Shwe Khayee

Shwe Khayee Save memories by traveling with Shwe Khayee ( ရွှေခရီး ) to Myanmar Travel & Tour .

ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့တွင် ကမ္ဘာသူ၊ကမ္ဘာသားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေကြောင...
11/05/2025

ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့တွင် ကမ္ဘာသူ၊ကမ္ဘာသားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေကြောင်း ရွှေခရီး ( Shwe Khayee ) Travel & Tour မိသားစုမှ ဆုတောင်းမေတ္တာပို့သပါတယ်ဗျ 🙏🏻🙏🏻🙏🏻

#ကဆုန်လပြည့်နေ့

ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း 🙏🏻🙏🏻🙏🏻ကဆုန်လပြည့်နေဟာ ဗုဒ္ဓဘာသာဝင်သူတော်စဉ်များ၏ နေ့ထူးနေ့မြတ် ရက်ထူး ရက်မြတ်ဖြစ်သော မင်္ဂလ...
11/05/2025

ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း 🙏🏻🙏🏻🙏🏻

ကဆုန်လပြည့်နေဟာ ဗုဒ္ဓဘာသာဝင်
သူတော်စဉ်များ၏ နေ့ထူးနေ့မြတ် ရက်
ထူး ရက်မြတ်ဖြစ်သော မင်္ဂလာရှိလှစွာ
သော နေ့တစ်နေပဲဖြစ်ပါတယ်။

ဘာကြောင့်လဲလို့ မေးခဲ့ရင်

"ဖွား,ပွင့်,ဟော,စံ၊ဗျာဒိတ်ခံ၊ကဆုန်လပြည့်နေ့"
ဟူသော သံပေါက်ကဗျာအား အကျယ်ဖွင့်ပြပေ
အံ့။

(၁) " ဖွား "

ဂေါတမဘုရား အလောင်းတော်
သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့
နေ့ဟာလည်း မဟာသက္ကရာဇ်( ၆၈)ခု
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။

(၂) " ပွင့် "

ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ
ဘုရားဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ်
(၁၀၃) ခု ၊ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ် ။

(၃)"ဟော"

ဂေါတမဘုရားရှင် ဗုဒ္ဓဝင် ဒေသနာတော်
ဟောကြားတော်မူသော ရက်ကလည်း
ကဆုန်လပြည့်နေပဲ ဖြစ်ပါတယ်။

(၄) " စံ "

ဂေါတမဘုရား ကိလေသာပရိနိဗ္ဗာန်စံတဲ့
နေ့ကလည်းမဟာသက္ကရာဇ် (၁၄၈)ခု ၊
ကဆုန်လပြည့်နေ့သာဖြစ်ပါတယ် ။
ဒါအပြင်
ဓာတုပရိနိဗ္ဗာန်စံမည့် ရက်ကလည်း
ကဆုန်လပြည့်နေ့ဖြစ်နေပြန်တယ်။

(၅)"ဗျာဒိတ်ခံ"

ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ
ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြှောက် ဂေါတမဘုရား
စစ်စစ်ဧကန်ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာ
မြတ်စွာဘုရား ထံတော်မှ ဘုရားဆုပန်ပြီး
ဗျာဒိတ်ခံယူခဲ့တဲ့နေ့ကလည်း ကဆုန်
လပြည့်နေ့ပဲ ဖြစ်ပါတယ် ။

ဒါကြောင့်
ဒီလိုနေ့ထူးနေ့မြတ် ရက်ထူးရက်မြတ်ဖြစ်သော
ကဆုန်လပြည့် မြတ်ဗုဒ္ဓ၏ နေ့မှာ ဗုဒ္ဓဘာသာဝင်
သူတော်စဉ်များအနေဖြင့် ဒါန ၊ သီလ ၊ ဘာဝနာ
ကုသိုလ်တရားများကို သဒ္ဓါတရားအားကြီးစွာဖြင့်
အစွမ်းကုန် အားထုတ်ကြဖို့ရန် သမ္မာဆန္ဒ မေတ္တာ
အနန္တ ရှေ့သွားပြုလျက် တိုက်တွန်းလိုက်ပါရစေ။

Credit to ဘုန်း သုတ ပုလဲ အ ရှင် ဇနိန္ဒ မြောက်ထပ်အိမ်ဂူကျောင်း 🙏🏻🙏🏻🙏🏻

ယနေ့ မေလ၁ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာအလုပ်သမားများအားလုံးရောဂါဘယကင်းစင်ပြီး စိတ်ချမ်းသာ၊ကိုယ်ကျန...
01/05/2025

ယနေ့ မေလ၁ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာအလုပ်သမားများအားလုံးရောဂါဘယကင်းစင်ပြီး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် လုပ်ငန်းခွင်အသီးသီးမှာ ပျော်ရွှင်ကြပါစေကြောင်း Shwe Khayee ( ရွှေခရီး ) Travel & Tour မိသားစုမှဆုမွန်ကောင်း တောင်းအပ်ပါတယ်ဗျ 🙏🏻🙏🏻🙏🏻

နှစ်သစ်ဆုတောင်း 💦 မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးအချိန်အခါသမယလေးမှာ မြန်မာပြည်သူပြည်သားအပေါင်းတို့ ကိုယ်စိတ်နှလုံးကျန်းမာ...
17/04/2025

နှစ်သစ်ဆုတောင်း 💦

မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးအချိန်အခါသမယလေးမှာ မြန်မာပြည်သူပြည်သားအပေါင်းတို့ ကိုယ်စိတ်နှလုံးကျန်းမာ၊ချမ်းသာပြီးကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝပါစေ ကြောင်း Shwe Khayee ( ရွှေခရီး ) Travel & Tour မိသားစုမှ ဆုမွန်ကောင်းတောင်ရပေးလိုက်ပါတယ်ဗျ 🙏🏻

#နှစ်ဆန်းတစ်ရက်နေ့

သီရိလင်္ကာသံရုံးနှင့်ပူးပေါင်း၍ ရွှေခရီးမှလည်း ( Shwe Khayee ) လူအားငွေအားပါဝင်ခြင်းဖြင့် ငလျင်ဘေးသင့်သောစစ်ကိုင်းနှင့်မ...
07/04/2025

သီရိလင်္ကာသံရုံးနှင့်ပူးပေါင်း၍ ရွှေခရီးမှလည်း ( Shwe Khayee ) လူအားငွေအားပါဝင်ခြင်းဖြင့် ငလျင်ဘေးသင့်သောစစ်ကိုင်းနှင့်မန္တလေးရှိပြည်သူများထံသွားရောက်လှူဒါန်းခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ဖြစ်ရသောဆုံးရှုံးနစ်နာမှူများအတွက်များစွာကြေကွဲဝမ်းနည်းရပါတယ်။ မြန်မာပြည်ကြီးကပ်ဘေးဆိုးအပေါင်းမှကင်းဝေပါစေကြောင်း ဆုတောင်းလျက် 🙏🏻🙏🏻🙏🏻

ဝမ်းနည်းကြေကွဲခြင်း 💔28 March 2025 နေ့လည် 12:50 pm တွင် မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သော magnitude ပြင်အား 7.7 ရှိသော ပြ...
02/04/2025

ဝမ်းနည်းကြေကွဲခြင်း 💔

28 March 2025 နေ့လည် 12:50 pm တွင် မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သော magnitude ပြင်အား 7.7 ရှိသော ပြင်းထန်သောငလျင်ကြောင့် အသက်အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ရပြီး ငလျင်ဒဏ်ကိုခံစားခဲ့ရသော ပြည်သူများအတွက် Shwe Khayee မိသားစုမှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲခဲ့ရပါတယ် 🙏🏻🙏🏻🙏🏻

ငလျင်ဘေးအန္တရာယ်ဆိုင်ရာသတိပြုရန်အချက်များcredit to all photos 🙏🏻
28/03/2025

ငလျင်ဘေးအန္တရာယ်ဆိုင်ရာသတိပြုရန်အချက်များ

credit to all photos 🙏🏻

Thank you for traveling with Shwe Khayee . March Tour is just finished successfully. Lovely guests travelled safety and ...
21/03/2025

Thank you for traveling with Shwe Khayee . March Tour is just finished successfully. Lovely guests travelled safety and healthy . Thank you again and wishing all of you will visit again to Myanmar 🙏🏻🙏🏻🙏🏻.

Golden Rock 🙏🏻Kyaiktiyo Pagoda also know as Golden Rock is a well - known Buddhist pilgrimage site in Mon state . It is ...
16/03/2025

Golden Rock 🙏🏻

Kyaiktiyo Pagoda also know as Golden Rock is a well - known Buddhist pilgrimage site in Mon state . It is a small pagoda built on the top of the granite boulder covered with gold leaves pasted on by its male workshipers .

Yangon sightseen 🙏🏻🙏🏻🙏🏻
15/03/2025

Yangon sightseen 🙏🏻🙏🏻🙏🏻

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲၁၂.၂.၂၀၂၅တွင်ကျရောက်သော (၇၈)ကြိမ် မြောက်ပြည်ထောင်စုနေ့အားဂုဏ်ပြုကြိုဆိုရင်း တိုင်းရင်းသားညီအကိုမောင်...
12/02/2025

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲

၁၂.၂.၂၀၂၅တွင်ကျရောက်သော (၇၈)ကြိမ် မြောက်ပြည်ထောင်စုနေ့အားဂုဏ်ပြုကြိုဆိုရင်း တိုင်းရင်းသားညီအကိုမောင်နှမများအားလုံးစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းဖြင့်ပြည့်စုံကြပါစေကြောင်း Shwe Khayee ( ရွှေခရီး ) Travel & Tour မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျ🙏🏻🙏🏻🙏🏻

Thank you for traveling with Shwe Khayee .
26/01/2025

Thank you for traveling with Shwe Khayee .

Address

Yangon

Telephone

+959402526967

Website

Alerts

Be the first to know and let us send you an email when Shwe Khayee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Khayee:

Share