ရွှေနဂါး ခရီးသွားလုပ်ငန်း ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင်

  • Home
  • Myanmar
  • Yangon
  • ရွှေနဂါး ခရီးသွားလုပ်ငန်း ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင်

ရွှေနဂါး ခရီးသွားလုပ်ငန်း ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင် ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်
ကားလက်မှတ်များ ဝယ်ယူနိုင်ပါတယ်။

(1237)

တရားပျောက်လျှင် ....ပျော်ရွှင်ချမ်းမြေ့မှု ပျောက်၏။သောကဗျာပါဒဖြင့် တုန်လှုပ်၏။တရားသိလာလျှင်ပျော်ရွှင်ချမ်းမြေ့မှု ရှိလာ၏...
27/05/2025

တရားပျောက်လျှင် ....
ပျော်ရွှင်ချမ်းမြေ့မှု ပျောက်၏။
သောကဗျာပါဒဖြင့် တုန်လှုပ်၏။

တရားသိလာလျှင်
ပျော်ရွှင်ချမ်းမြေ့မှု ရှိလာ၏။
ကောင်းကျိုးချမ်းသာမင်္ဂလာ ပြည့်ဝသူဖြစ်လာ၏။

အကယ်၍ ကျွန်တော်စိတ်ဟာ
အမြဲပဲ ဒေါသတွေ အမုန်းတရားတွေ
မကောင်းတဲ့စိတ်တွေ အပြည့်နဲ့
နောက်ကျူနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး
ကမ္ဘာကြီးကို ငြိမ်းချမ်းမှု ပေးနိုင်မှာလဲ?
ကျွန်တော် မပေးနိုင်ဘူး။

ဘာဖြစ်လို့လဲဆိုတော့
ကိုယ့်ကိုယ်ကို ငြိမ်းချမ်းမှု မပေးနိုင်သေးလို့ပဲ။
ဒါကြောင့်လည်း မြတ်ဗုဒ္ဓက ပြောတာ ...
ကိုယ့်စိတ်ကို ဦးစွာငြိမ်းချမ်းအောင် လုပ်ပါတဲ့။

စကားကွန့်မြူးရုံသက်သက်၊
အသိညဏ်ကွန့်မြူးရုံသက်သက်သည်
ဓမ္မ မဟုတ်ပေ။
ဘဝတွင် လက်တွေ့ကျင့်သုံး ဆောက်တည်သည့်
အကျင့်သီလသည်သာလျှင် "ဓမ္မ" ဖြစ်သည်။

နောက်ဆုံးအနေနဲ့ ပြောခဲ့ချင်တာက
မြန်မာပြည်ကနေ ကမ္ဘာကြီးကို
လက်ဆောင်ပေးခဲ့တဲ့ ဝိပဿနာတရားကို
အဆက်မပြတ် အားထုတ်ကြပါ။
ဒီလိုအားထုတ်ပြီး အေးချမ်းသော
ကမ္ဘာကြီးဖြစ်အောင် လုပ်ဆောင်ကြပါ။

ဆရာကြီးဦးဂိုအင်ကာ

ကုသိုလ် အားကြီးလာရင်အားလုံးက အဆင်ပြေသွားမှာပါ အမှန်ပါပဲ။ကုသိုလ် အမြဲလုပ်ပါ .........ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း...
26/05/2025

ကုသိုလ် အားကြီးလာရင်
အားလုံးက အဆင်ပြေသွားမှာပါ အမှန်ပါပဲ။

ကုသိုလ် အမြဲလုပ်ပါ .........
ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း
ကုသိုလ်ကောင်းမှုကို ပိုပြီးပြုလုပ်ပါ။

အဆင်မပြေလို့ ဗေဒင်သွားမေးလည်း
ကုသိုလ်လုပ်ခိုင်းတာပဲ မဟုတ်လား။
သူတို့အပြောကတော့ ယတြာချေတာပေါ့။

ဘယ်ဆရာမှ အကုသိုလ်လုပ်ခိုင်းပြီး ယတြာမချေခိုင်းဘူး။ ကုသိုလ်ပဲ လုပ်ခိုင်းတာ။ အဲဒီလိုဆိုတော့
သူ့အားကိုးတာထက် ကိုယ့်အားကိုယ်ကိုးပြီး
ကုသိုလ်တရား ကြိုးစားပွားရုံပေါ့။

အဆင်မပြေလည်း ကုသိုလ်လုပ်၊
အဆင်ပြေရင်လည်း ကုသိုလ်လုပ်၊
အတိုက်အခိုက် ကြုံရင်လည်း ကုသိုလ်လုပ်၊
အနှောက်အယှက် ရှိရင်လည်း ကုသိုလ်လုပ်၊
ပိုပြီးအဆင်မပြေရင် ပိုပြီးကုသိုလ်လုပ်၊
လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ်မကျနဲ့။ ယုံကြည်မှု့အပြည့်၊
ဇွဲကြီးကြီးနဲ့သာဆက်လုပ်။ သေချာပေါက်ကို
ကုသိုလ်က ကိုယ့်ကို စောင့်ရှောက်ပါလိမ့်မယ်။
ယုံကြည်မှုနဲ့ဇွဲရှိမှုကိုတော့ မလျော့စေနဲ့။

ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင်
အကုသိုလ်တွေ၊ အဆိုးတွေ အားနည်းသွားမှာပဲလေ။ သောက်ရေခွက်လောက်ရှိတဲ့ ရေထဲကို
ဆားတစ်ကုတ်လောက် ပစ်ထည့်ရင်
အဲဒီရေခွက် ငန်တူးသွားမှာပေါ့။

ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ကြည့်ပါလား၊
ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ။
ရေက များနေတာကိုး။
ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင် အကုသိုလ်ဟာ အသေးအမွှားလေးပဲ ဖြစ်သွားမှာပေါ့။

ဒါကြောင့် ကုသိုလ်ကောင်းမှုကို လျော့မတွက်ပါနဲ့။ အဆင်တစ်ခါမပြေတိုင်း ကုသိုလ်တစ်ခု တိုးလုပ်ပါ။ ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ။

ကုသိုလ်အားကြီးလာရင် အားလုံးက
အဆင်ပြေသွားမှာပါ အမှန်ပါပဲ။

ပါချုပ်ဆရာတော် 🙏🙏🙏

ကြီးပွားတော့မယ့်သူ ဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော်ရေရောနေ့စဉ်ကပ်ဖြစ်ရဲ့လား။ဘုရားပန်းလည်း အပတ်စဉ်လှူ ဖြစ်ရဲ့လား။အဲ့လိုန...
25/05/2025

ကြီးပွားတော့မယ့်သူ

ဘုရားရှိခိုးဖြစ်ရဲ့လား။
သောက်တော်ရေရောနေ့စဉ်ကပ်ဖြစ်ရဲ့လား။
ဘုရားပန်းလည်း အပတ်စဉ်လှူ ဖြစ်ရဲ့လား။
အဲ့လိုနေ့စဉ်လုပ်ရင်
#ကုသိုလ်ကိုစွဲသွားတာလို့ခေါ်တယ်။
မကြာခင် #ကြီးပွါးတော့မယ့်လက္ခဏာပဲ။

သေချာမှတ်ထား၊
လောကမှာ
အကုသိုလ်ကို စွဲသွားတဲ့လူရယ်၊
ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့
လူနှစ်မျိုးရှိတယ်။

လူတစ်ယောက်ဟာ
#အကုသိုလ်ဘက်မှာ စွဲသွားပြီဆိုရင်
အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။
တွေ့ဖူးတယ်မလား၊ အရက်သေစာသောက်
စားမှုကို စွဲသွားတဲ့သူတွေ၊ မကောင်းတဲ့
နေရာတွေမှာ စွဲလမ်းသွားတဲ့သူတွေကိုလေ။

အဲ့သလိုလူမျိုးတွေဟာ မကြာခင်
မွဲသွားတတ်တယ်။
ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို
ကင်ပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။

#ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့
မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်ကွ။

နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊
ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှ
မလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီ
ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့
ခေါ်တယ်။

အဲ့သလို ဖြစ်လာပြီဆိုရင်
စိတ်သာချပေတော့ကွ၊
မကြာခင် ကြီးပွါးချမ်းသာတော့မယ်။
ဘာကြောင့်လဲဆိုတော့
ကုသိုလ်ကို စွဲသွားလို့ပဲ။

စွဲသွားတဲ့အခါကျတော့
ကုသိုလ်ကောင်းမှုဆိုတာ
နေ့စဉ်ပြု ဖြစ်လာတော့တာပဲ။
အဲ့ဒါမျိုးကို
#အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။

သေချာမှတ်ထားနော်၊
#အာစိဏ္ဏကံကုသိုလ်ဆိုတာ နေ့စဉ်၊
အပတ်စဉ်၊ လစဉ် ဆိုသလို
အချိန်မှန်မှန်ပြုတဲ့
ကုသိုလ်မျိုးကို ဆိုလိုတယ်။
အချိန်မှန်မှန် ပြုတယ်ဆိုရင်
#ပဋ္ဌာန်းလိုအာသေဝနပစ္စည်း
တပ်တော့တာပဲကွ။
(အာသဝေနဆိုတာ
အထပ်ထပ်အခါခါ
ပြုတာမျိုးကို ပြောတာပဲ)

ဓားသွေးသလိုပေါ့ကွာ။
အချိန်မှန်မှန်၊ အထပ်ထပ်အခါခါ
သွေးဖန်များများတော့၊
ဓားဟာ ထက် လာရသလိုပဲ၊
ကုသိုလ်ကောင်းမှုဆိုတာလည်း
အချိန်မှန်မှန်
အထပ်ထပ်အဖန်ဖန် ပြုဖန်များတော့
ထက်မြက်လာတော့တာပဲကွ။

အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊
သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊
အမျှဝေတဲ့ အခြေခံကုသိုလ်အလုပ်တွေကို
လည်း စွဲသွားသည်အထိ ကြိုးစားပြီးတော့
လုပ်ကွာ။

မကြာခင် #ကြီးပွားချမ်းသာလာပါလိမ့်မယ်။

#အရှင်ဝိသာရဒ (ရမ္မာဝတီ)

🙏ကျိုက်ထီးရိုးလား❓🏖ချောင်းသာလား❓🏝ငွေဆောင်လား❓💁‍♀️ဘယ်ကိုဘဲ သွားသွား …👉ရွှေနဂါးမှာ နေ့စဉ်ရှိတယ်နော် ‼️အနားယူ အပန်းဖြေဖို့အ...
24/05/2025

🙏ကျိုက်ထီးရိုးလား❓
🏖ချောင်းသာလား❓
🏝ငွေဆောင်လား❓
💁‍♀️ဘယ်ကိုဘဲ သွားသွား …
👉ရွှေနဂါးမှာ နေ့စဉ်ရှိတယ်နော် ‼️

အနားယူ အပန်းဖြေဖို့အတွက်
ခရီးသွားချင်တယ်ဆိုရင်တော့
ရွှေနဂါးကိုသာ ဆက်သွယ်လိုက်ပါ....

🚌ကားခသီးသန့်ဆိုရင် ...
☝️အသွားအပြန် တဦးကို - ၃၅၀၀၀
⏰နေ့စဉ် မနက် ၅-နာရီ ရှိပါတယ်‼️

👉 ကားခနဲ့ ဟိုတယ်ခ တွဲရက်ဆိုရင်
🙏 ကျိုက်ထီးရိုး
☝️ ၁ ညအိပ် - ၉၀၀၀၀
✌️ ၂ ညအိပ် - ၁၄၀၀၀၀

🏖 ချောင်းသာ
☝️ ၁ ညအိပ် - ၈၅၀၀၀
✌️ ၂ ညအိပ် - ၁၃၅၀၀၀

🏝 ငွေဆောင်
☝️ ၁ ညအိပ် - ၆၅၀၀၀
✌️ ၂ ညအိပ် - ၉၅၀၀၀

👉 လက်မှတ်ဝယ်မယ်ဆိုရင် .....
📲 09 456 456 530
📲 09 456 456 540 ကို ဆက်လိုက်ပါနော်....

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

"ညတိုင်း ၁၁ နာရီနောက်ပိုင်း အိပ်တတ်သူများ သတိထားစရာ..."ညတိုင်း အိပ်ချိန် ၁၁ နာရီထက် နောက်မကျပါစေနှင့်။ ညအိပ်ယာထဲအထိ အွန်...
19/05/2025

"ညတိုင်း ၁၁ နာရီနောက်ပိုင်း အိပ်တတ်သူများ သတိထားစရာ..."

ညတိုင်း အိပ်ချိန် ၁၁ နာရီထက် နောက်မကျပါစေနှင့်။ ညအိပ်ယာထဲအထိ အွန်လိုင်းသုံးရင် ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ဖတ်ဖြစ်အောင် ဖတ်သွားကြပါ။

ညနက်တဲ့အထိ ဖေ့စ်ဘုတ်သုံးလျှင် ဘာတွေ ဖြစ်လာမလဲ ဖတ်ကြည့်ပါ ။ (တကယ်ကြောက်စရာမို့ သတိထားသင့်ပါတယ်) ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့ ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီအဆိုကို ဆေးပညာရှင်များ အားလုံးနီးပါးကလည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။

အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။

အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။

အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြေးဖြေး ပျက်စီးသွားစေပါတယ်။

အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီ၀ ကမ္မဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းများလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ်မလုပ်နိုင်တော့ရင် အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်း ရောဂါများအပြင် အခြားရောဂါများလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးစောက်ရှောက်မှု မြင့်မားတဲ့ အချို့နိုင်ငံတွေမှာ ညဖက်အလုပ်လုပ်ရတဲ့ ၀န်ထမ်းများကို ရေရှည်မလုပ်စေပဲ အလှည့်ကျ လှဲလယ်ပေးတတ်ကြပါတယ်။

အခုခေတ်မှာ ဖေ့စ်ဘုတ်ဟာ အိပ်ချိန်ကို အဓိက ဖဲ့ယူနေတဲ့အရာဖြစ်နေတာကြောင့် အသက်ကိုဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကိုယ့်အသက်ကို အသိဉာဏ်ဖြင့် ဂရုပြုနိုင်ကြစေရန် ကျန်းမာရေးဗဟုသုတအဖြစ် အသိပေးလိုက်ပါတယ်။

ဖေ့စ်ဘုတ်တစ်ခုတည်းမဟုတ်ပဲ အခြားဘာပဲလုပ်လုပ် အဲဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ်။

အခြားသူများလည်းသိစေရန် ပြန်လည်မျှဝေခြင်းဖြင့် ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ဗဟုသုတ #စာပေ #စာပေချစ်သူများ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်

🚌 ရွှေနဂါး ခရီးသွားလုပ်ငန်း၏ ...💛 ၁၀၈-ကြိမ်မြောက် ကံထူးပြီအစီအစဉ်ကိုပြန်လည်စတင်လိုက်ပါပြီ ခင်ဗျာ .....▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
15/05/2025

🚌 ရွှေနဂါး ခရီးသွားလုပ်ငန်း၏ ...
💛 ၁၀၈-ကြိမ်မြောက် ကံထူးပြီအစီအစဉ်ကို
ပြန်လည်စတင်လိုက်ပါပြီ ခင်ဗျာ .....
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

🎄ကံထူးရှင်များကို တစ်ဦးလျှင် ၃၅၀၀၀ ကျပ်တန် ကားလက်မှတ် 🎫 ( ၁ ) စောင် ရရှိမှာဖြစ်ပြီး ကံထူးရှင် ( ၁၅ ) ဦး ရွေးချယ်ပေးမှာ ဖြစ်ပါတယ် ။

🏆 ကျိုက်ထီးရိုး၊ ချောင်းသာနှင့် ငွေဆောင် ခရီးစဉ်များမှ ကြိုက်နှစ်သက်ရာ ခရီးစဉ်တစ်ခုကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပြီး (၆ )လအတွင်း အဆင်ပြေတဲ့ရက်ကို ခရီးသွားလို့ရပါတယ် ခင်ဗျာ ။

📅 ( ၁၅ )ရက်တစ်ကြိမ် ရွေးချယ်ကံစမ်းပေးမှာဖြစ်ပြီး ကံထူးနိုင်ဖို့ အခွင့်အရေးများလို့ မည်သူမဆို ပါဝင်ကံထူးနိုင်ပါတယ် ခင်ဗျာ ။ 🍀

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

🚍 ခရီးသွားမယ် ဆိုရင်တော့ ...
👉 ရွှေနဂါးကိုသာ သတိရလိုက်ပါ ....
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

🙏 ကျိုက်ထီးရိုး
🏖 ချောင်းသာ
🏝 ငွေဆောင်

🚌ကားခသီးသန့်ဆိုရင် ...
☝️အသွားအပြန် တဦးကို - ၃၅၀၀၀
⏰နေ့စဉ် မနက် ၅ နာရီ ရှိပါတယ် ။

🚌 ကားခ + 🏡 ဟိုတယ်ခ တွဲရက်စျေး
🙏 ကျိုက်ထီးရိုး
☝️ ၁ ညအိပ် - ၉၀၀၀၀
✌️ ၂ ညအိပ် - ၁၄၅၀၀၀

🏖 ချောင်းသာ
☝️ ၁ ညအိပ် - ၉၀၀၀၀
✌️ ၂ ညအိပ် - ၁၄၅၀၀၀

🏝 ငွေဆောင်
☝️ ၁ ညအိပ် - ၇၀၀၀၀
✌️ ၂ ညအိပ် - ၁၀၅၀၀၀

🚍 ရွှေနဂါးနဲ့အတူ ကံထူးနိုင်ဖို့🚍
▄▄▄▄▄▄▄▄▄▄▄

1. ကံထူးပြီ post ကို like & Share လုပ်ထားသူဖြစ်ရပါမည်။
2. ဒီPost ရဲ့အောက်မှာ Screenshot နှင့်အတူ ဆုတောင်း Comment ရေးပေးရပါမယ် ။
3. Page မှာ Review ရေးပေးထားခြင်းရှိရပါမည်။

အထက်ပါ (၃) ချက်နှင့်ပြည့်စုံသူများကို
ဦးစားပေးကံထူးရှင်အဖြစ် ရွေးချယ်ပေးမှာ
ဖြစ်ပါတယ် ခင်ဗျာ ...

👉 ခရီးသွားမယ်ဆိုရင်တော့ ....
📲 09-456 456 570
📲 09-456 456 580
📲 09-456 456 590 ကို ဆက်လိုက်နော် ။

🙏အားလုံးကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ 🙏

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

🐉 ရွှေနဂါး ခရီးသွားလုပ်ငန်း၏ ကံထူးပြီမှ ( ၁၀၇ -ကြိမ်မြောက် ကံထူးရှင် (၁၅) ဦးကို ရွေးချယ်လိုက်ပါပြီခင်ဗျာ ... 💛💛 Moe Moe ...
15/05/2025

🐉 ရွှေနဂါး ခရီးသွားလုပ်ငန်း၏ ကံထူးပြီမှ
( ၁၀၇ -ကြိမ်မြောက် ကံထူးရှင် (၁၅) ဦးကို
ရွေးချယ်လိုက်ပါပြီခင်ဗျာ ... 💛

💛 Moe Moe Aye

💦 April Su Lynn Htet

💛 Htet Htet Aung

💦 Thin Myat Oo

💛 Ma Wai

💛 Thandar Soe

💦 Win Kyaw ( Kyaw Gyi )

💛 Yoon Yati

💦 Chan Nyein Linn

💛 Lily Kywe

💛 Hnin Htet

💦 Ei Sandar Kyaw

💛 Thaw Zin

💦 Daisy Amara

💛 Su Hnin Moe

တို့ ကံထူးသွားကြပါတယ် ခင်ဗျာ ....

🎁 ကံထူးသွားတဲ့သူတွေအတွက် ပိုပြီးပျော်ပေးရသလို နောက်အကြိမ်တွေမှာ ထပ်ပြီး ကံစမ်းကြမည့်သူတွေလည်း ရွှေနဂါးနှင့်အတူ ကံထူးနိုင်ကြပါစေဗျာ 🙏🙏🙏

🎁 #ကံထူးရှင်ကြီးများ၏ ရင်ခုန်ပျော်ရွှင်မှုတွေကို အားလုံးနှင့်ထပ်တူ ပျော်ရွှင်ရအောင် Comment မှာ ရေးပေးခဲ့ပါအုံးခင်ဗျာ ။ 🏆

🏆 ကံထူးရှင်များမှာ တစ်ဦးလျှင်
🎫 ၃၅၀၀၀ ကျပ်တန် ကားလက်မှတ်
(၁) စောင်ရရှိမှာဖြစ်ပြီး ကျိုက်ထီးရိုး၊ ချောင်းသာနှင့် ငွေဆောင်ခရီးစဉ်များမှ ကြိုက်နှစ်သက်ရာ ခရီးစဉ်တစ်ခုကို စိတ်ကြိုက်ရွေးချယ်ခွင့်ရမှာ ဖြစ်တဲ့အပြင် (၆လအတွင်း) ကြိုက်နှစ်သက်တဲ့အချိန် ခရီးသွားခွင့် ရရှိသွားကြပါပြီ ခင်ဗျာ။

🏆 ကံထူးကြတဲ့ ကံထူးရှင်များ ...
ခရီးသွားမယ်တော့ဆိုရင် ရွှေနဂါးရုံးကို
ဆက်သွယ်ပေးဖို့လိုပါမယ် .. ခင်ဗျာ 🥰

👉 ခရီးသွားမယ်ဆိုရင် ...
📲 09-456 456 570
📲 09-456 456 580
📲 09-456 456 590 ကို ဆက်လိုက်နော်

ဒီတစ်ခါ ကံမထူးသေးပေမယ့် ...
(၁၅) ရက်တစ်ကြိမ် ကံစမ်းမဲနှိုက် ရွေးချယ်မှာဖြစ်လို့ နောက်အကြိမ်တွေမှာ ကံထူးနိုင်သေးလို့ အားငယ်ပြီး စိတ်မလျှော့လိုက်ပါနဲ့နော် ... 💪

၁၀၈ -ကြိမ်မြောက် ကံထူးပြီအစီအစဉ်ကို
မကြာခင် ပြန်လည် စတင်ပေးမှာဖြစ်လို့ အားလုံးပါဝင် ကံထူးနိုင်ကြပါစေခင်ဗျာ ...

မြန်မာပြည်သူများအားလုံး နှစ်သစ်မှစ၍
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး စီးပွားဥစ္စာများ ဒီရေအလား တိုးတက်အောင်မြင်ပါစေလို့ ရွှေနဂါးမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။

အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏🙏🙏
#ကံထူးပြီ
#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

🏆( ၁၀၇-ကြိမ်မြောက် ) ကံထူးပြီ 🎁 💛 ( ၁ ) ရက်သာလိုပါတော့သည်။ 💛🏆>>>>> ကံထူးရှင် ( ၁၅ ) ဦး
14/05/2025

🏆( ၁၀၇-ကြိမ်မြောက် ) ကံထူးပြီ 🎁
💛 ( ၁ ) ရက်သာလိုပါတော့သည်။ 💛

🏆>>>>> ကံထူးရှင် ( ၁၅ ) ဦး

🇨🇭 မိနစ် ၃၀ လမ်းလျှောက်ခြင်းရဲ့       အံ့မခန်းအကျိုးကျေးဇူးများ===========================လူအများစုက ကျန်းမာရေးအတွက် လေ့...
13/05/2025

🇨🇭 မိနစ် ၃၀ လမ်းလျှောက်ခြင်းရဲ့
အံ့မခန်းအကျိုးကျေးဇူးများ
===========================

လူအများစုက ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ပေးရုံနဲ့တင် သင့်ရဲ့ကျန်းမာရေးကို သိသိသာသာ တိုးတက်စေနိုင်ပါတယ်။ ဒီနေ့မှာတော့ မိနစ် ၃၀ လမ်းလျှောက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာနိုင်သလဲဆိုတာကို သိပ္ပံနည်းကျ အချက်အလက်တွေနဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ်။

၂ မိနစ် အကြာ

သင့်ရဲ့နှလုံးခုန်နှုန်းက စတင်မြန်ဆန်လာပြီး သွေးလည်ပတ်မှုစနစ်က ပိုမိုကောင်းမွန်လာပါတယ်။ ဒါဟာ သင့်ကြွက်သားတွေဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုရောက်ရှိစေဖို့အတွက် သင့်ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။

၅ မိနစ် အကြာ

ဒီအချိန်မှာတော့ သင့်ဦးနှောက်ထဲက "စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်း"တွေဖြစ်တဲ့ Serotonin နဲ့ Dopamine တွေ စတင်ထွက်ရှိလာပါတယ်။ ဒါကြောင့် လမ်းလျှောက်ပြီးတဲ့အခါ စိတ်ပေါ့ပါးလန်းဆန်းနေတာကို သတိထားမိမှာဖြစ်ပါတယ်။

၁၀ မိနစ် အကြာ

စိတ်ဖိစီးမှုဟော်မုန်းလို့ခေါ်တဲ့ Cortisol ပမာဏက ကျဆင်းလာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများနေတဲ့အချိန်တွေမှာ လမ်းလျှောက်ထွက်ပေးတာက အကောင်းဆုံးသော ကုထုံးတစ်ခုဖြစ်ပါတယ်။

၁၅ မိနစ် အကြာ

သင့်ရဲ့သွေးတွင်းသကြားဓာတ်ပမာဏက စတင်တည်ငြိမ်လာပါတယ်။ ဒါဟာ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေအတွက် အထူးကောင်းမွန်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

မိနစ် ၃၀ အကြာ

ဒီအချိန်မှာတော့ သင့်ခန္ဓာကိုယ်က အဆီတွေကို စတင်လောင်ကျွမ်းပါတယ်။ အထူးသဖြင့် မိနစ် ၃၀ လောက် လမ်းလျှောက်ရင် အဆီပိုတွေကို လောင်ကျွမ်းပြီး စွမ်းအင်အဖြစ်ပြောင်းလဲအသုံးပြုပါတယ်။

ဘာကြောင့် မိနစ် ၃၀ လမ်းလျှောက်ခြင်းက အကောင်းဆုံးလဲ

- အချိန်နည်းနည်းနဲ့ အကျိုးကျေးဇူးများစွာရနိုင်
- နေ့စဉ်ပုံမှန်လုပ်ဆောင်ဖို့ လွယ်ကူ
- အထူးပစ္စည်းမလို၊ ဘယ်နေရာမှာမဆို လုပ်ဆောင်နိုင်

ဒါ့ကြောင့် တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ပေးခြင်းက သင့်ရဲ့ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ ဒီလိုလွယ်ကူရိုးရှင်းတဲ့ အလေ့အကျင့်လေးကို နေ့စဉ်ဘဝမှာ လုပ်ကြည့်လိုက်ပါ။ သင့်ရဲ့ခန္ဓာကိုယ်က ကျေးဇူးတင်ပါလိမ့်မယ်။

မေတ္တာဖြင့်....


#လမ်းလျှောက်ခြင်း
#ကျန်းမာရေး
#နေ့စဉ်လေ့ကျင့်ခန်း
#မိနစ်၃၀လမ်းလျှောက်ခြင်း


ကျန်းမာ ပျော်ရွှင်ကြပါစေ..💟

10/05/2025
"ဒီကနေ့ကစပြီး..."~~~~~~~~~~ဒီကနေ့ကစပြီးကုသိုလ်အလုပ်တရားအလုပ်လုပ်တာမှာဝတ်ကျေတန်းကျေလုပ်မနေနဲ့တော့...။အရေးကြုံလာပြီဆိုရင်က...
09/05/2025

"ဒီကနေ့ကစပြီး..."
~~~~~~~~~~

ဒီကနေ့ကစပြီး
ကုသိုလ်အလုပ်တရားအလုပ်လုပ်တာမှာ
ဝတ်ကျေတန်းကျေလုပ်မနေနဲ့တော့...။

အရေးကြုံလာပြီဆိုရင်
ကိုယ့်မှာအားကိုးစရာအသင့်ရှိထားအောင်

ဘုရားရှိခိုးတာမှာ
စိတ်ပါလက်ပါရှိခိုး...

ကုသိုလ်အလုပ်
တရားအလုပ်လုပ်တာမှာ
စိတ်ပါလက်ပါ
အရည်အသွေးပါအောင်လုပ်...

ဘယ်အရာမဆိုစူးစူးစိုက်စိုက်လုပ်
ပစ္စုပ္ပန်တိုင်းအရေးကြီးတယ်လို့သဘောထား
ကိုယ့်သန္တာန်မှာအကောင်းဓာတ်တွေ
ရှိသင့်သလောက်ရှိထားမှ စိတ်အေးရမှာ...။

ဘုရားရှိခိုးခိုင်းတယ်
တရားထိုင်ခိုင်းတယ်ဆိုတာ
သက်သက်မဲ့
အချိန်ဖြုန်းခိုင်းတာမဟုတ်ဘူး...။

ဘေးရန်အလွန်ပေါတဲ့လောကကြီးမှာ
ဘေးရန်လုံလုံခြုံခြုံနဲ့
စွမ်းအားပြည့်ပြည့်ဝဝနေနိုင်အောင်လို့
အရည်အသွေးတွေ
မြင့်မားတောက်ပြောင်လာအောင်လို့
ချီးမြှောက်ပေးတာနော်...။

(တိပိဋကယောဆရာတော်ဘုရားကြီး)

06/05/2025

သူ့ဖခင်အိမ်မှာ နေထိုင်ရတာကို သူ မနှစ်သက်ခဲ့ပါဘူး – အဓိက ကတော့ အဆက်မပြတ် “ပြောဆိုနေတဲ့” အဖေ ကြောင့်ပါ။

“အခန်းကထွက်ရင် ပန်ကာပိတ်ထား‌ လေ။”

“ဧည့်ခန်းမှာ တီဗီဖွင့်ထားပြီး ဘယ်သူမှမကြည့်ဘူး… ဘာလို့မပိတ်တာတုန်း”

“တံခါးကို သေသေချာချာပိတ်ပါ။”

“ရေအလဟဿမဖြုန်းနဲ့။”

သူ့ဖခင်က ဒီလို “အသေးအမွှား” အရာတွေနဲ့ သူ့ကိုအနှောင့်အယှက်ပေး‌နေတာကို သူမကြိုက်ခဲ့ဘူး။
သူသည်းခံနေခဲ့တယ်… တစ်နေ့မှာ အလုပ် အင်တာဗျူးဖုန်းခေါ်ဆိုမှုတစ်ခုရတဲ့အထိပါပဲ။

“ဒီအလုပ်ရပြီဆိုတာနဲ့ ဒီမြို့ကထွက်သွားမယ်။ အဖေ့ရဲ့ညည်းညူသံတွေ နားမှာမကြားရတော့ဘူး” လို့ သူစဉ်းစားမိတယ်။

သူထွက်ခွာတော့မယ့်အချိန်မှာ၊ သူ့ဖခင်က အကြံပေးလိုက်ပါ‌ သေးတယ်-
“မေးခွန်းတိုင်းကို ယုံကြည်မှုအပြည့်နဲ့ဖြေပါ။ အဖြေမသိရင်တောင် သေချာပေါက်သိသလိုပြောပါ။” တဲ့
ပြီးတော့သူ့အဖေက… အင်တာဗျူးအတွက် လိုအပ်တဲ့‌ ငွေထက် ပိုပိုလိုလို ထည့်ပေးလိုက်တယ်။

အင်တာဗျူး‌ နေရာရောက်တဲ့အခါ၊ သူသတိထားမိတာက
ဝင်ပေါက်မှာ လုံခြုံရေးမရှိဘူး။
ခြံတံခါးက ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ထားပြီး အပြင်ဘက်ကိုလှဲနေကာ ဖြတ်သွားဖြတ်လာလူတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုတာ တွေ့လိုက်တော့
သူက တံခါးကို ညင်ညင်သာသာပိတ်ပြီး အတွင်းကိုဝင်လိုက်တယ်။

လမ်းဘေးတစ်လျှောက်မှာ လှပတဲ့ပန်းတွေကိုတွေ့ရပေမယ့် ဥယျာဉ်မှူးက ရေပိုက်ကိုဒီတိုင်းကြီးဖွင့်ထားခဲ့တယ်။
ရေတွေနေရာတိုင်းယိုစီးနေတယ်။
သူက ပိုက်ကိုညှိပြီး အပင်တွေအမှန်တကယ်ရေလိုအပ်တဲ့နေရာမှာ ထား‌ပေးလိုက်တယ်။

Reception မှူးမရှိပေမယ့် စာရွက်တစ်ခုမှာ-
“အပေါ်ထပ်မှာ အင်တာဗျူးဖြေပါ” လို့ရေးထားတာ‌ တွေ့ရတော့..
သူက ဖြည်းဖြည်းချင်းအပေါ်တက်သွားတယ်…

လှေကား အတက်မှာ မီးတွေဖွင့်ထားဆဲဖြစ်နေတယ်၊
မနက် ၁၀ နာရီဖြစ်နေပြီ ဖြစ်ပေမယ့် ညကတည်းကဖွင့်ထားဟန်ရှိ‌နေတော့

သူ့ဖခင်အသံကို သူသတိရမိလေပြီ..
“ဘာလို့ အခန်းကထွက်တဲ့အခါ မီးဖွင့်ထားတာလဲ?”
စိတ်အနှောင့်အယှက်ဖြစ်ပေမယ့် သူက မီးခလုတ်ကိုရှာပြီး… ပိတ်လိုက်ပါတယ်။

အပေါ်ထပ် ခန်းမကြီးတစ်ခုထဲမှာ လူအများကြီးစောင့်နေကြတယ်။

သူဝင်လာတဲ့အခါ ခြေသုတ်ဖုံ အပေါ်အောက်မှောက်နေတာသတိထားမိတယ်။
သူက အနည်းငယ်သက်ပြင်းချပြီး ပြန်လည်စီစဉ်လိုက်တယ်။ အကျင့်ဟောင်းတွေက ပျောက်ဖို့ခက်တယ်လေ…

ရှေ့ခုံတွေပြည့်နေပြီး နောက်ခုံတွေကလွတ်နေတာတွေ့ရတယ်။
ပန်ကာတချို့က လူမထိုင်တဲ့ခုံတွေပေါ်မှာ တရွှီရွှီ‌ လေပေးနေတယ်။
ထပ်ပြီး သူ့ဖခင်ရဲ့အသံက သူ့စိတ်ထဲမှာပြန်‌ေပါ်လာပြီ-
“ဘာလို့ ဘယ်သူမှမထိုင်တဲ့နေရာမှာ ပန်ကာတွေဖွင့်ထားတာလဲ?”
သူက မလိုအပ်တဲ့ပန်ကာတွေပိတ်ပြီး နောက်ခုံမှာထိုင်လိုက်ပါတယ်။

အင်တာဗျူးဖြေသူတစ်ယောက်ပြီးတစ်ယောက် အခြားတံခါးကနေဝင်ပြီးထွက်သွားကြတယ် – ဘာမေးခွန်းတွေမေးထားလဲဆိုတာ ဘယ်သူမှမသိဘူး။

နောက်ဆုံးမှာတော့ သူ့အလှည့်ရောက်လာပါပြီ။
သူက စိုးရိမ်စိတ်နဲ့ ဝင်လာတယ်။
အင်တာဗျူးလူက သူ့စာရွက်စာတမ်းတွေယူပေမယ့် ကြည့်တောင်မကြည့်ဘူး။

“ဘယ်တော့အလုပ်စနိုင်မလဲ?” တဲ့

သူချက်ချင်းအံ့သြသွားတယ်။
“ခဏ… ဒါဟာ လှည့်စားမေးခွန်းလား? ဒါမှမဟုတ်… သူက အလုပ်ကမ်းလှမ်းနေတာလား?” သူဝေခွဲမရဖြစ်နေတယ် 🤔

အင်တာဗျူးလူက သူမရေမရာဖြစ်နေတာ ကိုသတိထားမိပြီး -
“ဘာလို့ မေးခွန်းတွေမမေးတာလဲဆိုတာ သိချင်နေမယ်ထင်တယ်။
တကယ်တော့ မေးခွန်းတွေက လူတစ်ယောက်ရဲ့ သဘာဝအစစ်အမှန်ကို မဖော်ပြနိုင်ဘူးလို့ ကျွန်တော်တို့ယုံကြည်လို့ပါ။
လူတွေရဲ့လုပ်ရပ်တွေကိုကြည့်ဖို့ ကျွန်တော်တို့ပို နှစ်သက်လို့ပါ။”
ကျွန်တော်တို့က “ကင်မရာတွေနဲ့ လူတိုင်းကိုစစ်ဆေးခဲ့တာပါ။ တံခါးပိတ်တာ၊ ပိုက်ညှိတာ၊ မီးပိတ်တာ၊ ခြေသုတ်ဖုံခင်းပြန်ပြင်တာ၊ ပန်ကာပိတ်တာ အဲလိုလုပ်တဲ့သူတစ်ယောက်ပဲရှိ‌ေနတယ်။”
“အဲ့ဒီလူက… မင်းပါပဲ။ ဒါကြောင့် မင်းကိုအလုပ်ခန့်လိုက်တာပါ။” တဲ့

အဲ့ဒီအချိန်မှာ သူ့ဖခင်သင်ပေးခဲ့တဲ့အရာတိုင်းဟာ အဓိပ္ပာယ်ရှိတယ်ဆိုတာ သူနားလည်သွားပါပြီ။

သူစိတ်အနှောင့်အယှက်ဖြစ်ခဲ့တဲ့ စည်းကမ်းတွေအားလုံးက… သူ့ပထမဆုံးအလုပ် သူရအောင် ကူညီပေးခဲ့တာပါ။
စိတ်တိုစိတ်ဆိုးမှုတွေ ပျောက်ကွယ်သွားပြီ။
အခုတော့ သူပြုံးလိုက်ပါပြီ – ကျေးဇူးတင်စိတ်နဲ့ ပေါ့–
နောက်တော့ ဆုံးဖြတ်လိုက်ပါတယ်-
“အဖေ့ကိုပါခေါ်သွားမယ်။ အတူနေမယ်။” ဆိုပြီး...

---

မိဘတွေပြောသမျှဟာ ကျွန်တော်တို့ ကောင်းကျိုးအတွက်ပါ။ သူတို့က ကျွန်တော်တို့အတွက် တောက်ပတဲ့အနာဂတ်တစ်ခုဖန်တီးပေးချင်တာပါ။
ကျောက်တုံးတစ်ခုဟာ ပန်းပုဆရာရဲ့တူနဲ့ထုတာ မခံရရင် ပန်းပုရုပ်မဖြစ်နိုင်ပါဘူး။
တန်ဖိုးရှိသူတစ်ဦးဖြစ်လာဖို့ ကျွန်တော်တို့ဟာ လမ်းညွှန်မှု၊ ပြုပြင်မှုနဲ့ ပြောဆိုဆုံးမတာတွေကို လက်ခံရမှာပါ –
ဒါ‌ေတွဟာ ကျွန်တော်တို့မိဘတွေကပေးတဲ့အရာ‌တွေပါပဲ။

ဖခင်တစ်ဦးက ကလေးကို သူ့ပုခုံးပေါ်မြှောက်တင်ပေးတယ်…
သူမမြင်ဖူးတဲ့ကမ္ဘာကို ကလေးကမြင်နိုင်ဖို့အတွက်ပါ‌ ပေါ့။

မိခင်ရဲ့နာကျင်မှုကို ကျွန်တော်တို့အလွယ်တကူခံစားမိတယ်၊
ဒါပေမယ့် ဖခင်ရဲ့နာကျင်မှုက မမြင်ရတတ်ဘူး – အခြားသူတွေပြောမှသာ ကျွန်တော်တို့ သတိထားမိတတ်ကြပါတယ်။

အသက် ၅ နှစ်အချိန်မှာ ဖခင်က ဆရာဖြစ်တယ်၊
အသက် ၂၀ အချိန်မှာတော့ သူ့ကို မကောင်းဆိုးဝါးတစ်ဦးလို့ခံစားရတယ်၊
ဒါပေမယ့် … သူကတော့ တစ်သက်လုံးအတွက် လမ်းပြဖြစ်နေတာပါ။

မိခင်တွေက အိုမင်းလာပြီး သားသမီးတွေနဲ့အတူနေတတ်ကြတယ်…
ဒါပေမယ့် ဖခင်အများစုက ဒါကိုတောင်းဆိုဖို့ ဘယ်လိုလုပ်ရမှန်းမသိကြပါဘူး။

ချစ်ခြင်းမေတ္တာပြဖို့ နောက်မှ‌ပေါ့ ဆိုပြီးမစောင့်ပါနဲ့။
သူတို့ရှိနေသေးတုန်း ဂရုစိုက်ပါ။ သူတို့ကိုပွေ့ဖက်ပါ။ အမြဲတမ်း ကျေးဇူးတင်ပါ။

သူတို့ဟာ ကျွန်တော်တို့ဘဝရဲ့အကြီးမားဆုံးလက်ဆောင်တွေပါ။
မိဘတွေဟာ လက်တွေ့ဘဝရဲ့စူပါဟီးရိုးတွေပါ။ ဘယ်တော့မှမမေ့ပါနဲ့။

Credit

မိဘမေတ္တာကို ခံစားမိတယ်ဆိုရင် ဒီစာလေးကို မျှဝေပေးပါ‌ နော်။

Address

207, 1st Floor, Kyaik Kasan Road, Tamwe Township
Yangon
11211

Telephone

+959456456530

Website

Alerts

Be the first to know and let us send you an email when ရွှေနဂါး ခရီးသွားလုပ်ငန်း ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေနဂါး ခရီးသွားလုပ်ငန်း ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင်:

Share

Category

Our Story

ကျိုက်ထီးရိုး/ချောင်းသာ/ငွေဆောင် နေ့စဉ်ပြေးဆွဲပေးနေပါသည်။ ဝန်ဆောင်မှုကိုအဓိကထားတာ ရွှေနဂါးပါ။