Myan Tour Travel

Myan Tour Travel Welcome to Myan Tour Travel and Tour! 🌏✈️

🇲🇲 Discover the Beauty of Myanmar with Us! 🌄 သမိုင်းစာပေဗဟုသုတများနဲ့ ခရီးသွားဗဟုသုတဖတ်ဖို့ Like လုပ်ထားပါ
(603)

13/01/2025

01/07/2024
သင်ဟာ ပန်းချီကားတွေကို ကြည့်ရှုခံစားရတာ ဝါသနာပါ စိတ်ဝင်စားတဲ့ သူလား?ပန်းချီကားတွေကို ဝယ်ယူစုဆောင်းရတာ ကြိုက်တဲ့သူလား???သ...
31/01/2023

သင်ဟာ ပန်းချီကားတွေကို ကြည့်ရှုခံစားရတာ ဝါသနာပါ စိတ်ဝင်စားတဲ့ သူလား?
ပန်းချီကားတွေကို ဝယ်ယူစုဆောင်းရတာ ကြိုက်တဲ့သူလား???
သင့်ရဲ့ ပန်းချီလက်ရာတွေကို အများသိအောင် ချပြချင်တဲ့ သူလား???
ပန်းချီအနုပညာကို နှစ်သက်မြတ်နိုး တန်ဖိုးထားသူတိုင်းအတွက် အနော်ရထာပန်းချီပြခန်းရှိပါတယ်။
အနော်ရထာပန်းချီပြခန်းကြီးထဲမှာ မြန်မာ့ပန်းချီကျော် ဆရာကြီးများရဲ့ အဆင့်မြင့်ပန်းချီလက်ရာများကို ကြည့်ရှုခံစား လေ့လာနိုင်ပြီး သင့်တင့်မျှတသောတန်ဖိုးနဲ့ လာရောက် ဝယ်ယူနိုင်ပြီး ပန်းချီအနုပညာနဲံ့ ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းများကိုလည်း ရောင်းချပေးလျှက်ရှိပါတယ်။

✅ Anawrahta Art Gallery
No.50, Thit Yar Pin Street, 23rd Ward, VIP-1
Thuwanna, Thingangyun Township, Yangon.

✅Contact ➖ 09- 260 744 244/ 09- 260 22 33 44






17/05/2022

မြန်မာ့ယဉ်ကျေးမှုအနုပညာကို ချစ်မြတ်နိုးသူတိုင်း ဒီ Page ကို Like လုပ်ပြီး မြန်မာ့ ပန်းချီလက်ရာ များကို လေ့လာကြည့်ရှုနိုင်ပါပြီ။

ပန်းချီအနုပညာကို နှစ်သက်မြတ်နိုး တန်ဖိုးထားသူတိုင်းအတွက် အနော်ရထာပန်းချီပြခန်း

27/04/2022

ပန်းချီတော်ဦးကြာညွန့် အကြောင်း

ဦးကြာညွန့်သည် နန်းတွင်းပန်းချီတော်ကြီးတစ်ဦးဖြစ်ကြောင်း ခိုင်လုံသောအထောက်ထားများနှင့် သုတေသီတို့ တင်ပြထားသည်ကို တွေ့နိုင်ပါသည်။
၁၉၇၃ ခုနှစ်အတွင်းက ဦးမင်းနိုင်သည် “ဦးကြာညွန့်နှင့် သူ့လက်ရာ” ဟူသော ခေါင်းစဉ်ဖြင့် သုတေသန စာတမ်းတစ်စောင် တင်သွင်းဖတ်ကြားခဲ့သည့်ပြင် ဦးကြာညွန့်၏ လက်ရာပန်းချီကားများကိုည်း ရောင်စုံဆလိုက်ပုံ များ ရိုက်ကူးပြသခဲ့ပါသည်။

ဦးကြာညွန့်၏ လက်ရာများကိုသာမက ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်ဟူသော ခေတ် အဆက်ဆက်တွင် တွေ့ရသမျှ မြန်မာ့ရှေးရိုးပန်းချီလက်ရာများ၊ နည်းစနစ်များ၊ အယူအဆများနှင့်တကွ နန်းတွင်း ပန်းချီဆရာတို့၏ တာဝန်များ၊ လုပ်ထုံးလုပ်နည်းများ စသည်တို့ကိုပါ စေ့စေ့စပ်စပ် ထောင့်စေအောင် လေ့လာတင်ပြသွားပါသည်။

သပ်ရပ်သေချာစွာ စေ့ငုရှာဖွေတင်ပြထားသော သုတေသနစာတမ်းတစ်စောင် ဖြစ်သောကြောင့် ဝါသနာပါသူတို့အတွက် စိတ်ဝင်စားဖွယ်ကောင်းသည့် မြန်မာတစ်မျိုးသားလုံးအတွက်လည်း ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာဖြစ်သည်ဟု ဆိုနိုင်ပါပေသည်။ သုတေသီဦးမင်းနိုင်တင်သွင်းခဲ့သော ထိုစာတမ်းကို “ရှေ့သို့စာစောင်” (၉၁၊ ၂၊ ၇၄) တွင် “သိပ္ပံမြင့်ဦး” က ပန်းချီကားဓာတ်ပုံများနှင့်တကွ မူရင်းမပျက်အောင် တင်ပြထားသည်ကို တွေ့နိုင်ပါ သည်။

ပုဂံတွင်အစ

ရှေးရိုးမြန်မာပန်းချီသည် ပုဂံခေတ်ကပင် စတင်ထွန်းကားခဲ့ကြောင်းကို ပုဂံဘုရား၊ ပုထိုး၊ ဂူတို့ရှိ ပန်းချီရုပ်များကိုကြည့်ခြင်းဖြင့် ကောင်းစွာသိနိုင်ပေသည်။ ထိုသို့သော ပန်းချီရုပ်များကို ရွေးချည်နိုင်ရန်အတွက် ပန်းချီဆရာ ဦးရေသည်လည်း ထိုက်သည့်အားလျော်စွာ များပြားခဲ့ရမည်မှာ မုချဖြစ်သည်။

သို့သော်လည်း
(၁) ၁၆၂၉ ခုနှစ်တွင် နန်းတက်ခဲ့သော သာလွန်မင်းတရားကြီးလကထက် စစ်တမ်းကောက်ယူချက်များ၊
(၂) ၁၇၃၀ ပြည့်နှစ် ညောင်ရမ်းခေတ် ဟံသာဝတီပါမင်းက သားတော်ငစဉ့်ကူးစားအား အိမ်ရှေ့ဆောက် နှင်းရာတွင် ပန်းချီပညာသည်များကို လက်ဖွဲ့ခြင်းမှတ်တမ်း
(၃) ၁၇၈၃ ခုနှစ် ဘိုးတော်ဘုရားက သားတော်ရွှေတော်မင်းသားကို အိမ်ရှေ့ဆောက်နှင်းရာတွင် လက်ဖွဲ့ သော ပန်းဆယ်မျိုးနှင့် ပတ်သက်သည့် ပညာသည် (၁၁၇) ယောက်တွင် ပန်းချီပညာသည် ဆည်ဦးပါဝင် သည်ဆိုသော မှတ်တမ်း စသည့်အထောက်အထားများကို သုံးသပ်ကြည့်လိုက်မည်ဆိုလျှင် ပုဂံခေတ် ကတည်းကပင် ပန်းချီပညာသင်များ မိမိလုပ်ငန်းနှင့် ရပ်တည်နေနိုင်ခဲ့ကြသည် မှန်သော်လည်း မြန်မာ နန်းတွင်း ပန်းချီပညာသည်များ ‘’ပညာသည်အစု” ဖြင့် သီးသီးသန့်သန့် အတည်တကျရှိလာသည်မှာ အင်းဝခေတ်လောက်တွင်မှ စတင်လာသည်ဟု ခန့်မှန်းရကြောင်း ဦးမင်းနိုင်က သူ၏စာတမ်းတွင် ဖော်ပြ ထားပါသည်။

အိန္ဒိယမူမှ မြန်မာမှုသို့

ရှေးမြန်မာ့ပန်းချီလက်ရာများကို လေ့လာသောအခါ ပုဂံ၊ ပင်းယခေတ်တွင် အိန္ဒိယမူအတိုင်း ရေးဆွဲခဲ့ကြသည်။ အင်းဝခေတ်မှစတင်၍ ပန်းချီကားထဲမှ လူရုပ်များ မြန်မာဆန်လာကြောင်း တွေ့ရသည်။

“ပုဂံ” ဟူသော စာစောင်တွင် “ပုဂံခေတ်နှင့် ပန်းချီပညာ” ဆောင်းပါး၌ ဆရာဇော်ဂျီက အောက်ပါ အတိုင်း ဖော်ပြခဲ့ပါသည်။

ပုဂံ၌ ဂူ၊ ကျောင်း၊ ကန်တို့ အမြောက်အမြား တည်လာကြသောအခါ ပန်းချီပညာသည်လည်း ပါလာလေသည်။ ဂူ၊ ကျောင်း၊ တန်ဆောင်းတည်ခြင်းသည် သာသနာ၊ ဘာသာဝါဒကိစ္စဖြစ်သဖြင့် ပန်းချီ သည်လည်း ထိုစဉ်က သာသနာ၊ ဘာသာဝါဒကိစ္စပင် ဖြစ်သည်။ ထိုပန်းချီနည်းကို အိန္ဒိယပန်းချီဆရာများ ထံမှ မွန်နှင့်ပျူတို့က ရှေးဦးစွာသင်ယူတတ်မြောက်ကြပြီး ထို့နောက်မှ မြန်မာတို့က သင်ယူတတ်မြောက် ကြသည်ဟု ယူဆသင့်သည်။ ပုဂံသားတို့ ပထမမြင်ရသောပန်းချီကားသည် အိန္ဒိယပန်းချီနည်းဖြစ်သည့် တစ်ကြောင်းဆွဲရေးနည်းဖြင့်ရေးသော ပန်းချီကားများပင်ဖြစ်သည်။ ပုဂံခေတ် ပန်းချီဆရာများအနက် ခေတ်ဦးတွင် အချို့လည်း အိန္ဒိယတိုင်းသားထဲက ဖြစ်နိုင်သည်။ နောင်အခါတွင် မြန်မာတို့လည်း ပါလာ စရာအကြောင်း ရှိလေသည်။ ကျန်စစ်သား၊ အလောင်းစည်သူမင်းတို့လက်ထက်အထိ အိန္ဒိယ၊ မွန်၊ ပျူ၊ ပန်းချီဆရာတို့များမည်ဟု ထင်ရသည်။ ထိုမင်းနှစ်ပါးနောက်တွင် ဂူ၊ ကျောင်းပုံ ပန္နက်အထားအသိုတို့ သည် မြန်မာအကြိုက်၊ မြန်မာပုံ ပန္နက်အထားအသိုသို့ ပြောင်းလဲလာသည်ဟု ပညာရှိတို့ ဆိုကြသည်။ ကျောက်စာများကိုလည်း မြန်မာဘာသာဖြင့် အထိုးများလာသည်ဟု ဆိုလေသည်။ ထိုအချက်ကိုထောက် သဖြင့် ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်းတို့နောက်တွင် ပန်းချီဆရာများအနက် မြန်မာပန်းချီဆရာ အမြောက်အမြားရှိလာပြီဟု ယူသင့်လေသည်။

ကျန်စစ်သားမင်းလကထက် ဂူပြောက်ကြီးဂူဘုရား၌လည်းကောင်း ပန်းချီပညာကို ချီးမြှောက် သည်ဟု ဆိုသင့်လေသည်။ ထိုဂူဘုရားနှစ်ဆူ၏ အတွင်းနံရံရှိ အင်္ဂတေဆေးရေးပန်းချီတို့သည် ကျော်စော လေသည်။ ထိုမင်းလက်ထက်မှစ၍ ပုဂံပျက်ပြီးနောက် အင်းဝခေတ်တိုင်အောင် ဘုရားတည်တိုင်း၊ ကျောင်းဆောက်တိုင်း ပန်းချီထည့်သူရှိလာသည်မှာ အထင်အရှားဖြစ်လေသည်။ ပုဂံခေတ် သက္ကရာဇ် (၅၉၈) ထိုးသော “စောလှဝန်း” ကျောက်စာ၌ အသဝတ်အမတ်မယား၏ အလှူစာရင်းတွင် “ပန်းဖဲပေး သည်လည်း ၄ ကျပ်။ ကူးရေးသောပန်းချီပေးသည်လည်း ၇ ကျပ်။ ကျောင်းရေးသောပန်းပေးသည်လည်း ၁၂၀” ဟု ပန်းချီခပေးကြောင်း ဆိုခဲ့လေသည်။ သက္ကရာဇ် ၆၅၄ တိုးဣန္ဒပစ္စယာကျောက်စာ၌ ကုလား ကျောင်းပြဿဒ် တုလိုက်စုလစ်ဦးထွက်ပြု၏။ အထူးထူးဆန်းကြယ်သော ခြေရာတော် ရွှေနန်းဖွယ်နှင့်ရှိ သော ဆေးရေး၏” ဟု ဣန္ဒပစ္စယာအမတ် ဆိုခဲ့လေသည်။

တဖန် အင်းဝခေတ် သက္ကရာဇတ် (၇၃၇) မင်းကြီးစွာစော်ကဲလက်ထက် သက်တော်ရှည်မောင်နှံ ကျောင်း ဆောက်လုပ်ရာတွင် “ဆေရေးသောပန်းချီလက်ခ ၃၀၀” ဟု ကျောင်းဆေးရေးခကို ဆိုခဲ့လေ သည်။ အင်းဝခေတ်သက္ကရာဇတ် (၈၀၄) မင်းသီရိဇေယျသူမောင်နှံတို့ ကျောင်းဆောက်ရာတွင် “မဟာရံ တံတိုင်းထက်ဝန်းကျင်လည်း ပြုတော်မူ၏” အထွေထွေသော ရုပ်နတ်ဆေးဝါ၊ ရွှေငွေ၊ ဟင်္သပြဒါး သင်းတွဲ အတိလည်း ရေးတော်မူ၏” ဟု ဆိုခဲ့လေသည်။

ဥရောပလမ်းကြောင်းပြောင်းချိန်

ထိုမှတဆင့် ကုန်းဘောင်ခေတ်သို့အရောက်တွင် မြန်မာပန်းချီနည်းစနစ်နှင့်ဟန်တို့ ပြောင်းလဲစ ပြုလာသည်။ ထိုခေတ်တွင် မြန်မာနိုင်ငံသည် ဥရောပနိုင်ငံများနှင့် ဆက်သွယ်ရင်းနှီးမှုရှိလာပြီဖြစ်သဖြင့် ဥရောပမှ သံတမန်များ၊ သာသနာြပုအဖွဲ့များ၊ ကုန်သည်များ၊ ခရီးသွားများနှင့်အတူ ဥရောပပန်းချီနည်း စနစ်များ၊ အယူအဆများ မြန်မာ့ပန်းချီလောကအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ကြပေလိမ့်မည်။ ထိုသို့ မြန်မာ့ပန်းချီနည်းစနစ်များနှင့် ဥရောပပန်းချီနည်းစနစ်များ ပေါင်းကူးပြောင်းလဲစအချိန်၊ ဘကြီးတော် မင်းတရားလက်ထက် ဖွားမြင်ခဲ့သော ဦးကြာညွန့်သည် ပုဂံမင်းလက်ထက်တွင် ပညာစုံလင်တတ်မြောက်ခဲ့ ၍ မင်းတုန်းမင်းလက်ထက်တွင်မူကား ရွေနန်းတော်သုံး ပန်းချီတော်အဖြစ် ချီမြှင့်မြောက်စားခြင်း ခံရလေ တော့သည်။ မည်သည့်ခုနှစ်တွင် ပန်းချီတော်အဖြစ် မြှောက်စားခြင်းခံရသည်ကိုမူကား အတိအကျ ရှာဖွေ မတွေ့ရှိသေးသော်လည်း မင်းတုန်းမင်းတရားကြီး လက်ထက်တွင် သူကောင်းပြုခြင်းခံရသည်ဟူသော အချက်မှာကား ယုံမှားဖွယ်ရာ မရှိချေ။ ၁၈၆၃ တွင် ဦးကြာညွန့်သည် ပန်းချီတော် စာရင်းဝင်ဖြစ်နေလေပြီ။

မင်းတုန်းမင်းတရားကြီးကား သာသနာ့ဒါယကာအဖြစ်ခံယူထားသူ ဖြစ်သည်။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ သာသနာတော်ကို အဓွန့်ရှည်အောင် ဆောင်ရွက်တော်မူသည်နှင့် အမျှ နိုင်ငံတော်တိုးတက်ရေးကိုလည်း မျက်ချည်မပြတ် ဆောင်ရွက်တော်မူခဲ့သည်။ နိုင်ငံတော်ကို ခေတ်မီ စေရန်အလို့ငှာ အလုပ်ရုံ၊ စက်ရုံတို့ကို တည်ထောင်ပေးသည်။ သတင်းစာ ပုံနှိပ်ထုတ်ဝေစေသည်။ ပြည်ပ သို့လည်း ပညာတော်သင်များကို စေလွှတ်ပေးခဲ့သည်။ ပြည်တွင်းရန်များကို ငြိမ်းအေးအောင်ပြုလုပ်ပေးပြီး ပြည်ပနိုင်ငံများနှင့်လည်း မဟာမိတ်ပြုသည်။ အသိပညာရှင်၊ အတတ်ပညာရှင်များကိုလည်း သူ့နေရာနှင့် သူ စုစုစည်းစည်း မိမိတို့အတတ်ပညာကို ဖော်ထုတ်ခွင့်ရကြစေသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဦးကြာညွန့်သည် ကံ၊ ဉာဏ်၊ ဝီရိယ အကြောင်းသုံးပါးအားဖြင့် နန်းတွင်းသို့ ရောက်ရှိလာခဲ့ပုံရပေသည်။

ဦးကြာညွန့်သည် ရှေးမြန်မာပန်းချီပညာရှင်ကြီးများ လက်ဆင့်ကမ်းနည်းနာယူခဲ့ကြသည့် အိန္ဒိယ ရှေးရိုးပန်းချီကိုပင် အခြေပြုကာ အားထုတ်ခဲ့သူဖြစ်သည်။

အိန္ဒိယရှေးရိုးပန်းချီပညာတွင် အခြေခံအားဖြင့် -

(က) ပုံသဏ္ဍာန်ကို ပိုင်းခြားသိမြင်ခြင်း
(ခ) အချိုးအစားကို ပိုင်းခြားသိမြင်ခြင်း
(ဂ) စိတ်၌ခံစားရပုံကို ပိုင်းခြားသိမြင်ခြင်း
(ဃ) တင့်တယ်အောင် တန်ဆာဆင်ခြင်း
(င) တူအောင်ပြုလုပ်ခြင်း
(စ) စုတ်၊ ဆေးတို့ကို စနစ်တကျသုံးစွဲတတ်ခြင်းဟူ၍ ခြောက်ချက်ဖော်ပြထားပေသည်။

(အချို့တွင်မူကား မုဒ္ဒရဗေဒခေါ် ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော်ကြီးငယ်ကို ပိုင်းခြားသိမြင်ခြင်း ကိုပါထည့်သွင်း၍ ခုနှစ်ချက်ပြရသည်)

အထက်ဖော်ပြပါခြောက်ချက်ကို အခြေပြု၍ ဦးကြာညွန့်သည် ဆရာစဉ်ဆက်ထံ နည်းနာခံသည်။ အင်းဝခေတ်လောက်ကတည်းက ရေးခြယ်လာခဲ့သော ပုရပိုဒ်ပန်းချီအမျိုးမျိုးကို လေ့လာဆည်းပူးသည်။ သက္ကရာဇတ် ၁၁၆၀ ကျော်လောက်က ဆင်ရုပ်ရေးရာတွင် ထင်ရှားကျော်ကြားခဲ့ပုံရသော ရွာစားဦးတိုး၊ ဆရာယောက် စသော ပန်းချီပညာရှင်များထံမှလည်း လေ့လာသင်ယူခဲ့သည်မှာ ယုံမှားဖွယ်ရာ မရှိချေ။ အထက်မြန်မာနိုင်ငံ မန္တလေးတစ်ဝိုက် ဘုရား၊ ပုထိုး၊ ဂူကျောင်းများရှိ နံရံဆေးရေးပန်းချီလက်ရာများသည် လည်း ဦးကြာညွန့်သည် လေ့လာနည်းမှီး ပညာယူစရာ ရေးကွက်၊ ခြယ်ကွက်များ ဖြစ်ခဲ့ပေလိမ့်မည်။

ပန်းချီတော်တစ်ဦး၏ အခြေခံအရည်အချင်း

ရှေးအခါက ပန်းချီအနုပညာကျောင်းဟူ၍ မရှိ။ ဖတ်စရာ၊ လေ့လာစရာ ပန်းချီပညာ စာအုပ် စာတမ်းဟူ၍လည်း ရှိသည်မဟုတ်ချေ။ ပညာလိုလားသူများမှာ ဆရာစဉ်ဆက်ထံတွင် အနည်းဆုံး သုံးနှစ် သုံးမိုး တပည့်ခံ၍ လက်တွေ့ပညာဆည်းပူးကြရသည်။ ပေ၊ ပုရပိုဒ်များတွင် ရေးမှတ်ထားသော ပန်းချီ အနုပညာဆိုင်ရာ မှတ်စု မှတ်တမ်းများ၊ ဆေးရောင်ဖော်စပ်နည်းများ၊ အချိုးအစား အတိုင်းအထွာများ စသည်တို့ကို အဆင့်ဆင့်ကူးယူ၍ အချို့ကို အာဂုံကျက်မှတ်ထားကြရသည်။ ခြူး၊ ကနုတ် စသည့် ပန်းရေး နည်းများကိုလည်း တတ်ကျွမ်းကြရသည်။ စပ် (ယာယီ) လုပ်ငန်းဆိုင်ရာကိစ္စအဝဝကိုလည်း တတ်သိနား လည်ကြရသည်။ သို့မှသာ ဒုမင်္ဂလာ၊ သုမင်္ဂလဆိုင်ရာ မွမ်းမံပြင်ဆင်မှုများကို လုပ်ကိုင်တတ်မည်ဖြစ်သည်။ ထို့အပြင် ရွှေရေးပန်းချီနှင့်တကွ ပန္နက်ပုံ၊ မြေပုံများကိုလည်း စကေးကိုက်ရေးဆွဲနိုင်အောင် အတိုင်း အထွာအမျိုးမျိုးကို နားလည်ထားရပေသည်။

တိုင်းထွာနည်း၊ ရေးခြည်နည်းများကို နားလည်သည်သာမက ရေးရမည့်အကြောင်းအရာ များနှင့် ပတ်သက်၍လည်း ထုံးတမ်းစဉ်လာတို့ကို သိအောင် ဆည်းပူးထားကြရပေသေးသည်။ ထို့ကြောင့် ထီးသုံး၊ နန်းသုံးကိစ္စရပ်များ၊ မြန်မာမှု၊ မြန်မာဓလေ့၊ မြန်မာစာပေတို့သည်လည်း ပန်းချီဆရာတို့အဖို့ မရှိမဖြစ် မသိ မဖြစ် လိုအပ်သော အခြေခံဗဟုသုတများ ဖြစ်သည်ဟု ဆိုရပေမည်။ ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ် နိပါတ်၊ ဗုဒ္ဓဝင်၊ မဟာဝင်၊ စာပေတို့မှာ ပန်းချီဆရာတို့မသိလျှင် မဖြစ်သည့်ကိစ္စများ ဖြစ်နေလေတော့ သည်။

အဆင့်ဆင့်

နန်းတွင်းပန်းချီတော်တစ်ဦးဖြစ်ရန်မှာ ချက်ချင်းဖြစ်နိုင်မည်မဟုတ်။ အဆင့်ဆင့်တက်ကြရ သည်။ ရှေးဦးစွာ ပန်းချီလုပ်ငန်းကို နိုင်နင်းရသည်။ အရုပ်ရေးခြယ်ရာ၌ လက်စလက်နရှိပါမှ ဆေးရေး ပန်းချီအဆင့်သို့တင်ပေးသည်။ ဆေးရေးပညာသည်များအနက်မှ ထူးချွန်သူများကိုသာ ပန်းချီတော်အဆင့် သို့ တိုးမြှင့်ခန့်အပ်သည်။ ထိုပန်းချီတော်များကို ကြီးကြပ်ရန် ပန်းချီတော်ခေါင်းဟူ၍ သီးခြားခန့်အပ်ထားရှိ သည်။ များသောအားဖြင့် ပန်းချီတော်ခုနှစ်ဦးလျှင် ပန်းချီတော်ခေါင်း တစ်ဦးကျစီခန့်ထားသည်။ ပန်းချီ တော်များနှင့် ပန်းချီတော်ခေါင်းအားလုံးကို ပန်းချီတော်အုပ်က ကြီးကြပ်ကွပ်ကဲသည်။ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ စသည်ဖြင့် ဖွဲ့စည်းကွပ်ကဲသည့် သဘောမျိုးဖြစ်သည်ဟု ဆိုနိုင်ပါသည်။

တာဝန်နှင့် လစာ

ရွှေရေးပန်းချီသည် အဆင့်အားဖြင့် အနိမ့်ဆုံးဟုဆိုရပေမည်။ ရွေရေးပန်းချီတွင်လည်း “အရှေ့ ရွှေရေးပန်းချီ” နှင့် အနောက်ရွှေရေးပန်းချီ” ဟူ၍ နှစ်စုရှိသည်။
ရွှေနန်းတော်အရှေ့ပိုင်းရှိ မြေနန်းပြဿဒ်တော်ကြီးနှင့်တကွ လက်ဝဲဆောင်၊ လက်ယာဆောင်၊ လေသာဆောင်၊ ဇေတဝန်ဆောင်၊ ဗောင်းတော်ဆောင်၊ မှန်နန်းတော်ဆောင်၊ တောင်ထားဝယ်ဆောင်၊ မြောက်ထားဝယ်ဆောင်၊ ရွှေတိုက်ဆောင်၊ ရေဤဆောင်တော်ဆောင်၊ ရွှေနန်းတော်ဆောင်များတွင် ဟင်္သပြဒါးရောင်၊ ရွှေရောင်၊ မှန်ရောင်များ ဟောင်းနွမ်းမှေးမှိန်နေခဲ့လျှင် အရှေ့ရွှေရေးပန်းချီအမှုထမ်းစုက သစ်လွင်ကောင်းမွန်အောင် ခြယ်လှယ်မွမ်းမံကြရသည်။

ထို့အတူ ရွှေနန်းတော်ကြီးအနောက်ပိုင်း အဂ္ဂမဟေသီအသျှင် မိဖုရားကြီး၏ တောင်နန်းတော် ဆောင်၊ တောင်ဆောင်တော်ဆောင်၊ မြောက်ဆောင်တော်ဆောင်၊ တောင်ရွှေရေးဆောင်၊ မြောက်ရွေရေး ဆောင်၊ မိဖုရားလတ်တို့အဆောင်၊ မိဖုရားငယ်တို့အဆောင်၊ အနောက်ပွဲတက် ဇေတဝန်ဆောင်၊ လက်ယာ ဆောင်၊ လက်ဝဲဆောင်တော်များတွင် ဟင်္သပြဒါးရောင်၊ ရွှေရောင်၊ မှန်ရောင်များ ဟောင်းနွမ်းမှေးမှိန်နေခဲ့ လျှင် အနောက်ရွှေရေးပန်းချီအမ၍ထမ်းစုက သစ်လွင်ကောင်းမွန်အောင် ခြယ်လှယ်မွမ်းမံကြရသည်။

ရွှေရေးပန်းချီအမှုထမ်းများမှာ အရှေ့စုတွင် ၆၀၊ အနောက်စုတွင် ၆၀၊ ပညာသင်ပေါင်း ၁၂၀ ရှိ သည်။ သီပေါမင်းတရားလက်ထက်တွင် နန်းကန်ကျွေးဝန် ဦးရန်ကင်းဆိုသူက ကြီးကြပ်အုပ်ချုပ်သည်။ နန်းကန်ကျွေးဝန်က အတွင်းဝန်များထံမှ အမိန့်ကိုခံယူကာ လိုအပ်သည်များကို စီစဉ်ညွှန်ကြားသည်။ လူ ခြောက်ရာ တစ်အုပ်စုအတွက် တစ်လလျှင် လစာတော်ငွေ ၃၉၄ိ သနားတော်မြတ်ခံရသည်။

ဆေးရေးပန်းချီ

ဆေးရေးပန်းချီအမှုထမ်းများကား ရွှေရေးပန်းချီအမှုထမ်းများထက် အဆင့်မြင့်သည်။ ပညာမြင့် သည်နှင့်အမျှ လစာနှုန်းထားသည်လည်း မြင့်မားလာလေသည်။ ထို့အတူ တာဝန်လည်း အထိုက် အလျောက် ကြီးလာသည်ဟု ဆိုရပေမည်။ ရွှေနန်းတော်အနောက်ဘက်အတွင်းတော်၌ သားတော်၊ သမီး တော်ကလေးများ ကြည့်ရှုမှတ်သားစိမ့်သောငှာ ဗုဒ္ဓဝင်၊ ငါးရာ့ငါးဆယ် နိပါတ်ဇာတ်ကွက်များကို ကောက်နုတ်စီစဉ်ပြီးလျှင် ပုရပိုဒ်ဖြူပေါ်တွင် ဆေးရောင်စုံနှင့် ဆေးရေးပန်းချီတော်များက ရေးခြယ်ကြရ သည်။

မင်း၊ မိဖုရားတို့ တည်ထားကိုးကွယ်သော ဘုရားစေတီ၊ လိုဏ်ဂူကြီးများအတွင်းနံရံနှင့် မျက်နှာ ကြက်များတွင်လည်း ဆေးရေးပန်းချီများကို ရေးကြရလေသည်။ ဆင်ဖြူတော်နှင့်တကွ ထူးဆင်၊ စီးတော် ဆင်များ၏ ကြန်အင်လက္ခဏာများကို ကကြိုးတန်ဆာအစုံအလင်နှင့် ရေးဆွဲမှတ်တမ်းတင်ကြရလေ သည်။
ဆေးရေးပန်းချီတော်အမှုထမ်းတို့မှာ ၁၅ ဦးခန့်ရှိပြီး တစ်လလျှင် လစာတော်ငွေ ၄၇၀ိ သနားတော် မြတ်ခံရသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ

အခြေခံအားဖြင့် ပန်းချီပညာသင်များကို စုသေးစုနာအမှုထမ်းများစာရင်းတွင် ထည့်သွင်းထားရှိ သည်။ အုပ်စုအားဖြင့် ရွှေတိုက်ဝန်ကြီးအုပ်ချုပ်ရသောအစုတွင် ပါဝင်သည်။

တစ်ခါတစ်ရံ မင်းသားများကို ပန်းချီတော်အုပ်အဖြစ်လည်း ခန့်ထားလေ့ရှိသည်။ သို့သော် ရွေတိုက်တော်အုပ်စုမှ မလွှတ်ရပေ။ ကိစ္စကြီး ငယ်ရှိလျှင် လွှတ်တော်က ရွှေတိုက်ဝန်ကိုသာဆင့်ဆိုလေ့ရှိပြီး လွှတ်တော်မှဆင့်ဆိုချက်အရ ရွှေတိုက်ဝန် နှင့် ရွှေတိုက်ကြပ်များက ပန်းချီတော်အုပ်ထံ ထပ်ဆင့်အကြောင်းကြားလေ့ရှိသည်။ လွှတ်တော်က အမိန့် နှင့်ဖြစ်စေ၊ အတွင်းတော်က အမိန့်နှင့်ဖြစ်စေ ပန်းချီတော်များက ရေးခြယ်ကြရသည်ဆိုသော်လည်း မူအား ဖြင့် လွှတ်တော်ကအမိန့်သည်သာလျှင် တရားဝင်ဖြစ်သည်။ ထိုသို့ လွှတ်တော်ကအမိန့်သည်သာလျှင် တရားဝင်ဖြစ်ကြောင်းကို -

“ရွှေတိုက်ဝန်၊ ရွှေတိုက်ကြပ်၊ ရွှေတိုက်စာရေးတို့ သီဟိုဠ်ကျွန်းသို့ သိမ်ပုံရေးပေးရန် အင်္ဂလိပ်စက္ကူ ချပ်ရေ (၂၀)၊ ခဲတံ (၁)၊ ဟင်္သပြဒါး၊ မြေဖြူ၊ မြေနီ၊ မဲနယ် ၂ိ၊ ဆေးဒန်း၊ တမာဆေး၊ မင် ၂ိ စီနှင့် ဆေးဖျော် ရန် ပန်းကန်လုံးရေ (၁၀) လုံးကို သာသနာပြုဆရာတော်အမိန့်နှင့် တောင်းတော်မူသည်ဖြစ်၍ ရေးစေ မည့်သူ ပန်းချီအမှုတော်ထမ်း ကျော်ထင်နော်ရထာ ထုတ်ယူလာလျှင် မှတ်သားထုတ်ပေးရမည်။ ၁၂၂၀ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်နေ့၊ ပန်းချီအမှုထမ်း ကျော်ထင်နော်ရထာကိုအပ်” ဟူသော လွှတ် တော်မှ ဆင့်စာက သက်သေခံလျက် ရှိပေသည်။

အိမ်ရှေ့မင်းသားများကို လက်ဆောင်တော်ပေးအပ်သည့် အခမ်းအနားများတွင်လည်း ရှင်ဘုရင် က ပန်းချီပညာသည်များကို လက်ဖွဲ့လိုပါက ရွှေတိုက်ဝန်၊ အစုဝင် ပန်းချီဆေးရေးအမှုထမ်းများကိုသာ ရွေးချယ်လက်ဖွဲ့လေ့ရှိသည်။

မင်းတုန်းမင်းလက်ထက် ပန်းချီတော်အုပ်အဖြစ် “မင်းခေါင်သီဟသူ” ဘွဲ့ခံမြောက်ထားဝယ်ဗိုလ် ကို ခန့်ထားကြောင်း သိရသည်။

ကျမ်းကိုး
(၁) ရှေ့သို့စာစောင်၊ (၁ - ၂ - ၇၄) အတွဲ ၂၃၊ အမှတ် ၁၀။
(၂) ဦးမင်းနိုင်၊ ပန်းချီတော်ဦးကြာညွန့်၏ခေတ်နှင့် သူ့လက်ရာ၊ ၁၉၇၅။
(၃) ရွှေကိုင်းသား၊ ရတနာပုံမန္တလေးခေတ်နှင့် ပန်းချီအနုပညာ မန်းရာပြည့်၊ ၁၉၅၉။

(ဆရာညိုဝင်းရှင်၏ မြန်မာ့ ပန်းချီ ပန်းပု ဗိသုကာပညာရှင်များ ပထမတွဲ စာအုပ်မှ ကူးယူဖော်ပြပါသည်)

ပန်းချီ အနုပညာကို နှစ်သက်မြတ်နိုးတန်ဖိုးထားပြီး ဝယ်ယူစုဆောင်းသိမ်းဆည်း လက်ဆောင်ပေးလိုသူများ အတွက် နိုင်ငံကျော် ပန်းချီဆရ...
05/04/2022

ပန်းချီ အနုပညာကို နှစ်သက်မြတ်နိုးတန်ဖိုးထားပြီး ဝယ်ယူစုဆောင်းသိမ်းဆည်း လက်ဆောင်ပေးလိုသူများ အတွက် နိုင်ငံကျော် ပန်းချီဆရာကြီးများနဲ့ ပန်းချီအကျော်အမော်ဆရာ၊ ဆရာမများရဲ့ ပန်းချီကားများကို သင့်တင့်မျှတသောစျေးနှုန်းများဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ပန်းချီကားဆိုဒ်နှင့် ပန်းချီဆရာ အမည် များကို ပုံတစ်ပုံချင်းစီရဲ့ အောက်မှာ အသေးစိတ်ဖော်ပြပေးထားပါတယ်။

ဒီ Album ထဲမှာ ပန်းချီဆရာကြီးများရဲ့ ပန်းချီလက်ရာများကို သီးသန့်ရွေးချယ်ခံစားကြည့်ရှုနိုင်အောင် စုစည်းထားတာဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များကို ပုံတစ်ပုံချင်းစီရဲ့အောက်မှာ ဖော်ပြပေးထားပါတယ်။

✅ Anawrahta Art Gallery
No.50, Thit Yar Pin Street, 23rd Ward, VIP-1
Thuwanna, Thingangyun Township, Yangon.

✅ 09- 260 22 33 44
✅ 09- 260 744 244
✅ [email protected]
✅ www.anawrahtaartgallery.com







ပင်ဦးလွင်ရဲ့ ၁၂ လရာသီမှာ ဘာတွေရှိမလဲ??ကိုယ်ခံစားချင်တာတွေနဲ့ ဘယ်အချိန်တွေ လာသင့်လဲ??January======ပြင်ဦးလွင်ရဲ့ ပုံရိပ်...
28/12/2018

ပင်ဦးလွင်ရဲ့ ၁၂ လရာသီမှာ ဘာတွေရှိမလဲ??
ကိုယ်ခံစားချင်တာတွေနဲ့ ဘယ်အချိန်တွေ လာသင့်လဲ??

January
======
ပြင်ဦးလွင်ရဲ့ ပုံရိပ်တခုဖြစ်တဲ့ ချယ်ရီတွေကို
January လဝက်လောက်မှာ အလှဆုံး တွေ့ရမှာဖြစ်ပြီး၊
အရမ်းအေးတဲ့ ဆောင်းရဲ့
အေးချမ်းမှုနဲ့အတူ နံနက်ခင်း နှင်းတွေမြူတွေနဲ့
ပြင်ဦးလွင်ရသကို ခံစားရမှာဖြစ်ပါတယ်။
January လထဲမှာဘဲ ခံစားခွင့်ရှိတဲ့ နောက်တမျိုးကတော့
မြန်မာနိုင်ငံမှာ ရှားပါးပြီး မတွေ့ရသလောက်ရှိတဲ့
မေပါယ်လ် ပင်အကြီးကြီးရဲ့ အလှကတော့
ကန်တော်ကြီး ဥယျာဉ်ထဲမှာ
Romantic ဆန်ဆန် ခံစားရမှာပါ။( အချစ်သစ်ပင်ပေါ့)
ဒေသထွက်သီနှံတွေကတော့ ထောပတ်သီး ၊နဂါးမောက်သီး၊
လိမ်မော်သီး၊ နဲ့
စတော်ဘယ်ရီသီး စထွက်စမို့ ဈေးကြီးပြီး ရှားအုံးမှာပါ။
February
=======
ရာသီဥတု အနေနဲ့ကတော့ ဆောင်းအကုန်စမို့ အအေးတော့
နည်းနည်းပေါ့စပြုလာပါပြီ။Feb: လ အစလောက်မှာ ချယ်ရီတွေ အရမ်းလှနေတာကိုမြင်ရပြီး လဝက်လောက်ဆိုရင်တော ချယ်ရီတွေ နုတ်ဆက်ချိန်ရောက်ပါပြီ။
ပြင်ဦးလွင်ရဲ့ စတော်ဘယ်ရီ တွေလှိုင်လှိုင်ပေါနေပါပြီ။
တည်းခိုစရာ ဟိုတယ် တည်းခိုခန်းတွေ အတွက်တော့
ခရီးသွား ဧည့်သည်အမြဲရှိနေတဲ့ မြို့ဆိုပေမယ့်လည်း
သိပ်မခက်ခဲတော့ပါဘူး။
March
=====
ရာသီဥတုအရ အနားယူဖို့ အပူပိုင်းဒေသမှနေရသူတွေအတွက် အပူဒက်ရှောင်ဖို့ အကောင်းဆုံးအချိန်ပါ။
တရားစခန်းဝင်ချင်သူများအဖို့လည်း တရားရိပ်သာတွေမှာ
ရောဂီတွေ မများသေးတဲ့အတွက်
Marchလ က အစဉ်ပြေမှာပါ။
ချယ်ရီတွေကုန်လို့ စိန်ပန်းပြာတွေလည်း ဖူးနေပြီလေ၊
ရာသီစာ သီးနှံကတော့ စတော်ဘယ်ရီ လိမ်မော်အပေါဆုံး
အချိန်ပါ။
တခဏ လာလည်သူတွေအတွက်လည်း ဟိုတယ် တည်းခိုခန်းတွေ အခက်ခဲမရှိပါဘူး။
များသောအားဖြင့် အပူပိုင်းဒေသ နေသူအများစုမှာ
ပြင်ဦးလွင်မှာ ခြံဝယ် အိမ်ဆောက်ထားတဲ့သူတွေအတွက်
အနားယူ အပူရှောင်ရာ ရာသီတခုလည်းဖြစ်ပါတယ်။
April
====
တမြို့လုံးနီးနီး စိန်ပန်းပြာတွေက ကြိုဆိုနုတ်ဆက်နေပြီလေ
April လရဲ့ ပြင်ဦးလွင် သင်္ကြန်ကတော့ အေးစိမ့်စိမ့်ပါ။
အခါတွင်း တရားစခန်း ရိပ်သာတွေအတွက် ရောဂီအများဆုံး အချိန်မို့ ရိပ်သာဝင်ချင်သူတွေအတွက် အခက်ခဲရှိနိုင်ပါတယ်။
ကြိုတင် စာရင်းသွင်းထားမှသာ အစဉ်ပြေပါမယ်။
သင်္ကြန်တွင်း မန်းမြို့တော်မှာလည်ပတ်ကြပြီး
နှစ်ဆန်း ၁ရက်နေ့ကိုတော့ ပြင်ဦးလွင်မှာ
လည်ပတ်ကြပါတယ် ပြင်ဦးလွင်ရဲ့ လည်ပတ်သူအများဆုံး ကား ၊ဆိုင်ကယ်၊ အရှုပ်ဆုံး နေ့လည်းဖြစ်ပါတယ်။
အပူရှောင် အပန်းဖြေ အအေးကြောက်တဲ့သူတွေ အတွက်
တော့ March, April, May က အကောင်းဆုံး အချိန်တွေပါ။
ဒေသထွက်သီးနှံ စတော်ဘယ်ရီ အပေါဆုံး လပါ။
May
===
ပြင်ဦးလွင် ကို အလှဆင်ဖို့ အလည့်ကျ ပန်းကတော့
ဒီတခါ စိန်ပန်နီတွေပေါ့ စိန်ပန်းနီက သူရဲ့အလှကြတော့
အပင်ကပါ လှနေပါတယ် ။
အပေါ်ကိုသိပ်မမြင့်ဘဲ ဘေးဘီ ဝဲယာကို ဖြာကျနေတဲ့ အကိုင်းခက် အလက်တွေနဲ့ တပင်းလုံးကျွတ် အပွင့်ပွင့်တဲ့ အမျိုးပါ
တော်တော်လည်းလှပါတယ်။
သီးနှံ စတော်ဘယ်ရီတွေလည်းကုန်ပြီလေ...
အခြားသောတောပန်းနဲ့ ဥယျာဉ်ပန်း
ပန်းပေါင်းစုံပွင့်သောလ may
ပန်းပေါင်းစုံတို့ရဲ့ နောက်ဆုံး လ
may လို့လည်းတင်စားကြပါတယ်။
ရာသီဥတု အအေးကိုနှစ်သက်တဲ့
ဒေသခံတွေအတွက် May ဟာ ပျင်းချောက်ချောက်လ တလလို့ ခံစားရပါတယ်။
June
====
ပန်းပေါင်းဆုံတို့ ပွင့်ရာ နွေ၊ မေ ၊ကို စွန့်ခွာလို့
ဝသန်ရဲ့ အငွေ့အသက်တွေနဲ့ အတူ ပုရစ်ဖူး ရွက်နုတို့အတွက် မိုးစက် မိုးပေါက်တွေ ကျနေပြီ။
ပြင်ဦးလွင် ရဲ ဒေသစီးပွားရေး အရောင်းဝယ်တွေလည်းပါး
ချိန်ရောက်နေလေပြီ။.
သို့သော်လည်း သီးနှံစိုက်ပျိုးရေးတောင်သူတွေ အတွက်တော့ မျိုးစေ့ချရာ ရာသီပါ။
July
====
ပြင်ဦးလွင် မိုးရာသီအတွက်တော့ ဒေသခံတို့ အနားယူရာရာသီပါ။
မိုးရွာပြီဆိုလည်း ၇ရက်တပါတ် ဆက်တိုက်မို့ မိုးအေးအေးနဲ့ လဘ္ဘက်ခြောက်ကောင်းကောင်းရေနွေးတခွက်က
ရှမ်းရွာလေးတွေရဲ့ ဧည့်ခံမှု ဓလေ့တခုလည်းဖြစ်ပါတယ်။
(ရေနွေးကြမ်း နေရာမှာ ဒေသခံတို့ နှစ်သက်ရာ အစားထိုးနိုင်သည် ) အရမ်းအေးလို့ပါ။....😁😁😁
August
=======
မိုးရာသီလတွေမှာ တော့ အထွေထူး ထူးခြားပြောင်းလဲတာ မရှိပါဘူး။ ဒါပေမယ့် ကျနော်နှစ်သက်တာကတော့ မိုးရာသီမှာ ရေတံခွန်တွေပါဘဲ ရေလုံးအပြည့်မို့တော်တော်လှသလို
တချို့နေရာတွေမှာလည်း မိုးရာသီမှတွေ့ရတဲ့ ရေတံခွန်တွေ ရှိနေပါတယ်။ တောင်ကျရေနဲ့ မိုးတွင်း စမ်းချောင်း စိမ့်စမ်းတို့မှရေတွေကြောင့် မိုးဥတုမှသာ မြင်တွေ့ရတဲ့ ရေတံခွန်တွေ အများပြားရှိပါတယ်။
ဒေသ ထွက် အသီးနှံ မှာဟင်းသီးဟင်းရွက် သာထွက်ပြီး
သစ်သီးမှာတော့ ပိန္နဲသီး ပေါတဲ့ ရာသီဖြစ်ပါတယ်။
September
========
မိုးဥတု ဝါတွင်းကာလမို့ ပြင်ဦးလွင်ရှမ်းရွာလေးတွေရဲ့
ရွာဓလေ့ လေးတွေနဲ့အတူ ကျောင်းတက် ဥပုဒ်သီလယူ
ကြတာလေးတွေဟာ ရွာပိုင်းတွေမှာ
Trekking သွားသူတွေအဖို့ စိမ်းစိုနေသောတောင်ယာ စိုက်ခင်းတွေနဲ့ အတူမြင်တွေ့ရမှာပါ။
မိုးရာသီတွက် လှပမှုပိုနေမှာတခုက ပြင်ဦးလွင်ကို လာရင်ကို တမူထူးခြားနေတဲ့ တခြာသောမြို့တွေနဲ့မတူတာ လမ်းတွေပါ
မိုးရွာထားတေါ့သန့်ပြီး နက်ပြောင်ပြောင် ကွေ့ကောက်နေတဲ့ လမ်းကျယ်ကြီး တွေက မြို့မရောက်ခင်ကို ကြည်နူးမှုတွေ
အပြည့်ပေးနေမှာပါ။
ပြင်ဦးလွင် ရဲ့မြို့ရှောင်လမ်းကတော့ ထင်းရှူးတောတွေထဲက ဖြတ်ပြီးသွားရတဲ့အတွက် ထင်းရှူးရနံ့တွေနဲ့အတူ
ဘေးနှစ်ဖက်မှ မိုးဥတုကြောင့်
စိမ်းစိုနေတဲ့တောကြီးကို ငေးမောရင်း ....
သင်ဟာ တခြားနိုင်ငံတခုခုကိုရောက်နေသလို ခံစားရမှာပါ။
မြန်မာနိုင်ငံရဲ့ အလှဆုံးလမ်းလို့လည်း ပြောလို့ရပါတယ်။
October
======
လပြည့် လကွယ် ရက်တွေအတွက် ပြင်ဦးလွင်ဟာ အရမ်းစီကားတဲ့နေ့တွေဖြစ်သလို သီတင်းကျွတ်လပြည့် ဟာဆိုရင်ဖြင့် ဒေသခံတွေနဲ့သာ စည်ကားတဲ့ နေ့လည်းဖြစ်ပါတယ်။
သီတင်းကျွတ် လပြည့်ညရဲ့ အစည်ကားဆုံးနေရာကတော့
မဟာအံထူးကံသာ ဘုရားမှာပါ။
ရှမ်းတို့ရိုးရာ ဓလေ့များဖြင့် ဘုရားမီးပူဇော်ကြသည်မှာလည်းကြည်နူးစရာ အလွန်ကောင်းသော ညတည ဖြစ်ပါတယ်။
ဒီလမှာ
လည်ပတ်စရာ အကောင်းဆုံးနေရာတခုက ပြင်ဦးလွင် = ရဲရွာလမ်းဘဲဖြစ်ပါတယ်။ ( စာရေးသူ နှစ်သက်တဲ့ နေရာတခုပါ)
ဘာကြောင့်လည်းဆိုတော့ နုတ်ဆက်မိုးတွေကြောင့်
မိုရွာရင်လည်း တောင်တွေအထပ်ထပ်ကြားမှာ
တောင်ခိုးတွေ အလိပ်လိပ်ဖြစ်နေသလို
မိုးမရွာတဲ့ အချိန်မှာလည်း ကောင်းကင်ကြီးက
တိမ်တွေ အထပ်ထပ်နဲ့မို့
မြေပြင်မှာလည်း ကွေ့ကောက် လမ်းကျဉ်းကလေးနဲ့
မိုးစက်မိုးပေါက်တွေကြောင့် တောင်တွေက စိမ်းညို့ညို့ပါ။
မှတ်ချက်။ ။ အလွမ်းဓာတ်ခံရှိသူတို့ မသွားသင့်ပါ။😁😁
November
========
မိုးကုန်လို့ ဆောင်းအဝင် အေးစပြုလို့ နှင်းတွေ ဝေလာပါပြီ။
November လအစမှာတော့ တမြို့လုံးလိုလို
တန်ဆောင်တိုင် ပွဲတော်အတွက်ပြင်ဆင်နေကြပါပြီ။
မဟာအံထူးကံသာ ဘုရားအား မီပုံး မီးပုံပျံ မီးရှူးပန်း တို့ဖြင့် ပူဇော်ကြတဲ့ ပွဲတော်လပါ။
ပွဲတော်ကို ငါးရက်ကျင်းပပြီး အနယ်နယ်မှ လောရောက်လည်ပတ် သူတွေနဲ့မို့ ပွဲတော်ရက်ဟာ ပြင်ဦးလွင်ရဲ့ လည်ပတ်သူအများဆုံး ကာလတခုအဖြစ်လည်း နှစ်စဉ်ရှိနေပါတယ်။
ပွဲတော်ရက်မှာတော့
တည်းခိုခန်း ဟိုတယ် ဘုန်းကြီးကျောင်း အားလုံး နေရာတွေပြည့်နေတက်ပါတယ်။
ဒေသခံတွေရဲ့ စည်းပွားရေး အတွက်ရော
လည်ပတ်သူတွေရဲ့ ပျော်ရွှင်မှု အတွက်ရော
အားလုံး မျှော်လင့်တဲ့ လ တလပါ။
December
========
ပြင်ဦးလွင်ရဲ့
အအေးဆုံး လ
ပန်းပွဲတော် လ
နှင်းတွေနဲ့ နှင်းမြို့တော်လို့ ခေါ်ခံ ရတဲ့ လ
နေကြာရိုင်းတွေနဲ့ တမြို့လုံးကို ဝါဝင်းနေတဲ့ လ
FB ပြင်ဦးလွင် Gp တွေ အကုန်လုံး ဝါထိန်နေတဲ့ လ.
ပန်းပွဲတော်နဲ့ တလ လုံးလိုလို စည်ကားနေတဲ့
ဲ့December လပါ။
ပန်းအမျိုးပေါင်းမြောက်များစွာ ကို ခင်းကျင်းပြသနေတဲ့
ကန်တော်ကြီးထဲတော့
လူအမျိုးပေါင်း မြောက်များစွာနဲ့
လူပွဲတော် ပါတွဲလျှက်ဖြစ်နေတဲ့ လပါ။
ကားတွေပိတ် လမ်းတွေပိတ်နဲ့
ပျော်စရာ လ တလလည်းဖြစ်ပါတယ်။
ချယ်ရီတွေ လည်း ပြင်ဦးလွင်ကို တန်ဆာဆင်ဖို့
အပြိုင်အဖူးတွေ ကိုယ်စီနဲ့ အဆင်သင့်ဖြစ်နေကြပြီလေ.....
ပြင်ဦးလွင်ရဲ့ ရာသီဥတုတွေ ပန်းတွေ လှပမှုတွေက
တကယ်တော့ သဘာဝရဲ့ ဆုလဒ်တွေပါ။
အေးချမ်းတဲ့ ဆောင်းညတွေနဲ့အတူ
ခရစ်စမတ် ဆုတောင်းသီချင်းတွေနဲ့ လွင့်ပျံနေတဲ့
ညတွေ တွေဖြတ်သန်းရင်း နှစ်တနှစ်ရဲ့ သကရဇ်တခုကို ကုန်ဆုံးရတော့မယ်လေ....
ပြင်ဦးလွင်ရဲ့ မကုန်နိုင်သေးသော သဘာဝအလှတွေ
ခံစား ရှာဖွေ ထိမ်းသိမ်းရင်း
နူးညံ့တဲ့ အတွေးတွေ ပိုင်ဆိုင်ကြပါစေ....ပြင်ဦးလွင်ကိုချစ်တဲ့ အမျိုးတွေ.......
လိုအပ်ချက်များတွက် ဖြည့်စွက်နားလည်ပေးပါရန်...
အဆုံးထိဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးပါ
ပြင်ဦးလွင်ရဲ့ အနှစ်သက်ဆုံး တခုခု မန့်မှာရေးခဲ့ပေးပါ

credit - Sai Ko

Address

Yangon
11181

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 14:00

Telephone

+959253030306

Website

Alerts

Be the first to know and let us send you an email when Myan Tour Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myan Tour Travel:

Shortcuts

Share

Category