31/07/2021
အဆုတ်ထဲ ရေဝင်ခြင်း
ကျွန်တော်တို့ လူ့ခန္ဓာကိုယ် မှာ ရှူ သွင်းလိုက်တဲ့ လေကို သန့်စင်ဖို့ရာအတွက် အဆုတ်ဟာ မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီ အဆုတ်ကို ကာရံထားတဲ့ အဆုတ်အမြှေးပါးလေး ရှိပါတယ်။ အဲ့ အဆုတ်အမြှေးပါးလေးကို အဆုတ်နဲ့ ကပ်နေတဲ့ အလွှာ (visceral pleura) တစ်နည်းအားဖြင့် အတွင်းလွှာ နဲ့ နံရိုးနဲ့ကပ်တဲ့ အလွှာ (parietal pleura) တစ်နည်းအားဖြင့် အပြင်လွှာ ဆိုပီး ၂ မျိုးခွဲလို့ရပါတယ်။
အဲ့ အလွှာ ၂ခုကြားမှာ အကြမ်းအားဖြင့် အရည် ၁၀ ကနေ ၂၀ စီစီ လောက် ရှိ ပါတယ်။ အဲဒါထက် ပိုများသွားရင်တော့ အဆုပ်ထဲ ရေဝင် တယ်လို့ ခေါ်ပါတယ်။
ရင်ဘတ် ဓာတ်မှန်ထဲမှာ မြင်ဖို့ ဆိုရင်တော့ အနည်းဆုံး ၂၅၀ စီစီ(ရေသန့်ဘူး လေးပုံတစ်ပုံ)လောက်ရှိမှ ရပါတယ်။ ရောဂါ လက္ခဏာ တွေပြဖို့ ဆိုရင်တော့ ၅၀၀ စီစီ (ရေသန့်ဘူးတစ်ဝက်$လောက် ရှိရပါမယ်။
အဆုတ်ထဲရေဝင်တာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ထဲမှာရှိတဲ့ အရည် အမျိုးအစားပေါ် မူတည်ပီး
၁) အရည် အကြည် (transudate) နဲ့
၂)အရည်အနောက် (exudative) ဆိုပီး ၂ မျိုး ထက်ခွဲ နိုင်ပါတယ်။
အရည် အကြည် အမျိုး အစားဟာ အများအားဖြင့်
- နှလုံးရောဂါ၊
-အသည်းရောဂါ၊
- ကျောက်ကပ်ရောဂါ စတာတွေရဲ့ နောက်ဆက်တွဲ လက္ခဏာ တွေဖြစ်ပီး
အရည် အနောက် အမျိုးအစားကတော့
- ရောဂါပိုးဝင်တာ၊
- ကင်ဆာရောဂါ တို့မှာ အဖြစ်များ တတ်ပါတယ်။
အဆုတ်ထဲမှ ရေကို ဆေးထိုးအပ် နဲ့ အနည်းငယ် စုပ်ယူပီး ဘာအမျိုးအစား ဖြစ်တာလဲ ဆိုတာ ဓာတ်ခွဲ စမ်းသပ်လို့ ရပါတယ်။
လူနာ တစ်ယောက်ဟာ အဆုတ်ထဲ ရေဝင်ပီ ဆိုရင်
၁။ ရင်ဘတ်အောင့်တာ
၂။ မောတာ
၃။ အသက်ရှူ မဝတာ
၄။ ချောင်းဆိုးတာ
၅။ ချောင်းဆိုး သွေးပါတာ စတဲ့ လက္ခဏာတွေကို ခံစားရနိုင် ပါတယ်။
ဘရောဂါ ပိုးကြောင့် ဖြစ်တဲ့ အဆုတ်ထဲ ရေဝင်တာ ဆိုရင်တော့ ဖျားတာ၊ အချမ်းတက်တာ၊ အစားအသောက်ပျက်တာ စတဲ့ လက္ခဏာ များပါ ခံစားရနိုင်ပါတယ်။
ဒီလို လက္ခဏာ တွေခံစားနေရပီဆိုရင်တော့
တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် တွေနဲ့ တိုင်ပင်ပီး ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊ သလိပ်စစ်တာတွေ လုပ်ရပါလိမ့်မယ်။ လိုအပ်မယ်ဆိုရင်တော့ CT ဓာတ်မှန်ရိုက်တာ အာထရာစောင်း ရိုက်တာတွေပါ လုပ်ရပါမယ်။
အဆုတ်ထဲ ရေဝင်တာ သေချာပီဆိုရင်တော့ ရေ အနည်းအများပေါ် မူတည်ပီး ရေစုပ်ထုတ်တာ ဒါမှမဟုတ် အဆုပ်ထဲ ပိုက်တပ်တာတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ လုပ်ရပါမယ်။
ရေစုပ်ထုတ်တာ ကတော့ အဆုတ်ထဲမှာ ရေသိပ်မများရင်လုပ်ရတာပါ။ လူနာ အနေအထားပေါ် မူတည်ပီး တစ်နေ့ကို ၁ လီတာ ကနေ ၂ လီတာ လောက်ပဲ ထုတ်လို့ရပါတယ်။ အဆုတ်ထဲမှာ ရေ အရမ်းများနေမယ် ဆိုရင်တော့ ရေစုပ်ထုတ်တာထက် အဆုတ်ထဲ တိုက်ရိုက် ပိုက်တပ်ထားတာ ပို သင့်တော်ပါတယ်။
ရက်အနည်းငယ် ပိုက်တပ်ထားပီး ရေတွေ ကုန်သွားမယ်ဆိုရင်တော့ ပိုက်ကို ပြန်ဖြုတ်လို့ရပါတယ်။
အရည်တွေ ခဏ ခဏ ပြန်ပြန် ပြည့်လာမယ်ဆိုရင် (ဥပမာ ကင်ဆာရောဂါကြောင့် ဖြစ်တဲ့ အဆုတ်ထဲ ရေဝင်တာ) မျိုး ဆိုရင်တော့ bleomycin, tetracycline အစရှိ တဲ့ ဆေးရည်များကို အမြှေးပါး ၂ လွှာကြားထဲ ထိုးထဲ့ပီး အမြှေးပါး ၂ လွှာ ကို ကပ်သွား အောင်လည်း လုပ်လို့ရ ပါတယ်။
အထက် မှာဖော်ပြ ပေးထားတာတွေကတော့ စာဖတ်သူများအတွက် အဆုတ်ထဲရေဝင်တယ်ဆိုတာ ဘာလဲ? အဆုတ်ထဲရေဝင်လာရင် ဘာတွေခံစားရမလဲ? ဘာတွေ စမ်းသပ်စစ်ဆေးရမလဲ နဲ့ ဘယ်လိုကုထုံးတွေ ရှိလဲ ဆိုတာ ကို အကြမ်းအားဖြင့် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ
အရဟံသမြားနီဆေးကြီး
09258002442
09268855590