Shwe Keinnary Travel

Shwe Keinnary Travel Shwe Keinnary Travel ၊ ရွှေကိန္နရီ ပြည်တွင်း ၊ ပြည်ပ ၊ ဗုဒ္ဓဂယာဘုရားဖူး ခရီးဝန်ဆောင်မှုလုပ်ငန်း

တစ်နေ့နေ့တော့ Tibet ကို သွားမယ်…” 🏔️ဒါပေမယ့်…အဲဒီ “တစ်နေ့နေ့” က ဘယ်တော့လဲ?လူတိုင်းရဲ့ဘဝမှာတစ်ခါလောက်တော့ စားဖူးချင်တာ၊ လ...
18/08/2026

တစ်နေ့နေ့တော့ Tibet ကို သွားမယ်…” 🏔️

ဒါပေမယ့်…
အဲဒီ “တစ်နေ့နေ့” က ဘယ်တော့လဲ?

လူတိုင်းရဲ့ဘဝမှာ
တစ်ခါလောက်တော့ စားဖူးချင်တာ၊ လုပ်ဖူးချင်တာ၊ ရောက်ဖူးချင်တာ ဆိုတဲ့ အိပ်မက်လေးတွေ ရှိတတ်ပါတယ်။

တချို့အိပ်မက်တွေကိုတော့
အခါအခွင့်သင့်တဲ့အချိန်မှ အကောင်အထည်ဖော်လို့ရပါတယ်။

ဒါပေမယ့် တချို့နေရာတွေ၊ တချို့အတွေ့အကြုံတွေကတော့…

ကိုယ်သွားချင်တဲ့အချိန်ထက်
“သွားသင့်တဲ့… သွားနိုင်တဲ့အချိန်” ကို ရွေးချယ်ဖို့လိုပါတယ်။

အဲဒီလိုနေရာတွေထဲမှာ
ကမ္ဘာ့ခေါင်မိုး — THE ROOF OF THE WORLD လို့ တင်စားခေါ်ကြတဲ့ တိဘက်ကုန်းမြေ လည်း ပါဝင်ပါတယ်။ 🏔️

ဒီခရီးမှာ…

🏔️ The Roof of the World — Tibet

🏯 ရာစုနှစ်များစွာ သမိုင်းနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ Tibetan Culture

🏯 တိဘက်ရဲ့ အထင်ကရ Potala Palace

💧 တောင်တန်းကြီးတွေကြားမှာ သန့်ရှင်းကြည်လင်လှပနေတဲ့ Himalayan Lakes

🏔️ ကမ္ဘာကျော် Himalaya Mountain Range

🙏 မြန်မာနိုင်ငံမှာ နေ့စဉ်မြင်တွေ့နေကျ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို
တိဘက်ရဲ့ မတူညီတဲ့ အရောင်အသွေး၊ ယုံကြည်မှုနဲ့ ရိုးရာယဉ်ကျေးမှုတွေထဲမှာ ကိုယ်တိုင်တွေ့ကြုံခံစားရမယ့် အတွေ့အကြုံ…

ပြီးတော့…

🗻 ဓာတ်ပုံတွေထဲမှာပဲ မြင်ဖူးခဲ့ရတဲ့
ကမ္ဘာကျော် Mount Everest ကို ကိုယ်တိုင်မြင်တွေ့ရမယ့်အချိန်။

တိဘက်ဆိုတာ
“သွားချင်တဲ့နေရာ” တစ်ခုတည်းမဟုတ်ပါဘူး။

တစ်ခါရောက်ဖူးသွားရင်
ဘဝတစ်လျှောက် မမေ့နိုင်မယ့် အတွေ့အကြုံတစ်ခု ဖြစ်လာနိုင်တဲ့နေရာပါ။

Tibet is not just a destination.
It is a journey to the Roof of the World. 🏔️

အိပ်မက်တွေက
အချိန်ကြာလေလေ ဝေးသွားလေလေပါ။

ဒါကြောင့်…

“တစ်နေ့နေ့” ထဲမှာပဲ Tibet ခရီးကို မထားတော့ဘဲ
ဒီတစ်ခေါက် အတူတူထွက်လိုက်ကြရအောင်။ 🏔️✈️

━━━━━━━━━━━━━━

🏔️ TIBET TOUR 2026 – 2027

🗓️ October 14 – 21, 2026
🗓️ April 12 – 20, 2027
🗓️ August 7 – 14, 2027

💰 Tour Fee — USD 2,750

✨ Private Tour များကိုလည်း မိမိတို့အဖွဲ့ရဲ့ လိုအပ်ချက်နဲ့အညီ သီးသန့်စီစဉ်ပေးပါတယ်။

Tibet ကို သွားဖို့ စိတ်ဝင်စားနေတယ်ဆိုရင်
📩 “TIBET” လို့ Message ပို့ထားလိုက်ပါ။

ခရီးစဉ်အသေးစိတ်၊ ပါဝင်တဲ့ဝန်ဆောင်မှုတွေနဲ့ လိုအပ်တဲ့အချက်အလက်တွေကို အသေးစိတ်ရှင်းပြပေးပါမယ်။

📞 09-693945695 | 09-767992463
📞 09-261956246 | 09-252967456

🌐 www.shwekeinnarytravel.com
📧 [email protected]

SHWE KINNARY TRAVEL
One Journey Together,Endless Stories Forever🏔️✈️








ပွင့်တော်မူပြီးသော ဘုရားအဆူဆူတို့ရဲ့ စတင်ရာ ဗုဒ္ဓဂယာမြေမြတ်မဟာ 🙏🏻လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ဆည်းခဲ့ရတဲ့ ဘုရား...
17/08/2026

ပွင့်တော်မူပြီးသော ဘုရားအဆူဆူတို့ရဲ့ စတင်ရာ ဗုဒ္ဓဂယာမြေမြတ်မဟာ 🙏🏻

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ဆည်းခဲ့ရတဲ့ ဘုရားလောင်းတိုင်းဟာ အပရာဇိတပလ္လင်ထက်မှာ သဗ္ဗေညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိဖို့အတွက် ဒီမြေမြတ်မဟာ ဗုဒ္ဓဂယာကိုပဲ မဖြစ်မနေ ရွေးချယ်တော်မူကြတာပါ…

ကမ္ဘာပျက်တဲ့အခါမှာလည်း အဆုံးမှပျက်ပြီး ကမ္ဘာပြန်တည်တဲ့အခါမှာလည်း အရင်ဆုံး ပေါ်ပေါက်လာတဲ့အတွက် ဒီနေရာကို အဝိဇဟိတဌာန (မစွန့်အပ်သောနေရာ) လို့လည်း ခေါ်ကြပါတယ်‌…

ဗုဒ္ဓဂယာ ရောက်ပြီဆိုရင် စိတ်နှလုံး အေးချမ်းစွာနဲ့ မဖြစ်မနေ ဖူးမြော်ကြည်ညိုသင့်တဲ့ သမိုင်းဝင် နေရာလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် ✨

🛕 မဟာဗောဓိစေတီတော်မြတ်ကြီး နဲ့ ဘူမိဖဿရုပ်ပွားတော်
သီရိဓမ္မာအသောကမင်းကြီး စတင်တည်ထားခဲ့ပြီး မာန်ငါးပါးကို အောင်မြင်တော်မူခဲ့ရာ မြေမြတ်မဟာ ဖြစ်ပါတယ်…

🛕 သတ္တသတ္တာဟ (၇) ဌာန
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် (၇) သတ္တာဟ (၄၉) ရက်တိုင်တိုင် တရားအမွေ သုံးဆောင်ကာ သီတင်းသုံးတော်မူခဲ့တဲ့ မဟာဗောဓိပင်နဲ့ ရွှေပလ္လင်၊ အနိမဿစေတီ၊ ရတနာစင်္ကြံတော်၊ ရတနာဃန၊ အဇပါလဆိတ်ကျောင်းညောင်ပင်၊ မုဉ္စလိန္ဒာအိုင် နဲ့ ရာဇာရတနလင်းလွန်းပင်တို့ပဲ ဖြစ်ပါတယ်…

🛕 ဥရုဝေလတော နဲ့ ဒုက္ကရစရိယာဂူ
ဘုရားလောင်းတော် ဘုရားဖြစ်တော်မမူမီ (၆) နှစ်တိုင်တိုင် ခက်ခဲနက်နဲစွာ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခုပါ…

🛕 နေရဉ္စာမြစ် နဲ့ သုဇာတာအိမ်
သုဇာတာသူဌေးသမီးက ဃနာနို့ဆွမ်း ကပ်လှူခဲ့ပြီး ဘုရားလောင်းက အဓိဋ္ဌာန်နဲ့ ရွှေခွက်မျှောခဲ့တဲ့ နေရာလေးတွေပဲ ဖြစ်ပါတယ်ရှင် 🙏🏻

မိဘဘိုးဘွားတွေကို ကုသိုလ်ပွားစေဖို့နဲ့ ကိုယ်တိုင်လည်း မြတ်ဗုဒ္ဓရဲ့ အောင်မြေကို နင်းလျှောက်ပြီး သဒ္ဓါတရား တိုးပွားစေဖို့ 𝐒𝐡𝐰𝐞 𝐊𝐞𝐢𝐧𝐧𝐚𝐫𝐲 နဲ့အတူ စိတ်အေးချမ်းသာစွာ လိုက်ပါဖူးမြော်နိုင်ပါတယ်ရှင် 🤗

ခရီးစဉ်အသေးစိတ် စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်

🗨️ Page Messenger သို့ စုံစမ်းမေးမြန်းနိုင်သလို

☎️ 09252697456
☎️ 09261956246
☎️ 09693945695

📱09693264789 (Viber)

📩 Email - [email protected] သို့လည်း ဆက်သွယ်နိုင်ပါတယ်ရှင် 🙏🏻

#ဗုဒ္ဓဂယာ #ဗုဒ္ဓဂယာခရီးစဉ်

15/08/2026

ဗုဒ္ဓဂယာ ရောက်ရင် မဖြစ်မနေ ဖူးမြော်ရမယ့် သံဝေဇနိယ (၄) ဌာန 🛕

မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် သံဝေဂတရားပွားများဖို့ မြွက်ကြားတော်ခဲ့တဲ့ သံဝေဇနိယ (၄) ဌာနက ဘုရားဖူး‌တိုင်း သွားကိုသွားရမယ့်နေရာတွေပါ…🙏🏻

ဒီမြေမြတ်မဟာ (၄) နေရာဟာ မြတ်ဗုဒ္ဓရဲ့ ထူးခြားလေးနက်တဲ့ သမိုင်းဝင် အဖြစ်အပျက်ကြီးတွေ စိုက်ထူခဲ့ရာ နေရာတွေပဲ ဖြစ်ပါတယ်…

မိဘတွေကို ဗုဒ္ဓဂယာဘုရားဖူး ပို့ပေးတော့မယ်ဆိုရင် သဒ္ဓါတရား ပိုပွားစေဖို့ ဒီ (၄) ဌာနအကြောင်းကို ကြိုတင်မျှဝေပေးလိုက်ပါတယ်ရှင် ✨

ခရီးစဉ်အသေးစိတ် စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်

🗨️ Page Messenger သို့ စုံစမ်းမေးမြန်းနိုင်သလို

☎️ 09252697456
☎️ 09261956246
☎️ 09693945695

📱09693264789 (Viber)

📩 Email - [email protected] သို့လည်း ဆက်သွယ်နိုင်ပါတယ်ရှင် 🙏🏻

13/08/2026

ဘယ်သူခန့်မှန်းနိုင်မလဲ……?…?

ရွှေကိန္နရီ နှင့် အတူ ဗုဒ္ဓဂယာ ခရီးစဉ်မှာ လိုက်ပါမယ့် ပြည်သူချစ်သော အနုပညာရှင်တစ်ဦး ရှိလို့နေပါပြီ 🥰

အခုတော့ နာမည်ကို မပြောသေးပါဘူး… 🤫

Video ထဲက ပုံရိပ်လေးကို ကြည့်ပြီး ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်ပါ🤗

🎁 အဖြေမှန်တဲ့သူတွေထဲက ၅ ယောက်ကို ရွေးချယ်ပြီး ၁ ဦးလျှင် ဖုန်းဘေလ် ၅၀,၀၀၀ ကျပ်စီ လက်ဆောင် ပေးသွားမယ့်အစီအစဉ်လေးပါ

📌 ပါဝင်ရန် စည်းကမ်းချက်များ

1️⃣ Shwe Kein Nary Travel Page ကို follow လုပ်ပါ။

2️⃣ အခု video လေးကို Like and Public Share လုပ်ပြီး ပြည်သူချစ်သော အနုပညာ ရှင်က

🎤 ဂီတ
🎬 ရုပ်ရှင်
🎭 ဇာတ်သဘင်

ဘယ်နယ်ပယ်က ဘယ်သူလဲဆိုတာ ခန့်မှန်း Caption လေးရေးပြီး screenshot ရိုက်ပါ 📸

3️⃣ ပြီးရင်တော့ အဲ့ဒီ Screenshot လေးကို Comment မှာ ပေးပို့ပြီး ပါဝင်ကံစမ်းနိုင်ပါပြီ

📅 အဖြေမှန်တဲ့သူတွေထဲမှ
🎉 ကံထူးရှင် ၅ ယောက်ကို ၂၅-၈-၂၀၂၆ ရက်နေ့မှာ ရွေးချယ်ကြေညာပြီး တစ်ယောက်လျှင် ဖုန်းဘေလ် ၅၀,၀၀၀ ကျပ်စီ လွှဲပေးသွားပါမယ်။

ကဲ… 👀
ပြည်သူချစ်သောအနုပညာရှင်လေးရဲ့ ပုံရိပ်လေးကို သေချာကြည့်ပြီး ခန့်မှန်းလိုက်တော့နော်!

👇 ဘယ်နယ်ပယ်က အနုပညာရှင်လဲ?
👇 ဘယ်သူလဲ?

#ဗုဒ္ဓဂယာ #ဗုဒ္ဓဂယာခရီးစဉ် #ဘာသာရေးခရီးစဉ် #ခရီးသွား

12/08/2026

🙏 ဗုဒ္ဓဂယာကို သွားရောက်ဖူးမြော်ဖို့ ဆန္ဒရှိပါသလား…?

သင်က ဘုရားဖူးဖို့ပဲ စိတ်ထားပါ…
ခရီးစဉ်တစ်လျှောက် လိုအပ်သမျှကို ရွှေကိန္နရီ Travel က ဂရုစိုက်ပေးပါမယ်။ 🙏

ခရီးသွားဖို့ စိတ်ကူးရှိပေမယ့် Passport၊ Visa၊ ကျန်းမာရေး၊ တည်းခိုနေထိုင်ရေး၊ အစားအသောက်…ဘာတွေစီစဉ်ရမလဲဆိုပြီး စိတ်ပူနေစရာ မလိုပါဘူး။

ရွှေကိန္နရီ Travel နဲ့ဆို ဗုဒ္ဓဂယာခရီးစဉ်ကို အစမှအဆုံး စိတ်အေးချမ်းစွာ ဖူးမြော်နိုင်အောင် စီစဉ်ပေးနေပါတယ်။ ❤️

✨ Passport ကိစ္စ — ကူညီဆောင်ရွက်ပေးခြင်း
✨ Visa ကိစ္စ — စီစဉ်ဆောင်ရွက်ပေးခြင်း
✨ ကျန်းမာရေး — လိုအပ်ချက်နှင့်အညီ စီစဉ်ပေးခြင်း
✨ လမ်းလျှောက်ရခက်ခဲသူများအတွက် — Wheelchair Service
✨ သာသနာ့ဘောင်ဝင်လိုသူများအတွက် — ကူညီဆောင်ရွက်ပေးခြင်း
✨ အစားအသောက်နှင့် တည်းခိုနေထိုင်ရေး — အဆင်ပြေစွာ စီစဉ်ပေးခြင်း

🌿 ဗုဒ္ဓဂယာခရီး — ခရီးတစ်ခုထက် ပိုပါတယ်။ ကုသိုလ်ပြုခွင့်ရတဲ့ အခွင့်အရေးတစ်ခုပါ။

စိတ်အေးချမ်းစွာ ဖူးမြော်နိုင်ဖို့… ရွှေကိန္နရီ Travel ယုံကြည်စွာ အပ်နှံလိုက်ပါ။ 🙏❤️

📩 ခရီးစဉ်အသေးစိတ် စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်

🗨️ Page Messenger သို့ စုံစမ်းမေးမြန်းနိုင်သလို

☎️ ဖုန်းနံပါတ် ၀၉-၂၅၂၆၉၇၄၅၆ ၊ ၀၁-၆၅၅၃၃၈ ၊ ၀၉-၆၉၃၉၄၅၆၉၅ ,09261956246 သိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ရှင် 🙏🏻

#ဗုဒ္ဓဂယာ #ဗုဒ္ဓဂယာခရီးစဉ်

11/08/2026

၂၀၂၆ - ၂၀၂၇ အတွက် 𝐒𝐡𝐰𝐞 𝐊𝐞𝐢𝐧𝐧𝐚𝐫𝐲 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫 ရဲ့ ဗုဒ္ဓဂယာခရီးစဉ် 🙏🏻

အောက်တိုဘာလကနေ ဧပြီလအထိ ထွက်ခွာမယ့် ဗုဒ္ဓဂယာ မြေမြတ်မဟာ ခရီးစဉ်များကို 𝐒𝐡𝐰𝐞 𝐊𝐞𝐢𝐧𝐧𝐚𝐫𝐲 မှာ စတင်စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီ…

လစဉ်လတိုင်းမှာ ကြေညာထားတဲ့ ရက်အတိုင်း အာမခံ တိကျစွာ ထွက်ခွာပေးမှာဖြစ်လို့ ကိုယ်အဆင်ပြေတဲ့လနဲ့ ရက်စွဲကို စိတ်အေးချမ်းသာစွာ ကြိုတင်ရွေးချယ် စာရင်းပေးထားနိုင်ပါတယ်ရှင့် ✨

(၅) ရက်ခရီးစဉ်၊ (၈) ရက် ခရီးစဉ် နဲ့ (၁၅) ရက် ခရီးစဉ်ဆိုပြီး စိတ်ကြိုက်ရွေးချယ်နိုင်သလို ကျောင်းတည်း/ဟိုတယ်တည်း ဝန်ဆောင်မှုများကိုလည်း အဆင်ပြေပြေ စီစဉ်ပေးထားပါတယ်နော်…

ဒါကြောင့် မိဘတွေကို ကုသိုလ်ယူ ဘုရားဖူး ပို့ပေးချင်သူများ၊ မိသားစုနဲ့အတူ ဗုဒ္ဓဂယာဘုရားဖူး ခရီးသွားချင်သူများ ယခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါရှင် ✨

ခရီးစဉ်အသေးစိတ် စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်

🗨️ Page Messenger သို့ စုံစမ်းမေးမြန်းနိုင်သလို

☎️ ဖုန်းနံပါတ် ၀၉-၂၅၂၆၉၇၄၅၆ ၊ ၀၁-၆၅၅၃၃၈ ၊ ၀၉-၆၉၃၉၄၅၆၉၅၊၀၉၂၆၁၉၅၆၂၄၆ သိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ရှင် 🙏🏻

#ဗုဒ္ဓဂယာ #ဗုဒ္ဓဂယာခရီးစဉ်

Shwe keinnary Travel ရဲ့ (၂၀၂၆-၂၇) ဘုရားဖူးရာသီ ဗုဒ္ဓဂယာမြေမြတ်မဟာသို့ ခရီးစဉ် schedule လေးပါ           #ဗုဒ္ဓဂယာ  #ဗုဒ္...
05/08/2026

Shwe keinnary Travel ရဲ့ (၂၀၂၆-၂၇) ဘုရားဖူးရာသီ ဗုဒ္ဓဂယာမြေမြတ်မဟာသို့ ခရီးစဉ် schedule လေးပါ

#ဗုဒ္ဓဂယာ #ဗုဒ္ဓဂယာခရီးစဉ် #အောက်တိုဘာ #သီတင်းကျွတ်

❝သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို❞🌕 ဗုဒ္ဓဘာသာ၀င် မြန်မာလူမျိုးအတွက် အရေးပါတဲ့ ဝါဆိုလပြည့် အခါသမယမှာ ဒါန၊ သီလ၊ ဘ...
29/07/2026

❝သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို❞

🌕 ဗုဒ္ဓဘာသာ၀င် မြန်မာလူမျိုးအတွက် အရေးပါတဲ့ ဝါဆိုလပြည့် အခါသမယမှာ ဒါန၊ သီလ၊ ဘာ၀နာ ကုသိုလ်များကို မမေ့မလျော့ ပြုလုပ်နိုင်ပြီး ဓမ္မစင်္ကြာတရားတော်များကို ရွတ်ဖတ်ကာ ကုသိုလ်များ ပွားများနိုင်စေဖို့အတွက် 𝐒𝐡𝐰𝐞 𝐊𝐞𝐢𝐧 𝐍𝐚𝐫𝐲 𝐓𝐫𝐚𝐯𝐞𝐥 & 𝐓𝐨𝐮𝐫 𝐂𝐨., 𝐋𝐭𝐝 မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် . . .

#ဝါဆိုလပြည့်နေ့ #ဓမ္မစင်္ကြာနေ့ #ဓမ္မစင်္ကြာအခါတော်နေ့

Address

202, Building A, Mindhama Road, (3) Quarter, Mayangone Township
Yangon
11061

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 14:00

Telephone

+959252697456

Website

Alerts

Be the first to know and let us send you an email when Shwe Keinnary Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Keinnary Travel:

Shortcuts

Share

Category