New Myanmar Emperor Travels & Tours

New Myanmar Emperor Travels & Tours Our Office address is No.209 , Room11 , Pansodan Road , Kyauktada Tsp . Address :209, 3rd F, Pansoedan Road , Kyauktada Tsp , yangon

New Myanmar Emperor Travels & tours Co, Ltd was established in 2013 March 28 in Myanmar the registration for fund raising program of New Myanmar Foundation .

*** HAPPY NEW YEAR 2014 ***
31/12/2013

*** HAPPY NEW YEAR 2014 ***

17/11/2013
in Korea
17/11/2013

in Korea

* အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး *သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ဒွါဒသဉ္စ သဟဿကေ၊ပဉ္စဿတ သဟဿာနိ၊နမာမိ သိရသာမဟံ။အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊အနန္တာ နိ...
03/10/2013

* အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး *

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။

အနက်အဓိပ္ပာယ် ဂါထာ အနက်
အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စဿတ သဟဿာနိ-- အေ၇အတွက် ပမာဏ ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) အတိုင်းအရှည်ရှိကုန်သော၊

သမ္ဗုဒ္ဓေ အဆူဆူ ပွင့်တော်မူပြီးသော ဘုရားရှင်တို့အား၊
အဟံ - ဘုရားတပည့်တော်သည်၊
သိရသာ - ဦးခေါင်းအင်္ဂါ မြတ်ရတနာဖြင့်၊
နမာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား၊

ဂင်္ဂါ၊ - ဂင်္ဂါမြစ်ထဲ၌ ရှိကုန်သော၊
ဝါဠုကာ - သဲပွင့်တို့သည်၊
အပ္ပကာ - နည်းသေး၏။
နိဗ္ဗုတာ - ပရိနိဗ္ဗာန် စံတော်မူပြီး၍ ငြိမ်းအေးတော်မူပြီးကုန်သော၊
ဇိနာ - ငါးမာန်အောင်မြင် ဘုရားရှင်တို့သည်၊
အနန္တာ - ဤ၍ ဤမျှ ဂဏန်းချ၍ ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါပေ၊

အဟံ - ဘုရားတပည့်တော်သည်
တေသံ - ပရိနိဗ္ဗာန်စံတော်မူပြီးကုန်သော ဘုရားရှင်တို့၏ ၊
ဓမ္မဉ္စ - နှုတ်မြွက် ဟောဖော် တရားတော်ကို၎င်း၊
သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို၎င်း၊
အာဒရေန - ရိုသေလေးမြတ်သောအားဖြင့်၊
နမာမိ - ရှစ်ခိုးပူဇော်ပါ၏ ။

နမက္ကာရာ နုဘာဝေန၊ - ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်၊
သဗ္ဗေ - ခပ်သိမ်းကုန်သော၊
ဥပဒ္ဒဝေ - ဘေးရန် ဥပါဒ် မှန်သမျှတို့ကို၊
ဟိတွာ - ပယ်ဖြတ်၍၊

အနေက အန္တရာယာပိ၊ - တစ်ပါးမက များစွာကုန်သော အခြားသော အန္တရာယ် အားလုံး တို့သည်လည်း၊
အသေသတော - အကြွင်းအကြံမရှိသောအားဖြင့်၊ ( အကျိုးမပေးနိုင်သောအားဖြင့် ) - ပြောက်ပျက်ပါစေကုန်သတည်း။

မြန်မာပြန်--
အေ၇အတွက် ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ )
ကုန်သော ပွင့်တော်မူပြီးသား ဘုရားရှင်တို့အား ဘုရားတပည့်တော်ရဲ့ -
ဦးခေါင်း ရတနာဖြင့် ရှိခိုးပါ၏ အရှင်ဘုရား၊
ဂင်္ဂါမြစ်ထဲမှာ ရှိနေတဲ့ သဲတွေက နည်းပါးနေပါသေးတယ်၊
ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့ ဘုရားရှင်တွေကတော့ ဤ၍ ဤမျှ ဂဏန်းချ၍
ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါ။

ဘုရားတပည့်တော်သည် ထိုဘုရားရှင်တွေရဲ့ တရားတော် အရိယာသံဃာ သမ္မုတိ သံဃာတော်တွေအားလည်း ရိုသေလေးမြတ်စွာ ရှစ်ခိုးပါ၏ ။

ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ
စေတနာတို့ကြောင့်၊ ဘေးရန် ဥပါဒ် အလုံးစုံကို ပယ်ဖြတ်ပြီး သကာလ အခြားသော အန္တာရာယ် အားလုံးတို့သည်လည်း၊အကြွင်းအကျံ မရှိသော
အားဖြင့် ပျောက်ပျက် လွင့်ပြယ် ပါစေကုန်သတည်း။

* စစ်မှန်သော တရားတော်တို့ကို တန်ဖိုးထား အသုံးချနိုင်ကြပါစေ။ *

Ko Myoe

“ ရွှေတိဂုံစေတီတော် အောက်ကလျို့ဝှက်၂ ခုကို အာမေးနီးယန်းလူမျိုး တစ်ယောက်ကသိ ”ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွ...
29/09/2013

“ ရွှေတိဂုံစေတီတော် အောက်ကလျို့ဝှက်၂ ခုကို
အာမေးနီးယန်းလူမျိုး တစ်ယောက်ကသိ ”

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ
့ရွှေလှေတစ်စီးရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရ သိရှိရပါတယ်။

www.pyae-phyo.blogspot.com
မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါတယ်။

ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိတယ်။ ရေတွင်းဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား (၆) ပေခွဲခန့်ရှိပြီး ကျောက်မျက်ရတနာများနဲ့ စီချယ်ထားတဲ့ ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေတယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှတဲ့ စေတီအဆောက်အအုံကြီးကို ပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့ သာတည်ဆောက်ခဲ့တယ်။ ပင်လယ်ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေသနပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်း မစ္စတာအပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကို လိုက်လံပြသစေတဲ့အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့်တန်ဆောင်း နေရာမှာ ရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင်ထားမှုကြောင့် အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရပါတယ်။

မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့
အိမ်ထောင်ကျပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီး
မြေးများနဲ့အတူ ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းမှာ
ဖော်ပြထားပါတယ်။ မစ္စတာအပရမေ ကိုယနေ့ကြေးမုံက တွေ့ဆုံမြေးမြန်းပြီး ၁၃. ၃. ၆၈ နေ့မှာ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြထားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်းကို နှောင်းလူများ သိရှိစေရန်ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။

ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်

* မိုက်ခရိုဆော့ဖ် တွင်သာ အလုပ် ရခဲ့လျှင် *  အလုပ်အကိုင် မရှိတဲ့ လူငယ် တစ်ဦးဟာ Microsoft မှာ ရုံးဝန်ထမ်း အဖြစ် အလုပ်လုပ်...
29/09/2013

* မိုက်ခရိုဆော့ဖ် တွင်သာ အလုပ် ရခဲ့လျှင် *

အလုပ်အကိုင် မရှိတဲ့ လူငယ် တစ်ဦးဟာ Microsoft မှာ ရုံးဝန်ထမ်း အဖြစ် အလုပ်လုပ် ဖို့အတွက် လာ လျှောက်ပါတယ်။ HR မန်နေဂျာက အင်တာဗျူး ပြီး သူ့ရှေ့ မှာပဲ ကြမ်းပြင် သန့်ရှင်းရေး လုပ် ကြည့် ဖို့ ခိုင်းပါတယ်။ တကယ် ပဲ သန့်ရှင်းရေး လုပ်ပြတော့ သူ့ကို အလုပ်ခန့် မယ်လို့ တစ်ခါ တည်း စကားဆို လိုက်ပါတယ်။ ပြီးတော့ HR မန်နေဂျာက

"ရှင့် အီးမေးလ် ပေးပါ။ အဲ့ အီးမေးလ် ဆီကို ဖြည့်ဖို့ လိုအပ်တဲ့ ဖောင်တွေ ပို့လိုက် ပါမယ်။ အဲ့ မှာ ဖြည့်ပြီး ပြန်ပို့ ပေးပါ" လို့ ဆိုပါတယ်။

ဒီတော့ လူငယ်က

"ကျနော့ မှာ ကွန်ပြူတာ လည်း မရှိဘူး။ အီးမေးလ် လည်း မရှိဘူး" လို့ ဖြေတော့ HR က ဒီလို ပြ န်ဖြေ ပါတယ်။

"ဝမ်းနည်း ပါတယ်။ ဒီခေတ် မှာ လူ တစ်ယောက် ဟာ အီးမေးလ် တစ်ခုတော့ အနည်းဆုံး ရှိသင့် ပါတယ်။ အခု ရှင့်မှာ မရှိသေးဘူး ဆိုတော့ အလုပ်ခန့် ဖို့ မဖြစ်နိုင် သေးပါဘူး။ နောက်တော့ မှပဲ လာခဲ့ပါ" လို့ လွယ်လွယ် ပဲ ပြော ပြီး ပြန်လွတ် လိုက်ပါတယ် ။

ဒီတော့ လူငယ်လေး စိတ်ဓာတ် ကျကျနဲ့ အိမ်လှည့် ပြန်လာ ပါတယ်။ လက်ထဲမှာ ၁၀ ဒေါ်လာ ပဲ ရှိပါတယ်။ ဒီတော့ စူပါမားကတ် မှာ ခရမ်းချဉ်သီး ၁၀ ဒေါ်လာ ဖိုး ၁၀ ကီလို ဂရမ် ဝယ်ပြီး တစ်အိမ် ဝင် တစ်အိမ် ထွက် တံခါးခေါက် လို့ လိုက်ရောင်း ကြည့် ပါတယ်။ ၂ နာရီ တောင် မကြာပဲ သူ့ငွေ ဟာ ၂ ဆ ဖြစ်သွား ပါတယ်။ ဒါကြောင့် စူပါမားကတ် မှာ နောက် ၂ ခါ ဝယ်ပြီး လိုက်ရောင်း တော့ အိမ်ကို ဒေါ်လာ ၆၀ နဲ့ ပြန်လာ နိုင်ခဲ့ ပါတယ်။

ဒါကြောင့် ယခုလို ဈေးသွား လို့ အ ဆင်မပြေတဲ့၊ ဈေးသွား ခဲတဲ့ ရပ်ကွက် တွေမှာ တစ်အိမ်ဝင် တစ် အိမ်ထွက် စားသောက်ကုန် တွေ လိုက်ရောင်း ရင် အမြတ် ကောင်းကောင်း ရနိုင် တယ် ဆိုတာကို တွက် ချက် မိပြီး မနက်တိုင်း အိမ် ကနေ စောစော ထွက်လို့ စားသောက် ကုန် တွေ လိုက်ရောင်း ပါ တယ်။

ဝယ်ရင်း ရောင်းရင်း၊ ဝယ်ရင်း ရောင်းရင်း ငွေတွေ တိုးလာလို့ ကား နဲ့ လိုက်ရောင်း တဲ့ ထိ ဖြစ်လာ ပါတယ်။ နောက်ဆုံး တစ်ယောက်တည်း မနိုင်လို့ အကူတွေ ပါ ခေါ်ရင်း တပည့်တွေ ရှိလာ ပါတယ်။ ဒီလို နဲ့ ရပ်ကွက်တိုင်း အတွက် ဖြန့်ဖို့ အတွက် ဝန်ထမ်းတွေ ခန့်  ပြီး လုပ်လိုက်တာ ငါးနှစ် အကြာ မှာ အမေရိကန် နိုင်ငံ က အကြီးဆုံး စားသောက်ကုန် လက်လီ အရောင်း ကုမ္မဏီကြီး တစ်ခု ဖြစ် လာ ပါ တယ်။ အမေရိကန် တင်မက တော့ပဲ အမေရိကတိုက်၊ ဥရောပ တိုက် တွေထိ ကိုပါ Retail Service ကို နယ်ပယ် ချဲ့ ထွင်တော့ မှာ ဖြစ်ပါတယ်။

ဒီတော့ ငွေကြေး အင်မတန် ချမ်းသာ နေပြီ ဖြစ်တဲ့ သူ မိသားစု အတွက် အာမခံ တစ်ခု ရှိဖို့ လို အပ်တယ် ဆိုတာ တွက်ချက် မိတော့ အာမခံ ကုမ္မဏီ တစ်ခု ကို ခေါ်ပါတယ်။ အာမခံ ထားရှိဖို့ စကား ဆိုပြီး အာမခံ ကုမ္မဏီ က သူ့ အီးမေးလ် ကို တောင်းတဲ့ အခါ

"ကျနော့မှာ အီးမေးလ် မရှိဘူး" လို့ပဲ ပွင့်ပွင့် လင်းလင်း ဖြေပါတယ်။ ဒီတော့ ဝန်ထမ်း လူငယ် က အံ့သြစွာပဲ

"ဆရာ့ မှာ အီးမေးလ် မရှိပဲနဲ့ စီးပွားရေး တွေ လုပ်တာ ဒီလောက်တောင် အောင်မြင် တယ်။ အီးေ မးလ် သာ ရှိလို့ကတော့ ဘယ်လောက် တောင် အောင်မြင် လိမ့်မလဲ" လို့ ပြောတော့ သူဌေး က ခပ်ပြုံးပြုံး ပဲ ပြန်ဖြေ ပါတယ်။

"ကျနော့ မှာသာ အီးမေးလ် ရှိ ခဲ့ရင် Microsoft မှာ တစ် သက်လုံး သန့်ရှင်းရေး ဝန်ထမ်း ဖြစ်သွား မှာပါ"

သင်ခန်းစာ ---

အင်တာနက်၊ အီးမေးလ် တို့ ကဲ့ သို့ အထောက် အပံ့ များက ဘဝ အောင်မြင်ရေး အတွက် အဖြေ မဟုတ် ပါ။ ကြိုးစား ချင် သည့် စိတ်ဓာတ် ကသာ အောင်မြင် ရန် အခြေခံ အုတ်မြစ် ဖြစ်သည်။

အောင်ခမ်း (TSJ team)

“ဗိုလ်ချုပ်ပြောသော သံဃာ့ကျေးဇူး”  (၂၀ - ၁ - ၄၆) ဖဆပလအဖွဲ့ချုပ်ညီလာခံမိန့်ခွန်းမှ...M.M.W.A.I မှထုတ်ဝေသော မဂ္ဂဇင်းမှ ထုတ်န...
26/09/2013

“ဗိုလ်ချုပ်ပြောသော သံဃာ့ကျေးဇူး”

(၂၀ - ၁ - ၄၆) ဖဆပလအဖွဲ့ချုပ်ညီလာခံမိန့်ခွန်းမှ...

M.M.W.A.I မှထုတ်ဝေသော မဂ္ဂဇင်းမှ ထုတ်နုတ်ရေးသားပါသည်။

'ဌေး' သာမဏေကျော်

၂၀၁၅ DV Lottery နဲ့သက်ဆိုင်သည် Links များwww.dvlottery.state.govhttp://travel.state.gov/pdf/DV_2015_Instructions.pdfအသေး...
26/09/2013

၂၀၁၅ DV Lottery နဲ့သက်ဆိုင်သည် Links များ

www.dvlottery.state.gov

http://travel.state.gov/pdf/DV_2015_Instructions.pdf

အသေးစိတ်သိလိုတယ်ဆိုရင် ကောင်စစ်ဌာနရဲ့ အီးမေးလိပ်စာ

[email protected] ဆီ အီးမေးလ်ပို့ပြီး စုံစမ်းနိုင်ပါတယ်။

Electronic Diversity Visa
www.dvlottery.state.gov

“ စကားကြီးသုံးခွန်း ”မြစ်ကြီးလည်း မခန်းပါစေနဲ့၊သစ်ပင်ကြီးလည်း မလဲပါစေနဲ့၊ထုံးအိုးကြီးလည်း မကွဲပါစေနဲ့၊"မြစ်ကြီးလည်း မခန်...
23/09/2013

“ စကားကြီးသုံးခွန်း ”

မြစ်ကြီးလည်း မခန်းပါစေနဲ့၊
သစ်ပင်ကြီးလည်း မလဲပါစေနဲ့၊
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့၊

"မြစ်ကြီးလည်း မခန်းပါစေနဲ့" ဆိုတာ အေးမြတဲ့ စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ။ လူလူချင်း မေတ္တာထားကြ၊ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခန်းကြစေနဲ့ ဆိုတဲ့အဓိပ္ပါယ်ပဲ။

"သစ်ပင်ကြီးလည်း မလဲပါစေနဲ့" တဲ့၊ သစ်ပင်ကြီးဟာ အခက်အလက် အရွက်တွေ ဝေဝေဆာဆာနဲ့ အရိပ်အာဝါသကို ပေးတယ်။ ထို့အတူပဲ...... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့ အရိပ်အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို ရတယ်။
ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့လိုသလို အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့၊ ကျေးဇူးမကန်းမိဖို့ သတိထားရလိမ့်မယ်။ သစ်ပင်ကြီးကို ခုတ်လှဲပြစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာ ရောက်တာပဲ။
ဒါကြောင့် သစ်ပင်ကြီးမလဲအောင် ကြိုးစားထိန်းသိမ်းကြ။

"ထုံးအိုးကြီး မကွဲပါစေနဲ့" ဆိုတာကတော့ ရိုးရာ ဓလေ့ထုံးစံတွေကို ပြောတာပါ။
မိဘဘိုးဘွားလက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကောင်းတွေ မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။။


( ရွှေဥမင်ဆရာတော်ဘုရားကြီး )

Posted by SITAGU MDY

“ဆင်းတုရှိခိုးတာ အကျိုးရှိသလား၊ ဗုဒ္ဓဘာသာတိုင်းသိသင့်ပါတယ်”ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။...
21/09/2013

“ဆင်းတုရှိခိုးတာ အကျိုးရှိသလား၊ ဗုဒ္ဓဘာသာတိုင်းသိသင့်ပါတယ်”

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား..ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊ အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ ရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါတော့မလဲ။

(ဒေါက်တာမင်းတင်မွန်)

အနှိုင်းမဲ့စာတိုပေစများ

ဘာသာ ၊ သာသနာ အတွက် ထောက်ပံ့တာ ဂုဏ်ယူပါတယ်။ လှူဒါန်းမှူ့ ကုသိုလ်အတွက် သာဓု ခေါ်ဆိုပါတယ်။*ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု**ဗုဒ္ဓသာသနံ စ...
21/09/2013

ဘာသာ ၊ သာသနာ အတွက်
ထောက်ပံ့တာ ဂုဏ်ယူပါတယ်။
လှူဒါန်းမှူ့ ကုသိုလ်အတွက်
သာဓု ခေါ်ဆိုပါတယ်။

*ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု*
*ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု*
*ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု*

“ ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး ”======================အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှ မ...
10/09/2013

“ ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး ”
======================
အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှ မရောက်၊ ဘယ်နားမှာ ရှိမှန်း မသိတာလဲ ပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။

၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက်ဘုရား
၉။ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။


(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား (အံ့ဖွယ် ၁ -တနလာင်္ထောင့်)
ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆိုလျှင် မှားမည်မဟုတ်ပေ။ တ၀ဂူ ပတ္တမြားမျက်ရှင်ဘုရားဟုလည်း ခေါ်တွင်လေသည်။ဆုတောင်းပြည့် တ၀ဂူုဘုရားသည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု အလွန်ယုံကြည်ကြသည်။ ရှေးအခါက မင်းညီမင်းသားများသည် တ၀ဂူ ဆုတောင်းပြည့် ဘုရားကို တက်ပြီးဆုတောင်းဆုယူပြုလုပ်ကြသည်။ သစ္စာအဓိဌာန်ပြုလုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလုယူကြသည်။ ထီးနန်းအုပ်ချုပ်မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်းမသတ် ဖြတ်စေရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက် မင်းညီမင်းသားများ တ၀ဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ဘုရင်များက အမိန့်စာချွန်တော်ထုတ်ပြန်ခဲ့ရလေသည် ဟုမှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့် တ၀ဂူဘုရားကို လူတိုင်း အလွယ်တကူ မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူဘုရားကို အထက်ပစ္စယံ လူသူအရောက်အပေါက်နည်း သော နေရာတွင်လျှို့ဝှက် တည်ထားကိုးကွယ်ကြသည်ဟု ပြောသမှတ်ပြုကြပါသည်။

(၂) ၀ိဇ္ဖာဇော်ဂျီဘုရား (အံ့ဖွယ် ၂ - နေလဘုရားအရှေ့ဘက်မှာရှိပါတယ်... ဒီဘုရားကပန်းမဦးဘူးလို.သိရပါတယ်... ဘယ်လောက်စောစောထပြီး ပန်းလှူလှူ.. ပန်းလှူပြီးသားဖြစ်နေတာကိုပဲတွေ.ရလို.ပါတဲ့ )
ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထား သည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့်ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။

(၃) ဆုတောင်းပြည့်ဘုရား (အံ့ဖွယ် ၃ - ရှင်စောပုဘုရား ....၁၂ရာသီပတ်လုံးပန်းပွင့်ပါတယ်တဲ့)
ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင်တည်ရှိတသည်။ အချို့ က ဘားလးဘားဘုရားဟုခေါ် ကြသည်။ ရှင်စောပုစေတီဟုလည်းတွင်သည်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင်ရှိသည်။

(၄) ရှင်မထီးဘုရား (အံ့ဖွယ် ၇ - ပညာရေးကောင်း)
ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရားမြောင်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီးဆရာတော် တည်သွားသည့်ဟုပြောသည်။

(၅) ရှင်အဇ္ဖဂေါဏဘုရား (အံ့ဖွယ် ၅ - ရှင်အဇ္ဖဂေါဏ နဲ.ရှင်မထီးဆရာတော် ကိုတော်၂များများကတစ်ပါးထဲလို. မှားတတ်ကြ ပါတယ်... ရှင်အဇ္ဖဂေါဏက ပုဂံပြည်ကိုပထမဆုံးစတည်ထောင် တဲ့ သမုဒ္ဒရာဇ်မင်းလက်ထက်မှာပေါ် ခဲ့တဲ့ဆရာတော်ပါ.... ရှင်မထီး ဆရာတော်ကတော့ ပျူစောထီးမင်း လက်ထက်မှာပေါ်ပေါက် ခဲ့တဲ့ဆရာတော်ပါ.. အဂ္ဂိရိတ်သမားတွေအတွက် အလွန်အားထားရတဲ့ ရှင်မထီးကျမ်းကိုပြုစုခဲ့တဲ့သူပါ.)
ရွှေတိဂုံဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဖဂေါဏကား ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ်တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင်စောင်မခဲ့သော ကိုယ်တော်ဟုလည်းေ၇ှးဟောင်းသမိုင်းစာပေတို့တွင် ဆို၏။ ဆရာတော်က ၄င်းတည်ခဲ့မှန်း လူများသိစေရန် မျက်လုံးတော်တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် ထုလုပ် သွားကြောင်းအဆိုရှိသည်။ ထိုအာရုံခံတန်ဆောင်း ရာဟုထောင့် (၀ါ) အနောက်မြောက်ထောင့်ရှိ ရုပ်ပွါးတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် အရွယ်ချင်းမတူအောင်ပြုလုပ်ထားလေသည်။

(၆) ဆံတော်တွင်းရုပ်ပွားတော် (အံ့ဖွယ် ၄ -လပြည့်လကွယ်နေ.များတွင် ရေသံကြားရသည်ဟုဆိုကြပါသည်)
ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်းတန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။
တန်ဆောင်းတွင်းရုပ်ပွားတော်အနောက်တွင် ယခင်နှစ်ပေါင်း (၅၀)ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်သဖြင့် ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းတွင်လည်း အတက်အကျရှိသည်ဟု ဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။

(၇) ဘိုးဘိုးအောင်ဘုရား (အံ့ဖွယ် ၆ - ဘိုးဘိုးအောင်ဂူဘုရား)
ရွှေတိဂုံစေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်း ဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်းအနောက်ဘက်တွင် ကျောချင်းကပ်လျှက် ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတောင်စေတီဖြစ်သည်။ ဓမ္မစေတီဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ်ရှိသည်။

(၈) လက်ပက်လက်ဘုရား (အံ့ဖွယ် ၈ - တနလာင်္ထောင့်မှာ ရှိပါတယ်.. .လာဘ မုနိ ဘုရားလို.လဲခေါ်ပါတယ်.. ကျန်းမာရေးညံ့ရင် ထိုဘုရားမှာ ဆုတောင်းပါတဲ့)
ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင် ရှိ၏။ ကကုသန်ရုပ်ပွားတော်ဖြစ်သည်။လိုဏ်အတွင်းရှိကကုသတ်ဘုရားရှင် ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြားဘုရားများ ထုစဉ်ကဲ့သို့ လက်မှောက်ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထားပြီး ထုထားသဖြင့် လက်ပက်လက်ဘုရားဟုခေါ်ဝေါ်လေ့ရှိလေသည်။

(၉) ပြဒါးရှင်ဘုရား (အံ့ဖွယ် ၉ - )
ရွှေတိဂုံရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အလွန်အချိုးအစားကျနပြေပြစ်လှသည်။ နဖူးတော်တွင် မို့မောက်နေပြီး ပြဒါးရှင်လုံးဌာပနာထားသည်ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံးရှိသည် မရှိသည်ကား အသေအချာ မသိရသော်လည်း အဆိုပါကြေးဆင်းတုတော်မှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များအနက် အလွန်ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ၀န်ခံရပေသည်။

ထိုအံ့ဖွယ် ၉ ပါးအပြင် နေလ ဘုရား၊ ပိတုန်း ၂ ကောင်ကို တစ်ဖက်စီ ကိုင်ပြီ ဆုတောင်းရသော ဘုရားများလည်း ရှိသေးသည်။ ရွှေတိဂုံရောက်သည့် အခါ စုံအောင် ဖူးနိုင်ပါစေ။

Address

Address :209, 3rd F, Pansoedan Road , Kyauktada Tsp
Yangon

Alerts

Be the first to know and let us send you an email when New Myanmar Emperor Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Myanmar Emperor Travels & Tours:

Share

Category