DMA Travel Agency

DMA Travel Agency # Passport
# Visa
service ( International & Domestic)

🇺🇸   လျှောက်စဉ် ဆောင်ရန် ရှောင်ရန် အချက်များ >>>>>>>>>>>>>>>>>>>>>>>လာမယ့် အောက်တိုဘာလ ပထမပတ်မှာ အမေရိကားရဲ့ Diversity V...
28/09/2024

🇺🇸 လျှောက်စဉ် ဆောင်ရန် ရှောင်ရန် အချက်များ
>>>>>>>>>>>>>>>>>>>>>>>
လာမယ့် အောက်တိုဘာလ ပထမပတ်မှာ အမေရိကားရဲ့ Diversity Visa- DV program ကို ကိုယ်တိုင်လျှောက်ဖို့ စီစဉ်နေသော member များ သတိထားရမည့် အရာများကို ပြောပြပေးချင်ပါတယ်။ ဒါပေမယ့် လျှောက်နေကြတဲ့ အချိန်မှာလည်း မေးကြလိမ့်မယ်ဆိုတာ သိနေပါတယ်😝😝😝။

1. ဓါတ်ပုံကို DV စံချိန်စံညွှန်းနှင့် အညီ သေချာရိုက်ပါ။ ဓါတ်ပုံ အရည်အသွေးမမီပါက ပယ်သောစာရင်းထဲ ရောက်သွားပါတယ်။ ၆ လ အတွင်း ရိုက်ထားသော ဓါတ်ပုံ ဖြစ်ဖို့ လိုအပ်ပါတယ်။

2. မိမိ သို့မဟုတ် မိသားစုလိုက် ဖြည့်ရန် အချက်အလက်များကို စာရွက် အလွတ်မှာ ချရေးထားပါ။

3. Last name နှင့် First Name တွေကို ၂ ခါ မဖြည့်မိပါစေနဲ့။ အမည်မမှားပါစေနဲ့။

4. မွေးသက္ကရာဇ်ကို ဖြည့်ရာမှာ မမှား ပါစေနဲ့။ (Month/ Day/ Year လာပါလိမ့်မယ်)

5. Upload လုပ်မည့် DV photo tool က လက်ခံသော ဓါတ်ပုံကို သေချာဖိုင်ခွဲထားပါ။

6. Entry period စစချင်း နှင့် ဆုံးခါနီး မတင်ပါနဲ့။ system line ကြပ်ပြီး error များတတ်ပါတယ်။

7. လျှောက်လွှာတင်စဉ် စိတ်ကို ငြိမ်ငြိမ်ထားပြီး တဆင့်ချင်း ပုံမှန်တင်ပါ။

8. လျှောက်လွှာဖြည့်သောအချိန်သည် သတ်မှတ် အချိန် ရှိပါတယ်။ သတ်မှတ် အချိန် ကျော်သွားပါက timeout ဖြစ်ပြီး အစကနေ ပြန်တင်ရပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့။ Go Back/ Continue To Website ဆိုပြီးပေါ်လာပါလိမ့်မယ်။ ဒါက သတ်မှတ် အချိန်လွန်သွားလို့ပါ။

9. လျှောက်လွှာကို ၂ ခါ confirmation letter ရတဲ့အထိ မဖြည့်မိပါစေနဲ့။ ၂ ခါ မလျှောက်ပါနဲ့။ ၂ ခါ လျှောက်ရင် ပယ်တဲ့ စာရင်းထဲရောက်သွားပါတယ်။

10. confirmation letter ရရင် သေချာ သိမ်းထားပါ။ မပျောက်ပါစေနဲ့။ screenshot နှင့် print ထုတ်ထားပါ။ email ထဲမှာလည်း သိမ်းထားပါ။ (မေ့/ပျောက်ရင်လည်း ပြန်ရှာလို့ရပါတယ်။ ဖြည့်ခဲ့စဉ် အမည်၊ မွေးသက္ကရာဇ်၊ အီးမေး သိရင်ရပါတယ်။)

11. Confirmation letter ရပြီး back နှင့် ထွက်မိရင်လည်း မစိုးရိမ်ပါနဲ့။ နောက်ပြီး ထပ်မလျှောက်မိပါစေနဲ့။

12. မြန်မာမှာ VPN တွေ ဖွင့်/ ပိတ်စရာမလိုပါ။ ဒီလင့် https://dvprogram.state.gov/ ကို Google browser မှာ ရိုက်ပြီး တိုက်ရိုက်လျှောက်ပါ။ Facebook ကနေ လင့်ကို နှိပ်ပြီး မသွားပါနဲ့။

13. မွေးရပ်က မွေးစာရင်းနှင့် ပတ်ပို့ တူပါစေ။

14. Married ကိုရွေးရင် ၂ မျိုးရှိပါတယ်။ a) လက်ထပ်တာက US CITIZEN OR PR? b) လက်ထပ်တာ not US Citizen Or PR?

နှစ်စဉ်နှစ်တိုင်း မှားကြတဲ့ အမှားများကို ကြိုတင် သိရှိရလေအောင် ရေးပြထားတာပါ။

အားလုံး အဆင်ပြေပြီး DV2026 winner တွေ ဖြစ်လာကြပါစေ 🙏🙏🙏

to the owner
သန်းဌေး

🍁အမေရိကန်နိုင်ငံ နေထိုင်ခွင့် ကံစမ်းမဲ DV 2023 လျှောက်ထားလိုသူများ အတွက် DMA Travel Angencyမှ အခမဲ့ ဝန်ဆောင်မှု့ပေးနေပါပြီ။
🍁အောက်တိုဘာ 6 ရက် ၊ 2021 မှ နိုဝင်ဘာ 9 ရက် 2021အထိ အွန်လိုင်းမှ ကံစမ်းလျှောက်ထားနိုင်ပါတယ်။
🍁လိုအပ်သည့်အချက်အလက်များကို DMA Travel Agency သို့ ပေးပို့ပြီးပါကလျှောက်ထားပေးပါမည်။
🍁လျှောက်ထားပြီး Confirmation Letter ကို Viber & messenger & Email မှတဆင့် ပြန်လည်ပေးပို့ပေးပါမည်။
🍁နှစ်စဉ် မေလ ဝန်းကျင်တွင် ကွန်ပျူတာဖြင့် ရွေးချယ်ပြီး ကံစမ်းမဲအဖြေ ထွက်လေ့ရှိပါသည်။
🍁လက်မလွတ်သင့်တဲ့အခွင့်အရေးတခုပါ။
🍁ဆက်သွယ်ရန် DMA Travel Agency messenger မှ ဆက်သွယ်နိုင်ပါသည် ။

DV 2023 အတွက်လိုအပ်ချက်များ

♂️အမည်
♂️မွေးသက္ကရာဇ်
♂️မွေးဖွားသည့်မြို့
♂️ဖုန်းနံပါတ်
♂️ဆက်သွယ်ရန် လိပ်စာ
♂️သက်တမ်း ရှိ passport စာအုပ်မိတ္တူ
♂️2လက်မ ပတ်လည် နောက်ခံအဖြူရောင်ဓာတ်ပုံ (1) ပုံ
မှတ်ချက် ❌မျက်မှန်မတပ်ရ
❌ဉီးထုပ်မဆောင်းရ
❌ယူနီဖောင်းမ၀တ်ရ
❌ နောက်ခံ အရိပ်မပါရ
➡️နောက်ခံအဖြူနဲ့ လူနဲ့ ၃ပေကွာ လူနဲ့ဖုန်းနဲ့ ၄ ပေအကွာကနေရိုက်ပါ။

🧑‍🎓 ပညာအရည်အချင်း - အနည်းဆုံး 10 တန်းဖြစ်ရမည် ။

06/10/2023

📢📢Customer တို့ရေ American DV Lottery 2025 ကို 5.10.2023မှ စတင်လျှောက်ပေးနေပါပြီနော်😊


DV2025 တင်ဖို့ အရေးကြီးဆုံးက ဓာတ်ပုံပါ ဒီတော့ ဒီတစ်ခါ ဓာတ်ပုံကို ဘယ်လို သေချာရိုက်ရမလဲဆိုတာလေး ပြောပြပေးမယ်နော်DV တင်တဲ့...
04/10/2023

DV2025 တင်ဖို့ အရေးကြီးဆုံးက ဓာတ်ပုံပါ ဒီတော့ ဒီတစ်ခါ ဓာတ်ပုံကို ဘယ်လို သေချာရိုက်ရမလဲဆိုတာလေး ပြောပြပေးမယ်နော်

DV တင်တဲ့နေရာမှာ ဓာတ်ပုံက ကန့်သတ်ချက်များပါတယ်

✅ ၆ လ အတွင်း ရိုက်ကူးထားသော ပုံဖြစ်ရပါမည်

❌ ဦးခေါင်း ဦးထုတ်ဆောင်းမထားရပါ

❌ မျက်နှာမှာ မျက်မှန်၊ အရိပ်၊ အဝတ်၊ ဆံပင်
ကွယ်မနေရပါ

❌ အဖြူအမည်း ဓာတ်ပုံမရပါ

✅ ကာလာဓါတ်ပုံကို ဖြစ်ရပါမယ်

❌ ဓာတ်ပုံမှာ အရိပ်ကျနေလို့ မရပါ

✅ 2" x 2" ပတ်လည် ဓါတ်ပုံဖြစ်ရမှာဖြစ်ပြီး ဓာတ်ပုံမှာ ဦးခေါင်းက အလည် center ကျကျဖြစ်ရပါမယ်

✅ ဓာတ်ပုံဆိုဒ်က အနည်းဆုံး 600x600 pixels - အများဆုံး 1200x1200 pixels ဖြစ်ရပါမယ်

✅ Color Photo ကို 24 bits per pixel ဖြစ်ရပါမယ်

✅ JPEG file format ဖြစ်ဖို့ လိုအပ်ပါတယ်နော်

✅ File size - 240 kB အောက်ဖြစ်ရပါမယ်

✅ Compression ratio ကတော့ 20:1 ဖြစ်ရပါမယ်

✅ ဓာတ်ပုံက ကြည်လင်းပြတ်သားမှု ရှိရပါမယ်

❌ အလင်းတစ်အားများနေတဲ့ ပုံမဖြစ်ရပါ

✅ နောက်ခံက အဖြူရောင် background ဖြစ်ရပါမယ်

❌ နောက်ခံကာလာကို တခြားအရောင်ကို တခြားအရောင်နဲ့ ရိုက်ပီးမှ app တွေ software တွေနဲ့ ဖြတ်ညှပ်ကပ် လုပ်လို့ရတယ်ဆိုပေမဲ့ သိသာနေရင် မရပါဘူး

✅ နည်းပညာနှင့် ဓာတ်ပုံနဲ့ ရင်းနှီးသူများသာeditလုပ်ပါ

✅ မလုပ်တတ်ရင် ဆိုင်မှာသွားရိုက်လိုက်တာ အကောင်းဆုံးပါ

✅ အကောင်းဆုံးကတော့ ဆိုင်မှာပဲ အဖြူရောင် background ထားပီး ရိုက်ခိုင်းပါ

✅ လသား ကလေးများနှင့် ရက်သား ကလေးကို ဓာတ်ပုံရိုက်မည်ဆိုပါက နောက်ခံအဖြူပေါ်မှာ ထားပြီး camera ကို ကြည့်နေသော အနေအထားဖြင့် ရိုက်ပါရန်

❌ တစ်စုံတစ်ယောက်က ချီ၍ ရိုက်ထားသောပုံမဖြစ်ရပါ

❌ Selfie ပုံမဖြစ်ရပါ

❌ မိသားစုလိုက် တွဲရိုက်ထားသော ပုံမဖြစ်ရပါ

❌ ဓာတ်ပုံတွင် ဘေးဘောင်များ စာသားများ မပါရပါ

‼️ ဓာတ်ပုံရိုက်ပီးပါက ဆိုင်မှာတစ်ခါတည်း အောက်ပါ link များထဲတွင် ဝင်၍ စစ်ခဲ့ပါ

အရင်ဦးဆုံး DV Lottery photo checker နဲ့ စစ်ပါ

https://dvlottery.me/dv-lottery-photo-checker?fbclid=IwAR1XPA9zZTlfIl6L_gOCg_qJlUjqyEapDURZKJvLaaPxIwt7uA7qTW1tjmw_aem_ASoafUjq87qwdftYowGDED7BCFOLVY1tk3eTHDTvUQMxuq1Kt96Twwiiucn7jJeDVc4&mibextid=Zxz2cZ

ပြီးရင် တရားဝင် Photo tool ဖြစ်တဲ့ ဒီ link ကနေ ထပ်စစ်ပါ

https://tsg.phototool.state.gov/photo

✅ Photo tool ထဲဝင်ပြီး ဓါတ်ပုံကို စစ်ကြည့်ပါက Accept & Proceed ဆိုရင် system က မိမိဓါတ်ပုံကို Automatic Crop လုပ်ပေးတာဖြစ်ပါတယ်
Accept & proceed ကိုနှိပ်လိုက်ပါက download image to your device ဆိုတာ ပုံအောက်မှာ ပေါ်လာပါရင် နှိမ့်လိုက်ပါက download ရယူနိုင်ပါမယ်
အဲ့ပုံကို DV လျှောက်ရာမှာ သုံးနိုင်မှာဖြစ်ပါတယ် ✅

❌ Your photo has been rejected for the following reason(s): Image is overly compressed. Please use a compression ratio that is less than 20:1
ဒီလို စာသားပေါ်လာရင်သုံးလို့မရတဲ့အတွက် ပုံကို ပြန်လည် edit လုပ်ဖို့ လိုအပ်ပါတယ် ❌

✅ Your photo does not need cropping: Photo dimensions are 600x600 ဒါဆိုရင် အဆင်ပြေတယ်လို့ ဆိုလိုပြီး ဒီပုံကို သုံးနိုင်ပါတယ်။ ✅

❌ File size ကြီးနေရင် မရပါ ❌

DV မှာ ဓာတ်ပုံက လိုအပ်ချက်တွေနဲ့ မပြည့်စုံရင် cancel form ဖြစ်သွားပါလိမ့်မယ်

DV ဖောင်ကို ကိုယ်တိုင်တင်ဖို့ အဆင်မပြေသူများ
နည်းပညာ အားနည်းသူများအတွက် DV form တင်ပေးတဲ့ service ပေးပါတယ်ရှင့်

အမေရိကန်ပြည်ထောင်စုသို့ အမြဲနေထိုင်ခွင့်ရ DV (Diversity Visa) ကံစမ်းပွဲကိုစတင်ပြီဖြစ်ကြောင်း US DV Center မှကြေငြာလိုက်ပ...
30/09/2023

အမေရိကန်ပြည်ထောင်စုသို့ အမြဲနေထိုင်ခွင့်ရ DV (Diversity Visa) ကံစမ်းပွဲကိုစတင်ပြီဖြစ်ကြောင်း US DV Center မှကြေငြာလိုက်ပြီဖြစ်ပါသည်။ ကံစမ်းမဲကို US DV websiteတွင် ၄-၁၀-၂၀၂၃ (မြန်မာနိုင်ငံအချိန် ၅-၁၀-၂၀၂၃)မှ ၇-၁၁-၂၀၂၃ (မြန်မာအချိန် ည၁၁နာရီခွဲ)အထိ လျှောက်ထားလို့ရပါမည့်အကြောင်း DV ချစ်သူများကို အသိပေးကြေငြာလိုက်ရပါသည်။

November အစပိုင်းbangkok to London သွားမှာပါ flightmate လေးရချင်လို့ပါရှင့် သွားမယ့်သူရှိရင် cb မှာ contact လေး လုပ်ပေးပ...
20/09/2023

November အစပိုင်းbangkok to London သွားမှာပါ flightmate လေးရချင်လို့ပါရှင့် သွားမယ့်သူရှိရင် cb မှာ contact လေး လုပ်ပေးပါဉီး ရှင့်
ကျေးဇူးတင်ပါတယ်ရှင့်🙏

Edit :ကလေးနဲ့ သွားဖြစ်မှာမို့ပါရှင့်

24/05/2023

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

  Travel Agency မှ ကြိုဆိုပါတယ်ရှင့်အဝေးပြေးကားလက်မှတ်များကို ပင်ရင်းဂိတ်ဈေးနှုန်းအတိုင်း၀ယ်ယူရရှိနိုင်ပါပြီရှင့် ။
22/03/2023

Travel Agency မှ ကြိုဆိုပါတယ်ရှင့်
အဝေးပြေးကားလက်မှတ်များကို ပင်ရင်းဂိတ်ဈေးနှုန်းအတိုင်း၀ယ်ယူရရှိနိုင်ပါပြီရှင့် ။

DV ကိုယ်စားတင်မယ့် မိတ်ဆွေများ အောက်ပါအချက်အလက်များကို ကြိုတင်ပြင်ဆင်လာပြီးမှ တစ်ခါတည်း ပို့ပေးပါရန် တောင်းဆိုပါတယ် ဦးဆေ...
07/10/2022

DV ကိုယ်စားတင်မယ့် မိတ်ဆွေ
များ အောက်ပါအချက်အလက်များကို ကြိုတင်
ပြင်ဆင်လာပြီးမှ တစ်ခါတည်း ပို့ပေးပါရန်
တောင်းဆိုပါတယ်

ဦးဆောင်တင်မယ့်သူအမည်
မွေးရက်
မွေးမြို့ရေးပေးပါ

အိမ်ထောင်ရှိပါက အိမ်ထောင်ရဲ့
အမည်
မွေးရက်‌
မွေးမြို့ ရေးပေးပါ

ကလေးရှိပါကအမည်
မွေးရက်
မွေးမြို့ရေးပေးပါ

ဦးဆောင်သူ Gmail
Phone နံပတ်
အမြဲနေ အိမ်လိပ်စာ အပြည့်အစုံ
ပညာအရည်အချင်း
လက်ရှိရောက်နေသည့်နိုင်ငံ
အိမ်ထောင်ရှိ မရှိ‌ပို့ပေးပါ

ဓာတ်ပုံဆိုင်မှာ ပုံရိုက်ပေးပါ
မိသားစုဆိုရင် မိသားစု၀င်အားလုံး ကလေးအပါအ၀င်
ရိုက်ရမည်

၂ လက်မပတ်လည်ဖြစ်ရမယ် နောက်ခံအဖြုရောင်
ဖြစ်ရမယ် နမူနာပြထားတဲ့အနေအထားအတိုင်းဖြစ်
ရမယ် အ၀တ်ကြိုက်တာ၀တ်လို့ရတယ်
ဆိုင်မှာ DV ထိုးဖို့ဆိုပြီးပြောရိုက်ပါ

DV အတွက်ပုံကို ဖုန်းထဲကို Softcopy
အဖြစ် ထည့်ပေးဖို့ ဓာတ်ပုံဆိုင်ကိုပြောပါ
နမူနာပုံကိုဆိုင်ကိုပြပြီးရိုက်ခိုင်းပါ
Paper နဲ့ထုတ်လာစရာ လုံး၀မလိုပါ

* Passport မလိုပါ ရှိရင်လည်းပို့လို့ရပါသည်

✅ ၀န်ဆောင်ခက ဦးဆောင်တင်သူ
အတွက် တစ်ဦး တစ်သောင်းကျပ်ပါ
အိမ်ထောင်ဖက်အတွက်ပေးစရာမလိုပါ
ငွေကြေးအဆင်မပြေသူများပွင့်လင်းစွာပြောပါ Discount ဈေးနဲ့တင် ပေးပါမည်
သားသမီး ၁ ယောက်ပါရင် 3 ထောင်
ထပ်‌ပေးရပါမည်

၀န်ဆောင်ခကို K-PAY ကနေလွှဲလို့ရပါတယ်

အထက်ပါအချက်အလက်များအားလုံးစုံလင်မှ

✅ +959424697256၏viber မှ
Customer code တစ်ခါတည်းပေးပါမည်

Why not free Fees😂😂😂🙄
Service Feesအနေနဲ့ကတော့
တစ်ဦးတည်းအတွက် - 10,000 Ks
မိသားစုလိုက်အတွက် - 20,000 Ks အဖြစ်ယူပါတယ်ရှင်
ယနေ့မှစတင်ပြီး အချက်အလက်တွေလက်ခံမှာဖြစ်ပြီး Page Chatboxမှာစာရင်းပေးထားနိုင်ပါပြီ။
(Service Feesတော့ကြိုလွှဲဖို့ မေတ္တာရပ်ခံပါတယ်)😂😂 https://m.facebook.com/story.php?story_fbid=622313612480513&id=113850933326786

🍁အမေရိကန်နိုင်ငံ နေထိုင်ခွင့် ကံစမ်းမဲ DV 2023 လျှောက်ထားလိုသူများ အတွက် DMA Travel Angencyမှ အခမဲ့ ဝန်ဆောင်မှု့ပေးနေပါပြီ။
🍁အောက်တိုဘာ 6 ရက် ၊ 2021 မှ နိုဝင်ဘာ 9 ရက် 2021အထိ အွန်လိုင်းမှ ကံစမ်းလျှောက်ထားနိုင်ပါတယ်။
🍁လိုအပ်သည့်အချက်အလက်များကို DMA Travel Agency သို့ ပေးပို့ပြီးပါကလျှောက်ထားပေးပါမည်။
🍁လျှောက်ထားပြီး Confirmation Letter ကို Viber & messenger & Email မှတဆင့် ပြန်လည်ပေးပို့ပေးပါမည်။
🍁နှစ်စဉ် မေလ ဝန်းကျင်တွင် ကွန်ပျူတာဖြင့် ရွေးချယ်ပြီး ကံစမ်းမဲအဖြေ ထွက်လေ့ရှိပါသည်။
🍁လက်မလွတ်သင့်တဲ့အခွင့်အရေးတခုပါ။
🍁ဆက်သွယ်ရန် DMA Travel Agency messenger မှ ဆက်သွယ်နိုင်ပါသည် ။

DV 2023 အတွက်လိုအပ်ချက်များ

♂️အမည်
♂️မွေးသက္ကရာဇ်
♂️မွေးဖွားသည့်မြို့
♂️ဖုန်းနံပါတ်
♂️ဆက်သွယ်ရန် လိပ်စာ
♂️သက်တမ်း ရှိ passport စာအုပ်မိတ္တူ
♂️2လက်မ ပတ်လည် နောက်ခံအဖြူရောင်ဓာတ်ပုံ (1) ပုံ
မှတ်ချက် ❌မျက်မှန်မတပ်ရ
❌ဉီးထုပ်မဆောင်းရ
❌ယူနီဖောင်းမ၀တ်ရ
❌ နောက်ခံ အရိပ်မပါရ
➡️နောက်ခံအဖြူနဲ့ လူနဲ့ ၃ပေကွာ လူနဲ့ဖုန်းနဲ့ ၄ ပေအကွာကနေရိုက်ပါ။

🧑‍🎓 ပညာအရည်အချင်း - အနည်းဆုံး 10 တန်းဖြစ်ရမည် ။

Address

No . 15, Kyan Khin Street , Baho Road , Sanchaung
Yangon
0000

Telephone

+959972692925

Website

Alerts

Be the first to know and let us send you an email when DMA Travel Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DMA Travel Agency:

Share

Category