NILAR GAYA

NILAR GAYA မင်္ဂလာပါရှင် / နီလာဂယာမှကြိုဆိုပါတယ်?

12/03/2020
ခရီးသွားတဲ့အခါ Coronavirus ကို ဘယ်လိုကာကွယ်ရမလဲ ။ ၁။ အရည်အသွေးကောင်းတဲ့ Mask တပ်ပါ။ Coronavirus က လေထုထဲကနေတဆင့် ကူးစက်တ...
05/03/2020

ခရီးသွားတဲ့အခါ Coronavirus ကို ဘယ်လိုကာကွယ်ရမလဲ ။

၁။ အရည်အသွေးကောင်းတဲ့ Mask တပ်ပါ။
Coronavirus က လေထုထဲကနေတဆင့် ကူးစက်တက်တာမို့လို့ အရည်အသွေးမြင့်တဲ့ Maskတွေနဲ့ အသက်ရှူလမ်းကြောင်း ကို ကာကွယ်သင့်ပါတယ် ။

၂။ လက်ဆေးပါ။
နေရာတိုင်းမှာ Virus တွေရှိနိုင်တာမို့လို့ တစ်ခုခုကိုင်ပြီးတိုင်း လက်ကိုသေသေချာချာဆေးကြောဖို့လိုပါတယ်။

၃။ Antibacterial hand sanitizer ဆောင်ထားပါ။
ရေအလွယ်တကူမရနိုင်တဲ့ နေရာမျိုးမှာဆိုရင် Antibacterial hand sanitizer နဲ့ လက်ဆေးပြီး ပိုးသတ်နိုင်တာကြောင့် ဆောင်ထားသင့်ပါတယ် ။

၄။ မျက်နှာကို အကြောင်းမဲ့ ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။
နေရာအစုံကို ထိတွေ့ထားတဲ့ လက်မှာ ရောဂါပိုးတွေကပ်ပါလာနိုင်တာကြောင့် မကြာခဏ မျက်နှာကို ထိတွေ့နေမယ်ဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါကြောင့်ရှောင်ကျဉ်သင့်ပါတယ်။

၅။ လူစုလူဝေးကို ရှောင်ပါ။
လူအများစုဝေးနေတဲ့ နေရာတွေမှာ ရောဂါပိုးမွှားတွေကူးစက်ဖို့ အခွင့်အလမ်းပိုများနိုင်တာကြောင့် လူစုလူဝေးတွေကို ရှောင်ကျဉ်သင့်ပါတယ်။

March လ 2 ရက်နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့အား လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုပါသည်။
02/03/2020

March လ 2 ရက်နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့အား လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုပါသည်။

ကားမူးတတ်သူတွေအတွက် အသုံးဝင်တဲ့ နည်းလမ်း ၅ မျိုးခရီးသွားတဲ့အခါ ကားမူးတတ်သူတွေကို ကြုံတွေ့ဖူးကြမှာပါ။ သာမန်လူတွေအတွက်တော့...
28/02/2020

ကားမူးတတ်သူတွေအတွက် အသုံးဝင်တဲ့ နည်းလမ်း ၅ မျိုး
ခရီးသွားတဲ့အခါ ကားမူးတတ်သူတွေကို ကြုံတွေ့ဖူးကြမှာပါ။ သာမန်လူတွေအတွက်တော့ ကားစီးတာဟာ ရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်ပေမယ့် ကားမူးတတ်သူတွေ အနေနဲ့တော့ ကားစီးရမှာကို ကြောက်တဲ့အဆင့်ထိ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကားမူးတတ်သူတွေအတွက် အသုံးဝင်စေမယ့် နည်းလမ်းကောင်းအချို့ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) ဂျင်း

ဂျင်းဟာ ကားမူးခြင်းကြောင့် ဖြစ်ပေါ်တဲ့ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်းစတာတွေကို အလျင်အမြန် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ဂျင်းအနည်းငယ်ကို ဝါးစားတာမျိုးဖြစ်ဖြစ် ဂျင်းအနံ့ရှူလိုက်တာမျိုးဖြစ်ဖြစ်ပြုလုပ်တာက ခေါင်းမူးခြင်းကို သက်သာစေပါတယ်။

(၂) သကြားလုံးငုံခြင်း
ဒီနည်းလမ်းတော့ တော်တော်များများ သိကြပါတယ်။ အချဉ်ဓါတ်ပါတဲ့ သကြားလုံးငုံထားတာက ကားမူပြီး အန်ချင်တဲ့ စိတ်ကို သက်သာစေပါတယ်။

(၃) အစားမစားဘဲ နေခြင်းကို ရှောင်ကြဉ်ပါ

ကားမူးတတ်သူအများစုဟာ ကားမူးတဲ့အခါ ပျို့အန်မှာကို စိုးရိမ်တာကြောင့် ဘာမှမစားဘဲ နေတတ်ကြပါတယ်။ ဘာမှ မစားဘဲ နေခြင်းဟာ ပျို့အန်တာကို သက်သာစေပေမယ့် မူးဝေခြင်းကိုတော့ မသက်သာစေနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ဆီကြော် အစားအစာတွေကိုတော့ ရှောင်ကြဉ်ပြီး အသီးအနှံနဲ့ ရေများများ သောက်ခြင်းကိုတော့ ပြုလုပ်ပေးသင့်ပါတယ်။

(၄) ကားစီးတဲ့အခါ နေရာကို ဂရုတစိုက် ရွေးချယ်ပါ

ကားမူးတတ်သူတွေအနေနဲ့ ကားစီးတဲ့အခါ နေရာ ရွေးချယ်တတ်မှုကလည်း အရေးကြီးပါတယ်။ အိမ်ကားစီးသူတွေ အနေနဲ့ကတော့ ကားနောက်ခန်းရဲ့ အလယ်တည့်တည့်လောက်မှာ ထိုင်ခြင်းက ကားမူးခြင်းကို သက်သာစေနိုင်ပြီး Express ကားစီးသူတွေအနေနဲ့တော့ ကားရဲ့အနောက်ပိုင်းကျလွန်းတဲ့ ခုံနေရာတွေအစား အလယ်နားလောက်မှာ ထိုင်ခြင်းက ကားမူးတတ်သူတွေအတွက် အဆင်ပြေစေပါတယ်။

(၅) ကားမူးတတ်ခြင်းကို အာရုံ လွှဲထားပါ

ကားမူးတတ်သူတွေအနေနဲ့ ကားမူးခြင်းကို အာရုံစိုက်လွန်းရင်လည်း ပိုမိုဆိုးရွားနိုင်ပါတယ်။ ကားစီးတဲ့အခါ ဖုန်းအသုံးပြုတာမျိုးဟာ ကားမူးခြင်းကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် သီချင်း နားထောင်ပြီး အသာအယာ မှေးစက်နေတာမျိုးက သက်သာစေနိုင်ပါတယ်။

လိုအပ်တာတွေ မကျန်ခဲ့စေဖို့ ……. ခရီးသွားရင်း တစ်ကယ်လိုအပ်တဲ့အရာတွေကျန်ခဲ့တဲ့အခါ စိတ်ကသိကအောက်ဖြစ်ရပါတယ် ။ အလွယ်တကူဝယ်လို့...
21/02/2020

လိုအပ်တာတွေ မကျန်ခဲ့စေဖို့ …….

ခရီးသွားရင်း တစ်ကယ်လိုအပ်တဲ့အရာတွေကျန်ခဲ့တဲ့အခါ စိတ်ကသိကအောက်ဖြစ်ရပါတယ် ။ အလွယ်တကူဝယ်လို့ မရနိုင်တဲ့နေရာမျိုးမှာဆို အခက်တွေ့နိုင်တာကြောင့် ကြိုတင်ပြင်ဆင်သွားသင့်ပါတယ် ။
ဘယ်လိုပြင်ဆင်သွားသင့်သလဲ ဆိုတော့……..

၁ ။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို File တစ်ခုထဲ စုထည့်ထားပါ။
စာရွက်စာတမ်းတွေကို File တစ်ခုထဲမှာ စုထားတာက ရှာဖွေရလွယ်ကူပြီး အလုပ်ရှုပ်သက်သာစေပါတယ်။

၂ ။ သောက်နေကျ ဆေးဝါးတွေ
ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို မမေ့အောင် ဂရုတစိုက် ယူသွားသင့်ပါတယ် ။

၃ ။ ကြိုတင်ပြင်မယ်။
ခရီးမသွားခင် တစ်ပါတ်လောကအလိုမှာကတည်းက ပစ္စည်းတွေကို စစ်ဆေးပြီး ထည့်သင့်နေပါပြီ။ ဒါမှသာ လိုအပ်နေတာတွေကို ပြန်စစ်ဆေးနိုင်မှာပါ။

၄ ။ ခရီးကို ယူသွားမဲ့ အရာတွေကို စာရင်းလုပ်ပါ။
တကယ်လိုအပ်တာတွေ၊ ယူသွားမှာတွေကို သေသေချာချာ စာရင်းလုပ်ထားမယ်ဆိုရင် မသွားခင်အချိန်အထိ လိုအပ်တာတွေ ပါ၊မပါ စစ်ဆေးနိုင်ပါတယ်။

၅ ။ Check List လုပ်ထားပါ။
Check List လုပ်ထားတာက ဘယ်ပစ္စည်းတွေထည့်ပြီးပြီ ဘယ်ပစ္စည်းတွေ မထည့်သေးဘူးဆိုတာတွေအတွက် ဆင်ပြေစေပြီး ခရီးတစ်လျှောက်လုံးမှာလည်း မေ့ မကျန်ခဲ့စေဖို့ ကူညီပေးပါလိမ့်မယ်။

လေထုညစ်ညမ်းမှုကို ဘယ်လိုကာကွယ်ကြမလဲ ….ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ကမ္ဘာ့လေထုကလည်း တဖြည်းဖြည်း ညစ်ညမ်းလာပါတယ် ။ ဒီလိုလေထုည...
19/02/2020

လေထုညစ်ညမ်းမှုကို ဘယ်လိုကာကွယ်ကြမလဲ ….

ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ကမ္ဘာ့လေထုကလည်း တဖြည်းဖြည်း ညစ်ညမ်းလာပါတယ် ။ ဒီလိုလေထုညစ်ညမ်းမှုကနေကာကွယ်ဖို့အတွက်ကတော့…

Mask တပ်ပါ
လေထုထဲမှာ မသန့်ရှင်းတဲ့ ဖုန်မှုန့်တွေ ဘတ်တီးရီးယားတွေ အများကြီးရှိနေနိူင်ပြီး အသက်ရှုလမ်းကြောင်းဆိူင်ရာရောဂါတွေဖြစ်ပေါ်နိုင်တာကြောင့် Mask တပ်သင့်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုပါ။
မသန့်ရှင်းတဲ့ လေထုထဲမှာ ဖုန်မှုန့်တွေနဲ့ ရောဂါပိုးမွှားတွေ အများကြီးရှိနေပြီး ကပ်ငြိနိုင်တာကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးထားဆောင်ရွက်သင့်ပါတယ် ။

လူထူထပ်တဲ့နေရာတွေရှောင်ပါ။
လူထူထပ်တဲ့ နေရာတွေမှာ ပုံမှန်အချိန်ထက် Carbondioxide ပမာဏကပိုများနေတဲ့အတွက် အသက်ရှုမဝတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

အေးတဲ့နိုင်ငံတွေသွားတော့မယ်ဆိုရင် ……… မြန်မာနိုင်ငံက ရာသီဥတုက ပူတဲ့အတွက် အေးတဲ့နိုင်ငံတွေကိုခရီးထွက်တဲ့အခါ အဆင်မပြေမှုလေ...
18/02/2020

အေးတဲ့နိုင်ငံတွေသွားတော့မယ်ဆိုရင် ………

မြန်မာနိုင်ငံက ရာသီဥတုက ပူတဲ့အတွက် အေးတဲ့နိုင်ငံတွေကိုခရီးထွက်တဲ့အခါ အဆင်မပြေမှုလေးတွေဖြစ်တက်ပါတယ် ။ ဒီလိုမျိုးတွေမဖြစ်ရအောင် ကြိုတင်ပြင်ဆင်ရမယ့်အချက်လေးတွေပြောပြပေးသွားပါမယ်။

၁။ အနွေးထည် ထူထူ အနည်းဆုံး ၂ ထည်လောက်ယူသွားပါ။
အနွေးထည်တွေက အရမ်းအေးတဲ့နေရောမှာ အထောက်အကူပေးပါတယ်။ပေကျန်တက်တာကြောင့် အနည်းဆုံး၂ ထည်တော့ဆောင်သွားသင့်ပါတယ်။

၂။ မာဖလာယူသွားပါ။
လည်ပင်းတွေနဲ့ နားရွက်တွေကို နွေးထွေးအောင်ပြုလုပ်ဖို့ အကူအညီပေးပါလိမ့်မယ် ။

၃။ ခြေအိတ်ထူထူတွေထည့်သွားပါ။
ညဘက်အရမ်းအေးတဲ့အခါ ခြေအိတ်တွေက နွေးနွေးထွေးထွေး ဖြစ်စေပါတယ်။

၄။ ရေဘူးအသေးလေးယူသွားပါ။
ရေမသောက်ဖြစ်တဲ့အခါ လည်ချောင်းတွေပိုပြီးခြောက်သွေ့တက်တာကြောင့် ရေဘူးဆောင်ထားပြီး မကြာခဏ အနည်းငယ်စီသောက်ပေးဖို့လိုပါတယ်။

၅။ လိမ်းစရာ အဆီ(Body Oil)တစ်ခုခု ယူသွားပါ။
အသားအရည်တွေခြောက်သွေ့အက်ကွဲတက်တာကြောင့် Body Oil တစ်ခုခု ကို လိမ်းပေးသင့်ပါတယ်။

🇲🇲The Union Day In MYANMAR🇲🇲                  🇲🇲 12.2.2020🇲🇲
12/02/2020

🇲🇲The Union Day In MYANMAR🇲🇲
🇲🇲 12.2.2020🇲🇲

ရာသီဥတုအေးတဲ့အခါ ကျန်းမာရေးကို ဂရုစိုက်ပါ…. ဒီရက်ပိုင်းမှာတော့ ရာသီဥတုက နေ့လည်ဘက်တွေပူနေပေမယ့် ညဘက်တွေမှာ အနည်းငယ် အေးနေ...
08/02/2020

ရာသီဥတုအေးတဲ့အခါ ကျန်းမာရေးကို ဂရုစိုက်ပါ….

ဒီရက်ပိုင်းမှာတော့ ရာသီဥတုက နေ့လည်ဘက်တွေပူနေပေမယ့် ညဘက်တွေမှာ အနည်းငယ် အေးနေပါသေးတယ်။ ကိုရိုနာဗိုင်းရစ်ရန်ကလည်း ကြောက်ရသေးတာမို့ အအေးမမိအောင်နေဖို့ လိုပါတယ်။

၁။နွေးထွေးစွာအိပ်စက်ပါ။
ညနေစောင်းတာနဲ့ အနည်းငယ်အေးလာပြီဖြစ်တဲ့အတွက် နွေးနွေးထွေးထွေး နေဖို့လိုပါတယ်။ ညအိပ်တဲ့အခါမှာလည်း အအေးမမိစေဖို့ စောင်ခြုံပြီး အိပ်သင့်ပါတယ်။

၂။ရေချိုးတဲ့အခါ သတိထားပါ။
မနက်စောစောနဲ့ မိုးချုပ်မှာရေချိုးမယ်ဆိုရင်တော့ ရေနွေးနဲ့သာချိုးသင့်ပါတယ်။ ရေမချိုးခင်မှာမှာ သွေးပူလေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ပေးသင့်ပါတယ် ။

၃။ ရေဓါတ်ပြည့်ဝပါစေ။
ရေဓါတ်မပြည့်ဝတဲ့အခါ လည်ချောင်းနာတာတွေ အပူကန်တာတွေဖြစ်ပေါ်စေနိုင်တဲ့အတွက် ရေများများသောက်ပေးဖို့လိုပါတယ် ။

၄။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
ရာသီဥတုအေးတဲ့အချိန်မှာ လေးလံထိုင်းမှိုင်းနေတက်ပါတယ်။ ဒါကြောင့် အားကစားတစ်ခုခုကို အချိန်ပေးပြီးလုပ်သင့်ပါတယ်။

၅။ အသားအရည်ကိုဂရုစိုက်ပါ။
အေးမြတဲ့ရာသီဥတုမှာ အသားအရည်တွေဟာ ခြောက်သွေ့ကွဲအက်တက်ပါတယ်။ ဒါကြောင့် ရေချိုးပြီးတိုင်း အစိုဓါတ်ထိန်း ခရင်တစ်ခုခု လိမ်းပေးသင့်ပါတယ်။ …

Address

Yangon
951

Telephone

+959444029070

Website

Alerts

Be the first to know and let us send you an email when NILAR GAYA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NILAR GAYA:

Shortcuts

Share

Category