Gold Goal Travel - ဂိုဂိုးလ်ခရီးသွား

  • Home
  • Myanmar
  • Yangon
  • Gold Goal Travel - ဂိုဂိုးလ်ခရီးသွား

Gold Goal Travel - ဂိုဂိုးလ်ခရီးသွား PASSPORT အသစ်လျှောက်ခြင်း/သက်တမ်းတိုးခြင်း
Visa လျှောက်ခြင်း/Hotel/Flight/Car Rental Services များဆောင်ရွက်ပေးပါသည်

လေဆိပ်သွားရင် မျက်စိမလည်ဖို့ 📝နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြ...
22/07/2022

လေဆိပ်သွားရင် မျက်စိမလည်ဖို့ 📝

နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြမယ်ထင်တယ်၊ ကျွန်တော်တို့လို ခရီးခဏခဏ သွားတဲ့သူတွေတောင် ခုချိန်ထိ လေဆိပ်အတွင်း Sign တွေလိုက်ကြည့်ပြီးပဲ သွားရတာပါ။ Dubai, Doha နဲ့ Kuala Lumpur တို့လို Transit အဝင်အထွက်များတဲ့ Airport တွေဆို Terminal တစ်ခုနဲ့တစ်ခုကူးဖို့ လေဆိပ်အတွင်း Bus နဲ့ Mini Train တွေတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေဆိပ်တွေအားလုံးရဲ့ အဆင့်ဆင့်ဖြတ်ကျော်ပုံက အတူတူပဲမို့ အထောက်အကူဖြစ်အောင် ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။

အဆင့် (၇) ဆင့်ကို အလွတ်မှတ်ထားပါ

၁။ Check-in Counter သွားမယ်

အရင်ဆုံး ကိုယ့်လေယာဥ် ဘယ် Terminal ကစီးရမှာလဲ သိရမယ်၊ အဲ့တာကလည်း Flight Ticket ထဲ ပါမှာမို့ စိတ်ပူစရာမလိုပါ။ ထွက်ခွာဆို Departure ကိုသွားပြီး ဆိုက်ရောက်က Arrival ပါ။ Departure Terminal အတွင်း ကြိုက်တဲ့ Gate ကဝင်ပြီး အရင်ဆုံးလုပ်ရမှာ Airline Check-in Counter ရှာရပါမယ်၊ လေဆိပ်တွေမှာ အပေါက်ဝဝင်ဝင်ချင်း LED Board တွေနဲ့ ဘယ် Airline Counter ကတော့ ဘယ် Roll မှာ A, B, C စသဖြင့် ရေးထားလို့ အဲ့မှာကြည့်ပြီး Sign အတိုင်းလိုက်သွားပါ၊ ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ Counter တွေ့ရင် တန်းစီ Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ပါ။ Luggage အပ်တဲ့အခါ ကွဲတတ်တာတွေပါရင် တစ်ခါတည်းပြောပါ၊ Battery ပါတဲ့ Power Bank လို ပစ္စည်းတွေကတော့ ကိုယ်နဲ့အတူ လေယာဥ်ပေါ် Hand Carry သယ်သွားပါ။ မတော်တဆပါသွားခဲ့ရင် လေယာဥ်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ခေါ်ပြီး ပြန်လာထုတ်ခိုင်းလို့ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် လေယာဥ်ပါ Delay ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ပါ။ (ခုက Traditional နည်းပဲ ရေးထားပါတယ် Online နဲ့ Self Check-in နည်းတွေပါရေးရင် ရှည်သွားမှာမို့ ဒီလောက်ပဲမှတ်ထားရင် ရပါပြီ)

၂။ Immigration ဖြတ်မယ်

Check-in ဝင်ပြီးပြီဆို ကိုယ်လေယာဥ်စီးရမယ့် လက်မှတ် Boarding Pass ရလာပါမယ်၊ အဲ့တာရပြီးပြီဆို လူဝင်မှုကြီးကြပ်ရေး Immigration ဆိုပြီး ရဲပုံလေးနဲ့ Sign နောက်ကို သွားပါ၊ ဒါမှမဟုတ် To Gates ဆိုတာနောက် လိုက်သွားလည်း ရပါ၏၊ ကိုယ်ဒီနိုင်ငံက ထွက်ခွာသွားပြီဆိုတဲ့ တုံးထုပေးဖို့ပါပဲ စိတ်ပူစရာမလို ကြောက်စရာမလို။ ကိုယ်သွားမယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လိုတယ်ဆို ဒီနေရာမှာ စစ်ပါတယ်၊ မြန်မာပြည်က Departure Card ဆိုတာ ဖြည့်ရလို့ Check-in Counter မှာရလာတဲ့ Card ကိုဖြည့်ပြီး Immigration မှာပေးခဲ့ပါ။

၃။ Security စစ်မယ်

Immigration ကို ဖြတ်လာပြီးရင်တော့ လေယာဥ်စီးရမယ့် Gate တွေကို မရောက်ခင် ကိုယ့်ကိုရော လေယာဥ်ပေါ်ယူသွားမယ့် Hand Carry ကိုပါ Security စစ်ပါမယ်၊ ဒီနေရာမှာ အရည်ပါတဲ့ပစ္စည်းတွေ 100ml ထက်ပိုပြီး သယ်မရပါ Skincare ဘူးကြီးတွေဆိုလည်း အကုန်ထားခဲ့ရမှာမို့ Luggage အကြီးထဲထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့။ လိုအပ်ချက်ပေါ် မူတည်ပြီး ဖိနပ်၊ ဦးထုပ်၊ အနွေးထည်နဲ့ ခါးပတ်တွေပါ ချွတ်ခိုင်းမှာမို့ သူတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး အစစ်ဆေးခံပါ။

၄။ စီးရမယ့် Gate ရှာမယ်

ဒီနေရာကို ရောက်လာပြီဆို စိတ်နည်းနည်းအေးရပါပြီ... To Gates ဆိုတဲ့ ဆိုင်းဘုတ်တွေနောက် လိုက်သွားပါ၊ Boarding Pass ပေါ်က ကိုယ်စီးရမယ့် Gate နံပါတ်ကို လိုက်ရှာပြီး Boarding Time မခေါ်ခင်ထိ Duty Free Area ထဲ သွားချင်တဲ့နေရာသွားပြီး စျေးဝယ် မုန့်စား ကော်ဖီသောက်ရင်း စောင့်ဆိုင်းရုံပါပဲ။ တစ်ခုသတိထားရမှာက Last Minute မှ Gate ပြောင်းတတ်လို့ ကိုယ့် Gate ကိုတော့ အမြဲ Check နေပါနော်။

၅။ လေယာဥ်ပေါ်တက်မယ်

Boarding ခေါ်တဲ့အခါ အသံနဲ့ကြေငြာပါတယ်၊ အများအားဖြင့် Business Class က အရင်ဝင်ရပြီး Economy Class ကတော့ သူပြီးရင် ဝင်ရပါတယ်၊ လေယာဥ်အတွင်းရောက်ပြီဆို ကိုယ့်ရဲ့ Seat နံပါတ်အတိုင်း လိုက်ရှာပြီး ထိုင်ပါ။ ကိုယ် Window Seat ဆို ကိုယ့်နံပါတ်ဘေးမှာ လေယာဥ်ပြတင်းပေါက်ပုံလေး ပြထားပါလိမ့်မယ်၊ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ခုံပေါ့။

၆။ Immigration ဖြတ်မယ်

Landing ဖြစ်ပြီး လေယာဥ်ပေါ်က ပြန်ဆင်းရပြီဆို Arrival ဆိုတဲ့ Sign အတိုင်းလိုက်သွားပါ၊ အရင်ဆုံး Immigration ဖြတ်ရမှာအပြင် တခြားမရှိပါ၊ ကိုယ့်မှာပါတဲ့ စာရွက်စာတမ်းတွေပြ၊ Officer က တုံးထု၊ လိုအပ်တဲ့ Scan ဖတ်တာတွေလုပ် ပြီးရင် သူတို့နိုင်ငံအတွင်း ဝင်လို့ရပါပြီ။ လေဆိပ်သွားရင် သပ်သပ်ရပ်ရပ်ဝတ်စားသွားဖို့ အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ အရမ်းစကားပြောပါတယ်၊ ကိုယ့်ကိုမသင်္ကာရင် မသင်္ကာသလို ရစ်နိုင်လို့ ကိုယ်ကကြောက်နေတဲ့ပုံ မနေသင့်ပါဘူး၊ ပုံမှန်အားဖြင့်တော့ ဒီတိုင်းတုံးထုပေးပြီး မစစ်လိုက်တာများပါတယ်၊ ကျန်တာတော့ ကိုယ့်ကံပေါ့။

၇။ Baggage Claim မယ်

နောက်ဆုံးအဆင့်ရောက်ပါပြီ၊ Immigration က ထွက်တာနဲ့ ကိုယ့်ရဲ့ Flight က ဘယ်နံပါတ်မှာ Luggage တွေ ချပေးမလဲဆိုတာ ကြည့်ရမယ့် LED Board ကို ရှာပါ။ အဲ့မှာကြည့်ပြီး အထုပ်စောင့်ယူပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Sim Card ဝယ်၊ ကိုယ်ဆက်သွားမယ့်နေရာ ဆက်သွားနိုင်ပါပြီ။

ဒီအဆင့်တွေအားလုံးက ကျော်စရာလည်းမလိုသလို ကျော်လို့လည်း မရပါဘူး... စိတ်ချမ်းသာပြီး အရာရာ အဆင်ပြေတဲ့ ခရီးစဥ်တွေ ဖြစ်ကြပါစေခင်ဗျာ။
Credit

ဘန်ကောက်လေဆိပ်မှာ Tax Refund ထုတ်တဲ့အကြောင်းလေး ပါ💕💕💕ဘန်ကောက်မှာ Brand ပစ္စည်းဝယ်ရင် သူတို့ဆီမှာ VAT Refund ထုတ်ဖို့ ဘော...
17/07/2022

ဘန်ကောက်လေဆိပ်မှာ Tax Refund ထုတ်တဲ့အကြောင်းလေး ပါ💕💕💕
ဘန်ကောက်မှာ Brand ပစ္စည်းဝယ်ရင် သူတို့ဆီမှာ VAT Refund ထုတ်ဖို့ ဘောက်ချာ တောင်းလို့ရပါတယ်။ ကိုယ့် Passport ပေးလိုက်ရုံပါပဲ။ သူတို့ဘောက်ချာလေးတစ်ခု ပြန်ပေးလိုက်ပါမယ် အဲဒီဘောက်ချာကိုသိမ်းထားပါ။ သူက Refund ထုတ်တဲ့အခါ ပြန်သုံးရတာပါ။
ထိုင်းနိုင်ငံက သူ့နိုင်ငံအတွင်းမှာ Shopping လာတဲ့ နိုင်ငံခြားသား တွေကို အခွန်သက်သာ ဖို့အတွက် လေဆိပ်မှာ 7% ပြန်ထုတ် ပေးတာပါ။ 7% ဆိုပေမယ့် သူတို့ Processing ကြေးတော့ 1% လောက် နဲနဲ ထပ်ဖြတ်ပါသေးတယ်။ အပြည့်မရဘူးပေါ့နော်။
VAT ကောင်တာက သုဝဏ္ဏဘူမိလေဆိပ်ရဲ့ ဝင်ဝင်ခြင်း ညာဘက်ထောင့်ဆုံးမှာ ရှိပါတယ်။ VAT ဆိုတဲ့ စာလုံးအကြီးကြီးနဲ့ ကောင်တာပါ။
VAT ထုတ်ဖို့အတွက် ကိုယ်ထုတ်မယ့် ပစ္စည်းရဲ့ ဘောက်ချာ ကို လေဆိပ် အဝင် က VAT ကောင်တာမှာ တုံးထုရပါတယ်။ပစ္စည်းလဲ ထုတ်ပြရပါတယ်။ သူတို့စစ်ဆေးပြီးရင် ဘောက်ချာမှာ တုံးထုပေးလိုက်ပါတယ်။
သူတို့ဆီမှာ တုံးထုပြီးပြီဆိုရင် ကိုယ်စီးမယ့် Air Line မှာ Check in ဝင်ပါ။ ကိုယ် VAT ထုတ်မယ့် Luxury ပစ္စည်းကို Hand carry သယ်ပါ။ အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ အထဲက ငွေထုတ်ပေးမယ့် နေရာမှာလည်း အချို့ပစ္စည်းကိုထပ်ထုတ်ပြရပါတယ်။
ပစ္စည်းထပ်ပြရပါတယ်။ ထုတ်ချင်တဲ့ သူအနေ နဲ့ Handcarry ပဲ ဆွဲသွားပါ။Immigration ဖြတ်ပြီးရင် ကိုယ်စီးရမဲ့ Gate ကိုသွားတဲ့ လမ်းမှာ VAT Refund နေရာရှိပါတယ်။ စောသွားနိုင်ရင် အကောင်းဆုံးပါ။ တစ်ခါတစ်လေ ထုတ်ချင်သူများနေလို့ လေယာဥ်ချိန် ကပ်နေရင် မ မှီနိုင်ပါဘူး။
ကိုယ့်အလှည့်ရောက်ရင် Passport ပေးပြီး ခုနက တုံးထုလာတဲ့ ဘောက်ချာစာရွက်ရယ် ဝယ်လာတဲ့ပစ္စည်းကိုပြပါ။အမောင့်နဲ ရင် Cash ထုတ်ပေးပါတယ်။
ငွေအမောင့် များရင်တော့ ဘဏ်အကောင့်ထဲ ထည့်ပေးပါတယ်။ ဘဏ်အကောင့်မရှိရင် ကိုယ့်လိပ်စာပေးခဲ့ရင် Cheque ပို့ပေးပါတယ်။
Cheque ပို့ပေးတာကတော့ တစ်လကျော်ကြာနိုင်တာဖြစ်လို့ USD Bank အကောင့်ရှိတာပိုအဆင်ပြေ ပါတယ်။ ထိုင်းဘဏ်အကောင့်မရပါဘူး။ ပြည်ပ ဘဏ်အကောင့်ထဲပဲ ထည့်ပေးတာပါ။
Luxury Brand တွေနှစ်ခါပြခိုင်းတာ အကြောင်းရှိပါတယ်။VAT က Foreiger ပဲ ရခွင့်ရှိတာပါ။ ထိုင်းတွေက သက်သာချင်တော့ Foreigner နာမည်နဲ့ဝယ်။ အဝမှာ ပစ္စည်းလာပြ။ တုံးလေးထု။ ပြီးရင် ပြန်ယူသွားကြလို့အချို့​​တကေိုနှစ်ခါပြခိုင်းတာပါ။✈✈✈
Credit

ထိုင်းကို ၁၄ ရက် Visa Free နဲ့လာပြီး အကြောင်းအမျိုးမျိုးကြောင့် မပြန်ဖြစ်သေးသူများ  Visa Extend ချင်တယ်ဆို IT Square ၃ လ...
09/07/2022

ထိုင်းကို ၁၄ ရက် Visa Free နဲ့လာပြီး အကြောင်းအမျိုးမျိုးကြောင့် မပြန်ဖြစ်သေးသူများ Visa Extend ချင်တယ်ဆို IT Square ၃ လွှာမှာ ဘတ် ၁၉၀၀ ပေးပြီးတိုးရမယ်နော်! လောလောဆယ်ထိတော့ တစ်ခါတိုး ၂ လရပါတယ်✅✅✅
ယူသွားရမှာတွေက မြန်မာသံရုံးထောက်ခံစာ၊ ဓာတ်ပုံ၊ ပတ်စပို့၊။
Taxiနဲ့သွားရင်တော့ မြို့ထဲကဆိုဘတ်400/500ဝန်းကျင်လောက်ပဲ
IT Square ကိုက .။ BTS နဲ့ဆို Mochit ကနေ MRT Chatuchak Park မှာလိုင်းချိန်း ပြီးရင် Bangsue ကိုသွားနော်...။
မြန်မာသံရုံးထောက်ခံစာကတော့ ပတ်စပို့မိတ္တူယူသွားပါ... သံရုံးဘယ်မှာရှိလဲမသိရင် BTS Silom Line ရဲ့ Saint Louis မှာဆင်း တန်းရောက်ပါတယ်...။ဖောင်ဖြည့်ပြီး Counter 5 မှာ နေ့လည် 12 မတိုင်ခင်တင်၊ ညနေ 4 နာရီလောက်ရတာမို့ အချိန်က 1 ရက်ပေးရပါတယ်.
သံရုံးထောက်ခံစာမပါရှိပါက 7ရက်ပဲတိုးပေးပါတယ်တဲ့နော်

ထိုင်းနိုင်ငံရဲ့ ဆိုက်ရောက် TM-6 ဖောင်ဖြည့်စရာမလိုတော့ ပါ။TM-6 ဆိုတာ ထိုင်းနိုင်ငံသို့ လာရောက် လည်ပါတ်ကြတဲ့ နိုင်ငံခြားသ...
07/07/2022

ထိုင်းနိုင်ငံရဲ့ ဆိုက်ရောက် TM-6 ဖောင်ဖြည့်စရာမလိုတော့ ပါ။

TM-6 ဆိုတာ

ထိုင်းနိုင်ငံသို့ လာရောက် လည်ပါတ်ကြတဲ့ နိုင်ငံခြားသားများကို Arrivial Card & Depature Card နှစ်ခုပေါင်းထားတဲ့ စာရွက်အဖြူလေးပါ။

ကျနော်တို့ မြန်မာအများစုက White Card လို့ခေါ်ကြပါတယ်။ ခရီးသွားအတွေ့အကြုံရှိတဲ့သူတွေအတွက်ပြသနာမရှိပေမဲ့ TM-6 ကို လေယာဉ်ပေါ် မှာ ဖောင်မဖြည့် တတ် တဲ့အခက် ကြုံရတဲ့သူတွေ အတွက်အရမ်းကောင်းမွန် တဲ့အစီအစဉ်ပါ ။

TM-6 ဖောင် တစ်ရွက်စာ ကုန်ကျစရိတ် ဟာ ဝ.၇၀ ဘတ်ရှိပါတယ်။ အကယ်၍ ထိုင်းနိုင်ငံထဲကို ခရီးသွား ၆၅ သန်းဝင် ရောက်မယ်ဆိုက အရွက်ရေ ၆၅ သန်း လိုအပ်မှာဖြစ်လို့ ဘတ် ဂျက်အားဖြင့် လည်း ဘတ်၄၅.၅ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသို့ လေဆိပ်မှလာရောက်သူများ သာ TM-6 အားကင်းလွတ်ခွင့်ရမှာဖြစ်ပြီး အခြား ကုန်းလမ်း ( ကား၊ ရထားလမ်း) နဲ့ ရေလမ်း ( စက်လှေ) တို့နဲ့ ခရီးသွားတွေက တော့ TM- 6 ဖောင်ကို ဖြည့်သွင်းဖို့လိုပါတယ်။

Update အနေဖြင့် ထိုင်းကိုလာရောက်လည်ပါတ်ကြသူတိုင်း

💢TM-6

💢Thailand pass

💢ကျန်းမာရေးစောင့်ရှောက်မူ့အာမခံ

💢PCR test

စစ်ဖို့မလိုတော့ပါဘူး ။

🔶ပါတ်စပို့ စာအုပ်

🔶လေယာဉ် လက်မှတ် အသွား/ အပြန် (သက်သေပြရန်လို )

🔶ဟိုတယ်အထောက်အထား( သက်သေပြရန်လို )

🔶ကိုဗစ်ဆေးထိုးထားသည့်လက်မှတ်

🔶Show Money $500 ( သို့ ) ဘတ် ၂ သောင်း

လိုအပ်မှာပဲဖြစ်ပါတယ်။

Ref: mekhanews.com
Credit

3 Jun 2022 - 3:36 pm
03/06/2022

3 Jun 2022 - 3:36 pm

ထိုင်းနိုင်ငံရဲ့ပထမဆုံး ပုဂ္ဂိုလ်ရေးရာအချက်အလက် ကါကွယ်စောင့်ရှောက်ရေး အက်ဥပဒေသစ် ဇွန် ၁ ရက်နေ့ စတင်အသက်ဝင်မည် ။စီးပွားရေ...
01/06/2022

ထိုင်းနိုင်ငံရဲ့ပထမဆုံး ပုဂ္ဂိုလ်ရေးရာအချက်အလက် ကါကွယ်စောင့်ရှောက်ရေး အက်ဥပဒေသစ် ဇွန် ၁ ရက်နေ့ စတင်အသက်ဝင်မည် ။

စီးပွားရေး လုပ်ငန်းတွေဟာ ဒစ်ဂျစ်တယ်စနစ်ကို အသွင်ပြောင်းလာပြီး သုံးစွဲသူတွေဟာ သူတို့ရဲ့ ဒေတာတွေကို အွန်လိုင်းမှာ သိမ်းဆည်းလာကြတဲ့အတွက် အာဆီယမ် နိုင်ငံများမှာ ကိုယ်ရေးကိုယ်တာ ဒေတာ ခိုးယူခံရမှုတွေ များလာခဲ့ ပါတယ်။

ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း identity အချက်အလက်ချိုးဖောက်ခံရခြင်းများ ၃၂ % ရာခိုင်နှုန်းဖြစ်ပွါးခဲ့ပါသည်။

ဒါကြောင့် ၂၀၁၉ ခုနှစ်တွင် Personal Data Protection Act (PDPA) ပုဂ္ဂိုလ်ရေးရာအချက်အလက် ကါကွယ်စောင့်ရှောက်ရေး အက်ဥပဒေသစ်ကို စတင်လက်မှတ် ရေးထိုးခဲ့ပါသည်။

သို့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ခေတ္တဆိုင်းငံ့ထားခဲ့ရာမှ ၁ ဇွန် ၂၀၂၂ ရက်နေ့ တွင် ပြန်လည် အတည်ပြုပေးနိုင်ခဲ့ပါသည်။

PDPA ဟာ ထိုင်းက သုံးစွဲသူတွေရဲ့

🔶အပြုအမူ ဒေတာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ထိန်းချုပ်၊ အသုံးပြုတဲ့ ထိုင်းက အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားက အဖွဲ့အစည်းတွေအတွက် အကျုံးဝင်ပါတယ်။

🔶 အမည်၊ မွေးနေ့၊ ဖုန်းနံပါတ်တို့လို အထွေထွေ ဒေတာနဲ့ လူမျိုး၊ လိင်၊ ကိုးကွယ်တဲ့ ဘာသာ၊ ကျန်းမာရေး၊ နိုင်ငံရေး၊ Biometric တို့လို ထိလွယ်ရှလွယ် ရှိတဲ့ ဒေတာ ဆိုပြီး ၂ မျိုး ခွဲခြားထားပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ကပ်ရောဂါလ်ိုအပ်ချက်ကြောင့် ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ ပေးသွင်းခဲ့ရပါသည်။ နောက်ဆက်တွဲ ရလာဒ်အနေဖြင့် ပုဂ္ဂိုလ်ရေးရာအချက်အလက်တစ်ချို့ ပေါက်ကြားခဲ့ပြီး

🔶အမည်မသိ ဖုန်းခေါ်ဆိုမူ့များ

🔶ပုဂ္ဂိုလ်ရေးရာအချက် အလက်များခြိမ်းခြောက်ငွေညစ်မူ့များ

များစွာကြုံတွေ့ရပြီးနေ့စဉ်ဘဝမလုံခြုံဖြစ်ရပါသည်။

ဒါကြောင့်မည်သူမဆို

🔶 မိမိတို့၏ ဓါတ်ပုံနှင့် ဗီဒီယိုများ Social Platform များတွင် Upload တင်ရာ တွင် တခြားသူ၏ မျက်နှာများ ၊ ၄င်းတို့၏ အချက်အလက်များ မပါဝင်စေရန် အထူးဂရုပြုရမည်ဖြစ်ပါသည်။

ပြစ်မူ့ကျုးလွန်သူများအား တိုင်ကြားခံရပါက

🔶 အမေရိကန်ဒေါ်လာ 15,000 $ မှ 165,000 $ အထိ

( သို့ )

ထိုင်းဘတ် 5 သိန်း မှ 5 သန်းအထိ ပြစ်မူ့အပေါ်မူတည်ပြီး ဒဏ်ငွေပေးဆောင် ရမည်ဖြစ်ပါသည်။

ဒီဥပဒေကိုပြဌာန်းလိုက်ခြင်းအားဖြင့်

🔷ကိုယ်ရေးကိုယ်တာအချက်အလက်ချိုးဖောက်ခံရခြင်းများ

🔷 သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ရယူခွင့်။ ( မမှန်ကန်တဲ့ သို့မဟုတ် အထင်မှားစေတဲ့ သတင်းအချက်အလက်များ ကိုပြန်လည်ပြုပြင်နိုင်ခြင်း

🔷 ကန့်ကွက်နိုင်၊ ရုတ်သိမ်းနိုင်တဲ့ အခွင့်အရေး။
( အလွဲသုံးစားပြုမှုတွေကနေ အချိန်မရွေး ပြန်လည် ရုတ်သိမ်းနိုင်ခြင်း။)

🔷Social Platform များတွင် မ်ိမိအချက်အလက်များကို အသုံးပြုခွင့်ကို ကန့်သတ်နိုင်ခြင်း။

🔷 ဖယ်ရှားခွင့်ရှိခြင်း။

🔷 ဒေတာတွေကို လွှဲပြောင်းနိုင်ခြင်း။ ( ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ဒေတာ ထိန်းချုပ်သူ တစ်ခုကနေ အခြား တစ်ခုသို့။)

🔷စာချုပ်စာတမ်းနဲ့ တာဝန်တွေကို ဖြည့်ဆည်းပေးခြင်း။
🔷 အများပြည်သူရဲ့ ကိစ္စအတွက် ပြုလုပ်ခြင်း။ (ဥပမာ အများပြည်သူ ကျန်းမာရေးကို ကာကွယ်ဖို့ စာရင်းအင်း သုတေသန ပြုလုပ်ခြင်း။)

🔷 တရား ဥပဒေနဲ့ညီတဲ့ ကိစ္စ ပြုလုပ်ခြင်း။ ( ဥပမာ လူတစ်ဦးတစ်ယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ခြင်း။)

🔷 E-commerce Activity များဖြစ်ကြတဲ့ Online ပေါ်တွင်စီးပွါးရေးလုပ်ကြသူများ အတွက်ပိုပြီး အကာအကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒါ့အပြင်

🔷ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများ ကုန်သွယ်မူ့ကိုပိုမိုအားကောင်းလာ စေမည့်အပြင် အလုပ်သမားမျာ နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမူ့များထံမှ ယူရို ၃၀ ဘီလီယံ အထိ ရရှိနိုင်ချေရှိတယ်လို့ ထိုင်းတို့က ကနဦးခန့်မှန်းထားကြပါတယ်။

💢 အခုဆိုရင် ထိုင်းဟာ ဒေတာ ကာကွယ်ရေး ဥပဒေတွေကို ကျင့်သုံးနေတဲ့ စင်ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကို အမှီလိုက်နိုင်တော့မှာပါ။

Ref: https://www.aseanbriefing.com/news/thailand-issues-first-personal-data-protection-act/
Crd

30/05/2022

#မြန်မာနိုင်ငံမှာရှိတဲ့ပတ်စပို့ရုံးတွေရဲ့
လိပ်စာတွေကို နယ်မှာရှိတဲ့သူတွေ
သိရအောင် ဝေမျှလိုက်ပါတယ်။
••••••••••••••••••••••••••••••••••••••••••••

ရန်ကုန် -
ဆရာစံလမ်း နှင့် စက်မှု (၁)လမ်းထောင့်၊ ဗဟန်းမြို့နယ်။

နေပြည်တော် -
ပခ/၄ဝ-၄၁၊ နေပြည်တော်ကောင်စီလမ်း၊
ကံလှရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်။

မန္တလေး -
အကွက် ၄၁၈၊ ၁၂ လမ်း၊ ၆၄ x ၆၆ ကြား၊ ဒေါနဘွားရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်။

မကွေးတိုင်း -
ရွာသစ်ပွဲကြိုရပ်ကွက်၊
ဆေးရုံလမ်း အနောက်ဘက်၊ မကွေးမြို့။

ပဲခူးတိုင်း -
အမှတ် (၁၁၁)၊ ဗန္ဓုလလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

ဧရာဝတီတိုင်း -
သစ္စာလမ်း၊ (၅)ရပ်ကွက်၊ ပုသိမ်မြို့။

စစ်ကိုင်းတိုင်း -
ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့။

တနသာင်္ရီတိုင်း -
သစ်တောရုံးလမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။

မွန်ပြည်နယ် -
အရာတော်လမ်း၊ မောင်ငံရပ်ကွက်၊ မော်လမြိုင်မြို့။

ရခိုင်ပြည်နယ် -
လေဆိပ်လမ်း၊ စစ်တွေမြို့။

ကချင်ပြည်နယ် -
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့။

ချင်းပြည်နယ် -
ပြည်နယ်မီးသတ်ရုံးလမ်း၊ စျေးသစ်ရပ်ကွက်၊ ဟားခါးမြို့။

ကယားပြည်နယ် -
ဆေးရုံလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။

ကရင်ပြည်နယ် -
သီရိလမ်း နှင့် အ.ထ.က (၄) ကျောင်းလမ်းထောင့်၊ (၄)ရပ်ကွက်၊ ဘားအံမြို့။

မြဝတီမြို့ -
ရန်ကင်းလမ်းသွယ်၊ (၄)ရပ်ကွက်၊ မြဝတီမြို့။

ကော့သောင်းမြို့ -
အမှတ် (၉ဝ)၊ ဗိုလ်ချုပ်လမ်း၊
အောင်သုခရပ်ကွက်၊ ကော့သောင်း။

တာချီလိတ်မြို့ -
အမှတ် (၁/ ၁၅၆)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်။

ရှမ်း/တောင် (တောင်ကြီး) -
အမှတ် (၂၉၁)၊ ဗိုလ်ချုပ်လမ်း၊
မြို့မရပ်ကွက်၊ တောင်ကြီးမြို့။

ရှမ်း/မြောက် (လာရှိုး) -
ရုံးကြီးလမ်း၊ နယ်မြေ (၇)၊ (၁)ရပ်ကွက်၊ လားရှိုးမြို့။

ရှမ်း/အရှေ့ (ကျိုင်းတုံ) -
တောင်ကြီးလမ်း၊ (၅) ရပ်ကွက်၊ ကျိုင်းတုံမြို့။

မြန်မာပြည်ကနေ....စလုံးကို အလည်(visit) အနေဖြင့်သွားလာချင် သူများအတွက် ။ 🌿Vaccine ဆေးထိုးထားတဲ့မူရင်းစာရွက်ရယ် ရှေ့နေတုံးပ...
23/05/2022

မြန်မာပြည်ကနေ....စလုံးကို အလည်(visit) အနေဖြင့်သွားလာချင် သူများအတွက် ။

🌿Vaccine ဆေးထိုးထားတဲ့မူရင်းစာရွက်ရယ်
ရှေ့နေတုံးပါတဲ့ Notery ပြန်ထားတဲ့စာရွက်ရယ်လိုပါတယ်

🌿စလုံးက passport PV or PJ ဘာနဲ့လာလာပေးဝင်ပါတယ်
အခုကာလမှာ မြန်မာလေဆိပ်ကထွက်ဖို့ PV နဲ့ထွက်မယ်ဆိုရင် OWIC ကတ်မလိုပါဘူး Air ticket 2ways ဝယ်ထားတာပြရပါတယ်

🌿PJ နဲ့မှလာချင်ရင် OWIC card လုပ်ရမယ် အဲ့ကတ်လုပ်ဖို့က အလုပ်ရကြောင်း IPA letter ပြရဉီးမယ် Air ticket ကိုတော့ 1way ဝယ်ရင်ရတယ်တဲ့
အလုပ်ရတဲ့ အထောက်အထားမရှိပဲ PJ နဲ့လေဆိပ်ရောက်မှ ပေးမထွက်ရင်လဲ အဆင်မပြေပါဘူး

🌿အဲ့တော့ အလုပ်ရမှ PJ နဲ့လေယာဉ်၁ကြောင်းစာ သက်သာတဲ့ OWIC ကတ်လုပ်ပီးလာမလား ?
Air ticket 1way အတွက်ပိုအကုန်ခံပီး PV နဲ့ပဲလာမလား ? ရွေးချယ်လို့ရပါတယ်

🌿PCR test ၂နိုင်ငံလုံးအတွက် စစ်စရာမလိုတော့ပါဘူး

🌿လာမဲ့ရက်အတွက် Air ticket ရအောင်ကြိုဝယ်ရပါတယ် ။

🌿Air ticket ရရင် စလုံးမှာနေဖို့အတွက်အိမ်ကို
Deposit ၁လစာပေးပီး လာဖို့၁လအလိုလောက်ကနေကြိုငှါးထားရပါတယ်

🌿စလုံးလာဖို့ ၃ရက်အလိုမှာ SG arrival card (အရင်ကအခေါ် white card) ကို online ကနေပဲ EVC certificate နဲ့အတူကြိုလျှောက်ရပါတယ်

အရင်လိုလေယာဉ်ပေါ်မှာ white card ဖြည့်စရာမလိုတော့ပါဘူး

🌿 မြန်မာလေဆိပ်မှာ Passport,Vaccine Notery,Air ticket 2 way ပြရင် ထွက်လာလို့ရပီး
စလုံးလေဆိပ်ရောက်ရင် Passport,Vaccine Notery,Airticket 2 way,SG Arrival card မှာပါတဲ့ DE Number စတာတွေစစ်ပါတယ်

🌿Immigration ထုံးစံအရဘာလာလုပ်တာလဲ? ဘယ်မှာနေမှာလဲ? ဘယ်သူတွေနဲ့နေမှာလဲ? သူတို့နဲ့ကဘယ်လောက်ရင်းနှီးလဲ? စတာတွေမေးပီး ဖြေတာအဆင်ချောရင်
အရင်လို passport မှာတုံးမထုပေးတော့ဘူး Email ထဲကို 1 month Visa ရကြောင်းစာဝင်တယ် 1 month Extention ထပ်တိုးဖို့အတွက် link ပါတွဲပို့တယ်
(မေးတာအဆင်မ​ချောရင်တော့ စလုံးမှာနေတဲ့ကိုယ့်လူကို ဖုန်းဆက်ပီး မေးခွန်းတွေမေးသလို ကိုယ့်ရဲ့အိတ်တွေ ဖုန်းတွေကိုလဲစစ်တတ်ပါတယ်
အလုပ်လာရှာတဲ့ အထောက်အထားတွေမပါလာပဲ အလည်လာတဲ့ သဘောနဲ့ သေချာဖြေရင်ရပါတယ်)

🌿PJ စာအုပ်ထက် PV စာအုပ်နဲ့သွားတာ
ပိုအဆင်ပြေပါတယ် ။

🌿 ဒီစာလေးတွေက စလုံးကိုလာချင်တဲ့သူတွေအတွက် အဆင်ပြေမယ်ထင်ပါတယ်နော် 🤗

Credit Saw
__________________________


ဘန်ကောက်ရောက်ရင် ဘယ်နေရာမှာတည်းကြမလဲ? နိုင်ငံအလိုက် ခရီးသွားဧည့်သည်တွေ တည်းတဲ့နေရာ ကွာခြားကြပါတယ်…..ဥပမာ- Backpacker တွေ...
23/05/2022

ဘန်ကောက်ရောက်ရင် ဘယ်နေရာမှာတည်းကြမလဲ?

နိုင်ငံအလိုက် ခရီးသွားဧည့်သည်တွေ တည်းတဲ့နေရာ ကွာခြားကြပါတယ်…..

ဥပမာ- Backpacker တွေက စျေးသက်သာတဲ့ဟိုတယ် Hostel တွေ အထူးသဖြင့် Khao San Road အနီးတစ်ဝိုက် Ohn Nu အနီးတစ်ဝိုက်မှာ နေကြပါတယ်။

ကိုရီးယား ဂျပန်အများစုက Sukhumvit Soi 23 နဲ့ Soi 39 ကြား Asoke နဲ့ Phrom Phong BTS ကြားမှာ အနေများပါတယ်။

Middle East ဘက်နဲ့ Africa က လာတဲ့ဧည့်သည်အများစု နဲ့ ဥရောပသားတွေက Sukhumvit ဧရိယာ Nana နဲ့ Asoke BTS ကြားမှာအများစုနေကြပါတယ်။

River Side, China Town နဲ့ Silom ဧရိယာတို့မှာတော့ အဲ့လို သီးသန့် နိုင်ငံအလိုက်လူအများစုရွေးနေတာမရှိပါဘူး

ကျွန်တော်တို့မြန်မာ အများစုက တော့ Pratunum နဲ့ Central World အနီးတစ်ဝိုက်မှာ နေရတာကို India China ဧည့်သည် များနည်းတူကြိုက်ကြပါတယ်။

ဘန်ကောက်မှာရွေးချယ်စရာနေရာပေါသလို ကိုယ်သုံးမယ့် budget အလိုက် ဟိုတယ်တွေအများကြီးပါ…
ဒါပေမယ့် မြန်မာအများစုက Pratunum ဧရိယာကိုပဲရွေးပြီးနေကြတာ ဟာ wholesale market ဖြစ်တဲ့ Pratunum နဲ့ Platinum Fashion Mall ရှိတာ High End shopping centre ဖြစ်တဲ့ Central World နဲ့နီးတာရယ် ကြောင့်လို့မြင်မိပါတယ်။ တကယ်တမ်းတော့ အဝတ်အစားဝယ်ရင် စျေးသက်သာတာချင်းတူတူ Chatuchak Weekend Marketက ပိုဝယ်လို့ကောင်းပါတယ်….

ကိုယ်က Pratunum လိုရာမျိုးက အဝတ်အထည်တွေ Accessories တွေလက်ကားယူပြီး မြန်မာနိုင်ငံမှာ ဆိုင်ဖွင့်ထားလို့ပြန်ရောင်းကြတဲ့ လူတွေကလွဲပြီး ဘန်ကောက်ရောက်တိုင်း Pratunum လိုနေရာမျိုးပဲရွေးနေမယ်ဆိုရင်တော့ အတွေ့အကြုံအသစ်တွေရဖို့မရှိပါဘူး

BTS ကိုလမ်းလျှောက်ဖို့ ၁၅ မိနစ် မိနစ်၂၀ လောက်အချိန်ယူရတဲ့အတွက် အဲ့နေရာဝန်းကျင်မှာတည်းရင် Taxi ကိုပဲအားကိုးကြရတာပါ…
Traffic နဲ့တင် အသွားရောအပြန်ပါအချိန်ကုန်ပါတယ်….

ကျွန်တော်တစ်ဦးတည်းခံစားချက်အရဆိုရင် Pratunum ဧရိယာဟာ အဆောက်အဦးတွေ ဟိုတယ်တွေပိုကောင်းတာကလွဲပြီး လှည်းတန်း ဖရေဇာ ဘက်ကို ရောက်နေသလိုမျိုးပဲခံစားရပါတယ်…ပြောရရင် Bangkok ရဲ့ Vibe ကို မရဘူးပေါ့….

Pratunum ဧရိယာရဲ့မလှမ်းမကမ်းဖြစ်တဲ့ Phayathai, Ratchathewi, နဲ့ Siam ဧရိယာမှာနေတာဟာ Pratunum လိုနေရာမျိုးထက်အများကြီးပိုပြီး နေလို့သင့်တော်ပါတယ်…
အခုပြောတဲ့ ၃ နေရာလုံးဟာ BTS Station ရဲ့အနီးအနားမှာပဲရှိပြီး traffic ကို ရှောင်နိုင်ပါတယ်…
ဥပမာ - Asiatique နဲ့ Icon Siam လိုနေရာမျိုး ကို Pratunum ကနေTaxi နဲ့သွားတာနဲ့ National Stadium BTS ကနေ sky train စီးပြီးသွားတာဟာ အချိန်အများကြီးကွာပါတယ်။

ပြီးတော့ ကိုယ်က ဘန်ကောက်ရဲ့ Night Life ကိုကြိုက်တယ် နေတာက Pratunum မှာဆိုရင် တော့ ညဘက် ဘာမှ လည်စရာမရှိပါဘူး Bar တို့ Club တို့ ခဏခဏသွားချင်ရင်တော့ Nana နဲ့ Asoke လိုနေရာမျိုးရွေးနေတာပိုသင့်တော်မှာပါ…. W District ရှိတဲ့ Phra Khanong BTS Station နားမှာလဲနေလို့ကောင်းပါတယ်

အေးအေးဆေးဆေး အနားယူချင်ရင် တော့ River Side ဘက်ကိုရွေးသင့်ပါတယ်….

Silom နဲ့ Sathorn ဧရိယာမှာဆိုရင် local တွေရဲ့life style တွေတွေ့ရပြီးတော့ street food တွေပေါပါတယ်….

(ခဏတဖြုတ်အလည်သွားတဲ့သူတွေအတွက်သာရည်ရွယ်ပါတယ်)

Credit

‼️ ‼️ ဘန်ကောက်ကိုပထမဆုံးသွားရောက်လည်ပတ်မည့်သူတွေပြုလုပ်မိတဲ့ အမှားဆယ်ချက်ဘန်ကောက်ကိုပထမဆုံး လာရောက်လည်ပတ်တဲံသူတွေ ဘာတွေထ...
23/05/2022

‼️ ‼️ ဘန်ကောက်ကိုပထမဆုံးသွားရောက်လည်ပတ်မည့်သူတွေပြုလုပ်မိတဲ့ အမှားဆယ်ချက်

ဘန်ကောက်ကိုပထမဆုံး လာရောက်လည်ပတ်တဲံသူတွေ ဘာတွေထုပ်ပိုးရမလဲ၊ ဘယ်နေရာတွေမှာနေသင့်သလဲ၊ မြို့ထဲကို အချိန်လုံလောက်အောင်ဘယ်လိုလည်ပတ်ရမလဲဆိုတာတွေကို မသိတဲ့အခါ...

ကမ္ဘာလှည့်ခရီးသွားတော်တော်များများပြုလုပ်ခဲ့မိတဲ့အမှားတွေကို စာရင်းလုပ်ပြီးတင်ပေးလိုက်ပါတယ်နော်။ 💚💚

1. အဝတ်အစားတွေအများကြီးထုပ်ပိုးပြီးသယ်လာမိတာပါ👔🧳
တစ်ခြားခရီးတွေထွက်တဲ့အခါမှာ အဝတ်အစားတွေအများသယ်သွားတာဟာအမှားမဟုတ်ပေမယ့် ဘန်ကောက်ကိုလာမယ့်သူအတွက်ကတော့ အဝတ်အစားတွေအများသယ်လာစရာမလိုပါဘူးနော်။ ဈေးနုန်းချိုသာပြီး ဝယ်စရာဈေးဝယ်စင်တာတွေအများကြီးရှိတာမို့ ဘန်ကောက်လာတဲ့အခါ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းတွေအများကြီးကိုထည့်လာတာဟာအဓိပ္ပါယ်မရှိသလိုပဲဖြစ်နေမှာပါ။ အတွင်းခံအဝတ်အစားတွေအပိုလောက်သယ်လာရင်ကိုပဲလုံလောက်ပါပြီ။

2. Wrong Area တွေမှာ ဟိုတယ် ဘိုကင်လုပ်ထားမိခြင်း 📍☎️
ဘန်ကောက်မြို့ကအကြီးကြီးပါ။ လူနေထိုင်မှုကလည်းကြပ်သည်း သိပ်သည်းပါတယ်။ ဒါကြောင့် ကိုယ်တည်းမယ့် ဟိုတယ်နေရာကိုသေချာစဉ်းစားပါ။ ကိုယ်ကဘန်ကောက်ကိုလာရောက်လည်ပတ်တော့မယ်ဆိုရင် ဘာအတွက်လာရောက်မှာလဲ။ ဒါတွေသေချာစဉ်းစားထားဖို့လိုပါတယ်။ အလုပ်ကိစ္စအတွက်လား။ အလည်အပတ်သတ်သတ်လား။ ရှော့ပင်းထွက်ချင်တာလား။ ကိုယ်လာမယ့်ရည်ရွယ်ထားတဲ့နေရာနဲ့အနီးဆုံးနေရာမှာပဲ ဟိုတယ်ဘိုကင်လုပ်ဆောင်သင့်ပါတယ်။ ဘာလို့လည်းဆိုရင် ဘန်ကောက်ကယာဉ်ကြောပိတ်ဆို့မှုတွေများတာကြောင့် ကိုယ်သွားမယ့်နေရာနဲ့ ဟိုတယ်နေရာနဲ့တစ်ခြားစီငှားထားမိရင် အချိတ်သတ်သတ်ဖြုန်းတီးသလိုပဲနေမှာပါ။ ဒါကြောင့်မလာသေးခင် ဘယ်နေရာကိုကိုယ်လာမယ့်ရည်ရွယ်ချက်နဲ့ သင့်တော်သလဲဆိုတာသိဖို့ ဘန်ကောက်ရဲ့ နာမည်ကြီးနေရာတွေကိုအရင်ကြိုတင်လေ့လာထားသင့်ပါတယ်။

3. လည်ပတ်တော့မယ်ဆိုလျှင်နေပူတဲ့အချိန်ကိုလည်းထည့်ပြီးစဉ်းစားပါ🤗
ဘန်ကောက်ဟာ ပူပြင်းတဲ့ရာသီဉတုထဲမှာပါဝင်တယ်။ လူအများစုက ညမိုးချုပ်တဲ့အထိလည်ပတ်ပြီး မနက်စောစောအိပ်ရာထရမှာကိုပျင်းရိတတ်ကြပါတယ်။ နေ့လည်ဘက်ထွက်လည်တဲ့အခါ နေဟာအရမ်းကိုပူပြင်းတာကြောင့် အသားတွေမဲသွားနိုင်ပါတယ်။ ဒါကြောင့်အပြင်သွားတဲ့အခါ နေရောင်ကာခရင်မ်ကိုအမြဲသုံးသင့်ပါတယ်။

4. ကိုယ်သွားမယ့်အချိန်နှင့်ယာဉ်ကြောပိတ်ဆို့မှုကိုထည့်တွက်ပါ 🚌
ဘန်ကောက်ဟာယာဉ်ကြောအလွန်အမင်းပိတ်ဆို့တဲ့ မြို့ဆိုလည်းမမှားပါဘူး။ ဒါကြောင့် ကိုယ်အရေးတစ်ကြီးသွားလာစရာရှိတဲ့အခါ သွားမယ့်အချိန်နဲ့တွက်ပြီး စောစောထွက်ပါ။ အရေးတစ်ကြီးချိန်းဆိုထားတဲ့ကိစ္စတွေ၊ လေဆိပ်သွားမယ့်အချိန်တွေမှာ စောစောထွက်ပါ။ ကိုယ်စီးမယ့်လေယာဉ်လွတ်သွားတာလောက်ကြေကွဲစရာကောင်းတဲ့အဖြစ်မျိုးရှိမှာမဟုတ်ပါဘူး။
တစ်ကယ်လို့အလျှင်စလိုသွားစရာရှိတာမျိုးဆိုပါက BTS Sky Train ကိုအသုံးပြုသင့်ပါတယ်။🚈

5. ဘန်ကောက်မြို့ထဲမှာလည်ပတ်ဖို့အချိန်လုံလောက်စွာမပေးမိခြင်း 💃⏱
တစ်ကယ်လို့ဘန်ကောက်ကနေ တစ်ဆင့် ကမ်းခြေခရီးစဉ်း နှင့် တစ်ခြားမြို့တွေကိုသွားမယ်ဆိုရင်တော့ ဘန်ကောက်မှာတစ်ညပဲတည်းခိုခြင်းက မြို့ထဲကိုလုံလုံလောက်လောက်လည်ပတ်ဖို့အချိန်ရမှာမဟုတ်ပါဘူး။
ဘန်ကောက်မှာက ကမ်းခြေတော့မရှိပါဘူး။ ဒါပေမယ့် ကမ္ဘာ့အဆင့်မှီ ရှော့ပင်းမောတွေ၊ နိုက်ကလပ်တွေ၊ ဘားတွေနှင့် ဈေးကြီးတွေရှိတာမို့ ဘန်ကောက်ထဲမှာလုံလုံလောက်လောက်လည်ပတ်ဖို့အချိန်ပေးလိုတယ်ဆိုပါက အနည်းဆုံးနှစ်ညနေဖို့တော့ ဆုံးဖြတ်ချက်ချသင့်ပါတယ်။

6. ထိုင်းနိုင်ငံမှာနေစဉ်အတွင်းမှာ local SIM card ကိုမဝယ်ပါနှင့် 📱‼️
နိုင်ငံတကာဒေတာအသုံးပြုခကောက်ခံခြင်းတွေက မိုဘိုင်းဒေတာအတွက်မပါရှိသော်လည်း app တစ်ချို့ကပေးတဲ့ Service တွေကိုလက်လွှတ်ဆုံးရူံးစေနိုင်ပါတယ်။ ဒါကြောင့်ထိုင်းမှာရှိနေစဉ်မှာ SIM card ကိုသေချာရွေးဝယ်ပါ။ သုဝဏ္ဏဘူမိနှင့်ဒွန်မောင်းလေဆိပ်နှစ်ခုစလုံးတွင် True ဆိုင်တွေမှာ တစ်ခါတည်းဝယ်လာခဲ့လို့လည်းရပါတယ်။ ဒါမှမဟုတ်မြို့ထဲက communication shop တစ်ချို့မှာလည်းဝယ်ယူနိုင်ပါတယ်။

7. Travel Insurance မဝယ်မိခြင်း🚈
Insurance မပါပဲခရီးမသွားပါနှင့်။ ဒါကတော့ကိုယ့်ဖာသာစုံစမ်းပါ။
8. ခရီးမထွက်ခင် ငွေအများကြီးလှဲလာမိခြင်း💵💰
ဘန်ကောက်ကိုပထမဆုံးအကြိမ်လာရောက်လည်ပတ်တဲ့သူတွေနောက်ထပ်ပြုလုပ်မိတဲ့အမှားတစ်ခုကတော့ ဒေါ်လာနှင့် ဘတ်တွေအများကြီးလှဲလာမိခြင်းပါ။ ထိုင်းမှာငွေလှဲဈေးနုံးတွေဟာသင့်တင့်မျှတတာမို့ ကိုယ့်နိုင်ငံမှာလှဲလှယ်တာထက်ပိုပြီး အဆင်ပြေမှာပါ။

ဘန်ကောက်မှငွေလှနုန်းကအမြဲလိုကောင်းမွန်တာကြောင့် မလိုအပ်ပဲ ငွေတွေအမြောက်အမြားလှဲလှယ်ခဲ့တာမျိုးတွေကိုလုံးဝကိုမလုပ်သင့်ပါ။ ဘန်ကောက်မှာ ATM စနစ်တွေဟာကျယ်ပြန့်ပြီး စားသောက်ဆိုင်တော်တော်များဟာလည်း ခရစ်ဒစ်ကဒ်နဲ့ရှင်းလို့ရတာမို့ ငွေမလှဲလာခဲ့လည်းအဆင်ပြေပါတယ်။ တစ်ကယ်လို့အများကြီးသာလှဲခဲ့မိမယ်ဆိုရင် ကိုယ့်ရဲ့ပိုက်ဆံအိတ်ကိုအမြဲစောင့်ကြည့်ပြီး ပြောက်ဆုံမှာတွေစိတ်ပူနေရမှာပါနော်။

9. သင့်တော်တဲ့ဈေးနုန်းအထိရဖို့ ဈေးဆစ်တာမပြုလုပ်မိခြင်း 🛍
ဘန်ကောက်မှာဈေးဆစ်တာဟာ Game တစ်ခုကိုကစားနေရသလိုပဲ ပျော်စရာကောင်းပါတယ်။ ဒါကြောင့် ဈေးဆစ်ရမှာကိုမရှက်ပါနဲ့။ ပိုမိုပြီးကောင်းမွန်တဲ့ ဈေးနုန်းရောက်တဲ့ဈေးဆစ်ကြည့်ပါ။

ပုံမှန်ဆယ်ဘတ်ပေးရတဲ့ ရေဘူးကို ဘတ်နှစ်ဆယ်နှင့်ဝယ်ယူမိတာမျိုးမပြုလုပ်မိဖို့သတိထားပါ။ အဲ့လိုအပိုတွေပေးမိမယ့်အစား ဆင်းရဲတဲ့သူတွေ ပေးကမ်းလို့ရတယ်ဆိုတာစဉ်းစားပါ။

10. စွန့်စားပြီး တစ်ယောက်တည်းမလည်ပတ်မိခြင်း 🚴‍♂️
ဘန်ကောက်ဟာလုံခြုံတဲ့မြို့တစ်မြို့ဖြစ်တာမို့ ကိုယ်ညာဏ်ရှိရင် ရှိသလောက် မြို့အနှံ့ကိုသွားလာစူးစမ်းလေ့လာနိုင်ပါတယ်။ ခြေကျင်လျှောက်သွားကြည့်ပါ။ ကုန်တိုက်ကြီးတွေမှာစားမယ့်အစား Street Food တွေကိုမြည်းစမ်းကြည့်ပါ။
တစ်ကယ်ကိုထူးခြားပြီး ပျော်ရွှင်မှုကိုရှာတွေ့မှာပါ။

Credit

မနက်က..Chat box မှာ...ကောင်မလေး တစ်ယောက်က..စာပို့လာတယ်" ကိုချွန်က..မာန ကြီးတယ်နော်..''. .တဲ့..အဲ့တော့..ကျတော်က.." ဟာဗျာ....
19/05/2022

မနက်က..
Chat box မှာ...
ကောင်မလေး တစ်ယောက်က..
စာပို့လာတယ်

" ကိုချွန်က..မာန ကြီးတယ်နော်..''. .တဲ့..

အဲ့တော့..

ကျတော်က..

" ဟာဗျာ...မဟုတ်တာ..။ မာန မကြီးပါဘူးဗျာ.။ ဘာဖြစ်လို့...အဲ့လို...ပြောရတာလဲ? " ...လို့..ပြန်မေးတော့..

သူက..
ဘာပြန်ပြောတယ် မှတ်လဲ? ..

" ကျမ..စာပို့ထားတာ ကြာပြီ ။ ကိုချွန်က ကျမကို r**e မှ မလုပ်တာ..''. .တဲ့....😁

" ဟေ...''

😁😁😁😁

Reply ကို..
ပြောတာ..ထင်ပါတယ်ဗျာ..😁😁
အတတ်နိူင်ဆုံး အမြန်ဆုံး reply ပြန်ပေးပါ့မယ်ဗျာ 😜

Address

Yangon

Telephone

+959775172234

Website

Alerts

Be the first to know and let us send you an email when Gold Goal Travel - ဂိုဂိုးလ်ခရီးသွား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gold Goal Travel - ဂိုဂိုးလ်ခရီးသွား:

Share

Category