ရွှေရိုး -Shwe Yo Air Ticket Online Service

ရွှေရိုး -Shwe Yo Air Ticket Online Service As a Travel & Tourism professional with 10 years of experience, we assure you that you will receive perfect service.

ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို မှန်ကန်သောစေ◌ျးနှုန်း၊ မြန်ဆန်သောဝန်ဆောင်မှုများဖြင့် ရောင်းချပေးနေပါပြီ။ ဆက်သွယ်ရ...
24/11/2022

ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ်များကို မှန်ကန်သောစေ◌ျးနှုန်း၊ မြန်ဆန်သောဝန်ဆောင်မှုများဖြင့် ရောင်းချပေးနေပါပြီ။

ဆက်သွယ်ရန်- ဖုန်း -၀၉၇၆၁၆၅၅၆၇၀၄၊ ၀၉၉၇၄၂၃၈၂၉၃ တို့ကို ဆက်သွယ်စုံစမ်း ဝယ်ယူအားပေးနိုင်ပါသည်။


#ပြည်တွင်းလေယာဉ်လက်မှတ်
#ပြည်ပလေယာဉ်လက်မှတ်
#လေယာဉ်လက်မှတ်




17/04/2022

နှစ်သစ်မှစပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး ဘေးရန်ကင်းကွာကြပါစေ🙏🙏🙏

15/04/2022

မိဘဆိုတာ
တံမြက်စည်း မဟုတ်ဘူး

( ဒီစာလေးကိုနှလုံးသားနဲ့ ဖတ်ပေးကြပါ)

သားသမီး(၁ဝ)ယောက်ကိုရှာဖွေကျွေးမွေးခဲ့တဲ့ အချိန်မှာ
ပင်ပန်းဆင်းရဲတယ်ဆိုပြီးအမေ မငိုခဲ့ပါဘူးကွယ်
အခုလို အိုမင်းမစွမ်းဖြစ်တဲ့အချိန်မှာသားသမီးတွေရဲ့
စွန့်ပစ်မှုကို ခံလိုက်ရတော့အမေ ငိုနေရပါပြီ။

သားသမီးတွေ ရှေ့ရေးအတွက်နိမ့်ကျတဲ့အလုပ်တွေကို
လုပ်ခဲ့ရတုန်းကအမေ မငိုခဲ့ပါဘူးကွယ်အခုလို သားသမီးအရင်းတွေကစွန့်ပစ်သွားတဲ့ အမေ့ကို
ဘာမှမတော်စပ်တဲ့သားသမီးအရွယ်လေးတွေက
ထမင်းကျွေးတဲ့အခါ အမေ ငိုနေရပါပြီ

သား သမီးတွေအတွက်အလုပ်လုပ်ရင်း
သူတစ်ပါး နှိမ့်ချ ပြောဆိုအော်ငေါက်ခံရလို့
အမေ မငိုခဲ့ပါဘူးကွယ် သားသမီးတွေ အမေ့ကို
ပြန်အော်ငေါက်တဲ့ အခါမှာတော့
အမေ ငိုနေရပါပြီ

သား သမီးတွေရဲ့ ဘဝကိုအမေ့ရဲ့မေတ္တာတွေနဲ့
အေးမြစေခဲ့ပြီး နွေးထွေးလုံခြုံမှုတွေ ပေးနိုင်တဲ့
အချိန်မှာငြူဆူပြီးအမေ မငိုခဲ့ပါဘူးကွယ်

အမေ အိုမင်းမစွမ်းတဲ့အချိန်မှာတော့သား သမီးတွေရဲ့
မေတ္တာနွေးထွေးမှု မပြောနဲ့ အပေါ်ယံ အနွေးထည်အင်္ကျီလေးတစ်ထည်တောင် မရတော့ဘဲ
စွန့်ပစ်ခြင်းခံရတဲ့ အချိန်မှာတော့
အမေ ငိုနေရပါပြီကွယ်

သားတို့ သမီးတို့ရေတံမြက်စည်းဆိုတာအမှိုက်တွေကို ရှင်းလင်းဖယ်ရှားပေးပြီးသန့်စင်စေခဲ့ပေမဲ့အဲဒီတံမြက်စည်းလေး အိုဟောင်းလို့အသုံးမဝင်တဲ့အချိန်မှာတော့
သူကိုယ်တိုင်အမှိုက်ဘဝကို ပြန်လည်ရောက်ရှိသွားပြီး
စွန့်ပစ်ခံရပါတယ်

မိဘဆိုတာလည်းသားသမီးတွေရဲ့ဘဝမှာတိုးတက်လမ်းပိတ်စေမယ့်အမှိုက်တွေကိုရှင်းလင်း ဖယ်ရှားပေးပြီး
သား သမီးတွေရဲ့ ဘဝခရီးကိုသန့်စင်အောင်
စွမ်းဆောင်ပေးခဲ့သူပါပဲ

ဒါပေမဲ့မိဘဆိုတာ.တံမြက်စည်း မဟုတ်ပါဘူးကွယ်
အိုမင်းမစွမ်းလို့အသုံးမဝင်တဲ့အခါမှာအမှိုက်တစ်ခုလိုသဘောထားပြီးအလွယ်တစ်ကူ မစွန့်ပစ်မိကြပါစေနဲ့
မိဘတွေက ကိုယ့်သား သမီးတွေအပေါ်မှာ
အပြစ်မယူဘဲ နားလည်ခွင့်လွှတ်နိုင်ပေမဲ့

ငါ့သားတို့ ငါ့သမီးတို့ကိုယ်တိုင်
တစ်နေ့မှာ
အဲဒီတံမြက်စည်းနေရာ
ပြန်ရောက်သွားမှာ စိုးရိမ်မိလို့ပါကွယ်

လယ်တွင်းသား စောချစ်

ဒီတစ်ခါ အိုမီခရွန် (Omicron) ကတော့ လူစုံတက်စုံ အကုန်ကူးဖို့များတယ်၊ အခု အသိတွေထဲ COVID အရင်ဖြစ်ဖူးသူလဲကူးတယ်၊ ဆေး နှစ်ကြ...
12/02/2022

ဒီတစ်ခါ အိုမီခရွန် (Omicron) ကတော့ လူစုံတက်စုံ အကုန်ကူးဖို့များတယ်၊ အခု အသိတွေထဲ COVID အရင်ဖြစ်ဖူးသူလဲကူးတယ်၊ ဆေး နှစ်ကြိမ် ထိုးထားလည်းကူးတယ်၊ Booster ထိုးထားတဲ့သူလည်းကူးတယ်၊ အပေါ်က သုံးချက်လုံးနဲ့ ကိုက်ညီတဲ့သူလည်းကူးတယ်၊ အဲ့တော့ မည်သူမဆိုကူး နိုင်တဲ့အနေအထားပါ၊ ကူးစက်မြန်လို့ တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံးချက်ချင်းကူးနိုင်ပါတယ်၊
Omicron ဖြစ်ရင် ဘာတွေဖြစ်လဲ၊ ခံစားရတာလေးပြောပြမယ်
၁၊ ချမ်းပြီး ဖျားပါတယ် ၊ အဖျားက တက်လိုက်ကျလိုက် ဖြစ်တယ်၊ ချမ်းဖျားတက်ပါတယ်၊ ဖျားရင်တော့ ဆရာဝန်နဲ့ပြပြီး ဆေးထိုး ဆေးသောက်လုပ်ပါ၊ သက်သာပါတယ်၊
၂၊ ကိုယ်လက် အနည်းငယ် ကိုက်ခဲ၊ အနည်းအများကတော့ တစ်ယောက် နဲ့တစ်ယောက်တော့ တူချင်မှတူမယ်၊
၃၊ ၃ ရက်မြောက် ချောင်းဆိုးပါမယ်၊ ပြီးရင် အသံပါဝင်ပြီး G Fatt သံလိုလို၊ ဇော်ဝင်းထွဋ်သံ လိုလိုဖြစ်မယ်၊ မယုံမရှိနဲ့ rapping ရွတ်ကြည့်လိုက် 😀 ရေနွေးလေးသောက်ပေးရင် သက်သာပါတယ် ၊ ဆားရည်အာလုတ်ကျင်းပါ၊
၄၊ ခေါင်းအနည်းငယ်သာကိုက်ပြီး ခေါင်းမကြည် မူးနောက်နောက်ဖြစ်ပြီး၊ သတိမေ့တတ်သလိုဖြစ်မယ်၊ ဥပမာ ပေးစရာ အကြွေးတွေမေ့သွားတာမျိုး 😂😂
၅၊ ပါးစပ်က မစားချင်ပေမဲ့ ဗိုက်ကတော့ အချိန်မှန်ဆာပြီး ထည့်သမျှအကုန်ဝင်တယ်၊ ဒါကတော့ အရင် ကိုဗစ်တွေနဲ့မတူတာ၊
၆၊ နှာစီးမယ်၊ နှာပိတ်မယ်၊ အနည်းအများ ကွာခြားမှုရှိနိုင်
၇၊ ချွေးထွက်ပြီး ချွေးစော်နံမယ်၊ အင်္ကျီလဲပေးပါ
၈၊ လေပြွန်ရောင်ပေမဲ့ အဆုတ်မရောင်ပါ၊ O2 မကျပါစမ်းသပ်ပေးတဲ့ ဆရာဝန်ပြောတာ၊ တစ်ဦး နှင့်တစ်ဦးကွာခြားနိုင်ပါတယ်၊
~~~~~~~~~~~~
Omicron ရဲ့ ကောင်းတဲ့ အချက်လေးတွေတွေ့လို့ Copy ယူလာတယ်
ယနေ့ကမ္ဘာမှာ ကူးစက်ခံရသူ ၉၀% ကျော်ဟာ Omicron ဖြစ်ပြီးသူကပေးတဲ့ antibody ဟာ T cell ကို memorized လုပ်ပေးပြီး Corona virus ကို မှတ်မိစေမယ်။
ကူးစက်ခံရတဲ့ targeted cell ကို တိုက်ခိုက်တာမို့နောင် အသစ်ထွက်နိုင်မယ့် variant ကိုပါ ကာကွယ်နိုင်မယ်လို့ တွက်ဆထားပါတယ်။
Omicron ကူးစက်ခံရတဲ့အတွက် ထွက်လာတဲ့ antibody ဟာ delta ကူးစက်မှုကို ခံနိုင်ရည်ရှိတယ်လို့လည်း တွေ့ထားပါတယ်။
အထက်ပါတွေ့ရှိချက်အရဆိုရင်
Omicron ဟာ နောက်ဆုံးလာတဲ့ကိုဗစ်လှိုင်းဖြစ်ဖို့များပါတယ်။
ကူးစက်နှုန်းက ထိန်းချုပ်မရလောက်အောင်မြန်တဲ့အတွက် တားဖို့မလွယ်လောက်ပါဘူး။သေဆုံးနှုန်းက ၀.၂% ဆိုတော့ အရင်လိုစိုးရိမ်ဖို့မလိုအပ်ပေမယ့်နာတာရှည် ဆီးချို သွေးတိုး နှလုံး အဆုတ် ရောဂါရှိသူတွေအတွက်တော့ အရဲမစွန့်သင့်တဲ့အနေအထားပါ။
ကျနော်တို့ ကမ္ဘာကြီးဟာ ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်နိုင်တဲ့ နေ့သစ်ကိုရောက်ပါတော့မယ်လို့မျှော်လင့်ပါတယ် ။
အားတင်းထားကြပါစို့...။
Dr. Paing Soe Zaw

 #အမေများနေ့ စတင်ဖြစ်ပေါ်လာပုံ❤❤❤❤❤❤❤❤❤❤❤M = is for the million things she gives us. အမေက ကျွန်ုပ်တို့ကို ပေးခဲ့တဲ့ သန်း...
16/01/2022

#အမေများနေ့ စတင်ဖြစ်ပေါ်လာပုံ
❤❤❤❤❤❤❤❤❤❤❤
M = is for the million things she gives us.
အမေက ကျွန်ုပ်တို့ကို ပေးခဲ့တဲ့ သန်းပေါင်းများစွာသော အရာတွေ ...
O = means only that she's growing old.
သားသမီးတွေအတွက် ပေးဆပ်ရင်း အိုမင်းသွားတဲ့ အမေ ...
T = is for the tears she shed to save us.
သားသမီးတွေအတွက် အမေကျခဲ့တဲ့ မျက်ရည် ...
H = is for her heart of purest gold.
အမေ့ရဲ့ ရွှေစင်နှလုံးသား ...
E = is for her eyes, with love sight.
မေတ္တာကြင်နာခြင်း အပြည့်အဝနှင့် စောင့်ရှောက် ကြည့်ရှုခဲ့တဲ့ အမေ ...
R = means right she'll always be.
အမြဲတမ်း မှန်ကန်သော အမေ့ ဆုံးမစကားများ ...
*အထက်ပါ Mother's Definition အမေဆိုသော စကားလုံး၏ အဓိပ္ပာယ်များသည် Mr.Howard Johnson ရေး၍ အရှင်က္ကန္ဒစာရ (မုံရွာ) ဘာသာပြန် ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အမေများနေ့ ဖြစ်လာခြင်းအကြောင်း
မြန်မာပြည်တွင် အမေနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသား စာဆို စာရေးဆရာကြီး ဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စာပေ ပညာရှင်များက ဆရာကြီးဦးသုခနှင့် တစ်စိတ် တစ်ဝမ်းတည်းပါဝင်ဆောင်ရွက်၍ ပြာသိုလပြည့်နေ့ တိုင်း ကို အမေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
ဆရာကြီး ဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင် ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသော မိခင်၏ ကြေကွဲ ခံစားချက်များသည် မြန်မာပြည်တွင် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီးဦးသုခ ရင်ထဲ၌ ကိန်းဝပ် အစပျိုးခဲ့ကြောင်း၊ ဆရာကြီးဦးသုခသည် ရင်ထဲမှ ခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြော ကာ အမေ့မေတ္တာ ပြန့်ပွားရေးကို စတင် လှုံ့ဆော်ခဲ့သူ ဖြစ်ကြောင်း၊ ဆရာကြီးဦးသုခ က အမေနေ့ အကြောင်း မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းကိုလည်းဆို၊ ပြောလည်းပြော၊ ငိုလည်းငို၍ ဟောပြောစဉ် ပရိသတ် သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သား ခဲ့ဖူးသည်။
ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန် စာပေပညာရှင်များက ကြိုးစားနေကြစဉ် (၁၉၉၅) ခုနှစ် တွင် မန္တလေးမှ အမေကိုမြတ်နိုးသူများက ဆရာကြီး ဦးသုခ အား အမေနေ့ သတ်မှတ်ပေးရန် ပူဆာ တိုက်တွန်း ခဲ့ခြင်းကြောင့် မန္တလေးမြို့တွင်ဆရာကြီး ဦးသုခ ကိုယ်တိုင် ဟောပြော၍ ပြာသိုလပြည့်နေ့ကို “အမေနေ့” အဖြစ် သတ်မှတ်ခဲ့သည်။
ကမ္ဘာ့အမေများနေ့ ဖြစ်ပေါ်လာခြင်း အကြောင်း
စာရေးဆရာမ၊ ကထိက၊ လူမှုရေး ပြုပြင်ရေးသမားဖြစ်သူ မစ္စဂျူလီယာ သည် ဘောစတွန်မြို့ရှိ သူမ၏နေအိမ်၌ မိခင်များနေ့ကို (၁၈၇၂) ခုနှစ်တွင် စတင် ကျင်းပခဲ့သည်။သူမသည် နေအိမ်၌ မိခင်များနေ့ကို တစ်ကိုယ်တော် ကျင်းပခဲ့ခြင်းဖြစ်ပြီး (၁၈၈၇) ခုနှစ်တွင် တင်တပ်ကီ ပြည်နယ် မှ ကျောင်းဆရာမ မေရီဆင်သိန်း သည် မစ္စဂျူလီယာ၏ တိုက်တွန်းချက်ဖြင့် မိခင်နေ့ကို ကျင်းပခဲ့သည်။ ထိုသို့ပင် (၁၉၀၄) ခုနှစ်တွင် အင်ဒီယားနား ပြည်နယ်မှ ဖရင့်စ်အီဟဲရင် သည်လည်း မိခင်များနေ့ကို ကျင်းပခဲ့ပြီး သုံးနှစ်အကြာ ဖီလာဒဲလ်ဗီးယား ပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ် ဆိုသူ က (၁၉၀၇) ခုနှစ်တွင် မိခင်များနေ့ကို ယင်းထက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ကြိုးစား အားထုတ်ခဲ့သည်။ ယင်းသို့ မိခင်များနေ့ (သို့) အမေနေ့ ကို မေလ၏ ဒုတိယတနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ကြ ပြီး ဖီလာဒဲလ် ဗီးယားပြည်နယ်က ပထမဦးဆုံး အသိအမှတ်ပြုခဲ့ပြီး (၁၉၀၈) ခုနှစ်၊ မေလ (၁၀) ရက်ကို မိခင်များနေ့အဖြစ် ကျင်းပခဲ့သည်။ဖီလာဒဲလ်ဗီးယားပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ်သည် အခြားပြည်နယ်နှင့် တိုင်းတွေကပါ မိခင်များနေ့ ကို ကျင်းပလာစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် နယ်ပယ်တို့မှ သြဇာရှိ ပုဂ္ဂိုလ်များကို စာနဲ့တစ်မျိုး ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေး၍တစ်ဖုံ ကြိုးစား အားထုတ်ခဲ့ကာ (၁၉၁၄) ခုနှစ်တွင် မိခင်များနေ့ကို အခြားသော ပြည်နယ်နှင့်တိုင်းတွေကပါ အသိအမှတ်ပြု ကျင်းပလာခဲ့ကြောင်း လေ့လာ သိရှိရသည်။ အမေရိကန် သမ္မတကြီး ဝူးဒရိုးဝီလ်ဆင် သည် ကွန်ကရက် လွှတ်တော်၌ “ကမ္ဘာပေါ်တွင် အကောင်းဆုံး မိခင်ဖြစ်သည့် သင်၏မိခင်ကို ဂုဏ်ပြုလျက်” စသည်ဖြင့် မိခင်နေ့ကို ကျင်းပရန် သတ်မှတ်ပေးခဲ့ကာ ယင်းအချိန်မှ စတင်၍ လက်တင်အမေရိကနှင့် အရှေ့ပိုင်းနိုင်ငံများ တွင် မေလ၏ ဒုတိယတနင်္ဂနွေနေ့တိုင်း မိခင်များနေ့ကို ယနေ့အထိ ကျင်းပလာခဲ့ကြသည်။
ဤမှ စ၍
ကမ္ဘာ့အမေများနေ့ ဖြစ်လာရခြင်း ဖြစ်သည်။

05/12/2021

ရင်တွေနာလိုက်တာ

Authentic  💯Innisfree Olive Real Oil Mist‼️ Instock ‼️Price- 15,500ksအသားရေ အရမ်းခြောက်တဲ့ သူများအတွက် deep hydrating နဲ...
13/10/2021

Authentic 💯
Innisfree Olive Real Oil Mist
‼️ Instock ‼️
Price- 15,500ks
အသားရေ အရမ်းခြောက်တဲ့ သူများအတွက် deep hydrating နဲ့ moisturizing ကိုပေးစွမ်းနိုင်တဲ့ Powerful Moisturizer Spray
❤️အဆီနဲ့ရေဓာတ်ကိုထိန်းညှိပေးခြင်း အပေါ်ယံအရေပြားကိုကာကွယ်ပေးခြင်း မိတ်ကပ်လိမ်းရာမှာ ညီညာစေဖို့ Makeup Base အနေဲ့အသုံးပြုနိုင်ခြင်း စတဲ့ 3in1 effect ပါဝင်တဲ့ essential oil လေးဖြစ်ပါတယ်
💥မျက်နှာ ခြောက်သွေ့တယ်လို့ခံစားရတာနဲ့ Spray လေးနဲ့ဖြန်း ပေးပါ
👉မိတ်ကပ်မလိမ်းမီ နဲ့ မိတ်ကပ်လိမ်းပီးသောအခါ Spray အနေနဲ့ ဖြန်းပီး အသုံးပြုနိုင်သလို Cotton pad လေးနဲ့လည်း မျက်နှာကို ပုတ်ပုတ်ပီး အသုံးပြုပေးနိုင်ပါတယ်

Address

Yangon
11051

Telephone

+959974238293

Website

Alerts

Be the first to know and let us send you an email when ရွှေရိုး -Shwe Yo Air Ticket Online Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေရိုး -Shwe Yo Air Ticket Online Service:

Share

Category