20/07/2024
မနေ့တနေ့ကအကြောင်းတွေကဒီနေ့မှာပျော်စရာမျိုးဖြစ်နိုင်သလိုဝမ်းနဲကြေကွဲဖွယ်ရာလဲဖြစ်နိုင်ပါတယ်။
ပျော်စရာဖြစ်စေတာကမနက်ဖန်များစွာထိကိုပျော်စေနိုင်တော့ဖြေစရာကိုးမလိုအပ်ပါ။
ဝမ်းနဲကြေကွဲစရာမျိူးဖြစ်လာရင်တော့မနက်ဖန်မပြောနဲ့နှစ်နဲ့ချီပြီးတော့ကိုကြေကွဲခံစားနေရမှာပါ။ နှစ်သိမ့်မှုရယူဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ပါ။ ဘေးထွက်ဆိုးကျိူးကြီးမားစေတယ်။
တချိူ့သောဝမ်းနဲကြေကွဲစရာကိစ္စတွေကိုတော့မိတ်ဆွေသူငယ်ချင်းတွေစီမှာရင်ဖွင့်ပြီးနှစ်သိမ့်မှုကိုကိုယ်တိုင်ရယူဖြေသိမ့်နိုင်သလိုတချိူ့ကိစ္စတွေမှာတော့နှစ်ဦးနှစ်ဖက်သို့မဟုတ်တဦးတဘက်ရဲ့ဂုဏ်သိက္ခာတွေကပါနေလေတော့တစုံတယောက်ကိုပြောပြရင်ဖွင့်ဖို့ဆိုတာလုံးဝလုံးဝကိုမဖြစ်နိုင်ပါဘူး။
အဲ့လိုအခြေအနေမျိူးမှတော့ခံစားနေရသူတယောက်ထဲသာကြိတ်မှိတ်ခံစားရလေရော။ ပိုပြီးနာကြင်စေတယ်။ ပိုပီးရင်နာစေတယ်။ ပိုပြီးခံစားချက်ပြင်းထန်စေတယ်။ ပိုပြီးကြီးမားတဲ့စိတ်ဒဏ်ရာကိုရစေတယ်။ တယောက်ထဲနေခြင်တဲ့စိတ်ပြင်းပြစေတယ်။ပတ်ဝန်းကျင်နဲ့အဆက်ဖြတ်စေခြင်တယ်။ ခွင့်လွှတ်ခြင်းကိုပျောက်ဆုံးစေတယ်။ မုန်းတီးမှုကြီးထွားစေတယ်။ နောင်တဆိုတာဘာမှန်းမသိ။ လူသားတယောက်ဖြစ်နေတယ်ဆိုတာမေ့ပျောက်စေတယ်။ ဒေါသစိတ်လား၊နူးညံ့စိတ်လားမဝေခွဲနိုင်ကြတော့ဘူး။ နောက်ဆုံးမူးယစ်ဆေးသုံးစွဲကြတဲ့အထိကိုတွန်းပို့စေတယ်။
အဲ့ဒီအချိန်မှာလူက Shock ဆိုတဲ့ စိတ်ခြောက်ခြားတုန်လှုပ်မှုစက်ကွင်းထဲရောက်ရှိနေပြီး Trauma လို့ခေါ်တဲ့ပြင်းထန်စွာခံစားရတဲ့တုန်လှုပ်ခြောက်ခြားမှုစက်ကွင်းထဲကိုအချိန်ကန့်သတ်မှုမရှိဘဲရောက်ရှိသွားတတ်ကြတယ်။(အဲ့ဒါတွေကြောင့်အဆုံးစီရင်မှုမျိူးတွေဖြစ်လာနေတယ်ဆိုတဲ့သာဓကတွေသက်သေတွေအများကြီးရှိနေပါတယ်။)
ဒီအတွက်ကုသနိုင်တဲ့ဆေးကတော့တဘက်သောသူကြောင့်စိတ်ဒဏ်ရာမျိူးရရှိသူကိုလွန်ကျူးသူကလူကိုယ်တိုင်ဖြစ်စေ၊ဖုံးနဲ့ဖြစ်စေနှစ်သိမ့်ပေးခြင်းအားပေးနှစ်သိမ့်ခြင်းမျိူးကိုလုပ်ပေးမှသာခံစားနေရသူတွေအဲ့ဒီစက်ကွင်းက ၅၀% လောက်လွတ်ကင်းနိုင်ပါလိမ့်မယ်။ ဥပက္ခောပြုထားရင်တော့စိတ်ဒဏ်ရာကိုမထိန်းချူပ်နိုင်ဘဲစိတ်လွတ်သွားရင်တော့အန္တရာယ်အလွန်ကြီးမားသွားပါလိမ့်မည်။
ခံစားချက်ဆိုတဲ့စကားလုံးကရိုးရိုးလေးပါ။ သို့သော်နောက်ကွယ်မှာဘယ်လိုမှထိန်းချူပ်လို့မရနိုင်တဲ့အခြေအနေဆိုးစက်ကွင်းကြီးတခုရှိနေတယ်ဆိုတာကိုသိစေခြင်ပါတယ်။