27/06/2025
🇯🇵🇯🇵ဒီနေ့မှာတော့အမေးအများဆုံးဖြစ်တဲ့ Japan နိုင်ငံကိုအလုပ်တွက်ဖြစ်စေ အလည်ပတ်နဲ့ဖြစ်စေ ကျောင်းသွားတက်ချင်သူများအတွက် Japanနိုင်ငံသို့ လာလို့ရမယ့် Visa အကြောင်းလေးတွေမျှဝေပေးလိုက်ပါတယ်ခင်ဗျာ့🥰🥰
🇯🇵ဂျပန်ကိုလာလို့ရမယ့်နည်းလမ်း(5)မျိုး
မြန်မာကနေ ဂျပန်ကို သွားကြတာများတဲ့ အဓိကဗီဇာ(5)မျိုးကို မျှဝေပေးချင်ပါတယ်။
1- Visit Visa ( အလည်ဗီဇာ )
အခုနောက်ပိုင်း ဂျပန်နိုင်ငံသို့အချိန်တိုအတွင်းအမြန်ဆုံးသွားရောက်တဲ့ ဗီဇာတစ်ခုပဲဖြစ်ပါတယ်။
Visit နဲ့သွားပြီး ကျောင်းလျှောက်တဲ့သူတွေလဲများပြားလာတာဖြစ်ပါတယ်။ visit Visa မှတစ်ဆင့် student visa သို့ကူးပြောင်းပြီးရေရှည်နေထိုင်လိုသူများလျှောက်နိုင်တဲ့ ဗီဇာတစ်ခုပင်ဖြစ်ပါတယ်။
2 -Student Visa (ကျောင်းသားဗီဇာ)
ဒါကတော့ ဂျပန်မှာရှိတဲ့ Japanese Language School (ဂျပန်ဘာသာသင်တန်းကျောင်း) ကို တိုက်ရိုက်သွားကြတာမျိုးပါ။ပုံမှန်အားဖြင့် ၁နှစ်ခွဲ/၂နှစ်ခန့် ဂျပန်ဘာသာစကားတစ်မျိုးတည်းကိုပဲ တက်ရောက်သင်ယူကြရပါတယ်။ အဲ့ဒီကျောင်းပြီးရင် ဘွဲ့လက်မှတ်မပေးပါဘူး၊ ကျောင်းပြီးဆုံးကြောင်း လက်မှတ်တစ်ခုပဲရပါတယ်။
Language School ပြီးသွားတာနဲ့ ဆန်းမွန်းကျောင်း (သို့) တက္ကသိုလ်တစ်ခုခုကို ပြီးဆုံးအောင်ဆက်တက်တာ ပိုကောင်းပါတယ်။ဒါမှသာ ဂျပန်မှာ အလုပ်ကောင်းကောင်းရဖို့အဆင်ပြေမှာပါ။ ဆန်းမွန်းကျောင်းက များသောအားဖြင့် ၂နှစ်ခန့် ကြာပြီး၊ တက္ကသိုလ်ကတော့ ကျောင်းအပေါ်မူတည်ပြီး ၃/၄နှစ်ခန့်ကြာပါတယ်။
3.Training Visa (အလုပ်သင်ဗီဇာ)
မြန်မာနိုင်ငံကနေ ဂျပန်ကုမ္ပဏီ (အထူးသဖြင့် စက်ရုံ) မှာအလုပ်သင်အနေနဲ့ တိုက်ရိုက်လာတာမျိုးပါ။ ပညာအရည်အချင်းကသတ်မှတ်ထားတာမျိုးမရှိပါဘူး။ ဂျပန်စာအရည်အချင်းအောင်လက်မှတ်မရှိလည်း N5ပြီး N4 လေ့လာနေဆဲဆို အဆင်ပြေကြတာများပါတယ်။ဒါပေမယ့် ဂျပန်စကားကိုများများအသုံးပြုရမယ့် ဘိုးဘွားစောင့်ရှောက်ရေးအလုပ်(ခိုင်းဂေါ့) အလုပ်ဆိုရင်တော့ ဂျပန်စာအရည်အချင်း အနည်းဆုံး N4,N3ရှိဖို့ လိုအပ်ပါတယ်။
📌Training Visaက အများဆုံး ဗီဇာသက်တမ်း၅နှစ်ရပါတယ်။ အစိုးရသတ်မှတ်ထားတဲ့မူအရ အလုပ်ပြောင်းခွင့်မရှိပါဘူး။
4.Working Visa (ပညာရှင်အလုပ်ဗီဇာ)
Working Visa ကိုရဖို့ မိမိနိုင်ငံ(သို့)ဂျပန်ရဲ့တက္ကသိုလ်ကောလိပ်တစ်ခုခုကနေ ဘွဲ့ရရှိထားရပါမယ်။ အများအားဖြင့် အင်ဂျင်နီယာဘွဲ့၊အိုင်တီဘွဲ့၊နိုင်ငံခြားဘာသာသင်တက္ကသိုလ်(YUFL)မှဂျပန်စာ/အင်္ဂလိပ်စာ အထူးပြုမေဂျာဘွဲ့ရသူတွေတိုက်ရိုက်လာကြတာများပါတယ်။ချွင်းချက်အနေနဲ့ အိုင်တီဘွဲ့မရထားလည်း ဂျပန်ကသတ်မှတ်ထားတဲ့ အိုင်တီစာမေးပွဲအောင်လက်မှတ်ရှိရင်လည်း ဂျပန်ကိုအိုင်တီအလုပ်နဲ့ တိုက်ရိုက်လာလို့ရပါတယ်။ဂျပန်စာLevelကတော့ အင်ဂျင်နီယာ/အိုင်တီဘွဲ့ရတွေဆိုရင် အနည်းဆုံး N3ရှိရပါမယ်။ တခြားဘွဲ့ရဆိုရင်တော့ N2 level ရှိမှ ဗီဇာ အလွယ်တကူချပေးပါတယ်။ပညာရှင်အလုပ်ဗီဇာရဲ့ သက်တမ်းကတော့ အကန့်အသတ်မရှိ တိုးလို့ရပါတယ်။ကိုယ်ပထမဆုံးလာတုန်းက ဗီဇာတင်ခဲ့တဲ့ အလုပ် (သို့) မိမိရဲ့အထူးပြုမေဂျာနဲ့ သက်ဆိုင်တဲ့ မည့်သည့် အလုပ်အမျိုးအစားကိုမဆို အလုပ်လည်းပြောင်းလို့ရပါတယ်။ဒီဗီဇာအမျိုးအစားကတော့ ဂျပန်လူမျိုးတွေနဲ့ တန်းတူအခွင့်အရေးရပါတယ်။
5.Specified Skilled Worker Visa (တိုခုတေးဂိနိုးဗီဇာ)
တိုခုတေးဂိနိုးဗီဇာ ဆိုတာကတော့ ၂၀၁၉ခုနှစ်ကနေစပြီး ဂျပန်အစိုးရက နိုင်ငံခြားသားတွေအတွက် အသစ်ထုတ်ပြန်လိုက်တဲ့ Training Visaထက်ကို အဆင့်တစ်ဆင့်ပိုမြင့်သွားတဲ့ အလုပ်ဗီဇာပါ။ဒီဗီဇာကို လျှောက်ဖို့အတွက် ပညာအရည်အချင်း အထူးတလည်သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဂျပန်စာအရည်အချင်းကတော့ အနည်းဆုံး N4အောင်လက်မှတ်ရှိရပါမယ်။ကိုယ်လျှောက်မယ့်သက်ဆိုင်ရာအလုပ်ရဲ့ တိုခုတေးဂိနိုး စာမေးပွဲအောင်လက်မှတ် ရှိရပါမယ်။
တိုခုတေးဂိနိုးဗီဇာမှာ 特定技能1号နဲ့ 特定技能2号ဆိုပြီး ၂မျိုးထပ်ခွဲထားပါတယ်။ 特定技能1号က ဗီဇာသက်တမ်း အများဆုံး၅နှစ်ရပါတယ်။ 特定技能2号ကတော့ အလုပ်အပေါ်မှာမူတည်ပြီး ဗီဇာသက်တမ်းကွာခြားပါတယ်။ ဗီဇာသက်တမ်းတိုးခွင့်လဲရှိပါတယ်။ 特定技能1号က မိသားစုခေါ်ခွင့်မရှိပေမယ့် 特定技能2号ကမိသားစုခေါ်ခွင့်ရှိပါတယ်။
တိုခုတေးဂိနိုးဗီဇာက လက်ရှိလုပ်နေတဲ့အလုပ်မှာ အဆင်မပြေတာတစ်ခုခု ကြုံလာခဲ့လျှင် အလုပ်ပြောင်းခွင့်ရှိပါတယ်။
ရှေ့ဆက်ပြီး ဂျပန်နိုင်ငံနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ၊ဂျပန်စာလေ့လာခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို အဆက်မပြတ် တင်ပေးသွားမှာဖြစ်လို့ Like and Follow လုပ်ပေးသွားဖို့ မမေ့ကြနဲ့နော်
to original writer
ကျွန်တော်တို့ Journey To The World မှVisa & Education services များ မိတ်ဆွေတို့အတွက် ဝန်ဆောင်မှုပေးလျှက်ရှိပါတယ် ခင်ဗျာ။
📌အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
🏠Journey To The World Office-အမှတ် ၁၄၆ (မြေညီထပ်)၊ ၄၅လမ်း (အပေါ်ဘလောက်)၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ရုံးဖုန်း - 09-762228720 , 09 762228255 (or)
Page messenger (ရုံးအချိန် အတွင်း) မေးမြန်းနိုင်ပါတယ် ခင်ဗျာ။
https://www.charmingbusinessgroup.com/
Thailand , Australia & Myanmar registered licensed.