မြန်မာ့ခရီး Travel & Tour

မြန်မာ့ခရီး Travel & Tour ပြည်တွင်း ဘုရားဖူး နှင့် အပန်းဖြေခရ?

သရေခေတ္တရာမြို့ဟောင်း (ပြည်) ပျူဘုရားစုံဖူး နဲ့ တညအိပ် (၂)ရက် အပန်းဖြေခရီးလေး လာပြီနော်။ပျူမြို့တော်တွေထဲမှာ အဆောက်အဦတွေ...
11/08/2020

သရေခေတ္တရာမြို့ဟောင်း (ပြည်) ပျူဘုရားစုံဖူး နဲ့ တညအိပ် (၂)ရက် အပန်းဖြေခရီးလေး လာပြီနော်။

ပျူမြို့တော်တွေထဲမှာ အဆောက်အဦတွေ အထင်အရှား အများအပြားကျန်ခဒ့တာ သရေခေတ္တရာမြို့ဟောင်းပဲ။ ပြည်မြို့အထွက် မှာရှိတယ်။ ‌မြို့တံခါးပေါက်တွေ အထင်အရှားပြန်လည်တူးဖော် တွေ့ရှိပြီး အဝိုင်းပုံပတ်ထားတဲ့ မြို့ရိုးတွေလည်း အထင်ရှားကျန်ခဲ့တယ်။ ကမ္ဘာ့အမွေအနှစ်အဖြစ်အစောဆုံးရတဲ့ ရှေးဟောင်းမြို့တော်တခုပဲ။

လွမ်းစရာအမှတ်တရတွေ ဒဏ္ဍာရီတွေ သမိုင်းအထောက်အထားအစုံနဲ့ကျန်ခဲ့တဲ့ ခေတ္တရာမြို့ဟောင်း လေ့လာရေးနဲ့ ဓါတ်ဖမ်းဖို့အကောင်းဆုံးနေရာလေးတွေကို ကိုဗစ်ငြိမ်နေတဲ့ကာလမှာ အန္တရာယ်မရှိ လွတ်လွတ်လပ်လပ် လည်နိုင်အောင် ပို့ပေးမယ်။

မင်မင်တို့တော့ ပြည်တပတ် နှစ်ညအိပ်နဲ့ ရွှေတောင်တဝိုက် ပြည်တောင်တန်းတဝိုက် (၅)ရက်လောက်ဒိုးလိုက်တာ ကိုဗစ်ကာလ ထိန်းချုပ်ထားသမျှ တင်းကြပ်မှုတွေလျော့သွားတာပဲ။

ပျူမြို့ဟောင်း တဝိုက်မှာ ဓါတ်ဖမ်းမလား၊ ဒွတ္တဘောင်မင်းနဲ့ ပျူမင်းဆက် (၂၇ )ဆက်တို့ရဲ့ ခြေရာလက်ရာတွေဆီမှာ ဓါတ်ဖမ်းမလား။ မိသားစုလိုက်ဆိုလည်း ပျော်စရာပါ။ ကလေးတွေဆို ပျော်လွန်းလို့အိမ်မပြန်ချင်ဖြစ်နေပါရော။ ဧရာဝတီမြစ်ကမ်းစပ်က စားသောက်ဆိုင်မှာ River View ကိုခံစားမလား။ နဝဒေးတံတားကိုဖြတ်ဖြတ်ပြီး တောရိပ်တောင်ရိပ်တွေနဲ့ အနောက်ဖက်ကမ်း မုနိလေးဆူထဲက ရွှေဘုံသာမုနိဘုရားကြီးဖူးမလား။ ရခိုင်မုနိဘုရားကြီးပင့်လာတဲ့ ဘိုးတော်ဘုရားသားတော်အိမ်ရှေ့မင်းရဲ့ ခရီးနဲ့ ပန်းတောင်းမြို့ပေါ်က ရပ်ကွက်အမည်တွေဆက်စပ်ချက် စိတ်ဝင်စားစရာပေါ့။ ပျူဘုရားတဆူခြင်းစီမှာ ထူးခြားတဲ့သမိုင်းတွေ တည်ထားပုံတွေရှိတယ်။

‌ပြည်မြို့ရဲ့ ဟိုတယ်တွေ Resort တွေလည်း ထင်မထားရလောက်အောင် ‌ဝန်ဆောင်မှုကောင်းတယ်။ သန့်ပြန့်ပြီး ဒေသထွက်အစားအစာတွေလည်း မြည်းစမ်းဖို့အခွင့်အရေးရမယ်။

တကောင်းထက် နှစ်အနည်းငယ်သာနောက်ကျပြီး ရှေးလက်ရာတွေ အထင်အရှားကျန်တဲ့ သရေခေတ္တရာဟာ ပုဂံ‌ထက်နှစ်တော်တော်စောပြီး ဂုဏ်ယူစရာ မြန်မာရဲ့အစ ရှေးလက်ရာတွေရှိတယ်။ ဗေဒါရီဇာတ်လမ်း၊ မဟာသမ္ဘဝ၊စူဠာသမ္ဘဝ ညီနောင်တို့ရဲ့ဇာတ်လမ်းဟာ ပုံပြင်မဟုတ်ဘူး တကယ်ပါ။ တောင်တွင်းကြီးဒေသက ဗိဿနိုးဘုရင်မကိုကြင်ယာတော်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပြီး ရာသက်ပန် သရေခေတ္တရာနေပြည်တော်မှာပဲနေထိုင်သွားရတဲ့ ဗိဿနိုးဘုရင်မနဲ့ဆွေတော်မျိုးတော်တွေသချိုင်းဟာလည်း သရေခေတ္တရာမြို့ဟောင်းမှာ အထင်အရှားရှိတယ်။

မဟာသမ္ဘဝမင်းနတ်ရွာစံတော့ ကိုယ်ဝန်သုံးလနဲ့ကျန်ခဲ့ပြီး မိဖုရားအရာနဲ့ဆက်လက်ရှိစေတဲ့ နောက်မင်းပြုခဲ့တဲ့ စူဠာသမ္ဘဝ ညီတော်မင်း အဖေနှစ်ယောက်မေတ္တာခံယူခဲ့တဲ့ ဒွတ္တဘောင်မင်းရဲ့ ဘုန်းကံဟာ ပျူမင်းဆက်တွေထဲမှာ အကျော်ကြားဆုံးပဲ။ ပျူမင်းဆက်ရဲ့ နောက်ဆုံးမင်း သုပညာနဂရဆိန္ဒ ဘုရင်ဟာ ဘုရင့်အမျိုးအဆွေမဟုတ်ပဲ ငတပါးမင်းမျိုးဖြစ်ပြီး ခေါင်းစားမင်းဖြစ်ဆိုတာ အဲဒီကတည်းကပေါ်ခဲ့တဲ့ရှေးစကားဖြစ်တယ်။ သူ့အလှူတော် ‌ကြက်ခေါင်းစားစေတီရှိတယ်။ ပျူမင်းဆက် ၂၇ဆက်တည်ခဲ့တဲ့ စေတီ ပုထိုးတွေဟာ အခုခေတ်ထိမပျက်မစီးရှိနေနိုင်တာ အံ့ဩစရာ ရှေးပန်ရံ ဗိသုကာပညာပါ။ ဂုဏ်ယူစရာနော်။

နိုင်ငံတကာ သမိုင်းပညာရှင်တွေထဲ ထင်ရှားခဲ့တဲ့ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကပြောတယ် သမိုင်းသင်တာ မအအောင်လို့တဲ့။ မြန်မာ့ဘိုးဘေးတွေရဲ့ ဂုဏ်ယူစရာ မြို့ပြနိုင်ငံတွေအကြောင်း လေ့လာရေးခရီးလည်း ဖြစ်တယ်နော်။

ပြည် ခရီးစ ်ဥ (Time Travel to Pyu Era)၁၁.၉.၂၀၂၀ ညထွက်၁၃.၉.၂၀၂၀ ညပြန်ရောက်လက်မှတ်  ၁ ယောက်လျှင် - ၁၀၀၀၀၀ ကျပ်ဖုန္း -09-95...
10/08/2020

ပြည် ခရီးစ ်ဥ (Time Travel to Pyu Era)
၁၁.၉.၂၀၂၀ ညထွက်
၁၃.၉.၂၀၂၀ ညပြန်ရောက်
လက်မှတ် ၁ ယောက်လျှင် - ၁၀၀၀၀၀ ကျပ်
ဖုန္း -09-950792075, 09-769956715

၀◌န်ဆောင်မှုများ -
ဟိုတယ် ၁ညအိပ် (စနေနေ့မနက် ရောက်ရောက်ချင်း ဟိုတယ်မှာနား ၊ ရေချိူး အ၀◌တ်လဲနိုင်ပါသည်။ ဟိုတယ်မှာပဲ နံနက်စာ ကျွေးပါမည်။ စနေနေ့ည ဟိုတယ် ပြန်အိပ်ပါမည်။)
နံနက်စာ - စနေ၊ တနဂနွေ
နေ့လည်စာ- စနေ၊ တနဂနွေ
ညစာ - စနေ၊ တနဂနွေ
(အားလုံး နာမည်ကြီး ဟိုတယ်၊ စားသောက်ဆိုင်များမှာ စီစ ်ဥထားပါသည်)
ခရီးစ ်ဥ
စနေ 4:30 am - ဟိုတယ် checkin
7:00 am – breakfast @ Hotel
စနေနေ့ ရောက်မည့်နေရာများ -
စကြန်တောင်တောရကျောင်း
အထက်နိဗိနကျောင်း
ကျွဲကောပင်၊ ကာဗလာသီးပင် စတဲ့ သီးပင်စားပင် အစုံရှိတဲ့ ခြံကြီးက အဆုံးမရှိ အကျယ်ကြီး ပါ။ တောင်လက်ဖက်ပင်တွေလည်း တွေ့နိုင်ပါတယ်။ တခေတ်တခါက တောတောင်လျိူမြောင်တွေများလို့ ၀ါဆိုပန်းခူး ထွက်ကြတဲ့နေရာတွေပေါ့။ ဓါတ်ဖမ်းမဆုံး တပြုံးပြုံး ဖြစ်စေရပါမယ်နော်။
မြို့အ၀◌င်က ပြည်အထိမ်းအမှတ် ရုပ်တုလေးများ
သရေခေတရာ ပျူမြို့ဟောင်း
ဘုရားကြီးဘုရား
နဂါးတွန့်တံခါး
ဘုရားမာဘုရား
နတ်ပေါက်
ရွှေနန်းတော်ဦးစေတီ
အရှေ့မြို့ရိုး
ရဟနာ ဂူဘုရား ၊ ရဟနာကန်
ဘောဘောကြီးဘုရား
ဘဲဘဲလေးဘုရား
လေးမျက်နှာဘုရား
ဗိဿနိုးသချိုင်း
သုံးပန်လှ လက်သည်းကန်၊ ရှေးကျောင်းဆောင်
6:00 pm ညစာစား ။ ဟိုတယ်ပြန်အိပ်ပါမည်။
တနဂနွေ 7:00 am – breakfast @ Hotel
8:30 am ဟိုတယ်မှ ထွက်ပါမည်။
တနဂနွေနေ့ ရောက်မည့်နေရာများ-
မင်းကြီးတောင်
ဗေဒါရီဂူ ၊ တပြည်သူမရွှေထားတို့ အိမ်ကြီး
(မရွှေထားတို့ အိမ်ဘေးကနေ ဧရာ၀တီရဲ့အလှကို ငေးမောရင်း အေးချမ်းဆိတ်ငြိမ်တဲ့ အရသာကို ခံစားနိုင်ပါတယ်။)
ရွှေဘုံသာမုနိ ဘုရား
ဖိုးဦးတောင်
ညနေစာစားပြီးမှ ပြည်မှ ပြန်ထွက်ပါမည်။
အပန်းဖြေခရီးထွက်တာမို့ ကားစီးရတာ၊ အနားယူတာ၊ အစားအသောက်မှစ အားလုံး အဆင့်မြင့်မြင့် သက်တောင့်သက်သာရှိအောင် စီစ ်ဥထားပါတယ်ရှင်။ ပျူငှာဖော်ရွေသော travel guide နဲ့ ကားသမားများလည်း ကူညီကြမှာပါ။ ကိုယ့်ကားနဲ့ကိုယ်သွားသလို အဆင်ပြေစေရပါမယ်နော်။

စစ်ဆေးနိုင်တဲ့ အထောက်အပံ့တွေ ရတော့ Q တွေကိုမြန်မြန်စစ်နိုင်ပါတယ်။ မြန်မာမှာ (၉-၄-၂၀၂၀) ထိ Facility Q ဝင်သူဦးရေ (၇၆၀၇၂) ဦ...
13/04/2020

စစ်ဆေးနိုင်တဲ့ အထောက်အပံ့တွေ ရတော့ Q တွေကိုမြန်မြန်စစ်နိုင်ပါတယ်။ မြန်မာမှာ (၉-၄-၂၀၂၀) ထိ Facility Q ဝင်သူဦးရေ (၇၆၀၇၂) ဦးရှိပါတယ်။

ယနေ့ ၁၄-၄-၂၀၂၀ မနက် 00:15 နာရီမှာ ကူးစက်ခံရသူဦးရေ (၆၂) ဦးတွေ့ရှိ ဖြစ်ကြောင်း ကြေငြာထားတာတွေ့ရပါတယ်။ ခုနှစ်သောင်းကျော်ထဲက ဦးရေ ဘယ်လောက်စစ်ပြီးလဲ မလေ့လာရသေးပါ။

ခရီးသွားရာဇဝင်ရှိသူများ တာဝန်သိစွာနဲ့ Q ဝင်ကြတဲ့အထဲ၊ တချို့တာဝန်မဲ့မှ လျောက်သွားရင်းနာဖျား၊ တချို့ stayhome နေရင်းဖျားထိစပ်သူများပါလာ စုစုပေါင်း (76072) Q ဝင်ထဲမှစစ်ဆေးနေကြတာပါ။ Q ကနေလွတ်ထွက်နေသူတွေဟာ အန္တရာယ်ပါ။ လူစုလူဝေးဦးဆောင်သူပါဝင်သူတွေဟာ လက်ယပ်ခေါ်သူတွေပါ။

ထိုင်းပြန်ချည်း တစ်သိန်းခွဲကျော်ရှိကြောင်း အမေစု ရေးတင်တာတွေ့ရပါတယ်။ ကမ္ဘာ့ကပ်ရောဂါ ဆိုက်ချိန်မှာ အိမ်ပြန်လာတာ လက်ခံရမှာ တရားနည်းလမ်းကျပါတယ်။ သူတို့ ဘယ်မှသွားစရာမရှိလို့ လက်ခံပေးရမှာပါ။ ပြည်တော်ပြန်များ ဘက်ကလည်း ကိုယ့်တာဝန်အနေနဲ့ Q ဝင်ပေးဖို့တောင်းဆိုပါတယ်။ လွတ်ထွက်နေသူများ ကျေးဇူးပြုပြီး အိမ်မှာနေပေးပါ။ ဘယ်မှ မထွက်ပါနဲ့။

တညလုံးအလုပ်လုပ်နေကြပုံပါပဲ။ သူရဲကောင်းများလေးစားပါတယ်။
ကျွန်တော်တို့ ငြိမ်ငြိမ်လေးနေပေးပြီး ကူညီကြရအောင်ဗျာ။

မန္တလေး သက်ြန်လည်ကြမယ်။ဦးပိန်တံတားရောက်မယ် စစ်ကိုင်းရောက်မယ်။မန္တလေးမှာ 5နှစ်လောက်နေခဲ့ပြီး ရန်ကုန်ကနေ အခုပြန်သွားလည်ချင...
04/03/2020

မန္တလေး သက်ြန်လည်ကြမယ်။
ဦးပိန်တံတားရောက်မယ် စစ်ကိုင်းရောက်မယ်။

မန္တလေးမှာ 5နှစ်လောက်နေခဲ့ပြီး ရန်ကုန်ကနေ အခုပြန်သွားလည်ချင်တယ် မိတ်ဟောင်းဆွေဟောင်းသူငယ်ချင်းဟောင်းတွေပြန်တွေ့ချင်တယ်။

လိုက်မယ့်သူတွေ comment မှာ စာရင်းပေးပါဗျာ။ စာရင်းအရ လူပြည့်ပြီဆိုမှငွေကောက်ခံမှာပါ။ နဝဒေးအိမ်ရာမှာ ငွေလာသွင်းနိုင်ပါတယ်။
ကားရပ်ထားပြီး ကျုံးတပတ်လမ်းလျောက် ရေပက်ခံ သက်ြန်စာစား အေးဆေးပဲ။ လူဦးရေ 40 ပြည့်ရင်ထွက်ပေးမယ်ဗျာ။

မန်းတောင်ခြေက ဘုရားဝင်းမှာဖြစ်ဖြစ် အနီးဆုံးနေရာတစ်ခုမှာကားရပ်ထားပေးမယ်။

ညဖက် မန်းရဲ့ ဂီတအလှတွေလည်း ခံစားရအောင်စီစဉ်ပေးမယ်။

တွေးရင်းနဲ့တောင် ရင်ခုန်နေပြီ။

ရွှေမန်းမှာ လေးနှစ်ကျော်နေခဲ့တာမို့ အက်မင်လည်း မန်းသားလို့ ပြောနိုင်ပါတယ်။

အကြိုနေ့ညထွက် အကျနေ့မနက် လေးနာရီလောက် မန်းတောင်ခြေရောက်မယ်။ အကျနေ့တနေကုန် ကိုယ့်စိတ်ကြိုက် လမ်းလျောက်လည်။ လမ်းလျောက်တာပဲအဆင်ပြေတယ်။ ဆိုင်ထိုင်ချင်ထိုင် အေးဆေးပဲ မလောဘူး။ လူမစုံမချင်း ပြန်ပါတော့မပြောမချင်းမပြန်ဘူး။ မန္တလေးညရဲ့ အလှတွေ ခံစားကြအုံးမယ်။ တညလုံးမအိပ်ချင်လည်းရတယ် ကားပေါ်အိပ်ချင်လည်း ရတယ်။

အကြတ်နေ့ မှာ မနက်လေးနာရီ မဟာမြတ်မုနိ မျက်နှာတော်သစ်တဲ့အချိန်ဖူးကြမယ် ပြီးရင် ဦးပိန်တံတားနဲ့ တောင်သမန်အင်းမှာ လေညှင်းဆော်ကြမယ်။ အချိန်ရရင်ရသလို အစီအစဉ်လေးတွေ ထပ်ထည့်အုံးမယ်။

အများကြီးလိုက်ပို့ချင်တယ် သက်ြန်တွင်း ကားကြပ်နိုင်တာနဲ့ရှောင်မောင်းရတာတွေ ရှိလို့။ ကားကပူစရာမလို မင်မင့်ကားပါ။

‌တညအိပ် နှစ်ရက် အသွားအပြန် ကားခ သီးသန့်ပါပဲ။

၅ သောင်းကျပ်သာ။

(စားစရိတ်မကြီးဘူး ရွှေမန်းရဲ့ချစ်စရာ အားသာချက်က ဈေးနည်းနည်းနဲ့အကောင်းဆုံး ဗမာစာတွေ စားနိုင်တာပဲ မန်းကိုလွမ်းမိတဲ့အချက်မှာ အဲဒါအဓိကပဲ ဘီယာသောက်ချင်လည်း သောက်ကြ စောင့်ရှောက်ပေးမယ် မင်မင်လည်းကြိုက်တယ် ဒရိုင်ဘာ စပယ်ယာကတော့ လုံးဝမသောက်ရ)

ကဲ မန့်တွေမှာ စာရင်းပေးကြပေတော့။

မင်မင်ရဲ့ ဖုန်းပါ။ မန့်မှာပဲ စာရင်းပေးနော်။ :)

09769956715

ကျွန်တော်တို့ လုပ်ငန်းပိုင် express (45)ယောက်စီးကားနဲ့ ဈေးအချိုဆုံး ဝန်ဆောင်မှုအကောင်းဆုံးနဲ့ မြန်မာ ပြည်တွင်းခရီးစဉ် တစ...
03/01/2020

ကျွန်တော်တို့ လုပ်ငန်းပိုင် express (45)ယောက်စီးကားနဲ့ ဈေးအချိုဆုံး ဝန်ဆောင်မှုအကောင်းဆုံးနဲ့ မြန်မာ ပြည်တွင်းခရီးစဉ် တစ်ခုစီစဉ်ချင်ပါတယ်။

မိမိတို့တတ်နိုင်တဲ့ သုံးလိုတဲ့ ငွေကြေးပမာဏတစ်ခုကို ဖော်ပြပြီး သွားလို လည်ပတ်လိုတဲ့ခရီးစဉ်များ အရပ်ဒေသများကို ကွန်မန့်မှာ ချရေးပေးခဲ့ပါ။ မိမိတို့ facebook စာမျက်နှာမှာ ပြန်လည် မျှဝေ share ပေးမယ်ဆိုရင်လည်း အတိုင်းထက်လွန် ကျေးဇူးတင်ပါတယ်။

စားစရာ ချက်ပြုတ်စရာ အစုံတင်ပြီး ပျော်ပျော်ပါးပါး သီချင်းတွေဆိုရင်း သွားကြရအောင်ပါ။

SCO Travel & Tours
Nawaday Garden Estate
Yangon.
Ph: 09769956715

ချောင်းသာ ခရီးစဉ် ယနေ့ည ၁၀နာရီ မြကျွန်းသာ ကမ္ဘာအေးလမ်းမှ ကြို‌ပြီး ထွက်ပါပြီ။ ကုမ္ပဏီဝန်ထမ်း လူငယ်တွေချည်း ပျော်စရာပါ။ကြ...
30/12/2019

ချောင်းသာ ခရီးစဉ် ယနေ့ည ၁၀နာရီ မြကျွန်းသာ ကမ္ဘာအေးလမ်းမှ ကြို‌ပြီး ထွက်ပါပြီ။ ကုမ္ပဏီဝန်ထမ်း လူငယ်တွေချည်း ပျော်စရာပါ။
ကြိုးမဲ့မိုက် ဆင်ပေးထားပြီး အော်ကြဆိုကြ ကိုယ်တိုင်ခရီးစဉ် ကြော်ငြာကြနဲ့ စိတ်တိုင်းကြ ရပ်လိုကရပ်နားလိုကနား သွားကြတဲ့ခရီးပါပဲ။

(၁)လပိုင်းခရီးစဉ်များအတွက် ကြိုတင်စုံစမ်းနိုင်ပါပြီ။

Ph: 09769956715
နဝဒေးဥယျာဉ်အိမ်ရာ
ရန်ကုန်။

ဆံ‌ေတာ်ရှင် ကျိုက်ထီးရိုး  ဆောင်နိုင်ကြီးရေတံခွန် နှင့် ကမ္ဘာ့အကြီးဆုံး ကျိုက်ထို ထိုင်တော်မူ ရုပ်ပွားတော်ကြီး တဦးလျင် (...
30/12/2019

ဆံ‌ေတာ်ရှင် ကျိုက်ထီးရိုး ဆောင်နိုင်ကြီးရေတံခွန် နှင့် ကမ္ဘာ့အကြီးဆုံး ကျိုက်ထို ထိုင်တော်မူ ရုပ်ပွားတော်ကြီး

တဦးလျင် (အသွားအပြန်) ၂၀၀၀၀ ကျပ်
အပန်းဖြေ စခန်းဝင်ကြေး ၁၅၀၀
တောင်တက်ကားခ နောက်ခန်းစီး ၂၀၀၀/ခေါင်းခန်း ၃၀၀၀

(၁)လပိုင်းခရီးစဥ် လိုက်ပါလိုသူများ ဆက်သွယ်ပါ။

၁၁ ရက်နေ့ည (၁ဝ)နာရီ ရန်ကုန်စထွက် (၁၂-၁-၂၀၂၀) ည ရန်ကုန် ပြန်ရောက်။

ရန်ကုန်။

ဖုန်း
09769956715

ဘတ်ဂျက်တိုးနဲ့ စရိတ်ငြိမ်း (5)ရက်ခရီးစဉ် ခရီးထွက်လိုသူများ စာရင်းပေးထားနိုင်ပါတယ်။စားစရာအပြည့်အစုံ တည်းခိုစရိတ်ငြိမ်း ‌န...
28/12/2019

ဘတ်ဂျက်တိုးနဲ့ စရိတ်ငြိမ်း (5)ရက်ခရီးစဉ် ခရီးထွက်လိုသူများ စာရင်းပေးထားနိုင်ပါတယ်။

စားစရာအပြည့်အစုံ တည်းခိုစရိတ်ငြိမ်း ‌နဲ့

(၁) ကမ္ဘာ့အကြီးဆုံး ကျိုက်ထို ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး
(၂)ထူးခြားတဲ့ ပန်းရန်ပျံ ဘုရား နေလဘုရားနှင့် မော်လမြိုင်ဘုရားစုံဖူး
(၃) ဒေသန္တရ ဗဟုသုတ အတွက် ထိုင်းမြန်မာနယ်စပ်က သေမင်းတမန် ရထားလမ်း‌ဖောက်လုပ်ရာမှာပါဝင်ခဲ့သူများအမှတ်တရ သံဖြူဇရပ်မြို့ ပြတိုက် ဈေး
(၄) မုဒုံ ရေး မုတ္တမ
(၅) ကျိုက္ခမီ စက်စဲကမ်းခြေ
(၆)မောင်းမကန်ကမ်းခြေ
(၇)အဓိဌာန်အောင် သမိုင်းဝင် ထားဝယ်ရှင်ကိုးရှင် ဘုရားများဖူးခြင်း
တောသုံးဆူ တောင်သုံးဆူ မြို့သုံးဆူ သွားရာလမ်းတလျောက် ကမ်းခြေသဘာဝအလှများ တောတောင်ရှုခင်းအလှများ
(၈) ထားဝယ်မြို့ ဈေးဝယ် လည်လည်ထွက်ကြမယ်

ခန်းလုံးပြည့် ၁၀ပေ ခြင်ထောင်ကြီးတလုံး ၈၀၀၀ကျပ် ပဲပေးရတယ် မင်မင်ဝယ်လာတာ။
မျှင်ငါးပိ စစ်စစ်တွေ တပိဿဗူး ၄၀၀၀ကျပ်ပဲ ကောင်းမှကောင်း။
ငါးမန်းသားခြောက်တော့ နည်းနည်းဈေးကြီးတယ် ၁၀၀၀၀ကျပ်ပေးရတယ်။
ထားဝယ်လုံချည် ဝမ်းဆက် ၁၂၀၀၀ကျပ်ပဲပေးရတယ် မိုက်မှမိုက်။
မိန်းက‌ေလး‌ေတွအတွက် နံ့သာဖြူ ကရမက် တောင်တန်ကြီး ဈေးမဆိုး စစ်တယ်။

မြင်းခွာအော်ကမ်းခြေက တံငါလှေတွေဆီက ငါးခြောက်ဝယ်မလား ပေါမှပေါ။

ကမ်းခြေအနေနဲ့

(၁)စက်စဲကမ်းခြေ
(၂)မောင်းမကန်ကမ်းခြေ
(၃) မြင်းခွာအော်ကမ်းခြေ

ရောက်မယ်။

ဒေသန္တရ ဗဟုသုတအစုံစုံ လေ့လာခွင့်ရမယ်။
မွန်ရိုးရာထားဝယ်ရိုးရာစကားတွေ လေ့လာခွင့်ရမယ်။

ရက်အနေနဲ့ (၅)ရက်ခရီး လမ်းတလျောက် တောလမ်းရောက်ရင် တောကြားတောင်ကြား ချက်ပြုတ်စားသောက်ဖို့ စားဖိုမှူးတွေပါမယ်။
ညဈေးရောက်ရာမြို့ဈေးဝင်ဝယ်ပြီး ရောက်ရာအရပ် ကြိုတင်သတ်မှတ်ထားတဲ့ပွိုင့်တွေမှာ ဟင်းဝယ်ချက်တာပဲ။

အချိန်ရရင် ဇင်းကျိုက်ရေတံခွန် ဝင်အုံးမှာ။
မြန်မာပြည်အောက်ပိုင်း စုံသွားစေရမယ်။ (5)ရက်ခရီးဆိုပေမယ့် (၆)ရက်လို့ပြင်ထားပါ။ ပျော်အောင်ထားပြီး ရောက်တဲ့အရပ် စိတ်ရှည်လက်ရှည် အေးအေးဆေးဆေး‌နေမှာမို့ မစုံရင် ရက်ထပ်တိုးမှာ။ :)

ခရီးသည်ရသလောက် ဈေးနှုန်းချိန်မှာမို့ လိုက်ဖို့အစီအစဉ်ရှိရင် ကြိုစာရင်းပေးထားနော်။ ရက်တွေလည်းပြန်ညှိရအုံးမှာ။

ပက်ကေ့အနေနဲ့
အစားအသောက်
တည်းခိုစရိတ်
တောင်တက်ကားငယ်ခများ
လမ်းတလျောက်
စနိုးတာဝါ
ရေသန့်
သွားတိုက်ဆေး
စောင်
လတ်တလောသုံး ဆေးဝါးအကူအညီအစုံ
ဝန်ဆောင်မှုအနေနဲ့ပါမှာ။

ကားကတော့ လုပ်ငန်းပိုင်ကားမို့ အေးဆေးပဲ။ တကယ့်ကို ငြိမ့်ညောင်းတဲ့ခရီးဖြစ်မှာ။ အသက် ၇၀တန်း ၈၀တန်းလူကြီးတွေကိုပို့ပြီးဖြစ်လို့ လူငယ် လူကြီးအစုံ ဒီတခေါက်ပို့ချင်တယ်။

စာရင်းပေးထားကြနော်။ like လုပ်ပြီး ရှယ်ပေးကြပါအုံး။

‌ဖုန်း 09769956715
နဝဒေးဥယျာဉ်အိမ်ရာဝင်း
ပုသိမ်လမ်းမကြီး လှိုင်သာယာ
ရန်ကုန်။

မြန်မာပြည်အောက်ပိုင်းဒေသ ဘုရားစုံဖူးနှင့် ကမ်းခြေအစုံသွား ရက်ရှည် ကားစင်းလုံးငှား (၄၅)ယောက်စီး(ထားဝယ်ရှင်ကိုးရှင် အဓိဌာန...
24/12/2019

မြန်မာပြည်အောက်ပိုင်းဒေသ ဘုရားစုံဖူးနှင့် ကမ်းခြေအစုံသွား ရက်ရှည် ကားစင်းလုံးငှား (၄၅)ယောက်စီး
(ထားဝယ်ရှင်ကိုးရှင် အဓိဌာန်ဘုရားဖူး ကျိုက်ထိုထိုင်တော်မူရုပ်ပွားတော်ကြီး မော်လမြိုင်တန်ခိုးကြီးဘုရားဖူး ဝင်းစိန်တောရ သံဖြူဇရပ် ကျိုက္ခမီ စက်စဲကမ်းခြေ မြင်းခွာအော်ကမ်းခြေ မောင်းမကန်ကမ်းခြေ ရှင်ကိုးရှင်ဘုရားများ)

ကျိုက်ထို ထိုင်တော်မူဘုရားကြီး မော်လမြိုင်ဘုရားစုံ ဝင်းစိန်တောရ မုဒုံ သံဖြူဇရပ် ရေး ထားဝယ်ရှင်ကိုးရှင်ဘုရားများ အဓိဌာန်ဘုရားဖူး မြင်းခွာအော်ကမ်းခြေ စက်စဲကမ်းခြေ မောင်းမကန်ကမ်းခြေ (13.12.2019) ညထွက် မှ (18.12.2019) ထိ(၄)ညအိပ် (၅)ရက်ခရီးစဉ် အတွက် GM Land Car Rental မှ စင်းလုံးငှားခရီးအောင်မြင်ချောမွေ့စွာပို့ဆောင်ပေးခဲ့ပါပြီ။

သွားလာရန်ခက်ခဲသည့်ခရီးလမ်းရှည်တလျောက် ကျွမ်းကျင်စိတ်ရှည်သောယာဉ်မောင်းများပံ့ပိုးမှုဖြင့် အသက် (၆၀) ကျော် (၇၀)တန်း (၈၀)တန်း ယောဂီ ကျား/မ ဦးရေ (၄၅)ဦးအား မူးဝေအော့အန်မှုမရှိ သက်တောင့်သက်သာစွာဖြင့် ခရီးမပန်းစိတ်ရွှင်လန်းစွာပို့ဆောင်ခဲ့ပါပြီ။ ရှင်ကိုးရှင် သစ္စာအဓိဌာန် အောင်တော်မူခဲ့ပါပြီ။

2020ခုနှစ် (၁)လပိုင်း (၂)လပိုင်း (၃)လပိုင်း အော်ဒါများ ကြိုတင်စရံချချိတ်ဆက်နိုင်ပါပြီ။

Nawaday Garden Estate
Pathein Road, Hlaingtharyar
Yangon.

Ph: 09769956715

အခမဲ့တည်းခိုနေထိုင်လိုသူများအတွက် ရေ မီးပြည့်စုံ၍ ကျယ်ဝန်းသော အိပ်စက်နားနေဆောင် များရှိသော ဘုန်းတော်ကြီးကျောင်းဝန်းကျယ်များတွင် တည်းခိုနေထိုင်နိုင်စေရန် စီစဉ်ပေးပါမည်။

ရက်ရှည်ခရီးစားစရိတ်ချွေတာလိုသူများအတွက် ထင်း ဆန် ဟင်းရွက် သားငါး ဝယ်ယူ သယ်ယူ၍ စားဖွယ်အစုံစုံ လမ်းတလျောက် ချက်ပြုတ်စီစဉ်ပေးနိုင်သော မြန်မာစာအချက်အပြုတ်ကျွမ်းကျင်သူ အမျိုးသားစားဖိုမှူးများပါဝင်လိုက်ပါရန် ကူညီချိတ်ဆက်ပေးပါမည်။

ဘုရားဖူးအပန်းဖြေရက်ရှည်ခရီးစဉ်များအတွက် (၄၅)ယောက်စီး မှန်လုံ အိတ်စ်ပရက်များ စင်းလုံးငှားရန် "ဟလို" လိုက်ပါ။

09/12/2019
https://www.mmknowledge.xyz/?p=127
08/12/2019

https://www.mmknowledge.xyz/?p=127

မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြပါစေ စာဖတ်ပရိသတ်ကြီးရေ။ အကောင်းဆုံးနှစ်တစ်နှစ်က ခုဆိုရင် ပျော်စရာတွေ၊ စိတ်လှုပ...

Address

Yangon

Alerts

Be the first to know and let us send you an email when မြန်မာ့ခရီး Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category