31/01/2024
လေယာဥ်နဲ့
ခရီးစဥ်လေး တစ်ခု ရှိလို့ဗျာ..
ကိုယ်ကလည်း..
လေယာဥ်ကို တစ်ခါမှ..
မစီးဖူးတာနဲ့..
လမ်းထဲမှာ..
လေယာဥ် စီးဖူးတယ် ဆိုတဲ့
ကိုမြင့်ကြိုင် အိမ်ကို..
အတွေ့အကြုံလေး မေးရအောင်..
ရောက်ခဲ့တာပေါ့...
သူက
အရင် မလေးရှားမှာ အလုပ် သွားလုပ်ဖူးတာကိုး..
" ကိုမြင့်ကြိုင်..။ အစ်ကိုက..လေယာဥ် စီးဖူးတယ် ဆိုတော့..။ ကျတော့်ကို..လေယာဥ်စီးတဲ့ အတွေ့အကြုံလေး နည်းနည်းလောက် ပြောပြပါလား..''
ကိုမြင့်ကြိုင်က..
စီးကရက် တစ်လိပ်ကို မီးညှိ၍ ဟန်ပါပါ ဖွာရှိုက်လိုက်ရင်းက...
" မင်းက..ဘာလုပ်ဖို့လဲ? "
" ဘာမှ မလုပ်ပါဘူး ။ ဒီလိုပဲ..သွားစရာ ရှိရင် ဗဟုသုတ အနေနနဲ့..သိထားရရုံပါ....''
" အင်းလေ..ဗဟုသုတ အနေနဲ့ ဆိုရင်တော့..ပြောပြရတာပေါ့..''
" ဟုတ်..အစ်ကို..''
ကိုမြင့်ကြိုင်က..
စီးကရက်ပြာကို ခွက်ထဲ
တောက်ချရင်း..
" မင်းမှာ..ခါးပတ် ရှိလား.?''
" ဟင့်အင်း..မရှိဘူး ။ဘာဖြစ်လို့လဲ အစ်ကို..''
" ခါးပတ် လိုတယ်ကွ ။ လေယာဥ်ပေါ် ရောက်ရင် ခါးပတ် ပတ်ရတာ..''
" ဪ...ခါးပတ်က..ကိုယ့်အိမ်က ယူသွားရတာလား..''
" ဒါပေါ့ဟ...။မင်း..ဘယ်သူက အလကား ပေးမတုန်း ''
" တိန်..''. .😁
ခါးပတ်ကို အိမ်က
ယူသွားရတာ..တဲ့..
မှတ်ထားကြအုံး...😁
ပြီးတော့..
ကိုမြင့်ကြိုင်က..
ဆက်ပြောတယ်...
" ပထမဆုံး..မင်း သွားမယ့် ခရီးစဥ်ကို လေယာဥ် လက်မှတ် အရင် ဖြတ်ရမယ်ကွ..''
" ဟုတ်..အစ်ကို..''
" ပြတင်းပေါက်ဘက်က ခုံကို ရအောင်တောင်းပေါ့ ''
" ဘာဖြစ်လို့လဲ အစ်ကို..''
" ပြတင်းပေါက်နား ဆိုတော့..ကွမ်းတံတွေးတွေ ဘာတွေ ထွေးရ အဆင်ပြေတာပေါ့ဟ..''
" ဗျာ...''
" ဘာဖြစ်တာလဲ? "
" ဟို.....ပြ ပြတင်းပေါက်က ဖွင့်စီးလို့ ရလို့လား..?''
" ရတာပေါ့ဟ..။ ငါ့တုန်းက ဆို..ပြတင်းပေါက်နား ရတော့...လေလေး တဖြူးဖြူးနဲ့..တိမ်တွေတောင် ကိုင်ကြည့်ခဲ့သေးတာ..''
" ငှယ်...''
ပြတင်းပေါက် ဖွင့်ပြီး
တိမ်တွေတောင် ကိုင်ကြည့်ခဲ့..ဆိုပဲ...😁😁
မှတ်ထားကြအုံး..😁
" အေ..ဖြတ်ပြီးရင်..လေယာဥ်ကွင်းထဲကို သွားလိုက်..။ အဲ့မှာ နိုင်ငံအလိုက် သွားမယ့်..လေယာဥ်တွေ လေးငါးဆယ်စီး..တန်းစီပြီး ရပ်ထားတာ..တွေ့လိမ့်မယ်..''
" တန်းစီပြီး ရပ်ထားတာ..''
" အေးဆို..။ မလေးရှား ဆို..go to malaysia ကွာ ။ ထိုင်း ဆို..go to thailand ကွာ ။ အဲ့လို..လေယာဥ်မှာ..ရေးထားတယ်..''
" အခု ပြောတာ...လေယာဥ်ကွင်းနော် အစ်ကို.. ''
" အေ့လေ...ဘာဖြစ်လို့လဲ? "
" ဪ..ဘာမှမဖြစ်ပါဘူး ။ အောင်မင်္ဂလာအဝေးပြေးဝင်းနဲ့ မှားမှာ စိုးလို့..''
" ဟျောင့်...ကမ္ဘာ ပတ်ပြီး..လေယာဥ် စီးလာတဲ့ကောင်ကွ..''
" ဟုတ် ဟုတ် အစ်ကို ။ မသိလို့ပါ ။ ဆက်ပြောပါအုံး..''
" အေ..အဲ့မှာ..မင်းသွားမယ့်နိုင်ငံရဲ့ လေယာဥ်ကို တွေ့ရင် အပေါ်ကို..တက်သွားလိုက် ။ မင်းကို လေယာဥ်စပယ်ယာက မင်းလက်မှတ် ကြည့်ပြီး မင်းထိုင်ရမယ့်ခုံကို ဓာတ်မီးနဲ့ လိုက်ပြလိမ့်မယ်..''
" အစ်ကို...လေယာဥ်နော်..''
" အေးလေကွာ..''
" ဪ... ရုပ်ရှင်ရုံနဲ့များ...''
" ဟျောင့်...ငါက ဆက်ပြောရမှာလား..''
" ဟုတ် ဟုတ်.. ဆက်ပြောပါ အစ်ကို ။ မသိလို့ပါ..''
" အေ..နေရာ ရပြီ ဆိုရင်တော့...အဲ့ဒါ မင်း ယူလာတဲ့ ခါးပတ်နဲ့ထိုင်ခုံကို တွဲပတ်ပြီး..ထိုင်ရုံပဲ..''
" ဪ.....''
" အေ.....လေယာဥ်ပေါ် မတက်ခင်...အိမ်သာတွေဘာတွေတော့..ကြိုတက်ထားပေါ့ကွာ...''
" ဟင်..လေယာဥ်ပေါ်မှာ..အိမ်သာ..မရှိဘူးလား..?''
" ရှိတော့ ရှိတာပေါ့ဟ ။ ဒါပေမဲ့...မတော်လို့ ကိုယ့်အီးတုံး..သူများခေါင်းပေါ် သွားကျရင်..ဘယ်ကောင်းမလဲဟ..''
"တိန်..''
😁😁😁😁😁😁
မှတ်သားလောက်ပါတယ်ဗျာ..😁
#လူချွန်တော်
(လေယာဉ်ပျံ စီးပုးချင်လို့ လေ့လာနေတာပါဏော်😁😁)