Star Zone Travels - ပြည်တွင်း/ ပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန

  • Home
  • Myanmar
  • Yangon
  • Star Zone Travels - ပြည်တွင်း/ ပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန

Star Zone Travels - ပြည်တွင်း/ ပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန Most Reliable One-Stop Travel Partner in Myanmar Travel Agency

ချစ်ခင်လေးစားရပါသော ခရီးသွားဧည့်သည်တော်ကြီးတို့ရှင့်...Air Thanlwin လေကြောင်းလိုင်းမှ မော်လမြိုင် သို့ ပျံသန်းပြေးဆွဲနေသ...
29/09/2026

ချစ်ခင်လေးစားရပါသော ခရီးသွားဧည့်သည်တော်ကြီးတို့ရှင့်...

Air Thanlwin လေကြောင်းလိုင်းမှ မော်လမြိုင် သို့ ပျံသန်းပြေးဆွဲနေသော ခရီးစဉ်များအတွက် လေယာဥ်လက်မှတ်များကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး www.airthanlwin.com မှဖြစ်စေ၊ Air Thanlwin ၏ရုံးချုပ်နှင့် ရုံးခွဲများတွင်သာဖြစ်စေ ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

🔍 ခရီးစဉ် အသေးစိတ် နှင့် တခြားသိလိုတာလေးတွေအတွက် -

📞Star Zone 𝟐𝟒/𝟕 𝐇𝐨𝐭𝐥𝐢𝐧𝐞 (𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭):
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟖
🔸 𝐕𝐢𝐛𝐞𝐫: 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

✈️ TG Airline အသုံးပြုသူတွေ ဘန်ကောက်လေဆိပ်မှာ Luggage အိတ်ကျန်ခဲ့ရင် ပြန်ယူနိုင်မယ့် နည်းလမ်းလက်ရှိ ဖြစ်ပေါ်နေတဲ့ ထိုင်း...
29/09/2026

✈️ TG Airline အသုံးပြုသူတွေ ဘန်ကောက်လေဆိပ်မှာ Luggage အိတ်ကျန်ခဲ့ရင် ပြန်ယူနိုင်မယ့် နည်းလမ်း

လက်ရှိ ဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုတွေကြောင့် ဘန်ကောက်လေဆိပ်မှာ ဝန်ထမ်းအင်အား မလုံလောက်ဘဲ ခရီးဆောင်အိတ်ထုတ်ယူတဲ့နေရာမှာ ကြန့်ကြာမှုလေးတွေ ရှိနေပါတယ်။။တကယ်လို့ မိမိရဲ့အိတ် ပြန်မရသေးဘဲ ကျန်နေခဲ့မယ်ဆိုရင်..🧳

📌 ပထမဦးစွာ -

📍 လေဆိပ် ဒုတိယထပ် Entrance 1 မျက်နှာချင်းဆိုင်က Lost & Found မှာ ကိုယ်တိုင် သွားထုတ်လို့ရပါတယ်။ ၂၄ နာရီလုံး ဖွင့်ပေးထားပါတယ်။⏰

🚚အိမ်အရောက်ပို့ခိုင်းမယ်ဆိုလည်း

📱 ပုံထဲက QR Code လေးကို Scan ဖတ်၊ကိုယ်ရေးအချက်အလက်တွေကို သေချာဖြည့်ပြီး Reference Number (PIR) တောင်းယူပါ။

Reference Number (PIR) မကျလာပါက ❓

📱 Domestic Flights - 02-134-5373-4

📱 International Flights - 02-134-5466-68

ကို ဆက်သွယ်နိုင်ပါတယ်ရှင့်..
🙏 ခရီးသွားမိဘပြည်သူများ အားလုံး အဆင်ပြေကြပါစေ🙏

💡 ရေကြီးမှုကြောင့် ခရီးစဉ် ထိခိုက်သွားသူများအတွက် Thai Airways မှ တစ်ကြိမ်အခမဲ့ Date Change ခွင့်ပြုဘန်ကောက်နဲ့ အနီးတဝို...
28/09/2026

💡 ရေကြီးမှုကြောင့် ခရီးစဉ် ထိခိုက်သွားသူများအတွက် Thai Airways မှ တစ်ကြိမ်အခမဲ့ Date Change ခွင့်ပြု

ဘန်ကောက်နဲ့ အနီးတဝိုက်မှာ မိုးများပြီး ရေကြီးနေတာကြောင့် ဒီရက်ပိုင်း THAI Airways နဲ့ ခရီးသွားဖို့ရှိသူတွေအတွက် လက်မှတ်ရက်ချိန်း အခမဲ့ပြောင်းခွင့်ပေးမယ့် အစီအစဉ်လေး သိထားရအောင် မျှဝေပေးလိုက်ပါတယ်။

ဘယ်သူတွေ ပြောင်းလဲလို့ရလဲ❓

၂၀၂၆၊ စက်တင်ဘာ ၂၆ ရက်ကနေ ၂၉ ရက်အတွင်း သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) ကနေ ထွက်ခွာမယ့် THAI Airways လက်မှတ်ဝယ်ထားသူတွေအနေနဲ့ (၁) ကြိမ် အခမဲ့ Date Change ပြုလုပ်နိုင်မှာပါ။🎫

📌 ပြောင်းလဲလိုက်တဲ့ ခရီးစဉ်ကိုတော့ စက်တင်ဘာ ၂၉ ရက် မတိုင်မီ စီးနင်းရမှာ ဖြစ်ပါတယ်။📌

⚠️(စက်တင်ဘာ ၂၉ ရက်ကျော်လွန်မှ ပြောင်းရင်တော့ ပုံမှန် ဒဏ်ကြေး/အခကြေးငွေများ ကျသင့်ပါမယ်။)⚠️

လက်ရှိမှာ ရေကြီးနေတာကြောင့် လေဆိပ်သွားမယ့် လမ်းကြောင်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိနိုင်လို့ ခရီးသွားများ အနေနဲ့ လေဆိပ်ကို ပုံမှန်ထက် အချိန်ပိုယူပြီး စောစောထွက်ပေးကြပါ။🚗 🚗

ခရီးမသွားခင် မိမိတို့ရဲ့ လေယာဉ်ထွက်မယ့်အချိန် (Flight Status) ကိုလည်း THAI Airways ရဲ့ တရားဝင် Telegram၊ Website နဲ့ App တွေကနေတစ်ဆင့် သေချာ ပြန်လည်စစ်ဆေးကြပါရန်‌ မေတ္တာရပ်ခံအပ်ပါတယ်။

🔍 ခရီးစဉ် အသေးစိတ် နှင့် တခြားသိလိုတာလေးတွေအတွက် -

📞Star Zone 𝟐𝟒/𝟕 𝐇𝐨𝐭𝐥𝐢𝐧𝐞 (𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭):
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟖
🔸 𝐕𝐢𝐛𝐞𝐫: 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📢  ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် သွားမယ့် မြန်မာခရီးသွားများအတွက် အရေးကြီး အသိပေးချက်လက်ရှိဖြစ်ပေါ်နေတဲ့ ဘန်ကောက်မြို့ အနီးတ...
28/09/2026

📢 ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် သွားမယ့် မြန်မာခရီးသွားများအတွက် အရေးကြီး အသိပေးချက်

လက်ရှိဖြစ်ပေါ်နေတဲ့ ဘန်ကောက်မြို့ အနီးတစ်ဝိုက် ရေကြီးရေလျှံမှုများကြောင့် သုဝဏ္ဏဘူမိလေဆိပ်ရဲ့ လုပ်ငန်းစဉ်နဲ့ ဝန်ဆောင်မှုအပိုင်းမှာ ပုံမှန်ထက် အနည်းငယ် နှောင့်နှေးမှုတွေ ရှိနေပါတယ်။

✈️ လေယာဉ်တွေ ပုံမှန်အတိုင်း အတက်/အဆင်း ရှိပေမဲ့
🌧️ မြေပြင်ဝန်ထမ်းတွေ အလုပ်ဆင်းရ ခက်ခဲနေတာကြောင့် Boarding / Deboarding လုပ်ငန်းစဉ် ကြန့်ကြာတာနဲ့ ခရီးဆောင်အိတ် ပြန်ထုတ်ယူရာမှာ ပုံမှန်ထက် အချိန်ပိုကြာနိုင်တာတွေကို ကြိုတင် သတိပြုထားဖို့ လိုပါမယ်။🧳

ဒါကြောင့် ခရီးသွားများ အနေနဲ့
🧳 မိမိအတွက် မရှိမဖြစ် ဆေးဝါးတွေ၊ အရေးကြီး စာရွက်စာတမ်းနဲ့ အဝတ်အစား တစ်စုံစာကို ကိုယ်နဲ့တစ်ပါတည်းယူဆောင်လို့ရတဲ့ Carry On Bag ထဲ သီးသန့်ထည့်ယူသွားကြပါ။

⏱️ Transit ခရီးစဉ်တွေ၊ Hotel Transfer နဲ့ ကားကြို အစီအစဉ်တွေအတွက်လည်း အချိန်ပို (Buffer Time) လုံလောက်အောင် တွက်ချက်ထားပြီး လေဆိပ်ကို ပုံမှန်အချိန်ထက် စောစော သွားရောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါတယ်။

🙏ခရီးသွားမိဘပြည်သူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ🙏

🪔✈️ 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐛𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬!✈️🥳 သီတင်းကျွတ်ပိတ်ရက်ရှည်မှာ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ မိ...
24/09/2026

🪔✈️ 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐛𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬!✈️

🥳 သီတင်းကျွတ်ပိတ်ရက်ရှည်မှာ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ မိဘပြည်သူများအတွက် မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ သီတင်းကျွတ် ပရိုမိုးရှင်းလေး နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်

ပရိုမိုးရှင်း အစီအစဉ်အရ MNA မှ ပြေးဆွဲနေတဲ့ ပြည်ပခရီးစဉ်အားလုံးကို 15% Discount နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

🔥 အရမ်းကိုမှ တန်တဲ့ ဈေးနှုန်းလေးမို့ လက်မလွှတ်ရအောင် အမြန်ဆုံး Booking တင်ထားကြနော်

📅 ဝယ်ယူနိုင်မည့်ကာလ - 24 ~ 30 Sep , 2026

✈️ခရီးသွားကာလ - 24 Sep ~ 30 Nov , 2026

💖ဒါကြောင့် သီတင်းကျွတ်ပိတ်ရက်လေးမှာ ချစ်ရသူတွေနဲ့အတူ ခရီးတွေသွားရင်း အမှတ်တရတွေ ဖန်တီးဖို့ promotion လေး ရှိတုန်း အမြန် plan ချထားလိုက်နော်..

👉 MNA ရဲ့ ခရီးစဉ်များကို Star Zone မှာ ဖုန်းလေးတစ်ချက် ဆက်ရုံဖြင့် အလွယ်တကူ ဝယ်ယူနိုင်ပါတယ်ရှင့်..

📞 𝟐𝟒/𝟕 𝐇𝐨𝐭𝐥𝐢𝐧𝐞 (𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭):
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟖
🔸 𝐕𝐢𝐛𝐞𝐫: 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔

ရန်ကုန် - ကွာလာလမ်ပူ တိုက်ရိုက်ခရီးလေး ပြန်လည်စတင်ပါတော့မယ်နော်မလေးရှားသွားဖို့ ပြင်ဆင်နေတဲ့ ခရီးသွားမိဘပြည်သူများအတွက် ...
23/09/2026

ရန်ကုန် - ကွာလာလမ်ပူ တိုက်ရိုက်ခရီးလေး ပြန်လည်စတင်ပါတော့မယ်နော်

မလေးရှားသွားဖို့ ပြင်ဆင်နေတဲ့ ခရီးသွားမိဘပြည်သူများအတွက် သတင်းကောင်းလေးပါရှင့်..

လာမယ့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ကစပြီး Malaysia Airlines ရဲ့ ကွာလာလမ်ပူ - ရန်ကုန် တိုက်ရိုက်ခရီးစဉ်တွေကို ပြန်လည် ပြေးဆွဲပေးတော့မှာ ဖြစ်ပါတယ်။

အပတ်စဉ် ဗုဒ္ဓဟူး နဲ့ တနင်္ဂနွေနေ့တိုင်း ပျံသန်းပေးမှာ ဖြစ်လို့ အဆင်ပြေမယ့် Travel Date ကို ရွေးချယ်နိုင်ပါတယ်နော်။

✈️ ရန်ကုန် - ကွာလာလမ်ပူ ခရီးစဉ် Flight Schedule များ

KUL ➡️ RGN: Departure 09:10 | Arrival 10:25
RGN ➡️ KUL: Departure 11:15 | Arrival 15:45

လေယာဉ်လက်မှတ်ဈေးနှုန်းများ နဲ့ Booking တင်ရန်အတွက် -
📞 𝟐𝟒/𝟕 𝐇𝐨𝐭𝐥𝐢𝐧𝐞 (𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭):
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟖
🔸 𝐕𝐢𝐛𝐞𝐫: 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔

သားသားမီးမီးလေးတွေနဲ့အတူ ပထမဆုံး လေယာဉ်စီးတော့မယ်ဆိုရင် ဘာတွေကြိုတင်ပြင်ဆင်သွားရမလဲ?ဖေဖေ၊မေမေ တို့အတွက် အသုံးဝင်မယ့် MAI...
23/09/2026

သားသားမီးမီးလေးတွေနဲ့အတူ ပထမဆုံး လေယာဉ်စီးတော့မယ်ဆိုရင် ဘာတွေကြိုတင်ပြင်ဆင်သွားရမလဲ?

ဖေဖေ၊မေမေ တို့အတွက် အသုံးဝင်မယ့် MAI ရဲ့ ခရီးသွားလမ်းညွန်လေးကို Star Zone မှ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

🍼 ၁။ ကလေးတွေအတွက် မရှိမဖြစ် ပစ္စည်းလေးတွေကို လက်လှမ်းမီရာ ထားပါ
နို့ဗူး၊ သေးခံ (Diapers)၊ Wet Wipes နဲ့ ကလေး ကြိုက်တတ်တဲ့ ကစားစရာလေးတွေကို အလွယ်တကူ ထုတ်ယူလို့ရမယ့် Hand Carry အိတ်ထဲ အမြဲဆောင်ထားပါ။

👂 ၂။ လေယာဉ် အတက်/အဆင်းချိန် နားအူတာသက်သာအောင် လုပ်ပေးပါ
လေဖိအား အပြောင်းအလဲကြောင့် ကလေးတွေ နားအူပြီး ငိုတတ်ကြပါတယ်။ လေယာဉ် အတက်နဲ့ အဆင်း ပြုလုပ်ချိန်တွေမှာ နို့တိုက်ပေးတာ ဒါမှမဟုတ် ချိုလိမ် (Pacifier) စုပ်ပေးထားတာမျိုးက ကလေးရဲ့ နားဖိအားကို လျှော့ချပေးနိုင်ပါတယ်။

🛫 ၃။ MAI ရဲ့ Baby Meal သီးသန့်ဝန်ဆောင်မှု
MAI မှာ Infant & Child Meals များကို ခရီးမထွက်မီ ကြိုတင်မှာယူနိုင်လို့ ကလေးတွေ ဗိုက်ဆာမှာ ပူစရာ မလိုပါဘူးနော်။

သူတို့လေးတွေ ဂျီမကျဘဲ ပျော်ရွင်နေမှ ကိုယ်တိုင်လည်း ခရီးသွားရတာ စိတ်အေးလက်အေး ဖြစ်မှာပါ။

ဒီအချက်လေးတွေကို သေချာမှတ်ထားပြီး ပျော်ရွင်စရာ မိသားစု ခရီးစဉ်လေးတစ်ခုကို ဖန်တီးနိုင်ကြပါစေ...

𝐄𝐧𝐣𝐨𝐲 𝐚 𝐬𝐦𝐨𝐨𝐭𝐡𝐞𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐌𝐍𝐀 & 𝐓𝐇𝐀𝐈 𝐀𝐢𝐫𝐰𝐚𝐲𝐬 𝐈𝐧𝐭𝐞𝐫𝐀𝐢𝐫𝐥𝐢𝐧𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧 🌍 ✈️ကမ္ဘာ့အနှံ့ ခရီးသွားလာမည့် မိဘပြည်သူမျာ...
22/09/2026

𝐄𝐧𝐣𝐨𝐲 𝐚 𝐬𝐦𝐨𝐨𝐭𝐡𝐞𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐌𝐍𝐀 & 𝐓𝐇𝐀𝐈 𝐀𝐢𝐫𝐰𝐚𝐲𝐬 𝐈𝐧𝐭𝐞𝐫𝐀𝐢𝐫𝐥𝐢𝐧𝐞 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧 🌍 ✈️

ကမ္ဘာ့အနှံ့ ခရီးသွားလာမည့် မိဘပြည်သူများ ပိုမို လွယ်ကူအဆင်ပြေစေရန်အတွက် မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) နှင့် မိတ်ဖက်လေကြောင်းလိုင်းဖြစ်သော THAI Airways တို့ကြား InterAirline Through Check-in ဝန်ဆောင်မှုကို ရရှိပြီးဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။✈️

📌ဒီဝန်ဆောင်မှုကြောင့် ဘာတွေပိုကောင်းသွားမလဲ?

✅ခရီးစဉ်အစအဆုံး လက်မှတ်တစ်စောင်တည်းဖြင့် တိုက်ရိုက်သွားလာနိုင်ခြင်း
✅Transit လေဆိပ်များတွင် Luggage အိတ်များကို ပြန်ထုတ်စရာမလိုဘဲ နောက်ထပ်စီးမယ့် connecting flight ပေါ်သို့ တန်းပို့ပေးခြင်း
✅Check-in ထပ်မံ ဝင်ရောက်ရန် မလိုတော့သဖြင့် အချိန်ကုန်သက်သာခြင်း

လေယာဉ်လက်မှတ်ဈေးနှုန်းများ နှင့် အသေးစိတ်ကို သိလိုပါက -

📞 𝟐𝟒/𝟕 𝐇𝐨𝐭𝐥𝐢𝐧𝐞 (𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭):
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟖
🔸 𝐕𝐢𝐛𝐞𝐫: 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔

✈️ ချင်းမိုင်သွားဖို့ ပြင်ဆင်နေရင် MNA ရဲ့ ရန်ကုန် - ချင်းမိုင် တိုက်ရိုက်ခရီးစဉ်လေး ရှိတယ်နော်❤️ထိုင်းနိုင်ငံရဲ့ ရှေးဟေ...
18/09/2026

✈️ ချင်းမိုင်သွားဖို့ ပြင်ဆင်နေရင် MNA ရဲ့ ရန်ကုန် - ချင်းမိုင် တိုက်ရိုက်ခရီးစဉ်လေး ရှိတယ်နော်❤️

ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် Chiang Mai (ချင်းမိုင်) မြို့လေးဆီ ခရီးသွားဖို့ ပြင်ဆင်နေပြီဆိုရင် MNA ရဲ့ ရန်ကုန် - ချင်းမိုင် - ရန်ကုန် တိုက်ရိုက်ခရီးစဉ်လေးကို Star Zone မှာ ဝယ်ယူလို့ ရပါပြီရှင့်။

🗓️အပတ်စဉ် ဗုဒ္ဓဟူး၊သောကြာ နဲ့ တနင်္ဂနွေနေ့တိုင်း ပျံသန်းပေးမှာမို့ အဆင်ပြေမယ့် Schedule ကို ရွေးချယ်လိုက်နော်
----------------
✈️ Yangon to Chiang Mai (One-way)
🎫 Starts from 410,000 MMK
----------------
🧳 Checked Baggage: 20 kg
🎒 Hand Carry Baggage: 7 kg
🍱 In-flight Meal / Snack Box Included
----------------
📲 ခရီးစဉ် အသေးစိတ် နဲ့ Booking တင်ရန် -

📞 𝟐𝟒/𝟕 𝐇𝐨𝐭𝐥𝐢𝐧𝐞 (𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭):
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟖
🔸 𝐕𝐢𝐛𝐞𝐫: 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔

MNA နဲ့ အတူ  ရှမ်းပြည်က လှပတဲ့ တောင်တန်းတွေဆီ ပျံသန်းမလား။ ကမ်းရိုးတန်းဒေသတွေဆီအလည်သွားမလားအမှတ်တရကောင်းတွေနဲ့ ပြည့်နှက်...
18/09/2026

MNA နဲ့ အတူ ရှမ်းပြည်က လှပတဲ့ တောင်တန်းတွေဆီ ပျံသန်းမလား။ ကမ်းရိုးတန်းဒေသတွေဆီအလည်သွားမလား

အမှတ်တရကောင်းတွေနဲ့ ပြည့်နှက်နေမယ့် သင့်ရဲ့ခရီးစဉ်တွေအတွက် ဟဲဟိုး၊ ကျိုင်းတုံ နဲ့ တာချီလိတ် ခရီးစဉ် လေယာဉ်လက်မှတ်များနဲ့ မြိတ်၊ ထားဝယ်၊ ကော့သောင်း ခရီးစဉ် လေယာဥ်လက်မှတ်များကို Star Zone မှာ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။

✈️ ရှမ်းပြည်ခရီးစဉ်နှင့် လေယာဉ်လက်မှတ်ဈေးနှုန်းများ -
ရန်ကုန် ➡️ ဟဲဟိုး — ၃၂၀,၀၀၀ MMK
ဟဲဟိုး ➡️ ရန်ကုန် — ၃၃၀,၀၀၀ MMK
ရန်ကုန် ➡️ ကျိုင်းတုံ — ၄၆၀,၀၀၀ MMK
ကျိုင်းတုံ ➡️ ရန်ကုန် — ၄၆၀,၀၀၀ MMK
ဟဲဟိုး ➡️ တာချီလိတ် — ၄၀၀,၀၀၀ MMK
တာချီလိတ် ➡️ ရန်ကုန် — ၄၇၅,၀၀၀ MMK
တာချီလိတ် ➡️ မန္တလေး — ၃၄၈,၀၀၀ MMK

✈️ကမ်းရိုးတန်းခရီးစဉ် နှင့် လေယာဉ်လက်မှတ်ဈေးနှုန်းများ -
ရန်ကုန် - မြိတ် ➡️ ၄၉၀,၀၀၀
မြိတ် - ရန်ကုန် ➡️ ၄၆၀,၀၀၀
ရန်ကုန် - ထားဝယ် ➡️ ၃၉၅,၀၀၀
ထားဝယ် - ရန်ကုန် ➡️ ၃၈၅,၀၀၀
ရန်ကုန် - ကော့သောင်း ➡️ ၈၄၆,၀၀၀
ကော့သောင်း - ရန်ကုန် ➡️ ၆၀၀,၀၀၀

စိတ်ချယုံကြည်ရတဲ့ ဝန်ဆောင်မှု၊ အသက်သာဆုံး ဈေးနှုန်းတွေနဲ့ လက်မှတ်များ ဝယ်ယူနိုင်ဖို့ Star Zone ကို အခုပဲ ဆက်သွယ်လိုက်ပါနော်…

📞 𝟐𝟒/𝟕 𝐇𝐨𝐭𝐥𝐢𝐧𝐞 (𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭):
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔
📱 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟖
🔸 𝐕𝐢𝐛𝐞𝐫: 𝟎𝟗 𝟕𝟕𝟎 𝟗𝟗𝟗𝟗 𝟎𝟔

Address

No. 313/B, Mya Nandar Street, Bauk Htaw, Yankin Tsp
Yangon
11131

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 12:30

Telephone

+959770999906

Alerts

Be the first to know and let us send you an email when Star Zone Travels - ပြည်တွင်း/ ပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Star Zone Travels - ပြည်တွင်း/ ပြည်ပလေယာဉ်လက်မှတ်အရောင်းဌာန:

Shortcuts

Share

Category