29/09/2026
ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင် ဖြစ်ပေါ်နေသည့် ခရီးဆောင်အိတ်များ စုပုံခြင်းနှင့် လေယာဉ်ခရီးစဉ် နှေ၊ာင့်နှေးကြန့်ကြာမှု ပြဿနာများကို အမြန်ဆုံး မဖြေရှင်းနိုင်ပါက ထိုင်းလေကြောင်းလိုင်း (Thai Airways) အမှုဆောင်အရာရှိချုပ်အနေဖြင့် ရာထူးမှ နုတ်ထွက်သင့်ကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး ဆူရဆက် ဖန်ချာရိုအန်ဝိုရာကူက ပြင်းပြင်းထန်ထန် သတိပေးပြောဆိုလိုက်သည်။
လက်ရှိတာဝန်သက်တမ်း ကု၊၊န်ဆုံ၊၊းတော့မည်ဖြစ်သဖြင့် ယခုကဲ့သို့ အကျ၊၊ပ်အတ၊၊ည်းများကို လျစ်လျူရှုမနေသင့်ဘဲ ပြဿနာဖြေရှင်းရန် အသင့်မဖြစ်ပါက အခြားသူများကို နေရာဖယ်ပေးသင့်ကြောင်း၊ ဤကဲ့သို့ လေကြောင်းခရီးစဉ် နှောင့်နှေးမှုများနှင့် အိတ်များ ပျေ၊၊ာက်ဆုံ၊၊းစုပုံမှုများသည် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ခရီးသွားကဏ္ဍ ယုံကြည်မှုအပေါ် ကြီးမားစွာ ထိခိုက်စေကြောင်း ဝန်ကြီးက ထောက်ပြခဲ့သည်။ ထိုင်းလေကြောင်းလိုင်းသည် ပုဂ္ဂလိကကုမ္ပဏီအဖြစ် ရပ်တည်နေသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနက အဓိကရှယ်ယာရှင်အဖြစ် ပါဝင်နေသည့်အတွက် ဒါရိုက်တာအဖွဲ့ကို ခေါ်ယူဆွေးနွေးကာ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးရန်လည်း တိုက်တွန်းထားသည်။
ရေဘေးဒဏ်ကြောင့် ဝန်ထမ်းအချို့ လုပ်ငန်းခွင်သို့ မလာရောက်နိုင်မှုကို နားလည်ပေးနိုင်သော်လည်း ယခုကဲ့သို့ အခြေအနေဆိုးရွားလာရခြင်းမှာ စီမံခန့်ခွဲမှုနှင့် ကြိုတင်ပြင်ဆင်မှု အားနည်းချက်များကြောင့်သာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ ထို့ပြင် ဒဏ်ကြေးပေးဆောင်ရမည့်အရေးကို ရှောင်ရှားရန်အတွက် အခြားလေကြောင်းလိုင်းများ၏ မြေပြင်ဝန်ဆောင်မှုများကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့သဖြင့် ကိုယ်ပိုင်လေယာဉ်ခရီးစဉ်များ ပိုမိုဆိုးရွားစွာ နှောင့်နှေးခဲ့ရခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကူညီရန်စေလွှတ်ပေးခဲ့သော စ၊၊စ်ဘက်ဝန်ထမ်းများအတွက်ပင် လေကြောင်းလိုင်းဘက်က နေထိုင်စားသောက်ရေး စီစဉ်ပေးမှုမရှိခဲ့ကြောင်း ဝန်ကြီးက ဝေဖန်ထောက်ပြခဲ့သည်။ သုဝဏ္ဏဘူမိလေဆိပ်ဘက်ကလည်း ယခုပြဿနာများသည် ရာသီဥတုကြောင့် မဟုတ်ဘဲ ထိုင်းလေကြောင်းလိုင်း၏ နည်းပညာနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းချက်များသာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
သို့သော် ယခုအခြေအနေနှင့် ပတ်သက်၍ ထိုင်းလေကြောင်းလိုင်းက ခရီးသည်များထံ တောင်းပန်ထားပြီး ဖြစ်သည်။ ခရီးဆောင်အိတ်များကို စနစ်တကျ ခွဲခြားကာ သက်ဆိုင်ရာ ခရီးသည်များ၏ နေအိမ် သို့မဟုတ် ဟိုတယ်များသို့ အရောက်ပို့ဆောင်ပေးရန် ဝန်ထမ်းအင်အား တိုးမြှင့်ဖြည့်တင်းထားကာ အိတ်များကို ၇၂ နာရီအတွင်း အမြန်ဆုံး ပြန်လည်ရရှိစေမည်ဟု ကတိကဝတ်ပြုထားကြောင်း သိရသည်။
-----------------------------------------
ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်များကိုစုံစမ်းမေး မြန်းဝယ်ယူလိုပါက Page Messenger နဲ့အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည် ခင်ဗျာ🙏
12/F on the 6th Floor, Hledan Road, Ward 3, Kamayut Township, Yangon.
+66985647060(BKK)/(Line,Viber)
+959766581337(RGN)
+959772217014(RGN)/(Viber)
#လေယာဥ်လက်မှတ်