Eternal Memo Travels & Tours

Eternal Memo Travels & Tours MAKE YOUR MEMO ETERNAL . . .

အာဇာနည်ခေါင်းဆောင်တွေ အတွက် ဂျက်လီ ဖြစ်ချင်ခဲ့ဖူးတယ်။ ငယ်ငယ်တုန်းက ကျောင်းမှာ အာဇာနည်တွေအကြောင်း သင်ရတော့ သင်ပေးတဲ့ ဆရာက...
19/07/2020

အာဇာနည်ခေါင်းဆောင်တွေ အတွက် ဂျက်လီ ဖြစ်ချင်ခဲ့ဖူးတယ်။

ငယ်ငယ်တုန်းက ကျောင်းမှာ အာဇာနည်တွေအကြောင်း သင်ရတော့ သင်ပေးတဲ့ ဆရာက ကျက်ပဲကျက်ခိုင်းတာမဟုတ်ဘူး။ အဖြစ်အပျက်တွေကို အကုန်စုပြီး ဇာတ်လမ်းသဘောမျိုး သုံးချိန် လေးချိန်လောက်ကို စုစုစည်းစည်း ပြောပြတယ်။ ကြားဖူးတာတွေဖြစ်နေပေမယ့် ရင်ထဲမှာ ခံစားမှုတွေပိုတိုး၊ အားမလို အားမရတွေဖြစ်ပြီး တော်တော်လည်း စိတ်မကောင်းဖြစ်မိတယ်။ ကလေးတွေ ဆိုတော့ ဆရာက နားလည်လွယ်တဲ့ စကားလုံးတွေနဲ့လည်း ရှင်းပြခဲ့တယ်။ မြွေဘယ်လောက်ရှည်ရှည် ခေါင်းကိုရိုက်လိုက်ရင် သေတာပဲဆိုတာမျိုး ၊ ရထားတွဲအရှည်ကြီးကို ရထား ခေါင်းကသေးသေးက ဆွဲရတယ်ဆိုတာမျိုး၊ ဆရာ မရှိရင် မင်းတို့တစ်ယောက်တစ်မျိုး ဆော့ကြတယ်မလား။ အဲဒီလိုပဲ မတည်ငြိမ်သေးတဲ့ နိုင်ငံကို ထိန်းနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ဆုံးရှူံးတော့ အကျိုးဆက်တွေ အများကြီးဖြစ်တယ်ပေါ့။ နိုင်ငံအတွက် အစားထိုးမရတဲ့ ဆုံးရှူံးမှုလို့ ရှင်းပြပေးခဲ့တယ်။

ဆုံးသွားပြီးတာတောင် အေးအေးမနေရဘူး။ တောင် နဲ့ မြောက် ကိုရီးယားအရှုပ်အထွေးကြောင့် အုတ်ဂူတွေက ကြားထဲက မဆီမဆိုင် ဗုံးခွဲတာ ခံရပြန်တယ်ဆိုတော့ ပိုသနားပြီး စိတ်ထဲစွဲနေခဲ့တယ်။ ဆရာက ရှင်းပြအပြီးမှာ ဗိုလ်ချုပ်တို့အတွက် ဘာလုပ်ပေးချင်ကြလဲမေးပြီး ထထ ဖြေခိုင်းတယ်။ နိုင်ငံအတွက် သူတို့လို ကြိုးစားဖို့ အတုယူဖို့ ပြောဖို့ထင်ပါရဲ့။ ဒါပေမဲ့ ဗိုလ်ချုပ်တို့အတွက် ဂျက်လီလို ကိုယ်ရံတော်ဖြစ်ချင်တယ်လို့ ကိုယ် ထဖြေတယ်။ ကျန်တဲ့သူတွေက သဘောတွေကျပြီး ဝိုင်းရယ်ကြတာပေါ့။

အဲဒီအချိန်မှာ ကိုယ့် idol က ဂျက်လီပဲ။ ဂျက်လီရဲ့ ကိုယ်ရံတော် ဇာတ်လမ်း ကို အသည်းစွဲပဲကိုး။ အဲဒီလောက်စွမ်းရင် ကာကွယ်နိုင်မယ်ပဲ တွေးမိတယ်။ ဆရာက ဘာမှမပြောဘူး တခြားသူတွေကို ထထ ပြောခိုင်းတယ်။ ကိုယ်က ဂျက်လီလို့ စပြောလိုက်တော့ နောက်ကကျောင်းသားတွေလည်း အာနိုးလို စက်ရုပ်ဖြစ်ချင်တဲ့သူ။ ပါဝါရိန်းဂျား ဖြစ်ချင်တဲ့သူ၊ စင်ဒရဲလား ပုံပြင်ထဲက နှင်တံလေးနဲ့ နတ်သမီးဖြစ်ချင်တဲ့သူ ၊ ဝူခုန်းဖြစ်ချင်တဲ့သူ ... အိုး... အမျိုးကို စုံလို့။ ကလေးအတွေးတွေ နဲ့ စိတ်ကူးယဉ်တာတွေ ထွက်ကျလာတယ်။ အားလုံး အားလုံးရဲ့ မတူညီတဲ့ စိတ်ကူးယဉ်မှုနဲ့ အစွမ်းတွေရဲ့ တူညီတဲ့ ရည်ရွယ်ချက်က ဗိုလ်ချုပ်တို့ကို အကာအကွယ်ပေးနိုင်ဖို့ပဲ။ ကြီးလာတော့လည်း time travel လို အချိန်နောက်ပြန်သွားတဲ့ဇာတ်လမ်းတွေ ကြည့်ရင် အဲဒီလိုအတွေးက ဝင်မိသေးတယ်။

ကိုယ်ယုံပါတယ်... ကိုယ့်လိုပဲ စိတ်ကူးယဉ်မှန်း သိသိကြီးနဲ့ အဲဒီအတွေးခဏတာမှာ ပျော်ရွှင်အားရပြီး စိတ်ကူးယဉ်တဲ့သူတွေ အများကြီးရှိနေမယ်လို့။

(ဗိုလ်ချုပ်နဲ့ပတ်သက်လို့ တစ်ခုခု စိတ်ကူးယဉ်ဖူးတာများရှိရင် comment လေးဝင်ရေးပေးလို့ရပါတယ်။)

ဧည်လမ်းညွှန်လေး မေမိုးသန္တာသူ ခေါ်သွားမယ့် Yangon City Tour အကြောင်းအပိုင်း (၄)-" လောကအမွန် " မှာ စာအုပ်တွေ ငေးလို့ကောင်...
05/07/2020

ဧည်လမ်းညွှန်လေး မေမိုးသန္တာသူ ခေါ်သွားမယ့် Yangon City Tour အကြောင်း

အပိုင်း (၄)

-
" လောကအမွန် " မှာ စာအုပ်တွေ ငေးလို့ကောင်းနေချိန်မှာပဲ မေ က သွားကြရအောင် တဲ့။ ဒီလိုနဲ့ ကျွန်တော် နဲ့ မေ စာကြည့်တိုက် ထဲက ထွက်လာခဲ့ကြတယ်။ လက်က နာရီကို ကြည့်လိုက်တော့ ညနေ ၄နာရီ။

" မေ က ဘယ်ဆက်သွားမလို့လဲဟင် "
" ရောက်တော့ တွေ့မှာပေါ့... ဒီနားလေးတင်ပဲ..."

စာကြည့်တိုက်ရှိတဲ့ ၃၉လမ်းထဲကနေ ကမ်းနားလမ်းဘက်ကို ဆင်းပြီး ပန်းဆိုးတန်းလမ်းရှိတဲ့ ညာဘက်ကို ချိုးလိုက်တယ်။ ကမ်းနားလမ်းပေါ်က သြစတေးလျသံရုံးဟောင်း၊ Strand Hotel၊ မြန်မာ့အမျိုးသား လေကြောင်း အဆောက်အအုံ နဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဆောက်အအုံကို ဖြတ်ပြီး လူကူး ဂုံးတံတားပေါ် တက်ခဲ့ကြတယ်။

အချိန်ကလည်း နေဝင်ချိန်ဖြစ်နေတော့ ကျနေရဲ့ နီဝါဝါအလင်းရောင်ဟာ ကမ်းနားလမ်းတစ်လျောက် ဖြာကျနေတယ်။ အဲဒီအချိန်မှာ မေ က...

" ကို သိလား... အရင်က ဒီကမ်းနားလမ်းက အခု ပြည်လမ်းကြီးလိုပဲ... "

" ဘာလို့လဲ မေ... "

" အခုဆို နိုင်ငံရဲ့ဝင်ပေါက်ဖြစ်တဲ့ မင်္ဂလာဒုံလေဆိပ်ကနေ ထွက်လိုက်ရင် ပြည်လမ်းမကြီးပေါ်ရောက်သွားသလိုမျိုးပေါ့၊ ၁၈၉၀ ဝန်းကျင်ကဆို နိုင်ငံရဲ့ဝင်ပေါက်က ရန်ကုန် ဆိပ်ကမ်းပဲ။ ဗြိတိသျှတွေရဲ့ လက်အောက် ၁၉ရာစု နှောင်းပိုင်းမှာဆိုရင် ရန်ကုန်ဆိပ်ကမ်းမှာ ပန်းခြံကြီးတွေ၊ ရေကန်တွေ၊ ခေတ်မီဗိသုကာအဆောက်အအုံတွေနဲ့ အချိုးကျကျ တည်ရှိနေတာဆိုတော့ " အရှေ့ကမ္ဘာရဲ့ ဥယျာဥ်မြို့တော် " လို့တောင် ခေါ်ခဲ့ကြတာတဲ့။ ၂၀ ရာစု အစောပိုင်းဆိုရင် ရန်ကုန်ဆိပ်ကမ်းမှာရှိတဲ့ အခြေခံအဆောက်အအုံတွေ၊ ပေးတဲ့ဝန်ဆောင်မှုတွေက လန်ဒန်ကို ယှဥ်နိုင်ခဲ့တဲ့ အချိန်ပေါ့... "

" ဟုတ်မယ်နော် မေရေ... ကိုတို့တွေ အခုကြည့်လိုက်ရင်ကိုပဲ ... ထုကြီးထည်ကြီးနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေရဲ့ ခံ့ညားမှုကို ခံစားနေရတယ်... အဲဒီအချိန်ကဆို တော်တော် ခမ်းခမ်းနားနားဖြစ်ခဲ့မှာပဲနော်.... "

နီရွှေဝါ နေရောင်ဖြာနေတဲ့ အချိန်မို့ ကမ်းနားလမ်းဟာ လွမ်းစရာ ဖြစ်နေတယ်။ တလှုပ်လှုပ် သွားနေတဲ့ ကားတွေရဲ့ စက်သံတွေကိုတော့ ဖယ်ကြည့်ရမှာပေါ့။

မေ က ဆက်ပြောတယ်...

ပုံလေးတွေကို ထောက်ကြည့်ပြီး ဆက်ဖတ်ပေးပါဦးနော်....

written by

Dreamvela Squad

ETERNAL MEMO Travel

Quiz အတွက် အဖြေ ဖြစ်တဲ့ Dreamvela Squad လေး ဖြစ်ပေါ်လာပုံအတွေးလေးကို ပြောပြပါမယ်နော်...။ဖြစ်ချင်ခဲ့တာတွေ  စိတ်ကူးယဉ်ဖူးတ...
01/07/2020

Quiz အတွက် အဖြေ ဖြစ်တဲ့ Dreamvela Squad လေး ဖြစ်ပေါ်လာပုံအတွေးလေးကို ပြောပြပါမယ်နော်...။

ဖြစ်ချင်ခဲ့တာတွေ စိတ်ကူးယဉ်ဖူးတာတွေက ဦးစားပေးခဲ့ရတဲ့ အခြေအနေတွေကို မလွန်ဆန်နိုင်ခဲ့တဲ့နောက်မှာ သူများတွေ လုပ်နေတာမြင်လိုက်ရမှ
ဒါမျိုးသိပ်လုပ်ချင်ခဲ့မိတာပေါ့လို့ သတိငွေ့ငွေ့လေး ပြန်ထိုးထွက်လာတာမျိုး ဖြစ်ဖူးလား။

အချိန်တစ်ခုရဲ့ တိုက်စားမှုမှာ မျောပါခဲ့ပြီးမှ တစ်ချို့အိပ်မက်တွေဟာ အကောင်အထည် ဖော်လို့ မရနိုင်တော့တာမျိုး ဖြစ်ဖူးကြမယ်။
မဖော်နိုင်တော့တဲ့ အိပ်မက်တစ်ခုအဖြစ်သာ တည်တံ့သွားတော့တာမျိုးပေါ့။

ခရီးထွက်ချင်တဲ့ပုံစံ စိတ်ကူးယဉ်အိပ်မက်တွေက ရိုးတာလည်းရှိမယ်၊ ဆန်းတာလည်းရှိမယ်။ မထင်ထားတဲ့ အတွေးလေးတွေလည်း ရှိကြမှာပဲ။

တစ်ချို့တစ်ချို့အတွက် ခရီးထွက်မယ်၊ မရောက်ဖူးတဲ့နေရာ ရောက်ပြီး ဓာတ်ပုံရိုက်မယ်၊ ပြည့်စုံပြီး ရိုးရှင်းတယ်။

တချို့ကတော့ အကြိမ်ကြိမ်ရောက်ပေမယ့် လုပ်ချင်တာ အကောင်အထည်ဖော်လို့ မရသေးတာ ရှိတတ်တယ်။

သူငယ်ချင်းကောင်လေးက ပုဂံဘုရားတွေကြည့်ပြီး
ဂစ်တာလေးတီးချင်တယ် ကဗျာရွတ်ချင်တယ်။
သူငယ်ချင်းကောင်မလေးက ဖတ်ထားတဲ့ ကဗျာလေးတွေ ဝတ္ထုတွေ ဇာတ်လမ်းတွေထဲက နေရာတွေကို သွားကြည့်ချင်တယ်။

ဧရာဝတီဘေး ထိုင်ငေးရုံ ဆွေးချင်တဲ့ သူ...
ဧရာဝတီလင်းပိုင်လေးတွေ ခုန်တာကို ကြည့်ချင်သူ...
ကျိုက်ထီးရိုးကို လမ်းလျှောက်တက်ချင်တာ
အဖော်ညှိလို့ မရသူ....
မြစ်ဆုံက ကျောက်တုံးကို မ ကြည့်ချင်သူ....
ကယားက တောင်မြေပြန့်ပြန့် မှာ camp စခန်းချ အိပ်ဖူးချင်သူ....
ကရင်က ဂူတွေထဲ လှေလှော်စီးဖူးချင်သူ
တိမ်ပင်လယ်ကို ခံစားချင်သူ....
ချင်းပြည်က တောင်ဇလပ်ပန်းကိုမှ နမ်းချင်သူ....
အင်းလေးက ရေပေါ်စျေးမှာ ငေးချင်သူ
ဦးပိန်တံတားက တိုင်လုံးတွေကို ကိုယ်တိုင်ရေတွက်ကြည့်ချင်သူ Dreamvela တွေ အတွက်....

မဖြစ်နိုင်လောက်အောင် ခမ်းနားလွန်းနေတာ မဟုတ်ပေမယ့် အတွေးချင်းတူ စိတ်ချင်းလည်းနီး အတူတူ အကောင်အထည်ဖော်ဖက်လိုနေတာမျိုး ဆိုရင်....

အဲဒီလို လူအမျိုးမျိုး စိတ်အထွေထွေမို့ ခရီးသွားခြင်းနဲ့ ဆိုင်တဲ့ အိပ်မက်ထဲက လမ်းတွေကို အတူလျှောက်ဖို့ လိုင်စင်ရ ဧည့်လမ်းညွှန်တစ်စုက Eternal Memo ကို စခဲ့ကြတာပါ။

ကိုယ်တိုင် မသွားရသေးခင် သွားချင်လာအောင် ပျော်ချင်လာအောင်
သူများပျော်တာကို ကြည့်ပြီး အပျော်တွေကူးဆက်လာအောင် Facebook မှာ Page လေး ထောင်ခဲ့တယ်။ Page လေးကို ကြည့်ပြီး ကိုယ်တိုင်ရောက်သွားသလို ခံစားရအောင်
ကိုယ့် နိုင်ငံရဲ့ အရှိတရားကို လက်ခံပြီး ချစ်သောမျက်စိနဲ့ ကြည့်ပြီးတတ်အားသမျှ ကူညီကြမယ်ပေါ့။

အဖွဲ့လေးကို နာမည်ပေးမယ်လို့ တွေးကြည့်တော့ စိတ်ကူးချင်းတူ အတွေးချင်းတူ နေတဲ့ ခရီးသွားညီအစ်ကို မောင်နှမတွေ ဖြစ်နေတာမို့ Dream ဆိုတဲ့စကားလုံးနဲ့ Traveller ဆိုတဲ့စကားလုံးကို တွေးမိကြတယ်။ အိပ်မက်တွေကိုအကောင်အထည်ဖော်ကြမယ့် အိပ်မက်တွေဆီ အရောက်သွားကြမယ့်သူတွေမို့ စကားလုံး ၂ခုကို ပေါင်းပြီး Dreamveller ဆိုပြီး ပေါင်းလိုက်ရင်းက အဖွဲ့ထဲမှာ English & Italian Speaking Tour Guide လည်း ပါနေတာမို့ Vela ဆိုတဲ့ sail လို့ အဓိပ္ပာယ်ရတဲ့ အီတလီစကားလုံးကို စဉ်းစားမိပြီး နောက်ဆုံးမှာ Dreamvela ဆိုတဲ့စကားလုံးအတွဲအစပ်လေး ဖြစ်လာရတာပါ။

ဟိုနေ့က post လေးမှာ Dreamvela လေး အကြောင်းကို မေးခဲ့တဲ့အထဲမှာ ပါဝင်ကြသူတွေကို အထူးကျေးဇူးတင်ပါတယ်။ အားလုံးက အတွေးတူကြသလို သေသေချာချာ လေးလေးနက်နက် ပါဝင်ပေးကြလို့ ဝမ်းသာပါတယ်။

အဲဒီထဲမှာ ဖုန်းဘေ ၃၀၀၀ မေတ္တာလက်ဆောင် ပေးမယ့်နှစ်ယောက်ကတော့

Thet Khaing နဲ့
Mee Shwe Yu

အကောင့်ပိုင်ရှင် နှစ်ယောက်ကို Dreamvela Squad က ရွေးချယ်လိုက်ပါတယ်။

ကျန်အကောင့်ပိုင်ရှင်များဖြစ်ကြတဲ့

Shan Paung
Phyo Kay Khaing
Swe
Chan Myat Phyo
Thauk
Khant Kay Thwe

တို့ရဲ့ အတွေးနဲ့အရေးလေးတွေကလည်း ကောင်းမွန်နေတာကြောင့် ဖုန်းဘေ ၁၀၀၀ ဆီ မေတ္တာလက်ဆောင် ပေးပါရစေနော်။

ဒါကြောင့်မို့ Eternal Memo ရဲ့ Message Box မှာ ထည့်ပေးရမယ့် ဖုန်းဘေအမျိုးအစားနဲ့ ဖုန်းနံပါတ်ကို လာပြောပေးပါနော်။

နောက်များမှာလည်း ဒီလို post လေးတွေ ဆက်လာဖို့ ရှိသေးတာမို့ ETERNAL MEMO ရဲ့ Page လေးကို Like & See First လုပ်ထားဖို့ ပြောပါရစေနော်...။

ချစ်ခြင်းများစွာဖြင့်

Dreamvela Squad

ETERNAL MEMO Travel

ကဲကဲ ဒီတစ်ခါ Quizzzzzz လေးဖြေရင်း ဖုန်းဘေလ်လက်ဆောင်ယူကြရအောင်လေ။🤑🤑 💰 💰 စကားလုံးအတွဲအစပ်လေးတွေက ကိုယ့်အတွက် ခံစားမှု ရသတွ...
28/06/2020

ကဲကဲ ဒီတစ်ခါ Quizzzzzz လေးဖြေရင်း ဖုန်းဘေလ်လက်ဆောင်ယူကြရအောင်လေ။🤑🤑 💰 💰

စကားလုံးအတွဲအစပ်လေးတွေက ကိုယ့်အတွက် ခံစားမှု ရသတွေကို ပေးစွမ်းတာ ခံစားဖူးကြမှာပါ။ သီချင်းတွေထဲက
မျက်ဝန်းလဲ့ပြာပြာ ဆိုတဲ့ စကားလုံးကို နားထဲစွဲပြီး မျက်ဝန်းဝိုင်းဝိုင်းနဲ့ ကောင်မလေးကို ရင်ခုန်ဖူးတယ်။ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး ဆိုတာ
နားထောင်ပြီး ဆံပင်ရှည်ရှည် ကောင်မလေးကို စိတ်ကူးယဉ်ဖူးတာပေါ့။ သူငယ်ချင်းမလေးကို ကြိတ်ခိုက်ခဲ့တော့ သူငယ်ချင်းချစ်သူတို့ အဖြူရောင် သူငယ်ချင်း သီချင်းတွေကို မပြတ်ညဉ်း မိပြန်ရော။

ငွေသော်တာရောင်ခြည် ကို နားထောင်မိတော့ ဆရာမလေးတွေကို တင်စားတယ်ထင်ပြီး ဆရာမလေးတွေပေါ် ကြည်နူးစိတ်တွေ ယိုဖိတ်နေရာက သမိုင်းနောက်ခံကြီးပြီး အနှိုင်းခံအမှန်ကိုသိတော့မှ သူနာပြုဆရာမ လှလှလေးတွေကို ရင်ခုန်ချင်လာပြန်ရော။ ငွေသော်တာရောင်ခြည် ဆိုတဲ့ စကားလုံးလေးရဲ့ အစွမ်းပေါ့။

နောက်ဆုံးတင်ခဲ့တဲ့ post ထဲက စာကြည့်တိုက်နာမည်ရဲ့ စကားလုံးအတွဲအစပ်ကိုပဲကြည့်။ " လောကအမွန် " တဲ့ ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပာယ်ပြည့်ဝပြီး ချစ်ဖို့ကောင်းအောင် ပေးတတ်လိုက်တာလို့ တွေးမိတယ်။

သတိထားမိကြလားတော့မသိဘူး။ Eternal Memo ရဲ့ တင်ခဲ့တဲ့ post တွေမှာ ထည့်ထည့် ရေးထားတဲ့ Dreamvela ဆိုတဲ့ စကားလုံးလေးကိုလေ။ သတိထားမိတဲ့သူအချို့က ဘာအဓိပ္ပာယ်လဲလို့ လာလာမေးကြတယ်။ Dreamvela ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကို Eternal Memo က ပြောမပြခင် မိတ်ဆွေတို့က ဒီစကားလုံးလေးအပေါ် ဘယ်လိုနားလည်ထားသလဲဆိုတာ သိချင်စိတ်လေး ပေါ်လာပါတယ်။ Dreamvela ဆိုတာ သိလွယ်တဲ့ စကားလုံးလေးတစ်ခုလို့ ထင်ပါတယ်။ ဒီစကားလုံးလေးအပေါ် ဘယ်လို ခံစားမိသလဲ ဆိုတာကတော့ တူချင်မှ တူမှာပေါ့လေ။ ဒီတော့ မိမိရဲ့အတွေးလေးကို Comment မှာ ဝင်ရေးပေးကြည့်စေချင်ပါတယ်။ Eternal Memo ရဲ့ အတွေးနဲ့ တူတဲ့သူ နှစ်ယောက် (၂ယောက်) ကို လက်ဆောင် ဖုန်းဘေ 3000 လက်ဆောင်ပေးပါရစေ။

ဒီတော့
1. ဒီ post လေးကို Like လေးနှိပ်
2. Comment မှာ Dreamvela ဆိုတာ ဘာအဓိပ္ပာယ် ထင်လဲ ရေး
3. ပြီးတော့ Dreamvela နဲ့ ပတ်သက်ပြီး စိတ်ထဲ ဘယ်လို အတွေးပေါ်မိလဲ ဆက်ပြီး ရေးပလိုက်ပါတော့နော်.......

အပန်းမကြီးရင် SHARE လေး နှိပ်ပြီး ကိုယ့်သူငယ်ချင်းတွေကိုပါ ခန့်မှန်းဖို့ ဖိတ်ခေါ်လိုက်ဖို့လည်း တောင်းဆိုချင်ပါရဲ့နော်...။

လာမယ့် အင်္ဂါနေ့ (၃၀-၆-၂၀၂၀) ည ၉ နာရီ နောက်ဆုံးထားပြီး မန့်ပေးကြပါနော်။ လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ ဖုန်းဘေ 3000 လက်ဆောင်ပေးမှာမို့ အမြန်ဆုံး မန့်ပေးကြပါဦး။

Thanks for your reading...

Dreamvela Squad

ETERNAL MEMO Travels & Tours

ဧည့်လမ်းညွှန်လေး မေမိုးသန္တာသူ ခေါ်သွားမယ့် Yangon City Tour အကြောင်းအပိုင်း (၃)Second date က ဘယ်နေရာများဖြစ်မလဲလို့ ကျွ...
24/06/2020

ဧည့်လမ်းညွှန်လေး မေမိုးသန္တာသူ ခေါ်သွားမယ့် Yangon City Tour အကြောင်း

အပိုင်း (၃)

Second date က ဘယ်နေရာများဖြစ်မလဲလို့ ကျွန်တော်ဖြင့် စိတ်ကူးယဥ်လိုက်ရတာ။ ချိန်းမယ့်ချိန်းတော့ စာကြည့်တိုက် တဲ့။ ကိုယ့်အတွေးနဲ့ကိုယ်ကတော့ ရုပ်ရှင်ရုံထဲမှာ ပြောင်းဖူးပေါက်ပေါက်တစ်ဘူးတည်း နှစ်ယောက်နှိုက်စားရင်း လက်ချင်းထိမိတာမျိုး။ ရွှေတိဂုံဘုရား ရင်ပြင်ပေါ် မေ ဘုရားရှိခိုးနေတဲ့ပုံလေးကို ငေးကြည့်တာမျိုး စဥ်းစားထားတာ။ အခု စာကြည့်တိုက်ဆိုတော့ ဘယ်လိုမှ ro လို့ မရတော့ဘူး။

" လောကအမွန် " စာကြည့်တိုက် တဲ့။ နာမည်လေးကတော့ မဆိုးဘူး၊ ချစ်စရာလေး။ ကျွန်တော်ဖြင့် မြို့ထဲမှာ ဒီလိုနာမည်နဲ့ စာကြည့်တိုက်လေးရှိတာကို မကြားမိပေါင်ဗျာ။ ဒါနဲ့ ဘယ်နေရာမှာ ရှိလဲလို့ မေ့ကို မေးကြည့်တော့မှ

" ၃၉လမ်း၊ အောက်ဘလောက်မှာလေ... "

"ဟင်... အဲဒီလမ်းကို ကို ရောက်ဖူးပါတယ်၊ မေ ပြောတဲ့ စာကြည့်တိုက်တော့ မတွေ့မိဘူး "

" ဟင်း သူက ဘယ်ကောင်မလေးကို ငမ်းနေလဲမှ မသိတာ... ထားတော့... မေ ပြောပြမယ်... ဆူးလေးကနေ လာမယ်ဆို စာပေဗိမာန်ရှိတဲ့ ကုန်သည်လမ်းအတိုင်း အရှေ့ဘက်ကို ဆက်လျှောက်လိုက်ရင် ၃၉ လမ်း အောက်ဘလောက်ထိပ်ကို ရောက်မယ်... လမ်းထိမ်မှာ ကွမ်းယာဆိုင်လေးတို့ ထမင်းဆိုင်လေးတို့ ရှိတယ်... လမ်းထဲဝင်လိုက်လို့ အလယ်လောက်ရောက်ရင် ဘယ်ဘက်မှာ တိုက်ခန်းတွေတွေ့လိမ့်မယ်... ဒါဆို အပေါ်ကို မော့ကြည့်လိုက်... "

" ဪ... ဟုတ်သားပဲ... ကို က အပေါ်မော့မကြည့်မိတာ... "

" ကြားဖြတ်မပြောနဲ့ဦးလေ... မေ ပြီးအောင် ပြောဦးမယ်... ကို ကလည်း... "

" ဟုတ်ပါပြီ ဗျာ... ပြောပြော မေလေးပြော... "

" အမလေး... မေ ဆိုရင် ရပါပြီ... ကဲ ထားတော့... တိုက်ခန်းတွေပေါ်ကို မော့ကြည့်လိုက်ရင် ပထမထပ်မှာ ' လောကအမွန် ရည်ညွှန်းစာကြည့်တိုက် ' ဆိုတဲ့ ဆိုင်းဘုတ်မှိန်မှိန်လေးကို တွေ့ရင် တက်သွားလိုက်... ဒါဆို မနက်ဖြန် နေ့လယ် ၂ နာရီ တွေ့မယ်နော်... "

" အိုကေ အိုကေ... "

" See you နော် ဖုန်းချလိုက်တော့မယ်... ဒါပဲ... "

ရန်ကုန်ရဲ့နေက ဒီနေ့မှ ပိုပူနေသလို။ ဗိုင်းရပ်စ်တွေဘာတွေ နေရောင်ထိရင် သေတယ်ဆိုတာ ဟုတ်မယ်။ ထီးရိပ်လွတ်လို့ နေရောင်ထိလိုက်ရင် စပ်ဖျဥ်းဖျဥ်းနဲ့။ ၃၉ လမ်းထိပ်ကို ချိုးကွေ့လိုက်တာနဲ့ တစ်ခေါ်လောက်အကွာမှာ မေ့ကို ဘွားခနဲ လှမ်းတွေ့လိုက်တယ်။ အဝါရောင်ဂါဝန်ကလေးကို ဝတ်လို့။ လွင့်ဝဲသွားတဲ့ ဂါဝန်အနားစလေးကို ၃ စက္ကန့်လောက် ငေးနေမိရင်းက သတိပြန်ဝင်လာပြီး

" မေ ရေ... မေ.... "

ကျွန်တော် လှမ်းအော်တာကို မေ ကြားလိုက်တယ်ထင်တယ်။ ကျွန်တော့်ဘက်ကို ရုတ်တရက် မေ လှမ်းကြည့်လိုက်ပုံလေးက အခုအခံမဲ့တဲ့ ကျွန်တော့်အတွက် ခံစစ်ပေါက်သွားသလိုပါပဲ။ နှလုံးသားထဲထိ ဂိုးဝင်သွားပေါ့။ မေ့ရဲ့ လှိုင်းတွန့်ဆံနွယ်လေးတွေ နောက်ကို ကျွန်တော့် မျက်လုံး ပါမသွားအောင် အစွမ်းကုန် ထိန်းလိုက်ရင်း...

" ကို ပါ... မေ ခဏစောင့်ဦးနော်... "

" အင်းပါ... ဖြည်းဖြည်းလာခဲ့နော်... "

မေ့ဆီ လမ်းမြန်မြန်လျှောက်သွားရင်း လက်က နာရီကို ကြည့်မိတော့ ၂ နာရီထိုးဖို့ ၁၅ မိနစ် အလို... ။ ဧည့်လမ်းညွှန်လေး မေ က အဲဒီလို အချိန်လေးစားတာ...။

" အစ်မ... ညီမ ဝင်ခဲ့မယ်နော်... "

" ဪ ညီမလေး မေ လား ... လာခဲ့လေ...ဝင်ခဲ့ဝင်ခဲ့... ဪ... သူငယ်ချင်းပါ ပါတာကိုး... "

အဲဒီမှာ ကျွန်တော် က

" ဟာ... ကျွန်တော် က မေ့သူငယ်ချင်း မဟုတ်ဘူး အစ်မ... ကျွန်တော်ကလေ မေ့ရဲ့..... အ... အ... "

ကျွန်တော့်ဗိုက်ဆီ ဝင်လာတဲ့ မေ့ရဲ့လက်ကို ရှောင်ချိန်မရလိုက်တော့....

" ညီမလေးရယ် သိပ်မလုပ်ပါနဲ့... ဒီလောက်ဆို အစ်မလည်း သဘောပေါက်ပါတယ်... "

" မရဘူး အစ်မရေ... သူက နည်းနည်း ကဲချင်တယ်... ဒါတောင် second date ပဲ ရှိသေးတယ်... ဟင်း... "

ကျွန်တော်လည်း ဗိုက်ခေါက်ကို ပွတ်ရင်း...

" မေ ကလည်းကွာ... ကိုက ဒီအတိုင်းပဲ ပြောပြမလို့ကို... "

" ကဲ ကဲ ဒီသမီးရည်းစားတွေ တော်ကြပါတော့... ကဲ ညီမလေး စာအုပ်လာအပ်တာ မလား... ဘယ်စာအုပ်တွေ ထပ်ငှားဦးမလဲ... "

" ဟုတ်တယ် အစ်မ... ညီမကလေ.......... "

သူတို့နှစ်ယောက်ကို ခဏလွှတ်ထားပြီး စာကြည့်တိုက်လေးကို သေချာကြည့်မိတယ်။ စာအုပ်တွေ အများကြီးက တိုက်ခန်းလေးထဲမှာ အကန့်လိုက် အကန့်လိုက် ရှိနေတယ်။ သပ်သပ်ရပ်ရပ်လေး ပြီးတော့ ချစ်စရာလေး။ နေပူကြီးထဲကနေ ဒီထဲရောက်တော့ အေးသွားတာပဲ။ ငယ်ငယ်က စားဖူးတဲ့ ရောင်စုံရေခဲခြစ်လေးကိုတောင် သတိရသွားတယ်။ စာအုပ်တွေကလည်း နီ ဝါ ပြာ စိမ်း ။ အရောင်တွေ စုံလို့...။

ပြီးတော့ စာကြည့်တိုက်မှူး အစ်မကလည်း ကျွန်တော် တွေ့ဖူးသမျှ စာကြည့်တိုက်မှူးတွေနဲ့ မတူဘူး။ ဒီစာအုပ်လေးကို ဖတ်ကြည့်ပါလား။ ဟိုစာအုပ်လေးကတော့ ညီမကြိုက်လောက်တယ်။ ဒီစာအုပ်လေးကိုတော့ ဖတ်သင့်တယ်နော်။ ဒီစာရေးဆရာကိုတော့ အသစ်တွေထဲမှာ တော်တော်ကောင်းတာ သတိထားမိတယ် နဲ့။ မေနဲ့သူနဲ့ ပြောနေတာ ကျွန်တော်လည်း စိတ်ဝင်စားလို့ လိုက်နားထောင်မိတယ်။ စေတနာပါတယ်လို့ ပြောရမယ်။ ဖတ်ချင်တဲ့စာအုပ်ကိုလည်း စိတ်ရှည်ရှည်နဲ့ လိုက်ရှာပေးတယ်။ ကျွန်တော်လည်း ဒီလို စာအုပ်လည်း စုံ၊ စိတ်ရှည်ပြီး စာလည်းဖတ်တဲ့ စာကြည့်တိုက်မှူးမျိုးရှိတဲ့ ဒီလိုစာကြည်တိုက်လေးရှိနေတာကို အသိနောက်ကျလေခြင်းလို့ တွေးမိတယ်။

အဲဒီနေ့က စာအုပ်တော့ မငှားဖြစ်ခဲ့ဘူး။ စာကြည့်တိုက်ကတ်ပဲ လုပ်ခဲ့လိုက်တယ်။ ဒါပေမဲ့ သူတို့ဆီမှာ စာအုပ်ဘူဖေး အသေးစားလေး တစ်ခုရှိတယ်တဲ့ဗျာ။ ဘယ်သူမဆို တစ်ခါရောက်ရင် တစ်အုပ် အခမဲ့ ယူနိုင်တယ် တဲ့။ စာအုပ်လေးတွေ ၃၊ ၄ မျိုးရှိတယ်။ ဖြစ်နိုင်ရင် တစ်နေ့ထဲနဲ့ ၃၊ ၄ ခေါက် လာလိုက်ချင်တယ်ဗျာ။ တကယ့်ကို အဆင်ပြေတဲ့ စာကြည့်တိုက်ကလေးပေါ့။ ကျွန်တော်တော့ ဒီစာကြည့်တိုက်လေးဆီ ဒီတစ်ပတ်ထဲ ထပ်လာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒီလို covid 19 ဖြစ်ပွားနေတဲ့ အချိန်ကာလမှာ  တတ်နိုင်သမျှ အိမ်မှာနေထိုင်ခြင်းဟာ အကောင်းဆုံး ကာကွယ်ခြင်းဖြစ်ပါတယ်။ အပြင်ထွက...
22/06/2020

ဒီလို covid 19 ဖြစ်ပွားနေတဲ့ အချိန်ကာလမှာ တတ်နိုင်သမျှ အိမ်မှာနေထိုင်ခြင်းဟာ အကောင်းဆုံး ကာကွယ်ခြင်းဖြစ်ပါတယ်။ အပြင်ထွက်မယ်ဆိုရင်လည်း နှာခေါင်းစည်း face mask များ တပ်ကြဖို့ လိုပါတယ်။

ကျွန်တော်တို့ Dreamvela အဖွဲ့သားတွေကတော့ နှာခေါင်းစည်း mask တွေ အပြည့်အစုံ နဲ့ လက်သန့်ဆေးတွေပါ ယူပြီးတော့ နေရာလေးတစ်ခုဆီ ခရီးတိုလေး ထွက်ခဲ့ကြပါတယ်။

အဲဒီ နေရာလေးကတော့ ကျိုက်ကလဲ့ ကျိုက်ကလော့ ဘုရားနှစ်ဆူဆီ သွားခဲ့ကြတာပါ။

ကျိုက်ကလဲ့ ကျိုက်ကလော့ စေတီ၂ဆူလုံးဟာ မင်္ဂလာဒုံမြို့နယ်မှာရှိပါတယ်။ မြို့ထဲက ဆူးလေကနေ လာမယ်ဆို ကားမပိတ်ရင် တစ်နာရီလောက်ပဲ သွားရတဲ့ခရီးပါ။ YBS 37 ကို စီးပြီး ကျိုက်ကလဲ့မှတ်တိုင်မှာ ဆင်းလိုက်တာနဲ့ မြို့ပြင်ရောက်သွားတဲ့ အငွေ့အသက်ကို ခံစားမိမှာပါ။ ဘုရား၂ဆူထဲမှာ ကျိုက်ကလဲ့ ဘုရားက လူအရောက်အပေါက် ပိုနည်းပါတယ်။

သမိုင်းဝင်ကျိုက်ကလဲ့စေတီတော်ဆိုတဲ့ မုခ်ဦးကလေးကနေ ကျော်ဖြတ်လို့ စောင်းတန်းနီဝါတစ်လျောက် ခြေညောင်းဆန့်လိုက်တာနဲ့ မိုးရဲ့အငွေ့အသက် မြေသင်းနံ့ကလေးက ပျံ့လွင့်လာမှာ အသေအချာပါပဲ။ စောင်းတန်းတစ်လျောက် လမ်းလျှောက်သွားရင်း ဘုရားရင်ပြင်ပေါ်မတက်ခင် ဘယ်ဘက်က စားသောက်ဆိုင် အသေးလေးတွေရဲ့အလွန် နတ်နန်းတွေရဲ့ဘေးမှာ တိမ်ကြားမင်းခေါင်ဂူဗိမာန်သို့ လို့ လမ်းညွှန်ထားတဲ့ ဆိုင်းဘုတ်ကလေး တွေ့တယ်။ ဆင်းသွားလိုက်တော့ ဓာတ်ပုံရိုက်လို့ ကောင်းတယ်ဆိုတာ တွေ့ရပါတယ်။ မိုးတွင်းဆိုတော့ ရေတွေနဲ့မို့ သတိတော့ထားစေချင်ပါတယ်။ လှေကားလေးတစ်လျောက် ဆင်းသွားရင်း ကန့်လန့်ဖြတ် သမံတလင်းခင်းထားတဲ့လမ်းကလေးကို ရောက်ပါတယ်။ ညာဘက်မှာတော့ လမ်းညွှန်ဆိုင်းဘုတ်ထဲက အတိုင်း ဂူဗိမာန်ကို တွေ့ရမှာပါ။ ဘယ်ဘက်ကို ချိုးလိုက်ရင်တော့ သစ်ပင်ဝါးပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းအောက်မှာ တည်ထားတဲ့ စေတီလေးတွေကို ဘယ်ရောညာမှာပါ တွေ့ရပါတာ်။ စေတီတွေဆီ ရောက်အောင်မသွားသေးဘဲ လမ်းအလယ်လောက်မှာဆို ဓာတ်ပုံရိုက်လို့ကောင်းပါတယ်။ တောလမ်းကလေးထဲမှာ လမ်းလျှောက်နေသလိုပါပဲ။ စေတီလေးတွေဆီ ရောက်သွားရင် သစ်ပင်တွေပေါ်ကနေ တွဲလောင်းချိတ်ဆွဲထားတဲ့ ဆည်းလည်းကလေးတွေကို တွေ့ရပါတယ် ။ မိုးတွင်းလည်း ဖြစ်၊ သစ်ပင်တွေလည်း အုံ့ဆိုင်းနေတာမို့ ခြင်တွေတော့ ရှိပါတယ်။ အဲဒီမှာ ဓာတ်ပုံရိုက်လို့ ဝလို့ လာရာလမ်းအတိုင်း ဘုရားရင်ပြင်ပေါ် တက်လိုက်ပါမယ်။

ရင်ပြင်ပေါ်အတက် လှေကားရင်းမှာ စံပယ်ပန်းကုံးလေးတွေ ရောင်းနေတဲ့ ပန်းသည်လေးတွေကို တွေ့တယ်။ ဧည်သည်တွေကို မြင်လိုက်ရတော့ သူတို့မျက်နှာပေါ်မှာ မျှော်လင့်ခြင်း အရိပ်အယာင်တွေ အပြိုင်းအရိုင်း ပွင့်လန်းလို့။ စျေးရောင်းမကောင်းလို့ ဝယ်သွားပါဦးဆိုပြီး ညှိုးနေတဲ့ စံပယ်ပန်းကုံးလေးတွေ ထိုးရောင်းနေတဲ့ ကလေး​လေးရဲ့ တောင်းဆိုမှုကို မငြင်းပယ်နိုင်ခဲ့ဘူး။ အားလုံးခက်ခဲနေတာ သေချာတာပဲမို့ တတ်စွမ်းသလောက်တော့ အားပေးလိုက်ခဲ့ပါတယ်။

အာရုံခံတန်ဆောင်းထဲမှာ ဝတ်ဖြည့်ပြီးလို့ ရင်ပြင်တော်မှာ လက်ယာရစ်ပတ် လမ်းလျှောက်လိုက်တော့ တော်တော်သပ်သပ်ရပ်လေးဆောက်လုပ်ထားတဲ့ အစ်မတော် မြနန်းနွယ်ရဲ့နတ်နန်းလည်း ရှိပါသေးတယ်။ ယုံကြည်သူတွေအတွက် ဝင်ရောက် ဂါရဝပြုလို့ ရတာပေါ့ဗျာ။

ရှေ့ဆက် လျှောက်လိုက်တော့ အေးစေတီ ဆိုတဲ့ စေတီသေးသေးလေးတစ်ဆူကို တွေ့ရပါတယ်။ အေးစေတီ ဆိုတဲ့အတိုင်း မြင်တွေ့ရသူတွေကို အေးချမ်းသွားစေနိုင်ပါတယ်။ သပ္ပာယ်တယ် ဆိုတဲ့စကားမသုံးဘဲ ချစ်စရာလေးလို့ ပြောချင်ပါတယ်။ ဆက်လျှောက်လိုက်မယ်ဆိုရင် ဆင်ရုပ်ကလေးတွေရှိတဲ့နေရာကို ရောက်ပါတယ်။ အဲဒီနေရာက ဓာတ်ဖမ်းလို့ကောင်းတဲ့နေရာပါပဲ။ ဆင်ရုပ်လေး၂ကောင်ရဲ့ ကြားမှာ နှစ်သက်ရာကိုယ်နေဟန်ထားနဲ့ ဓာတ်ဖမ်းလို့ရကြောင်းပါ။ ရင်ပြင်တစ်ပတ်ပြည့်ပြီးလို့ ဘုရားဖူးလို့လည်း ဝ၊ ဓာတ်ဖမ်းလို့လည်း အားရရင် ကျိုက်ကလဲ့ စေတီလေးကနေ ထွက်ခွာခဲ့ကြပါတယ်။

နောက်ထပ်သွားမယ် ကျိုက်ကလော့ စေတီဟာ ကျိုက်ကလဲ့ နဲ့ မနီးမဝေးမှာရှိတာမို့ YBS နဲ့ဆို တစ်မှတ်တိုင်ပဲ စီးရမှာပါ။ ကျိုက်ကလော့ စေတီကိုရောက်လို့ မုခ်ဝကို ကျော်လိုက်ရင် ဘက်ဘက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကလေးက ခုံပုလေးတွေနဲ့ ထိုင်ချင်စရာလေးပါ။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေးပါ။ ကျွန်တော်တို့သူငယ်ချင်းတွေကတော့ ထမင်းသုပ်နဲ့ ကြက်ဥမွှေကြော် လွေးခဲ့ပါတယ်။ Self service ရေနွေးကြမ်းလေးလည်း သောက်လို့ကောင်းပါတယ်။ ဆိုင်နေရာလည်း ကျယ်တာမို့ ထိုင်လို့ပြုလို့ စကားပြောလို့လည်း ကောင်းပါတယ်ဗျာ။

စကားပြောလို့အပြီးမှာ ကျိုက်ကလော့စေတီရဲ့ မှန်စီရွှေချစောင်းတန်းလေးတစ်လျောက် လမ်းလျှောက်ကြပါတော့တယ်။ စောင်းတန်းလေးအဆုံး ဘယ်ဘက်ကွေ့ပြီး ရင်ပြင်ပေါ်တက်တဲ့ လှေကားရင်းက စံပယ်ပန်းကုံးလေးတွေကိုလည်း အားပေးခဲ့ပါသေးတယ်။ အာရုံခံတန်ဆောင်းထဲမှာ ဝတ်ဖြည့်အပြီး ရင်ပြင်ကျယ်ကျယ်ပေါ်က သစ်ပင်ရိပ်ကလေးမှာ အမောဖြေအနားယူရင်း ခဏနားခဲ့ကြပါတယ်။ ရင်ပြင်ပေါ် လက်ယာရစ်တစ်ပတ်ကျော်မှာ ထိုင်းခရီးသွားတွေ အလာများတဲ့ ထိုင်းမင်းသမီး ဆုပန်ကလျာရဲ့ နတ်နန်းလေးရှိပါတယ်။ အရိုးအိုးလေးတွေပါ ရှိနေတာမို့ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီဘုရား၂ဆူရဲ့ သမိုင်းကြောင်းအကျဥ်းလေးကို အောက်မှာ ဆက်ဖတ်ပေးပါခင်ဗျာ။

ဒီဘုရားနှစ်ဆူအကြောင်းပြောရရင် သမိုင်းကြောင်းအရ ဒေဝယက္ခဘီလူးကြီးနဲ့ ကဿပမြတ်စွာဘုရားရှင်တို့ တန်ခိုးအားပြိုင်ခဲ့ရာ နေရာတွေပါတဲ့။ ကဿပမြတ်စွာဘုရားက ဟိမဝန္တာတောင်တန်းတွေဆီကို ဒေသစာရီအကြွမှာ ဒေဝယက္ခဘီလူးကြီးနဲ့ တွေ့သတဲ့။ ဘီလူးကြီးက ဘုရားကို သာမာန်လူအမှတ်နဲ့ ဖမ်းစားဖို့ ကြံရွယ်ပါသတဲ့။ ဘယ်လိုမှ ဖမ်းလို့လည်း မရရော ပုန်းတမ်းလိုက်တမ်း တန်ခိုးချင်းပြိုင်ဖို့ ဘီလူးကြီးက တောင်းဆိုပါလေရော။ ဘီလူးကြီးရဲ့စည်းမျဥ်းက မြတ်စွာဘုရား နိုင်ခဲ့ရင် သွားခွင့်ပေးမယ်။ ဘာမှမလုပ်ဘူး။ အဲ... သူနိုင်ခဲ့ရင်တော့ ရွှေလိုဝင်းသစ်... အသားတစ်ကို... စားပစ်မယ်ပေါ့လေ။ ကြောက်ခမန်းလိလိပါလား။ ဒီလိုနဲ့ ပြိုင်ကြပြီပေါ့လေ။ ဘီလူးကြီး ပုန်းခိုတဲ့နေရာကို မြတ်ဘုရားရဲ့ ဒိဗ္ဗစက္ခုနဲ့ ရှုလိုက်တော့ မဟာသမုဒ္ဒရာကြမ်းပြင်အောက်မှာ ငုတ်တုတ်ကလေးတဲ့ဗျာ။ မြတ်ဘုရားရဲ့ အလှည့်ရောက်တော့ ဘီလူးကြီးရဲ့ မျက်ခုံးမွှေးပေါ် စင်္ကြံ လျှောက်နေတော့ မမြင်မိဘဲ အရှုံး​ပေးလိုက်ရရောတဲ့။ နောက်ဆုံးကျ ဘီလူးကြီးလည်း ဘုရားရဲ့တရားကို နာယူလို့ အကျွတ်တရားရသွားခဲ့တာပေါ့။ ကဿပမြတ်စွာဘုရား ပုန်းအောင်းတဲ့နေရာကို မွန်ဘာသာနဲ့ "ကလဲ့" လို့ခေါ်ပြီး ဘီလူးကြီး အရှုံးပေးတဲ့နေရာကို မွန်ဘာသာနဲ့ "ကလော့" လို့ ခေါ်တွင်ပါတယ်တဲ့။

ကဲ... စာလေးလည်း တော်တော်ရှည်သွားပြီမို့ ဒီလောက်နဲ့ပဲ နားလိုက်ပါတော့မယ်။

နောက်လည်း ဘယ်လိုနေရာလေးတွေကို ကျွန်တော်တို့ Dreamvela တွေ သွားကြဦးမလဲဆိုတာ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။

မကြာခင်အချိန်အတွင်းမှာလည်း Giveaway လေးတွေ ပေးမယ့်အစီအစဥ်တွေရှိတာမို့ ETERNAL MEMO ရဲ့ page လေးကို like & see first လုပ်ထားဖို့ မမေ့ပါနဲ့နော်။

ဧည့်လမ်းညွှန်လေး မေမိုးသန္တာသူ ခေါ်သွားမယ့် Yangon City Tour အကြောင်းအပိုင်း (၂)သူ့လက်ကလေးကို ကျွန်တော် ရုတ်တရက် ကိုင်လိ...
20/06/2020

ဧည့်လမ်းညွှန်လေး မေမိုးသန္တာသူ ခေါ်သွားမယ့် Yangon City Tour အကြောင်း

အပိုင်း (၂)

သူ့လက်ကလေးကို ကျွန်တော် ရုတ်တရက် ကိုင်လိုက်တော့ သူက ရုန်းမလိုဖြစ်သွားပြီးမှ ခုနလေးတင် အဖြေပေးထားတယ်ဆိုတာ သဘောပေါက်သွားလားမသိဘူး၊ မရုန်းတော့ဘူး။ ကျွန်တော်လည်း အောင်နိုင်သူတို့ရဲ့ ခြေလှမ်းမျိုးနဲ့ ကျဲကျဲကြီးလှမ်းပြီး မဟာဗန္ဓုလပန်းခြံဝင်းထဲ ဝင်သွားတယ်။ လှေကားလေး ၂ထစ် ၃ထစ်လောက် တက်လိုက်အပြီးမှာ မေက ပန်းခြံထဲ ဆက်မဝင်ဘဲ အပေါက်ဝမှာ ရပ်လိုက်တယ်။ ပြီးတော့...

( ပုံလေးတွေကို ထောက်ပြီး ဇာတ်လမ်းလေးကို ဆက်ဖတ်ကြပါဦးဗျာ...။)

2nd, 3rd & 4th photos credit to Yangon Time Machine website






ဘဝတစ်သက်မှာ လူတိုင်း မဖြစ်မနေကြုံရတာ တစ်ခုရှိပါတယ်။ ပထမဦးဆုံး ဆိုတဲ့ အတွေ့အကြုံပါပဲ။ " ပထမဦးဆုံး” ဆိုတဲ့အရာတွေဟာ  နှလုံး...
19/06/2020

ဘဝတစ်သက်မှာ လူတိုင်း မဖြစ်မနေကြုံရတာ တစ်ခုရှိပါတယ်။ ပထမဦးဆုံး ဆိုတဲ့ အတွေ့အကြုံပါပဲ။ " ပထမဦးဆုံး” ဆိုတဲ့အရာတွေဟာ နှလုံးသားထဲမှာ စွဲထင်စိမ့်ဝင် ပြီး နေရာယူထားကြမှာပါ။

အချစ်ဦး၊ ပထမဦးဆုံး အလုပ်၊ ပထမဦးဆုံး အင်တာဗျူး၊ ပထမဦးဆုံးခရီး၊ ပထမဦးဆုံး အတွေ့အကြုံ၊၊ ပထမဆုံးအခေါက်၊ ပထမဆုံးခွဲခွာရခြင်း စသဖြင့် ပေါ့လေ။ အဆင်ပြေတယ် မပြေတယ် လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ပြန်စဉ်းစားမိရင် ပြန်ပြောကြရင် စိတ်ခံစားချက် တစ်စုံတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။

ရင်ခုန်ခဲ့တာက မရိုးမရွကလေး ပြန်ဖြစ်မလား။ စိတ်ညစ်စရာကြုံခဲ့တာက ပြန်တွေးလိုက်တော့ ရယ်စရာဖြစ်သွားမလား။ အခက်အခဲတွေက အတွေ့အကြုံယူစရာဖြစ်ရင် ဖြစ်နေမှာမဟုတ်လား။ ပျော်စရာတွေဖြစ်ခဲ့ရင်တော့ ပြန်တွေးတိုင်း ပြုံးမိနေမှာ သေချာတယ်။

ပထမဦးဆုံးဆိုတာ ပျောက်ကွယ်ဖို့ မလွယ်သလို မသိစိတ်မှာ အသွင်ပြောင်း ခိုအောင်းတတ်တဲ့ အမှတ်တရ တစ်မျိုးပါပဲ။ ဒီလိုပါပဲ Eternal Memo Travels & Tours Page စထောင်ချိန်မှာ အကြောင်းတိုက်ဆိုင်စွာ ဦးဦးဖျားဖျား Like & Follow လုပ်ပေးကြတဲ့ သူငယ်ချင်းတွေကို အမြဲ မှတ်မှတ်ရရ ဖြစ်နေမှာပါ။ အဲဒီလို Like & Follow ခဲ့ကြတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ အထူးအစီအစဉ်အဖြစ် တုံ့ပြန်လက်ဆောင်လေးတွေ ပြန်ပေးမယ့် Giveaway အစီအစဉ်လေးတွေ ပြင်ဆင်ထားပါတယ်ဆိုတဲ့အကြောင်း အသိပေးလိုက်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ မင်းခေတ် Character ကာတွန်းပုံလေးကို ကို ဖန်တီးပုံဖော်ပေးပါသော ညီလေး Kaung minn thant
( https://www.facebook.com/kaung.minnthant.58 ) ကို ကျေးဇူးတင်ရှိပါတယ်။

မင်းခေတ်ဇာတ်ကောင် ကာတွန်းပုံလေးကို Eternal Memo မှ အစဉ်အဆက် ကိုယ်ပိုင်အဖြစ် ဆက်လက်အသုံးပြုမှာ ဖြစ်တာကြောင့် တစ်ဆင့်ပြန်လည် အသုံးမပြုကြဖို့ ပန်ကြားပါရစေ။

ဧည့်လမ်းညွှန်လေး မေမိုးသန္တာသူ ခေါ်သွားမယ့် Yangon City Tour အကြောင်းအပိုင်း (၁)သူပြောလိုက်တာက တစ်ခွန်းတည်း။ ဂဏှာမငြိမ်ဖ...
18/06/2020

ဧည့်လမ်းညွှန်လေး မေမိုးသန္တာသူ ခေါ်သွားမယ့် Yangon City Tour အကြောင်း

အပိုင်း (၁)

သူပြောလိုက်တာက တစ်ခွန်းတည်း။ ဂဏှာမငြိမ်ဖြစ်နေတာက တစ်ညလုံးဖြစ်နေပြီ။
"အင်းလေ... မနက်ဖြန် တွေ့ကြတာပေါ့" တဲ့။

ချစ်ဖို့ကောင်းတဲ့ ဧည့်လမ်းညွှန်ကောင်မလေး။ အသက်တစ်နှစ်ပဲ ငယ်တော့ မခန့်လေးစားနဲ့။ ကိုယ်ကလည်း အသက်တစ်နှစ်ပိုကြီးတယ်ဆိုတဲ့ အားသာချက်ကို အသုံးချချင်နေတာ တစ်ပိုင်းကို သေနေတာပဲ။ ဒါပေမဲ့ သွားမလုပ်နဲ့ ကိုယ့်ဆရာ။ ဟိုနေရာဆိုလည်း သူမသိတာမရှိ။ ဒီနေရာဆိုလည်း သူကသိနေတာမျိုး။ တော်တော်လေးလည်း တော်ပါပေတယ်။ အဲဒီတော်တာလေးကိုပဲ ကျွန်တော်ကလေ ....၊ သဘောကျတယ် လို့ ပြောမလို့ပါဗျ။ သူ့ကို သူငယ်ချင်းတွေနဲ့ အပြင်မှာ တွေ့ဖူးပြီး မက်ဆင်ဂျာမှာ စကားတွေပြောဖူးကြတယ်။ ကိစ္စတစ်ခုခုအကြောင်းပြပြီး မရဲတရဲနဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ချိန်းခဲ့ဖူးတယ်။ မနက်ဖြန် ပထမဆုံး အပြင်မှာ တွေ့ကြရမှာမဟုတ်ပေမယ့် အဖြေပေးမယ်ပြောထားတော့ ရင်မခုန်ပဲ နေမလားဗျာ။

ပုံလေးတွေကို ဖိပြီး စာလေးတွေ ဆက်ဖတ်ပေးပါဦးနော်...







Address

Yangon
11031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Eternal Memo Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category