Eastern Best Travels & Tours

Eastern Best Travels & Tours Life is short.

Grab a bag and take a long journey and feel enjoy and create unforgettable memory at every different place and just live to worth life by travelling.

😒
05/09/2022

😒

2020 မိုးတွင်းရဲ့ ခရီးစဥ် တွေအတွက်
ဒီလက်ဆောင်လေးတွေ Covid ကြောင့် 🎁
မပေးဖြစ်လိုက်ပေမယ့် 🖤

🌖 Covid ကြီး ကမ္ဘာမှာပျောက်ကွယ်သွားတဲ့အချိန် 🌎
🎁 ၂ ဆပိုကောင်းတဲ့ လက်ဆောင်တွေနဲ့အတူ 🎁
💚 Eastern Best Travels & Tours နဲ့အတူ 💛
ခရီးတွေ ပျော်ပျော်ကြီး သွားကြဖို့အတွက် ✈🚆🚅🚍

💚💛 Eastern Best Travels & Tours 💛💚 ရဲ့
😍 ဧည့်သည်တော်များ အားလုံး 😍
💪 အားတင်းထားပြီး 💪
ကျန်းမာစွာနဲ့ Covid ကြီးကို
🌖 ကျော်ဖြတ်ကြရအောင်နော် 🌎

ထိုင်းနိုင်ငံ မှ အပြန် Nok Air / Air Asia Flight စီးမည့်သူများအတွက်Don Mueaug (DMK ) Airport တွင် RDT Test စစ်လို့ရမည့်န...
01/08/2022

ထိုင်းနိုင်ငံ မှ အပြန်

Nok Air / Air Asia Flight စီးမည့်သူများအတွက်

Don Mueaug (DMK ) Airport တွင် RDT Test စစ်လို့
ရမည့်နေရာများဖြစ်ပါတယ်။

Crd #
Royal Suchit Education

စင်္ကာပူရှိ မြန်မာသံရုံး ၏ ထုတ်ပြန် ကြေငြာချက် အရ ... PJ/ PT/ PS (သက်တမ်း ၁၄လ အထက်) ယခင် - ဒဏ်ကြေးဆောင်ပြီး သက်တမ်းတိုးပ...
01/07/2022

စင်္ကာပူရှိ မြန်မာသံရုံး ၏
ထုတ်ပြန် ကြေငြာချက် အရ ...

PJ/ PT/ PS (သက်တမ်း ၁၄လ အထက်)
ယခင် - ဒဏ်ကြေးဆောင်ပြီး သက်တမ်းတိုးပေး
(website မှ appointment လုပ်ရန်လို)
ယခု - ခေတ္တ ဆိုင်းငံ့
(သက်တမ်း ၁၄ လအောက် ရောက်လျှင် တိုးနိုင်)

PJ/ PT/ PS (သက်တမ်း ၁၄လ အောက်)
ယခင် - ပုံမှန်သက်တမ်းတိုးပေး (website မှ appointment လုပ်ရန်လို)
ယခု - ပုံမှန်သက်တမ်းတိုးပေး
(website မှ appointment လုပ်ရန်လို)
(တစ်ရက်ကို ၇၅ ယောက် သာ)

PJ/ PT/ PS (သက်တမ်း ၁လ အောက်)
ယခင် - ပုံမှန်သက်တမ်းတိုးပေး (သံရုံးတွင် လာတန်းစီရန်လို)
ယခု - ပုံမှန်သက်တမ်းတိုးပေး (သံရုံး (+65 82468581သို့ Whatsapp မှ urgent booking တင်ရန်လို) (တစ်ရက်ကို အယောက် ၃၀ သာ)

PV
ယခင် - PV မှ PJ သို့ ပြောင်းလဲ သက်တမ်းတိုးပေး
ယခု - တိုးမပေး
(မြန်မာပြည်တွင် သက်တမ်းပြန်တိုးရန် ညွှန်ကြား။
အဝင် ပြဿနာရှိနိုင်)

အသေးစိတ်ကို
http://www.myanmarembassy.sg/
တွင် သွားရောက်ကြည့်ရှုနိုင်
ကူးယူ ပြန်လည်ဖော်ပြနိုင်ပါသည်။

crd ပေးဖို့မလိုပါ။
(ကိုယ်လည်းကူးလာတာပါ)

Singapore အတွက်ပါပဲ
ကျန်နိုင်ငံတွေလဲ သံရုံးမေးတာ ပို သေချာမှာပါ။

1 JULY 2022 မှ စပြီး ထိုင်းနိုင်ငံ သို့ဝင်ရောက်မည့် နိုင်ငံခြားခရီးသွားများThailnad Pass/Insurance မလိုအပ်တော့ပါ။📣Crd #T...
18/06/2022

1 JULY 2022 မှ စပြီး ထိုင်းနိုင်ငံ သို့
ဝင်ရောက်မည့် နိုင်ငံခြားခရီးသွားများ
Thailnad Pass/Insurance မလိုအပ်တော့ပါ။📣

Crd #
Thailand_Amazing _TravelA round Bangkok

15 Jun 2022 မှ စ၍ မြန်မာနိုင်ငံ သို့ ဘယ်နိုင်ငံ က လာလာ PCR Test မလိုတော့ပါ 📣Crd  Okar
15/06/2022

15 Jun 2022 မှ စ၍ မြန်မာနိုင်ငံ သို့
ဘယ်နိုင်ငံ က လာလာ PCR Test မလိုတော့ပါ 📣

Crd Okar

6 JULY 2022 မှ စတင်ပြီး ✈YANGON to SEOUL (Korea)ရန်ကုန် မှ ဆိုးလ် သို့ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းKOREA AIR လေကြောင်းလိုင်...
18/05/2022

6 JULY 2022 မှ စတင်ပြီး ✈

YANGON to SEOUL (Korea)
ရန်ကုန် မှ ဆိုးလ် သို့ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း
KOREA AIR လေကြောင်းလိုင်း
စတင်ပျံသန်းပြေးဆွဲ ပါမည်။ ✈

အိီဒုလ်ဖိသိရ်ဝါကျွတ်အိးဒ်ပွဲတော်နေ့ အချိန်အခါသမယတွင်  အနီးအဝေးမှ အစ္စလာမ်ဘာသာဝင် မိတ်ဆွေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန...
03/05/2022

အိီဒုလ်ဖိသိရ်ဝါကျွတ်အိးဒ်ပွဲတော်နေ့
အချိန်အခါသမယတွင် အနီးအဝေးမှ
အစ္စလာမ်ဘာသာဝင် မိတ်ဆွေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘေးကင်းရန်ကွာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။

Happy Eid Mubarak to everyone. Here’s wishing you and your family peace, happiness,
good health and prosperity on the auspicious occasion.

Noted & Photo # Crd


ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ...
21/04/2022

ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??

အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။

၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။

ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေအုန်းမယ်၊ ကျန်းမာကြံ့ ခိုင်နေအုန်းမယ် လို့တွေးထားရင် ကျွန်တော်တို့ မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့ဗျာ။

၂) “နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လိ ု့ရတာ ပိုများပါတယ်။”

အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ္ပါယ်မရှိစွာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တခု၏ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ
လေ ျှာက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလေ ျှာက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……

မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းချပြီး တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့ ။

၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။

ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။
အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။

ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။

အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့ရတဲ့ ခံစားမှုမျိုးတွေပေါ့ဗျာ။

၄) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။

နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။

ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။

ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ “ကိုယ့်” ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။

၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။

တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။

လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။

တစ်မြို့ ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိုလုပ်လာရပါတယ်။

အသုံးအဖြုန်းတွေလည်းတတ်နိုင်သလောက်လေ ျှာ့လာရပါတယ်။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲဗျာ။

ခရီးသွားခြင်းလို့ပြောတဲ့အခါ အချို့တွေက အများသွားလေ့ရှိတဲ့ နာမည်ကြီး နေရာလေးတွေလောက်သာ ရွေးသွားပြီး ဓါတ်ပုံလေးတွေရိုက် အခြားသူများ အထင်ကြီးအားကျအောင် လုပ်ချင်တဲ့အချက်ကြောင့် ခရီးသွားတာကိုတော့ အပေါ်မှာ ထည့်မရေးထားတာကို သတိထားမိမှာပါ။ ထိုအချက်ကို မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပဲလေ။

ဒါပေမယ့် ခရီးသွားခြင်း အနုပညာက ထိုအကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Noted&Photo

‼️May လမှစပြီးQ ဝင်စရာမလို‼️✅ထိုင်းနိုင်ငံသို့ RT-PCR စစ်ဆေးမှုများကို ဖျက်သိမ်းကာလေဆိပ်တွင် ATK စစ်ဆေးမှုများသာ ထားရှိမ...
08/04/2022

‼️May လမှစပြီးQ ဝင်စရာမလို‼️
✅ထိုင်းနိုင်ငံသို့ RT-PCR စစ်ဆေးမှုများကို ဖျက်သိမ်းကာလေဆိပ်တွင် ATK စစ်ဆေးမှုများသာ ထားရှိမည်

ယနေ့ (ဧပြီ ၈ ရက်) အစည်းအဝေးတွင် BOE ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ လူဝင်မှုကြီးကြပ်ရေး အစီအမံများကို ဖြေလျှော့ပေးပြီးထိုင်းနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် COVID-19 အတွက် RT-PCR စစ်ဆေးမှုကို ဖျက်သိမ်းပြီး လေဆိပ်တွင် ATK ကို အသုံးပြုခြင်းဖြင့်။ ခရီးသွားများအတွက် လုပ်ထုံးလုပ်နည်းများ လွယ်ကူချောမွေ့စေရန်၊ ယခု မေလမှ စတင်မည်

News Source : https://bit.ly/3jl6lVK

Crd #

.

ဧပြီလ ၁ ရက်နေ့ မှစပြီး 📢ကာကွယ်ဆေးထိုးထားသူများ 💉အိုပါး 🇰🇷 အွန်ညီး 🇰🇷 တို့ ရှိရာ 🇰🇷 တောင်ကိုရီးယား/South Korea သို့ ✈️သွာ...
06/04/2022

ဧပြီလ ၁ ရက်နေ့ မှစပြီး 📢ကာကွယ်ဆေးထိုးထားသူများ 💉
အိုပါး 🇰🇷 အွန်ညီး 🇰🇷 တို့ ရှိရာ 🇰🇷 တောင်ကိုရီးယား/South Korea သို့ ✈️
သွားလျှင် Quarantine ၇ ရက် ဝင်ရန် မလိုတော့ဘဲ သွားရောက်နိုင်ပါပြီ 🇰🇷

🇰🇷 တောင်ကိုရီးယားတွင် ကာကွယ်ဆေး vaccine ၂ ကြိမ်ထိုးပြီးသူများ💉ဆေးထိုးပြီး ၂ ပါတ် မှ ရက် ၁၈၀ အတွင်း

🇰🇷 တခြားနိုင်ငံတွင် ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီး 💉
ကိုရီးယားကျန်းမာရေးဌာနတွင် စာရင်းသွင်းထားသူများ

🇰🇷 Booster shots ထိုးပြီး💉ခရီးသည်များအနေနဲ့ မသွားရောက်မှီ
ကာကွယ်ဆေးထိုးထားသော မှတ်တမ်းကို Q code စနစ်ဖြင့်
မှတ်ပုံတင်ထားရမှာ ဖြစ်ပါတယ်။

📢 ကာကွယ်ဆေးထိုးထားသော မှတ်တမ်းကို💉မှတ်ပုံတင်ရန်👇
🇰🇷 https://cov19ent.kdca.go.kr/cpassportal/

Address

Lower Kyimyindaing Street
Yangon
11101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Eastern Best Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category