Adventure Myanmar Tours & Incentives

Directions Website Contact the business

Adventure Myanmar Tours & Incentives Thinking about Your Adventure around Myanmar? You are at the RIGHT place. Welcome to the wonderful world of Adventure Myanmar!

As one of the Destination Management Companies in Myanmar, with 18 years of extensive experience, Adventure Myanmar can provide you with a seamless travel experience. Since its establishment in 1993, Adventure Myanmar Tours & Incentives is steadily and systematically improving its service to meet the current needs of today's rapidly growing market. It has a strong financial background and enjoys special contact rates with the hotels, airlines, cruises, restaurants, etc. It retains experienced, young and energetic team of 200 people. We offer a full range of travel services from airport meet-and-greets and transfers, through to specialized tours for individuals or groups, business trip, incentive travels, conferences, cruises, seat-in-coach torus, charter flights, etc. Proudly Myanmar, we delight in giving opportunity to savor the wonderful life-changing experiences that our region has offer. We work with our partners, not customers directly. We are driven by innovation and understanding our cooperate partners, and are able to consult in many foreign languages, for instance, Spanish, French, German, Italian, Japanese, Thailand and so on. We have the most up-to-date computer and communications equipment's and are able to offer quick turnaround times, as well as a free-sell system on most hotels.

03/09/2026

ဗီယက်နမ် အလယ်ပိုင်းအလှကိုခံစားဖို့
၅ရက်ခရီးကို သိန်း၂၀ ထဲနဲ့ Land service full package ကို ၅~၆ ယောက်ရှိရုံနဲ့စီစဥ်ပေးနေပါတယ်

03/09/2026

ချုံချင်း • ဝူလုံ • ကျန်ကျားကျဲ့ • ချန်ဒူး • လဲ့ရှန်
(၈ ရက် / ၇ ည) တရုတ်ပြည်ရဲ့ မတူညီတဲ့အလှတရား ၅ မျိုးကို ခရီးတစ်ခေါက်တည်းနဲ့ ရှာဖွေကြမယ်!

ခရီးတစ်ခေါက်ကို ကိုယ့်စိတ်ကြိုက် ဖန်တီးကြမလား!ခရီးသွားတယ်ဆိုတာ…… နေရာအသစ်တွေကို ရောက်ဖို့သက်သက် မဟုတ်ပါဘူး။လမ်းတစ်လျှောက...
24/08/2026

ခရီးတစ်ခေါက်ကို ကိုယ့်စိတ်ကြိုက် ဖန်တီးကြမလား!

ခရီးသွားတယ်ဆိုတာ…… နေရာအသစ်တွေကို ရောက်ဖို့သက်သက် မဟုတ်ပါဘူး။

လမ်းတစ်လျှောက် တွေ့ကြုံရတဲ့ အရာတွေ၊
အတူတူရယ်မောခဲ့တဲ့ အချိန်တွေ၊
မမျှော်လင့်ထားဘဲ တွေ့ခဲ့ရတဲ့ အလှတရားတွေ၊
ပြီးတော့ အိမ်ပြန်ရောက်တဲ့အခါ “ဒီခရီးကို မမေ့နိုင်ဘူး…” လို့ ပြန်ပြောဖြစ်မယ့် အမှတ်တရတွေပါ။ ❤️

A journey is not about the place, but the experiences we bring home to share.

ဒါကြောင့် ခရီးတစ်ခေါက်ကို သူများသတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း လိုက်သွားတာထက် ကိုယ်သွားချင်တဲ့နေရာ၊ ကိုယ်ကြိုက်တဲ့အချိန်၊ ကိုယ်ချစ်ရသူတွေနဲ့ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ဖန်တီးကြည့်ပါ။

🌿 မနက်စောစော ထွက်ချင်လား…
☕ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အချိန်ပိုယူချင်လား…
🛍️ Shopping ကို ပိုအချိန်ပေးချင်လား…
📸 ဓာတ်ပုံရိုက်ဖို့ နေရာလေးတွေကို စိတ်ကြိုက်ရွေးချင်လား…
🍜 ဒေသအစားအစာတွေကို အေးအေးဆေးဆေး မြည်းစမ်းချင်လား…

Private Tour ဆိုတာ အဲဒီလို “ကိုယ်လိုချင်တဲ့ခရီး” ကို ဖန်တီးနိုင်တာပါ။

Adventure Myanmar Tours & Incentives မှ Private Tours ကို သင့်သွားချင်တဲ့ ခရီးရက်၊ စိတ်ဝင်စားမှု၊ ခရီးသွားဖော်များနဲ့ Budget အလိုက် စိတ်ကြိုက်စီစဉ်ပေးနေပါတယ်။

တစ်ခါတလေ… ဘယ်ကိုသွားခဲ့တယ်ဆိုတာထက် ဘယ်သူတွေနဲ့ ဘယ်လိုအချိန်တွေကို ဖြတ်သန်းခဲ့တယ်ဆိုတာက ပိုအရေးကြီးပါတယ်။ ❤️

Your Journey. Your Pace. Your Story.

For Inquiry and booking;
📞 09 977922124 | 09 765687442

ချုံချင်း • ဝူလုံ • ကျန်ကျားကျဲ့ • ချန်ဒူး • လဲ့ရှန်(၈ ရက် / ၇ ည) တရုတ်ပြည်ရဲ့ မတူညီတဲ့အလှတရား ၅ မျိုးကို ခရီးတစ်ခေါက်တည...
24/08/2026

ချုံချင်း • ဝူလုံ • ကျန်ကျားကျဲ့ • ချန်ဒူး • လဲ့ရှန်
(၈ ရက် / ၇ ည) တရုတ်ပြည်ရဲ့ မတူညီတဲ့အလှတရား ၅ မျိုးကို ခရီးတစ်ခေါက်တည်းနဲ့ ရှာဖွေကြမယ်!

တစ်ခရီးစဉ်ထဲမှာ...
🏙️ Chongqing ရဲ့ ခေတ်မီမြို့ပြအလှနဲ့ ညရှုခင်းတွေကို ခံစားမယ်။
🌿 Wulong မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကျောက်တောင်ကြီးများနဲ့ Three Natural Bridges ရဲ့ အံ့မခန်းရှုခင်းတွေကို ကြည့်မယ်။
⛰️ Zhangjiajie မှာ တောင်တန်းတွေကြားက တိမ်တွေ၊ ကျောက်တောင်တန်းတွေ၊ Tianmen Mountain နဲ့ “Gateway to Heaven” လို့ နာမည်ကျော်တဲ့ Tianmen Cave ကို တွေ့ကြုံမယ်။
🎬 Avatar ရုပ်ရှင်ထဲကလို ထူးခြားတဲ့ တောင်တန်းရှုခင်းတွေရှိတဲ့ Yuanjiajie (Avatar Mountain) ကိုလည်း လည်ပတ်မယ်။
🐼 Chengdu ရောက်ရင်တော့ တရုတ်နိုင်ငံရဲ့ ချစ်စရာအကောင်းဆုံး သံတမန်လေးတွေဖြစ်တဲ့ Giant Panda တွေကို တွေ့ဆုံမယ်။
🙏 Leshan မှာတော့ ရှေးဟောင်းဗုဒ္ဓယဉ်ကျေးမှုရဲ့ အံ့မခန်းလက်ရာဖြစ်တဲ့ Leshan Giant Buddha ကို ဖူးမြော်လေ့လာမယ်။
🏮 ပြီးတော့ Ciqikou Ancient Town၊ Kuanzhai Alley၊ Shibati တို့မှာ ဒေသခံလူနေမှုဘဝနဲ့ ရှေးဟောင်းအငွေ့အသက်တွေကို ခံစားနိုင်မယ်။
🚄 ခရီးသွားရတာလည်း အဆင်ပြေပါတယ်!
မြို့တစ်မြို့ကနေ တစ်မြို့ကို China Bullet Train (2nd Class) ဖြင့် သက်သောင့်သက်သာ ခရီးဆက်သွားမှာဖြစ်လို့ ရှုခင်းတွေကို ကြည့်ရင်း ခရီးလမ်းကိုပါ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါတယ်။

(၈ ရက် / ၇ ည) အထူးအဖွဲ့လိုက်ဈေးနှုန်း
၄ ယောက်အဖွဲ့ - USD 1,278 / person
၆ ယောက်အဖွဲ့ - USD 1,088 / person
🛏️ Twin Sharing Room 🏨 3-Star Hotels 🍳 နေ့စဉ် နံနက်စာပါဝင်ပါတယ်

Package မှာ ပါဝင်တာတွေကတော့
✔️ Hotel Accommodation with daily breakfast – ၇ ည
✔️ Private Transportation
✔️ English Speaking Guide
✔️ Entrance Fees
✔️ Daily Drinking Water
✔️ Bullet Train Tickets (Second class)
✔️ China Visa Fees

❤️ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ အဖွဲ့ငယ်လေးနဲ့ဖြစ်ဖြစ် — တရုတ်ပြည်ရဲ့ သဘာဝ၊ ယဉ်ကျေးမှု၊ အစားအသောက်နဲ့ ခေတ်မီမြို့ပြအလှတွေကို တစ်ခရီးတည်းနဲ့ အပြည့်အဝ ခံစား လိုက်ပါ။

International flight tickets (Yangon- Chongqing - Yangon) များကို လည်း စီစဉ်ပေးပါတယ်ရှင့်

📞 Booking & အသေးစိတ်အချက်အလက်များအတွက် ; 09977922124/ 09765687442

❄️Kashmir ရဲ့ နှင်းဖုံးတောင်တန်းတွေ၊ ရေကန်တွေနဲ့ သဘာဝအလှတရားတွေကို ကိုယ်တိုင်သွားရောက် ခံစားပြီး …တောင်တန်းတွေနဲ့ ရေကန်တ...
21/08/2026

❄️Kashmir ရဲ့ နှင်းဖုံးတောင်တန်းတွေ၊ ရေကန်တွေနဲ့ သဘာဝအလှတရားတွေကို ကိုယ်တိုင်သွားရောက် ခံစားပြီး …
တောင်တန်းတွေနဲ့ ရေကန်တွေ၊ ပန်းခင်းတွေနဲ့ သဘာဝရှုခင်းတွေကြားမှာ Kashmir ရဲ့ အလှ၊ Delhi ရဲ့ သမိုင်းဝင်အထင်ကရနေရာတွေကိုပါ တစ်ခရီးတည်းနဲ့ လည်ပတ်လိုက်ပါ!

၅ ညအိပ် ၆ ရက် -ခရီးစဉ်မှာ ဘယ်တွေသွားမလဲ?
🏔️ Sonmarg – “Meadow of Gold” လို့ လူသိများတဲ့ လှပတဲ့ တောင်တန်းဒေသ
🌷 Gulmarg – ပန်းခင်းတောင်တန်းတွေနဲ့ နာမည်ကျော် Gondola Cable Car စီးနင်းခြင်း
🏞️ Pahalgam – “Valley of Shepherds” လို့ ခေါ်ဆိုကြတဲ့ သဘာဝအလှပေါကြွယ်တဲ့ တောင်ကြားဒေသ
🌿 Aru Valley & Betaab Valley – စိမ်းလန်းတဲ့မြက်ခင်းများ၊ တောင်တန်းများနဲ့ အေးချမ်းတဲ့ရှုခင်းများ
🌺 Nishat Bagh & Shalimar Bagh – Mughal ခေတ်ရဲ့ လှပတဲ့ ဥယျာဉ်များ
🚣‍♀️ Dal Lake Shikara Ride – Kashmir ရဲ့ မဖြစ်မနေခံစားသင့်တဲ့ ရေကန်ပေါ် စီးနင်းခရီး
🏛️ Delhi City Tour – Red Fort, Raj Ghat, India Gate, President House, Sikh Temple, Humayun’s Tomb နှင့် Qutub Minar

ခရီးစဉ်အကျဉ်း
Day 01 ✈️ Delhi – Srinagar – Sonmarg
Day 02 🏔️ Sonmarg – Gulmarg + Thajiwas Glacier
Day 03 🌸 Gulmarg – Gondola Cable Car – Pahalgam + Aru Valley & Betaab Valley
Day 04 🌿 Pahalgam – Srinagar + Mughal Gardens + Shikara Ride
Day 05 ✈️ Srinagar – Delhi + Delhi City Tour
Day 06 Delhi – Departure

PACKAGE PRICE
3★ Hotel
4-6 ဦးအဖွဲ့အတွက် – USD 666 / person
7–9 ဦးအဖွဲ့အတွက် – USD 650 / person

✅ ခရီးစဉ်စျေးနှုန်းတွင် ပါဝင်သည်များ
ပြည်တွင်းလေယာဉ်လက်မှတ် (Delhi- Srinagar / Srinagar- Delhi)
*ဟိုတယ်တည်းခိုခ – ၅ ည (တခန်းတွင် နှစ်ဦး)
*ဟိုတယ်တွင် နံနက်စာနှင့် ညစာ ပါဝင်ပါသည်
*လေဆိပ်ကြို/ပို့ ဝန်ဆောင်မှု – Srinagar Airport
ခရီးစဉ်အတိုင်း လည်ပတ်မှုများ – အဲယားကွန်းယာဉ်ဖြင့်
*အင်္ဂလိပ်စကားပြော Tour Guide ဝန်ဆောင်မှု *Gondola Cable Car စီးနင်းခ – Phase I & II
*Dal Lake တွင် Shikara လှေစီးခြင်း – ၁ နာရီ
*Mughal Gardens များသို့ လည်ပတ်ခြင်း *ဝင်ကြေးနှင့် အထိမ်းအမှတ်အဆောက်အအုံများ ဝင်ရောက်ခ
*Pahalgam ရှိ Aru Valley နှင့် Betaab Valley သို့ သွားရောက်ရန် Local Vehicle
*GST အခွန်
*Visa for India

❌ ခရီးစဉ်စျေးနှုန်းတွင် မပါဝင်သည်များ
-International Flights (Yangon- Delhi- Yangon)
-ကိုယ်ရေးကိုယ်တာအသုံးစရိတ်များ၊ Tip နှင့် Porterage ခများ
-Pony / Horse / Sledge / ATV စီးနင်းခများ
-Skiing, Paragliding နှင့် အခြား Adventure Activities များ
-River Rafting ခ
-Mineral Water
-Kashmiri Costume ဝတ်ဆင်ခ
-Tangmarg – Gulmarg – Tangmarg Snow Cab ခ
-အစီအစဉ်တွင် ဖော်ပြထားခြင်းမရှိသော အခြားဝန်ဆောင်မှုများနှင့် ကုန်ကျစရိတ်များ

အထက်ပါဈေးနှုန်းများက
⚠️ Blackout Date: 25 December 2026 – 03 January 2027 ရက်တွေ မပါဝင်ပါ

MAI ကလည်း ရန်ကုန်-ဒေလီ- ရန်ကုန်ကို Mon/Web/Fri/Sat နေ့များမှာ ပြေးဆွဲပေးနေတာမို့ လေယာဉ်လက်မှတ်များကိုလည်း ဈေးနှုန်းမှန်ကန်စွာ စီစဉ်ပေးနေပါတယ်ရှင့်

📩 ခရီးစဉ်အသေးစိတ်၊ booking များအတွက်

☎️ 09977922124/ 09765687442

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း အလှတရားများကို Private Tour ဖြင့် အေးအေးလူလူ သွားရောက်လည်ပတ်ကြမလား!လှပသော ပင်လယ်ကမ်းခြေမြို့ D...
18/08/2026

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း အလှတရားများကို Private Tour ဖြင့် အေးအေးလူလူ သွားရောက်လည်ပတ်ကြမလား!

လှပသော ပင်လယ်ကမ်းခြေမြို့ Da Nang၊ တောင်ပေါ်ရှိ ဥရောပစတိုင် French Village၊ ကမ္ဘာကျော် Golden Bridge၊ ရှေးဟောင်းမြို့ Hoi An နှင့် စိတ်လှုပ်ရှားဖွယ် River Safari တို့ကို ခရီးစဉ်တစ်ခုတည်းအတွင်း စုံလင်စွာ လည်ပတ်ခံစားနိုင်မည့် အထူးအစီအစဉ် ………………

✨ ၅ ရက် ၄ ည 📍 Da Nang • Ba Na Hills • Mercure Danang French Village • Hoi An • Cam Thanh Coconut Village • Vinpearl River Safari

👥 ၂ – ၅ ဦး : တစ်ဦးလျှင် USD 555
👥 ၆ – ၇ ဦး : တစ်ဦးလျှင် USD 505
👥 ၈ – ၉ ဦး : တစ်ဦးလျှင် USD 480

ခရီးစဉ်တလျောက်
ကြယ်လေးပွင့်အဆင့် ဟိုတယ်မှာတည်းခိုပြီး၊ မနက်စာ၊နေ့လည်စာ၊ညစာ အပါအဝင်၊ English speaking tour guide နဲ့လည်ပတ်ရမယ့် Private Full Package Tour လေးပါ☺️

✈️အသွားအပြန်လေယာဉ်လက်မှတ် ရန်ကုန်-ဒါနန်းကတော့ package ဈေးထဲမှာမပါဝင်သေးပါဘူးရှင့်
လူကြီးမင်းတို့ခရီးသွားလိုတဲ့ရက်အတိုင်း ဈေးနှုန်းမှန်ကန်စွာ flight tickets များကိုစီစဥ်ဆောင်ရွက်ပေးပါတယ်နော်

🌟 ခရီးစဉ်အတွင်း လည်ပတ်မည့် နေရာများ
🌉 ကမ္ဘာကျော် Golden Bridge ပေါ်တွင် လှပသောတောင်တန်းရှုခင်းများကို ခံစားရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ပါတယ်။
🚠 Ba Na Hills သို့ Cable Car စီးနင်းကာ တိမ်တောင်များကြားမှ အံ့မခန်းသဘာဝအလှကို ခံစားပြီး Fantasy Park နှင့် Mercure Danang French Village တွင် အပန်းဖြေအနားယူပါမယ်။
🛕 Son Tra Peninsula, Linh Ung Pagoda နှင့် Marble Mountain တို့၏ သဘာဝအလှနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာနိုင်ပါတယ်။
🏮 UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Hoi An Ancient Town တွင် ရှေးဟောင်းအဆောက်အအုံများ၊ ဂျပန်တံတားနှင့် ညဈေးတန်း၏ ဆွဲဆောင်မှုကို အေးအေးလူလူ လျှောက်လည်ခံစားနိုင်ပါတယ်။
🥥 Cam Thanh Coconut Village တွင် ဝါးလှေ (Basket Boat) စီးနင်းရင်း အုန်းတောရေကြောင်း၏ သဘာဝအလှကို အနီးကပ်ခံစားနိုင်ပါတယ်။
🦒 Vinpearl River Safari တွင် လှေစီးရင်း ကျား၊ သစ်ကုလားအုတ်၊ မြင်းကျား၊ ကြံ့နှင့် အခြားရှားပါးတောရိုင်းတိရစ္ဆာန်များကို အနီးကပ်ကြည့်ရှုနိုင်သလို၊ ယဉ်ကျေးမှုဖျော်ဖြေပွဲများနှင့် စိတ်လှုပ်ရှားဖွယ် ကစားနည်းများကိုလည်း ပျော်ရွှင်စွာ ပါဝင်ခံစားနိုင်ပါသည်။
🛍️ နောက်ဆုံးနေ့တွင် Vincom, Lotte နှင့် Han Market တို့တွင် ဈေးဝယ်ထွက်ရင်း အမှတ်တရလက်ဆောင်များကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင့်။

💙 Private Tour ဖြစ်သောကြောင့် ✔️ မိသားစု၊ မိတ်ဆွေများနှင့် သီးသန့်အေးချမ်းစွာ ခရီးသွားနိုင်ပါသည်။ ✔️ ခရီးထွက်မည့်ရက်ကို မိမိအစီအစဉ်နှင့်အညီ စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။ ✔️ သီးသန့်ယာဉ်နှင့် သက်သောင့်သက်သာရှိသော ဝန်ဆောင်မှုများဖြင့် အမှတ်တရခရီးစဉ်ကို ဖန်တီးနိုင်ပါသည်။

📩 အသေးစိတ်ခရီးစဉ်၊ ဈေးနှုန်းအတွက်

Please contact; 09765687442/ 09977922124
Address: အမှတ် (၂၇) အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်...သို့ဖြစ်စေ ဆက်သွယ်​မေးမြန်းနိုင်ပါတယ်ရှင့်...

Adventure Myanmar Tours & Incentives

✈️Travel with Confidence, Explore with Joy

ရှေးဟောင်းယဉ်ကျေးမှု၊ သဘာဝအလှတရားများနဲ့ ပြည့်နှက်နေတဲ့ လာအိုနိုင်ငံ ကို.......ကိုယ့်စိတ်ကြိုက်၊ ကိုယ့်အချိန်ဇယားနဲ့ အေး...
16/08/2026

ရှေးဟောင်းယဉ်ကျေးမှု၊ သဘာဝအလှတရားများနဲ့ ပြည့်နှက်နေတဲ့ လာအိုနိုင်ငံ ကို.......

ကိုယ့်စိတ်ကြိုက်၊ ကိုယ့်အချိန်ဇယားနဲ့ အေးအေးဆေးဆေး ခရီးသွားချင်သူများ၊ မိသားစု၊ သူငယ်ချင်းအဖွဲ့များနှင့် Honeymoon Couple များအတွက် အထူးသင့်တော်သော Private Tour လေးပါ

🌟 ခရီးစဉ်အထူးအစီအစဉ်များ
Vientiane – Luang Prabang- Vientiane (6 days/ 5 nights)

🏯 လာအို၏ အထင်ကရ That Luang Stupa, Wat Sisaket နှင့် Patuxay Monument သို့ လည်ပတ်မယ့်ခရီးလေးပါ
🚄 Vientiane – Luang Prabang အကြား အမြန်ရထားဖြင့် သက်တောင့်သက်သာ ခရီးသွားရမှာပါ
🏛️ UNESCO ကမ္ဘာ့အမွေအနှစ်မြို့ Luang Prabang ကို လေ့လာပြီး
⛵ မဲခေါင်မြစ် အတွင်း လှေစီးကာ နာမည်ကျော် Pak Ou Caves သို့ သွားရောက်လည်ပတ်ပါမယ်
🌄 Phou Si Hill ပေါ်မှ မြို့၏လှပသောရှုခင်းများကို ခံစားရမှာပါ။

🙏 ရာစုနှစ်များစွာ ဆက်လက်ထိန်းသိမ်းလာသော ဆွမ်းလောင်းပွဲ (Alms Giving Ceremony) ကို ကြည့်ရှုနိုင်ပါမယ်

💦 နာမည်ကျော် Kuang Si Waterfalls တွင် သဘာဝအလှတရားကို ခံစားအနားယူပါမယ်။

🐻 Bear Rescue Center နှင့် Hmong လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုကို လေ့လာနိုင်ပါမယ်၊
အထူးဆန်းသော Buddha Park ကို သွားရောက်လည်ပတ်ပါမယ်

💰 ခရီးစဉ်ဈေးနှုန်း (အောက်တိုဘာ ၂၀၂၆)

(၅ညအိပ် ၊ ၆ရက် ခရီးစဉ်)
👥 ၂ – ၃ ဦး : တစ်ဦးလျှင် USD 799 မှ စတင်ပြီး
👥 ၄ – ၅ ဦး : တစ်ဦးလျှင် USD 599 မှ စတင်ပြီး
👥 ၆ – ၈ ဦး : တစ်ဦးလျှင် USD 546 မှ စတင်ပြီး

✅ ခရီးစဉ်တွင် ပါဝင်သည့် ဝန်ဆောင်မူ့များ
• ဟိုတယ်တည်းခိုမှု (၅ ည) (တခန်း ၂ ဦး)
• နေ့စဉ် နံနက်စာနှင့် သတ်မှတ်ထားသော နေ့လယ်စာ (၄ နပ်)
• Private car
• အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
• ဝင်ကြေးများ
• အမြန်ရထား (Second Class) လက်မှတ် (Vientiane – Luang Prabang- Vientiane)
• Government tax

❌ မပါဝင်သည်များ
• နိုင်ငံတကာလေယာဉ်လက်မှတ်
• ခရီးသွားအာမခံ
• ကိုယ်ရေးကိုယ်တာအသုံးစရိတ်၊
• အချိုရည်နှင့် အဖျော်ယမကာများ
• Tip

🌿 အေးချမ်းလှပသော မြို့များ၊ ရှေးဟောင်းဘုရားကျောင်းများ၊ မဲခေါင်မြစ်၏ သဘာဝအလှတရားများနှင့် စိမ်းပြာရောင် ရေတံခွန်များကို တစ်ခရီးတည်းဖြင့် ခံစားနိုင်မည့် အခွင့်အရေးကို လက်မလွတ်ပါနဲ့နော်

📩 အသေးစိတ်ခရီးစဉ်၊ ဈေးနှုန်းအတွက်

Please contact; 09765687442/ 09977922124

Address: အမှတ် (၂၇) အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်...သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်...

✈️ Adventure Myanmar Tours & Incentives Travel with Confidence, Explore with Joy

#လာအိုခရီးစဉ်

🍂 သီတင်းကျွတ်အားလပ်ရက်အတွက်... ခရီးထွက်ဖို့ စဉ်းစားထား ပြီးပြီလား? ✈️သီတင်းကျွတ်ပိတ်ရက်ဟာ မိသားစု၊ မိတ်ဆွေများနဲ့အတူ အနာ...
14/08/2026

🍂 သီတင်းကျွတ်အားလပ်ရက်အတွက်... ခရီးထွက်ဖို့ စဉ်းစားထား ပြီးပြီလား? ✈️

သီတင်းကျွတ်ပိတ်ရက်ဟာ မိသားစု၊ မိတ်ဆွေများနဲ့အတူ အနားယူပြီး ခရီးထွက်ဖို့ အကောင်းဆုံးအချိန်လေးတစ်ခုပါ။

🏞️ မြန်မာနိုင်ငံအတွင်း လှပတဲ့နေရာတွေကို သွားလည်မလား...

🌏 ဒါမှမဟုတ် ပြည်ပခရီးစဉ်တစ်ခုကို အမှတ်တရဖန်တီးမလား...

ဘယ်ခရီးစဉ်ကိုပဲ ရွေးချယ်ရွေးချယ် အခုပဲ ကြိုတင်စီစဉ်ထားဖို့ အချိန်ကောင်းရောက်နေပါပြီ.

✈️ အထူးသဖြင့် ပြည်ပခရီးထွက်ဖို့ စီစဉ်ထားသူများအတွက်...
သီတင်းကျွတ်အားလပ်ရက်ကာလမှာ နိုင်ငံတကာလေယာဉ်များရဲ့ လက်မှတ်ဝယ်လိုအား များပြားတာကြောင့် လေယာဉ်ထိုင်ခုံများ အမြန်ပြည့်တတ်ပါသည်။ လက်ရှိအချိန်မှာလည်း ခရီးစဉ်အချို့အတွက် ထိုင်ခုံလက်ကျန် အကန့်အသတ်သာ ကျန်ရှိနေပါ တာမို့......

မိမိနှစ်သက်တဲ့ လေယာဉ်အချိန်၊ ဟိုတယ်နဲ့ ခရီးစဉ်ကို စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ အမြန်ဆုံး ကြိုတင်ဘွတ်ကင်ပြုလုပ်ထားဖို့ အကြံပြုလိုက်ပါတယ်နော် 💙

🪔🪔🪔သီတင်းကျွတ်အားလပ်ရက်ကို အမှတ်တရခရီးစဉ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။

📩 ပြည်တွင်းခရီးစဉ်များ၊ ပြည်ပခရီးစဉ်များ၊ လေယာဉ်လက်မှတ်နှင့် ဟိုတယ်ဘွတ်ကင်များအတွက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပြည်ပခရီးစဉ် - ☎️ 09977922124/ 09765687442

ပြည်တွင်းခရီးစဉ်- ☎️ 09401704447 / 09797046782

Address; အမှတ် 27, အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်

Adventure Myanmar Tours & Incentives
Let's make your holiday unforgettable.

25/07/2026

Address

27, Inyamyaing Road
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Alerts

Be the first to know and let us send you an email when Adventure Myanmar Tours & Incentives posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Adventure Myanmar Tours & Incentives:

Shortcuts

Share

Category