ST Car Rental & Taxi Group

ST Car Rental & Taxi Group Car Rental

Alignment စက်တွေအကြောင်း ကျွန်တော်တို့ကောင်းကောင်းသိသလို ဘယ်လိုချိန် ပေးရလဲလဲကျွန်တော်တို့ကောင်းကောင်းနားလည်ပါတယ်။ အဓိကက...
25/01/2026

Alignment စက်တွေအကြောင်း ကျွန်တော်တို့ကောင်းကောင်းသိသလို ဘယ်လိုချိန် ပေးရလဲလဲကျွန်တော်တို့ကောင်းကောင်းနားလည်ပါတယ်။ အဓိကက နာမည်ကြီးတယ် ကောင်းချင်တယ် ဆိုရင် Customer အကြိုက်ကို အလိုလိုက်ပေးရပါတယ်။ ပြောရလျင် လက်ရှိ ညီသွားဖို့ကိုပဲလုပ်ပေးလိုက်ရတာမျိုးပါ။

အဓိကအားဖြင့် Alignment ချိန်မယ်ဆိုလျင်အောက်ပါ အချက် (၃) ချက်ကို ညှိရတာပါ -

​၁။ အဓိက ညှိရမည့် အပိုင်းများ (Key Angles)
​Camber (ကမ်ဘာ): ကားကို ရှေ့တည့်တည့်ကကြည့်ရင် ဘီးတွေက အပြင်ကို ကားထွက်နေတာလား၊ ဒါမှမဟုတ် အတွင်းကို စုဝင်နေတာလားဆိုတာကို ညှိတာပါ။​အထဲကို စုဝင်နေရင် Negative Camber၊ အပြင်ကို ကားနေရင် Positive Camber လို့ ခေါ်ပါတယ်။

​Toe (တိုး): ကားကို အပေါ်ကနေ ငုံ့ကြည့်တဲ့အခါ ဘီးတွေရဲ့ အရှေ့ဖျားက တစ်ခုနဲ့တစ်ခု စုနေတာလား (Toe-in)၊ ဒါမှမဟုတ် ကားထွက်နေတာလား (Toe-out) ဆိုတာကို ညှိတာပါ။ ဒါက တာယာစားနှုန်းကို အသက်ရောက်ဆုံး အပိုင်းပါ။

​Caster (ကက်စတာ): ဒါကတော့ ကားကို ဘေးတိုက်ကနေကြည့်တဲ့အခါ စတီယာရင်ဝင်ရိုး (Steering Axis) ရဲ့ စောင်းနေတဲ့ အနေအထားပါ။ ဒါက ကားမောင်းတဲ့အခါ စတီယာရင် တည်ငြိမ်မှုနဲ့ ကွေ့ပြီးရင် မူလနေရာကို ပြန်ရောက်အောင် ကူညီပေးပါတယ်။

ဒီ ၃မျိုးကို ဆိုင်ကညှိ ပေးရပါတယ်။

Alignment စက်မှာ တိုင်းကြည့်ရင် ဂဏန်းတွေက အစိမ်းရောင်ပြပြီး အားလုံး "OK" နေပေမဲ့ တကယ်တမ်း လမ်းမပေါ်မှာ မောင်းတဲ့အခါ တစ်ဖက်ကို ဆွဲနေတာကြုံရပါတယ်။ ပြန်ချိန်လဲ စက်မှာတည့်နေပါတယ်။

ဒါဟာ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ် -

၁။ တာယာကြောင့်ဖြစ်ခြင်း (Radial Pull)
ဒါက အဖြစ်နိုင်ဆုံး အကြောင်းရင်းပါ။ Alignment တည့်နေပေမဲ့ တာယာရဲ့ အတွင်းပိုင်း တည်ဆောက်ပုံ အားနည်းချက်ကြောင့် ဖြစ်တာပါ။

* Tyre Conicity: တာယာက ထုတ်လုပ်ကတည်းက သို့မဟုတ် အသုံးကြာလို့ ပုံသဏ္ဍာန်က ကုန်းပတ် (Cone) ပုံစံမျိုး အနည်းငယ် ဖြစ်သွားတာပါ။
* စမ်းသပ်နည်း: ရှေ့ဘီး နှစ်ဘီးကို ဘယ်/ညာ အချင်းချင်း လဲတပ်ကြည့်ပါ။ အရင်က ညာဘက်ကို ဆွဲရင်၊ လဲတပ်ပြီးနောက် ဘယ်ဘက်ကို ပြောင်းဆွဲသွားတယ်ဆိုရင် ဒါဟာ တာယာကြောင့် ဖြစ်တာ သေချာပါတယ်။

၂။ တာယာ လေပေါင် မညီခြင်း
စက်မှာ Alignment မချိန်ခင် တာယာလေပေါင်ကို အရင်မစစ်မိရင် ဒီလို ဖြစ်တတ်ပါတယ်။ ဘယ်ဘက်နဲ့ ညာဘက် လေပေါင် 2-3 psi လောက် ကွာနေတာနဲ့တင် ကားက လေပေါင်နည်းတဲ့ဘက်ကို ဆွဲသွားတတ်ပါတယ်။

၃။ ကားလမ်း၏ ဒီဇိုင်း (Road Crown)
လမ်းမတော်တော်များများဟာ မိုးရေတင်မကျန်အောင် အလယ်မှာ မြင့်ပြီး ဘေးဘက်ကို နိမ့်ဆင်းသွားအောင် လုပ်ထားလေ့ရှိပါတယ်။

ကားက လမ်းရဲ့ ဘေးစောင်းအတိုင်း နိမ့်တဲ့ဘက်ကို အနည်းငယ် ဆွဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။ လမ်းအလယ်မျဉ်းရဲ့ တခြားတစ်ဖက်ခြမ်း (ပြောင်းပြန်လမ်း) မှာ မောင်းကြည့်လို့ တခြားတစ်ဖက်ကို ပြန်ဆွဲတယ်ဆိုရင် ဒါဟာ လမ်းကြောင့် ဖြစ်တာပါ။

၄။ Memory Steer သို့မဟုတ် စတီယာရင် စနစ် ပြဿနာ
Alignment စက်က ဘီးတွေကိုပဲ ကြည့်တာဖြစ်ပြီး Steering Rack သို့မဟုတ် Power Steering စနစ်ထဲက ချို့ယွင်းချက်ကို မသိနိုင်ပါဘူး။

Steering Rack: စတီယာရင် Rack ထဲက Valve တွေ မလုံရင် ဆီဖိအားကြောင့် အလိုအလျောက် တစ်ဖက်ကို တွန်းနေတတ်ပါတယ်။

Caster Angle: Alignment စက်မှာ Camber နဲ့ Toe ကိုပဲ အဓိကကြည့်ပြီး Caster ကို သေချာမညှိမိရင်လည်း (ဘယ်/ညာ Caster ကွာခြားချက်ရှိရင်) ကားက ဆွဲတတ်ပါတယ်။

၅။ Brake Dragging (ဘရိတ်ကပ်နေခြင်း)
ဘီးတစ်ဖက်က ဘရိတ်ပစ်စတင် (Piston) အနည်းငယ် ကပ်နေရင် အဲ့ဒီဘီးက လည်ပတ်မှု နှေးသွားပြီး ကားကို အဲ့ဒီဘက်ကို ဆွဲခေါ်သွားပါတယ်။ မောင်းပြီးတဲ့အခါ ဘီးခွေ (Rim) ကို စမ်းကြည့်လို့ တစ်ဖက်က ပိုပူနေရင် ဘရိတ်ကြောင့်ပါ။

၆။ ဘီးအောက်ခြေကနေ ကား ဘီးကုတ်အထိအမြင့်တိုင်းရာမှာကွာခြားနေခြင်း

အချို့ကားတွေ ကွိုင်ခုထားခြင်း
Buffer ခံခြင်း
Shockabsor or Coil error ဖြစ်ခြင်း တွေကလဲကားကိုတည့်တည့်မသွားဘဲဆွဲစေပါတယ်။
အောက်ပိုင်းက Bushing (ရော်ဘာဘွတ်) တွေ နည်းနည်းလေး ချောင်နေရင်လည်း စက်ပေါ်မှာ ငြိမ်နေပေမဲ့ မောင်းတဲ့အခါ ဒဏ်ကြောင့် ရွေ့သွားပြီး ဆွဲတတ်ပါတယ်။

ဒီလို စက်က ညီပြီးဆွဲနေလျင် အချိန်ပေးရပါတော့မယ်။
Tyre လား
အောက်ပိုင်းလား
Brake လား တစ်ခုစီစစ်ရပါမယ်။

ဒီလိုမဟုတ်ပဲ ဆွဲဆယ်ဆွဲတယ် ဆို ဆွဲတဲ့ဘက်ကို Counter ပေးချိန်ပေးလိုက်တာ မြန်ပြီးလွယ်ပါတယ်။ဒီလိုဆိုင်လဲ ကောင်းတယ် လို့ နာမည်ရပါတယ်။ ဒါပေမဲ့ အဓိက အချက်ကိုမဖြေရှင်းလို့ ပထမဆုံးထိခိုက်စေတာ တာယာတွေဖြစ်ပါတယ်။

ဒီတော့အကြံပြုချင်တာ Alignment ချိန်လျင် သေချာကြည့်ပါ ။ ဆွဲလို့ပိုပေး တာဟာ Zero setting မဟုတ်ပဲ ကျော်နေလျင် မှားနေပြီဆိုတာကို လက်ခံရပါမယ်၊

Crd to Tyre 78

တာယာထဲကို လေရိုးရိုး (Normal Air) ထည့်တာနဲ့ နိုင်ထရိုဂျင် (Nitrogen) ထည့်တာ ဘာတွေကွာခြားလဲဆိုတာ ကားမောင်းသူတိုင်း သိထားသ...
27/12/2025

တာယာထဲကို လေရိုးရိုး (Normal Air) ထည့်တာနဲ့ နိုင်ထရိုဂျင် (Nitrogen) ထည့်တာ ဘာတွေကွာခြားလဲဆိုတာ ကားမောင်းသူတိုင်း သိထားသင့်တဲ့ အချက်ဖြစ်ပါတယ်။ ဒီ၂ ချက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။

တာယာနိုင်ထရိုဂျင် နှင့် လေရိုးရိုး - ဘာတွေကွာခြားသလဲ?

၁။ မော်လီကျူး အရွယ်အစား (Molecular Size)
လေရိုးရိုးထဲမှာ အောက်ဆီဂျင် 21% နဲ့ နိုင်ထရိုဂျင် 78% ခန့် ပါဝင်ပါတယ်။ နိုင်ထရိုဂျင် မော်လီကျူးဟာ အောက်ဆီဂျင်ထက် ပိုမိုကြီးမားတာကြောင့် တာယာသားရဲ့ အပေါက်ငယ်လေးတွေကနေ အပြင်ကို စိမ့်ထွက်နှုန်း ပိုနှေးပါတယ်။

* နိုင်ထရိုဂျင်: လေလျော့နှုန်း နှေးတယ် (တာယာလေကို ခဏခဏ စစ်စရာမလိုဘူး)။

* လေရိုးရိုး: လေလျော့နှုန်း ပိုမြန်ပါတယ်။

၂။ အပူချိန် ထိန်းညှိမှု (Temperature Stability)

ဒါဟာ အဓိက ကွာခြားချက်တစ်ခုပါ။ လေရိုးရိုးမှာ အစိုဓာတ် (Moisture) ပါဝင်တတ်တာကြောင့် ကားအရှိန်ပြင်းပြင်းမောင်းတဲ့အခါ ဒါမှမဟုတ် ရာသီဥတုပူတဲ့အခါ တာယာထဲကလေက ပိုပြီးပွလာတတ်ပါတယ်။

* နိုင်ထရိုဂျင်: အေးမြတဲ့ဓာတ်ငွေ့ဖြစ်ပြီး အပူဒဏ်ကြောင့် တာယာအတွင်းပိုင်း ဖိအား (Pressure) ရုတ်တရက် တက်လာတာမျိုး နည်းပါတယ်။ ဒါကြောင့် တာယာ လေပေါင်တက်ပြီး တာယာကွဲနိုင်ခြေကို လျှော့ချပေးပါတယ်။

* လေရိုးရိုး: ခရီးဝေးမောင်းရင် တာယာအရမ်းပူလာပြီး Pressure တက်လာတတ်ပါတယ်။

၃။ တာယာသက်တမ်းနှင့် သံချေးတက်မှု (Oxidation)
လေရိုးရိုးမှာ ပါဝင်တဲ့ အောက်ဆီဂျင်နဲ့ အစိုဓာတ်ဟာ တာယာအတွင်းသားကို အချိန်ကြာလာတာနဲ့အမျှ ဆွေးမြည့်စေနိုင်သလို၊ သံခွေ (Rim) တွေကိုလည်း သံချေးတက်စေနိုင်ပါတယ်။ နိုင်ထရိုဂျင်ကတော့ ခြောက်သွေ့တဲ့ ဓာတ်ငွေ့ဖြစ်လို့ ဒီပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

* နိုင်ထရိုဂျင်ကို ရွေးသင့်သူများ: ခရီးဝေး မကြာခဏ မောင်းရသူတွေ၊ အမြန်လမ်း (Expressway) ပေါ်မှာ အရှိန်ပြင်းပြင်း မောင်းနှင်သူတွေနဲ့ တာယာလေခဏခဏ မစစ်ချင်သူတွေအတွက် သင့်တော်ပါတယ်။

* လေရိုးရိုးကို ရွေးသင့်သူများ: မြို့တွင်းပဲ မောင်းသူတွေ၊ ကုန်ကျစရိတ် သက်သာချင်သူတွေနဲ့ လေထိုးဆိုင် အလွယ်တကူ ရှာချင်သူတွေအတွက် အဆင်ပြေပါတယ်။

> မှတ်ချက်: နိုင်ထရိုဂျင် ထည့်ထားတဲ့ တာယာထဲကို လေရိုးရိုး ရောထည့်လို့ ရပါတယ်။ပြောရရင် ရိုးရိုးလေက နိုင်ထရိုဂျင် ကရိုးရိုးလေထဲ နိုင်ထရိုဂျင် ၇၈% ပါဝင်ပြီးသားပါ ။ ၂၁% က အောက်ဆီဂျင်ဖြစ်ပြီး ၁% က အခြား အရောတွေဖြစ်ပါတယ်။ဒါပေမဲ့ နိုင်ထရိုဂျင်ရဲ့ အာနိသင်တော့ လျော့သွားမှာ ဖြစ်ပါတယ်။ ရောထိုးလို့ရပါတယ်။ နောက်မှ ပြန်လဲလို့ရပါတယ်။

အချုပ်အားဖြင့်ပြောရရင် ဆိုင်က ထိုးနေတဲ့နိုက်ထရိုဂျင်စက်ကလေက လေထုထဲက အောက်ဆီဂျင်ကိုဖယ်ပေးတဲ့စက်ပါ။ နိုက်ထရိုဂျင်ကို ထုတ်နေတာမဟုတ်ပါ။

တာယာကွဲတယ်ဆိုတာ တာယာရဲ့ အမြင့်ဆုံးထိုးနိုင်တဲ့ ပမာဏ ကိုကျော်လို့ကွဲတာမျိုးကရှားပါတယ်။ တာယာတိုင်းမှာ Maximum အမြင့်ဆုံးထားနိုင်တဲ့ လေပေါင်ရေးထားပါတယ်။ ဥပမာ Maximum PSI 50 (ပုံမှာကြည့်ပါ) မိမိကားတွေကိုအမြဲကြည့်ပြီးမှတ်ထားပါ။ ဒီထက်ကိုမကျော်သင့်ပါ။

အရေးကြီးတာ တာယာ လေပေါင်မကျော်ပေမဲ့ လူအပြည့် ကုန်အပြည့် ပါချိန်တွေမှာ အထူးသတိထားရပါမယ်။ (External Force) လို့ခေါ်တဲ့ ထပ်ဆောင်း ဝန်အားတွေဟာ ချိုင့်တွေ၊ လှိုင်းတွေ မှာ မလျော့ပဲမောင်းရင် တာယာ ခံနိုင်အားအပေါ် ပိုမိုသက်ရောက်ပြီး တာယာ ပွင့်ထွက်နိုင်ပါတယ်။ မိမိတပိထားတဲ့ တာယာ ရဲ့ Load Index မမှန်ပါက ပိုပြီး အန္တရယ်များပါတယ်

Crd; Tyre 78

2-Wheel နဲ့ 4-Wheel ဘာကွာလဲဆိုတာ?အခြေခံအားဖြင့် ကားတွေမှာ ၂ ဘီးမောင်း နဲ့  ၄ ဘီးမောင်း (2WD/4WD) ဆိုပြီး (၂) မျိုးရှိပါတ...
22/07/2025

2-Wheel နဲ့ 4-Wheel ဘာကွာလဲဆိုတာ?

အခြေခံအားဖြင့် ကားတွေမှာ ၂ ဘီးမောင်း နဲ့ ၄ ဘီးမောင်း (2WD/4WD) ဆိုပြီး (၂) မျိုးရှိပါတယ်
Function
လုပ်ဆောင်နိုင်စွမ်း function ကတော့ အသီးသီးရှိကြပါတယ်။
၂ ဘီးမောင်းတွေက ဘီးနှစ်ဘီးကိုသာ အင်ဂျင်နဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး
၄ ဘီးမောင်းတွေကတော့ ဘီးလေးဘီးစလုံး ကိုအသုံးပြုပြီး မောင်းနှင်ရပါတယ်။
Types
၂ ဘီးမောင်းယာဉ်တွေကို ရှေ့ယက် နဲ့ နောက်ယက် နှစ်မျိုးခွဲခြားနိုင်ပြီး ရှေ့ယက်က ရှေ့ဘီး၂ဘီးလည်ပတ်ပြီး မောင်းနှင်ရတာပါ၊ နောက်ယက်ကားတွေကျတော့ အနောက်ဘီး ၂ဘီး နဲ့မောင်းရပါတယ်။
၄ ဘီးမောင်းယာဉ်တွေမှာလည်း part-time four-wheel drive & full-time four-wheel drive ဆိုပြီး ရှိပါတယ်။ Full-time four-wheel drive ကို all-wheel drive လို့လည်းခေါ်လို့ရပါတယ်။
All-wheel drive ကားတွေဟာ ဘီးလေးဘီးလုံးကို အင်ဂျင်နဲ့ အသေ တွယ်ဆက်ထားတာဖြစ်ပြီး part-time four-wheel drive တွေက ဘီးလေးဘီးနဲ့ ဘီးနှစ်ဘီးကို ခလုတ်(သို့မဟုတ်)မောင်းတံလိုမျိုးကို သုံးပြီး ပြန်ပြောင်းမောင်းနှင်နိုင်ပါတယ်။
Advantages
Driveline တစ်မျိုးစီမှာ ကိုယ်စီ အားသာချက်တွေရှိကြပါတယ်
4wd ကားတွေက နှင်းတောတွေ၊ ရေခဲပြင်တွေ၊ ရွှံ့နွံတွေမှာပါ ရုန်းအား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်ပြီး တောလမ်းတွေ၊ လမ်းကြမ်းတွေ နဲ့ off-road မောင်းမယ့်သူတွေနဲ့ အရမ်းသင့်တော်ပါတယ်
2wd ကားတွေက mechanical စနစ်တွေ ပိုရိုးရှင်းပြီး ပိုပြီး ပေါ့ပါးတယ် lightweight ဖြစ်ပါတယ်
Drivetrain အတွက် overall price အကုန်အကျလည်း ပိုပြီးသက်သာပါတယ်။
Drawbacks
Drive system တစ်ခုချင်းကတော့ အားနည်းချက်တွေလည်း ရှိကြပါတယ်
2wd ကားတွေဟာ တောလမ်းကြမ်းတွေနဲ့ ရွှံ့ထူတဲ့လမ်းတွေမှာ သိပ်မရုန်းနိုင်ပါဘူး ၊ ဘာလို့လဲဆိုတော့ ဘီးနှစ်ဘီးတည်းကပဲ အားထည့်ပြီး steering ရော driving ရော duty နှစ်မျိုးလုပ်ဆောင်ရလို့ပါ
4wd ကားတွေကတော့ အင်ဂျင်နဲ့ လေးဘီးလုံးကို ချိတ်ဆက်ထားတဲ့အတွက် တပ်ဆင်ထားရတဲ့ စက်ပစ္စည်းတွေပိုများပြီး အလေးချိန်နဲ့ အကုန်အကျပိုများတဲ့အပြင် တစ်ခုခုပျက်ခဲ့ရင်လည်း ပြင်စရာပိုများပါတယ်
Safety Issues
၂ ဘီးမောင်းနဲ့ ၄ ဘီးမောင်း ရွေးချယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ လုံခြုံမှု ကိုလည်း ထည့်တွက်ပြီးရွေးချယ်သင့်ပါတယ်
တချို့သောကားကုမ္ပဏီတွေက နောက်ယက်စနစ်နဲ့ မောင်းရတဲ့ 2WD ကားတွေကို များများစားစား မထုတ်ကြပါဘူး...လူအများကလည်း rear-wheel drive တွေကို front-wheel drive နဲ့ 4WD ကားတွေလောက် လုံခြုံမှုသိပ်မရှိဘူးလို့ ယူဆကြလို့ပါ
နောက်ပိုင်းမှာတော့ Electronic Traction Control နဲ့ Anti-lock ဘရိတ်တွေကြောင့် rear-wheel drive ကားတွေက အရင်ကထက်ပိုပြီး စိတ်ချရတယ်လို့ သိရှိရပါတယ်
ဒါပေမယ့် 4WD ကားတွေနဲ့တော့ မယှဉ်နိုင်သေးပါဘူး
4WD တွေဟာ weight လည်းခံနိုင်ပြီး stability ပိုရတော့ပိုငြိမ်တာမို့ ပိုလည်း safe ဖြစ်ပါတယ်

Credit

တာယာကို မလိုအပ်ပဲ လဲစရာမလိုပါ !(၁) Date ကိုစစ်ပါ။တာယာတိုင်းထုတ်တဲ့ အပါတ်ရေ(တစ်လ ၄ပတ်နဲဲ့)ခုနှစ်ကိုရေးထားပါတယ်။ ဥပမာ 1020...
27/05/2025

တာယာကို မလိုအပ်ပဲ လဲစရာမလိုပါ !

(၁) Date ကိုစစ်ပါ။
တာယာတိုင်းထုတ်တဲ့ အပါတ်ရေ(တစ်လ ၄ပတ်နဲဲ့)
ခုနှစ်ကိုရေးထားပါတယ်။ ဥပမာ 1020 ဆိုလျှင် 2020 ခုနှစ် Week 10ပါ ။ Week 10 သည် မတ်လအစောပိုင်းဖြစ်လို့ ၃လပိုင်း၂၀၂၀ ကထုတ်တာဖြစ်ပါတယ်။ ၅နှစ်ပေါင်းပါ။ ၅နှစ်အထိ စိတ်ချစွာစီးလို့ရပါတယ်။

၅နှစ်ကျော်စီးလို့ရလား? ကိုယ်တိုင်စိစစ်သုံးနိုင်လျင်ရပါတယ်။ ဒါပေမဲ့ Limit ကိုလျော့ချလိုက်ပါ။ ဥပမာ မြို့တွင်းပဲသုံးတယ် ကလို ၅၀ ၆၀ ပဲသုံးရင်ဘာမှမဖြစ်ပါ။ ဒီလိုသုံးလျင်တော့ အက်လာတာ ကိုသတိထားပါ။အက်လာတာနဲ့လဲပါ။ (သို့သော် သုံးရန် အကြံမပေးလိုပါ။ မြို့တွင်းသုံးသုံးလို့ရသေးတယ်။ Low speed နဲ့သုံးလျင် ပြဿနာမဖြစ်နိုင်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ ဖြစ်နိုင်လျင်တော့လဲပါ။)

(၂) Date ပြင်ထားလား မပြင်ထားလားစစ်ပါ။
Date အဟောင်းတာယာအသစ်များကိုပြန်ပြီး Date ပြင်ရိုက်ကြပါတယ်။ အသေအချာကြည့်လျင်သိသာပါတယ်။

(၃) Tread wear indicator (TWI) အမှတ်ကိုစစ်ပါ။
တာယာတိုင်း TWI ၂နေရာပါပါတယ်။ ဘေးဘက် ၂ဖက် ပန်းသားအစွန်း ၂ဖက်မှာပါသလို အလယ်ပန်းသားမှာလဲ ပါပါတယ်။

ဘေးမှာပါတဲ့ TWI marking က သုံးမြှောင့်ပုံလေး ဒါမှမဟုတ် TWI ဆိုပြီးစာသားနဲ့ပါပါတယ်။ တာယာသား တစ်ဘက်ဘက်စားလျင် ဘေးသားတွေလုံးသွားလျင် TWI Marking လေးပွန်းပါသွားပါတယ်။ ပျောက်သွားရင်လဲသင့်ပါတယ်။

အလယ်မှာ ပါတဲ့ TWI က အတုံးလေးတွေပါ။ ပန်းသားအမြှောင်းအလယ် Groove ထဲမှာရှိပါတယ်။ ဒီအတုံးလေးတွေဟာတာယာပန်းပါးလာလျင်တညီထဲဖြစ်သွားပါတယ်။ ဒါဆို Limit ရောက်ပါပြီလဲသင့်ပါတယ်။

နိုင်ငံတကာ EU / US Road rules များအရ TWI marking ထိလို့ကားကမောင်းနေတယ်ဆို ဖမ်းနိုင်ပါတယ်။ အရေးယူခံရပါတယ်။

(၄) တာယာပေါက်တဲ့ ဒဏ်ရာကိုစစ်ပါ
တာယာအသစ်ပင်ဖြစ်ပါစေ Side wall ဘေးသားမှာတာယာကွဲတာနဲ့ဖာလို့မရပါ။ ပေါင်းဖာတာလဲမလုပ်သင့်ပါ။ တာယာသားကစားနေတဲ့နေရာဖြစ်လို့ ပွင့်ထွက်နိုင်ပါတယ်။ အလယ်သားမှာပေါက်တာဟာ ခဲတံလုံးထက်ပိုကြီးပါက ဖာလို့မသင့်ပါ။

(၅) စူထွက်/ဖောင်းနေသောတာယာ
ကားဟာချိုင့်ဆောင့်ပါတယ်။ တစ်ခါတစ်ရံပြင်းထန်စွာဆောင့်မိပါက အလိုင်းနှုတ်ခမ်းဟာတာယာဘေးသားကိုကြိတ်ပြီး အပေါ်ယံအက်သွားပါတယ်။ လေကအထဲကိုဝင်ပြီးဖောင်းလာတာဖြစ်ပြီး Sidewall Strenght ကျသွားပါတယ်။ လဲလှယ်ရပါမယ်။

မော်တော်ယာဥ်မောင်းသူအားလုံးဘေးကင်းကြပါစေ။
Credit to Tyre 78

(အင်ဂျင်ဝိုင်အကြောင်းကို Professional အဆင့်ထိ သိချင်သူများအတွက် မသိမဖြစ်) အင်ဂျင်ဝိုင်တစ်ပုံးမှာ (၄) လီတာပါရင် (၃) လီတာလ...
22/04/2025

(အင်ဂျင်ဝိုင်အကြောင်းကို Professional အဆင့်ထိ သိချင်သူများအတွက် မသိမဖြစ်)

အင်ဂျင်ဝိုင်တစ်ပုံးမှာ (၄) လီတာပါရင် (၃) လီတာလောက်က Base Oil (အခြေခံဆီ) တွေဖြစ်ပါတယ်။

အဲဒီ အခြေခံဆီကို ကောင်းမွန်စွာ နားလည်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အားလုံးပြောနေကြတဲ့ Fully Synthetic ဆိုတာ အခြေခံဆီ ဘာကိုအသုံးပြုထားလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ခွဲခြားထားလို့ပါပဲ။

Base Oil မှာ တည်ငြိမ်မှူ ဆိုတာ ရှိပါတယ်။

ပူရင် အေးရင်
တည်ငြိမ်တဲ့ Base Oil တစ်ခုဟာ အပူချိန်များရင် အများကြီးကျဲမသွားတတ်သလို အေးရင်လည်း ခဲမသွားတတ်ပါဘူး။ ဒါ့ကြောင့် အရမ်းကောင်းတဲ့ အင်ဂျင်ဝိုင်တစ်ခုအတွက် အင်မတန် တည်ငြိမ်တဲ့ အခြေခံဆီ လိုအပ်ပါတယ်။

ဘယ်နှစ်မျိုးရှိလဲ?
အခြေခံဆီ (Base Oil) ကို Group I, II, III, IV ခွဲခြားထားပါတယ်။ Group V ဆိုတာလည်း ရှိပါသေးတယ်။ သူကတော့ အသီးအရွက်တွေကရတဲ့ ဆီတွေ ester တွေ စတဲ့ အခြားသော အခြေခံဆီတွေဖြစ်ပါတယ်။

၁။ Group I ဟာ Mineral Oil လို့ခေါ်ပါတယ်။ အခြေခံဆီမှာ အဆင့်အနိမ့်ဆုံးဆီဖြစ်ပါတယ်။ သိပ်မသုံးကြတော့ပါဘူး။

၂။ Group II ကတော့ Group I ကို အဆင့်မြင့်စွာ သန့်စင်ထားတဲ့ဆီဖြစ်ပါတယ်။ Group I မှာပါ၀င်တဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်ထားပြီး မော်လီကျူးရဲ့ ပြည့်၀မှုလည်း ပိုမိုပါတယ်။ ပြည့်၀တဲ့ မော်လီကျူးဟာ ပိုမိုတည်ငြိမ်ပြီး ကြာရှည်ခံပါတယ်။

၃။ Group III ကတော့ Hydrocrack Oil တွေဖြစ်ပါတယ်။ Group III ဟာ Synthetic အဖြစ် ချက်လုပ်ထားတဲ့ ဆီတွေဖြစ်ပါတယ်။ အဆင့်မြင့်မြင့် ချက်လုပ်ထားတဲ့ Group III တွေဟာ Group IV ရဲ့ ဂုဏ်သတ္တိကို အပြည့်အ၀ ရရှိစေတဲ့အပြင် Additives တွေနဲ့ အလုပ် တွဲလုပ်နိုင်စွမ်းမှာ Group IV တွေထက် အဆပေါင်းများစွာ ပိုမိုသာလွန်ပါတယ်။ ဒါ့ကြောင့် Additives အဆင့်မြင့်တဲ့ စက်ချောဆီတွေမှာ Hydrocracked Group III ရဲ့ အချိုးအဆကို ပိုမိုပါ၀င်အသုံးပြုပါတယ်။

၄။ Group IV ကတော့ Naphtha လို့ခေါ်တဲ့ Additives မရောရသေးသော ဓါတ်ဆီ ကို ခွဲစိတ်ဖြတ်တောက်ပြီး မိမိလိုချင်တဲ့ မော်လီကျူးလုံးလေးတွေ ပြန်လုံးထားတဲ့ အခြေခံဆီဖြစ်ပါတယ်။ Polyalphaolyfins (PAO) လို့လည်း ခေါ်ကြပါတယ်။ အင်မတန်သန့်စင်ပြီး အင်မတန်တည်ငြိမ်တဲ့ အခြေခံဆီ ဖြစ်ပါတယ်။ သူစတင်ပေါ်ထွက်ခဲ့တာတော့ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။

ဘယ်လိုခွဲလဲ
အခြေခံဆီ Group တွေကို ဘာနဲ့ခွဲလဲဆိုရင် အညစ်အကြေးပါ၀င်မှု၊ စျေးပျစ်အား တည်ငြိမ်မှု နဲ့ ပြည့်ဝြခင်းတို့ အပေါ်မှာ မူတည်ပြီးခွဲပါတယ်။

၁။ အညစ်အကြေးပါ၀င်တာနည်းလေ Group တစ်ဆင့် မြင့်လေဖြစ်ပါတယ်။ Group IV အထိပါ။

၂။ စျေးပျစ်အား တည်ငြိမ်မှု ပိုကောင်းလေ Group ပိုမြင့်လေဖြစ်ပါတယ်။ Group IV အထိ ဖြစ်ပါတယ်။ စျေးပျစ်အားတည်ငြိမ်ရင် ပူရင်ကျဲမသွား၊ အေးရင်လည်း ခဲမသွားတဲ့ ဂုဏ်သတ္တိကို ပိုမိုပိုင်ဆိုင်ပါတယ်။

၃။ ပြည့်၀မှု (Saturation) ကိုတော့ မော်လီကျူးလေးတွေအထဲမှာပါ၀င်တဲ့ ကာဗွန်အက်တမ်လေးတွေကြားမှာ ချိတ်ဆက်ထားတဲ့ Bond လေးတွေ တစ်နည်းအားဖြင့် လက်ချောင်းလေးတွေနဲ့ ခွဲခြားနိုင်ပါတယ်။

လက်ကလေး လေးချောင်း
ကာဗွန်အက်တမ်လေး တစ်လုံးရဲ့ အပြင်ဘက်ဆုံး electron ပတ်လမ်းကြောင်းမှာ electron လေး (၄) လုံး ပါ ပါတယ်။ တစ်နည်းအားဖြင့် လက်ကလေး လေးချောင်း ပါ ပါတယ်။ အဲဒီ လက်ကလေး လေးချောင်းဟာ အခြား ကာဗွန်အက်တမ် သို့မဟုတ် Hydrogen အက်တမ်လေးနဲ့ သွားချိတ်ပါတယ်။ အဲ့ဒီအချိန်မှာ Bond လေးတွေ ဖြစ်ပေါ်ပါတယ်။

တစ်ယောက်တည်းသာ
Single Bond ဆိုတာဟာ လက်တစ်ချောင်းချင်းပဲ ချိတ်ထားတာဖြစ်ပါတယ်။ Single Bond ပဲ ပါ၀င်တဲ့ ပြီး အဝိုင်းပုံတွေ ချိတ်ထားခြင်း မရှိတဲ့ မော်လီကျူးလေးတွေသာ ပါ၀င်တဲ့ အခြေခံဆီကို ပြည့်၀တဲ့ အခြေခံဆီ (Saturated Base Oil) လို့ ခေါ်ဆိုပါတယ်။ အတည်ငြိမ်ဆုံး အမျိုးအစားဖြစ်ပါတယ်။

လက်ကလေး (၂) ဆင့်ချိတ်ရင်
Hydrogen က ဘေးမှာ မလုံလောက်တဲ့အခါ Carbon အက်တမ်လေးရဲ့ ပိုနေတဲ့ လက်တစ်ဖက်စီဟာ အချင်းချင်းလည်း ထပ်ချိတ်နိုင်ပါတယ်။ အဲ့ဒီအချိန်မှာ Carbon အက်တမ်လေး နှစ်လုံးကြားမှာ လက်လေး နှစ်ချောင်းနဲ့ ချိတ်ဆက်ထားပါတယ်။ အဲ့ဒါကို Double Bond လို့ခေါ်ပါတယ်။

(၂) ဆင့်ချိတ်တော့ ပိုခိုင်မြဲသလား?
အဲ့လို နှစ်ဆင့်ချိတ်ထားတဲ့ မော်လီကျူးလေးကို မပြည့်၀တဲ့ မော်လီကျူး Unsaturated Bond လို့ခေါ်ပါတယ်။ လက်နှစ်ချောင်းချိတ်ကြည့်ရင် ပိုခိုင်မြဲတယ်လို့ ထင်စရာရှိပါတယ်။ မဟုတ်ပါဘူး။ ပိုပြီး ပြိုကွဲပျက်စီးလွယ်တာဖြစ်ပါတယ်။ မယုံရင် Relationship နှစ်ခု တစ်ပြိုက်နက်ချိတ်ကြည့်ပါ။ (စတာပါ!) မပြည့်၀တဲ့ဆီတွေဟာ ပိုပြီး ပြိုကွဲပျက်စီးလွယ်ပါတယ်။ နှစ်ဆင့် ချိတ်ထားတဲ့ Bond လေးတွေဟာ မခိုင်မြဲပါဘူး။ အချိန်အကြာကြီးလည်း အသုံးမခံပါဘူး။

(၃) ချောင်းချိတ်ရင်ရော?
အဲ့ဒါထက် ပိုပြီး လက်လေး (၃) ချောင်းနဲ့ ချိတ်ဆက်ထားရင်တော့ Triple Bond လို့ ခေါ်ပါတယ်။ လုံး၀ မတည်ငြိမ်ဆုံး Bond လေးတွေ ဖြစ်ပါတယ်။ အင်မတန် ပျက်စီးလွယ်လို့ အညံ့စားဆီတွေမှာပဲ တွေ့ရမှာဖြစ်ပါတယ်။

တည်ငြိမ်ကြသူများ
Group I and Group II မှာ မပြည့်၀တဲ့ မော်လီကျူးလေးတွေများပြီး Group III နဲ့ Group IV မှာ ပြည့်၀တဲ့ မော်လီကျူးလေးတွေကို ပိုမိုပါ၀င်တာကို တွေ့ရမှာဖြစ်ပါတယ်။ Group IV မှာတော့ လုံး၀ ပြည့်၀တဲ့ Single Bond သီးသန့်သာ ပါ၀င်တဲ့အပြင် မော်လီကျူးအရွယ်လေးတွေဟာလည်း စက်ရုံက ရိုက်ထုတ်ထားသလို လုံး၀ ညီညာနေမှာဖြစ်ပါတယ်။

အတည်ငြိမ်ဆုံး
Group IV ကတော့ အတည်ငြိမ်ဆုံးပါ။ မော်လီကျူးဆိုဒ်လေးတွေလည်း လုံး၀ တစ်ညီတည်းဖြစ်တဲ့အတွက် ၀န်အားကို များစွာခံဆောင်နိုင်ပါတယ်။ ပြိုကွဲပျက်စီးဖို့ ခက်ခဲပါတယ်။ ဒါဟာ Group IV Base Oil ရဲ့ အားသာချက်ဖြစ်ပါတယ်။

ဆိုတော့ အကောင်းဆုံးက?
အဲဒီတော့ Group IV က အကောင်းဆုံးပေါ့လို့ မေးစရာရှိပါတယ်။ အရင်တုန်းကတော့ ဟုတ်ခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာတော့ မဟုတ်တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ့မှာ အားသာချက်နဲ့ အားနည်းချက် ဒွန်တွဲနေလို့ဖြစ်ပါတယ်။

Group IV မှာလည်း အားနည်းချက်ရှိပါတယ်။ တည်ငြိမ်လွန်းတဲ့အတွက် Additives တွေနဲ့ အစေးမကပ်တာဖြစ်ပါတယ်။

အားသာချက်ကဘာလဲဆိုတော့ အင်မတန်တည်ငြိမ်တဲ့အတွက် အင်ဂျင်ဝိုင်စားနှူန်းနည်းတယ် ကြာရှည်အသုံးခံတယ် ပြိုကွဲပျက်စီးမှူနှူန်း အရမ်းနည်းပါတယ်။

တည်ငြိမ်လွန်းတော့လည်း
အားနည်းချက်ကလည်း အင်မတန် တည်ငြိမ်လွန်းတဲ့အတွက်ပဲ အင်ဂျင်ဝိုင်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို အင်မတန် မြင့်တက်စေတဲ့ Additives နည်းပညာအသစ်တွေနဲ့ တွဲဖက်အလုပ်မလုပ်ချင်ဘဲ သူ့ဘာသာ နေချင်နေတာဖြစ်ပါတယ်။

ဆီတစ်ခု ကောင်းတယ်ဆိုတာ
အင်ဂျင်ဝိုင်တစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးတွေဟာ အောက်ပါအချက်တွေ ဖြစ်ပါတယ်။
၁။ အနည်တွေကို ပျော်၀င်စေသော စွမ်းရည်
၂။ အနှစ်မကျစေသော စွမ်းရည်
၃။ အင်ဂျင်အတွင်း မြင့်မားသော ဖိအားများကို ခံနိုင်ရည်ရှိခြင်း
၄။ အင်ဂျင်ဝိုင် အမြှုပ်မထစေရန် ကာကွယ်ပေးခြင်း
၅။ အလွန်အေးသောအချိန်များတွင် ခဲမသွားခြင်း
၆။ အင်ဂျင်ဝိုင် သက်တမ်းရှည်ကြာစွာ အသုံးပြုနိုင်ခြင်း
၇။ အလွန်ပူသော အပူချိန်များတွင် တည်ငြိမ်စွာ အသုံးပြုနိုင်ခြင်း
၈။ ပွတ်တိုက်စားမှူကို ကာကွယ်ပေးခြင်း
၉။ အင်ဂျင်ဝိုင်အတွင်း ၀င်ရောက်လာသော လေပူပေါင်းလေးများကို ပြန်လည်ထွက်သွားစေခြင်း နဲ့
၁၀။ အင်ဂျင်အတွင်း ကျရောက်လာသော ရေများကို ပြန်လည် ကွဲပြားသွားစေခြင်း
တို့ဖြစ်ပါတယ်။

(၂) ချက်ပဲ
အထက်ပါ အချက် (၁၀) ချက်ထဲမှ အချက် (၉) နဲ့ (၁၀) ဖြစ်တဲ့ စုစုပေါင်း (၂) ချက်ကသာလျှင် Base Oil ရဲ့အရည်အသွေး နဲ့ သီးသန့်သက်ဆိုင်တာဖြစ်ပါတယ်။ အချက် (၅) မှ အချက် (၈) အထိကို Additives က အဓိက လွှမ်းမိုးနိုင်ပြီး။ အချက် (၁) မှ (၄) အထိကတော့ Additives သီးသန့်နဲ့သာ ဆက်ဆိုင်တဲ့ အရည်အသွေးတွေဖြစ်ပါတယ်။

Fully Synthetic ဆိုတာ
ဒါ့ကြောင့် အင်ဂျင်ဝိုင်ကောင်းတစ်ခုဖြစ်ဖို့ အားလုံးကို ကြော်ငြာနေကြတဲ့ Group IV ချည်းသာ သီးသန့် သုံးထားပါတယ်ဆိုတဲ့ Fully Synthetic ဖြစ်ဖို့ထက် အရေးကြီးတဲ့နောက်ဆုံးပေါ် Additives နည်းပညာတွေ ဟာ ဆီအရည်အသွေးအပေါ်မှာ များစွာ ပိုမိုအကျိုးသက်ရောက်မှု ရှိနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

ဘယ်က စ
1970 ခုနှစ်တွေမှာ Base Oil Group IV စတင်ထွက်ပေါ်လာချိန်မှာ ကားအတွက် အင်ဂျင်ဝိုင်ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ Additives တွေကို Group IV Base Oil နဲ့ ကောင်းမွန်စွာ တွဲဖက်အလုပ် လုပ်စေချင်တဲ့အတွက် သူတို့နှစ်ဦးကို ကြား၀င်လက်တွဲပေးမယ့် Coupler လို့ခေါ်တဲ့ တွဲဖက်ချိတ်ဆက်ပေးတဲ့ပစ္စည်းကို ပေါင်းထည့်ပေးလိုက်ပါတယ်။ Ester လို့ခေါ်ပါတယ်။ Ester ရယ် Group IV ရယ် Additives ရယ် ပေါင်းစပ်လိုက်တဲ့အခါ အင်ဂျင်ဝိုင်ဟာ အင်မတန် လန်ပျံနေအောင် ကောင်းသွားပါတယ်။ ကားပြိုင်ပွဲတွေအတွက် အင်မတန်ကောင်းမွန်တဲ့ အင်ဂျင်ဝိုင်တစ်ခု ရရှိလာပါတယ်။

အကောင်းဆုံးရဲ့ ပြဿနာ
ဒါပေမယ့် သူ့မှာလည်း အားနည်းချက်တစ်ခု ကျန်နေပြန်ပါတယ်။ Ester တွေဟာ အက်စစ် ရယ် အရက်ပျံအုပ်စုရယ် ပေါင်းစပ်ချက်လုပ်ထားတာဖြစ်တဲ့အတွက် အင်ဂျင်အတွင်းက oil seals (ဝိုက်ဆီး) တွေကို စားသွားစေပါတယ်။ ဒါ့ကြောင့် Ester ပါတဲ့ဆီတွေဟာ ပြိုင်ပွဲအတွက် အင်မတန်ကောင်းမွန်ပေမယ့် ပြိုင်ပွဲပြီးရင် ချက်ချင်း ဖောက်လဲရပါတယ်။ ဆီမလဲရင် ဝိုက်ဆီးတွေ လဲရတော့မှာဖြစ်ပါတယ်။

ကောင်းပေ့ဆိုတဲ့ နှစ်ခုလုံး လိုချင်တော့
Group III ကို အဆင့်မြင့် Advanced Hydrocracking ပြုလုပ်ပေးပြီးတဲ့အချိန်မှာ Group III ဟာ Group IV ရဲ့ ဂုဏ်သတ္တိတွေကို အပြည့်အ၀ ရရှိလာပါတယ်။ ဒါပေမယ့် Advanced Hydrocrack ပြုလုပ်ထားတဲ့ အခြေခံဆီဟာ မည်သည့် နောက်ဆုံးပေါ် Additives နည်းပညာတွေနဲ့မဆို Coupler (Ester) တွေ မလိုဘဲ ကောင်းမွန်စွာ လက်တွဲအလုပ်လုပ်ပါတယ်။

ဒါ့ကြောင့် Group IV Base Oil ရဲ့ အရည်အသွေးတွေလည်း အပြည့်အ၀ ရရှိ၊ နောက်ဆုံးပေါ် Additives နည်းပညာတွေရဲ့ အကျိုးကျေးဇူးတွေလည်း အပြည့်အ၀ ခံစားရစေနိုင်တာမို့ ကားထုတ်လုပ်သူတွေကိုယ်တိုင်က ဒီအင်ဂျင်ဝိုင်အမျိုးအစားကိုပဲ ပိုမိုတောင်းဆိုလာကြပါတယ်။ အခုတော့ Group IV ချည်းသာ သီးသန့်သုံးထားတဲ့ အင်ဂျင်ဝိုင်ဆိုရင် OEM Approvals တွေ မပေးတော့ဘူးဆိုတဲ့ အခြေအနေအထိပါပဲ။

၁။ Mineral Oil ဆိုတာက Group I သို့မဟုတ် II နဲ့ Additives တွေ ရောစပ်ထားတာဖြစ်ပါတယ်။

၂။ Semi Synthetic ဆိုတာ Mineral တွေဖြစ်တဲ့ Group I/II ရယ် Synthetic Oil ဖြစ်တဲ့ Group IV ရယ် ပေါင်းစပ်ပြီး Additives တွေ ရောစပ်ထားတာဖြစ်ပါတယ်။

၃။ Fully Synthetic ဆိုတာကို လူတွေက အဓိပ္ပါယ် အမျိုးမျိုးဖွင့်ကြပါတယ်။ တစ်ချို့က Group IV သီးသန့် အသုံးပြုထားမှသာ Fully Synthetic လို့ ခေါ်ကြပါတယ်။ ရေနံကုမ္ပဏီတစ်ခုဟာ Group III ကို အဆင့်မြှင့်ထားတဲ့ Hydrocrack ပြုလုပ်ထားတဲ့အခြေခံဆီကို သုံးထားတဲ့ အင်ဂျင်ဝိုင်ဟာ Group IV သီးသန့်သုံးထားတဲ့ အင်ဂျင်ဝိုင်ရဲ့ ဂုဏ်သတ္တိရှိကြောင်း ပြသနိုင်တဲ့အချိန်ကစပြီး API ဟာ Fully Synthetic ဆိုတာ Group IV ချည်းသာ သီးသန့်အသုံးပြုရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်ဝိုင်ကုမ္ပဏီအားလုံးနီးပါးဟာ Hydrocracked Group III နဲ့ Group IV တွေ ရောစပ်ပြီး Fully Synthetic အနေနဲ့ ရောင်းချကြပါတယ်။

ဟုတ်ပါတယ်။ သိုင်းလောကကြီးဟာ ရှုပ်ထွေးပါတယ်။ အမျိုးတွေအတွက် Germany Original အစစ်ဖြစ်ပြီး အကောင်းဆုံးကားတွေ ထုတ်ပေးနေတဲ့ ဂျာမဏီနိုင်ငံရဲ့ အဆင့် (၁) စက်ချောဆီ LIQUI MOLY ကိုသာ သုံးကြပါခင်ဗျာ။ လွယ်ကူ ရိုးစင်း အကောင်းဆုံးရွေးချယ်ခြင်း ဖြစ်ပါတယ်။

အမျိုးတွေရော အမျိုးတွေစီးတော်ယာဉ်လေးရဲ့ အင်ဂျင်လေးရော ကျန်းမာချမ်းသာကြပါစေ။

ဟုတ်ကဲ့ ကျွန်တော် LIQUI MOLY ပါ။

ကားရေတိုင်ကီနဲ. ဆက်စပ်ရောဂါလက္ခဏာများ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
22/02/2025

ကားရေတိုင်ကီနဲ. ဆက်စပ်ရောဂါလက္ခဏာများ

~~~~~~~~~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားရေတိုင်ကီလို. ပြောလိုက်ရင် အခုခေတ်ကားမောင်းသူတွေ မသိတဲ့သူ မရှိသလောက်ပါပဲ ။

ဒါပေမယ့် ဒီကားရေတိုင်ကီဘယ်လို အလုပ်လုပ်သလဲ ၊

ကားရေတိုင်ကီ မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ ၊

ဘယ်လိုပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်နိုင်သလဲဆိုတာကိုတော့ သိတဲ့သူနည်းပါးပါလိမ့်မယ် ။

ကားရေတိုင်ကီဆိုတာ

(Radiator ) လို.ခေါ်တဲ့ ကားရေတိုင်ကီဆိုတာ တကယ်တော့ သာမာန်လူတွေထင်သလို ရေတွေကို သိုလှောင်ထားတဲ့ ရေတိုင်ကီသီးသန်.မဟုတ်ပါဘူး ၊တကယ်တော့ Radiator ဆိုတာ အပူနဲ.ဖိအားတွေကို ထိန်းချုပ်ထားပြီး အင်ဂျင်က အပူတွေကို စွန်.ထုတ်ပေးတဲ့ Heat Exchanger တခုပါပဲ ။

ကျနော်တို. နေ.စဉ် အသုံးပြုပြီး မြင်တွေ.နေရတဲ့ ကားတွေအကုန်လုံးဟာ အတွင်းပိုင်းမီးလောင်ပေါက်ကွဲပြီး စွမ်းအင်ရတဲ့

(Internal Combustion Engine ) အမျိုးအစားတွေပါပဲ ။

ဒါကြောင့် ဒီမီးလောင်ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့ အပူတွေကို စွန်.ထုတ်ပြီး သတ်မှတ် အပူချိန် (Normal Operation Temperature ) တခုမှာ ထိန်းချုပ်ထားဖို.လိုအပ်ပါတယ် ။

ဒီလို အပူချိန်ထိန်းချုပ်စွန်.ပစ်တဲ့ အအေးပေးစနစ်မှာ Air Cool နဲ. Water Cool ဆိုပြီး နှစ်မျိုးနှစ်စားရှိပြီးတော့ ဒီရေတိုင်ကီပါ၀င်တဲ့ အမျိုးအစားကတော့ Water Cool ဆိုတဲ့ အမျိုးအစားဖြစ်ပါတယ် ။

ကျနော်တို. နယ်တွေမှာ စီးနေကျတဲ့ တရုတ်ဆိုင်ကယ်အင်ဂျင်တွေကတော့ ရေတိုင်ကီမပါတဲ့အတွက် Air Cool အမျိုးအစားကို သုံးထားတာဖြစ်ပြီး သူရဲ. အင်ဂျင်ကိုကြည့်လိုက်မယ်ဆိုရင် အင်ဂျင်ရဲ.ဘေးတဖက်စီမှာ အပူအလွယ်တကူပြန်.ကားနိုင်တဲ့ လေအလွယ်တကူထိတွေ.နိုင်တဲ့ ဒလက်ဇောင်းလေးတွေ မြင်တွေ.ရမှာပါ ။

▪️ရေတိုင်ကီ (Radiator ) ကိုဘာတွေနဲ.ဖွဲ.စည်းထားသလဲ ?

ရေတိုင်ကီတွေရဲ. ရေအ၀င်အထွက်လိုင်းတွေရဲ.တည်ဆောက်ပုံအရ ယေဘူယျအားဖြင့် Horizontal (ရေပြင်ညီ) ပုံစံနဲ. Vertical (ဒေါင်လိုက်) ပုံစံဆိုပြီး နှစ်မျိုးရှိပါတယ် ။

ရေတိုင်ကီဆိုတာ အပူနဲ.ဖိအားကိုခံနိုင်ရည်ရှိတဲ့ ကျဉ်မြောင်းတဲ့ သတ္တုလိုင်းလေးတွေကို အတူတွဲပြီးတည်ဆောက်ထားပါတယ် ။

ဟိုးအရင်ကတော့ ပျားအုံပုံ သတ္တုလိုင်းတွေကိုအတွဲလိုက်အစုလိုက်လုပ်ထားတတ်ပြီး ကြေးနီ ကြေးဝါ အစရှိတာတွေနဲ. ပြုလုပ်တတ်ကြပါတယ် ၊

အခုခေတ်မှာတော့ သယ်ယူရလွယ်ကူပြီး ပေါ့ပါးတဲ့ အလူမီနီယံတွေ နဲ. ပြုလုပ်လာကြပြီး ရေတိုင်ကီရဲ. အပေါ်နဲ. အောက်ခြေ အဖုံးတွေကိုလည်း ပေါ့ပါးအောင် ပလက်စတစ်အမျိုးအစားတွေအသုံးပြုလာကြတာတွေ.ရပါတယ် ။

Radiator တွေကို အဓိကအားဖြင့်

1. Main Inlet

2. Main Outlet

3. Fin and Tubes

ဆိုပြီး တည်ဆောက်ထားပါတယ် ။

အခုခေတ်မှာတော့ ရေတိုင်ကီမှာပါ၀င်တဲ့ Tubes ပါ၀င်မှု အနည်းအများပေါ်မူတည်ပြီး 2 လိုင်းသွား 3 လိုင်းသွား အစရှိသဖြင့်လည်း ခွဲခြားထားပါသေးတယ် ။

▪️ရေတိုင်ကီ တလုံး ဘယ်လို အလုပ်လုပ်သလဲ ?

ရေတိုင်ကီထဲကို Coolant ရေတွေထည့်လိုက်တယ် ၊ ပြီးတော့ ဘာဆက်ဖြစ်လာသလဲ ၊ ဘယ်လို အလုပ်လုပ်သလဲဆိုရင်တော့ ၊

ရေတိုင်ကီထဲကရေတွေကို Water Pump ကနေတဆင့် အင်ဂျင်ထဲမှာရှိတဲ့ ရေလိုင်းတွေထဲ သယ်ဆောင်သွားတယ် အင်ဂျင်ဟာ သတ်မှတ်အပူချိန် တခုမရောက်မခြင်း Thermostat က မဖွင့်ပေးသေးတဲ့ အတွက် အင်ဂျင်ထဲမှာပဲ လည်ပတ်နေမယ် ၊

အဲ့ရေတွေက အင်ဂျင်ရဲ.အထဲမှာ လည်ပတ်နေပြီး အင်ဂျင်ရဲ. ( Normal Operation Temperature 96 ံ C ကနေ 100 ံC) ရောက်သွားတဲ့အခါမှာ Thermostat Valve ကဖွင့်ပေးပြီး အင်ဂျင်ထဲမှာရှိတဲ့ ရေပူတွေဟာ ရေတိုင်ကီထဲကို ပြန်လည်၀င်ရောက်လာမယ် ၊

ရေတိုင်ကီထဲ ပြန်ရောက်လာတဲ့ ရေတွေဟာ သက်ဆိုင်ရာ Tubes တွေထဲကို ၀င်မယ် ၊

အဲ့ Tubes လေးတွေနဲ. ကပ်လျှက်တည်ရှိနေတဲ့ Fins ဆိုတဲ့ လှိုင်းပုံစံ အတွန်.တွန်.လေးတွေကနေ တဆင့် အပူလျှောက်စီးကူးခြင်း နည်းနဲ. အပူကို စွန်.ထုတ်မယ် ၊ အပူပိုပြီး မြန်မြန်စွန်.ထုတ်နိုင်အောင် Radiator Fan လို. ခေါ်တဲ့ Cooling Fan တွေက လည်ပတ်ပြီး အပူကို ကူစုပ်ယူပေးမယ် ။

ရေတွေပူလာတဲ့ အခါ ဖိအားလည်း အလိုလို မြင့်တက်လာပြီး ရေတိုင်ကီအဖုံး ( Radiator Cap ) မှာရှိတဲ့ စပရင်ကို တွန်းကန်နိုင်တဲ့ အခြေအနေတခုရောက်လာတဲ့အခါ ရေတိုင်ကီထဲက ရေပူတွေကို ရေပြန်ဘူး ( Reservior or Expansion Tank ) ထဲမှာ သွားရောက် အအေးခံရတယ် ၊ အအေးခံပြီးတဲ့အခါမှာတော့ ရေတိုင်ကီထဲမှာ Vacuum လေဟာနယ်ကို ဖြစ်စေခြင်းအားဖြင့် အအေးခံထားတဲ့ Coolant တွေကို ပြန်လည်စုပ်ယူပါတယ် ။ ဒီနည်းအားဖြင့် ရေတိုင်ကီ တလုံးကို Cooling System အတွက် အသုံးပြုပါတယ် ။

▪️ရေတိုင်ကီ Radiator မကောင်းရင် ဘယ်လို လက္ခဏာတွေပြမလဲ ?

▫️1 . Heat Gauge မှာ Heat တအားတက်လာတာ

အပေါ်မှာ ပြောခဲ့သလိုပဲ Radiator ရဲ. လုပ်ငန်းဆောင်တာ တွေက ကားအင်ဂျင် over heat မဖြစ်အောင် ကာကွယ်ပေးတာဖြစ်ပြီး ၊

Radiator ရဲ. လုပ်ငန်းဆောင်တာ တခုခု ချို.ယွင်းလာပြီဆိုရင်တော့ ကားအင်ဂျင် အပူချိန် လွန်ကဲတဲ့ Over Heat ဖြစ်လာတာကို မြင်တွေ.ရမှာပါ ၊

ကားဒိုင်ခွက်တွေထဲက Heat gauge မှာ ပုံမှန်ရှိနေရမယ့် H နဲ. C ကြားမရှိဘဲ ၊ H အမှတ်နားကို ရုတ်တရက်ထိုးတက်လာတယ်ဆိုရင်တော့ ကားရေတိုင်ကီနဲ. အခြားဆက်စပ် Cooling System တွေကို စစ်ဆေးရမှာဖြစ်ပါတယ် ။

တချို.ကားတွေမှာတော့ Heat Gauge ကို Digital နဲ. ပြသတတ်ပြီး ၊ အစိမ်းရောင် Heat Gauge ကနေ အနီရောင် Warning Sign တွေပြနေပြီဆိုရင်တော့ သတိထားပြုပြင်ရတာတော့မှာဖြစ်ပါတယ် ။

ဖြစ်တတ်တာကတော့ ရေတိုင်ကီထဲမှာ ကြေးနဲ. အညစ်အကြေးတွေပိတ်ဆိုတာ ၊ သံကြေးတက်ပြီး သံကြေးနဲ. အခြား အညစ်အကြေးတွေကို ရေတိုင်ကီလိုင်း Tubes လေးတွေ ထဲမှာ ပိတ်ဆို.ကုန်တာကြောင့် ၊ ရေတိုင်ကီထဲမှာရှိတဲ့ Coolant တွေ မလည်ပတ်နိုင်ဘဲ ပိတ်ဆိုကုန်တာကြောင့် Heat တက်တာတွေ ဖြစ်လာရတာ များပါတယ် ။

▫️2 . Coolant တွေယိုစိမ့်ထွက်တာ

ရေတိုင်ကီထဲ ကြေးနဲ. အခြားအညစ်အကြေးတွေ ပိတ်ဆို.မှုကြောင့် ရေတိုင်ကီ အပေါ်ဖုံး ၊ အောက်ဖုံးတွေနဲ. အခြားလိုင်းတွေမှာ အပေါက်သေးသေးလေးတွေ ဖြစ်ပြီး Coolant တွေ ယိုစိမ့်ထွက်တာတွေကလည်း အဖြစ်များတဲ့ ပြဿနာတခုပါ ။

အဲ့လိုဖြစ်ပြီဆိုရင်တော့ ကားရပ်ထားတဲ့ အချိန်နဲ. ကားမောင်းနေတဲ့ အချိန်တွေမှာ ကားရေတိုင်ကီကနေ ရေတွေ နည်းနည်း ဒါမှ မဟုတ် များများ စားစား စိမ့်ထွက်နေတာကို မြင်ရမှာဖြစ်ပါတယ် ။

ကားရေတိုင်ကီထဲမှာ အညစ်အကြေးတွေ စုပုံလာရတာကလည်း အရည်အသွေးကောင်းမွန်တဲ့ Coolant တွေကို ပုံမှန်မသုံးစွဲတာ ၊ လမ်းဘေး ဘုံဘိုင်ရေကို သုံးတာ နဲ. ရေတိုင်ကီကို ပုံမှန်ဖြုတ်ဆေးကျောမှုတွေကို မလုပ်တာကြောင့် ရေတိုင်ကီထဲမှာ သံကြေးတက်စေပြီး ရေတိုင်ကီနံရံတွေကို စားစေတာဖြစ်ပါတယ် ။

▫️3 . Coolant ရေတွေ အရောင်ပျောက်ကုန်တာ

အခုလက်ရှိကားလောကမှာ Coolant ရေ အမျိုးအစားမျိုးစုံ သုံးစွဲကြပါတယ် ၊ အသုံးအများဆုံး အရောင်တွေကတော့ အစိမ်းရောင်နဲ. အနီရောင်ပါပဲ ၊ အခြား အပြာ နဲ. ပန်းရောင်တွေလည်း သုံးစွဲတာ တွေ.ရပါတယ် ။

အဲ့ဒီလို ရေတိုင်ကီထဲမှာ သုံးစွဲထားတဲ့ Coolant တွေဟာ ရေတိုင်ကီထဲမှာ ရှိတဲ့ အခြား အညစ်အကြေးတွေကြောင့် အရောင်ဖျော့သွားတာ ၊ အခြားဆီကွက်လို အကွက်တွေ ထလာတွေဖြစ်တတ်ပါတယ် ။

အထူးသဖြင့် ရေပြန်ဘူးထဲကို ကြည့်ရင်မြင်နိုင်ပါတယ် ။ တခါတလေဆိုရင် Coolant တွေက အဖတ် အဖတ်တွေအဖြစ်ပြောင်းသွားတာတွေ တောင်ရှိပါတယ် ။

အဲ့လိုတွေဖြစ်လာပြီဆိုရင် Coolant ရဲ. ဂုဏ်သတ္တိလျော့နည်းသွားတာ ၊ ဒါမှ မဟုတ် ရေတိုင်ကီနဲ. အခြားရေလိုင်းတွေထဲမှာ အလွယ်တကူ မလည်ပတ်နိုင်တာတွေ ဖြစ်လာတတ်ပါတယ် ။

▫️4 . ရေလှိုင်းပုံ Fin တွေမှာ အမှိုက်တွေ ဖုံတွေ အညစ်အကြေးတွေ ပိတ်ဆို.တာ

ဒါကလည်း ဖြစ်နေကြရောဂါတခုပါ ၊ မြန်မာနိုင်ငံလို ဖုန်တွေ သဲတွေ အမှိုက်သရိုက်တွေ ပေါများတဲ့ နေရာမှာ ၊ ဒီ အပူလျောက်ကူးစေတဲ့ ဒီရေလှိုင်းပုံ အတွန်.အတက်လေးတွေမှာ ပိတ်ဆို.နေတာတွေများပါတယ် ။

ဒီကောင်လေးတွေရဲ. အလုပ်က အပေါ်မှာပြောခဲ့သလို ၊ ရေတိုင်ကီ Tubes ထဲက အပူတွေကို အလွယ်တကူ ပြန်.ပြီးသွားနိုင်အောင် ကူညီပေးတာရယ် ၊ ဒီကောင်လေးတွေဆီရောက်လာတဲ့ အပူတွေကို ပန်ကာကနေ အလွယ်တကူ စုပ်ယူသွားနိင်အောင်လုပ်ထားတာပါ ၊ ဒီကောင်လေးတွေမှာ ကြေးတွေ ဖုန်တွေ သဲတွေ နဲ. အမှိုက်သရိုက်တွေ ကပ်ညှိနေမယ်ဆိုရင် အပူစီးကူးမှုတွေကို လျော့ကျစေပြီး Cooling System ကြီးတခုလုံးကို အနှောက်အယှက်ပေးတတ်ပါတယ် ။

တချို.ကားရေဆေးတဲ့အခါမှာ High Pressure Pump တွေနဲ. ရေတိုင်ကီတွေကို ထိုးဆေးတာတွေကြောင့်လည်း ဒီ Fin လေးတွေ ပျက်စီးပြီး ၊ လေ၀င်လေထွက် ကောင်းကောင်းအလုပ်မလုပ်နိုင်ဘဲ ကား Heat တက်တာတွေ ဖြစ်လာတတ်ပါတယ် ။

ရေတိုင်ကီအဖုံး Radiator Cap မကောင်းရင် ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ ?

1 . Coolant တွေယိုစိမ့်ထွက်တာ

ရေတိုင်ကီ အဖုံးက ပုံမှန်အတိုင်း ကောင်းမွန်နေတယ်ဆိုရင် Coolant တွေက ယိုစိမ့်မထွက်နိုင်ပါဘူး ။

ဒါပေမယ့် ရေတိုင်ကီအဖုံးက ဂျမ်းဖြစ်မယ်ဆိုရင်တော့ ရေတိုင်ကီ အဖုံးထဲမှာရှိတဲ့ စပရင်တွေက မလှုပ်ရှားနိုင်တော့ပဲ ရေတိုင်ကီ ထဲမှာ ဖိအားတွေဖြစ်ပေါ်စေပြီး ရေတိုင်ကီအဖုံးခေါင်းကွဲထွက်တာတွေ ဖြစ်လာနိုင်ပါတယ် ၊ ရေတိုင်ကီအဖုံး ပတ်လည်တဝုိက်မှာ Coolant တွေစိမ့်ထွက်နေပြီဆိုရင်တော့ အဖုံးအထိုင်မကောင်းတာလား ၊ အဖုံးပဲ မကောင်းတာလားဆိုတာ ဖြုတ်ပြီး စစ်ဆေးကြည့်ရှုရမှာဖြစ်ပါတယ် ။

2 . ရေပြန်ဘူးထဲ ရေတွေလျှံတာ

ရေပြန်ဘူးဆိုတာက အပေါ်မှာပြောခဲ့သလို ၊ ရေတိုင်ကီထဲမှာ သတ်မှတ်အပူချိန်နဲ. ဖိအားတခုရောက်ရင် ရေတိုင်ကီအဖုံးကနေတဆင့် ရေတွေကို သွားအအေးခံပေးမယ် ၊ ပြီးရင် ရေတိုင်ကီထဲပြန်လည်၀င်ရောက်မယ်ဆိုတာအတွက် လုပ်ထားတာပါပဲ ၊ အဲ့လိုလုပ်ထားတဲ့အခြေအနေမှာ ရေပြန်ဘူးထဲ ရေတွေ ခဏခဏ ပြည့်လျှံထွက်နေတယ်ဆိုတာမျိုးက ရေတိုင်ကီ အဖုံး radiator Cap မကောင်းတဲ့ ရောဂါလက္ခဏာတရပ်ပါပဲ ။

3 . ရေတိုင်ကီထဲ လေခိုတာ

ရေတိုင်ကီအဖုံး မလုံဘူးဆိုရင် အဲ့ဒီအဖုံးကနေ တဆင့် ရေတိုင်ကီထဲကို လေတွေ၀င်ပြီး လေခိုတတ်ပါတယ် ၊ အဲ့လို လေ၀င်လာတယ်ဆိုရင် ၊ အဲ့ဒီလေတွေဟာ ရေတိုင်ကီထဲကနေ အခြားအအေးခံစနစ်လမ်းကြောင်းထဲတွေထိပါ ၀င်ရောက်နိုင်ပြီး ၊ Coolant လည်ပတ်မှု စနစ်တွေကို အနှောက်အယှက်ပေးကာ ကား အင်ဂျင်ကို Overheat ဖြစ်စေမှာဖြစ်ပါတယ် ။

ကားရေတိုင်ကီနဲ.ရေတိုင်ကီအဖုံးတွေဟာ ကား Heat တက်တာနဲ. ပတ်သတ်လာရင် အဖြစ်အများဆုံးရောဂါတွေပါပဲ ၊ ကားအင်ဂျင် Heat တက်လာရင် ၊ Over Heat ဖြစ်ပြီး ပျက်စီးသွားရင် အကြီးစားပြုပြင် မှုတွေ ၊ အစားထိုးမှုတွေလုပ်ရမှာမို. ငွေကုန်ကြေးကြများပြီး အချိန်ကုန်ပါတယ် ။ ဒါကြောင့် ကားမမောင်းခင် နေ.စဉ် ဆီရေလေဝုိင် သတိဆိုသလို ကားရေရှိမရှိ ၊ ရေလျှော့နေတာ ပုံမှန်ဟုတ်မဟုတ် အမြဲ သတိပြုလေ့လာပြီးမှ ကားကို မောင်းနှင်သင့်ပါတယ် ။ ဒါ့အပြင် ကားမောင်းနေစဉ် ကားဒိုင်ခွက်မှာ အမြဲ သတိပြုကြည့်ရမယ့် အရာတွေမှာ ကား Heat Gauge လည်း အပါအ၀င်ဖြစ်ပါတယ် ။

ကားHeat Gauge ပုံမှန်ဟုတ်မဟုတ် ကားမောင်းနေစဉ် အမြဲ သတိပြုလေ့လာပြီး ၊ Over Heat ဖြစ် ကားထိုးရပ်တာကို အချိန်မီကာကွယ်နိုင်ပါဖြစ်ပါတယ်ခမျာ ။

စာဖတ်သူမိတ်ဆွေ ညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝြပီး ကား Heat တက်ထိုးရပ်တာမျိုးမှ ကင်းဝေးနိုင်ကြပါစေ ။



ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်

ကားဘီး Wheel Balance မညီတော့ဘူးဆိုရင် ဖြစ်နိုင်တဲ့ ကားတုန်ခါမှု နှင့် ဆက်စပ်ရောဂါလက္ခဏာများ ကားဘီးတွေရဲ. Alignment (အလို...
17/01/2025

ကားဘီး Wheel Balance မညီတော့ဘူးဆိုရင် ဖြစ်နိုင်တဲ့ ကားတုန်ခါမှု နှင့် ဆက်စပ်ရောဂါလက္ခဏာများ

ကားဘီးတွေရဲ. Alignment (အလိုင်းမင့်) မညီတော့ဘူးဆိုရင် ကားတာယာတွေ တခြမ်းစီ မညီမညာ စားသွားတာ ၊ ကားမောင်းနေတဲ့အချိန် တဖက်ကို ဆွဲသွားတာ အစရှိတဲ့ ရောဂါလက္ခဏာတွေကိုတော့ တော်တော်များများလည်းကြုံဖူး ကြားဖူးကြပါတယ် ၊ ဒါ့အပြင် ကားအောက်ပိုင်းမှာရှိတဲ့ ဆက်စပ်ပစ္စည်းတွေ ဖြုတ်တပ်ပြုပြင်လဲလှယ်ပြီးတဲ့ အခါမျိုးမှာလည်း ကား အလိုင်းမင့် ချိန်ကြရတာလည်း ကားမောင်းသူတိုင်းလိုလို သိကြပြီး အမြဲ သတိထားပြုပြင်ထိန်းသိမ်းကြပါတယ် ။

ဒါပေမယ့် ဒီနေ. ပြောပြချင်တဲ့ Wheel Balance ဆိုတဲ့ အကြောင်းကိုတော့ ကားမောင်းသူတော်တော်များများ သတိမထားမိကြပါဘူး ၊ ဒီ Wheel Balance ဆိုတာလေးကလည်း ကားမောင်းနေသူတွေနဲ. ကားရဲ. အန္တရာယ်ကင်းရှင်းမှုအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာလေး ပြောပြချင်ပါတယ် ။

Wheel Balance ဆိုတာ ဘာလဲ ?
Wheel Balance ဆိုတာကတော့ ကားတစီး အရှိန်ပြင်းပြင်းနဲ. မောင်းနှင်နေတဲ့အချိန်မှာ ၊ ကားဘီးမှာ တပ်ဆင်ထားတဲ့ ကားခွေ ( သံ ၊ စတီး ၊ အလွိုင်း ) နဲ. ကားတာယာ တို. နှစ်ခု တခုနဲ. တခု ဟန်ချက်ညီညီ အချိုးကျကျ လည်ပတ်နိုင်ဖို. အဓိက လိုအပ်တဲ့ အရာတခုဖြစ်ပါတယ် ။ ဒီလိုပြောရင် ကားဘီးခွေနဲ. ကားတာယာ fitting ကျအောင် တပ်ထားတာပဲ ဘာဖြစ်လို. အချိုးကျကျ မလည်ရမှာလဲလို. ထင်မြင်စရာရှိပါတယ် ။

တကယ်တော့ ကားကို အရှိန်ပြင်းပြင်းနဲ. မောင်းနှင်နေတဲ့ အချိန်မှာ ကားဘီးနဲ. တာယာဟာ အချိုးကျကျ ကာရံညီညီ မလည်ပတ်တဲ့ အခါမျိုးတွေရှိပါတယ် ၊ ဒီလို အရာကို ကျနော်တို. မျက်စီနဲ.မမြင်နိုင် မခန်.မှန်းနိုင်ပါဘူး ။

ဒါဘာကြောင့်ဖြစ်ရတာလဲဆိုရင်တော့ အရာ၀တ္ထုတွေလည်ပတ်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ဗဟိုခွာအား (Centrifugal Force) ကြောင့်ဖြစ်ပေါ်လာရတာပါ ။ ဗဟိုခွာအားဆိုတာကတော့ အရာ၀တ္ထုတခုခုက လည်ပတ်တဲ့အခါမှာ လည်ပတ်နေတဲ့ အရာ၀တ္ထုရဲ. အလည်ဗဟိုချက်ကနေ အပြင်ဖက်ဆီကို အားတွေပြန်.ကားထွက်လာတဲ့သဘောလို. အကြမ်းမျဉ်းမှတ်ယူလို.ရပါတယ် ။

အဲ့ဒီလို ဗဟိုချက်တခုကနေ လည်ပတ်နေတဲ့ ဘယ်အရာမဆို တည်တည်ငြိမ်ငြိမ်လည်ပတ်ဖို.အတွက် လည်ပတ်နေတဲ့ အရာ၀တ္ထုတွေရဲ. အလေးချိန် အနိမ့်အမြင့်တွေ အချိုးညီနေမှရပါမယ် ။ အဲ့ဒီလိုမှ မဟုတ်ဘူး ၊ ဗဟိုချက်တခုကနေ လည်ပတ်နေတဲ့ အရာ၀တ္ထုတွေက အချိုးအစားတွေ မညီဘူး အနိမ့်အမြင့်တွေ မညီဘူး ၊ အလေးချိန်တွေ မတူညီဘူးဆိုရင်တော့ ဗဟိုခွာအားဆိုတဲ့ ရူပဗေဒသဘောတရားအရ အဲ့ဒီအရာ၀တ္ထုတွေက တည်တည်ငြိမ်ငြိမ် မလည်ပတ်နိုင်တော့ဘဲ တုန်ခါမှုတွေ ဖြစ်ပေါ်စေတော့မှာပါ ။ ဒီလိုသဘောတရားကနေ Wheel Balance ဆိုတဲ့ သဘောတရားပေါ်ပေါက်လာရတာပါ ။

Wheel Balance ဘာကြောင့် မဖြစ်ရတာလဲ ?
ကျနော်တို. လက်ရှိအသုံးပြုနေတဲ့ ကားတွေမှာ တပ်ဆင်ထားတဲ့ကားဘီးဂွေနဲ. ကားတာယာတွေကို Wheel Balance ချိန်ပေးရတာမျိုးကလည်း ဒါကြောင့်ပါပဲ ၊ ကားတာယာနဲ.ဂွေတွေယာ ဘယ်လောက်အဆင့်မြင့်တဲ့ နည်းပညာတွေသုံးပြီး ထုတ်လုပ်ထားသည်ဆိုပါစေ ၊ Molding ဆိုတဲ့ မိုသွန်းလောင်းတဲ့နေရာမှာဖြစ်စေ ၊ သံသား ၊ သတ္ထုအသား အစရှိတာတွေကြောင့်ဖြစ်စေ ၊ ကားရဲ.၀န် ဝိတ်ကို ထမ်းသွားရင်းနဲ.ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် တနေရာရာမှာ အလေးချိန်လျော့နည်းနေတာ ၊ ပါးနေတာ ၊ လိမ်နေတာ ၊ ချိုင့်နေတာ မျိုးတွေရှိပါတယ် ။ ဒီလိုအားနည်းချက်တွေနဲ. ကားရဲ. အရှိန်မြန်တာနဲ. ပေါင်းလိုက်တဲ့ အခါမှာတော့ Wheel unbalance တွေဖြစ်ပေါ်လာပြီး အပေါ်မှာပြောခဲ့တဲ့ ရူပဗေဒသဘောတရားအရ တုန်ခါမှုတွေ ဖြစ်ပေါ်လာရတော့တာပါပဲ ။ ဒီလိုတုန်ခါမှုတွေက သာမာန်တုန်ခါရုံနဲ. ပြီးမသွားဘဲ ကားအောက်ပိုင်းနဲ. ကားရဲ. အန္တရာယ်ကင်းရှင်းရေးတွေကိုပါ အနှောက်အယှက်ပေးတော့တာပါပဲ ။

Wheel Balance မညီတော့ဘူးဆိုရင် ဖြစ်လာနိုင်တဲ့ ရောဂါလက္ခဏာများ
1. ဆိုးဆိုးရွားရွား တုန်ခါတာမျိုး
ဒါမျိုးဘယ်အချိန်မှာ ဖြစ်လာတတ်သလဲဆိုရင်တော့ ကီလို ၆၀ (ဝါ) ၇၀ နှုန်းနဲ.မောင်းနှင်နေတဲ့အချိန် ( တချို.ကားတွေမှာတော့ ကီလို ၁၀၀ နဲ.အထက် ) မောင်းနေတဲ့အချိန်မျိုးမှာဖြစ်တတ်တာပါ ။ ကားလမ်းတွေကလည်း ညီညီညာညာနဲ.ကောင်းနေရဲ.သား ၊ ကားရဲ. အောက်ပိုင်းကနေ စတီယာရင် ဂွေအထိ ဆိုးဆိုးရွားရွားခါရမ်းတုန်ခါချင်တာမျိုး ၊ ကားကို ဘယ်ဖက် ညာဖက် တဖက်ဖက်ဆီကို ဆွဲချသလိုမျိုး ခံစားလာရတယ်ဆိုရင် အဲဒါ ကားရဲ. Wheel Balance မညီညာတော့ဘူးဆိုရင် ဖြစ်တတ်တဲ့ သဘောတရားပါ ။ ကားအရှိန်တိုးလာလေလေ ပြင်းထန်တဲ့ တုန်ခါမှု ဖြစ်လာလေလေပါ ။
တခါတရံမှာတော့ ကားအရှိန်လျော့နေတဲ့အချိန်မှာ သိသိသာသာ တုန်ခါမှုဖြစ်ပေါ်ပြီး ၊ ကားအရှိန်တင်လိုက်တဲ့ အချိန်မျိုးမှာ တုန်ခါမှုမရှိတော့ဘဲ တည်ငြိမ်သွားတာမျိုးလည်းဖြစ်တတ်ပါတယ် ။ ဒါပေမယ့် ကားအရှိန်လျော့နေတဲ့ အချိန် သိသိသာသာ တုန်ခါနေတဲ့ ကားကို အရှိန်မြှင့်မောင်းတဲ့သူ ရှားပါးမယ်လို.တော့ ထင်ပါတယ် ။
နောက်တချက်က ဘရိတ်နင်းလိုက်တဲ့ အချိန် ၊ ဘရိန်မှေးလိုက်တဲ့ အချိန်မျိုးမှာ ကားစတီယာရင်ကို လာတိုးပြီး တုန်ခါမှုဖြစ်စေတာမျိုးကလည်း ကားရဲ. Wheel Balance မညီညာတော့တဲ့ ပြဿနာဖြစ်တတ်ပါတယ် ။

2. တာယာထိပ်ကွက်တာ
တကယ်တော့ Cupped Wear ကိုပြောတာ ၊ မြန်မာလို. အနီးစပ်ဆုံးပြောရရင်တော့ ထိပ်ကွက်သွားတာ ၊ တာယာ အကွက်လိုက်အကွက်လိုက်ဖြစ်တာကို ဆိုလိုတာပါ ။ ပုံမှန် အလိုင်းမင့် မှန် Balance မှန်နေတဲ့ ကားတာယာရဲ. ပန်းတွေဟာ ပုံမှန်ညီညာ ညာညာ ပွန်းစားရမှဖြစ်ပေမယ့် ၊ အလိုင်းမင့်မမှန်တာကြောင့် တာယာ တခြမ်းစားသွားတာ ၊ ကားအောက်ပိုင်း ပစ္စည်းတွေ ချို.ယွင်းမှုကြောင့် ပွန်းစားတာတွေနဲ. ဒီ Wheel Balance မညီမျှမှုကြောင့်ဖြစ်တဲ့ တာယာပွန်းစားမှုတွေက ကြည့်ရင် သိသိသာသာ ကွဲပြားပါတယ် ။
ပုံမှန်အားဖြင့် လေပေါင်ချိန်ညီညီနဲ. ထိုးထားတဲ့ တာယာတလုံးဟာ ကားရဲအလေးချိန်ဝိတ်ကို တူညီစွာထမ်းပိုးထားရတာမို. ကားတာယာနဲ.မြေပြင်ထိတွေ.ပွတ်တိုက်မှုတိုင်း တူတူညီညီမျှမျှတတ ခံစားရမှာ ဖြစ်ပြီး ညီညီညာညာ ပန်းတွေ ပွန်းစား ကုန်ဆုံးရမှာပါ ။ ဒါပေမယ့် ဒီလို Wheel Balance မညီမျှတဲ့ တာယာတွေမှာတော့ ကားဟာ အရှိန်နဲ. လည်ပတ်လေလေ ကားတာယာနဲ. မြေပြင်ပွတ်တိုက်မှုတွေက မညီမညာဖြစ်လေဖြစ်ပြီး ထိတဲ့အပိုင်းတွေက ထိ ၊ မထိတဲ့ အပိုင်းတွေက မထိဘဲ ၊ ထိတွေ.မှုများများခံရတဲ့ အပိုင်းတွေက ကားတာယာတွေကို ဟိုတကွက် ဒီတကွက် ထိပ်ကွက်တွေဖြစ်ပေါ်စေတာပါ ။ မြင်သာထင်သာအောင်ပြောရရင်တော့ ကားဘီးဟာ မြန်လွန်းလို.သာ လည်တယ်ထင်နေရတာ တကယ်ဆို မလည်ဘဲ ခုန်ခုန်သွားနေသလိုမျိုးဖြစ်တာပါ ။
ကားတာယာတွေရဲ. တည်ဆောက်ပုံ ဒီဇိုင်းတွေအရ ပွန်းစားကွက်သွားတဲ့နေရာတွေဟာ ကားရဲ. ဖိအားတွေ ၊ Stress တွေကို ခံနိုင်ရည် နည်းသွားပြီး အချိန်မရွေး တာယာပေါက်တာ တာယာကွဲတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ် ။ အမြန်လမ်းမှာ ကားအရှိန်နဲ.သွားနေချိန် ကားတာယာပေါက်တာ ကွဲတာ ဘယ်လိုအန္တရာယ်များတယ်ဆိုတာကတော့ ရှင်းပြဖို. လိုမယ်မထင်တော့ပါဘူး ။

3. စတီယာရင် (Steering) တုန်ခါတာ
ကားရဲ. ဘီးတွေ ဘယ်ညာ ကွေ.နိုင်ခေါက်နိုင်ဖို. စတီယာရင်နဲ. ချိတ်ဆက်ထားပြီး လိုသလို ထိန်းချုပ်နိုင်ပြုလုပ်ထားတာမို. ၊ ကားရဲ. ဘီးတွေနဲ. စတီယာရင်ရဲ. ဆက်သွယ်ချက်က အတော်လေးကို ကြီးမားပါတယ် ။ အပေါ်မှာ ပြောခဲ့သလိုပဲ Wheel Balance မညီညာမှုတွေကြောင့် ကားဘီး တွေ တုန်ခါမှုဖြစ်တဲ့အခါမှာလည်း အဲ့ဒီတုန်ခါမှုတွေက စတီယာရင်ဆီကို တိုက်ရိုက် အကျိုးသက်ရောက် မှုတွေဖြစ်ပေါ်စေပါတယ် ။ ဒီလိုနေရာမှာ ကားစတီယာရင်မှာ ဖွဲ.စည်းထားတဲ့ ပစ္စည်းအစိတ်အပေါင်းတွေရဲ. ချို.ယွင်းချက်တွေကြောင့် ကားစတီယာရင်တုန်ခါမှုတွေဖြစ်ပေါ်တတ်ပါတယ် ၊ ဥပမာ ကားစတီယာရင် ဂမ်းဘွတ်ချောင်တာမျိုးတွေကြောင့် လမ်းကြမ်းကြမ်းမောင်းတဲ့အခါ ၊ ဂုတ်ဂုတ်မည်တာ ၊ ဒါမှမဟုတ် စတီယာရင် ဆီမရှိလို. စတီယာရင် ပန်.(Pump) ညီးတာ ၊ ဘယ်ညာခေါက်တဲ့အချိန် စတီယာရင်လေးပြီး ခါတာ ၊ ဆွဲတာ တွေကလည်း ကားစတီယာရင်နဲ. ဆက်စပ်ပစ္စည်းတွေ မကောင်းရင် ဖြစ်တတ်တာမျိုးပါ ။
ဒါပေမယ့် ဒီ ကား Wheel Balance တွေမညီညာမှုကြောင့်ဖြစ်တာမျိုးကတော့ အပေါ်က အချက်တွေနဲ. ကွဲပြားပြီး ကားကို တည်တည်ငြိမ်ငြိမ်နဲ. မောင်းနေတဲ့ အချိန်မျိုးတွေမှာ ၊ နောက် ကားလမ်းညီညီညာညာ ဖြစ်နေတဲ့ အချိန်မျိုးတွေမှာ ၊ နောက် ပုံမှန် အရှိန်နည်းနည်းနဲ.မောင်းနေချိန် မဖြစ်ဘဲ အရှိန်မြင့်မောင်းလိုက်တဲ့ အချိန်မျိုးတွေမှာ ထဖြစ်တာကမှ Wheel Balance ပြဿနာလို. ဆိုနိုင်တာပါ ။

4. ရှော့ဘား (Shock Absorber), Hub Ball နဲ. အောက်ပိုင်းဆက်စပ်ပစ္စည်းတွေ ပျက်စီးတာ
ကားတာယာရယ် ဂွေရယ်နဲ. အဓိက ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေက ဟက်ဘောအထိုင်တွေရယ် သူတို.ရဲ.အပေါ်မှာ ကားရဲ. ဝိတ်ကို ထမ်းထားတဲ့ ကားရဲ. Compression နဲ. Tension ကို အဓိက ထိန်းညှိပေးတဲ့ ရှော့ဘားတွေရယ်လည်း ဒီ Wheel Balance မညီမညာဖြစ်တာကို မပြုပြင်ဘဲ ကာလတာရှည်ထားမယ်ဆိုရင် အလွယ်တကူပျက်စီးပါလိမ့်မယ် ။ မလိုအပ်တဲ့ ကားဘီးတုန်ခါမှုတွေ ၊ ခုန်သလိုဖြစ်နေတာတွေကြောင့် Impact Load တွေဖြစ်ပေါ်လာပြီး ကားအောက်ပိုင်းဆက်စပ်ပစ္စည်းတွေကို ထိခိုက်စေနိုင်တာပါ ။

5. ကားဆီပိုစားလာမယ်
အထူးသဖြင့် အဝေးပြေးလမ်းမှအခြေအနေတွေမှာပါ ၊ တချို.လည်း မြို.တွင်း ပုံမှန်အရှိန်နဲ. သွားနေတာမျိုးမှာလည်း တာယာ Wheel Balance မညီမျှမှုတွေကြောင့် လည်း ကားဆီ ပိုစား လာတာ တွေဖြစ်တတ်ပါတယ် ။ ကားလေပေါင် မညီမျှတာ ၊ ကားအလိုင်းမင့် မညီမျှတာတွေကြောင့် ဆီပိုစားသလိုပါပဲ ။

ကားဘီး Wheel Balance မညီညာတဲ့အခါ ကားကို လိုသလို အရှိန်တင်တဲ့အချိန်မျိုးတွေမှာ ကားရဲ. ဘီးတွေက ညီညီညာညာ လည်ပတ်ခြင်းမရှိတာကြောင့် လိုအပ်တဲ့ အရှိန်ရရှိဖို. ကားအင်ဂျင်ရုန်းအား ပိုမို လိုအပ်လာပါတယ် ။ ကားအင်ဂျင်မလိုအပ်ဘဲ ပိုရုန်းရတဲ့အခါ ဆီပိုစားလာတာဟာ သဘာ၀ပါပဲ ။

ကား Wheel Balance ချိန်တာတွေကတော့ Static Balance နဲ. Dynamic Balance ဆိုပြီး နှစ်မျိုးကွဲပြားပြီး Static Balance ဆိုတာကတော့ ကားဂွေ (Rim) နဲ. ကားတာယာ အပေါ်အောက် မညီညာမှုတွေကို ချိန်ညှိတာဖြစ်ပြီး ၊ Dynamic Balance ဆိုတာကတော့ တာယာနဲ. ဂွေဘေးတိုက် အနေအထား လိမ်ဖယ်စောင်းနေတာမျိုးတွေကို ချိန်ညှိတာလို. ယေဘူယျနားလည်မှတ်သားနိုင်ပါတယ် ။ အထူးသဖြင့် ကား Wheel Balance Counter Weight တုံးတွေကို အသုံးပြုပြီး လိုအပ်တဲ့ နေရာမှာ ဝိတ်တုံးတွေကို အစားထိုး အလေးချိန်အဖြစ် ထည့်သွင်းခြင်းဖြင့် ကားရဲ. ဗဟိုခွာအား (Centrifugal Force) ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းညှိပေးရတာပါ ။ စျေးကွက်ထဲမှာတော့ ကား Wheel Balance ဝိတ်တုံးတွေကို gram, Lb (pound) အစရှိသဖြင့် ၀ယ်ယူရရှိနိုင်ပြိး Weight တုံးတွေရဲ. အမျိုးအစားနဲ. ထုတ်လုပ်တဲ့ နိုင်ငံ ၊ အရည်အသွေးတွေပေါ်မူတည်ပြီး စျေးနှုန်းအနိမ့်အမြင့်ကွာခြားပါတယ် ။

ဒီအချက်တွေက ကားဘီး Wheel Balance မညီတဲ့အခါ ဖြစ်နိုင်တဲ့ အခြေအနေတွေပါ ။ ဒီလိုအခြေအနေတွေက ကားဘီး Wheel Balance မညီတဲ့အခါမှသာမက တာယာလိမ်နေတာမျိုးစတဲ့ အခြေအနေတွေမှာလည်း ဒီလို အလားတူ ရောဂါလက္ခဏာတွေပြတတ်ပါတယ် ။ ဒါကြောင့် ဒီလို ရောဂါလက္ခဏာတွေကြုံတွေလာရတယ်ဆိုရင် အလွယ်ဆုံး ကားတာယာကို ကိုယ်တိုင်ကြည့်ပြီး စစ်ဆေးကြည့်တာမျိုးနဲ. ခေတ်မီကား Wheel Balance ချိန်စက်တွေနဲ. ဘီးတဘီးချင်းဆီကို တိုင်းတာစစ်ဆေးပြုပြင်သင့်တာပါ ။

ကား Wheel Balance မညီညာတာဟာ ပေါ့ပေါ့ပါးပါး ပြဿနာလေးလို.ထင်ရပေမယ့် ၊ ကားကို အမြန်လမ်းလိုနေရာမျိုးမှာ အရှိန်နဲ. မောင်းနှင်နေတဲ့အချိန် ကားဘီးတွေရဲ. Wheel Balance မညီမျှမှုကြောင့် ကားမောင်းသူရော ၊ ကားရော အန္တရာယ်ရှိတဲ့ အခြေအနေနဲ. ကြုံတွေလာရနိုင်ပါတယ် ။
ဒါကြောင့် ဒီလို ရောဂါလက္ခဏာတွေ ကြုံတွေလာရတယ်ဆို ကားအောက်ပိုင်း ပစ္စည်းတွေကို စစ်ဆေးပြုပြင်တာ ၊ ကား အလိုင်းမင့်ချိန်တာ ၊ ကားလေပေါင်ချိန်တာတွေအပြင် ၊ Wheel Balance တွေကိုလည်း သေချာ ဂရုတစိုက် မမေ့မလျှော့စစ်ဆေးသင့်ပါတယ်လို. အကြံပြုတင်ပြလိုက်ရပါတယ် ။

Crd; Prime Auto Technology

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ST Car Rental & Taxi Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category