Charming Myanmar Travels & Tours

Charming Myanmar Travels & Tours Warmly Welcome form our company. Charming Myanmar is one of the travel & tour company from Myanmar. Travel & Tours Company

ဒေါ်လာသိမ်းဆည်းနည်းဒီကာလအတွင်းမှာ မိမိတို့ စုဆောင်းရှာဖွေထားတာလေးတွေ တန်ဖိုးလျော့မသွားအောင်၊ ထိမ်းသိမ်းရလွယ်အောင် ကျပ်ငွေ...
04/09/2021

ဒေါ်လာသိမ်းဆည်းနည်း

ဒီကာလအတွင်းမှာ
မိမိတို့ စုဆောင်းရှာဖွေထားတာလေးတွေ
တန်ဖိုးလျော့မသွားအောင်၊ ထိမ်းသိမ်းရလွယ်အောင်
ကျပ်ငွေကို ဒေါ်လာ အဖြစ် ပြောင်းလဲသိမ်းဆည်းလာကြပါတယ်။

အမေရိကန်ဒေါ်လာငွေစက္ကူကို
ရေငွေ့ရိုက်ပြီး ဖားဥတက် မှိုစွဲ
ဝါကျင့်ကျင့် ဖြစ်မသွားရအောင်
ထိန်းသိမ်းထားတတ်ဖို့ လိုအပ်ပါတယ်။

လေလုံတဲ့အိတ်တခုထဲမှာ ရေငွေ့စုပ်တဲ့
စီလီကာဂျယ်အိတ်လေးတွေနဲ့အတူ ထည့်သိမ်းထားရင်
ရေငွေ့ရိုက်ပြီး မှိုစွဲခြင်းကနေ ကာကွယ်နိုင်ပါတယ်။

အဆိုပါ ဂျယ်အိတ်လေး( anti humidity gel , silica gel )တွေကို
ကင်မရာ အပိုပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ မေးဝယ်လို့ ရသလို
ဆေးဘူးလေးတွေထဲမှာ ပါလာတဲ့ အထုပ်လေးတွေကိုလဲ
အလွယ်တကူ ယူသုံးလို့ ရပါကြောင်း မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Sharing by
WK Money Changer
#ဒေါ်လာသိမ်းဆည်းနည်း

31/10/2020

Happy Thadingyut Festival
- - - - - - - - - - - - - - - - - - - - - - -

ယခုလို သီတင်းကျွတ်ချိန်ခါမှာ

မြန်မာပြည်သူပြည်သားများအားလုံး

ကျန်းမာပျော်ရွင်ပြီး ကပ်ရောဂါဘေးမှ

အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း

1818 Transportation Co.,Ltd မိသားစု မှ

ဆုမွန်ကောင်းတောင်းအပ်ပါသည်။

12/08/2020
ဗန်းမောက်မြို့နယ် က တန်ခိုးကြီးဇလုံတောင် ဓါတ်ဆရာရဲ့ ရိုက်ချက် က အရမ်းသပ္ပယ်တယ်ဗျာ....ဖူးမြော်ကြည်ညို ရင်း ကုသိုလ်ယူနိုင်ြ...
23/01/2019

ဗန်းမောက်မြို့နယ် က တန်ခိုးကြီး
ဇလုံတောင်

ဓါတ်ဆရာရဲ့ ရိုက်ချက် က အရမ်းသပ္ပယ်တယ်ဗျာ....

ဖူးမြော်ကြည်ညို ရင်း ကုသိုလ်ယူနိုင်ကြ
စေဖို့ ပြန်လည်မျှဝေလိုက်ပါတယ် . . .

ဓါတ်ပုံ - သက်နိုင် - ကသာ

02/01/2019
အလုပ်တွေ ကြိုးစားလုပ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ဆုချတဲ့အနေနဲ့ စိတ်လွတ်ကိုယ်လွတ် ခရီးထွက်ပါ ။ဘဝက တိုတောင်းပါတယ် ။ သင့်ပတ်ဝ...
08/12/2018

အလုပ်တွေ ကြိုးစားလုပ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ဆုချတဲ့အနေနဲ့ စိတ်လွတ်ကိုယ်လွတ် ခရီးထွက်ပါ ။

ဘဝက တိုတောင်းပါတယ် ။ သင့်ပတ်ဝန်းကျင်လေးမှာပဲနေပြီး ပိတ်လှောင်မွန်းကျပ် မခံပါနဲ့ ။

ငယ်ရွယ်ပြီး ကျန်းမာ ဖြတ်လတ်နေတဲ့အချိန်မှာ သင့်ရဲ့ အချိန်တွေကို ခရီးသွားခြင်းမှာ မြှုပ်နှံကြည့်ပါ ။ သင် နောင်တမရစေရပါဘူး.....

Charming Myanmar Travels & Tours

မိုင်းဖုန်း ဆရာတော် ဂူရှေတွင် မေတ္တာပို့ပြီး ၂ရက်အတွင်း ကလေးတွေ ပြန်တွေ့မယ်လို့ မိန့်ကြားသည့်အတိုင်း ၂ရက...
02/07/2018

မိုင်းဖုန်း ဆရာတော် ဂူရှေတွင် မေတ္တာပို့ပြီး ၂ရက်အတွင်း ကလေးတွေ ပြန်တွေ့မယ်လို့ မိန့်ကြားသည့်အတိုင်း ၂ရက်အတွင်း အာလုးံပြန်တွေ့ပါပြီး ဆရာတော် သက်တော်ရာကျော်ရှည်ပါစေ

Photo crd BBC Burmese

မတ်လ ၂၃ ရက်နေ့ ထွက်မည့်ခရီးစဉ်လေး ကြော်ငြာပေးပါရစေ ခင်ဗျအရမ်းလည်းတန်တယ် ဈေးက ၁၆၀၀၀၀ စားရိတ်ငြိမ်း ဝန်ဆောင်မှုလည်းကောင်းရ...
16/03/2018

မတ်လ ၂၃ ရက်နေ့ ထွက်မည့်ခရီးစဉ်လေး ကြော်ငြာပေးပါရစေ ခင်ဗျ
အရမ်းလည်းတန်တယ် ဈေးက ၁၆၀၀၀၀ စားရိတ်ငြိမ်း ဝန်ဆောင်မှုလည်းကောင်းရမယ်

မင်္ဂလာပါခင်ဗျာ Share ပေးခြင်းဖြင့်ကုသိုလ်ယူကြပါခင်ဗျာ
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
✌✌မတ်လ ခရီးသွားချင်တယ်
ဈေးလဲတန်မယ်💷💵
👌👍👓သက်တောင့်သက်သာရှိရမယ်
ဝန်ဆောင်မှုလည်းကောင်းရမယ် 👍👍👌💼👞
ဆိုတဲ့ ခရီးသွား မိတ်ဆွေတွေ အတွက် 👬👭👫👬

ထူးခြားပြီး သာယာတဲ့ ခရီးစဉ်လေးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ
🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
အရမ်းထူးခြားဆန်းကြယ်တဲ့ ဇလုံတောင်ဘုရားသမိုင်းကိုတော့ Charming Myanmar page မှ ကနဦး.တင်ထားပီးသားမို့ ဝင်ရောက်ဖတ်ရှု နိုငိပါတယ်ခင်ဗျ.. ဝင်ရောက်လေ့လာဖို့လဲ ဖိတ်ခေါ်ပါတယ်ဗျ။

ခရီးစဉ်လေးကတော့ ဟောဒီမှာဗျ....

မန္တလေး-စစ်ကိုင်း-ရွှေဘို-ဇလုံတောင်-အင်းတော်ကြီး
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
( 3Nights 4Days စားရိတ်ငြိမ်း 160000ကျပ်
23-3-2018 သောကြာညထွက် 27-3-2018 အင်္ဂါနေ့မနက်ပြန်ရောက် )

ကဲ့... ခရီးစဉ်လေးတော့စိတ်ဝင်စားသွားပြီ၊ ဘယ်လိုသွားမလဲပေါ့။
📆📅23-3-2018 သောကြာနေ့ ည ၉နာရီ မှာ ရန်ကုန် ကစတင်ထွက်ခွာမယ်ဖြစ်ပါတယ်။

📆 မနက်စောစော ကို မန္တလေးမြို့ရဲ့ ကျက်သရေဆောင် တန်ခိုးကြီးဘုရား ဖြစ်တဲ့ 🙏🙏🙏မဟာမြတ်မုနိ ဘုရားကြီး မျက်နှာသစ် ကိုသွားရောက် ဖူးမျှော်မှာဖြစ်ပါတယ်။ ပြီးတော့မနက်စာကောင်းကောင်း မန္တလေး မှာစားမယ်။🍜🍜☕

မနက်စာစားပြီးတော့ မြစ်ငယ်မှာရှိတဲ့ ကျောက်စိမ်းဘုရား ကိုပို့ပေးဦမယ်ဗျ။🙏🙏🙏

ဘုရားဖူးပြီးတာနဲ့ စစ်ကိုင်းကိုဆက်သွားမယ်ဗျ။ စစ်ကိုင်းမြို့ရဲ့ အထင်ကရ ဖြစ်တဲ့ ကောင်းမှုတော်ဘုရားနဲ့ ကံတစ်လူ ဘုရားကို ဝင်ဖူးကြမယ် 🙏🙏🙏

နေ့လည်စာကိုတော့ စစ်ကိုင်းက ထမင်းဆိုင်ကောင်းကောင်း မှာထမင်းမိန်မိန်လေးစားကြမယ်နော်။ 👌👌👌

ထမင်းစားပြီးရင် ငါးမည်ရပြည်ရွှေဘို လို့တင်စားခေါ်တွင်တဲ့ ရွှေဘိုမြို့က ဘုရားတွေသွားဖူးဦးမယ်ဗျ။ 👍👍👍

ရွှေဘိုမြို့ရဲ့ အထင်ကရဘုရားတွေကတော့
👉ရွှေတန်ဆာ ဘုရား
👉ရွှေချက်ကျ ဘုရား
👉ချမ်းသာကြီး ဘုရား
👉သက်တော်ရှည် ဘုရား နှင့်
👉ရေလယ်ဘုရားထဲမှ တစ်ဆူဖြစ်တဲ့ အညာသီဟတော ဘုရားကို သွားရောက်ဖူးမျှော်ကြမှာပါ။

တစ်နေကုန် ဘုရားတွေဖူးပြီးပင်ပန်နေပြီဆိုတော့ ညစာကောင်းကောင်းလေး စားကြမယ် ရွှေဘိုမြို့ရဲ့ ထမင်းဆိုင်မှာ အညာလက်ရာလေနဲး့ ဧည့်ခံပါမယ်။

ပထမညကို အိပ်စက်အနားယူဖို့အတွက် ရွှေဘိုမြို့ပေါ်က Hotel မှာ တည်းခိုကြမယ်။ ရေပူရေအေးစက်လေးပါတော့ အညောင်းညာပြေတာပေါ့။👌👌👌

နောက်တစ်နေ့မနက်စောစော မနက်စာစားပြီး ဗန်းမောက်မြို့ ကိုဆက်သွားကြမယ်။ နေ့လည်စာစားပြီး တောင်တက်ကား စင်းလုံးငှါးနဲ့ တောင်ပေါ်ကိုတက်ကြမယ်။ 🚙🚙🚙

တောင်ပေါ်မရောက်ခင် ကျောက်မဏ္ဏပ် ဘုရားကိုဝင်ဖူးဦးမယ်။
ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ်၊ သဘာဝတောတောင် အလှအပတွေကို ခံစားရင်း သန့်ရှင်းလတ်ဆတ်တဲ့ လေတွေကို တစ်ဝကြီး ရူလိုက်ကြရအောင်။

ညနေ ၄နာရီ ကျော်မှတောင်အောက်ပြန်ဆင်းကြမယ်။ View Point မှာနေဝင်ချိန် ကြည့်ရင်း ရွှေရောင်တောက်လာတဲ့ ဇလုံတောင်ကြီးကို ဖူးမျှော်ကြမယ်နော်။

ဗန်းမောက်မှာညစာပြန်စားပြီး Hotel မှာအိပ်စက်အနားယူမယ်။

နောက်တစ်နေ့ မနက်စာစားပြီး အင်းတော်ကြီး ကိုဆက်သွားကြမယ်။ နေ့လည်စာစားပြီး တစ်ပျော်တစ်ပါး စက်လှေကြီးစီးပြီး အင်းတော်ကြီး ဘေးမဲ့တော ရွှေမဉ္ဇူ ရေလယ်ဘုရား ကိုသွားဖူးကြမယ်။ 🙏🙏🙏

ပြီးတော့ ပျော်ရွှင်စွာဖြင့် ရန်ကုန် သို့ 🚌🚌🚌

ကဲ့.... ဘုရားတွေ မစုံဘူးလား 😁😁

ဝန်ဆောင်မှုတွေကတော့
👉အဆင့်မြင့် Yutong air-con ကား
👉မနက်စာ၊ နေ့လည်စာ၊ ညစာ ( ၁၀) နပ်
👉နွေးထွေးပျူငှါသော Guide
👉ရေသန့်ဘူး၊ စနိုးတာဝါ၊ သွားပွတ်တံ၊ သွားတိုက်ဆေး
👉တောင်တက်ကားခ၊
👉စက်လှေခ
👉3 star Hotel ၂ည
👉First-Aid ဆေးဝါးများ
👉အိမ်အရောက် လက်မှတ်ပို့ ဝန်ဆောင်မှု

Discount✌✌✌
#၅ ယောက် နှင့် အထက်ဝယ်လျှင်
#၁၀ ယောက် နှင့် အထက်ဝယ်လျှင်
#၁၅ ယောက် နှင့် အထက်ဝယ်လျှင်
09 40139 1818 သို့ဖုန်းဆက်စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

လက်မှတ်များ ကိုကြိုတင်၍ Booking လုပ်ထားနိုင်ပါပြီ။ ဖုန်းဆက်လိုက်ရုံဖြင့် အိမ်အရောက်လက်မှတ် လာပို့ပေးပါသည်။

Company နှင့် အသင်းဖွဲ့များအတွက် အထူးဈေးနှုန်းဖြင့် ညှိနိုင်းဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

15, 24, 29, 33, 45 Seaters များကို ဈေးနှုန်းသက်သာစွာဖြင့် ကားစင်းလုံး ငှါးနိုင်ပါသည်။

Charming Myanmar Travels & Tours Co., Ltd
>09-40139 1818
>09-42139 1818
>09-79953 8318
[email protected]
1112, Kan Thar Yar (2) street, 35 Ward, North-Dagon, Yangon.

1818 Car Rental Service
>09-40139 1818
[email protected]
[email protected]

အင်းတော်ကြီးအိုင် သမိုင်း++++++++++++++++++မဖတ်အားလျှင် Share ထားပါ။ပျောက်ဆုံးသွားသောစည်းခမ်းမြို့တော်(သို့မဟုတ်) အင်းတေ...
16/03/2018

အင်းတော်ကြီးအိုင် သမိုင်း
++++++++++++++++++

မဖတ်အားလျှင် Share ထားပါ။
ပျောက်ဆုံးသွားသောစည်းခမ်းမြို့တော်
(သို့မဟုတ်) အင်းတော်ကြီးအိုင် သမိုင်း အကြောင်းကို
Charming Myanmar Travels & Tours Co.,Ltd မှ အားလုံး
အတွက်မျှဝေလိုက်ပါတယ်ခင်ဗျ။

မြန်မာပြည်မြောက်ပိုင်းက မိုးညှင်းခရိုင်
ထဲမှာရှိတဲ့ အံ့ဖွယ်ထူးခြားလှပလွန်းတဲ့
“အင်းတော်ကြီးအိုင်”ဟာ မြောက်လတ္တီကျူ
၂၅ ဒီဂရီ ၅ မိနစ်နဲ့ အရှေ့လောင်ဂျီကျူ ၉၆ ဒီဂရီ၂၃ မိနစ်အတွင်းမှာ တည်ရှိပါတယ်။

အလျား ၁၆ မိုင် အနံ ၈ မိုင်(မြန်မာ့စွယ်စုံကျမ်းမှာ အလျား ၁၄ မိုင် အနံ ၇ မိုင်)ရှိပြီး”မြေကျွံအင်း”အမျိုးအစားဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေအမြင့်မှာ တည်ရှိပါတယ်။

ရွာသစ်ကြီးကျေးရွာ တောင်ဘက်က
ရေပူစမ်း(ကန့်ကြော)နဲ့ အင်းတော်ကြီး တောင်ဘက်ကရွှေတောင်ကြီး(ကန့်တောင်)တို့ကို မျဉ်းဖြောင့်ဆွဲရင်အင်းတော်ကြီးအရှေ့ဘက်ကမ်းဟာ ကန့်ကြောအတွင်းကျရောက်ကြောင်း ဘူမိဗေဒပညာရှင်တွေက ဆိုပါတယ်။

အင်းတော်ကြီးကို သမိုင်းဝင်တောင်(၃)လုံးအပါအဝင် တောင်(၁၆)လုံးဝန်းရံလျက်ရှိပါတယ်။တောင်တွေအပေါ်က မြစ်ဖျားခံ စီးဆင်းလာတဲ့ ချောင်းငယ်ပေါင်း (၁၂)ခုဟာ အရပ် လေးမျက်နှာကနေ အင်းတော်ကြီးအိုင်ထဲကို စီးဝင်ကြပါတယ်။

အင်းထဲကို စီးဝင်ခွင့်ရှိတဲ့ချောင်း(၆)ခုနဲ့ စီးဝင်ခွင့် မရှိတဲ့ချောင်း(၁၈)ခု ရှိတယ်လို့လည်း သိရပါတယ်။

အင်းဘေး ဝဲယာမှာ ကျေးရွာအုပ်စု(၁၁)ခုနဲ့ ရွာပေါင်း(၁၄)ရွာရှိတယ်လို့ဆိုပါတယ်။ “တိုင်းလျန်”လို့ခေါ်တဲ့ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ကြပြီး……လယ်ယာလုပ်ငန်း။ရေလုပ်ငန်း။ရွှေမှော်နဲ့ကျောက်မှော်လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။

အင်းတော်ကြီးအိုင်အတွင်းမှာ သမိုင်းဝင်”ရွှေမဉ္ဇူ “(ရေလယ်ဘုရား)တည်ရှိပြီး ဘုရားပွဲတော်ကိုတော့နှစ်စဉ် တပေါင်းလဆန်း(၈)ရက်ကနေ လပြည့်နေ့အထိကျင်းပလေ့ရှိပါတယ်။

ပွဲတော်ရက်အတွင်း ကမ်းခြေကနေရေလယ်ဘုရားကိုသွားဖို့ နတ်လမ်း လူလမ်းဆိုပြီး ပေါ်လာလေ့ရှိတယ်လို့ သိရပါတယ်။လွှဲမွန်ကျေးရွာမှာမုဆိုးမ”ဒေါ်မုံ”တည်ခဲ့တဲ့”ငွေမဉ္ဇူ “ဘုရားကလည်း ထင်ရှားလှပါတယ်။

“အရှေ့တောင်အာရှရဲ့ ကုန်းတွင်းရေနေထဲမှာအကြီးဆုံးအိုင်”

“တောင်ထိပ်ကြားက အင်းတော်ကြီး”

“မိုးပျံ အင်းကြီး”

“တော်ဝင် အင်းကြီး”

“အင်းတော်ကြီး”ရယ်လို့ အမည်ထင်ရှား ကျော်ကြားလှတဲ့အင်းတော်ကြီးသမိုင်းကလည်း ဒဏ္ဍာရီဆန်ဆန်စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

အင်းမဖွဲ့ခင် သက္ကရာဇ်(၂၆၄)ကမူးလွင်ပြင်ရဲ့ အရှေ့ဘက် “ကုရုရာဇ်တိုင်း””ဥတ္တရဌာနီ”စည်းခမ်းမြို့”မှာ(စောဝ်ဆေးဖိတ် ခေါ် ကျားဖြူ မင်းရဲ့ ခမည်းတော်)ဥတ္တရစောဖြူ မင်း အုပ်စိုးခဲ့ပါတယ်။

“အိမ်ပေါင်းတစ်သောင်း ကျောင်းပေါင်းတစ်ထောင်”လို့ပြောစမှတ်တွင်ပြီး စည်ကားခဲ့တဲ့မြို့ကြီးလို့သိရပါတယ်။

�����������������
ရှေးလွန်လေပြီးသော အတိတ်နှစ်ပေါင်း (၂၅၀၀) ကျော် ၊ ဘီစီ (၅၄၄-၅၈၉)ခန့်တွင် ဂေါတမမြတ်စွာ ဘုရားသခင်သည် အနာဂတ် သာသနာတော် တွင်ဖြစ်ပေါ်တွေ့ကြုံမည့် အရေး မျှော်တွေးသိမြင်တောမူ သဖြင့် အခါတစ်ပါးသော မဇ္စျိမဒေသမှ ညီတော်အာနန္ဒာ နှင့် တကွ ကောင်းကင် ခရီးဖြင့် ဒေသစာရီ ကြွချီတော်မူရာ ယခုအင်းတော်ကြီး ဖြစ်တည်သည့် ဒေသ နှင့် ရွှေမဉ္စူ ဘုရားတည်ရှိ သည့် နေရာ၌ ခေတ္တရပ်တန့်ပြီး နာဌာဂီရိ တောင် (ဆင်ခေါင်းတောင်)ထိပ်တွင် ရပ်တန့်တော်မှု၏။

နောင် အခါ အနာဂတ်ကာလ၌ အင်းကြီး ဖြစ်တည် လတ္တံသော ကြောင်းချင်းရာနှင့် သာသနာတော် ထွန်းလင်း တောက်ပသည့် ဗုဒ္ဓမြတ်ဘုရား၏ ဓါတ်တော် မွေတော်များ ကိန်းအောင်း တော်မူရာ စေတီတော် ဘုရားတည်ရှိ လတ္တံ့သော ဗျာဒိတ်စကား မိန့်ကြားတော်မူ ခဲ့လေသည်။

မှတ်ချက်။ ။ဗျာဒိတ်တော် ပေးတော်မူစဉ် ရပ်တန့်တော်မူရာတောင်၏ အမည်ကို ရှေးသမိုင်းမူများ အရအမည် ကွဲများ ရှိသော်လည်း နာဌာဂီရိ(ဆင်ခေါင်း) တောင် ဟူ၍သာ အစဉ်အဆက်မှတ်သားရပေသည်။

သာသနာတော်သက္ကရာဇ် ၂၃၀-ခုနှစ်တွင် နဂါးအမျိုး(၄)မျိုး အကျယ်(၁၁၂၄)မျိုးအနက် ဧရာပတ္တနဂါး မျိုးသားအဖ (၃)ဦးနှင့် နဂါးပေါင်း (၃၈၀၁၂) တို့သည် ဘောဂ၀တီနဂါးပြည်မှ (အိုးသစ်၊ အိမ်သစ်၊ အင်းသစ်) ရှာရန် ထွက်ခွာ ခဲ့လေသည်၏။

သက္ကရာဇ်(၂၆၄)ခုနှစ်တွင် လူဦးရေကိုးသန်းရှိသော (ပစ္စန္တရဂန္မာ) ဂုရုရာဇ်တိုင်းတွင် အိမ်ခြေ တစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိသော ဥတ္တရဌာနီ၊ စည်းခမ်း (သျှမ်းအခေါ်မြို့ကို တည်ထောင်တော်မူ၍) နောင်တွင် ဥတ္တရစောဖြူ (ထမံသီသျှမ်းတစ်မျိုး စောဝ်ဆေဖိတ် ကျားဖြူမင်း) စိုးစံအုပ်ချုပ်လေသည်။ (ဗုဒ္ဓ အယူ ကျောင်းချင်းမဟုတ် ၀ါဒဘာသာစုံ ကျောင်းပေါင်းစုံ ဖြစ်ဖွယ်ရှိသည်။

သက္ကရာဇ် ၃၆၀-ခုနှစ်၊ ဘီစီ(၁၈၄)တွင် တောင်မြောက်အလျား(၈)တိုင်၊ အရှေ့အနောက်အနံ (၄)တိုင် (ယခု အခေါ် တစ်တိုင်လျှင်နှစ်မိုင်) ကျယ်ဝန်းသောအင်းကြီးကို ရေနတ်နဂါးတို့၏ ဘုန်းတန်ခိုးဖြင့် ဖွဲ့တည်ခဲ့ လေသည်ဟူ၏။

ထို့ကြောင့် ဘောဂ၀တီနဂါးပြည်မှ နတ်နဂါးများလာရောက်ပြီး (အိုးသစ် အိမ်သစ်)အင်းအိုင်ဖွဲ့ တည်ခဲ့ကြသည်ဆိုသော အချက်သည် ရှေးအဆက်ဆက်သော အင်းတော်ကြီး သမိုင်းအရ ခိုင်လုံစွာ ရေးဆို တင်ပြ မှတ်တမ်းတင်ခဲ့သည်။

ဂေါတမဘုရားရှင် လက်ထက်တွင် သုနာပရန္တတိုင်းဟူ၍ ခေါ်တွင်သော တိုင်းနိုင်ငံ၏ မြောက်ဘက်နောင်တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ(စိမ့်)တိုင်းဟူ၍ အသီးသီး ခေါ်သွင်ခဲ့လေသည်။ သာသနာသက္ကရာဇ် ၃၆၀-ခု(ဘီစီ-၁၈၄)တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးကို (ထမံသီ) သျှမ်းလူမျိုး ဥတ္တရစောဖြူမင်း တည်ထောင် ပြီးသည်မှ နှစ်ပေါင်း၉၆နှစ် ပြည့်မြောက် သောနှစ် ပေတည်း။

လေးမျိုးသောနဂါးတို့တွင် ဧရာပတ္တ နဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်း စိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တဌာနီ စည်းခမ်းမြို့ကြီးကို အင်းဖွဲ့ရန် ရွှေတာင်နတ်မင်းကြီး၏အမိန့်ကို ရရှိသောအခါ ရေနတ် နဂါးမင်းသားက စဉ်းစားတော်မှုသည်မှာ ဤ ထမံသီ လူမျိုးများနေထိုင်ပျော်ပါး သောမြို့ကို ငါအင်းဖွဲ့ လိုက်သော် တိုင်းနေပြည်သူလူတို့ သေကြေ ပျက်စီး ကြတော့မည် ၊

ထိုသူတို့သေ ကြေလျင် ငါ၌ ပါဏာတိပါတကံ ထိုက်၍အပါယ်ငရဲ၌ ဆင်းရဲကြီးစွာ ခံစားရလိမ့်မည် ဤနေရာကလွဲ လျှင်လဲအခြား နေရာကို ငါသဘောမကျ မနှစ်သက်ခဲ့၊ ဟယ် သို့သောလည်း ဤတိုင်းသူပြည်သား လူအများတို့သည် တရားလည်းမကပ်ကြ၊ ကိုယ်ကျင့် သီလမရှိကြ ငါးပါးသီလကို တစ်ပါးမျှ မတည် အောင် ကိုယ်ကျင့်တရားများ အလွန်ပျက်ပြားကြသည်၊

နေ့စဉ် ညတိုင်း ထိုင်းမှိုင်း တွေဝေ ၍ ငါးပါးအာရုံ ကာမဂုဏ်ကို စုံစုံမက်မက် နှစ်သက်ပျော်ပါးသူသာ များလေသည်၊ သို့ဖြစ်သည်ကြောင့် အလီလီ တွေးဆ၍ ညသန်းခေါင်ရံ အခါ အာကာသ ကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော အသံဖြင့် ကြွေးကြော်လေသည်မှာ ဤ တိုင်းပြည် ၌ နေထိုင်ကြကုန်သော အသင်မနုဿလူသားတို့သည် ရှေ့ ခုနှစ်ရက် တိုင်လျင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်။

ခုနှစ်ရက်မတိုင်ခင် အကြား ခရီးဝေးစွာ ထွက်ခွာသွားကြကုန်လော့ အကယ်၍မသွားဘဲနေကြလျှင် ရေမွန်းနှစ်၍ သေကြ ကုန်လတ္တံ့ဟု တစ်တိုင်း ပြည်လုံးကြားလောက်အောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်လေ၏

ဤသို့ တစ်ပြည်လုံး ကြားလောက်အောင် ကြွေးကြော်ပါသော်လည်း တိုင်းသားပြည်သူများ ဗိုလ်လူတို့၏ မကောင်းမှု ကံစီမံဖန်တီးသဖြင့် အသက်ကြီးသော မုဆိုးမ အဒေါ်အိုတစ်ယောက်အပြင် မည်သူမျှ မကြားမသိကြချေ၊ နံနက် မိုးလင်းသောအခါ အဒေါ်အိုမုဆိုးမက တအိမ်တက်တအိမ်ဆင်းသွား ရောက် ပြောကြားသော်လည်း အယုံ တရားမရှိကြဘဲ ဤမုဆိုးမသည် မလှသောမျက်နှာ မသာယာ သော မျက်ခွက်ဖြင့် ငါတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သော စကားကိုပြောကြားလေသည်၊

ငါတို့ ဘိုးဘွား မိဘကစ၍ ငါတို့လက်ထက် ကျအောင် ဤတိုင်း ပြည်နဂရတွင် ထာဝရကြာရှည်စွာ နေထိုင်ခဲ့ကြသည်၊ ဘယ်အခါဘယ်ကာလမှ မကြားစဘူးထူးဆန်းသော အီ စကားကို အဒေါ်အိုမုဆိုးမ ပြောကြားသည် ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး ဆိုလိုက်ကြကုန် သတည်း၊

အဒေါ်အိုက ထိုထိုအိမ်ထက်သို့ တက်၍ တဖန်ဝေးရာသို့ရွေ့ပြောင်း ထွက်ခွါသွားကြရန် သည်း ခံ၍ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသ ငေါငေါထ၍ အိမ်ထက်မှ မောင်းနှင်း ခြင်း ခံရသော ခုနှစ်ရက်မြောက်သောနေ့၌ အဒေါ်အိုသည် ဤမြို့ရွာရှိမိမိဆွေမျိုးညာတိမြေး၊ မြစ်များကိုအပါ ခေါ်ငင်၍ ဝေးစွာသောမြို့ အနောက်ဘက်တို့ဘ ထွက်ပြေးကြလေသော် ရေနတ် နဂါးရာဇာက တေဇာကွန့်ဖြိုး နတ်တို့၏ တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးလ်းကြီးလေကြီး မြည်ဟီး ပြင်းချက် လျပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ၀င်းနဲလျှပ်ကနဲ မိုးကလည်း သဲသဲမဲမဲရွာချလေသည်။

ထိုအခါ မုဆိုးမသည် ကုန်းမောက်သေလာ ယခုလွဲမွန် ကျေးရွာ၏ ဒက္ခိဏာတောင်ဘက် ယခု အဘယဂီရိခေါ် တောင်ကုန်းပေါ်ထက်သို့ တက်ပြေး၍လာရင်း မိမိ နောက်ကြော (အရှေ့)ဘက်သို့ မျှော်ကြည့်လိုက်လျှင် ထမံသီလူမျိုး ဥတ္တရစောဖြူမင်း၏ ဥတ္တရဌာနီ စည်းခမ်းမြို့ကြီး သည် ရေပြင်အတိအင်းကြီးဖြစ်၍ ပျောက် ဆုံးနေလေပြီ ကိုတွေ့မြင်ရလေတော့သည်။

ယနေ့တိုင် ထိုမဆိုမ နောက်ကြောဘက်သို့ လှည့်မျော်ကြည့်ခဲ့သောနေရာကို လွဲမွန်တောင်ဟုခေါ်သည်။ လွဲသည်သျှမ်းလို တောင်ဟုအဓိပ္ပါယ်၍ မွန်သည် မျှော် သည်ဟုအဓိပ္ပါယ်ရပါသည်။

မုဆိုးမသည် ဥတ္တရဋ္ဌာနီ စည်ခမ်းမြို့ တွင်မွေးဖွား၍ အရွယ်ရောက်သောအခါ သျှမ်းကလိမ်း ခနီး္တ (ထမံသီ) လူမျိုးတစ်ယောက်နှင့် အိမ်ထောင်ကျလေည် လင်ယောက်ျား နောက်သို့ လိုက်ပါသွားပြီးနောက် သမီး (မင်းအပ်) ကိုမွေးဖွားပြီး လင်ယောက်ျား သေဆုံးလေသည်၊ သမီးမင်းအပ်လည်း အရွယ်ရောက်လျင် အိမ်ထောက်ကျ၍ သားကလေး (မောင်သာယ) ကိုမွေဖွားပြီး လင်ယောက်ျား သေဆုံးလေသည်၊ မုဆိုးမသည် ထိုမြို့ ထိုရွာတွင် ဆွေမျိုးရင်းချာ မရှိသဖြင့် သမီးမြေးနှစ်ယောက်နှင့် အတူ ဥတ္တရဋ္ဌာနီစည်ခမ်းမြို့သို့ ပြန်ရောက်ပြီး နှစ်နှစ် အကြာတွင် ဥတ္တရဋ္ဌာနီ စည်ခမ်းမြို့ကြီး အင်းဖြစ်လေတော့သည်။

ယင်းထမံသီ မျိုးဆက်မှ ဆင်းသက် ပေါက်ဖွားလာသော လူမျိုးများနေထိုင်သည့် ထမံသီရွာသည် ယနေ့တိုင် ရှိနေပါသေးသည်။

ဥတ္တရစောဖြူရဲ့သား စောဝ်ဆေးဖိတ် (ကျားဖြူမင်း) မင်းသာသည် အင်းကြီးဖွဲ့သောအချိန် မင်းညီးမင်းသား အချို့နှင့် တောကစားသွားနေ၍ အင်းဖွဲ့ရာသေဆုံးခြင်းမရှိပဲ ကျန်ရစ်ခဲ့လေသည် ၎င်းသည် မိုင်းသုံတောင်နားတွင် ကျင်လည်ကျက်စားနေရင် နောက်နန်းမွန် နှင့် တွေ့ဆုံ ပေါင်းဖက်၍ သားသုံးပါး ဖွားမြင် လေသည်။

(၁)ခွန်ရံ(သိုကော်ဘွား)၊ (၂)ခွန်ကံ (သိုငံဘွား)၊ (၃)ခွန်အွမ် (သိုကျည်ဘွား) တို့ ဖြစ်ကြလေသည်။

၎င်းသားတော်သုံးပါး၏ ဘိုးတော်ဖြစ်သော ရွှီရွှမ်နန်းမြို့တော်သခင် ဥတည်မင်းမှ မြေးတော်များအား လူသူလက် အင်အားများပေး၍ တည်ထောင်အုပ်ချုပ် စေခဲ့သော နယ်ပယ်များ နန်းမြို့များဖြစ်သည့် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မြို့များပေါ်လါခဲ့ပေသည်။

အင်းတော်ကြီး၏ အံ့ဘွယ်ကိုးပါး
�����������
အင်းတော်ကြီးသည် မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်သည်၊

(၁) အလျား ၈-တိုင်၊ အနံ ၄-တိုင်၊ ကျယ်ဝန်းသောကြောင့်တပါး၊

(၂) အနောဒတ္ထအိုင်ကဲ့သို့ အလွန် ရေသန့်ရှင်းသောကြောင့် တပါး၊

(၃) အလွန်ကျယ်ဝန်းသော အင်းဖြစ်သော်လည်း အင်းထဲတွင် ဆိုးဝါးသော မိကျောင်းစသော ငါးကြီးတို့ကို မဆိုးဝါးရအောင် အင်းတော်ကြီး အရှင် ထိန်းသိမ်းခြင်းကြောင့် အံ့ဘွယ်တပါး၊

(၄)-အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသောလည်း အနာအဆာမရှိ ငါးကြီးများလည်း အစားဘဲ ကမ်းစပ်ရောက်အောင် လိုင်းပိုတ်ခတ်တင်ပေးခြင်း၊

(၅- အင်းနားတွင် ရွှေကျင်သော် ရွှေများရရှိခြင်း၊

(၆)-အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊

(ရ)-တစ်နှစ် သုံးကြိမ်ကျ သားမက်တော် နန့်တိန်းအရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ကန်တော့ခြင်း၊

(၈) -စစ်တိုက်ရာပါချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ၀င်ခွင့် ပြုခြင်း၊

(၉) -နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လကစ၍ ပြာသိုလ အထိအင်းထဲရှိငါးများကို အင်းတော်ကြီး တောင်ပိုင်း အခြားအကွာ (၈)မိုင်ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိ ငါးများကိုဆေးခတ်သဖြင့် ငါးများစွာသေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း၊ ဟုသိရပါတယ်။

ထူးခြားတာကတော့…တန်ခူး ကဆုန် ရေနည်းချိန်မှာအင်းတော်ကြီးရဲ့ အရှေ့ဘက်ကမ်းအနီးက “နတ်မောက်ကန်”နဲ့”ဟဲပု”ကျေးရွာအကြားရေပြင်အောက်မှာ ထမံသီလူမျိုးတွေတည်ဆောက်နေထိုင်ခဲ့ကြတဲ့အဆောက်အဦးတိုင်တွေကို အတိုင်းသားမြင်တွေ့ရခြင်းမျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။

(၁၁)ရာစု အနော်ရထာမင်းနဲ့ခေတ်ပြိုင် ဥတည်ဘွားဘုရင်ကိုဆက်စပ်ကြည့်ရင် မိုးညှင်းမြို့တည် ရာစုနှစ်ဟာ မှန်ကန်ဖွယ်ရှိပြီး စည်းခမ်းမြို့ကြီးကို အင်းဖွဲ့တဲ့ နှစ်ပေါင်းဟာလည်း

(၁၀)ရာစုထက် စောနိုင်စရာအကြောင်းမရှိဘူးလို့ထင်ပါတယ်။ွှအနော်ရထာနတ်ရွာစံပြီးတဲ့နောက်မှာ “အရှင်ဗုဒ္ဓမထေရ်”နဲ့”အရှင်သုမနမထေရ်”တို့က ဒီဒေသကို ဗုဒ္ဓသာသနာ
ထွန်းကားအောင်ပြုလုပ်ခဲ့ကြပါတယ်။

တစ်ချိန်တုန်းက အင်းတော်ကြီးက ရေလုပ်သားကြီး”ဦးရန်အောင်”ဆိုသူဟာ ကွန်ပစ်ရင်းရရှိခဲ့ဖူးတဲ့လည်ပင်းရှည်အဝကျဉ်းအိုး(ပျူ ခေတ်အိုးပုံစံ)နဲ့အိုးထဲမှာ အရိုးပြာလို့ ယူဆရတဲ့ အရိုးအပိုင်းအစနဲ့ရောင်စုံပုတီးစေ့(၂)လုံး တွေ့ခဲ့ဖူးကြောင်း……

(၁၉၈၉ ခုနှစ် မိုးညှင်းမြို့နယ် ကြက်ခြေနီအသင်းကစီစဉ်ထုတ်ဝေတဲ့”မိုးညှင်းမဂ္ဂဇင်း”အမှတ်(၁)မင်းဥက္ကာဆွေရဲ့”မြန်မာ့မိုးပျံအင်း”ဆောင်းပါး(စာ-၃၃)မှာ လေ့လာ သိရှိရပါတယ်။

အင်းဖွဲ့ခြင်းမခံရမီက စည်းခမ်းမြို့ကလူတွေရဲ့
ဘာသာဓလေ့နဲ့ ဆက်စပ်နေတဲ့ ထုံးတမ်းစဉ်လာတွေဟာ ပျူ နဲ့တူနေတာကို တွေ့နိုင်ပါတယ်။

သေသူကို မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ရောင်စုံပုတီးစေ့တွေနဲ့အတူ အိုးမှာထည့်တဲ့
ဓလေ့ဟာ ပျူ တွေရဲ့ဓလေ့ဖြစ်ပါတယ်။

“အင်းတော်ကြီး””အင်းတော်လေး”နဲ့ပါတ်သက်ပြီးဒဏ္ဍာရီဖြစ်ရပ်တစ်ခုကလည်း စိတ်ဝင်စားစရာပါ။

ဧရာပထနဂါးမင်းရဲ့ သားတော်နှစ်ပါးဟာ……
အင်းတော်ကြီးဒေသနဲ့ အင်းတော်မြို့အနီးကနေရာတွေမှာအသီးသီး အပြိုင် အင်းဖွဲ့ကြရာ ညီတော်က နောင်တော်ကို
“အင်းဖွဲ့လို့ နောင်တော်အနိုင်ရရင် ညီတော်က ခေါင်းမဖော်ဘဲနေမယ်”ဆိုတဲ့ စကားကတိရှိခဲ့လို့(ယခု အင်းတော်မြို့အနီးက)
အင်းရေပြင်ပေါ်မှာ ကြာဖက်တွေအပြည့်အုပ်မိုးနေကြောင်းအင်းဖွဲ့ရာမှာ နောင်တော်ရဲ့အင်းလောက် ကြီးကျယ်ခြင်းမရှိလို့ရှုံးနိမ့်သွားတဲ့ ညီတော်ရဲ့စကားကတိ တည်ခဲ့ကြောင်းများကို
ယနေ့တိုင် ပြောဆိုယုံကြည်နေကြတာကို ကြားသိရပါတယ်။

မည်သို့ပင်ဆိုစေကာမူ “အင်းတော်ကြီး”ဒေသကတော့…… ပျောက်ဆုံးနေတဲ့ “ဥတ္တရစောဖြူ မင်း”ရဲ့ ရွှေမြို့တော်ကြီး တည်နေရာ ဖြစ်သလို ရှမ်းနီတိုင်းရင်းသား”တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်း”တို့ရဲ့ အံ့ဖွယ်ထူးခြား လှပလွန်းတဲ့နေရာဒေသတစ်ခုဖြစ်တာကိုတော့ ဘယ်သူမှငြင်းနိုင်မှာမဟုတ်တာကတော့ အသေအချာပါပဲ။ ။

ကျနော်တို့ Charming Myanmar Travels & Tours မှ
ဇလုံတောင်-အင်းတော်ကြီး ခရီးစဉ်ကို ပို့ဆောင်ပေးလျက်ရှိပါတယ်။
အားလုံးကို အတူလိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျ။

မင်္ဂလာပါခင်ဗျာ Share ပေးခြင်းဖြင့်ကုသိုလ်ယူကြပါခင်ဗျာ
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
✌✌မတ်လ ခရီးသွားချင်တယ်
ဈေးလဲတန်မယ်💷💵
👌👍👓သက်တောင့်သက်သာရှိရမယ်
ဝန်ဆောင်မှုလည်းကောင်းရမယ် 👍👍👌💼👞
ဆိုတဲ့ ခရီးသွား မိတ်ဆွေတွေ အတွက် 👬👭👫👬

ထူးခြားပြီး သာယာတဲ့ ခရီးစဉ်လေးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ
🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
အရမ်းထူးခြားဆန်းကြယ်တဲ့ ဇလုံတောင်ဘုရားသမိုင်းကိုတော့ Charming Myanmar page မှ ကနဦး.တင်ထားပီးသားမို့ ဝင်ရောက်ဖတ်ရှု နိုငိပါတယ်ခင်ဗျ.. ဝင်ရောက်လေ့လာဖို့လဲ ဖိတ်ခေါ်ပါတယ်ဗျ။

ခရီးစဉ်လေးကတော့ ဟောဒီမှာဗျ....

မန္တလေး-စစ်ကိုင်း-ရွှေဘို-ဇလုံတောင်-အင်းတော်ကြီး
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
( 3Nights 4Days စားရိတ်ငြိမ်း 160000ကျပ်
23-3-2018 သောကြာညထွက် 27-3-2018 အင်္ဂါနေ့မနက်ပြန်ရောက် )

ကဲ့... ခရီးစဉ်လေးတော့စိတ်ဝင်စားသွားပြီ၊ ဘယ်လိုသွားမလဲပေါ့။
📆📅23-3-2018 သောကြာနေ့ ည ၉နာရီ မှာ ရန်ကုန် ကစတင်ထွက်ခွာမယ်ဖြစ်ပါတယ်။

📆 မနက်စောစော ကို မန္တလေးမြို့ရဲ့ ကျက်သရေဆောင် တန်ခိုးကြီးဘုရား ဖြစ်တဲ့ 🙏🙏🙏မဟာမြတ်မုနိ ဘုရားကြီး မျက်နှာသစ် ကိုသွားရောက် ဖူးမျှော်မှာဖြစ်ပါတယ်။ ပြီးတော့မနက်စာကောင်းကောင်း မန္တလေး မှာစားမယ်။🍜🍜☕

မနက်စာစားပြီးတော့ မြစ်ငယ်မှာရှိတဲ့ ကျောက်စိမ်းဘုရား ကိုပို့ပေးဦမယ်ဗျ။🙏🙏🙏

ဘုရားဖူးပြီးတာနဲ့ စစ်ကိုင်းကိုဆက်သွားမယ်ဗျ။ စစ်ကိုင်းမြို့ရဲ့ အထင်ကရ ဖြစ်တဲ့ ကောင်းမှုတော်ဘုရားနဲ့ ကံတစ်လူ ဘုရားကို ဝင်ဖူးကြမယ် 🙏🙏🙏

နေ့လည်စာကိုတော့ စစ်ကိုင်းက ထမင်းဆိုင်ကောင်းကောင်း မှာထမင်းမိန်မိန်လေးစားကြမယ်နော်။ 👌👌👌

ထမင်းစားပြီးရင် ငါးမည်ရပြည်ရွှေဘို လို့တင်စားခေါ်တွင်တဲ့ ရွှေဘိုမြို့က ဘုရားတွေသွားဖူးဦးမယ်ဗျ။ 👍👍👍

ရွှေဘိုမြို့ရဲ့ အထင်ကရဘုရားတွေကတော့
👉ရွှေတန်ဆာ ဘုရား
👉ရွှေချက်ကျ ဘုရား
👉ချမ်းသာကြီး ဘုရား
👉သက်တော်ရှည် ဘုရား နှင့်
👉ရေလယ်ဘုရားထဲမှ တစ်ဆူဖြစ်တဲ့ အညာသီဟတော ဘုရားကို သွားရောက်ဖူးမျှော်ကြမှာပါ။

တစ်နေကုန် ဘုရားတွေဖူးပြီးပင်ပန်နေပြီဆိုတော့ ညစာကောင်းကောင်းလေး စားကြမယ် ရွှေဘိုမြို့ရဲ့ ထမင်းဆိုင်မှာ အညာလက်ရာလေနဲး့ ဧည့်ခံပါမယ်။

ပထမညကို အိပ်စက်အနားယူဖို့အတွက် ရွှေဘိုမြို့ပေါ်က Hotel မှာ တည်းခိုကြမယ်။ ရေပူရေအေးစက်လေးပါတော့ အညောင်းညာပြေတာပေါ့။👌👌👌

နောက်တစ်နေ့မနက်စောစော မနက်စာစားပြီး ဗန်းမောက်မြို့ ကိုဆက်သွားကြမယ်။ နေ့လည်စာစားပြီး တောင်တက်ကား စင်းလုံးငှါးနဲ့ တောင်ပေါ်ကိုတက်ကြမယ်။ 🚙🚙🚙

တောင်ပေါ်မရောက်ခင် ကျောက်မဏ္ဏပ် ဘုရားကိုဝင်ဖူးဦးမယ်။
ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ်၊ သဘာဝတောတောင် အလှအပတွေကို ခံစားရင်း သန့်ရှင်းလတ်ဆတ်တဲ့ လေတွေကို တစ်ဝကြီး ရူလိုက်ကြရအောင်။

ညနေ ၄နာရီ ကျော်မှတောင်အောက်ပြန်ဆင်းကြမယ်။ View Point မှာနေဝင်ချိန် ကြည့်ရင်း ရွှေရောင်တောက်လာတဲ့ ဇလုံတောင်ကြီးကို ဖူးမျှော်ကြမယ်နော်။

ဗန်းမောက်မှာညစာပြန်စားပြီး Hotel မှာအိပ်စက်အနားယူမယ်။

နောက်တစ်နေ့ မနက်စာစားပြီး အင်းတော်ကြီး ကိုဆက်သွားကြမယ်။ နေ့လည်စာစားပြီး တစ်ပျော်တစ်ပါး စက်လှေကြီးစီးပြီး အင်းတော်ကြီး ဘေးမဲ့တော ရွှေမဉ္ဇူ ရေလယ်ဘုရား ကိုသွားဖူးကြမယ်။ 🙏🙏🙏

ပြီးတော့ ပျော်ရွှင်စွာဖြင့် ရန်ကုန် သို့ 🚌🚌🚌

ကဲ့.... ဘုရားတွေ မစုံဘူးလား 😁😁

ဝန်ဆောင်မှုတွေကတော့
👉အဆင့်မြင့် Yutong air-con ကား
👉မနက်စာ၊ နေ့လည်စာ၊ ညစာ ( ၁၀) နပ်
👉နွေးထွေးပျူငှါသော Guide
👉ရေသန့်ဘူး၊ စနိုးတာဝါ၊ သွားပွတ်တံ၊ သွားတိုက်ဆေး
👉တောင်တက်ကားခ၊
👉စက်လှေခ
👉3 star Hotel ၂ည
👉First-Aid ဆေးဝါးများ
👉အိမ်အရောက် လက်မှတ်ပို့ ဝန်ဆောင်မှု

Discount✌✌✌
#၅ ယောက် နှင့် အထက်ဝယ်လျှင်
#၁၀ ယောက် နှင့် အထက်ဝယ်လျှင်
#၁၅ ယောက် နှင့် အထက်ဝယ်လျှင်
09 40139 1818 သို့ဖုန်းဆက်စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

လက်မှတ်များ ကိုကြိုတင်၍ Booking လုပ်ထားနိုင်ပါပြီ။ ဖုန်းဆက်လိုက်ရုံဖြင့် အိမ်အရောက်လက်မှတ် လာပို့ပေးပါသည်။

Company နှင့် အသင်းဖွဲ့များအတွက် အထူးဈေးနှုန်းဖြင့် ညှိနိုင်းဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

15, 24, 29, 33, 45 Seaters များကို ဈေးနှုန်းသက်သာစွာဖြင့် ကားစင်းလုံး ငှါးနိုင်ပါသည်။

Charming Myanmar Travels & Tours Co., Ltd
>09-40139 1818
>09-42139 1818
>09-79953 8318
[email protected]
1112, Kan Thar Yar (2) street, 35 Ward, North-Dagon, Yangon.

1818 Car Rental Service
>09-40139 1818
[email protected]
[email protected]

credit to original

10/03/2018
ပေါ့ပေါ့ပါးပါး ခရီးသွား 17.3.2018🔶🔶🔶🔶🔶🔶🔶🔶ကျိုက်ထီးရိုး နေ့ချင်းပြန် စားရိတ်ငြိမ်း ၃၅၀၀၀ကျပ်🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗17.3.2018 ကဲ...
08/03/2018

ပေါ့ပေါ့ပါးပါး ခရီးသွား 17.3.2018
🔶🔶🔶🔶🔶🔶🔶🔶
ကျိုက်ထီးရိုး နေ့ချင်းပြန် စားရိတ်ငြိမ်း ၃၅၀၀၀ကျပ်
🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗
17.3.2018
ကဲ့.... သားသားမီးမီးတွေ စာမေးပွဲလည်း ပြီးပြီ ဆိုတော့ မိသားစုတွေ အတူတူ ခရီးထွက်ကြမယ်။ 👍👍👍👫👪

ပေါ့ပေါ့ပါးပါးလေးနဲ့ ဘာမှပြင်ဆင်စရာ မလိုတဲ့ နေ့ခြင်းပြန်ခရီးစဉ်လေးလာပါပြီ။ 🚌🚌🚌

အားပေးသူမိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကျနော်တို့ ✈Charming Myanmar Travels & Tours မှ လူကြီးမင်းတို့ အတွက် နေ့ခြင်းပြန် ခရီးလေး စီစဉ်ပေးထားပါတယ်ခင်ဗျ 🙏🙏🙏

ဘယ်ကိုသွားမလဲ၊ ဘာတွေပါဦးမလဲ ဆိုရင်တော့ သမိုင်းဝင်ကျိုက်ထီးရိုး စေတီတော်၊ သားသားမီးမီးတွေ အတွက် ဆောင်နိုင်ကြီး ရေတံခွန်၊ ပြီးတော့ စိမ်းလဲ့တင်မှ အနားယူမယ် ပြီးတော့ ၃၉ မိုင်မှာ ထမင်းစားပြီး ရန်ကုန် ပြန်ကြမယ်။
သြော် ကျန်သေးတယ်... ကျီးပါးစပ် ဂူထဲကို အဓိဋ္ဌာန်ပြုပြီး အကြွေစိလေးတွေ ပစ်သွင်းပြီး ဆုတောင်းကြမယ်လေ.. 🙏🙏🙏

ခရီးစဉ်လေးမှာ မနက်စာ၊ နေ့လည်စာ၊ ညစာ နှင့် အိမ်ပြန်အမှတ်တရ လက်ဆောင်လေးတွေ ပေးဦးမှာဆိုတော့ အရမ်းမိုက်သွားပြီပေါ့။ 😎😎😎

ကဲ့... ဘယ်လိုလဲ အရမ်းလည်းအချိန်မပေးရဘူး၊ သက်တောင့်သက်သာ ရှိတဲ့ အဆင့်မြင့် လေအိတ်ကားကြီးတွေနဲ့ သွားမယ်၊ ရေတံခွန်မှာ ရေကစားမယ် ပြီးတော့ စိမ်းလဲ့တင်မှာ နားမယ်။ 👍👍👍

ခရီးစဉ် အတွင်းပါဝင်သောဝန်ဆောင်မှုများ
🐾🐉🐇🌿☘🌱🌳🐄🐠🐺🐗🐴
-မနက်စာ၊ နေ့လည်စာ၊ ညစာ
-သွားတိုက်တံ၊ သွားတိုက်ဆေး
-စနိုးတာဝါ ၊ ရေသန့်ဘူး၊
-အဆင့်မြင့် လေအိတ်ကားကြီး
-တောင်တက်ကား စင်းလုံးငှါး
-ကျွမ်းကျင်ပြီး ပျုငှါသော Guide
-ဆေးဝါးသတ္တာ
-ပန်းခြံ ဝင်ကြေး
-အိမ်ပြန်အမှတ်တရ လက်ဆောင်လေးတွေ...

ဝန်ဆောင်မှု ကတော့ကျေနပ်စရာ အပြည့် ရဖို့ အာမခံ ပါတယ်ခင်ဗျ။

ခရီးစဉ် အစဆုံး စားရိတ်ငြိမ်း ၃၅၀၀၀
မိသားစု ၅ ယောက်တစ်ဖွဲ့ ကို ၂၀၀၀၀ လျော့ပေးဦးမှာဗျ..
၈ ယောက်အဖွဲ့ ကို ၈ ယောက်မြောက် အတွက် အခမဲ့ပါခင်ဗျ..

ပေါ့ပေါ့ပါးပါး ခရီးသွား၍ စိတ်ချမ်းမြေ့စေမှာ Charming Myanmar ပါ။

Charming Myanmar Travels & Tours
09 40139 1818
09 42139 1818
09 79953 8318

Company နှင့် အသင်းဖွဲ့များအတွက် အထူးဈေးနှုန်းဖြင့် သီးသန့် ဝန်ဆောင်မှုပေးပါသည်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

9799538318

Alerts

Be the first to know and let us send you an email when Charming Myanmar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Charming Myanmar Travels & Tours:

Share

Category