရှိပါဘူး။

𝗖𝗲𝗻𝘁𝗲𝗿 𝗪𝗲𝗮𝗿 𝗮𝗻𝗱 𝗘𝗱𝗴𝗲 𝗪𝗲𝗮𝗿
လေပေါင်ချိန်ထိုးတဲ့အခါ လိုအပ်တာထပ်
ပိုထိုးမိရင် တာယာအလည်သားအစားမြန်ပါတယ်။လိုအပ်သာထက် နည်းပြီးထိုးလိုက်မိတဲ့အခါမျိုးတွေမှာဆိုရင်တော့ တာယာရဲ့ဘေးအစွန်းနှစ်ဘက်စားမှု့တွေကိုဖြစ်ပေါ်စေပါတယ်။

𝗣𝗮𝘁𝗰𝗵 𝗪𝗲𝗮𝗿
လမ်းမညီမညာဖြစ်နေတဲ့အချိန်တွေမှာတာယာရဲ့မျက်နှာပြင်က လမ်းနဲ့ထိတဲ့နေရာထိမထိတဲ့နေရာမထိဖြစ်မှု့ကြောင့် တာယာမှာ အကွက်ပုံစံစားမှု့ကိုဖြစ်စေပါတယ်။

𝗖𝘂𝗽 𝗪𝗲𝗮𝗿
ကားရဲ့အောက်ပိုင်း 𝐬𝐮𝐬𝐩𝐞𝐧𝐬𝐢𝐨𝐧 အစိတ်အပိုင်းတွေပျက်စီးနေတာကိုမပြုပြင်ပဲ ကားမောင်းရင်တာယာရဲ့ ဘေးအစွန်းတွေမှာချိုင့်ခွက်ပုံစံစားမှု့မျိုးကိုဖြစ်ပေါ်စေပါတယ်။

Credit -original upload
မူရင်းရေးသားသူအားလေးစားစွာcreditပေးပါသည်

ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်







Address

No. 541, Thiha Thu Street, 11Ward, South Okkalapa Township
Yangon
11091

Website

Alerts

Be the first to know and let us send you an email when C P A Travel & Car Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category