02/03/2020
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုပုဂံခေတ်မတိုင်မီကတည်းကစ၍ နှစ်ပေါင်းထောင်ချီရပ်တည်လာသောနိုင်ငံတစ်ခုဖြစ်သည့်အညီ ယနေ့တိုင်စိုက်ပျိုးရေးကိုအားထားနေရတုန်းဆိုတာ အများသိမှာပါ။ ယနေ့ထိတိုင် ၇၀% သောပြည်သူလူထုများသည် လယ်သမားဘ၀ဖြင့်နေထိုင်နေကြသောသူများဖြစ်သည်။
ဖြစ်ပေါ်လာပုံကိုရှင်းရမယ်ဆိုရင် နယ်ချဲ့များသည်အောက်မြန်မာပြည်ကို စစ်နှစ်ကြိမ်တိုင်တိုင်ပြုခံရပြီး တောင်သူလယ်သမားတို့ဘ၀သည် ဘိုးဘွားပိုင်မြေများသိမ်းခံရဖ
ခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း နှင့် ငွေကြေးဆိုင်ရာပြသနာများကို အလူးအလဲခံစားခဲ့ရသည်။
၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပိုရန်အတွက် စိုက်ပျိုးရေးကိုဦးစားပေးပြန်လည်လုပ်ကိုင်ပြီး အထက်မြန်မာပြည်မှသူများပါဆင်း၍အောက်မြန်ပြည်တွင် ပြောင်းရွှေ့လုပ်ကိုင်လာကြသည်။ ဆန်စပါးစိုက်ပျိုးမှုအခြေအနေ ကောင်းလာသောအခါတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံ မြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေကို ပြဋ္ဌာန်းကာ ကုန်သည်များအကျိုးကို ဆောင်ရွက်ခဲ့သည်။ ၁၈၈၆ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် ယင်းဥပဒေကိုပင် ဆက်လက်ပြဋ္ဌာန်းခဲ့သည်။
လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ မြေများကို
ဂရန်မြေ (အပိုင်စာချုပ်မြေ)
အငှားစာချုပ်မြေ
ယာယီလုပ်ခွင့်ရမြေ
မြေနုကျွန်းမြေ
နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ ခွဲခြားသတ်မှတ်ပေးခဲ့သည်။
ယင်းကြောင့် အင်္ဂလိပ်အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူလယ်သမားများဖြစ်သည့် မြန်မာကျေးလက်နေ လူတန်းစားများ၏ ဘဝမှာ လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။
၁၉၃ဝ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘဝသို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။
အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နားသွားသော်လည်း ယင်းအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။
၁၉၄၈ ခုနှစ်တွင်လွတ်လပ်သောမြန်မာနိုင်ငံအဖြစ်ကြေငြာပြီး ဖ.ဆ.ပ.လ အစိုးရက လယ်ယာအလုပ်သမား အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတို့ကို ပြဋ္ဌာန်းပေးကာ လယ်သမားတို့၏ ဘဝကို မြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သည်။ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကိုကိုယ်စားလှယ်များတက်ရောက်လာခဲ့ပြီး ဇန်နဝါရီလကို တောင်သူလယ်သမားနေ့ဟုသတ်မှတ်ရန်ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ဇန်နဝါရီလမှာ တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။တော်လှန်ရေးကောင်စီ၏ ဝါဒသဘောထားကြေငြာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။ ထိုသို့သောရည်ရွယ်ချက်ဖြင့်လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စသဖြင့် လုပ်ဆောင်ပေးခဲ့သည်။ တောင်သူလယ်သမားထုအတွင်းစည်းလုံးညီညွတ်မှုရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကိုကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ဟူ၍သတ်မှတ်ပြီးယနေ့တိုင်ကျင်းပပေးလျက်ရှိပါသည်။
စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သည့်အတွက်နေ့စဉ်စားသုံးနိုင်ဖို့ စိုပ်ပျိုးပေးကြပါသော တောင်သူလယ်သမားများကိုယနေ့ထိဂုဏ်ပြုလျက်ပါ။
𝐓𝐫𝐚𝐯𝐞𝐥 𝐕𝐢𝐛𝐞 𝐓𝐫𝐚𝐯𝐞𝐥𝐬 𝐚𝐧𝐝 𝐓𝐨𝐮𝐫𝐬
𝑻𝒂𝒌𝒆 𝑶𝒏𝒍𝒚 𝑴𝒆𝒎𝒐𝒓𝒊𝒆𝒔, 𝑳𝒆𝒂𝒗𝒆 𝑶𝒏𝒍𝒚 𝑭𝒐𝒐𝒕𝒔𝒕𝒆𝒑𝒔 👣