Shwe Hlwar Su Thu Travel & Tour

Shwe Hlwar Su Thu Travel & Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Hlwar Su Thu Travel & Tour, Travel Company, Yangon.

💁ငပလီ၊ ပုလဲကျွန်းနားလေးက ရေလယ်စေတီလေးပါ ဂျိတ္တောကမ်းခြေ တံငါရွာနဲ့နီးပါတယ်ခုဆို စေတီနဲ့ကမ်းခြေကို ဝါးတံတားလေးထိုးပေးထားလိ...
26/03/2017

💁ငပလီ၊ ပုလဲကျွန်းနားလေးက ရေလယ်စေတီလေးပါ ဂျိတ္တောကမ်းခြေ တံငါရွာနဲ့နီးပါတယ်
ခုဆို စေတီနဲ့ကမ်းခြေကို ဝါးတံတားလေးထိုးပေးထားလို့ အလွယ်တကူသွားရောက်ဖူးမြော်နိုင်ပီလေ 🙇

ခရီးသွားရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ (၇) ခုDSLR ကင်မရာတစ်လုံးတော့ ပိုင်ဆိုင်ထားမယ်ဆိုရင် ကွာလတီ...
13/03/2017

ခရီးသွားရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ (၇) ခု

DSLR ကင်မရာတစ်လုံးတော့ ပိုင်ဆိုင်ထားမယ်ဆိုရင် ကွာလတီမြင့်တဲ့ပုံလှလှလေးတွေ ရနိုင်တယ်လေ။
ခရီးထွက်ဖို့ စဉ်းစားလိုက်ပါ။ အလုပ်တွေ၊ စိတ်ညစ်စရာတွေကို ခဏလောက်ကျောခိုင်းပြီး ကိုယ့်အတွက်ကိုယ် ဦးစားပေးတဲ့အနေနဲ့ ခရီးသွားသင့်ပါတယ်။ ခရီးထွက်ရတာ ဝါသနာပါသူလေးတွေကတော့ ဘယ်သွားသွား ဒါလေးတွေကို သယ်သွားဖို့ လိုပါတယ်။

၁။ ကျောပိုးအိတ်

အဝတ်တွေထည့်ဖို့၊ ပစ္စည်းတွေသယ်ဖို့ မဟုတ်ပါဘူး။ နေ့ချင်းပြန်ခရီးတွေအတွက် ကျောပိုးအိတ်တစ်လုံးက အဆင်ပြေဆုံးပါပဲ။ ကိုယ့်အတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို ကျောပိုးအိတ်လေးထဲထည့်ပြီး သယ်ရတာ ဝန်ကျဉ်းကျဉ်းနဲ့ သက်တောင့်သက်သာရှိပါတယ်။

၂။ စာရွက်စာတမ်းထည့်ဖို့အိတ်

ပြည်ပခရီးထွက်တဲ့အခါ ဒီအိတ်လေးတစ်လုံးက အရေးကြီးပါပဲ။ လေယာဉ်လက်မှတ်၊ ပတ်စ်ပို့၊ ပိုက်ဆံ စတာတွေကို အိတ်လေးတစ်လုံးထဲ စုစည်းထည့်ထားရင် လိုအပ်တဲ့အခါ လိုက်ရှာနေစရာမလိုတော့ဘူးပေါ့။ ကိုယ်နဲ့မကွာ ဆောင်ထားဖို့တော့ လိုပါမယ်။

၃။ ကင်မရာ

မိန်းကလေးပီပီ ခရီးသွားပြီဆိုမှတော့ ဓာတ်ပုံလှလှ ရိုက်မှာပဲမဟုတ်လား။ အမှတ်တရတွေကို ပုံရိပ်တစ်ခုအနေနဲ့ သိမ်းထားတာ ကောင်းပါတယ်။ DSLR ကင်မရာတစ်လုံးတော့ ပိုင်ဆိုင်ထားမယ်ဆိုရင် ကွာလတီမြင့်တဲ့ပုံလှလှလေးတွေ ရနိုင်တယ်လေ။ တချို့ဖုန်းတွေကလည်း ကင်မရာအရမ်းကောင်းတာ ရှိပါတယ်။

၎။ ဖတ်စရာ

ကားပေါ်မှာ၊ လေယာဉ်ပေါ်မှာ စာအုပ်လေးဖတ်ပြီး လိုက်ပါစီးနင်းရတာ တကယ်ကောင်းပါတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်၊ စာအုပ်လေးဖတ်လိုက်နဲ့ ခရီးသွားမှုရဲ့ အနှစ်သာရတစ်ခုကို ရရှိမှာပါ။

၅။ အလှအပ

အလှကုန်ပစ္စည်းတွေကို သယ်သွားပါလို့ တိုက်တွန်းနေစရာတောင် မလိုပါဘူး။ မိန်းကလေးပဲဥစ္စာ သယ်မှာပေါ့။ မဟုတ်ဘူးလား။ အရေးကြီးတာက နေရောင်ကာလူးဆေး၊ အစိုဓာတ်ဖြည့်ခရင်မ်၊ မိတ်ကပ်ဘူး၊ နှုတ်ခမ်းနီတွေကတော့ မဖြစ်မနေ သယ်သွားရမယ်နော်။ ရာသီဥတုကြောင့် ကိုယ့်အလှအပလေး မပျက်စီးအောင် ထိန်းသိမ်းရမယ်လေ။

၆။ ဖိနပ်နဲ့ဦးထုပ်

သွားမယ့်နေရာကိုလိုက်ပြီး ဦးထုပ်တစ်လုံးကို ဆောင်းသွားပါ။ ဖိနပ်ကတော့ ဘယ်ကိုပဲသွားသွား ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်စေမယ့်ဖိနပ်ကိုပဲ ရွေးချယ်ဖို့ လိုအပ်ပါတယ်။

၇။ ဖုန်းဆက်စပ်ပစ္စည်း

Powerbank၊ နားကြပ်၊ အားသွင်းကြိုးတို့ကလည်း လိုအပ်လာရင် သူများဆီက ငှားဖို့ခက်တဲ့အရာတွေပါ။ အထုပ်အပိုးတွေ ပြင်ကတည်းက သတိထားပြီးထည့်ထားရပါမယ်။ ခရီးသွားတဲ့အခါ ကျောပိုးအိတ်လေးထဲထည့်ပြီး ယူသွားပေါ့။

Source : Mary Gartside
Credit : Duwun

ကဲ Air-Asia ရဲ့ Free Seats အထူး Promotion လက်မှတ်တွေ မတ်လ ၁၉ ရက်နေ့ ည ၁၀း၃၀ နာရီထိ ၀ယ်လိုရတယ်တဲ့နော်
13/03/2017

ကဲ Air-Asia ရဲ့ Free Seats အထူး Promotion လက်မှတ်တွေ မတ်လ ၁၉ ရက်နေ့ ည ၁၀း၃၀ နာရီထိ ၀ယ်လိုရတယ်တဲ့နော်

အရမ်းပူတယ်ဝေ့ 🌝🌞နွေရာသီ အပြင်/ခရီးသွားရင် ဒါလေးတွေ ဆောင်သွားကြနော် 🌂👒👓👙
13/03/2017

အရမ်းပူတယ်ဝေ့ 🌝🌞
နွေရာသီ အပြင်/ခရီးသွားရင် ဒါလေးတွေ ဆောင်သွားကြနော် 🌂👒👓👙

ဂုဏ်ယူပါတယ် 👏👏👏ကမ္ဘာကျော် ခရီးသွားလမ်းညွှန်လုပ်ငန်း TripAdvisor ၏ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ အလှပ...
12/03/2017

ဂုဏ်ယူပါတယ် 👏👏👏
ကမ္ဘာကျော် ခရီးသွားလမ်းညွှန်လုပ်ငန်း TripAdvisor ၏ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ အလှပဆုံး ကမ်းခြေတခုဖြစ်သည့် ငပလီကမ်းခြေသည် online voting မဲစနစ်အရ TripAdvisor 's Traveller's Choice ဆုကိုရွေးချယ်ခံခဲ့ရပြီး ကမ္ဘာပေါ်ရှိကမ်းခြေများထဲတွင် နံပါတ် ၈ နေရာတွင် ရရှိခဲ့သည်။

ကဲ ဒီနှစ်နွေပိတ်ရက်ကို ကိုယ့်ပြည်တွင်းက ဘယ်ကို go ကြမလဲလို့ 🚈🚐✈
12/03/2017

ကဲ ဒီနှစ်နွေပိတ်ရက်ကို ကိုယ့်ပြည်တွင်းက ဘယ်ကို go ကြမလဲလို့ 🚈🚐✈

Address

Yangon

Alerts

Be the first to know and let us send you an email when Shwe Hlwar Su Thu Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category