19/05/2026
အခုအချိန် ပုဂံသွားမယ်ဆို ဒီလို 𝐇𝐢𝐝𝐝𝐞𝐧 𝐆𝐞𝐦 နေရာလေးတွေကို မဖြစ်မနေလည်ခဲ့နော် 📣
💁🏻♀️မိုးလေး တဖြောက်ဖြောက်ရွာတတ်တဲ့ ဒီလိုရာသီမျိုးဆို စိမ်းစိုစိုအလှတရားတွေနဲ့ ဖုံးလွှမ်းနေမဲ့ ပုဂံ မြေကတော့ လည်ပတ်ဖို့ အကောင်းဆုံးနေရာပါပဲ 🥰 ဒါပေမဲ့ ပုဂံရောက်တိုင်း သွားဖူးနေကျ နာမည် ကြီးဘုရားတွေအပြင် လူအများစု သိပ်သတိမထားမိဘဲ ဓါတ်ပုံရိုက်လို့လည်း အရမ်းလှတဲ့ 𝐇𝐢𝐝𝐝𝐞𝐧 𝐆𝐞𝐦𝐬 နေရာလေးတွေကို 𝐅𝐀𝐌𝐎𝐔𝐒 က ညွှန်းပေးပါရစေနော်❗️
🔹️နတ်သမီးကမ်းပါး
- ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိလို့ သဘာဝအလှတရားတွေကို ခံစားရင်း 𝐒𝐮𝐧𝐬𝐞𝐭 ကြည့်ဖို့ အကောင်းဆုံးနေရာလေးတစ်ခုဖြစ်ပါတယ် ... လမ်းမသိလို့ နေရာမှားတာမျိုးမဖြစ်အောင် နယ်ခံလူတွေနဲ့ သွားလည်မယ်ဆိုရင် ပိုအဆင်ပြေပါတယ်
🔹️ရွှေကွန်ခြာဘုရား
- ဧရာဝတီကမ်းပါးအနီးက ဘုရားတစ်ဆူဖြစ်ပြီး
တန်ဆောင်းက ခြင်္သေ့ရုပ်ကြီးတွေ ၊ လှေကားထစ်လေးတွေနဲ့ ဓါတ်ပုံရိုက်ရင် အရမ်းလှလို့ တကယ်
သွားလည်သင့်ပါတယ်နော်...တချို့ကတော့ ဒီနေရာကနေ 𝐒𝐮𝐧𝐬𝐞𝐭 ကြည့်ကြတာလည်း ရှိပါတယ်
🔹️ခေမင်္ဂဘုရားစု
- ဒီနေရာလေးက ထီးလို မင်းလို ဘုရားအနီးမှာ ရှိပြီး ဘုရားသေးသေးလေးတွေ အများကြီးရှိလို့ ပုံရိုက်လို့ကောင်းပြီး လူသိလည်းနည်းတဲ့ 𝐇𝐢𝐝𝐝𝐞𝐧 𝐆𝐞𝐦 နေရာတစ်ခုဖြစ်ပါတယ်
🔹️စိုးမင်းကြီးအုတ်ကျောင်း
- ဒီနေရာကတော့ 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 တို့ ၊ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 တို့မှာ တွေ့တွေ့နေကျ ပုံရိုက်လို့ကောင်းတဲ့ နေရာလေးဖြစ်ပြီး လှေကားထစ်လေးတွေ အများကြီးနဲ့ အနု ပညာလက်ရာမြောက်တဲ့ အုတ်ကျောင်းကြီး ဖြစ်ပါတယ်
🔹️ဆင်ဖြူရှင်ဘုရား
- လူအရောက်နည်းပြီး အေးချမ်းတိတ်ဆိတ်လွန်းတဲ့နေရာလေးဖြစ်လို့ ဒေသခံလူတွေနဲ့ အတူသွားတာ ပိုကောင်းပါတယ် ❗️ဘုရား အဝင်ဝက တမာတန်းလမ်းလေးကတော့ အရမ်းလှလို့ ပုံရိုက်ဖို့ မမေ့ခဲ့နဲ့နော်
🔹️စိမ်းညက်ညီအစ်မ ဘုရား
- ဒီဘုရားက စိုးမင်းကြီး အုတ်ကျောင်းနဲ့ နီးပါတယ် ... လိုဏ်ဂူဘုရား ပုံစံမျိုးတည်ထားပြီး လက်ရာမြောက် အင်္ဂတေပန်းတွေလည်း ရှိတာမို့ ပုဂံရောက်ရင်တော့ သွားလေ့လာသင့်ပါတယ်
🔹️အိုးပုတ်တန်း
- အာနန္ဒာဘုရားဘေးအနီးက အိုးပုတ်တန်းမှာလည်း ချစ်စရာ ရောင်စုံအိုးပုတ်လေးတွေကို ပုဂံပြန်လက် ဆောင်အနေနဲ့ ဝယ်ကို ဝယ်ခဲ့ရမယ်နော် 😍
ဒါနဲ့ ပုဂံကိုရောက်ရင် အညာလက်ရာ အကြော်စုံ ပူပူလေးတွေ ၊ မြန်မာထမင်းဟင်း ဘူဖေးတွေကိုလည်း စားကို စားရမှာပေါ့ 💁🏻♀️ ပုဂံဆိုတာ ဘယ်နှခေါက် ရောက်ရောက် မရိုးနိုင်တဲ့ နေရာဖြစ်လို့ သွားလည်မယ်ဆိုရင် ...
ခရီးစဉ်တစ်လျှောက် ပင်ပန်းမှုမရှိဘဲ ဇိမ်ကျကျသွားဖို့ 𝐅𝐀𝐌𝐎𝐔𝐒 ရဲ့ ရန်ကုန် > ပုဂံ ခရီးစဥ်လေးလည်း ရှိပါတယ်နော် 🥰
👉🏻ပုဂံမြေကိုရောက်လို့ တည်းခို အနားယူမယ်ဆိုလည်း အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ 𝐅𝐀𝐌𝐎𝐔𝐒 𝐁𝐚𝐠𝐚𝐧 𝐇𝐨𝐭𝐞𝐥 ရှိနေတာမို့ ကြိုက်တဲ့အချိန် ဖုန်းလေးဆက်ပြီး 𝐁𝐨𝐨𝐤𝐢𝐧𝐠 တင်ထားလိုက်ရုံပါပဲ😍
📍𝐇𝐨𝐭𝐞𝐥 လိပ်စာ - ပုဂံညောင်ဦး ၊ ကျောက်ပန်းတောင်းကားလမ်းဘေး ၊ ပုဂံရွှေပြည်ကားကွင်းနဲ့ လေယာဉ်ကွင်းကြား။
📲Bagan Hotel Reception - 09441779993
📍𝐅𝐀𝐌𝐎𝐔𝐒 𝐄𝐗𝐏𝐑𝐄𝐒𝐒 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭
💁🏻♀️လက်မှတ်ဝယ်ယူဖို့ နဲ့ ခရီးစဥ်တွေကို စုံစမ်းမေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို
ဆက်သွယ်နိုင်ပါတယ်
☎️ 09 882 9000 75
☎ 09 882 9000 74
Viber. 09 882 9000 75
#ပုဂံခရီးစဉ်