07/01/2021
မြစ်ကြီးနားမြို့၌ အပျော်စီးရေပေါ်စက်ဘီးစီးဆိုင်အား ပထမဆုံးအကြိမ် ဖွင့်လှစ်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
မြစ်ကြီးနား၊ ဇန်နဝါရီ (၆)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အပျော်စီး ရေပေါ်စက်ဘီးစီးဆိုင်အား ပထမဆုံးအကြိမ်အဖြစ် မြို့နယ်စည်ပင်သာယာရေးရုံးအနီး ဧရာဝတီမြစ် ကမ်းဘေး၌ ဇန်နဝါရီ (၅) ရက်က ဖွင့်လှစ်ခဲ့ပြီး၊ နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
စက်ဘီးစီးခအနေဖြင့် တစ်ဦးလျှင် နာရီဝက် ကျပ် (၃၀၀၀)၊ နှစ်ဦးငှားလျှင် ကျပ် (၅၀၀၀) နှုန်း ငှားပေးသွားမည်ဖြစ်ပြီး စက်ဘီးပေါ်မတက်မီ အသက်ကယ် အင်္ကျီများ ဝတ်ဆင်စီးရမည်ဖြစ်ကြောင်းနှင့် ယခုလို ရေပေါ်စက်ဘီးစီးဆိုင်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်တော်ကြီး ဒေသနှင့် ဗန်းမော်မြို့တို့တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Ref; စိန်ဝင်း(ပြန်/ဆက်) From; MDN
MRTV သတင်း