Myanmar Holiday Trip

Myanmar Holiday Trip Balloon / Flight / Boat / Bus Tickets
Hotel Booking , Car Rental , Tour Package , Guide Services

Myanmar Airway International ( MAI ) flight delayed ခရီးစဉ်များ
01/10/2025

Myanmar Airway International ( MAI ) flight delayed ခရီးစဉ်များ

30/03/2025
မတ် ၁၅ ရက်မှ စတင်၍ Thai Airways International THAI လေယာဉ်ပေါ်တွင် ပါဝါဘဏ်များ အသုံးပြုခြင်းကို တားမြစ်မည်ဖြစ်ကြောင်း(မတ်...
10/03/2025

မတ် ၁၅ ရက်မှ စတင်၍ Thai Airways International THAI လေယာဉ်ပေါ်တွင် ပါဝါဘဏ်များ အသုံးပြုခြင်းကို တားမြစ်မည်ဖြစ်ကြောင်း(မတ် ၇)တွင် ကြေညာချက် ထုတ်ပြန်သည်။

လီသီယမ်ဘက်ထရီမှ မီးလောင်နိုင်ခြေရှိသောကြောင့် လေယာဉ်များတွင် ပါဝါဘဏ်အသုံးပြုခြင်းကို တားမြစ်ခြင်းဖြစ်သည်။

ခရီးသည်များ၏ ခရီးသွားလာမှု ဘေးကင်းစေရန်အတွက် ခရီးစဉ်တစ်လျှောက်လုံးတွင် ခရီးသည်များအား power bank (အိတ်ဆောင်ဘက်ထရီ) အား အသုံးပြုခြင်း သို့မဟုတ် အားသွင်းခြင်းအား ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ကိုင်အိတ်ထဲတွင် ပါဝါဘဏ်များ ဆောင်သွားခြင်းကိုမူ တားမြစ်ထားခြင်း မရှိပေ။

မြန်မာအမျိုးသားလေကြောင်းလိုင်း ပုသိမ်မြို့သို့ပြေးဆွဲသွားမည်။
11/10/2024

မြန်မာအမျိုးသားလေကြောင်းလိုင်း ပုသိမ်မြို့သို့ပြေးဆွဲသွားမည်။

စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းများဖြင့် ရန်ကုန်-ပဲခူးခရီးစဉ်ကို စတင်ပြေးဆွဲ- ခရီးစဉ်အစအဆုံး ၂၅၀၀ ကျပ်၊ ခရီးစဉ်တစ်ဝက် ၁၃၀...
03/10/2024

စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းများဖြင့် ရန်ကုန်-ပဲခူးခရီးစဉ်ကို စတင်ပြေးဆွဲ

- ခရီးစဉ်အစအဆုံး ၂၅၀၀ ကျပ်၊ ခရီးစဉ်တစ်ဝက် ၁၃၀၀ ကျပ် သတ်မှတ်ထား

ရန်ကုန်၊ အောက်တိုဘာ ၂

စပိန်နိုင်ငံမှ ဝယ်ယူထားတဲ့ ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်တွေကို အသုံးပြုပြီး ရန်ကုန်-ပဲခူး အစုန်၊ အဆန်ခရီးစဉ်တွေမှာ စတင်ပြေးဆွဲနေပြီလို့ မြန်မာ့မီးရထားမှ သိရပါတယ်။

အရင်က အသုံးပြုခဲ့တဲ့ RBE ရထားခရီးစဉ်တွေကို ယာယီရပ်ဆိုင်းကာ DEMU ရထားတွဲဆိုင်းအသစ်တွေနဲ့ အသုံးပြု ပြေးဆွဲနေတာလည်း ဖြစ်ပါတယ်။

DEMU အစုန်ရထားက ပဲခူးဘူတာကနေ အောက်တိုဘာ ၁ ရက်နေ့၊ နံနက် ၆ နာရီမှာ စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကို နံနက် ၈ နာရီ ၂၀ မိနစ်မှာ ဆိုက်ရောက်ခဲ့ပါတယ်။

အမှတ် (၁၅) အဆန် ရန်ကုန်-ပဲခူး DEMU ရထားက ရန်ကုန်ဘူတာကနေ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ပြန်လည်ထွက်ခွာပြီး ပဲခူးဘူတာကို ၇ နာရီ ၅ မိနစ်မှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

လမ်းခရီးတစ်လျှောက် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူဘူတာတွေမှာ ရပ်တန့်ပေးသွားမှာပါ။

ရန်ကုန်-ပဲခူးရထားခရီးစဉ်မှာ အသုံးပြုမယ့် စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းမှာ ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း ၈၃၂ ဦး စီးနင်းလိုက်ပါနိုင်ပါတယ်။

ခရီးသွားလက်မှတ်ခအနေနဲ့ ခရီးစဉ်အစအဆုံးထိ တစ်ဦးကို ၂၅၀၀ ကျပ်နဲ့ ခရီးတစ်ဝက် လိုက်ပါစီးနင်းသူကို ၁၃၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး ရထားခရီးစဉ်တွေကို ယနေ့ (အောက်တိုဘာ ၂ ရက်) မှာ စတင်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

သတင်း - BETV Business

24/04/2024

ရန်ကုန် - ပုဂံ - ရန်ကုန်တိုက်ရိုက် အမြန်ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရ ထားမှ သိရသည်။

အဆိုပါ ရထားခရီးစဉ်သည် ရန်ကုန်မှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ပုဂံသို့ နေ့လယ် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး ပုဂံမှ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ နေ့လယ် ၁၂ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

လက်မှတ်ခနှုန်းထားများမှာ ရိုးရိုးတန်း ၇၂၀၀ ကျပ် ၊အထက်တန်း ၁၄၄၀၀ ကျပ် ၊အိပ်စင် ၁၉၈၀၀ ကျပ်ဖြစ်ပြီး ခုတ်မောင်းချိန် မှာ ၁၉ နာရီ ၄၅ မိနစ် ကြာမြင့်မည်ဖြစ်ပြီး ရပ်တန့်ပေးမည့် ဘူတာများမှာ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ ၊ အုတ်ဖို ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း ၊ ပေါင်းတည်၊ ပုတီးကုန်းသဲကုန်း ၊ ဆင်မြီးဆွဲ၊ ပြည် ( ရွှေတံခါး) ၊ အောင်လံ၊ ဆတ်သွား ၊ တောင်းတွင်းကြီး ၊မြို့သစ် ၊ နတ်မောက် ၊ လေးအိမ်၊ သာမြား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး ၊စုတည် စသည့်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ် ကြောင်းနှင့် ရန်ကုန်-ပုဂံ အမြန်ရထား ပြေးဆွဲမူအခြေ အနေကို နေ့စဥ်ပြေးဆွဲသွားရန် စီစဥ်ထားသော်လည်း ရထားစီးခရီးသည်အနည်း/အများပေါ်မူတည်၍ နေ့စဥ်ပြေးဆွဲမှုရှိ/မရှိအား ရန်ကုန်ဘူတာကြီး ဖုန်းနံပါတ် ၀၁-၂၅၁၁၈၁ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း အသိပေးထားကြောင်း သိရသည်။

Online မှတစ်ဆင့် Thai Visa  ရက်ချိန်ရယူနိုင်ပါပြီ
20/02/2024

Online မှတစ်ဆင့် Thai Visa ရက်ချိန်ရယူနိုင်ပါပြီ

15/02/2024
ကျောက်ဖြူ မှ ရန်ကုန်သို့ စီးမည့်ခရီးသည်များဖက်ရန်
15/02/2024

ကျောက်ဖြူ မှ ရန်ကုန်သို့ စီးမည့်ခရီးသည်များဖက်ရန်

ပြည်ပသို့ ယခင်အတိုင်း ဝင်/ထွက်ခွင့်ပေးလျက်ရှိ
15/02/2024

ပြည်ပသို့ ယခင်အတိုင်း ဝင်/ထွက်ခွင့်ပေးလျက်ရှိ

𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐢𝐧𝐠 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫!Allow us to reintroduce ourselves. Air KBZ will now gracefully transition into Mingalar Aviation Se...
08/01/2024

𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐢𝐧𝐠 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫!

Allow us to reintroduce ourselves. Air KBZ will now gracefully transition into Mingalar Aviation Services ("Mingalar") eff. today, 06 Jan 2024 (Sat)!

Follow us as part of our rebranding journey, as Mingalar commences flights, spreading our wings into a dynamic & hopeful future, while taking cue from the rich history of Myanmar aviation tradition.

Mingalar reflects our dedication to providing you with an elevated, memorable travel experience and our unwavering commitment to your journey!



Address

Yangon
11182

Telephone

+959691040022

Website

Alerts

Be the first to know and let us send you an email when Myanmar Holiday Trip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Holiday Trip:

Share

Category