ရွှေရောင်မော်ကွန်း Travel & Tour Car rental

  • Home
  • Myanmar
  • Yangon
  • ရွှေရောင်မော်ကွန်း Travel & Tour Car rental

ရွှေရောင်မော်ကွန်း  Travel & Tour  Car rental ခရီးသြားဝန္ေဆာင္မႈ လုပ္ငန္း

ခရီးတွေလဲမထွက်ရတာကြာခဲ့ပြီလေ
14/07/2022

ခရီးတွေလဲမထွက်ရတာကြာခဲ့ပြီလေ

11/03/2022
26/08/2021
မိဘပြည်သူများအထူးဂရုစိုက်ကြပါခင်ဗျာ
20/08/2020

မိဘပြည်သူများအထူးဂရုစိုက်ကြပါခင်ဗျာ

ပုဂံ ဖွင့်လိုက်ပါပြီ၂၀၂၀ခု၊ ဇွန်လ ၁၄ရက် (၁၁)နာရီ ကစပြီး ပုဂံကို သွားလာခွင့် ဖွင့်ပေးလိုက်ပါပြီနော်... ပုဂံဘုရားဖူးချိန်တ...
15/06/2020

ပုဂံ ဖွင့်လိုက်ပါပြီ

၂၀၂၀ခု၊ ဇွန်လ ၁၄ရက် (၁၁)နာရီ ကစပြီး ပုဂံကို သွားလာခွင့် ဖွင့်ပေးလိုက်ပါပြီနော်... ပုဂံဘုရားဖူးချိန်တွေက နံနက် (၉)နာရီကနေ ညနေ (၄)နာရီထိပါတဲ့။ (၄)နာရီထိပဲနော်... ဒါပေမယ့် ဗူးဘုရား၊ ရွှေဂူကြီးဘုရားနဲ့ မဟာဗောဓိဘုရားများကတော့ ဇွန်လ (၃၀)ရက်နေ့မှ ပြန်ဖွင့်ပါမယ်တဲ့...

ပြန်ဖွင့်ပြီဆိုလို့ အပျော်လွန်ပြီး သတိပြုရမယ့်အချက်တွေ ထည့်ရေးဖို့ မေ့သွားတယ်။

၁) ဟော်တယ်အကြီးတွေထဲက စစ်ဆေးပြီးသား ခွင့်ပြုချက် ရထားတဲ့ ဟော်တယ်တွေပဲ ဖွင့်ပါသေးတယ်။ တည်းခိုးခန်းနဲ့ 3 star hotel တွေကတော့ မရသေးပါဘူး။

၂) စားသောက်ဆိုင် အနေနဲ့ ညောင်ဦးမှာ အနည်းအကျဉ်းပဲ ပြန်ဖွင့်ပါသေးတယ်။ စားသောက်ဆိုင်အတွက် သိပ်ပူစရာ မလိုတာတစ်ခုက ပုဂံမှာလည်း အစားအသောက်တွေကို door to door , food panda app ကနေပြီး မှာစားလို့ ရပါတယ်တဲ့။

၃) သဗ္ဗညု၊ အာနန္ဒာကတော့ မဖွင့်သေးပါဘူး။

၄) ဘုရားအတွင်း ဝင်ဖို့ မှတ်ပုံတင်ပြရပါမယ်။ နေရပ်လိပ်စာ ပေးရပါမယ်။ နှာခေါင်းစည်း တပ်ရပါမယ်။

အချက်အလက်တွေ ခြုံကြည့်မယ်ဆိုရင် ဟော်တယ်အကြီးတွေမှာ အခန်းမငှားချင်ရင် နေ့ချင်းပြန်ရမယ့်ပုံပါပဲ။

သတင်းနဲ့ ပတ်သတ်ပြီး သိခွင့်ရတဲ့အတွက် Ko Tun ကို ကျေးဇူးတင်ပါတယ်။ ပုဂံသွားတဲ့အခါ Tuk Tuk ငှားချင်တယ်ဆိုရင် ကိုထွန်း (09402787158) ဆီ ဆက်သွယ်နိုင်ပါတယ်။

သိချင်သမျှ အချက်အလက်တွေကို စိတ်ရှည်ရှည် ပြောပြပေးတဲ့ ကိုအောင်စည်ဖြိုး (CEC - မြန်မာဧည့်လမ်းညွှန်များအသင်း) ကို ကျေးဇူးတင်ပါတယ်ရှင့်။

ချမ်း ရေးခဲ့ဖူးတဲ့ ပုဂံဆောင်းပါးတွေကတော့ ...

➖➖➖
ညောင်ဦး
➖➖➖

https://www.facebook.com/TravellerChanMyanmar/posts/3228079413909898?__tn__=K-R

➖➖➖
မင်းနန်းသူ
➖➖➖

https://www.facebook.com/TravellerChanMyanmar/posts/3231357056915467?__tn__=K-R

➖➖➖➖➖➖➖
သီရိပစ္စယာနှင့် ဖွားစောရွာ
➖➖➖➖➖➖➖

https://www.facebook.com/TravellerChanMyanmar/posts/3235453389839167?__tn__=K-R

➖➖➖
မြင်းကပါ
➖➖➖

https://www.facebook.com/TravellerChanMyanmar/posts/3240068152711024?__tn__=K-R

➖➖➖➖
ပုဂံမြို့ဟောင်း
➖➖➖➖

https://www.facebook.com/TravellerChanMyanmar/posts/3243346739049832?__tn__=K-R

https://www.facebook.com/TravellerChanMyanmar/posts/3249559285095244?__tn__=K-R

ချစ်ခင်စွာဖြင့်
Chan Myae Ei -

09/06/2020

Ministry of Hotels and Tourism
ကိုဗစ်အလွန်ကာလတွင် ကမ္ဘာလှည့်ခရီးသည်များ အဓိက လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသအဖြစ် အလားအလာရှိသည့် (၇) နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်ကြောင်း Forbes မဂ္ဂဇင်းတွင် ဖော်ပြထား
************************************************
လက်ရှိ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေချိန်တွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းသည် ရုန်းကန်နေရသကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့ လာချိန်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရန် ပြင်ဆင်လျက်ရှိရာ အချို့နိုင်ငံများသည် ဒေသတွင်း နိုင်ငံများအကြား ခရီးသွားလုပ်ငန်းကဏ္ဍတွင် ထင်ရှားပေါ်လွင် သော ခရီးစဉ် ဒေသအဖြစ်ဖော်ဆောင်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း အမေရိကန် အခြေစိုက် Forbes မဂ္ဂဇင်းတွင် ဖော်ပြထားပါသည်။

အဆိုပါ မဂ္ဂဇင်းတွင် ပကတိအတိုင်းတည်ရှိသော သဘာဝအလှတရားများ၊ ယခုတိုင် ကျန်ရှိ သော သမိုင်းဝင်အရာများ၊ စိတ်ဝင်စားဖွယ်ကောင်းသော တမူထူးခြားသည့် ယဉ်ကျေးမှုဓလေ့ စရိုက်များနှင့် ပြည့်စုံသည့် အီသီရိုပီးယား၊ အီရန်၊ မြန်မာ၊ ဂျော်ဂျီယာ၊ ဖိလစ်ပိုင်၊ ဆလိုဗေးနီးယားနှင့် တူနီးရှားနိုင်ငံများသည် ကမ္ဘာ့အဆင့် ခရီးစဉ်ဒေသများအဖြစ် ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း ဖော်ပြပါသည်။

အရှေ့တောင်အာရှတွင် စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများသည် ကမ္ဘာလှည့်ခရီးသည်များ အကြား ရေပန်းစားလျက်ရှိရာ ယခုဖော်ပြပါနိုင်ငံများအနက် မြန်မာနိုင်ငံသည့်လည်း ပုန်းကွယ်နေ သည့် အလှတရားများစွာရှိကြောင်း၊ မြန်မာနိုင်ငံ၏ အနုပညာလက်ရာမြောက်သောဘုရားကျောင်း ကန်များ၊ ရှေးခေတ်လူနေမှုစနစ်၏ ပြယုဒ်များ၊ စည်ကားသည့် မြို့ကြီးများသည် ငွေကြေးသုံးစွဲနိုင် သည့် ခရီးသွားများသာမက ခြိုးခြံချွေတာသည့် ခရီးသွားများကိုပါ ဆွဲဆောင်နေလျက်ရှိကြောင်း၊ သိပ်သည်းမှုမရှိသော လူဦးရေ၊ ကျယ်ဝန်းသော မြို့ဧရိယာဖြင့် မြို့တော် နေပြည်တော်ကို စနစ် တကျ ဖွဲ့စည်းတည်ထောင်ထားကြောင်း၊ ယခင်မြို့တော်ဖြစ်ခဲ့သော ရန်ကုန်မြို့တွင်လည်း နိုင်ငံ၏ အလေး အမြတ်ထားရာ ဗုဒ္ဓဘာသာစေတီတော်ကိုလည်းကောင်း၊ ကိုလိုနီခေတ် ဗိသုကာလက်ရာ များကိုလည်းကောင်း တွေ့မြင်နိုင်ကြောင်း ရေးသားဖော်ပြထားသည်။
&tourism

13/03/2020

ကောလာဟလသတင်းမှားများနှင့် ပတ်သက်၍ ပြည်သူများထံ ရှင်းလင်းခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၂) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် သံသယလူနာများသတင်းများ၊ အဆိုပါလူနာများ၏ ဓာတ်ခွဲအဖြေသတင်းများကို ပြည်သူများထံ နေ့စဉ် (update) ထုတ်ပြန်ပေးလျက်ရှိပါသည်။

ယနေ့ (၁၂-၃-၂၀၂၀)၊ ည (၁၀) နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိသေးပါ။

ယခုအခါ မသမာသူများက ပြည်သူများအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍လည်းကောင်း၊ ထိုသို့ ပြည်သူများ၏ စိုးရိမ်ထိန်လန့်မှု အပေါ်တွင် မကောင်းသောစိတ်ထားဖြင့် အကျိုးအမြတ်ထုတ်လို၍ လည်းကောင်း ကောလာဟလသတင်းမှားများကို ပုံစံအမျိုးမျိုးဖြင့် ဖန်တီးဖြန့်ဖြူးလျက်ရှိပါသည်။

ယနေ့ညနေတွင် လူမှုကွန်ရက် (Facebook messenger) မှ တစ်ဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးနေသည်ကို တွေ့ရှိနေရပါသည်။ အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်မှုမှာ ပြည်သူတစ်ဦး၊ နိုင်ငံသားတစ်ဦး အနေဖြင့် မည်သို့မျှမလုပ်ဆောင်သင့်ပါ။

ကောလာဟလသတင်းမှားများ ဖြန့်ဖြူးနေသူများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပညာပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန်နှင့် မှန်ကန်သော ကျန်းမာရေးအသိပညာများကို ဝေမျှကြပါရန် ထပ်မံတိုက်တွန်း နှိုးဆော်အပ်ပါသည်။

Address

Set Mhu Street
Yangon
11411

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00
Sunday 09:00 - 15:00

Telephone

+959666656627

Website

Alerts

Be the first to know and let us send you an email when ရွှေရောင်မော်ကွန်း Travel & Tour Car rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေရောင်မော်ကွန်း Travel & Tour Car rental:

Shortcuts

Share

Category