Aung Mingalar Travel & Tours အောင်မင်္ဂလာ
  • Home
  • Myanmar
  • Yangon
  • Aung Mingalar Travel & Tours အောင်မင်္ဂလာ
Aung Mingalar Travel & Tours အောင်မင်္ဂလာ Aung Mingalar Travel & Tours
အောင်မင်္ဂလာ ခရီးသွားဝန်?
ချောင်းသာသွားမယ့်သူတွေ အစားအသောက်ပူစရာမလိုစေမယ့် အကောင်းဆုံးအိမ်ချက်လက်ရာဆိုင်စာရင်းပေါင်းချုပ်*************************...
22/07/2020
ချောင်းသာသွားမယ့်သူတွေ အစားအသောက်ပူစရာမလိုစေမယ့် အကောင်းဆုံးအိမ်ချက်လက်ရာဆိုင်စာရင်းပေါင်းချုပ်
*********************************************
ချိဖတို့ချိမတို့ရေ...သီတင်းကျွတ်ပိတ်တုန်း ဘယ်ဆီဘယ်ဝယ် ခရီးပေါက်လို့ ဘယ်နေရာတွေများ အပန်းဖြေရောက်နေကြပြီတုန်း?
ဒီတခါ ခရီးသွားရာသီအမီလေး ကိုယ့်လူတွေအတွက် အစားအသောက်မှာ အမြဲပူစရာမလိုရလေအောင် ချောင်းသာ သွားကြမယ့် ကဲကြမယ့် ပင်လယ်စာအဝစားကြမယ့် ကိုယ့်စားမယ်သွားမယ်အမာခံတွေကို ချောင်းသာရဲ့ အကောင်းဆုံးအိမ်ချက်လက်ရာ ရှယ် နာမည်ကြီးတွေချည်း စုစည်းပြီးတော့ တင်ပေးပါ့မယ်ဗျာ။
တော်ရုံတန်ရုံ ချောင်းသာကျ ကုန်ကျစရိတ်နည်းတာရော၊ ပင်လယ်စာတွေဈေးသက်သာတာရော၊ လတ်ဆတ်တာရော အပြင် ရန်ကုန်နဲ့သိပ်မဝေးတော့ ခရီးထွက်ပြီဟေ့ဆို ချောင်းသာသာတန်းသွားကြတာ စားဖို့သောက်ဖို့ကျ ပူရပြန်ရောလေ။
ဒီတခါတော့ မပူနဲ့တော့။ ချောင်းသာရဲ့ နာမည်အကြီးဆုံးနဲ့ ဈေးအတန်ဆုံးအိမ်ချက်လက်ရာရှယ်တွေချည်းကို အစဉ်လိုက်တင်ပေးသွားမယ်လေ။
အဲ့တော့ ချောင်းသာသွားမယ့်လူတွေ ဒီ Post လေးကို မပျောက်သွားအောင် like and share ပြီး သိမ်းထားကြပါဦးလို့။ တော်ကြာ သွားခါနီးမှ ဟိုလူ့မေးရ၊ ဒီကရှာရမဖြစ်ရအောင် share ထားဦးနော်။
**လိပ်စာကတ်တွေကိုတော့ ပုံမှာထည့်ပေးထားပါမယ်။
ဒါဆို ချောင်းသာ အိမ်ချက်လက်ရာရှယ်လေးတွေထဲမှာ အကောင်းဆုံးက-
(၁) မဝါဝါ
နာမည်အကြီးဆုံး ချက်ပို့ပါ။ စေတနာတကယ်ထားတယ်။ ဈေးက တော့ပေးရပါတယ်။ဒါပေမယ့် ပေးသလောက်နဲ့ လတ်လတ်ဆတ်ဆတ်အရသာကောင်းကောင်းပြန်ရတယ်။ ဆီမများဘူး။ စားသမျှ လူတိုင်းကြိုက်တယ်။ ချောင်းသာရောက်တိုင်း မစားမဖြစ်ထဲ ပါပါတယ်။ကဏန်းခွက်ကြော်ကောင်းတယ်။
နောက်ထပ်ကဏန်းခွက်ကြော်ကောင်းတာ ကိုဇော်ထက်တဲ့။
(၂) ကိုပသိုင်း
စေတနာအရမ်းကောင်းတယ်။ လက်ရာက တော်တော်ကောင်းကောင်းထဲပါတယ်။ သူ့ကဏန်းဟင်း၊ ကဏန်းခွက်ကြော်၊ ကဏန်းနဲ့ပတ်သက်တာတွေ နာမည်ကြီးတယ်။ အိမ်အပြန်ဝယ်သွားချင်ရင်လည်း သေသေချာချာချက်ပို့ပေးတယ်။ သဘောလည်း တအားကောင်းပဲ။ ကိုပသိုင်းလက်ရာကို ကြွေတဲ့သူ အများကြီးပဲ။
ဖုန်း- 09783817419
(၃) မအေး
မအေးလက်ရာလည်း ချောင်းသာတခွင်မှာနာမည်ကြီးပဲ။ သူလည်း သူ့ပရိသတ်နဲ့သူအမာခံပဲ။
ဖုန်း-09422445668
(၄) မချိုလေး
ဈေးတန်တယ်။ မချိုလေးရဲ့ လက်ရာကို လာတိုင်းတကူးတကစားတဲ့ ချောင်းသာခရီးသွားတွေလည်း များတယ်။ များများထည့်ပေးတယ်။
ဖုန်း- 09250324821
(၅) မဝတုတ်
မဝတုတ်လည်း ဈေးတန်တယ်။ အပေါ်ကလူတွေလောက်အမှာမများပေမယ့် သူလည်း သူ့အကြိုက်နဲ့သူ့ဈေးလေးနဲ့ စားပျော်တယ်။
ဖုန်း- 09420782571
(၆) ဒေါ်ပါးကွက်မ
သူ့လက်ရာကိုလည်း ချောင်းသာရောက်ရင်မှာစားမိတဲ့သူတော်တော်များများ recommend ပေးကြတယ်။ ဆီတော့ နည်းနည်းလျှော့ခိုင်းရတယ်တဲ့။
ဖုန်း- 09422550351
ဒီလူတွေကတော့ နာမည်ကြီးတွေပါ။ ဒါပေမယ့် တစ်ဖွဲ့လာ ဒီတစ်ယောက်ဆီက မှာစားရင်းကောင်းလို့ကြော်ငြာပေး၊ နောက်တဖွဲ့လာဒီလူဆီကပဲစားဖြစ်နဲ့ ကျန်လူတွေကိုပါ အားမပေးဖြစ်မှာလည်း စိတ်ပူမိတယ်။
အဲ့ဒါမို့ သွားစားတဲ့သူတော်တော်များများ ညွှန်းတဲ့ ကျန်တဲ့ အိမ်ချက်ပို့တွေရော၊ လူသိပ်မသိသေးတဲ့ သူတွေကိုပါ အစုံဆုံးဖြစ်အောင်တင်ပေးလိုက်တယ်နော်။
ပုံထဲမှာ လိပ်စာကတ် မပါတဲ့ လူတွေကိုတော့ ဖုန်းနံပါတ်ဘေးကထည့်ပေးထားတယ်နော်။
(၇) မဝင်းရွှေ
(၈) မေဆွိချောင်းသာ
(၉) ထွန်းထွန်းဝင်း မမိုး
(၁၀) အန်တီညို - 09252345123
(၂၀) ဒေါ်မိုး
(၂၁) ကိုထွန်းထွန်း မခင်စန်းဝင်း
(၂၂) ဒေါ်မြရီ သမီး ဇာခြည်
(၂၃) မလှလှဌေး
(၂၄) မောင်လှဝင်း
(၂၅) မနော်ထူးစံ
(၂၆) မချစ်စု
(၂၇) ကိုခင်မောင်မျိုး ဖူးဖူး
(၂၈) မသင်းသင်းခိုင်
(၂၉) ကိုထွန်းနိုင် မလင်းလင်း
(၃၀) မချိုချိုမာ
(၃၁) မချိုသဲ
(၃၂) ဦးမိုး ဒေါ်ချို
ကဲ....ဒီလောက်ဆို အစုံတကာ့အစုံဆုံး ချောင်းသာရဲ့ စပါယ်ရှယ်ချက်ပို့ list ရသွားပြီထင်ပါတယ်ဗျို့။
သူ့ထက်စုံတာတောင်သူ့လောက်မစုံဘူး။ ဒီထဲမှာမပါဘဲ ကိုယ်အားပေးခဲ့တဲ့ အိမ်ချက်တွေရှိရင်လည်း ဒါမျိုးက မျှဝေကောင်းပါတယ်။ မျှဝေပေးလိုက်နော်။
အပေါ်ကလူတွေနာမည်ကြီးလို့ဆိုပြီး နာမည်ကြီးတွေချည်းစုအားမပေးဘဲ ကိုယ်နဲ့နီးတဲ့သူ၊ မျက်နှာသစ် လူသစ်တွေလက်ရာကိုလည်း မျှမျှတတအားပေးလိုက်ကြပါလို့...
အားလုံးကိုမျှမျှတတဝင်ငွေရစေချင်သူပါ။
ယူတို့ရဲ့ စားမယ် သွားမယ် က ဒီနေရာမျိုးမှာလည်း အလိုက်သိတယ်နော်။
အဲ့ဒါမို့ ချောင်းသာသွားတိုင်း စားဖို့ အလုပ်မရှုပ်ရအောင် ဒီ Post လေး Wall မှာသာ Share ပြီးသိမ်းထားပေတော့ကွာ။
စားမယ် သွားမယ်
(Your Trusted Food Blog)
တတိယနှင့် စတုတ္ထအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များအတွက် လေယာဉ်လက်မှတ် ဝယ်ယူနိုင်ပါရန် အသိပေးထုတ်ပြန်ချက် (၃၆) မြ...
14/07/2020
တတိယနှင့် စတုတ္ထအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များအတွက် လေယာဉ်လက်မှတ် ဝယ်ယူနိုင်ပါရန် အသိပေးထုတ်ပြန်ချက် (၃၆)
မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများအတွက် တတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ကို ၁-၈-၂၀၂၀ ရက် (စနေနေ့)နှင့်၊ စတုတ္ထအကြိမ် ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ကို ၆-၈-၂၀၂၀ ရက်(ကြာသပတေးနေ့) တို့တွင် ပြေးဆွဲ ပေးနိုင်ရေးအတွက် All Nippon Airways (ANA) ရုံးချုပ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းရရှိပြီး၊ နိုင်ငံတော်အစိုးရထံ ခွင့်ပြုချက်ရရှိနိုင်ပါရန် ဆက်လက်တင်ပြထားပြီး ဖြစ်ပါသည်။
အထက်ပါခရီးစဉ်နှစ်ခုတွင် ပါဝင်လိုက်ပါမည့် ANA လက်မှတ်လက်ဝယ် မရှိသေးသည့် မြန်မာနိုင်ငံသားများစာရင်းကို ပူးတွဲ ထုတ်ပြန်အပ်ပါသည်။ အထက်ပါစာရင်းပါ မြန်မာနိုင်ငံသား များအနေဖြင့် All Nippon Airways ၏ ANA Sky Web - International Reservation (https://www.ana.co.jp/en/jp/international/) တွင် သက်ဆိုင်ရာနေ့အလိုက် လေယာဉ် လက်မှတ် ဝယ်ယူကြပါရန်နှင့် လေယာဉ်လက်မှတ် ဝယ်ယူပြီးပါက၊မိတ္တူကို မြန်မာသံရုံး ([email protected])သို့ ပြန်လည်ပေးပို့ပါရန် အသိပေးမေတ္တာရပ်ခံအပ် ပါသည်။
အထက်ပါခရီးစဉ်နှစ်ခုတွင် ပါဝင်လိုက်ပါမည့် လေယာဉ်လက်မှတ် လက်ဝယ်ရှိပြီး မြန်မာ နိုင်ငံသားများစာရင်းကို All Nippon Airways (ANA) ရုံးချုပ်မှ စိစစ်လျက်ရှိပြီး၊ အတည်ပြုပါက ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
မြန်မာသံရုံး
တိုကျိုမြို့။
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက်။
 ကိုဗစ်ရောဂါပိုးအား ဆက်လက်ထိန်းချုပ်ရန်လိုအပ်နေသေးသည့်အတွက် ထုတ်ပြန်ထားမှုများအားလုံးကို ဇူလိုင် ၁၅ရက်နေ့အထိ ဆက်လက်သက်တမ...
27/06/2020
ကိုဗစ်ရောဂါပိုးအား ဆက်လက်ထိန်းချုပ်ရန်လိုအပ်နေသေးသည့်အတွက် ထုတ်ပြန်ထားမှုများအားလုံးကို ဇူလိုင် ၁၅ရက်နေ့အထိ ဆက်လက်သက်တမ်းတိုးလိုက်ကြောင်းကြေညာ
======================================
နေပြည်တော်၊ဇွန် ၂၇ရက်
ကိုဗစ်ရောဂါပိုးအား ဆက်လက်ထိန်းချုပ်ရန်လိုအပ်နေသေးသည့်အတွက် ထုတ်ပြန်ထားမှုများအားလုံးကို ဇူလိုင် ၁၅ရက်နေ့အထိ ဆက်လက်သက်တမ်းတိုးလိုက်ကြောင်းကြေညာကြောင်း ကိုဗစ်ကာကွယ်ထိန်းချုပ်တားဆီးရေးအမျိုးသားအဆင့်ကော်မတီမှ ယနေ့ညတွင်ကြေညာသည်။
ဆက်လက်သက်တမ်းတိုးခြင်းတွင် ဖြေလျှော့/တိုးမြှင့်ရန် ကိစ္စရပ်များမပါဟု သိရသည်။
ချောင်းသာကို လာလည်ပြီး ... ကမ်းခြေ အစ/အဆုံး လမ်းလျှောက်ဖူးရင် (၅ မှတ်)နံနက်စောစော လေ့ကျင့်ခန်း ထလုပ်ဖူးရင် (၅ မှတ်)ကျောက...
12/06/2020
ချောင်းသာကို လာလည်ပြီး ...
ကမ်းခြေ အစ/အဆုံး လမ်းလျှောက်ဖူးရင် (၅ မှတ်)
နံနက်စောစော လေ့ကျင့်ခန်း ထလုပ်ဖူးရင် (၅ မှတ်)
ကျောက်ပုထိုးစေတီကို ဖူးဖူးရင် (၅ မှတ်)
ကျောက်မောင်နှမ သွားလည်ဖူးရင် (၅ မှတ်)
စကားဝါတောင် သွားလည်ဖူးရင် (၅ မှတ်)
ကျောက်မောင်နှမ ဆင်စခန်း သွားလည်ဖူးရင် (၅ မှတ်)
ဖိုးကုလားကျွန်း သွားလည်ဖူးရင် (၅ မှတ်)
သဲဖြူကျွန်း သွားလည်ဖူးရင် (၅ မှတ်)
ချောင်းသာဈေးမှာ ဂဏန်းတွေ ပုစွန်တွေ ဝယ်ဖူးရင် (၅ မှတ်)
ရွာထဲက ချက်ပို့ မှာစားဖူးရင် (၅ မှတ်)
ကမ်းခြေက အကင်တွေ ဝယ်စားဖူးရင် (၅ မှတ်)
ညဈေးတန်း လမ်းလျှောက်ဖူးရင် (၅ မှတ်)
ကမ်းခြေမှာ ဂဏန်းတွေ လွှတ်ဖူးရင် (၅ မှတ်)
ကမ်းခြေက ဆရာကြီးတွေဆီမှာ ဓါတ်ပုံရိုက်ခံဖူးရင် (၅ မှတ်)
ကမ်းခြေမှာ စက်ဘီးငှားစီးဖူးရင် (၅ မှတ်)
ချောင်းသာအမှတ်တရအင်္ကျီ ဝယ်ဝတ်ဖူးရင် (၅ မှတ်)
တောင်ပတ်လမ်းက ဆင်စခန်းကို သွားလည်ဖူးရင် (၅ မှတ်)
အပျော်စီးသင်္ဘော စီးဖူးရင် (၅ မှတ်)
ချောင်းသာအဝင်ဆိုင်းဘုတ်မှာ ဓာတ်ပုံရိုက်ဖူးရင် (၅ မှတ်)
ကနေ လက်မှတ် ဝယ်ဖူးရင် -( ၅မှတ် )
===========
ဘယ်နှစ်မှတ်ရလဲ ပြောပေးသွားနော်။
ကမ်းခြေတွေဖွင့်ရင် ပြန်ဆုံကြမယ်နော်...
#ချောင်းသာ
#ငွေဆောင်
We are Increasing Domestic Frequencies on Selected Routes! ==============================Air KBZ will increase its domes...
12/06/2020
We are Increasing Domestic Frequencies on Selected Routes!
==============================
Air KBZ will increase its domestic frequencies on Yangon-Dawei-Kawthaung, Yangon-Tachileik, and Yangon-Mandalay-Kalay routes as we continue to adapt to the new normal and provide better travel options to our guests.
Book your journey with us NOW! You can purchase your ticket across all channels, including at our selected Passenger Sales Agents (PSAs) and feel free to reach out to us via:
Visit our website:
www.airkbz.com
ပြည်တွင်းခရီးစဉ်တစ်ချို့၏ ​ပြေးဆွဲမှုအကြိမ် အရေအတွက် တိုးမြှင့်ပျံသန်းခြင်း
Air KBZ သည် ရန်ကုန်-ထားဝယ်-ကော့သောင်း၊ ရန်ကုန်-တာချီလိတ် နှင့် ရန်ကုန်-မန္တလေး-ကလေး ခရီးစဉ်များကို တိုးချဲ့ ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ခရီးစဉ်သစ်များ ပုံမှန်ပြေးဆွဲနိုင်ရေးနှင့် ခရီးသည်များအတွက် ပိုမိုကောင်းမွန်သည့် ခရီးသွားလာခြင်းနှင့်ပတ်သက်သောရွေးချယ်စရာများကို ပေးစွမ်းနိုင်ရန် အစဉ်တစိုက်ကြိုးစားအားထုတ်လျက်ရှိပါသည်။
သင့်ရဲ့ခရီးစဉ်ကို အခုပဲ Air KBZ မှာ Booking တင် ဝယ်ယူလိုက်ပါနော်! Booking တင်ခြင်းနှင့် လက်မှတ်ဝယ်ယူစုံစမ်းမေးမြန်းခြင်းဆိုင်ရာများကို Air KBZ ရဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်အချို့အပါအဝင် Air KBZ လက်မှတ်ဝယ်ယူနိုင်မည့် နေရာများအားလုံးမှာ ဝယ်ယူရရှိနိုင်မှာဖြစ်သလို ပူးတွဲဖော်ပြပါ link များမှတစ်ဆင့်လည်း လုပ်ဆောင်နိုင်ပါသည်။
09777093434
နီးနီးနားနား သွားလို့ရတဲ့ "ဘားအံ"က နေရာအသစ်လေး (၂)ခု 😃🏞❤️ကွီးတို့ရဲ့ ရင်ခွင်ကျယ်ထဲ ရောက်သွားသလို အေးချမ်းတဲ့ “ကွီးကျယ်စမ...
10/06/2020
နီးနီးနားနား သွားလို့ရတဲ့ "ဘားအံ"က နေရာအသစ်လေး (၂)ခု 😃🏞❤️
ကွီးတို့ရဲ့ ရင်ခွင်ကျယ်ထဲ ရောက်သွားသလို အေးချမ်းတဲ့ “ကွီးကျယ်စမ်းချောင်း” နဲ့ “သဘာဝရေလှိုင်ဂူ”
နာမည်လေးတွေကိုက သွားချင်စရာလေး …. 😁😁
အခုဆိုလေ ဘားအံက ရှယ်ကမ်းနားလမ်းနဲ့ ရှယ်ညဈေးအသစ်နဲ့ အရမ်းခေတ်မီလာတာရယ်။ နွေ၊ မိုး၊ ဆောင်း ဘယ်အချိန်ပဲ လည်လည်၊ လည်လို့လည်းသိပ်ကောင်းတယ်။ နွေနဲ့ ဆောင်းဆိုရင် ရေတံခွန်တွေ၊ လှိုင်ဂူထဲတွေ သွားလို့ကောင်းတယ်။ မိုးဆိုရင် တောင်တက်ရင် သိပ်လှ၊ စပါးခင်းစိမ်းစိမ်းရှုခင်းတွေ၊ တိမ်အဆုတ်လိုက်တွေနဲ့ သိပ်လှတဲ့ ဘားအံပါပဲ။ ပြီးခဲ့တဲ့ ဆောင်းတုန်းက အနော်ဘားအံက နေရာအသစ်လေး (၂)ခုကို ရောက်ခဲ့တာတဲ့။ အခုနေ မိုးရောက်ပေမယ့် သွားလို့ရတဲ့အချိန်ကျ သွားရအောင် ရေးပေးလိုကကိုယ့်မိသားစုလိုက်၊😍
🔷🚗🔷 ခရီးလမ်းကြောင်း...............................................
ဘားအံက ရန်ကုန်နဲ့ဆို တော်တော်နီးတယ်။ လိုင်းကားတွေလည်းရှိပြီး လမ်းလည်းကောင်းတယ်။ အိမ်ကားလေးနဲ့ဆို (၅)နာရီလောက်ပဲမောင်းရတယ်။ ဒါမယ့် အခုနေ ကိုဗစ်နဲ့ဆိုတော့ ကိုဗစ်ပြီးမှ သွားတာမျိုး၊ သွားမယ်ဆိုရင်လည်း ကိုယ့်မိသားစုလိုက်၊ သူငယ်ချင်းအဖွဲ့လိုက်သွားတာက ပိုပြီးကောင်းမယ်လို့ထင်တယ်လေနော့်။
ရန်ကုန်ကနေ မနက်စောစောထွက် အိမ်စီးကားလေးမောင်းသွား။ မနက်(၉)လောက်ကျ ဘီးလင်းရောက်ရင် ကြက်သွန်နိုင်နိုင်နဲ့ချက်ထားတဲ့ နာမည်ကျော် “ရွှေမျက်မှန် ထမင်းပေါင်း”လေးဝင်စား။ အပြန်ကျ သထုံအကျော် သိမ်ဆိပ်က အသီးတန်းမှာ တစ်လုံး (၂၅၀၀)တဲ့ ဒူးရင်းသီးတွေဝယ်စား၊ ရန်ကုန်လက်ဆောင်ဝယ် …. ကြည့် လမ်းကြောင်းဘယ်လောက် သင့်သလဲ ဆိုတာ….. 😁😁😃
🔷🏠🔷 တည်းခိုဖို့...............................................
ပထမ တစ်ခေါက် အနော်ဘားအံစရောက်တော့ (၂၀၁၇)ခုနှစ်တဲ့။ အဲ့တုန်းက ဟိုတယ်တွေ ရှားသေးတယ်။ ခုနေများ ဟိုတယ်တွေအများကြီးပဲ။ ဟိုတယ်ကြီးတွေရော အလတ်ကလေးတွေရော သန့်သန့်ပြန့်ပြန့်လေးနဲ့ ကိုယ်တွေလို ဘက်ဂျက်သမားတွေအတွက် တော်တော်အဆင်ပြေတယ်ရော်။ အနော်က ဒီတစ်ခေါက် Vintage Hpa-An Hotel က အသစ်လေးပြန်ပြင်ထားတယ် မနော်ထိုက် လာလည်ပါလားဆိုလို့ ဘားအံကို ထပ်ရောက်ခဲ့ပေါ့ …☺️☺️
Vintage Hpa-an Hotel က သိပ်မကြီးပါဘူး။ ဒါပေမယ့် ကျစ်ကျစ်လစ်လစ်လေးနဲ့ အစုံရှိတယ်။ ကားပါးကင်အကျယ်ကြီးကတော့ ကိုယ်တွေလို ကားမောင်းသွားတဲ့သူတွေအတွက် သိပ်အဆင်ပြေ။ ဈေးလည်း တန်နေရာပဲ။ အဲကွန်း၊ ဘရိတ်ဖတ် အပါမှ (၂)ယောက်ကို (၂၅၀၀၀)တဲ့။ Lobby လေးမှာလည်း Bar လေးရယ်၊ ကာဖီကြိုက်တတ်တဲ့သူတွေတဲ့ ဖရီးကော်ဖီလည်းထိုင်သောက်လို့ရသေးတာတဲ့။ အခန်းလေးတွေကလည်း ပုံမှန်ဆိုပေမယ့် ပြင်ထားတော့ အသစ်ကလေးလိုပါပဲ။ နော်ကတော့ ရေချိုးခန်းကျယ်တာလေး သဘောကျတာရယ်။ 👍🏼👍🏼
Vintage Hpa-an Hotel ရဲ့ အားသာချက်က ညဈေး (၂)ခုလုံးနဲ့ နီးတာပဲ။ အရင် ကန်သာယာညဈေးရော၊ အခုအသစ် ကမ်းနားညဈေးရော သိပ်မဝေးဘူးရော်။ တိတ်တိတ်ဆိတ်ဆိတ်လေးလည်းရှိတယ်။ ဟိုတယ် အသစ်ဆိုတော့ ဝန်းထမ်းလေးတွေကအသစ်။ ကရင်တိုင်းရင်းသူ တိုင်းရင်းသားလေးတွေ စကားဝဲတဲတဲနဲ့ ပျူငှာကြတယ်။ ကားငှားချင်သလား၊ ဆိုင်ကယ်စီးချင်သလား၊ လမ်းပြဂိုက်လိုလား၊ သံလွင်မြစ်ထဲ သင်္ဘာစီးချင်လား သူတို့ဆီမယ် အကုန်ရတယ်။ အနော်ဆိုလေ “ဖိုးတစ်ခေတ်ရွာ” သွားတုန်းက အဲ့က ဝန်ထမ်းလေးပဲ စကားပြန်လိုက်ပေးခဲ့တာ။ လိုတာမှန်သမျှ Vintage Hpa-an Hotel မှာ ပြောလို့ရ …. 😉😉
အနော့်အကြိုက်ဆုံးကတော့ ဟိုတယ်ကချက်တဲ့ ကြက်သားနှပ်။ မည်သို့မည်ပုံနှပ်ထားတယ်မသိ အတော်စားကောင်းတာပဲရယ်။ ဗမာကြက်သားရဲ့ နူးအိမှု၊ ကြက်သွန်နီရဲ့ မွှေးကြိုင်မှု နှစ်ခုပေါင်းအရာသာက စားဖူးသမျှထဲမယ် အကောင်းဆုံးလို့ ပြောလို့ရတယ်။ ဝက်လျှာကင်လေးကို အပေါ်မှာ အနှစ်ရည်ဆမ်းထားတာလေးကလည်း ကောင်း။ အပြင်ထွက်မစားချင်လို့ ဟိုတယ်မှာ မှာစားမယ်ဆိုရင်တော့ ထမင်းကြော်၊ တရုတ်ဟင်းဘာညာ လျှောက်မစားနဲ့ရယ်။ အဲ့ကြက်သားနှပ်လေးနဲ့ ထမင်းဖြူလေးနဲ့သာ လွေးစား။ ရန်ကုန်ကိုတောင် ပါဆယ်ယူသွားချင်တဲ့ ကြက်သားနှပ်ဖြစ်သွားမယ် စိတ်ချ ….. 😁😁😋
အခုနေလည်း ဟိုတယ်က ဖွင့်နေပြီဆိုတော့ ဘားအံရောက်တယ်၊ ဈေးအသင့်လေးမှာ ကောင်းကောင်းလေးနေချင်တယ်ဆို Vintage Hpa-an Hotel မှာတည်းလို့ရပါတယ်လို့။
(၂)ယောက်ခန်း - ၂၅၀၀၀
(၃)ယောက်ခန်း - ၃၅၀၀၀
(၄)ယောက်ခန်း - ၄၅၀၀၀
Ph - 09 4977 1885
ဒါက သူတို့ရဲ့ Page https://www.facebook.com/VintageHpaAnHotel/
🔷🏞📸🔷 လည်ကြမယ် ပတ်ကြမယ် ...............................................
ဘားအံကလေ လွန်ခဲ့တဲ့ (၃)နှစ်နဲ့တောင် ဘာမှမဆိုင်တော့ဘူးရယ် သိလား။ ပြောင်းလဲသွားလိုက်တာ မြို့ပြကြီးကျနေတာပါပဲ။ တော်တော်လည်း တိုးတတ်လာတယ်။ တိုးတတ်လာတဲ့ မြို့ပြပုံစံရယ် သဘာဝအတိုင်းရှိနေတဲ့ တောင်စိမ်းစိမ်းကြီးတွေ၊ လှိုင်ဂူကြီးတွေ၊ စပါးခင်းကြီးတွေက ဘယ်အချိန်ပဲ သွားသွား ဘားအံဆိုတာ ရိုးကိုမနေဘူး။ အမြဲတမ်း သစ်လွင်နေသလိုပါပဲ။ နော်ဒီတစ်ခေါက် ရောက်ခဲ့တဲ့ နေရာအသစ်လေးတွေကတော့တဲ့ ….
🏞ကွီးတို့ရဲ့ ရင်ခွင်ကျယ်ထဲ ရောက်သွားသလို အေးချမ်းတဲ့ ကွီးကျယ်ရေတံခွန်
ကြီးက်ယ္တဲ့။ ကရင်နာမည်နဲ့တူတယ်။ လှလွန်းလို့ ဖလန်းဖလန်းလုပ်လိုက်တာ နာမည်အဓိပ္ပါယ်မေးဖို့ မေ့သွားခဲ့ရော ... 😁😁 တကယ်တော့ ကွီးကျယ်ချောင်းနဲ့ ကွီးကျယ်ရေတံခွန်ပေါ့။ ဒေါနတောင်တန်းတွေဆီက ချောင်းကြီးဆိုတော့ စိမ်းပြာနေတဲ့ ချောင်းရေပြင်ကျယ်ကြီးရယ် ကျောက်တုံးအကြီးကြီးတွေက ကွီးကျယ်ရဲ့ အသက်။ နွေတောင် လှတာဆိုတော့ မိုးအကုန် ဆောင်းဆိုရင် ရေများပြီး ပိုလှမယ် ထင်မိတာပါပဲ။
ချောင်းကြီးက တောင်ကြောတစ်လျှောက် အရှည်ကြီးပါပဲ။ လူသူလဲနည်းတယ်။ ဆိုင်ခန်းတွေလည်း တစ်ဆိုင်လား၊ နှစ်ဆိုင်လားပဲရှိတယ်။ ရေတံခွန်အကြီးကိုသွားချင်ရင်တော့ လာလမ်းကနေ တော်တော်ဝေးဝေးလမ်းလျှောက်ရသေးတာတဲ့။ တောလမ်းနဲ့ ကျောက်တုံးပေါ်ကနေသွားရတာ။ ရေတံခွန် ငယ်လေးတွေရယ် ရေပြာကန်ကြီးတွေဆိုရင်တော့ ကားပါကင်နဲ့ သိပ်မဝေးပါဘူး။ နီးတာရယ်။ ကိုယ်ကတော့ အပျင်းကြီးပြီး ရေတံခွန်အငယ်လေးပဲ ရောက်ခဲ့တာ။ အောက်က ကျောက်တုံးကြီးတွေကို အထင်းသားမြင်ရတဲ့ စမ်းချောင်းစိမ့်စိမ့်အေးအေးလေးက ကွီးတို့ရဲ့ ရင်ခွင်ကျယ်ကြီးလို အေးမြနေတာပါပဲ … အယ်လယ့် …. 😁😁😛
သွားမယ်ဆို ဘားအံကနေ (၂)နာရီလောက် ကားမောင်းရတယ်။ လမ်းကြောင်းက ဘားအံ-လှိုင်းဘွဲ့လမ်းအတိုင်း သွား၊ ထီလုံလမ်းခွဲကနေ ဆက်သွားလို့ အထက်ပိုင်း ကျုံရွာကျော်ရင် “ကွီးကျယ်သို့” ဆိုတဲ့ ဆိုင်းပုဒ်တပ်ထားရင် ရောက်ပြီ။ လှိုင်းဘွဲ့အထိပဲ လမ်းကောင်းတာရယ်။ ထီလုံလမ်းခွဲကစ မြေကြီးလမ်းပဲ။ မိုးတွင်းဆို ရွံ့လမ်းလိုဖြစ်နေမှာပဲ။ နွေဆိုရင်တောင် ဖုန်က (၁)တောင်ကျော်တာရယ်။ ပြီးတော့ လမ်းက တောလမ်း။ ဆိုတော့ ကိုယ့်ဘာသာကိုယ်သွားရင် ကားနာတယ် လမ်းမသိဖြစ်မှာစိုးလို့ ကားငှားသွားလို့ရတာတဲ့။ အနော့်အသိ မမကေဇင်တို့ လိုက်ပို့ပေးတယ်တဲ့။
အသွားအပြန် ကားစင်းလုံးငှား - ၅၀၀၀၀။ Ph - 09 666164646 မမအိကေဇင်ကိုဖုန်းဆက်ပြီး လိုက်ပို့ခိုင်းလို့ရ … 🤗🤗
⛰🚣🏻‍♀️ရေသေ့ပျံဂူအောက်က “သဘာဝ ရေလှိုင်ဂူ”
တစ်မြန်နှစ်ကမှ စတွေတဲ့ဂူကြီးတဲ့။ အရင်ကဆို ဆဒ္ဒန်ဂူမှာပဲ လှေလေးစီးပြီး ဟိုသွားဒီသွား သွားရတာလေ။ အခုဂူကျတော့ မဟုတ်ဘူးရယ်။ ရသေ့ပျံဂူရှိတဲ့ တောင်ကြီးရဲ့ အတွင်းသားထဲကို လှေစီးပြီး သွားရတာတဲ့။ ဂူကတော်တော်လဲ ကျယ်တယ်။ မိုးတွင်းဆို မရဘူးတဲ့။ နွေနဲ့ ဆောင်းပဲရတာတဲ့။ ဂူကြီးက အကြီးကြီးပဲ။ ရေတတ်နေရင်လည်း သွားမရဘူးရယ်။ အရိုးသားဆုံးဝန်ခံရရင် ကိုယ့်ဘဝမယ် တောင်ရဲ့အောက်မှာ ရေတွေပြည့်နေတဲ့ ဂူပေါက်ကြီး ရှိလိမ့်မယ်လို့ တခါမှ မတွေးခဲ့ဖူးဘူး… သွားရတာ ရင်ခုန်စရာလဲ ကောင်းသလို မြင်ဖူးနေကျ ရှုခင်းမျိုးမဟုတ်တော့ သွားရတာ တန်တယ်လို့ ထင်တာပါပဲ … 🥰🥰
ပုံမှန်ဆို အနော်က ဂူကြိုက်တတ်တဲ့အထဲ မပါဘူး။ စိတ်ထဲမှာ ဘာမှသိပ်မထူးဘူးလို့ထင်တာကိုး။ ဒါကြီးကျ တော်တော်မိုက်တယ်။ လမ်းလျှောက်သွားရတာမျိုးမဟုတ်ဘဲ လှေစီးပြီးသွားရတယ်။ မြေသားတွေမဟုတ်တဲ့ ဂူကြီးထဲက ရေပြင်ကျယ်ကြီးရယ်၊ မှောင်မှောင်မဲမဲထဲမှာ လှေတတ်ခတ်သံရယ်က တကယ့်ကို စည်းချက်မိတယ်။ နော်တို့သွားတော့ လှေသမားကြီးက ဓါတ်မီးအကြီးပေး၊ ဟိုထိုးကြည့် ဒီထိုးကြည့်နဲ့ ကိုယ့်မယ် အံ့တွေသြလို့။ ကျောက်ခက်ပန်းစွဲတွေ ကျောက်ဂူတွေကလည်း အထဲမှာ အများကြီးပဲ။
တကယ်ကြွေမိတဲ့ နေရာဆိုလေ အခုပုံထဲက အလင်းဝင်နေတဲ့ အတွင်းဂူပေါက်တွေလေ။ အားပါးပါးးးးး လှချက်ဆိုတာ အမှောင်ထဲက အလင်းဆိုတာ ဒါမျိုးမှအစစ်။ ဘယ်လိုကြည့်ကြည့် ကြည့်မဝတဲ့ နေရာလေး။ ဒီဂူမရောက်ဖူးရင် ဘားအံလာရကျိုးမနပ်ဘူးလို့တောင်ထင်မိတာရယ်။ မြန်မာနိုင်ငံမှာ အခုလို သိပ်လှတဲ့နေရာတွေ ရှိတာ အနော်ကတော့ ဂုဏ်ယူမိတာပါပဲ။ မပျက်စီးအောင် ထိန်းသိမ်းဖို့တော့ လိုတာလေနော့် … 🥰🇲🇲
ဂူထဲအသွားအပြန်နဲ့ဆို လှေစီးချိန်က မိနစ် (၄၀)လောက်ရှိမလားပဲရယ်။ လှေတစ်စီးမှ (၅၀၀၀)တဲ့။ တန်ချက်ဆိုတာ။ လူ(၅)ယောက်အထိလိုက်လို့ရတယ်။ ဓါတ်မီးလဲငှားတယ်။ သက်ကယ်အင်္ကျီလိုချင်လဲ ပေးတယ်။ ဓါတ်ပုံရိုက်ချင်တဲ့ နေရာကျရင်လည်း ရပ်ပြီးစောင့်ပေးသေးတယ်။ ဘယ်လောက်ကောင်းလိုက်တဲ့ ဆားဗစ်လဲ ဆိုတာ။ လှေသမား ဦးလေးကြီးတို့လည်း ပိုပြီး အလုပ်အကိုင်ကောင်းပါစေ.... ☺️🙏🏼
🔷🍲🍛🔷 စားကြမယ်သောက်ကြမယ် ...............................................
ဘားအံရောက်တိုင်း အငမ်းမရသွားစားတာက ညဈေးက ကရင်တောထမင်း။ ငါးပိရည်ကြိုနဲ့ အတို့အမြို့အစုံနဲ့ ဆန်လှော်ဟင်းနဲ့ စားရတဲ့ ကရင်တောထမင်းက ဘားအံညဈေးရဲ့ အသက်။ တခြားကရင်ပြည်နယ်ထဲက မြို့တွေမှာ မရောင်းဘူးလားမသိဘူး သိပ်မကြားမိဘူးနော်။ ပုစွန်၊ ကြက်ဆင်သား၊ ဘဲသားနဲ့ စား တစ်ပွဲမှ (၂၀၀၀) နဲ့ (၃၀၀၀)ကြားပဲ။ လက်နဲ့ပဲ တွယ်တွယ်၊ ဇွန်းခက်ရင်းနဲ့ပဲစားစား ခုပြော ခုစားချင်တဲ့ တောထမင်းကို သွားစားလို့ရ … 😋😋
ထမင်းဆိုင်ဆိုရင် “စံမတူ ကရင်ထမင်းဆိုင်” ကို ညွှန်းပါရေစေ။ အရံဟင်း (၁၀)မျိုးနဲ့ ကရင်ရိုးရာ ချက်ဟင်းတွေအများကြီးရတယ်။ အဲ့ကမှ ကရင်ငါးဖယ်ချက်ဆိုတာကို စားကြည့်။ ငါးဖယ်ချက်လေးကိုမှ ဆန်လှော်လေးထောင်းပြီး ချဉ်စပ်လေး ချက်ထားတာ။ ငါးပိရည်လေးနယ်ပြီးစား (၂)ပန်းကန် မကုန်ဘူးဆို ကြိုက်တာသာလာပြော ….. ဈေးလည်းတန်တယ်ရော် …ဆိတ်သား၊ ကြက်သား၊ ဘဲပေါင်း၊ ကရင်ငါးဖယ်ချက်၊ ပုစွန်ချဉ်ပေါင်ကျော်၊ မျှစ်ကြော် လူ(၃)ယောက်အဝစား (၁၅၀၀၀) ပဲကျ ... ရေလည်ကြွေသော ထမင်းဆိုင် …. 😁😁😍
လူငယ်တွေ ညနေကျ အကင်ကောင်းကောင်းနဲ့ ဘီယာလေး ကစ်ချင်တယ်ဆိုရင် My Hat Bar & Restaurant ကိုသာသွား မမှားစေရဘူးရယ်။ ခြံအကျယ်ကြီးထဲမှာ အေးအေးလူလူ စားသောက်လို့ရတယ်။ ဘားအံမှာ ဒါမျိုးဆိုင်လေး ရှိတာမသိခဲ့ဘူးရယ်။ မိသားစုပဲစားစား ဘျာပဲသောက်သောက် တော်တော်ထိုင်လို့ကောင်းတယ်။ အစားအသောက်အရသာလေးလည်း ရိုးရိုးပုံမှန်အရသာတွေမဟုတ်ဘူး။ ဟင်းပွဲတွေကအစပ်အဟပ်ထိမိနေရောပဲ။ ကိုယ့်အကြိုက်ဆုံးက ဝက်သားဖီတန်နဲ့ ကြက်ခြေထောက်ချဉ်စပ်။ ဝက်သားလိပ်လေးထဲမှာမှ ဆေးဘဲဥလေးထည့် အကြွပ်ပြန်ကြော်ထားတာမျိုး။ ကြက်ခြေထောက်ဆိုလည်း တစ်ခါတည်းနဲ့ စွဲသွားလိုက်တာ အရင်ကဆို ကြက်ခြေထောက်ဆို ဟင့်အင်းမစားတတ်ဘူး ဘာညာနဲ့ ခုများတော့ ကြိုက်လွန်းလို့ ပါဆယ်ပါဆွဲခဲ့ရတဲ့ဆိုင် …. 😁😁😅
🔷🎁🔷လက်ဆောင်ပစ္စည်းတွေ ဝယ်ကြမယ်...............................................
ဆိုခဲ့သလိုပါပဲ အပြန်လမ်းက သထုံအကျော် သိမ်ဆိပ် အသီးတန်းမှာ တစ်လုံး (၂၅၀၀)တဲ့ ဒူးရင်းသီးတွေနဲ့ ရာသီအသီးအစုံကို လက်ဆောင်ဝယ်သွားလို့ရ။ ဘားအံညဈေးက ဆိုင်လေးတွေမှာလည်း ဒေသထွက် ပစ္စည်းလေးတွေရှိလို့ ဝယ်သွားလို့ရပါတယ်လို့ ….☺️☺️
ဆိုတော့
ဘားအံက နေရာအသစ်လေး (၂)ခုအကြောင်း ရေးလိုက်တာ တော်တော်စုံသွားပြီလေနော့်။
အိမ်ထဲမှာပဲ ပိတ်မိနေတဲ့ ကိုယ့်လူတွေ အညောင်းအညာပြေ သွားလို့ရအောင် ရေးပေးလိုက်ပါတယ်။
မိုးတွင်း ဘားအံသွားချင်တဲ့ သူတွေအတွက်ကတော့ ဒီလင့်ထဲကို ဖတ်လို့ရပါတယ်
https://www.facebook.com/travelbynawhtike/posts/1934602900087745
💥💥💥သွားဖြစ်မယ်ဆိုရင်တော့ ကိုဗစ်ကလေးကိုလည်း အာရုံထဲ အမြဲရှိပြီး ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ကြပါလို့။ သဘာဝဂူတွေ၊ ချောင်းတွေမှာလည်း အမှိုက်တွေ စည်းကမ်းမဲ့ပစ်တာမျိုး၊ ဖျက်စီးတာမျိုး မလုပ်ကြပါနဲ့ လို့ အနော်က ထပ်ခါ ထပ်ခါ မေတ္တာရပ်ခံပါတယ်နော့် 🙏🏼🙏🏼🙏🏼💥💥💥
နော့်မိတ်ဆွေတွေ အကုန်လုံးလည်း အန္တရယ်ကင်း ကိုဗစ်ရှင်းပြီး နေကောင်းကျန်းမာစွာနဲ့ ခရီးထွက်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း
လွတ်လပ်စွာ Share လို့ရ
တဆင့်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ
ဆက်လက် တင်ဆက်ပါဉီးမယ်
ကျေးဇူးတင်ပါတယ်
☺️☺️
Camera - Sony A7M2
Lens - Prime 50, 16-35
Photo - Naw Htike, Minnye Hla
Edit & Retouch - LightRoom
🛫🛫 မဖြစ်မနေ ခရီးသွားရမယ့် သူများအတွက်... Air KBZ လေယာဉ်လက်မှတ်များဝယ်ယူလို့ ရနိုင်ပါတယ်နော် 🛬🛬🛫🛫 မဖြစ်မနေ ခရီးသွားရမယ့် ...
20/04/2020
🛫🛫 မဖြစ်မနေ ခရီးသွားရမယ့် သူများအတွက်... Air KBZ လေယာဉ်လက်မှတ်များဝယ်ယူလို့ ရနိုင်ပါတယ်နော် 🛬🛬
🛫🛫 မဖြစ်မနေ ခရီးသွားရမယ့် သူများအတွက်... Air KBZ လေယာဉ်လက်မှတ်များဝယ်ယူလို့ ရနိုင်ပါတယ်နော် 🛬🛬
Air KBZ Essential Domestic Services & COVID-19 Travel Advisory for travel between 19 to 30 Apr 2020
===============================
Air KBZ operates essential domestic services for travelers who need to travel for unavoidable reasons. We, however, suggest all travelers to plan their travels wisely and to delay non-essential travels.
For those who are traveling, FOLLOW CURFEW TIMINGS, QUARANTINE REQUIREMENTS & INDIVIDUAL TRAVEL REQUIREMENTS AT ALL TIMES.
Please check the COVID-19 Travel Advisory below and you can also visit the following link on our website:
We appreciate your kind understanding and cooperation with the health workers, authorities and airline, thank you!
ပြည်တွင်းခရီးစဉ်များအတွက် လိုက်နာရန်လိုအပ်သော ခရီးသွားလာခြင်းဆိုင်ရာ အကြံပြုချက်များ (Travel Advisory)
ဧပြီလ ၁၉ ရက်မှ ၃၀ ရက်အတွင်း မဖြစ်မနေခရီးသွားလာရန်လိုအပ်ချက်များအတွက် ပြေးဆွဲပေးနေသည့် Air KBZ ၏ ပြည်တွင်းခရီးစဉ်များနှင့် ခရီးသွားလာခြင်းဆိုင်ရာအကြံပြုချက်များ
=================================
ခရီးသွားမိဘပြည်သူများ၏ နေရပ်ဒေသအသီးသီးသို့ပြန်ရန်နှင့် မဖြစ်မနေခရီးသွားလာရန်စသည့် အရေးပေါ်လိုအပ်ချက်များအတွက် Air KBZ အနေဖြင့် ပြည်တွင်းခရီးစဉ်အချို့ကို ပြေးဆွဲပေးလျက်ရှိပါသည်။ မိဘပြည်သူများအနေဖြင့် မလိုအပ်ပဲခရီးသွားလာခြင်း မပြုကြရန်နှင့် မျဖစေ္မနလိုအပ္လာမွသာ အသေအချာချင့်ချိန်၍ သွားလာကြပါရန် အကြံပြုအပ်ပါသည်။
မဖြစ်မနေသွားလာကြရမည့် ခရီးသည်များအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ညမထွက်ရအမိန့်များ၊ ကန့်သတ်နေထိုင်ခြင်းဆိုင်ရာညွှန်ကြားချက်များနှင့် ခရီးသွားလာရန်အတွက် လိုအပ်သည့်စာရွက်စာတမ်း အချက်အလက်တစ်ခုခြင်းစီကို တိတိက်က် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။
COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ခရီးသွားလာခြင်းဆိုင်ရာ အကြံပြုချက်များကို အောက်ပါအတိုင်းဖတ်ရှုလေ့လာနိုင်ပြီး၊ ပူးတြဲပါ Link မှတဆင့် Website တွင်ဖော်ပြထားသော အသေးစိတ်အချက်အလက်များကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ခရီးသည်များအနေဖြင့် ချမှတ်ထားသော ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များကို ကောင်းစွာနားလည်သဘောပေါက်၍ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာအာဏာပိုင်များအပြင် မိမိတို့လေကြောင်းလိုင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
ပြည်တွင်းခရီးစဉ်များအတွက် လိုက်နာရန်လိုအပ်သော ခရီးသွားလာခြင်းဆိုင်ရာ အကြံပြုချက်များ (Travel Advisory)
=================================
မဖြစ်မနေသွားလာကြရမည့် ခရီးသည်များအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ညမထွက်ရအမိန့်များ၊ ကန့်သတ်နေထိုင်ခြင်းဆိုင်ရာညွှန်ကြားချက်များနှင့် ခရီးသွားလာရန်အတွက် လိုအပ်သည့်စာရွက်စာတမ်း အချက်အလက်တစ်ခုခြင်းစီကို တိတိကျကျ လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။
COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ခရီးသွားလာခြင်းဆိုင်ရာ အကြံပြုချက်များကို အောက်ပါအတိုင်းဖတ်ရှုလေ့လာနိုင်ပြီး၊ ပူးတွဲပါ Link မှတဆင့် Website တွင်ဖော်ပြထားသော အသေးစိတ်အချက်အလက်များကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Lockdown တို့ quarantine တို့မရှိတော့ဘဲ ပုံမှန်အတိုင်းပြန်ဖြစ်ပြီဆိုရင် စိတ်တက်တက်ကြွကြွနဲ့မဖြစ်မနေပြန်လုပ်ချင်တဲ့အရာ သု...
05/04/2020
Lockdown တို့ quarantine တို့မရှိတော့ဘဲ
ပုံမှန်အတိုင်းပြန်ဖြစ်ပြီဆိုရင် စိတ်တက်တက်ကြွကြွနဲ့
မဖြစ်မနေပြန်လုပ်ချင်တဲ့အရာ သုံးခုရွိလား ?
When the lockdown is lifted, what are your top three things you'll be excited about being able to do again?
Crt
28/03/2020
📛📛 ဒီအချိန်မှာ လုံးဝ ခရီးမထွက်ပါနဲ့ 📛📛
မပိတ်သေးတဲ့နေရာတွေရှိပေမယ့် ခရီးမသွားပါနဲ့..
ပိတ်မိနေနိုင်တဲ့ အတွက် ခရီးမသွားပါနဲ့ ..
ကိုယ့်ကိုကိုယ်ချစ်ရင် ခရီးမသွားပါနဲ့..
ကိုယ့်မိသားစုကို ချစ်ရင် ခရီးမသွားပါနဲ့ ..
ကိုယ့်တိုင်းပြည်ကို ကယ်တင်ချင်ရင်ခရီးမသွားပါနဲ့..
အခုချိန်မှာအားလုံးလည်း သိပြီးတဲ့အတိုင်း COVID -19 ပိုးရှိသူ ၂ ယောက် မြန်မာပြည်မှာတွေ့သွားပါပြီ. ..နိုင်ငံတကာမှာလည်း မြို့တွေ နိုင်ငံတွေအလိုက် lock down တွေချနေလို့. ပိတ်မိနေတဲ့ ခရီးသွားတွေ တစ်ပုံတစ်ပင်ပါပဲ.. အခု ပြည်တွင်းမှာ သွားလာလို့ရနေသေးပေမယ့် မကြာခင်မှာ တစ်မြို့နဲ့ တစ်မြို့ ကူးသန်းသွားလာလို့မရတဲ့ Community Quarantine ( မိမိမြို့မှာပဲ သွားလာစေခြင်း) ပြုလုပ်ခဲ့ရင် ကိုယ်ဘယ်မှာပိတ်မိနေမလဲ တွေးကြည့်ပါ.. မိမိလည်း ဒုက္ခများ မိသားစုလည်း စိတ်ပူ စေမှာပါ.. ဟိုမြို့ဒီမြို့ကူးလို့မရပဲ ရောက်တဲ့နေရာမှာပဲ နေနေရမှာပါ..
ဒါကြောင့် ခရီးမသွားပါနဲ့.. အိမ်ပါပဲအေးအေးဆေးအနားယူကြပါ.. ✅
မမမေဇွန်
Travel Blogger
friends : နင်အိမ်မှာနေရင် ဘာတွေလုပ်လဲMe : အိမ်မှာနေရင်းလဲ ကိုယ့်လိုမျိုး Chill လို့ရတာ သိစေချင်လို့ပြောလိုက်ပြီ...အိမ်မှ...
27/03/2020
friends : နင်အိမ်မှာနေရင် ဘာတွေလုပ်လဲ
Me :
အိမ်မှာနေရင်းလဲ ကိုယ့်လိုမျိုး Chill လို့ရတာ သိစေချင်လို့ပြောလိုက်ပြီ...
အိမ်မှာတင် Staycation ပြီး ကိုယ့်ဘာသာ စိတ်အပန်းဖြေလို့ရတဲ့ အိုင်ဒီယာလေးတွေ တင်ပေးလိုက်တယ်..
စိတ်အပန်းပြေအောင် အပျော်သဘောနဲ့နော် 😀
ကိုယ့်ပုံလေးတွေ ကြည့်ပြီး အပန်းပြေကြပါစေ 😜😜😂
🏠 Stay Home Please …….. 🏠
အော်နေဦး
ကိုယ်လို လုပ်ပြီး ဓာတ်ဖမ်းဖို့ Challenge ခေါ်တယ်နော် 😚😚
22/03/2020
လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းဖြင့် ကူးစက်ရောဂါများမှ ကာကွယ်ပါ။
Aung Mingalar
09-45 199 27 38
Address
No. 1169, Muditar Street, (5) Ward, East Dagon
Yangon
Telephone
+959451992738
Website
Alerts
Be the first to know and let us send you an email when Aung Mingalar Travel & Tours အောင်မင်္ဂလာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Aung Mingalar Travel & Tours အောင်မင်္ဂလာ:
Share
Category