Myat Myanmar Travel

Myat Myanmar Travel 100% response message

မြောက်ဒဂုံမြို့နယ်ရှိ ခရီးသွား ကုမ္ပဏီတွင် တာဝန် ထမ်းဆောင်ရန်အောက်ဖော်ပြပါ ဝန်ထမ်းများ အလို ရှိသည်……(1) 🌟Outbound Tour O...
15/11/2024

မြောက်ဒဂုံမြို့နယ်ရှိ ခရီးသွား ကုမ္ပဏီတွင် တာဝန် ထမ်းဆောင်ရန်အောက်ဖော်ပြပါ ဝန်ထမ်းများ အလို ရှိသည်……

(1) 🌟Outbound Tour Operation (Female -1post)
👉🏻လစာ -ညှိနှိုင်း
👉🏻အကျင့်စာရိတ္တ ကောင်းမွန် ပြီး ရုပ်ရည် သန့်ပြန့်၍ စကားပြောပြေပြစ်ရမည်။
ဘွဲ့ရ
👉🏻အသက် ၂၅နှစ်အထက်
👉🏻လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၃)နှစ် ရှိရမည်။
👉🏻English 4 skill ကျွမ်းကျင် ရမည်။
👉🏻အသင်းအဖွဲ့နှင့် ပူးပေါင်း လုပ်ကိုင်လိုစိတ်ရှိရမည်။
👉🏻အိမ်ထောင်သည်များ လည်း လျှောက်ထား နိုင်သည်။
👉🏻လိုအပ်လျှင် ခရီးသွားနိုင်သူ ဖြစ်ရမည်။

(2) 🌟Sales & Marketing (M/F -2post)
👉🏻အခြေခံ လစာ ၂၅၀၀၀၀+ %
👉🏻အသက် (၂၀နှစ်မှ - ၄၅နှစ်အတွင်း
👉🏻10တန်း အောင် သို့ ဘွဲ့ရ
👉🏻အကျင့် စာရိတ္တကောင်းမွန်ပြီး ရုပ်ရည်သန့်ပြန့်၍ စကားပြောပြေပြစ်ရမည်။
👉🏻လုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေးမည်။
👉🏻ကျောင်းကိစ္စ ကင်းရှင်း သူဖြစ်ရမည်။
လိုအပ်လျှင် ခရီးထွက် နိုင်သူ ဖြစ်ရမည်။
အသင်းအဖွဲ့ ဖြင့် ပူးပေါင်း လုပ်ကိုင်လို စိတ်ရှိရမည်။

(3) 🌟Digital Marketing (M/F-1post)

👉🏻အသက်-၁၈ မှ ၃၅ အတွင်း
👉🏻ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်
👉🏻စိတ်ရှည်ပြီး စကားပြောချိုသာယဉ်ကျေးရမည်
👉🏻အကျင့် စာရိတ္တကောင်းမွန် ရမည်
👉🏻လစာ ညှိနိုင်း
📌Digital Marketing သဘောတရားများကို ကျွမ်းကျင် နားလည်ပြီး - Digital
Marketing တွင်အသုံးပြုမည့် Design များအားလုံးနှင့် event များအတွက် အသုံးပြုမည့် Design များအားလုံးရေးဆွဲနိုင်ရမည်
📌Ads Manager, Business Suite, Media Buying တွေကို နားလည်၍ ကျွမ်းကျင်စွာသုံးစွဲတတ်ရမည်။
📌Customer စိတ်ဝင်စား စေမည့်ဆွဲဆောင်မှုရှိသော Content များ၊ Copy များရေးသားနိုင်ရမည်။

📌Research အားကောင်းစွာဖြင့် Monthly Marketing Plan နှင့် Content Calendar ဆွဲနိုင်ရမည်။
📌ရေးဆွဲထားသော Calendar အတိုင်း Weekly Report & monthly reportများ တင်ပေး ရမည်။

📌Creative Thinking ကောင်းကောင်းဖြင့် Design များအားဖန်တီးနိုင်စွမ်းရှိရမည်။

(4) 🌟Domestic Tour Leader (M/ F 3post)
👉🏻အသက် ၂၀ မှ ၃၅ နှစ်အတွင်း
👉🏻၁၀တန်းအောင် (သို့) ဘွဲ့ရ
👉🏻ကျောင်းကိစ္စ ကင်းရှင်းရမည်
👉🏻အကျင့်စာရိတ္တကောင်းမွန် ရမည်
👉🏻ရုပ်ရည်သန့်ပြန့် ၍ စကားပြော ပြေပြစ်ကောင်းမွန်ရမည်။
📌DPTOA သင်တန်းဆင်း များ ဦးစားပေးမည်ဖြစ်ပြီး လုပ်ငန်း အတွေ့အကြုံ မရှိသူများလည်း လျှောက်ထားနိုင်သည်။

👉🏻ခရီးသွား ဝါသနာပါသူ ဖြစ်ပြီး စိတ်ရှည်စွာ ဝန်ဆောင်မှု့ပေးနိုင်သူဖြစ်ရမည်။
သင်ယူလိုစိတ် ရှိသူဖြစ်ရမည်။
👉🏻နေစရာ စီစဉ်ပေးမည်

(5) 🌟Air Ticketing 🌟👉🏻(International&Domestic)
(M/F) -1post
👉🏻အသက် -၂၀ မှ-၄၅ အတွင်း
👉🏻လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၃နှစ်
👉🏻စိတ်ရှည် ၍ စကားပြောချိုသာ ယဉ်ကျေးရမည်။
👉🏻System များ ကျွမ်းကျင်ကောင်းမွန်စွာ အသုံးပြုတတ်ရမည်။

လျှောက်ထားလိုသူများ အနေဖြင့်

MaxGoal Travel& Tours
☎️ 09420317208
☎️09266296395
email: [email protected]
Viber-09950243454 သို့ Cv form များ ပေးပို့လျှောက်ထားနိုင်ပါသည်။

01/11/2023

မင်္ဂလာပါ ခင်ဗျာ
မြတ်မြန်မာ ခရီးစဉ်လေးတွေ ကို မကြာမှီ ရက်ပိုင်းအတွင်း ပြန်လည် စတင်တော့မှာ ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်

" ၀စီဒုစရိုက်နှင့် အာဇီဝဋ္ဌမကသီလ "~~~~~~~~~~~~~~~~~~~၀စီကံဆိုတာ သူများနားလည်အောင် ပြောသောစကားဖြစ်ပါတယ်။ ဒါပေမဲ့ သူများနာ...
28/03/2022

" ၀စီဒုစရိုက်နှင့် အာဇီဝဋ္ဌမကသီလ "
~~~~~~~~~~~~~~~~~~~
၀စီကံဆိုတာ သူများနားလည်အောင် ပြောသောစကားဖြစ်ပါတယ်။ ဒါပေမဲ့ သူများနားလည် အောင်စာရေးတာလည်း ၀စီကံပဲ ဖြစ်ပါတယ်။ ၀စီကံမှာ အသိများ
တာက မုသာဝါဒဆိုတဲ့ လိမ်လည်ခြင်းပါ။
ဒါပေမဲ့ မုသားဝါဒအပြင် အခြားသော ၀စီဒုစရိုက် ၃ မျိုးရှိပါတယ်။

၁။ ပိသုဏဝါစာ။
၎င်းကံထမြောက်ရန် အချက် လေးချက်ပြည့်စုံရမည်။
ပိသုဏဝါစာ=ပိယ+သုည+ဝါစာ
ချစ်ခြင်း+ခွဲသော+စကား။

၁။ ကုန်းချောရန်ပုဂ္ဂိုလ်များရှိခြင်း။
၂။ ကုန်းချောရန်ဆန္ဒရှိခြင်း။
၃။ ကုန်းချောရန်ကြိုးပမ်းခြင်း။
၄။ ကုန်းချောစကားကိုအဟုတ်ထင်မှား၍ စိတ်ဝမ်းကွဲခြင်း။

ပိသုဏဝါစာကံကြောင့်ငရဲကျသည်။ အပါယ်မှလွတ်ပြီး လူဖြစ်လျှင်လည်း အကြောင်းမရှိဘဲ မိတ်သင်္ဂဟများ
ပျက်ပြားရသည်။ မြတ်စွာဘုရားသည်
ပိသုဏဝါစာ ရှောင်ကြဉ်ခဲ့သောကြောင့် သွားတော်လေးဆယ်ရှိပြီး ထိုသွားတော်များ မကြဲခြင်းစစသော လက္ခဏာနှစ်ပါး ရရှိတော်မူသည်။

၂။ ဖရုသဝါစာကံ။
ဆူဆဲကြိမ်းမောင်းခြင်း ကြမ်းတမ်းစွာပြောဆိုခြင်း။
၎င်းကံ အထမြောက်ရန်အချက်နှစ်ချက် ပြည့်စုံရမည်။
၁။ ကြိမ်းမောင်းခံရသူရှိခြင်း။
၂။ စိတ်ဆိုး၍ကြိမ်းမောင်းလိုခြင်း။

ဖရုသဝါစာကံကြောင့်ငရဲကျသည်။
လူဖြစ်လျှင်လည်း အရုပ်ဆိုးသည်၊ အသံကြမ်းထော်သည်၊ ရန်သူများသည်၊
အကြောင်းမရှိပဲ လူမုန်းများသည်။ မြတ်စွာဘုရားရှင်သည် ဖရုသဝါစာမှ ရှောင်ကြဉ်ခဲ့သောကြောင့် ရှည်လျား နူးညံ့သောလျှာတော် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဟူသော လက္ခဏနှစ်ပါးကို ရရှိတော်မူသည်။

၃။ သမ္ဖပ္ပလာပကံ။
၎င်းကံထမြောက်ရန် အချက်နှစ်ချက်ပြည့်စုံရမည်။
၁။ အတင်းအဖျင်းပြောဖို့ စိတ်ညွတ်ခြင်း။
၂။ အတင်းအဖျင်းပြောခြင်း။

သမ္ဖပ္ပလာပ လက်ငင်းအကျိုးယုတ်တာက
မိမိနှင့်သူတစ်ပါးအချိန် ဖြုန်းခြင်း။မမှန်သော စကား၊ ကုန်းချောစကား၊ ကြမ်းတမ်းသောစကားများပြောမိခြင်း၊ ကုသိုလ်ပြုရန်
မေ့ခြင်း။
သေလျှင်အပါယ်ကျပြီး
လူဖြစ်ပါက မိမိစကားသူများမယုံကြည် မလေးစားခြင်း။
မဟုတ်မမှန်စကား ပြောခြင်း၏
အပေါ့ဆုံးအပြစ်သည် လူဖြစ်လျှင် မဟုတ်မမှန် စကားဖြင့် စွပ်စွဲခံရတတ်၏။

မုသာ ပိသု၊ ဖရု သမ္ဖာ၊ ဤလေးဖြာ၊
မိစ္ဆာဝါစာတည်း။
မိစ္ဆာဝါစာ၊ ရှောင်ကြဉ်တာ၊
သမ္မာဝါစာတည်း။

အာဇီဝဋ္ဌမကသီလ = မြတ်သောအကျင့်
၏အစဖြစ်သောသီလ။
ဗုဒ္ဓဘာသာသို့ ၀င်လာကာစသူတို့ဆောက်တည်သော သီလ
ဖြစ်ပါတယ်။
၎င်းတွင်အောက်ပါ သိက္ခာပုဒ်
များပါဝင် ပါသည်။

၁။ ပါဏာတိပါတာဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။

၂။ အဒိန္နာဒါနာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။

၃။ ကာမေသုမိစ္ဆာစာရာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။

၄။ မုသာဝါဒါ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။

၅။ ပိသုဏဝါစာ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ။

၆။ ဖရုသဝါစာ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ။

၇။ သမ္ဖပ္ပလာပါဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၈။ သမ္မာအာဇီဝ= မှန်သောအသက်မွေးခြင်း။
ကာယဒုစရိုက်နှင့်ဝစီဒုစရိုက်များ မကျူးလွန်သော အသက်မွေးမှု။

အာဇီဝဋ္ဌမကသီလတောင်း
~~~~~~~~~~~~~~
"အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။"
ဒုတိမ္ပိ……"အဟံ ဘန္တေ ………."
တတိယမ္ပိ……"အဟံ ဘန္တေ …….."(သီလတောင်းသူဆိုရန်)
အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ အာဇီဝဋ္ဌမကသီလကို တောင်းခံပါ၏။ တပည့်တော်အား သနားသဖြင့် သီလပေးတော်မူပါ ဘုရား။
{ဘန္တေ= အရှင်ဘုရား။ အဟံ= တပည့်တော်သည်။ တိသရဏေန= သရဏဂုံ သုံးပါးနှင့်။ သဟ= တကွ။ အာဇီဝဋ္ဌမကသီလံ = အာဇီဝဋ္ဌမကသီလ တည်းဟူသော။ ဓမ္မံ = သိက္ခာပုဒ် တရားတော်ကို။ ယာစာမိ= တောင်းပါ၏။ မေ= တပည့်တော်အား။ အနုဂ္ဂဟံ= ချီးမြှောက် ခြင်းကို။ ကတွာ= ပြု၍။ သီလံ= သီလကို။ ဒေထ= ပေးတော်မူပါ ဘုရား။}

ရဟန်းတော်(သီလပေးသူ) ။ ။ "ယ မဟံ ဝဒါမိ တံ ဝဒေထ"

သီလတောင်းသူ။ ။ "အာမ ဘန္တေ"

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃ ကြိမ်)

သရဏဂုံသုံးပါး ဆောက်တည်ရန်
~~~~~~~~~~~~~~~~~~
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
ဒုတိယမ်ပိ……"ဗုဒ္ဓံ………ဂစ္ဆာမိ"
တတိယမ္ပိ……" ဗုဒ္ဓံ………ဂစ္ဆာမိ" (သီလတောင်းသူ ဆိုရန်)

ရဟန်းတော် ။ ။ တိသရဏ ဂမနံ ပရိပုဏ္ဏံ။
သရဏဂုံသုံးပါး ဆောက်တည်ခြင်း ပြည့်စုံပြီ။ {တိသရဏ ဂမနံ = သရဏဂုံသုံးပါး ဆောက်တည် ခြင်းသည်။ ပရိပုဏ္ဏံ = ပြည့်စုံပြီ။}

သီလတောင်းသူ။ ။ အာမ ဘန္တေ = ကောင်းပါပြီ အရှင်ဘုရား။

အာဇီဝဋ္ဌမကသီလ ဆောက်တည်ရန်
~~~~~~~~~~~~~~~~~~~~
၁။ ပါဏာတိပါတာ ဝေရောမဏိသိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန်နာဒါနာ ဝေရောမဏိသိက္ခာပဒံ သမာဒိယာမိ။
၃။ ကာမသေုမိစ်ဆာစာရာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။
၅။ ပိသုဏဝါစာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။
၆။ ဖရုသဝါစာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။
၇။ သမ်ဖပ်ပလာပဝါစာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။
၈။ မိစ္ဆာဇီဝါ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။

ရဟန်းတော် ။ ။ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ သာဓုကံ ကတွာ ဓမ္မံ အပ္ပမာဒေန သမ္ပါဒေထ။
{တိသရဏေန= သရဏဂုံသုံးပါးနှင့်။ သဟ= တကွ။ အာဇီဝဋ္ဌ- မကသီလံ= အာဇီဝဋ္ဌမကသီလကို။ သာဓုကံ= လေးလေးစားစား။ ကတွာ= ပြု၍။ ဓမ္မံ= ကျင့်ဝတ်တရားကို။ အပ္ပမာဒေန= မမေ့မလျော့သော သတိတရားဖြင့်။ သမ္ပါဒေထ= ပြည့်စုံကြကုန်လော့။ }

သီလတောင်းသူ ။ ။ အာမ ဘန္တေ။

(အာဇီဝဋ္ဌမကသီလ ခံယူဆောက်တည်ခြင်း ပြီး၏။)

၀စီဘေဒထိတိုင်းရှ

ဝစီဘေဒသည် အသွားနှစ်ခု ရှိသည့် သံလျှက်နှင့်တူ၏။
သူတစ်ပါးကိုထိရှသလို
မိမိကိုလည်းပြန်ရှစေ၏။
လက်နစ်လုံးမျှသာရှိသော ပါးစပ်ကို သတိနှင့် မစောင့်စည်းနိုင်လျှင် လွှတ်ကနဲပြောထုတ်လိုက်
သည့် စကားကြမ်းတစ်ခွန်းကြောင့် သူတစ်ပါးအား များစွာ စိတ်မချမ်းမသာဖြစ်စေနိုင်၏။ သူတစ်ပါးစိတ်မချမ်းမသာဖြစ်
ရသည်ထက် အဆပေါင်းများစွာတန်ပြန်သော ကံသတ္တိအရ မိမိပြန်ကြုံရမည်ကို အလေးမူသင့်ပေသည်။

အင်္ဂါငါးပါးနှင့်ပြည့်စုံပြီး၊ အပြစ်မဖြစ်၊ ပညာရှိတို့လည်းမကဲ့ရဲ့သော
ကောင်းသော စကား။

၁။ အခါအားလျော်စွာပြောဆိုခြင်း။
၂။ မှန်ကန်သောစကားဖြစ်ခြင်း။
၃။ သိမ်မွေ့သောစကားဖြစ်ခြင်း။
၄။ အကျိုးစီးပွားနှင့်ဆိုင်ပြီးပြောဆို
အပ်သည်လည်းဖြစ်ခြင်း။
၅။ မေတ္တာစိတ်ဖြင့်ပြောဆိုခြင်း။

မာဃဒေ၀လင်္ကာ (၂၂၃)
မိယုတ်နှုတ်ကြမ်း၊ ဖသရမ်းက၊ ညစ်ညမ်းမူဆိုး၊ အမျိုးမမှန်၊ အကျင့်တန်၏၊
သူကောင်းသားမူ၊ယဉ်ပါးအဟုတ်၊
သူယုတ်၏သား ၊ရမ်းကားတတ်စွ။

သူကောင်းသား ယဉ်ပါး၊ သူယုတ်သား ရမ်းကားဟုဆိုသဖြင့် မိမိ၏ကျေးဇူးရှင် မိဘနှစ်ပါး အကဲ့ရဲ့ မခံရစေရန် ယဉ်ကျေး လိမ်မာနိုင်ကြပါစေ။

ကျမ်းကိုး
၁။ ဟံသာသီရိ၏ ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများ။
၂။ ဒေါက်တာမင်းတင်မွန်၏ ဘ၀
မြင့်မြတ်လှပတင့်တယ်ရေး မြတ်သီလ။

အရှင်ပညာစာရ {ကလော}

23/03/2022

ကဲ.. 🌴🌊🌴🌊ငပလီ သွားရင်း ဘော်ဒါ တွေ နဲ့ အတူကဲ ဖို့ Myat Myanmarရဲ့ အထူးအစီအစဉ်လေး လာပါပြီနော်💙

ရေကူးကန်ပါတဲ့ အဆင့်မြင့်🏩🏩🏩 Hotel မှာ ၂ညတာ တည်း ခိုခွင့်အပြင် သာမာန်ခရီးစဉ်နဲ့ မတူတဲ့🛳🛳🛳 ကျွန်းပတ် အစီအစဉ်တွေ လည်း ပါဦး မှာပါ
သောကြာနေ့ ညနေ ၃နာရီ ထွက်ရှိပြီး တနင်္လာ နေ့ ည ပြန်ရောက် ခရီးစဉ်လေးပါ အထူးpromotionအစီစဥ်လေးလဲပါသေးတယ်နော်...😊😊😊

promotionလေးကတော့ ပထမဆုံးဝယ်ယူသူ🚶🚶‍♀️ အယောက်( 20 )အတွက် ပုံမှန်စျေး 180000မဟုတ်ပဲ 165000နဲ့လိုက်ပါနိုင်မဲ့အခွင့်ရေးအပြင် ဧည့်သည်တော်များဘက်က 5ယောက်တစ်ဖွဲ့လက်မှတ်ဖြတ်ရုံဖြင့် Jagermeister (or) Absolut Vodka ကြိုက်နှစ်သက်ရာ 1 bottle🍾🍾🍾 လက်ဆောင်ပေးသွားမှာပါဗျ...😊😊😊

💥💥💥ငပလီကမ်းခြေ(ကျွန်းပတ်ခရီးစဉ်) 3/4 Hotel 2ညအိပ် တစ်ဦးလျှင်- 180000ကျပ်ပါခဗျ
===================================
ငပလီကမ်းခြေတစ်ခုပဲပို့မှာလို့ ထင်ရင်မှားသွားမယ်နော်....ပို့ဆောင်ပေးမဲ့နေရာလေးတွေကတော့
🌊 ပုလဲကျွန်း
🌊 သဲဖြူကျွန်း
🌊 Light House
🌊 Fisherman village
🌊 Paradise Beach
🌊Saint Andrew Island
🌊ရေလည်တံတားတို့ဖြစ်ပါတယ်ခင်ဗျာ
🚌🚌ခရီးစဉ်များ (သောကြာ)နေ့တွင်ထွက်ရှိပါမည်ခင်ဗျာ..

💳💳💳ခရီးစဉ်လေးအတွက် အဆင့်မြင့်လေအိပ်ကား စားသောက်ဆိုင်များ Hotelများတွင် တည်ခင်းဧည့်ခံမှာဖြစ်ပီး ခရီးစဉ်အတွင်း မည်သည့်အခကြေးငွေများ ကောက်ခံခြင်းမရှိပါ....
🚶🚶🚶လူဦးရေ ကန့်သတ်ထားထားမို့ အမြန်ဆုံးမှာယူဖို့လိုပါတယ်ဗျ 🚶🚶ဦးရေအပေါ်မူတည်ပြီးကားအပြောင်းလဲရှိပါတယ်ခဗျာ( 13seater, 33seater,45seater)
နောက်ပီးတော့📞📞📞 Helloလုပ်လိုက်တာနဲ့ လက်မှတ်များကိုအိမ်အရောက်ပို့ဆောင်ပေမဲ့ Myat Myanmarရဲ့အထူးဝန်ဆောင်မူ့လေးလဲရှိပါတယ်ဗျ
လူကိုယ်တိုင်လာရောက်မေးမြန်းဝယ်ယူလိုတယ်ဆိုရင်တော့
🏙 No.28, ground floor, Minnaka St, Tamwe, Yangon
အသေးစိတ်သိရှိလိုပါက📱 09950243454, 09989908198

မဟာ​ဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို မဖူးရသေးသူများ အတွက် မြတ်မြန်မာရဲ့ အထူး ခရီးစဉ်လေး လာပါပြီ 🌹ကားသီးသန့်  တစ်ဦး (75000...
23/03/2022

မဟာ​ဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို မဖူးရသေးသူများ အတွက် မြတ်မြန်မာရဲ့ အထူး ခရီးစဉ်လေး လာပါပြီ
🌹ကားသီးသန့် တစ်ဦး (75000)ကျပ် 🌹

🚌 ခရီးစဥ် ထွက်မည့်ရက် 🚌
အပတ်စဉ် သောကြာနေ့တိုင်း (မနက် 5နာရီ)
စတင်ထွက်ခွါပါမည်

ခရီးစဉ်တွင်ပါဝင်သော နေရာများမှာ
🌟နတ်တလူတွင် ဆရာတော်ကြီးကို ဖူးမျှော်ခြင်း
🌟မင်းဘိသိက်ခံဘုရား
🌟ရွှေဘိုအောင်မြေ
🌟ရွှေတန်ဆာ ဘုရား
🌟ရွှေချက်သို ဘုရား
🌟ကံတလူ ဘုရား
🌟စစ်ကိုင်းကောင်းမှုတော်စေတီ
🌟ကျောက်စိမ်းဘုရား များကို ဝင်ရောက်ဖူးမျှော်ပါမည်။

ခရီးစဉ်တွင် ပါဝင်သောဝန်ဆောင်မှုများ

💥(Aircon Express 33/45 seater)
💥ရေသန့်
💥စနိုးတာဝါ
💥သွားတိုက်ဆေး သွားပွတ်တံ
💥လှူဖွယ်ပစ္စည်း (၃)မျိုး
💥အဆာပြေမုန့် (၂ကြိမ်)
💥mask / hand gel
💥ဖော်ရွှေပျူ ဌာ၍ အတွေ့ကြုံရှိသော tour leader
💥အခြေခံသုံးအိမ်သုံးဆေးဝါးများ

🍀 လက်မှတ်များကို အိမ်အရောက်အခမဲ့ ပို့ဆောင်ပေးပါသည် 🍀

☎ 09400924883
☎ 09447733318
☎️09799261712
သို့ ဆက်သွယ်စံုစမ်း နိုင်ပါသည်။

အမှတ် (၂၈)မြေညီ ခေါင်းရင်း
မေဏ္ဍကလမ်း၊မလွှကုန်းဌေးကြွယ် (က)ရပ်ကွက်
တာမွေမြို့နယ်၊ရန်ကုန်မြို့။

#မြတ်မြန်မာ အဆင့်မြင့်ခရီးသွားလုပ်ငန်း
#မဟာဗောဓိမြိုင်ဆရာတော်ကြီးခရီးစဥ်

ထိုင်းနိုင်ငံမှာရသွားရောက် အလုပ်လုပ်လိုသူများဆေးကုလိုသူများစီးပွားရေး အတွက် သွားရောက် နေထိုင်ရန် လိုအပ်သူများ အတွက် Thai...
17/02/2022

ထိုင်းနိုင်ငံမှာရသွားရောက် အလုပ်လုပ်လိုသူများ
ဆေးကုလိုသူများ
စီးပွားရေး အတွက် သွားရောက် နေထိုင်ရန် လိုအပ်သူများ အတွက် Thai Visa ဝန်ဆောင်မှု့ ကို အမြန်ဆုံးဆောင်ရွက်ပေးနေပါပြီ။

ထိုင်းမှ မြန်မာသို့ ဝင်ရောက်လိုသူများ၊Visaသက်တမ်းတိုးလိုသူများ လည်း အသက်သာဆုံးနှင်​့ အမြန်ဆုံး ဝန်ဆောင်မှု့ ပေးနေပါပြီ။

🛑လေယာဉ်လက်မှတ်
🛑Travel Health Insurance ဝယ်ယူပေးခြင်း
🛑ထိုင်းနိုင်ငံတွင် Hotel &Apartment ငှားပေးခြင်းစသည်များ ကိုလည်း ဝန်ဆောင်မှု့ ပေးနေပါပြီ

ဆက်သွယ်စုံစမ်းရန်
GMS Travel
အမှတ် ၂၈(မြေညီ ခေါင်းရင်း)
မေဏ္ဏကလမ်း၊မလွှကုန်းဌေးကြွယ် (က)ရပ်ကွက်
တာမွေဗလီမှတ်တိုင်နှင့် အာသောက မှတ်တိုင်ကြား မူကြို ၅အနီး
တာမွေမြို့နယ်၊ရန်ကုန်မြို့
09799261712
09950243454

17/02/2022

ကားဆိုရင် ကိုယ်တိုင် မောင်းပြီး လွတ်လွတ်လပ်လပ် သွားချင်သူတွေ အတွက်
Self Drive လေးတွေ GMS Car Rental မှာရနေပါပြီနော်
ရန်ကုန်မြို့တွင်း ကားသီးသန့်အငှားဈေး များမှာ

🛑Insight-55000(24Hour)
🛑Belta -55000(24hour)
🛑Etiga Type 3-65000(24Hour)
🛑Wish -70000(24Hour)
🛑Suzuki Ciaz-65000(24 hour)

🗨️Driver အပါ +25000ပါ

3ရက်ကြို၍ Booking တင်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

💢ကားငှားရန် လိုအပ်ချက်များ
💢မှတ်ပုံတင် သန်းခေါင်းစာရင်း မူရင်း
💢ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
💢ယာဉ်မောင်းလိုင်စင်

ဆက်သွယ်ရန်
GMS Car Rental
အမှတ် ၂၈(မြေညီ ခေါင်းရင်း)
မေဏ္ဍကလမ်း
တာမွေမြို့နယ် ရန်ကုန်မြို့
09783734510
09799261712

ငပလီ ကိုလည်းသွားချင်တယ် လမ်းခရီး အဆင်ပြေ သာယာပါ့မလား တွေးပူနေကြတဲ့ မြတ်မြန်မာ ချစ်သူတွေ အတွက်ကိုယ်တိုင်သွားရောက်လေ့လာပေး...
19/01/2022

ငပလီ ကိုလည်းသွားချင်တယ်
လမ်းခရီး အဆင်ပြေ သာယာပါ့မလား တွေးပူနေကြတဲ့ မြတ်မြန်မာ ချစ်သူတွေ အတွက်
ကိုယ်တိုင်သွားရောက်လေ့လာပေးခဲ့တယ်နော်
အရမ်း အဆင်ပြေပြီး
ညမထွက် ရ အမိန့်မ ရှိလို့ ကမ်းခြေမှာ ညလုံးပေါက် ကဲလို့ ရတယ်
မြတ်မြန်မာရဲ့ ခရီးစဉ် တွေကို အပတ်စဉ် သောကြာနေ့ ညနေ ၃နာရီ တိုင်း ထွက်ခွာ နေပါပြီ
ကားလက်မှတ် သီးသန့် နှင့ Hotel 2ညအိပ် 3ရက် ခရီးစဉ်ဆိုပြီး စီစဉ်ပေးထားပါတယ်

ပထမဆုံး ခရီးစဉ် ဝယ်ယူသူ အယောက် ၂၀ အတွက် အထူးအစီအစဉ် လည်း ရှိဦးမှာနော်

07/01/2022



ထိုင်းမှာ တစ်ပတ်အတွင်း Omicron Positive ဖြစ်သူ လူဦးရေပေါင်း (၂၀၀၀) နီးပါးရှိလာပါသဖြင့် Test & Go ပြန်ဖွင့်ပေးဖို့ကို January လကုန်အထိ ရွှေ့ဆိုင်းလိုက်ပါပြီ ..
Test & Go ဖြင့် Thailand Pass ရထားသော ခရီးသည်များ January 10 ရက်နေ့အထိသာ အကျုံးဝင်ပါတော့မည် ..

06/01/2022

မြတ်မြန်မာ ခရီးသွား လုပ်ငန်း မှ ခရီးစဉ်များပြန်လည် ပြေးဆွဲပေးတော့မှာ ဖြစ်လို့ အစီအစဉ်သစ် ခရီးစဉ်သစ်တွေ ကို စောင့်မျှော် ကြည့် ရှု့အားပေးကြပါလို့ သတင်းကောင်းပါးအပ်ပါတယ်

Address

Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959799261712

Alerts

Be the first to know and let us send you an email when Myat Myanmar Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Myanmar Travel:

Share

Category