Our Holiday Travels & Tours

Our Holiday Travels & Tours You Can Visit around the somewhere With Our Holiday Travels & Tours.

ကျွန်တော်တို့ Our Holiday Travels & Tours ကနေ Corona Virus (COVID - 19) ဖြစ်ပွားနေတဲ့ ရောဂါကပ်ဘေးကြီးက မလွတ်မြောက်မချင်း...
12/03/2020

ကျွန်တော်တို့ Our Holiday Travels & Tours ကနေ Corona Virus (COVID - 19) ဖြစ်ပွားနေတဲ့ ရောဂါကပ်ဘေးကြီးက မလွတ်မြောက်မချင်း အကန့်အသတ်မဲ့ ခရီးစဉ်ဆောင်ရွက်ပေးမှု၊ Package တွေနဲ့ တခြားဘယ်ခရီးစဉ်မဆို ယာယီ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးကြေညာပါတယ်။

အများပြည်သူကျန်းမာရေးအတွက်မို့ နားလည်ပေးစေချင်ပါတယ် ဒီအချိန်က အလုံပိတ် Express ကားတွေနဲ့ ခရီးသွားရန်လည်း ဘယ်လိုမှ မသင့်တော်ပါဘူးခင်ဗျာ။ ခရီးမဖြစ်မနေကလွဲရင် လုံးဝမသွားသင့်ပါဘူး။

ပိုပိုဆိုးလာသော အခြေအနေများကြား အားလုံးဒီပျံပွားကူးစက်ရောဂါကြီးကနေ လွတ်မြောက်ကြပါစေလို့ စိတ်ဆန္ဒပြုလိုက်ပါတယ်။🙏🙏🙏


06/01/2020

မနက်ဖြန်ဆို ရုံးတွေပြန်ဖွင့်ပြီနော်...
​ပိတ်ရက်တွေများတာမို့ ခရီးသွားဖို့ အားမွေးရင်း
မနက်ဖြန် ရုံးကို စိတ်သစ်လူသစ်နဲ့ သွားကြနော်။

​ပိတ်ရက်အတွက် ခရီးစဉ် Package တွေ မကြာမီ လာမည်...။ 😁


မနေ့က ဘားအံ နေ့ချင်းပြန် Private ခရီးစဉ်လေးပါ...။ကျွန်တော်တို့ Our Holiday Travels & Tours ကိုယုံကြည်စွာရွေးချယ်ပေးတဲ့အတ...
26/12/2019

မနေ့က ဘားအံ နေ့ချင်းပြန် Private ခရီးစဉ်လေးပါ...။
ကျွန်တော်တို့ Our Holiday Travels & Tours ကိုယုံကြည်စွာရွေးချယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။🙏🙏🙏

နောက်လည်း အတူတူသွားချင်ပါသေးတယ်ဗျ။

ဘားအံအနှံ့ လျှောက်သွား လျှောက်စားရအောင်...🚌စားစရိတ်ငြိမ်း တစ်ယောက်ကို - (44000)နဲ့ဘားအံကို နေ့ချင်းပြန်သွားကြရအောင်လားဗျ...
21/12/2019

ဘားအံအနှံ့ လျှောက်သွား လျှောက်စားရအောင်...🚌

စားစရိတ်ငြိမ်း တစ်ယောက်ကို - (44000)နဲ့
ဘားအံကို နေ့ချင်းပြန်သွားကြရအောင်လားဗျာ။

ထွက်မယ့်ရက်က
📆 30.12.2019
ည (၉) တိတိ ရန်ကုန်ရွှေမြို့တော်ကြီးကနေ စတင်ထွက်ခွာမှာဖြစ်ပြီး

ပြန်ရောက်မည့်ရက်က
📆 31.12.2019
New Year ည (၁၀) ဝန်းကျင်မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

‼️သတ်မှတ်လူဦးရေ (5) ဦးသာလိုကြောင်း‼️

ခရီးစဉ် အသေးစိတ် -
🔷 ည (၉) နာရီမှာ စုရပ်နေရာများမှာ လိုက်လံခေါ်ဆောင်ကာ ဘားအံမြို့သို့ စတင်ထွက်ခွာပါမယ်။
(လမ်းခရီး အစာပြေစားရန်နဲ့ အပေါ့သွားရန် မိနစ် (၃၀) ခန့် ရပ်နားပေးသွားပါမယ်ဗျ)

🔷 ပြီးရင်တော့ တောက်လျှောက်အိပ်စက်အနားယူလို့ရပါတယ် မနက် (၆) နာရီအရောက် ဘားအံမြို့သို့ မောင်းနှင်သွားပါမယ်။
ပြီးရင်တော့ မနက်စာကို ဘားအံမြို့ရဲ့ နာမည်ကြီးဆိုင်မှာ သုံးဆောင်ပါမယ်။

🔷 လည်ပတ်မယ့်နေရာတွေက ဘားအံမြို့ရဲ့ အထင်ကရ ဂူ (၅) ဂူ၊ ကော့ကသောင် (ရေကြည်စမ်း)၊ ကျောက်ကလပ်၊ ချစ်သူမြိုင်၊
ရေကစား အနားယူလို့ရမယ့် လွန်းညရေပြာအိုင်၊ ဗုဒ္ဓဂါယာ၊ ရွှေရင်မျှော် နဲ့ အချိန်ရသေးရင် နောက်ထပ် ဓာတ်ဖဖ်းလို့ ကောင်းတဲ့နေရာတွေကိုပါ လိုက်လံ ပို့ဆောင်ပေးသွားပါမယ်ဗျာ။

🔷 နေ့လည်စာကိုတော့ ဘားအံမြို့ရဲ့ အကောင်းဆုံး ထမင်းဆိုင် "စံမတူ" မှာ သုံးဆောင်မှာဖြစ်ပါတယ်။ ညစာကိုလည်း ဘားအံမြို့ရဲ့ နာမည်ကြီး စားသောက်ဆိုင်မှာ သုံးဆောင်ရမှာပါဗျ။

🔷 ညနေ (၅) နာရီမှာတော့ အလှဆုံး လင်းနို့တွေ ထွက်တာကို လင်းနို့ဂူမှာ ကြည့်ပြီး ဘားအံ ညစျေးမှာ စားချင်တာတွေ ဝယ်ချင်တာတွေ ဝယ်လို့ စားလို့ရအောင် မိနစ် (၃၀) ခန့် ရပ်နားပေးပါမယ်။

🎁 အပြန်လက်ဆောင်ဝယ်ရန်အတွက်ကိုတော့ သစ်သီးဆိုင်၊ လက်ဆောင်ဝယ်ရန်ဆိုင်တွေမှာ ခေတ္တခဏ ရပ်နားပေးပါမယ်နော်။ 🎁

ပြီးရင်တော့ ရန်ကုန်ရွှေမြို့တော်ကြီးသို့ ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်။
ခန့်မှန်း ည (၁၁) နာရီဝန်းကျင်မှာ ပြန်လည်ရောက်ရှိမှာပဲ ဖြစ်ပါတယ်။

🔺ခရီးစဉ်တွင်ပါဝင်တဲ့ ဝန်ဆောင်မှုတွေက -
✔️ Air Con Express
✔️ အစာပြေမုန့် + အအေး (သို့) ကော်ဖီ
✔️ ရေသန့်၊ စနိုးတာဝါ၊ သွားတိုက်တံ၊ သွားတိုက်ဆေး
✔️ မနက်စာ၊ နေ့လည်စာ
✔️ ဖော်ရွေပြီး ဓာတ်ဖဖ်းတော်တဲ့ Tour Leader

‼️လမ်းခရီး ခေတ္တရပ်နားခြင်းအတွက် စားတာသောက်တာ မပါရှိပါ၊ ဘားအံ ညစျေးတွင် အစားပြေစားရန် မပါရှိပါ။‼️

Company များ၊ အသင်းအဖွဲ့ (Private) သွားလိုသူများနဲ့ မိသားစုသီးသန့်အတွက် ကားသီးသန့်သော်လည်းကောင်း၊ Package သီးသန့်သော်လည်းကောင်း သက်သာသောစျေးဖြင့် စီစဉ်ပေးပါတယ်ဗျ။

🤩 ခရီးစဉ် အသေးစိတ်သိရှိရန်နဲ့ စာရင်းပေးသွင်းရန် -
☎️ Phone - 09 97782 1671 / 09 97782 1679
🏡 Address - No.(93), U Shwe Mhan Street, Sanchaung Township, Yangon.
📧 Email - [email protected]

Page ရဲ့ Mes Box ကနေလည်း စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျ။ 🙏🙏🙏




ဒီနှစ်အရမ်းစဉ်ကားမယ့် ပြင်ဦးလွင်ပန်းပွဲတော်ဆီ တစ်ယောက် (89,000) အပြီးအစီး Package နဲ့ သွားကြရအောင်...🌹🌸🌺🌻🌼‼️(၁၀) ယောက်လိ...
13/12/2019

ဒီနှစ်အရမ်းစဉ်ကားမယ့် ပြင်ဦးလွင်ပန်းပွဲတော်ဆီ တစ်ယောက် (89,000) အပြီးအစီး Package နဲ့ သွားကြရအောင်...🌹🌸🌺🌻🌼

‼️(၁၀) ယောက်လိုက်ရင် (၁) ယောက် Free‼️

👉 ရန်ကုန် - ပြင်ဦးလွင်ပန်းပွဲတော် - (၂) ညအိပ် (၃) ရက်ခရီးစဉ်
👉 ထွက်ခွာမယ့်ရက် - ဇန်နဝါရီ (၃) ရက်နေ့ည
👉 ပြန်ရောက်မယ့်ရက် - ဇန်နဝါရီ (၅) ရက်နေ့
👉 တစ်ယောက်အပြီးအစီး (89,000) ကျပ်။

ဘယ်တွေပို့ဆောင်ပေးမှာလဲ?
🔷 ပန်းပွဲတော်ကျင်းပတဲ့ ကန်တော်ကြီးဥယျာဉ်
🔷 မဟာအံ့ထူးကံသာစတေီ
🔷 နှီးဘုရား
🔷 မြွေဘုရား
🔷 တရုတ်ဘုံကျောင်း
🔷 ပွဲကောက်ရေတံခွန်
🔷 ဒီဇင်ဘာဥယျာဉ်
🔷 ပိတ်ချင်းမြောင်
🔷 လိမ္မော်ခြံ၊ စတော်ဘယ်ရီခြံ
🔷 ဓာတ်ပုံရိုက်လို့အရမ်းလှတဲ့ နေကြာပန်းခင်း
🔷 ပစ်တိုင်းထောင်ကျောင်း
🔷 Mico Hill
🔷 Golden Bee Farm

အဲဒီနေရာတွေအပြင် အချိန်ရရင် ထပ်မံပို့ဆောင်ပေးမှာက -
✅ The Croft Garden
✅ Cozy World
✅ ပြင်ဦးလွင်ရဲ့ ထပ်တစ်ရာပန်းခင်း

ကဲအပီလည်ရမှာနော်... Package ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့ -
👉 ရန်ကုန် - ပြင်ဦးလွင် အသွားအပြန်
👉 ဖော်​ရွေတဲ့ Tour Guide
👉 အစာပြေမုန့်နဲ့အအေး
👉 Medical Box
👉 သွားပွတ်တံ + သွားတိုက်ဆေး + Snow Tower
👉 ရေသန့် (အကန့်အသတ်မရှိ)
👉 ဟိုတယ် (၁) ညအိပ်
👉 မနက်စာ (၂) + နေ့လည်စာ + ညစာ (စုစုပေါင်း (၄) နပ်)

ခရီးတစ်လျှောက်လည်ပတ်မယ့်ကားကတော့-
🚌 (12) ယောက်စီး၊ (15) ယောက်စီး၊ (22) ယောက်စီး၊ (33) ယောက်စီး Air Con အဆင်မြင့်ကားတွေနဲ့သာ ပို့ဆောင်ပေးသွားမှာပါခင်ဗျ။

ဒီအချိန် အေးစိမ့်ပြီး အရမ်းလည်လို့ကောင်းတဲ့အပြင် ပြင်ဦးလွင်ရဲ့ အစည်ကားဆုံးအချိန်ဆိုတော့ အားလုံးလိုက်ပါဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။😍😍😍

အသေးစိတ်အချက်အလက်များနဲ့ စာရင်းပေးသွင်းရန် -

🌴 Our Holiday Travels & Tours 🌴
☎️ Phone - 09 97782 1671 / 09 97782 1679
🏡 Address - No.(93),U Shwe Mhan Street, Sanchaung Township.






Photo Crd

"နောင်ချိုမှာ နာမည်ကြီးနေတဲ့ တိမ်ပင်လယ်ဆီနဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို ရန်ကုန်ကနေ တိုက်ရိုက် Private ခရီးလေးအတူသွားရအောင်...
11/12/2019

"နောင်ချိုမှာ နာမည်ကြီးနေတဲ့ တိမ်ပင်လယ်ဆီနဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို ရန်ကုန်ကနေ တိုက်ရိုက် Private ခရီးလေးအတူသွားရအောင်" 👫👫👫

💸 ရန်ကုန်ကနေ အပြီးအစီး Private Package တစ်ယောက်ကို -145,000 (၁သိန်း၄သောင်းခွဲ) ကျပ်တိတိ... 💸

🔷 (၂) ညအိပ် (၃) ရက်ခရီးစဉ်
ရန်ကုန်ကထွက်မယ့်ရက် - 30.12.2019
ပြန်လည်ရောက်ရှိမယ့်နေ့ - 1.12.2019 (ည ၁၁ ဝန်းကျင်)

🔷 Package မှာပါဝင်တာတွေက -
✔️ကားစရိတ် အသွားအပြန် လည်ခအကုန် အပြီးအစီး
✔️စားစရိတ်တစ်ရက်စာ (တိမ်ပင်လယ်တွင် - မနက်၊ နေ့လည်နဲ့) ပြင်ဦးလွင်တွင် ညစာ
✔️ တိမ်ပင်လယ်မှာ Tent နဲ့ခဏတာနားခွင့်
✔️ လမ်းခရီး အစာပြေနဲ့ ရေသန့်
✔️ စနိုးတာဝါနဲ့ မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံ၊ သွားတိုက်ဆေး။
✔️ ဟိုတယ်တစ်ညတာ နားခွင့်
✔️ ဟိုတယ် မနက်စာ Buffet

🚌 Alphard, Super Custom, Grand Starex ကားတို့နဲ့ သွားမှာဖြစ်သောကြောင့် သက်တောင့်သက်သာရှိပါတယ်။ Air Con အေးသထက်အေးပါတယ်ဗျ။ 🚌

👉 ခရီးစဉ် အသေးစိတ် 👈
✅ 30.12.2019 ညဘက် (၈) နာရီကျော် လူစုပြီး ကားစထွက်ပါမယ်။ ကြားမှာ အစာပြေ (၄၅) မိနစ်ခန့် ရပ်နားမည်ဖြစ်ပြီး ပြီးရင်တော့ နောင်ချိုထိ တန်းမောင်းမှာပါ။

✅ မနက် (၅) နာရီ နောင်ချို ကနေ တိမ်ပင်လယ် ကြည့်ပြီး သဘာဝအလှတရားမှာ စီးမျောခံစားကြမယ်။
ပြီးရင် အဲဒီက သဘာဝဆန်ဆန် ချက်ပြုတ်ပြီး ဝါးလေးတွေနဲ့ ကျွေးတဲ့ မနက်စာစားမယ်။

✅ အဲဒီမှာ အဓိကနားမှာဖြစ်ပြီး (၁၂) ကျော်ရင် နေ့လည်စာထမင်းစားပြီး ခေတ္တအိပ်စက် နားနေဖို့အတွက်နဲ့ ဓာတ်ပုံရိုက်ဖို့အတွက် အချိန် (၁) နာရီခွဲပေးပါမယ်ဗျ။

✅ ပြီးရင်တော့ (၃) နာရီမှာ ဂုတ်ထိပ်ကို လိုက်ပို့ပေးပါမယ် ပြီးရင်တော့ ပြင်ဦးလွင်ဆင်းပြီး ပြင်ဦးလွင်ရဲ့ အထင်ကရ (၂) နေရာလောက်ဝင်ကြမယ်။ (အထင်ကရနေရာတွေ စုံအောင်ပို့မှာပါ၊ ရောက်ချိန် ဘယ်နေရာတွေဖွင့်သေးလဲ ကြည့်ရမှာမို့နေရာထည့်မရေးထားတာပါဗျ)

✅ ညနေ (၆) နာရီမှာတော့ ဟိုတယ်ကို ဝင်ပါမယ် အားလုံးနားကြမယ်၊ (၇) ခွဲမှာ ညစာ စားမယ်။ ပြီးရင် တစ်နေကုန်လည်ထားသမျှ နောက်တစ်ရက်အတွက် အားယူဖို့ သေချာအနားယူ အိပ်စက်လို့ရပါပြီ။

✅ နောက်တစ်နေ့မနက် ဟိုတယ်မှာ Buffet Breakfast စား၊ ပြီးရင် (၉) နာရီလူစုမှာဖြစ်ပြီး ကျန်ရှိတဲ့ ပြင်ဦးလွင်ရဲ့ ဒီဇင်ဘာခြံ၊ လိမ္မော်ခြံ၊ စတော်ဘယ်ရီခြံ၊ နှင်းဆီခြံနဲ့ တခြားနေရာတွေ လိုက်လံပို့ဆောင်မှာဖြစ်ပါတယ်။ ပြင်ဦးလွင်ပန်းပွဲတော်လည်း ရှိတော့ တစ်ဝကြီး ဓာတ်ဖမ်းပြီ ပန်းအလှတွေကို ခံစားလို့ရတယ်။ ရာသီ ချိန် အသီးတွေရှယ်လှပြီး တန်၊ စတော်ဘယ်ရီဆို တစ်ခြင်း (၂၀၀-၅၀၀) လောက်ပဲရှိတဲ့အတွက် အရမ်းဝယ်လို့ကောင်းတဲ့အချိန်ပါ။)

✅ တစ်နေကုန်လည်ပြီး ညနေ (၄) နာရီမှာ ကျွန်တော်တို့ရဲ့ ရွှေမြို့တော်ရန်ကုန်မြို့ဆီသို့ ပြန်လည်မောင်းနှင်မှာဖြစ်ပါတယ်။
ည (၁၁) ဝန်းကျင် ပြန်လည်ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်ဗျ။

🔴 တိမ်ပင်လယ်မှာ ညအိပ်ချင်တဲ့သူများကိုလည်း စီစဉ်ပေးပါတယ်။ အပေါ်မှာ ရှုခင်းတွေခံစားပြီး ဟိုတယ်မှာသက်တောင့်သက်သာ အိပ်စက်စေချင်တဲ့အတွက် ပြင်ဦးလွင်သို့ ပြန်ဆင်းလည်ပတ်ပေးခြင်းဖြစ်ပါတယ်နော်။ 🔴

ကဲ... တိမ်ပင်လယ်လည်း ကြည့်ရမယ်။
ပြင်ဦးလွင်ကိုလည်း စုံနေအောင် လည်ရမယ်။
ဒီလိုအရမ်းစုံ၊ အရမ်းတန်တဲ့ Package မို့လို့ အကုန်လိုက်ပါစေချင်ပါတယ်ဗျ။

‼️ဒါပေမယ့်... Private Trip မို့ (၁၂) ယောက်ထိသာ လက်ခံမှာပါ။
သတ်မှတ်လူဦးရေ (၁၀) ယောက်ပြည့်တာနဲ့ ထွက်မှာပါ။ (အကန့်အသတ်ဖြင့်သာရှိတာကြောင့် လူမပြည့်ခင် အမြန်ဆုံး စာရင်းသွင်းဖို့လိုပါတယ်)
နောက်ဆုံးစာရင်းသွင်းနိုင်မယ့်ရက် - 27.12.2019‼️

စာရင်းပေးရန်နဲ့ အသေးစိတ်စုံစမ်းရန် -
🌴 Our Holiday Travels & Tours 🌴
☎️ Phone - 09 977821671/ 09 77821679
🏡 Address - No.(93), U Shwe Mhan Street, Sanchaung Township, Yangon.







Photo Crd (တစ်ချို့ပုံလေးတွေ Google ကယူသုံးထားပါတယ်ဗျ)

ဒီအချိန်အနားမှာချစ်ရသောသူနဲ့ ကော်ဖီတစ်ခွက်သာ လိုတယ်...။ ❤️​အရမ်းအေးနေတဲ့မြို့တွေဆီ ကော်ဖီပူပူတစ်ခွက်နဲ့ ခရီးဆက်ချင်နေပြီ...
07/12/2019

ဒီအချိန်အနားမှာ
ချစ်ရသောသူနဲ့ ကော်ဖီတစ်ခွက်သာ လိုတယ်...။ ❤️

​အရမ်းအေးနေတဲ့မြို့တွေဆီ ကော်ဖီပူပူတစ်ခွက်နဲ့ ခရီးဆက်ချင်နေပြီမလား?

ကဲ.. ဘယ်သွားချင်လဲပြော😉
ကြိုက်တဲ့နေရာ၊ နိုင်ငံက်ုသွား Our Holiday ရှိတယ်။
ပိတ်ရက်တွေ ကားလက်မှတ်မရတော့ဘူးမလား???
အသက်သာဆုံးစျေးနဲ့ Private ခရီးတွေ စီစဉ်ပေးတယ်။

ဒီလိုရာသီဥတုမှာ ခရီးမထွက်ရင် ဘယ်အချိန်ခရီးသွားမှာလဲ..??? 🛣️

🌴 Our Holiday Travels & Tours 🌴

☎️ Phone - 09 977821671/ 09 977821679



ဒီဇင်ဘာပိတ်ရက်တွေအတွက် ဘားအံခရီးစဉ် လူပြည့်သွားပါပြီနော်... ကျွန်တော်တို့နဲ့ ယုံကြည်စွာ သွားရောက်မယ့် ခရီးသည်များအားလုံး...
04/12/2019

ဒီဇင်ဘာပိတ်ရက်တွေအတွက် ဘားအံခရီးစဉ် လူပြည့်သွားပါပြီနော်... ကျွန်တော်တို့နဲ့ ယုံကြည်စွာ သွားရောက်မယ့် ခရီးသည်များအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။🙏🙏🙏

Private ခရီးစဉ်တွေကိုလည်း အများစျေးနှုန်းနဲ့ အရမ်းမကွာပဲ သက်သက်သာသာ ဆောင်ရွက်ပေးနေပါသေးတယ်... Private ခရီးစဉ်လေး သွားချင်ရင်တော့ ရပါသေးတယ်နော်။

ပြည်တွင်းခရီးစဉ် ဘားအံ၊ ကလော၊ ပုဂံ နဲ့
ပြည်ပခရီးစဉ် ဘန်ကောက်၊ ဗီယက်နမ်
Private ခရီးစဉ်တွေ ရှိပါသေးတယ်။

ပိတ်ရက်မှာ အပန်းဖြေဖို့ Our Holiday နဲ့ အမြန်ဆက်သွယ်လိုက်ပါ။ ❤️



Address

No. (93), U Shwe Mhan Street, Sanchaung Township
Yangon

Website

Alerts

Be the first to know and let us send you an email when Our Holiday Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category