𝐴𝑖𝑟 𝑇𝑖𝑐𝑘𝑒𝑡 𝑆𝑎𝑙𝑒𝑠 𝐶𝑒𝑛𝑡𝑒𝑟

  • Home
  • Myanmar
  • Yangon
  • 𝐴𝑖𝑟 𝑇𝑖𝑐𝑘𝑒𝑡 𝑆𝑎𝑙𝑒𝑠 𝐶𝑒𝑛𝑡𝑒𝑟

𝐴𝑖𝑟 𝑇𝑖𝑐𝑘𝑒𝑡 𝑆𝑎𝑙𝑒𝑠 𝐶𝑒𝑛𝑡𝑒𝑟 ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာန

အိန္ဒိယနိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုနဲ့ အလေ့အထများကိုလေ့လာလိုက်ကြရအောင်ပါနော်အိန္ဒိယနိုင်ငံက သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုတွ...
24/09/2024

အိန္ဒိယနိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုနဲ့ အလေ့အထများကိုလေ့လာလိုက်ကြရအောင်ပါနော်

အိန္ဒိယနိုင်ငံက သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုတွေ ပေါကြွယ်ဝတဲ့တိုင်းပြည်ဖြစ်ပြီး သာယာလှပတဲ့ ရှုခင်းတွေ နာမည်ကြီးတဲ့ယဉ်ကျေးမှု အမွေအနှစ်တွေက နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို စိတ်ဝင်စားဖွယ်ရှုထောင့်အဖြစ် လေ့လာနိုင်ပါတယ်နော်။

ဒါ့ကြောင့် သင့်ခရီးစဥ်အတွက် MAI ရဲ့ ဒေလီသို့(တစ်ပတ်လျှင် ၃ ကြိမ်)၊ ကာလကတ္တားသို့ (တစ်ပတ်လျှင် ၂ ကြိမ်) နဲ့ ချန်နိုင်းသို့(စနေနေ့တိုင်း) တိုက်ရိုက်ပြေးဆွဲပေးနေတဲ့ ခရီးစဥ်တွေနဲ့အတူ စတင်လိုက်ပါနော်။

[English Version Below]

𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐓𝐡𝐞 𝐑𝐢𝐜𝐡 𝐓𝐚𝐩𝐞𝐬𝐭𝐫𝐲 𝐎𝐟 𝐈𝐧𝐝𝐢𝐚'𝐬 𝐀𝐭𝐭𝐫𝐚𝐜𝐭𝐢𝐨𝐧𝐬!

India's attractions are a symphony of history, spirituality, and natural beauty. Embark on a captivating journey, where every corner reveals a new chapter in this fascinating narrative.

Plan your trip with 𝐨𝐮𝐫 𝐝𝐢𝐫𝐞𝐜𝐭 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐃𝐞𝐥𝐡𝐢 (𝟑𝐱 𝐰𝐞𝐞𝐤𝐥𝐲), 𝐊𝐨𝐥𝐤𝐚𝐭𝐚 (𝟐𝐱 𝐰𝐞𝐞𝐤𝐥𝐲), 𝐚𝐧𝐝 𝐂𝐡𝐞𝐧𝐧𝐚𝐢 (𝐞𝐯𝐞𝐫𝐲 𝐒𝐚𝐭).

✅ Inflight meal
✅ Baggage allowance
• 40 KG for Business Class
• 30 KG for Economy Class
✅ 𝐀𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐛𝐚𝐠𝐠𝐚𝐠𝐞 𝐚𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 𝐨𝐟 𝟓𝐊𝐆 & 𝐨𝐧𝐞-𝐭𝐢𝐦𝐞 𝐟𝐫𝐞𝐞 𝐝𝐚𝐭𝐞 𝐜𝐡𝐚𝐧𝐠𝐞 (𝐫𝐞𝐭𝐮𝐫𝐧 𝐭𝐫𝐚𝐯𝐞𝐥 𝐝𝐚𝐭𝐞 𝐨𝐧𝐥𝐲) 𝐟𝐨𝐫 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐭𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬
✅ 𝟓% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐟𝐨𝐫 𝐩𝐢𝐥𝐠𝐫𝐢𝐦𝐚𝐠𝐞 𝐭𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬
✅ Up to 30% discount at >70 Sky Deals partners

Purchase your ticket on www.maiair.com & Passenger Sales Agents (PSAs). For more information, connect with us on Facebook Messenger.


မြန်မာအမျိုးသားလေကြောင်းမှ ရေဘေးသင့်ပြည်သူများ လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးစသည့် ပစ္စည်းများကို ပြည်တွင်း၊...
24/09/2024

မြန်မာအမျိုးသားလေကြောင်းမှ ရေဘေးသင့်ပြည်သူများ လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးစသည့် ပစ္စည်းများကို ပြည်တွင်း၊ပြည်ပလေယာဉ်ခရီးစဉ်များဖြင့် အခမဲ့ သယ်ဆောင်ပေးလျက်ရှိပါသည်။ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ ပေးပို့လှုဒါန်းလာသည့် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းအလေးချိန် စုစုပေါင်း 540 kg တင်ဆောင်ပေးခဲ့ပါကြောင်းလည်း လေးစားစွာအသိပေးအပ်ပါသည်။ဆက်လက်၍လည်း ပြည်တွင်း၊ပြည်ပမှ စေတနာရှင်များကူညီလှုဒါန်းသည်များကို မြန်မာအမျိုးသားလေကြောင်းမှ အခမဲ့တင်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်းလည်း အသိပေးအပ်ပါသည်။


နိုင်ငံခြား သွားခါနီး ညီငယ် ညီမငယ်များ ပစ္စည်းဝယ်တာ၊ထည့်တာတွေမှာ ဒါလေးတွေ သတိထားကြပါနော်အိတ်(Luggage) ဝယ်ရင် ပေါ့ပါးပြီး...
30/03/2024

နိုင်ငံခြား သွားခါနီး ညီငယ် ညီမငယ်များ ပစ္စည်းဝယ်တာ၊
ထည့်တာတွေမှာ ဒါလေးတွေ သတိထားကြပါနော်
အိတ်(Luggage) ဝယ်ရင် ပေါ့ပါးပြီး ပစ်ချလည်း မကွဲ
လောက်မယ့် အိတ်ကိုဝယ်ပါ
• Hand Carry Bag သုံးမယ့်အိတ်ကို မဖြစ်မနေ ဘီးပါတာ
ဝယ်ပါ။ Hand Carry Bag က ကိုယ်တိုင်သယ်ရတာဖြစ်လို့
ဘီးမပါလို့ မ နေရရင် Transit ဝေးရင်ဝေးသလောက် ပင်ပန်း
ပါတယ်
• Hand Carry Bag ထဲထည့်သယ်မယ့် ပစ္စည်းများထဲမှာ
သံထည်ပစ္စည်းနဲ့ အရည်ပါတဲ့အရာနဲ့ ဆေးဝါးပစ္စည်းတွေ
ထည့်တာက Save အဖြစ်ဆုံးဖြစ်ပါတယ်။
( အကုန် အသေးစိတ် အစစ်ခံရမှာမို့ အခန့်မသင့်ရင် စစ်တဲ့
နေရာမှာ ထားခဲ့ရနိုင်ပါတယ်)
ဖိနပ်ကို သက်သောင့်သက်သာ အဖြစ်ဆုံးဖိနပ် ဝယ်ပါ။
ဖိနပ်ပေါက်ရင် ခြေထောက်အရမ်းနာပြီး ပင်ပန်းစေပါတယ်
- Power bank ပါလျှင် Hand Carry ထဲပဲ ထည့်သည်ရ
တယ်လို့ သိရပါတယ်
mobile Battery charging, ဓါတ်ခဲပါတဲ့လျှပ်စစ်ပစ္စည်း
အမျိုးအစားက Check in baggage အိတ်အကြီးထဲထည့်
သယ်လို့မရပါ
100Wh - 160 Wh ( 43243 mAh) ထိဆို လူတစ်ယောက်
2
ကို (2) ခုထိဘဲ သယ်ခွင့်ရှိပါတယ်
Laptop က ကျောပိုးအိတ် (သို့) handcarry အနေနဲ့
လက်ကဆွဲသွားလို့ရပါတယ်။
* ရွှေထည်ပစ္စည်းက လူတစ်ကိုယ်စာ ဝတ်ဆင်သွားရင်ရပါ
တယ်။
ကျောပိုးအိတ် လွယ်လို့ရပါတယ်။ ပုံမှန်ဆို ထည့်မချိန်
ပါ။ အရမ်း size ကြီးနေတာမျိုး၊ လေးတဲ့ပုံစံသိသာရင်တော့
Hand Carry နဲ့ပေါင်းချိန်တာမျိုး၊ ပစ္စည်းလျှော့ခိုင်းတာမျိုး
တွေ လုပ်တတ်ပါတယ်။
(ဆိုဒ်သေးတဲ့ ကျောပိုးအိတ်ရွေးချယ်ပြီး မဖောင်းစေတဲ့
အရာတွေထည့်သင့်ပါတယ်)
- Snack မုန့်ထုပ်နဲ့ Ready အစားအစာ(အရည်မပါ) တာ
မျိုးတွေက Hand Carry နဲ့ကျောပိုးအိတ်ထဲထည့်သယ်လို့ရပါ
တယ်။
အသီး၊ အသားငါး၊ အခြောက်အခြမ်း၊ အကြော်အလှော်
တွေက ဆီလုံအောင်သေချာပိတ်ပြီး check in baggage
အိတ်အကြီးထဲထည့်တာကောင်းပါတယ်။
အထူးသတိပေးချင်တာက တိပ်(ပ်)အဝါတွေနဲ့ မပတ်ဖို့ပါ။
တိပ်(ပ်) အဝါနဲ့ ပတ်ထားတော့ အစစ်ခံရတဲ့အခါ သံသယပို
ဖြစ်ပြီး အကုန်ဖောက်စစ်တတ်ပါတယ်။
ပစ္စည်းထည့်တဲ့အခါ အိတ်ရဲ့ အောက်ခြေမှာ အဝတ်အစား
အနည်းငယ်စီထည့်၊ ပြီးရင် မမြင်စေချင်တာတွေစီထည့်၊ ပြီး
ရင် အဝတ်အစားများကိုပဲ အပေါ်ကစီထည့်ပါ။
အိတ်နှစ်လုံး သယ်ခွင့်ရှိရင်တချို့က တစ်အိတ်က
အဝတ်အစား၊ တစ်အိတ်က စားစရာဆိုပြီး ထည့်တတ်ကြပါ
တယ်။
အဲ့လိုမလုပ်ပဲ အပေါ်ကပြောတဲ့အတိုင်း နှစ်အိတ်လုံးမျှထည့်
တာ ကောင်းပါတယ်။
☐
Kg ဘယ်လောက်ရလဲဆိုတာကို လေယာဉ်လက်မှတ်ထဲ
မှာကြည့်ပြီး ပစ္စည်းထည့်တဲ့အခါ အလေးချိန်ကို တွက်ရင်း
ထည့်တာကောင်းပါတယ်။
* အရမ်းအများကြီး Kg တွေပိုလို့ လေဆိပ်မှာ ထုတ်ထားခဲ့ရ
ရင် ပစ္စည်းမဆုံးရှုံးရင်တောင် အရေးကြီးတာတွေ ချန်ခဲ့ရနိုင်
ပါတယ်
ကဲ အားလုံးပဲ အခက်အခဲမရှိ နိုင်ငံခြားခရီးစဉ်လေးကို
ဖြတ်သန်းနိုင်ပါစေ။


29/03/2024

နိုင်ငံခြားခရီးထွက်မယ့်သူများ
လေဆိပ်ကိုရောက်ပြီဆိုရင် နံပါတ်(၁) အနေနဲ့ check in ဝင်ရပါမယ်
Check in ဝင်တယ်ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ကိုယ်က Air Tickets ဝယ်ထားရုံနဲ့ မပြီးသေးပါဘူး လေယာဉ်စီးရမယ့် Boarding Pass လို့ခေါ်တဲ့ လက်မှတ်ရေ ပြီးတော့ ကိုယ့်ရဲ့အိတ်တွေကို လေယာဉ်ပေါ်တင်မယ့်ဟာပါ့နော် အဲ့ထဲမှာဘာတွေပါလဲ KG ဘယ်လောက်ရှိလဲ
အဲ့ဒါတွေစစ်ဖို့အတွက်ကို ကိုယ်က check in ဝင်ရတာဖြစ်ပါတယ်
Check in counter ကိုဘယ်လိုရှာရမလဲဆိုရင် လေဆိပ်ထဲကို ဝင်လိုက်တာနဲ့ Departure ဆိုတဲ့ LED ဘုတ်ကို အရင်ဆုံးရှာပါ အဲ့ဒီ Departure မှာ AISA ဆိုလည်း Aisa, Emirates ဆိုလည်း Emirates အဲ့မှာသူရေးထားလိမ့်မယ်နော် အဲ့မှာ ကိုယ့်ရဲ့ check in counter က နံပါတ်ဘယ်လောက်မှာရှိလဲ A ဆိုလည်း A , B ဆိုလည်း B ပေါ့နော် အဲ့မှာကြည့်ပြီးတော့ ကိုယ့်ရဲ့ Check in counter ကိုတွေ့လိမ့်မယ်ပေါ့နော်
Check in counter ကိုရောက်ပြီဆိုရင် တန်းစီပြီးတော့ ကိုယ့်အလှည့်ရောက်ပြီဆိုရင် လေယာဉ်လက်မှတ်ရေ ကိုယ့်ရဲ့ passport ရေ ပေးပြီးတော့ check in ဝင်ရမှာဖြစ်ပါတယ် အဲ့မှာ ကိုယ့်ရဲ့ Luggage ကိုတင်ပေါ့နော်
Luggage ထဲအထူးသတိထားရမှာက ဘတ်ထရီနဲ့ပတ်သက်တာဘာမှ ပါလို့မရပါဘူး
phone တွေ laptop တွေ power Bank တွေ အကုန်လုံးကိုယ်နဲ့အတူတူ Hand carry အနေနဲ့လေယာဉ်ပေါ်ကို သယ်သွားရမှာဖြစ်ပါတယ်
ဘတ်ထရီနဲ့ ပတ်သက်တာတွေကို Hand carry နဲ့ သယ်သွားရမှာပါ
အရည်ပျော်ပစ္စည်းတွေကိုကျတော့ လေယာဉ်ဗိုက်ထဲမှာ အပ်မယ့် luggage ထဲမှာ ထည့်ထားရမှာဖြစ်ပါတယ်
အဲ့ (၂)ခုကို ခွဲခွဲခြားခြား သိစေချင်ပါတယ်
Luggage အပ်ပြီဆိုရင် ကိုယ့်ကို Boarding Pass ပေးပါလိမ့်မယ် Boarding Pass ထဲမှာ ဘာတွေပါလဲဆိုရင် လေယာဉ်က ဂိတ်နံပါတ်ဘယ်လောက်မှာ စီးရမလဲ ကိုယ့်ရဲ့ ခုံနံပါတ်က ဘယ်လောက်လဲ ဘယ်ချိန်မှာ လေယာဉ်ထွက်မလဲ အဲ့ဒါတွေအကုန်လုံးတော့ ရေးထားပါတယ်
Boarding Pass ရလာပြီဆိုရင် To Gate ဆိုတဲ့ ဆိုင်းဘုတ်နားကို သွားပါ အဲ့မှာ ကိုယ်က immigration ဖြတ်ရပါမယ်
Immigration ဆိုတာ ဉပမာ ကိုယ်က ဒီနိုင်ငံကနေ ထွက်သွားပြီဆိုတဲ့ဟာမျိုးကို တုံးတိုးပေးပါတာဖြစ်တာကြောင့် အရမ်းအများကြီးကြောက်နေစရာမလိုပါဘူး
သူတို့ ကိုယ့်ရဲ့ passport မှာ တုံးတိုးပေးပြီးသွားပြီဆိုရင် အဲ့တိုင်းဝင်ပြီးတော့ ဆက်လျှောက်လာကဲ့ပါ ဆက်လျှောက်လာရင် Security Check up. ဆိုတဲ့ နေရာကို လာကဲ့ပါ
Security စစ်တယ်ဆိုတာကို ဉပမာ လေယာဉ်ပေါ်သယ်သွားလို့မရတဲ့ ပစ္စည်းတွေ ဘာညာပါလားပေါ့နော် အဲ့မှာသူတို့ တောင်းဆိုတဲ့အတိုင်းလုပ်ပေးရပါမယ် ဦးထုတ်ချွတ်ဆိုလည်း ချွတ်၊အနွေးထည်ချွတ်ဆိုလည်း အနွေးထည်ချွတ် ၊ခါးပတ်ချွတ်ဆိုလည်း ခါးပတ်ချွတ် အဲ့ဒါအကုန်ချွတ်‌ပေးပြီးတော့ ဖုန်းလေးတွေကိုပါ scan ဖတ်တယ်ပေါ့နော် အဲ့မှာ X ray ဖတ်ပြီးတော့ သူတို့တောင်းဆိုတဲ့အတိုင်းလုပ်ပေးရင် ရပါပြီ ဘာမှ စိတ်ပူစရာမလိုပါဘူး ကိုယ်က တရားမဝင်ပစ္စည်းတွေမသယ်သွားဘူးဆိုရင်ပေါ့နော်
အဲ့ဒါပြီးရင်တော့ ဂိတ်တွေဆီသွားမယ်ပါ
အဲ့မှာ Boarding မခေါ်မချင်းကိုယ်က လုပ်ချင်တာ လုပ်နေလို့ရပါတယ်
ဉပမာကွာ Boarding Time က ဆယ်နာရီဆိုရင် ကိုယ်က ၉နာရီပဲ ရှိသေးတယ်ဆို တနာရီလောက်က ကိုယ်က ဒီလေဆိပ်ထဲမှာ ပတ်ချင်တာ ပတ်လို့ရပါတယ် Boarding မခေါ်မချင်း ကိုယ်က အေးဆေးထိုင်နေမယ်ဆိုလည်း ထိုင်နေပါ
Boarding ခေါ်ပီဆိုရင် သူတို့ခေါ်တဲ့ Class အတိုင်းပေါ့နော် ဉပမာ ကိုယ်က Business classလား economy class လား သူတို့ခေါ်တဲ့အတိုင်း တန်းစီပြီးတော့ ဝင်ပါ
ဝင်ပြီးသွားပြီးတော့ လေယာဉ်ပေါ်ရောက်ပီဆိုရင် ကိုယ့်ရဲ့ seat ကိုရှာပြီးတော့ အေးဆေးနေလို့ရပါပြီ
အဲ့ဒါပြီးတော့ လေယာဉ်က ဟိုဘက်လေဆိပ်ကို ရောက်ပြီ ဆိုက်ပြီဆိုတာနဲ့ ကိုယ်က Arrival နဲ့ Transit အဲ့၂ခုကို တွေ့ပါလိမ့်မယ်
ကိုယ်က ကိုယ့်ရဲ့ Destination ကိုရောက်ပြီဆိုရင် Arrival ကိုသွားရမှာဖြစ်ပါတယ်
တကယ်လို့ကိုယ်က ကိုယ့်ရဲ့ခရီးကမရောက်သေးဘူးဆိုရင် Transit ကို သွားရမှာဖြစ်ပါတယ်
အဲ့ကနေမှတဆင့် ကိုယ်ကဘာကိုရှာရမလဲဆိုရင် ကိုယ်က ပထမဆုံး immigration ကိုရှာရပါမယ်
Immigration က လူဝင်မှုကြီးကြပ်ရေး‌ပေါ့နော်
သူတို့နိုင်ငံကိုရောက်ပြီဆိုတာနဲ့ နောက်ထပ်တခေါက်ဖြတ်ရမယ်ဖြစ်တဲ့အတွက်ကြောင့် အဲ့လမ်းကြောင်းအတိုင်းသွားပါ
အဲ့မှာ ကိုယ့်ဆီမှာ Visa ပါရင်လည်း Visa , Hotel booking ဆိုလည်း ဟိုတယ်ဘိုကင် သူတို့တောင်းတဲ့ဟာပြပေးပါ ပြပီးရင် သူတို့ တုံးတိုးပေးပါလိမ့်မယ်
ပီးရင် သူတို့နိုင်ငံထဲကို ဝင်လို့ရပါပီ
Immigration ကနေ ထွက်လိုက်တာနဲ့ အဲ့မှာ LED ဘုတ်ကို တွေ့ပါလိမ့်မယ် အဲ့မှာ ဘယ် airlines က ဘယ်အိတ်တွေ ချပေးမလဲပေါ့နော်
အဲ့လိုမျိုးတွေ့ပြီဆိုရင် ကိုယ်ကအဲ့တိုင်းဆက်သွားပါ သွားပြီးရင် ကိုယ့်အိတ်ကို ကိုယ်စောင့်ပြီး‌ယူပါ
စောင့်ယူပြီးမှ လေဆိပ်အပြင်ကိုထွက်ပေါ့နော်
Transit နဲ့သွားမယ့် ခရီးသည်တွေ အထူးသတိထားရမှာက ကိုယ်က လေယာဉ်လက်မှတ်ဖြတ်ထားတဲ့ agency ကို Check through ရမရ မေးစေချင်ပါတယ်
Check through ရတယ်ဆိုရင် ကိုယ့်ရဲ့ destination ကို ရောက်ပြီးမှ အိတ်ကို ထုတ်လို့ရပါတယ်
Check through မရဘူးဆိုရင်တော့ Transit လေဆိပ်မှာ တခါ ကိုယ့်အိတ်ကိုယ်ပြန်ထုတ်ရပါမယ်
ဒါကြောင့်မို့လို့ transitနဲ့ ပထမဆုံးနိုင်ငံခြား ခရီးထွက်မည့်သူတွေကို Check through ရတဲ့ လေယာဉ်ပဲ စီးစေချင်ပါတယ်

𝐇𝐨𝐥𝐢: 𝐈𝐧𝐝𝐢𝐚'𝐬 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 𝐎𝐟 𝐂𝐨𝐥𝐨𝐫𝐬Get ready for Holi, the renowned festival of colors, celebrated with unparalleled vibran...
22/03/2024

𝐇𝐨𝐥𝐢: 𝐈𝐧𝐝𝐢𝐚'𝐬 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 𝐎𝐟 𝐂𝐨𝐥𝐨𝐫𝐬

Get ready for Holi, the renowned festival of colors, celebrated with unparalleled vibrancy and joy. Join us in experiencing life's most colorful moments together.

Plan your trip with 𝐨𝐮𝐫 𝐝𝐢𝐫𝐞𝐜𝐭 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐃𝐞𝐥𝐡𝐢 (𝟑𝐱 𝐰𝐞𝐞𝐤𝐥𝐲), 𝐊𝐨𝐥𝐤𝐚𝐭𝐚 (𝟐𝐱 𝐰𝐞𝐞𝐤𝐥𝐲), 𝐚𝐧𝐝 𝐂𝐡𝐞𝐧𝐧𝐚𝐢 (𝐞𝐯𝐞𝐫𝐲 𝐒𝐚𝐭).

✅ 𝐅𝐫𝐨𝐦 𝐨𝐧𝐥𝐲 𝐔𝐒𝐃 𝟏𝟏𝟐
✅ Inflight meal
✅ Baggage allowance
• 40 KG for Business Class
• 30 KG for Economy Class
✅ 𝟓% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐟𝐨𝐫 𝐩𝐢𝐥𝐠𝐫𝐢𝐦𝐚𝐠𝐞 𝐭𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬
✅ Up to 30% discount at >70 Sky Deals partners

Purchase your ticket on www.maiair.com & Passenger Sales Agents (PSAs). For more information, connect with us on Facebook Messenger.

[ Myanmar Version Below]

အိန္ဒိယနိုင်ငံ ရဲ့ ရိုးရာ ဟိုလီ-ရောင်စုံကာလာပွဲတော်

နာမည်ကျော်ကြားတဲ့ အရောင်တွေရဲ့ ပွဲတော်ဖြစ်တဲ့ ဟိုလီပွဲတော်ကို တက်ကြွတဲ့လူအုပ်ကြီးထဲမှာ ပျော်ပျော်ရွှင်ရွှင်ဆင်နွဲဖို့ အဆင်သင့်ဖြစ်ပါပြီလား။ ဘဝရဲ့ အရောင်စုံဆုံးအချိန်တွေ ကိုအတူတကွ တွေ့ကြုံခံစားရဖို့ MAI နဲ့ အိန္ဒိယခရီးစဉ်များဖြစ်တဲ့ ဒေလီ သို့ (တစ်ပတ်လျှင် 3 ကြိမ်)၊ ကာလကတ္တား သို့ (တစ်ပတ်လျှင် 2 ကြိမ်) နဲ့ ချန်နိုင်း သို့ (အပတ်စဉ် စနေ နေ့တိုင်း) ပြေးဆွဲနေသောခရီးစဉ်များကို အခုပဲ စီစဉ်လိုက်ပါ။

✅USD 112 မှစ၍
✅ ဝန်ဆောင်မှုအတွေ့အကြုံ အပြည့်အစုံပါဝင်ခြင်း
✅လေယာဉ်ပေါ်တွင် အစားအသောက်ဧည့်ခံကျွေးမွေးခြင်း
✅ ခရီးဆောင်အိတ်သယ်ယူခွင့်
* Business class အတွက် 40 kgသာ
* Economy class အတွက် 30 kg သာ
✅ခရီးသွားကုန်သည်များအတွက် 5% Discount
✅Sky Deals partnerများ 70ကျော်ထံတွင်30%အထိလျှော့စျေးများ

အသေးစိတ်သိရှိလိုပါက Facebook Messenger တွင်လည်း ထပ်မံစုံစမ်းမေးမြန်းနိုင်ပါတယ်။
📱09447164750,09268793905,09428151216,09420102117,09673522444

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ      နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက...
09/02/2024

✈️ Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ

နိုင်ငံခြားသွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက်မယ့် လေယာဉ် Direct Flight မရှိပါက လေယာဉ်ကို နှစ်ဆင့် (သို့) သုံးဆင့် စီးပြီးသွားရပါတယ်။ အဲဒါကို Transit Flight (သို့) Connecting Flight လို့ ခေါ်ပါတယ်။

Transit Flight တွေစီးတဲ့အခါ ကြားလေဆိပ်မှာ ဒုက္ခမရောက်အောင် လေယာဉ်အဆင့်ဆင့်ကို အဆင်ပြေချောမွေ့စွာ စီးနိုင်အောင် သတိထားရမယ့် အချက်တွေကို ပြောပြလိုက်ပါတယ်။

✈️ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ

လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Transit Flight တွေဆိုရင် ဒါတွေကို သိထားမှ ရပါမယ်။ ကိုယ်လက်မှတ် ဝယ်မယ့် Travel Agent ဆီမှာ သေချာမေးထားရပါမယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း သေချာစုံစမ်းပြီးမှ ဝယ်ရပါမယ်။ ဒါတွေ မသိထားရင် ကြားလေဆိပ်မှာ ဒုက္ခရောက်နိုင်ပါတယ်။

✈️ Checked through လား၊ Self-Transfer လား သိထားရပါမယ်။

Checked through ဆိုတာ ကြားထဲကလေဆိပ်မှာ Immigration ဖြတ်စရာမလို၊ အိတ်ပြန်ရွေးမစရာမလိုဘဲ လေဆိပ်ထဲမှာတင် နောက်လေယာဉ်ဆီကိုကူးလို့ရတဲ့ အခြေအနေပါ။ Airline Protected Transfer လို့လည်း ခေါ်ပါတယ်။ ကိုယ်အပ်ထားတဲ့ Luggage တွေကို Airline က တာဝန်ယူပြီး နောက်လေယာဉ်ပေါ်တင်ပေးတာပါ။

Self-transfer ကတော့ ကိုယ့်အိတ်ကိုယ်တာဝန်ယူပြီး နောက်လေယာဉ်ပေါ် ပြန်အပ်ရတာပါ။ ကြားထဲကလေဆိပ်မှာ နိုင်ငံထဲဝင်ပြီးမှ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်မထွက်ဘူး။ နိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး။ အချိန်မရှိဘူးဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ လေဆိပ်ရဲ့ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေပြန်ထွက်ရမှာပါ။ Check-in ကောင်တာမှာအိတ်ပြန်အပ်ပြီး Immigration တခါပြန်ဝင်ရပါမယ်။ တချို့နိုင်ငံတွေမှာ Self Transfer လုပ်တဲ့အခါ Immigration ဝင်ဖို့ Visa ကလည်း လိုပြန်ပါတယ်။ အရမ်းကိုအလုပ်ရှုပ်ပါတယ်။

ဒါကြောင့် လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်သင့်ပါတယ်။ မဟုတ်ရင် အလုပ်တအားရှုပ်ပါတယ်။ ကြားနိုင်ငံထဲ တခါဝင်ပြီး တခါပြန်ထွက်ရတဲ့ အဆင့်တွေ အများကြီး ဖြတ်ကျော်ရမယ့်အပြင် အချိန်ကုန်ပါတယ်။

✈️ Transit Visa လို/မလို ကြည့်ပါ။

တချို့လေဆိပ်တွေ၊ နိုင်ငံတွေက Transit ဖြတ်ရုံပဲဆိုရင် Visa မလိုပေမဲ့ တချို့နိုင်ငံတွေကတော့ Visa လိုအပ်ပါတယ်။

✈️ Layover/ Stopover Time

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ ကြားထဲရပ်နားမယ့် မြို့ရဲ့လေဆိပ်မှာ အချိန်ဘယ်လောက်ရလဲဆိုတာ ကြည့်ရပါမယ်။ International Flight တွေဆို အနည်းဆုံး ၂ နာရီလောက်ရှိမှ အဆင်ပြေမှာပါ။ Transit လေဆိပ်တွေက အကျယ်ကြီးလား၊ ပထမလေယာဉ်ရဲ့ လေယာဉ်ထွက်ချိန် နောက်ကျမလား၊ Transit လေဆိပ်မှာ အိတ်ပြန်ရွေးစရာလိုလား စတာတွေလည်း ထည့်တွက်ရပါမယ်။ လေယာဉ်တွေက Checked through မဟုတ်ဘဲ အိတ်ပြန်ရွေးရမယ်။ Immigration ဝင်ရမယ် Check-in ပြန်ဝင်ရမယ်ဆိုရင်တော့ Layover Time က ၃ နာရီ အနည်းဆုံး ရှိမှရပါမယ်။

ဒါက ခရီးသွားလေ့ရှိသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့အချိန်ပါ။ ကိုယ်က သွားလေ့မရှိသူ၊ စမ်းတဝါးဝါးနဲ့ သွားရမယ့်သူတွေဆိုရင်တော့ ဒီထက်အချိန်ပိုလိုပါမယ်။ ဖြစ်နိုင်ရင် Layover Time ကို ၄-၅ နာရီလောက် ခြားထားသင့်ပါတယ်။ Risk မယူသင့်ပါဘူး။

✈️ လေဆိပ်မှာ Check-in ဝင်တဲ့အခါ

ခုံနံပါတ်ကို ရှေ့နားတောင်းထိုင်ပါ။ ကိုယ်စတင်ထွက်ခွါမယ့် လေဆိပ်မှာ Check-in ဝင်တဲ့အခါ စောစောဝင်ပါ။ လေယာဉ်ထပ်စီးရမှာမလို့၊ Transit Flight မလို့ ရှေ့နားက ခုံကိုပေးဖို့ တောင်းဆိုပါ။ ဒါမှသာ ကြားထဲနားတဲ့လေဆိပ်မှာ အချိန်များများရပြီး Rush မဖြစ်တော့မှာပါ။

✈️ Luggage ကို ကြားလေဆိပ်မှာ ရွေးဖို့လိုမလိုမေးပါ။

ကိုယ့်လေယာဉ်လက်မှတ်တွေက Checked through ဟုတ်ခဲ့ရင်တောင် Check-In ကောင်တာမှာ အိတ်တွေအပ်တဲ့အခါ ကိုယ့်အိတ်တွေက ကိုယ်သွားမယ့်မြို့ဆီ တန်းပို့ပေးမှာလား။ ကြားထဲက Transit လေဆိပ်တွေမှာ ရွေးစရာလိုသေးလားကို သေချာ Confirm ရပါမယ်။ မေးရပါမယ်။ အိတ်တွေရွေးစရာမလိုဘူး။ တခါထဲ နောက်လေယာဉ်ပေါ် တန်းတင်ပေးမယ်ဆိုရင် အိတ်မှာကပ်ပေးလိုက်တဲ့ Luggage tag မှာ ကိုယ်သွားမယ့်မြို့အထိ ရောက်မယ်ဆိုတာ ပါရပါမယ်။

✈️ Boarding Pass ထပ်ထုတ်စရာလိုမလိုမေးပါ။

Boarding Pass ဆိုတာ လေယာဉ်ပေါ်တက်ရမယ့် လက်မှတ်ပါ။ လေယာဉ်လက်မှတ်ရှိရုံနဲ့ လေယာဉ်ပေါ်တက်လို့မရသေးပါဘူး။ Check-in ကောင်တာမှာ လေယာဉ်လက်မှတ်ပြပြီး Boarding Pass ထုတ်ပေးမှ တက်လို့ရမှာပါ။ Boarding Pass တစ်ခုက လေယာဉ်တခုကိုပဲ ကိုယ်စားပြုပါတယ်။ လေယာဉ်ကို နှစ်ဆင့်စီးရမယ်ဆိုရင် Boarding Pass နှစ်ခုလိုပါတယ်။ လေယာဉ် သုံးဆင့် စီးရမယ်ဆိုရင် Boarding Pass သုံးခုလိုပါတယ်။

✈️ အိတ်တွေကို သေချာထည့်ပါ။

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ အိတ်တွေ ကြားထဲမှာပျောက်နိုင်လို့ Check-in မှာ အပ်မယ့် Luggage ကို သေချာ သော့ခတ်ထားပါ။ အိတ်ပေါ်မှာ အိတ်ကျန်ခဲ့တဲ့အခါ ဆက်သွယ်ရမယ့် နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Email address တွေကို အင်္ဂလိပ်လို ရေးထားရပါမယ်။ ကိုယ့်အိတ်ကိုလည်း ဓာတ်ပုံရိုက်ထားပါ။

✈️ Transit လေဆိပ်ရောက်တဲ့အခါ

⌚ ကိုယ်ရောက်တဲ့နိုင်ငံရဲ့ အချိန်ပြောင်းရပါမယ်။

တနိုင်ငံနဲ့တနိုင်ငံ အချိန်မတူပါဘူး။ တချို့ဖုန်းတွေက Location ပြောင်းတာနဲ့ ရောက်တဲ့နေရာရဲ့ ဒေသစံတော်ချိန်ကို အလိုလိုပြောင်းပေးပါတယ်။ ကိုယ့်ဖုန်းက အဲဒီလို မပြောင်းပေးဘူးဆိုရင် ရောက်တဲ့ဒေသရဲ့ စံတော်ချိန်ကို ကိုယ်တိုင်ပြောင်းရပါမယ်။ ကိုယ့်နာရီတွေကိုလည်း အချိန်ပြောင်းရပါမယ်။ လေဆိပ်တွေမှာ နာရီတွေရှိပြီး ဒေသစံတော်ချိန်ကို ဖော်ပြနေပါတယ်။ မပြောင်းမိဘူးဆိုရင် အချိန်မှားကြည့်ပြီး လေယာဉ်ထွက်ချိန်မမှီတာတို့ ဖြစ်တတ်ပါတယ်။

✈Transfer ဆိုတဲ့ ဆိုင်းဘုတ်နောက်ကိုလိုက်ပါ။

ကြားလေဆိပ်ကို လေယာဉ်ဆိုက်ကပ်တာနဲ့ ဘယ်မှမသွားဘဲ Transfer လို့ရေးထားတဲ့ ဆိုင်းဘုတ်နောက်ကိုသာလိုက်ပါ။

✈ Transfer Desk ကို သွားရမယ်။

ကိုယ်စထွက်တဲ့ လေဆိပ်ရဲ့ Check-in ကောင်တာမှာ ကိုယ်နောက်ထပ်ပြောင်းစီးရမယ့် လေယာဉ်အတွက် Boarding Pass တခါထဲ ထုတ်မပေးထားရင် ကြားလေဆိပ်မှာ Boarding Pass ထုတ်ဖို့ Transfer Desk ဆိုတာကို သွားရပါမယ်။ Transfer Desk (သို့) Transit Desk လို့ လမ်းညွှန်ထားတဲ့အတိုင်း သွားပြီး Boarding Pass ထပ်ထုတ်လိုက်ရုံပါပဲ။ ကိုယ်ထပ်စီးမယ့် လေကြောင်းလိုင်းရဲ့ Transfer Desk မှာ ထုတ်ရမှာပါ။ ရှာမတွေ့ရင် လေဆိပ်ဝန်ထမ်းတွေကို လေယာဉ်လက်မှတ်ပြပြီး မေးကြည့်ပါ။

✈ဘယ် Gate လဲဆိုတာ ကြည့်ရမယ်။

Boarding Pass ကို ရလာပြီဆိုရင် ကိုယ်သွားရမယ့် Boarding Gate နံပါတ်ဘယ်လောက်လဲ ကြည့်ရပါမယ်။ ဒါက အရေးကြီးပါတယ်။ တချို့ Boarding pass ထုတ်ပေးထားတဲ့ အချိန်စောတဲ့အခါ Boarding Gate မသိသေးတဲ့အတွက် Boarding Pass မှာ Gate နံပါတ်ကို မရေးထားဘဲ အလွတ်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ဂိတ်ကြေငြာတဲ့ LED ဘုတ်တွေမှာ ကိုယ့်လေယာဉ်နံပါတ်၊ ကိုယ်သွားမယ့်မြို့၊ Boarding Time နဲ့တိုက်ကြည့်ပြီး ကိုယ်သွားရမယ့် Boarding Gate က ဘယ်လောက်လဲဆိုတာ ရှာရပါမယ်။ Boarding Pass မှာရေးထားတဲ့ Boarding Time အချိန်အတိုင်း Boarding Gate ကို အမှီ သွားရပါမယ်။

✈️ Self-Transfer မှာ ဖြတ်ကျော်ရမယ့်အဆင့်များ

အပေါ်မှာ ဖော်ပြထားတာတွေက ကိုယ်စီးရမယ့် လေယာဉ်တွေက Checked through ဖြစ်တဲ့အခါ ဖြတ်ကျော်ရမယ့် အချက်တွေပါ။ များသောအားဖြင့် Travel agent တွေမှာ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်ပေးတတ်ကြပါတယ်။ လေယာဉ်လက်မှတ်တွေက ဈေးပိုသက်သာလို့ပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့်မြို့ကို ရောက်မယ့် လေယာဉ်တွေက Checked Through မရရင်ဘဲဖြစ်ဖြစ်၊ Checked through ရမယ့် လေကြောင်းလိုင်းရဲ့ Layover Time က တအားကြာတာပဲဖြစ်ဖြစ် Self Transfer နဲ့ သွားရမယ့် အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

Self-Transfer ကတော့ အလုပ်ရှုပ်ပါတယ်။ လေယာဉ်တခါစီးရင်လုပ်ရတဲ့ Process တွေအတိုင်း အစအဆုံး ပြန်လုပ်ရမှာပါ။ ကြားထဲကလေဆိပ်ရဲ့ နိုင်ငံထဲဝင်ပြီးမှ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်ထွက်ဖို့၊ အဲဒီနိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး ဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ Departure အပိုင်းကနေ တခါ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။

အဲဒီတော့ Self-Transfer ဆိုရင် Transit ဝင်ရမယ့် လေဆိပ်ထဲ လေယာဉ်ဆိုက်ကပ်တာနဲ့ အရင်ဆုံး Immigration ကောင်တာကိုရှာပြီး Immigration ဖြတ်ရပါမယ်။ Visa ပြစရာလိုရင် Visa ပြရပါမယ်။ ကိုယ်တည်းမယ့်ဟိုတယ်နာမည်မေးရင် လေယာဉ်လက်မှတ်ပြပြီး Transit ခဏဝင်တာဖြစ်ကြောင်း၊ ညအိပ်မှာ မဟုတ်ကြောင်း၊ အိတ်ရွေးပြီးရင် နိုင်ငံထဲက ပြန်ထွက်မှာဖြစ်တဲ့အကြောင်း ရှင်းပြရပါမယ်။ ပြီးရင် ကိုယ့်အိတ်တွေရွေးပြီး Custom ဖြတ်ပြီး Exit ကနေ ထွက်ပါ။

ပြီးတဲ့အခါ လေဆိပ်ရဲ့ Departure အပိုင်းကို ရောက်အောင်သွားပြီး နောက်ထပ်စီးရမယ့်လေယာဉ်ရဲ့ Check-in ကောင်တာမှာ Check-in ထပ်ဝင်ရပါမယ်။ လေယာဉ်ထွက်ချိန်ထက် အချိန်အရမ်းစောလွန်းရင် Check-in ကောင်တာ မဖွင့်သေးပါဘူး။ အဲဒီအခါ လေဆိပ်ထဲမှာ စောင့်နေရပါမယ်။

ကိုယ်စီးမယ့် လေယာဉ်ရဲ့ကောင်တာမှာ Check-in လုပ်ပြီးလို့ အိတ်အပ်ပြီးလို့ရှိရင် ပြည်ပထွက်ခွါရဲ့ Immigration ကောင်တာကို ဝင်ပြီး Security Pass တွေမှာ အစစ်အဆေးခံရပါမယ်။ Boarding pass မှာပါတဲ့ Gate အတိုင်း၊ အချိန်အတိုင်းအရောက်သွားပြီး နောက်လေယာဉ်စီးရမှာပဲ ဖြစ်ပါတယ်။

❗အချိန်နီးနေရင် Boarding pass ပြပြီး လိုင်းတွေကျော်လို့ရပါတယ်။ ❗

တခါတလေ ကြားလေဆိပ်က Security Pass ပစ္စည်းစစ်တဲ့နေရာတွေမှာ လူတွေအများကြီးတန်းစီနေတတ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ Layover Time က အရမ်းကို ကြပ်နေတယ်။ နောက်လေယာဉ်မမှီမှာ စိုးရင် Boarding Pass တွေ လေယာဉ်လက်မှတ်တွေ ပြကာ လေဆိပ်ဝန်ထမ်းတွေကို အကူအညီတောင်းပြီး တန်းစီနေသူတွေကို ကျော်သွားလို့ရပါတယ်။

ℹ တစ်ခုခုမသိပါက မရှာတွေ့ပါက Information မှာမေးပါ။ ℹ

လေဆိပ်မှာ မျက်စိလည်နေတာပဲဖြစ်ဖြစ် တစ်ခုခုရှာမတွေ့တာဘဲဖြစ်ဖြစ် Airport Information ကောင်တာမှာ မေးလို့ရပါတယ်။ “i” လို့ ရေးထားတဲ့ကောင်တာတွေပါ။

အားလုံးပဲ ရည်ရွယ်ထားတဲ့နေရာဆီကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါစေ…


17/01/2024

🗓️ 11.1.2024 , Update Fare List 🗓️

ပြည်တွင်း ၊ ပြည်ပတစ်ဝိုက် ခရီးထွက်ဖို့စီစဉ်နေတဲ့ခရီးသွားချစ်သူတို့အတွက် Update လေယာဉ်လက်မှတ်စျေးနှုန်းများကိုဖော်ပြပေးလိုက်ပါတယ်။

အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့ အစအဆုံးတာဝန်ယူရောင်းချပေးသွားမှာဖြစ်လို့ လေယာဉ်လက်မှတ်လေးတွေဝယ်ယူချင်တယ်ဆို အသေးစိတ်မေးမြန်းဖို့အတွက်ရုံးချိန်အတွင်း Page Messenger ကဖြစ်စေ ၊ Phone ဖြင့်ဖြစ်စေဆက်သွယ်စုံစမ်းမေးမြန်းနိုင်မှာဖြစ်ပါတယ်နော်။

📍Domestic Flights

🛫 နေပြည်တော် - 174,000 MMK
🛫 မန္တလေး - 136,000 MMK
🛫 သံတွဲ - 136,000 MMK
🛫 ဘုတ်ပြင်း - 197,000 MMK
🛫 ညောင်ဦး - 225,500 MMK
🛫 ထားဝယ် - 183,000 MMK
🛫 ကော့သောင်း - 450,500 MMK
🛫 မြိတ် - 282,500 MMK
🛫 ဟဲဟိုး - 164,000 MMK
🛫 ကျိုင်းတုံ - 247,500 MMK
🛫 ကျောက်ဖြူ - 185,500 MMK
🛫 တာချီလိတ် - 210,000 MMK
🛫 စစ်တွေ - 155,000 MMK
🛫 ပူတာအို - 279,500 MMK
🛫 မြစ်ကြီးနား - 256,000 MMK
🛫 မော်လမြိုင် - 159,000 MMK

========================

📍International Flights

🛫 Bangkok (Don Mueang) - USD 59
🛫 Bangkok (Suvanabhumi) - USD 59
🛫 Phuket - USD 119
🛫 Chennai - USD 239
🛫 Delhi - USD 172
🛫 Kolkata - USD 112
🛫 Hanoi - USD 99
🛫 Ho Chi Minh - USD 109
🛫 Kuala Lumpur - USD 112
🛫 Phnom Penh - USD 129
🛫 Singapore - USD 142
🛫 Dubai - USD 430
🛫 Guangzhou - USD 188
🛫 Hongkong - USD 264
🛫 Taipai - USD 312
🛫 Tokyo - USD 481
🛫 Incheon - USD 395
🛫 Paris - USD 625
🛫 Frankfurt - USD 600
🛫 London - USD 636
🛫 Munich - USD 635
🛫 Stockholm - USD 682
🛫 Zurich - USD 612
🛫 Melbourne - USD 520
🛫 Sydney - USD 527
🛫 Manila - USD 314
🛫 Novosibirsk - USD 409

ဖော်ပြပါဈေးနှုန်းများသည် အနည်းဆုံးဈေးနှုန်းကိုဖော်ပြပေးထားခြင်းဖြစ်သည့်အတွက် မိမိသွားချင်သည့်ရက်အပေါ်မူတည်၍ဈေးနှုန်းများအနည်းငယ်ပြောင်းလဲနိုင်ကြောင်းသိရှိစေလိုပြီး ပြည်တွင်း ၊ ပြည်ပဘာပဲလိုလို Pwint Lin Myanmar Travels & Tours Page မှာအချိန်မရွေးဆက်သွယ်မေးမြန်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ပြည်တွင်းနှင့်နိုင်ငံတကာလေကြောင်းလိုင်းများမှတစ်ဆင့် တရားဝင်တိုက်ရိုက်ရောင်းချနေသည့်အတွက်အသက်သာဆုံးစျေးနှုန်းများဖြင့် Pwint Lin Myanmar Company မှလက်မှတ်များကိုယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါသည်။

🏢 Head Office : No.6, Ground Floor, 163 street, Tarmwe Township, Yangon.

☎️ General Hotline : 09447164750
☎️ Air Ticket Hotline : 09268793905

📧 Email : [email protected]

⏰ Opening Time : 9am to 5pm

08/01/2024

🇯🇵 ဆူရှီမြေအတွက် ဒီလေကြောင်းလိုင်းလေးတွေရှိတယ်နော် 🇯🇵

ရန်ကုန်မှ ဆူရှီမြေဂျပန်နိုင်ငံ (Narita) မြို့ကြီးကိုသွားရောက်လိုသူများအတွက် ‌Pwint Lin Myanmar Company မှာလူသွားများတဲ့လေကြောင်းလိုင်းများရဲ့လေယာဉ်လက်မှတ်လေးတွေကိုရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။

Transit အကြာကြီးမစောင့်လိုသူများ ၊ လွယ်ကူလျင်မြန်စွာသွားရောက်လိုသူများအတွက်အသွားအများဆုံးလေယာဉ်ခရီးစဉ်လမ်းကြောင်းများလည်းဖြစ်ပါတယ်။

🛫 Thai Airways International

TG 304 RGN - BKK 1900 2055
TG 642 BKK - NRT 2355 0740

🛫 Singapore Airlines

SQ 761 RGN - SIN 1025 1510
SQ 638 SIN - NRT 2355 0730

🛫 MAI + Japan Airlines

8M 450 RGN - HAN 1635 1905
JL 752 HAN - NRT 2355 0640

🛫 MAI + All Nippon Airways

8M 450 RGN - HAN 1635 1905
NH 898 HAN - NRT 0025 0700

🛫 China Eastern Airlines

MU 2032 RGN - KMG 1510 1840
MU 9743 KMG - PVG 2030 2330
MU 727 PVG - NRT 0730 1125

🛫 China Southern Airlines

CZ 3056 RGN - CAN 1125 1610
CZ 3832 CAN - PVG 1905 2115
CZ 8309 PVG - NRT 0920 1300

လေကြောင်းလိုင်းများပေါ်မူတည်ပြီး Baggage Allowance ကွာခြားမှုများရှိနိုင်ကြောင်းသိရှိစေလိုကာ မိမိသွားချင်သည့်ရက်အပေါ်မူတည်၍ ဈေးနှုန်းများအချိန်နှင့်အမျှပြောင်းလဲနိုင်ပါသဖြင့် အသေးစိတ်စုံစမ်းမေးမြန်းရန်အတွက် ရုံးချိန်အတွင်း Page Messenger ကဖြစ်စေ ၊ Phone ဖြင့်ဖြစ်စေဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

ယုံကြည်စိတ်ချစွာဝယ်ယူပါ Pwint Lin Myanmar ၏ Service များစွာ …

🏢 Head Office : No.6, Ground Floor,163 street,Tamwe Township, Yangon.

☎️ General Hotline : 09447164750
☎️ Air Ticket Hotline : 09268793905

📧 Email : [email protected]

⏰ Opening Time : 9:00 AM to 5:00 PM

26/12/2023

From Yangon to Naypyitaw >> 174,000 MMK (Monday, Tuesday, Wednesday, Thursday & Friday)
👉 From Naypyitaw to Yangon >> 174,000 MMK (Monday, Tuesday, Wednesday, Thursday & Friday)

25/12/2023

ပွင့်လင်းမြန်မာ

⏺️ From Yangon ⏺️
*********************
ရန်ကုန် ➡️▶️ နေပြည်တော် ▶️174,500 ကျပ်
ရန်ကုန် ➡️▶️ ဟဲဟိုး ▶️ 165,000 ကျပ်
ရန်ကုန် ➡️▶️ ပုဂံ(ညောင်ဦး) ▶️235,500 ကျပ်
ရန်ကုန် ➡️▶️ မန္တလေး ▶️ 135,500 ကျပ်
ရန်ကုန် ➡️▶️ စစ်တွေ ▶️ 155,500 ကျပ်
ရန်ကုန် ➡️▶️ ကျောက်ဖြူ ▶️ 175,500 ကျပ်
ရန်ကုန် ➡️▶️ သံတွဲ (ငပလီ) ▶️ 131,500 ကျပ်
ရန်ကုန် ➡️▶️ မော်လမြိုင် ▶️159,500 ကျပ်
ရန်ကုန် ➡️▶️ ထားဝယ် ▶️ 175,500 ကျပ်
ရန်ကုန် ➡️▶️ မြိတ် ▶️ 262,500 ကျပ်
ရန်ကုန် ➡️▶️ ဘုတ်ပြင်း ▶️ 197,500 ကျပ်
ရန်ကုန် ➡️ ကော့သောင်း ➾ 425,500 ကျပ်
ရန်ကုန် ➡️ လွိုင်ကော် ➾ 187,500 ကျပ်
ရန်ကုန် ➡️ တာချီလိတ် ➾ 213,000 ကျပ်
ရန်ကုန် ➡️ ကျိုင်းတုံ ➾ 226,500 ကျပ်
ရန်ကုန် ➡️ လားရှိုး ➾ 221,500 ကျပ်
ရန်ကုန် ➡️ ကလေးမြို့ ➾ 255,500 ကျပ်
ရန်ကုန် ➡️ မြစ်ကြီးနား ➾ 317,500 ကျပ်
ရန်ကုန် ➡️ ပူတာအို ➾ 279,500 ကျပ်
ရန်ကုန် ➡️ အမ်း ➾ 176,500 ကျပ်

⏺️ From Mandalay ⏺️
****************************************************
မန္တလေး ➡️▶️ ရန်ကုန် ▶️ 135,500 ကျပ်
မန္တလေး ➡️▶️ စစ်တွေ ▶️ 185,000 ကျပ်
မန္တလေး ➡️▶️ တာချီလိတ် ▶️ 191,000 ကျပ်
မန္တလေး ➡️▶️ ကျိုင်းတုံ ▶️ 200,000 ကျပ်
မန္တလေး ➡️▶️ မုံရွာ ▶️ 100,000 ကျပ်
မန္တလေး ➡️▶️ ဟုမ္မလင်း ▶️ 210,000 ကျပ်
မန္တလေး ➡️▶️ ကလေးမြို့ ▶️ 175,000 ကျပ်
မန္တလေး ➡️▶️ ခန္တီးမြို့ ▶️ 235,000 ကျပ်
မန္တလေး ➡️▶️ ဗန်းမော် ▶️ 185,000 ကျပ်
မန္တလေး ➡️▶️ မြစ်ကြီးနား ▶️ 207,000 ကျပ်
မန္တလေး ➡️▶️ ပူတာအို ▶️ 182,500 ကျပ်

⏺️ Domestic other direct flights ⏺️
***********************************************
နေပြည်တော် ➡️▶️ မန္တလေး ▶️ 165,000 ကျပ်
နေပြည်တော် ➡️▶️ မြစ်ကြီးနား ▶️ 207,500 ကျပ်
မုံရွာ ➡️▶️ ဟုမ္မလင်း ▶️ 195,500 ကျပ်
မုံရွာ ➡️▶️ ကလေးမြို့ ▶️ 135,000 ကျပ်
ဗန်းမော် ➡️▶️ မြစ်ကြီးနား ▶️ 165,500 ကျပ်
လားရှိုး ➡️▶️ တာချီလိတ် ▶️ 180,500 ကျပ်
လားရှိုး ➡️▶️ ဟဲဟိုး ▶️ 175,500 ကျပ်
လားရှိုး ➡️▶️ နေပြည်တော် ▶️ 173,000 ကျပ်
တာချီလိတ် ➡️▶️ နေပြည်တော် ▶️ 178,600 ကျပ်
ကျိုင်းတုံ ➡️▶️ နေပြည်တော် ▶️ 156,500 ကျပ်
ဟဲဟိုး ➡️▶️ တာချီလိတ် ▶️ 149,500 ကျပ်
ဟဲဟိုး ➡️▶️ ကျိုုင်းတုံ ▶️ 174,500 ကျပ်
ဟဲဟိုး ➡️▶️ နေပြည်တော် ▶️ 132,500 ကျပ်
ဟဲဟိုး ➡️▶️ ပုဂံ (ညောင်ဦး) ▶️ 171,500 ကျပ်
စစ်တွေ ➡️▶️ နေပြည်တော် ▶️ 160,000 ကျပ်
ထားဝယ် ➡️▶️ မြိတ် ▶️ 182,500 ကျပ်
ထားဝယ် ➡️▶️ ကော့သောင်း ▶️ 189,500 ကျပ်
Head office 🏢အမှတ်(၆)၊ မြေညီထပ်၊ ၁၆၃လမ်း ၊ တာမွေမြို့
☎️ General Hotline : +959447164750
☎️ Air Ticket Hotline : +959268793905

🏢Office address ⏩ No(6) Ground Floor,163 street Tarmwe Tsp, Yangon☎️Contact No +959447164750,09268793905
25/12/2023

🏢Office address ⏩ No(6) Ground Floor,163 street Tarmwe Tsp, Yangon
☎️Contact No +959447164750,09268793905

Nepal 🇳🇵 နီပေါနိုင်ငံမှ သဘာဝ အလှ
18/12/2023

Nepal 🇳🇵 နီပေါနိုင်ငံမှ သဘာဝ အလှ

Address

No(6), Ground Floor, 163 St , Taminbayan Road, Tarmwe Tsp
Yangon
11191

Telephone

+9595127425

Website

Alerts

Be the first to know and let us send you an email when 𝐴𝑖𝑟 𝑇𝑖𝑐𝑘𝑒𝑡 𝑆𝑎𝑙𝑒𝑠 𝐶𝑒𝑛𝑡𝑒𝑟 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐴𝑖𝑟 𝑇𝑖𝑐𝑘𝑒𝑡 𝑆𝑎𝑙𝑒𝑠 𝐶𝑒𝑛𝑡𝑒𝑟:

Share

Category